← Chapters

အခန်း ၁၁၈၂

Vol. 79 Ch. 1182

အခန်း ၁၁၈၂

Vol. 79 Ch. 1182

အခန်း (၁၁၈၂) အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်

ဝှီး…။

ချင်ယွင်က ရန်ချုံကို လက်ဖဝါးဖြင့် ရိုက်ချကာ လွင့်ပျံသွားစေပြီးနောက် အဝေးမှ လေထုကို ဖြတ်သန်းလာသည့် အသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက်, သူတို့၏ ဦးခေါင်းထက်တွင် ဂုဏ်သိက္ခာရှိပြီး ချောမောသော လူငယ်တစ်ဦး ပေါ်လာသည်။

ဤလူငယ်၏ရုပ်ရည် အသွင်အပြင်သည် တင်းချန်နှင့် ဆင်တူသည်။ သူ၏ ဓားနှင့်တူသော မျက်ခုံးများ၊ ဖီးနစ်မျက်လုံးများ၊ မြင့်မားသော နှာတံတံတား၊ ပြီးတော့ ဓား, ပုဆိန်တို့ဖြင့် ထွင်းထုထားသည့် သူ၏မျက်နှာပုံစံသည် အနှိုင်းမဲ့ အေးစက်သော ခံစားမှုကို ပေးစွမ်းနေ သည်။

သို့သော်၊ သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် တင်းချန်ထက် များစွာပို၍ ပြင်းထန်ပြီး သူ၏တစ်ကိုယ်လုံး ပြင်းထန်သည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဤလူသည် တင်းချန်၏အစ်ကိုကြီး၊ ကောင်းကင်ဘုံထွဋ်မြို့တော်၏ အကြီးဆုံး သခင်လေး တင်းထန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

တင်းထန်သည် ချင်ယွင်နှင့် ရန်ချုံတို့၏ ဦးခေါင်းထက်တွင် ပေါ်လာသည်နှင့် တပြိုင်နက် သူ၏မျက်လုံးတစ်စုံသည် ပတ်ဝန်းကျင်ကို ကြည့်ရူစစ်ဆေးလိုက်သည်။ ထို့နောက် သူသည် နောက်ပြန် လွင့်ပျံနေသော ရန်ချုံကို ဦးစွာ ကြည့်လိုက်ပြီးနောက် သူ၏အကြည့် က ချင်ယွင်အပေါ်သို့ ကျရောက်သွားခဲ့သည်။

ချင်ယွင်ကို ဦးခေါင်းမှ ခြေဖျားအထိ စစ်ဆေးကြည့်ရူပြီးနောက်တွင် သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ ရန်ချုံကို ထပ်မံ ကြည့်ရှုလိုက်သည်။

"ရန်ချုံ၊ ဘာဖြစ်နေတာလဲ?။ ကျိုးလင်ရော ဘယ်မှာလဲ?။ ပြီးတော့ အဲဒီကောင် ယုဖန်းကရော” တင်းထန်က ရန်ချုံကို ကြည့်ကာ အေးစက်စွာ မေးလိုက်ပါသည်။ သူ၏ မျက်လုံးများသည် စူးရှစွာ တောက်ပနေပြီး သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော ဘုန်းတန်ခိုး အာနုဘော်ကို ထုတ်လွှတ်နေသည်။

"အကြီးဆုံး သခင်လေး၊ ဒုတိယ သခင်လေးကို ကျိုးလင် သတ်ခဲ့တာ မဟုတ်ပါဘူး။ ရှေ့မှာ ရှိတဲ့ဒီလူက သတ်လိုက်တာပါ။ ယုဖန်းကိုလည်း သူပဲ သတ်ပစ်လိုက်ပြီ။ သခင်လေး၊ မင်း သူ့ကို သတ်ပစ်ပြီး ဒုတိယသခင်လေးအတွက် လက်စားချေပေးရမယ်”။ ရန်ချုံက ချင်ယွင်ကို လက်ညှိုးထိုးပြပြီး ကျယ်လောင်စွာ အော်ပြောလိုက်ပါသည်။ သူ၏အသံတွင် ပြင်းထန်သော အမျက်ဒေါသများ ပါ၀င်နေသည်။

"အယ်…”။ ရန်ချုံ၏စကားကို ကြားတော့ တင်းထန်သည် ချက်ချင်းပင် အံ့ဪသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ သူ၏ စူးရှသော မျက်လုံးအစုံသည် ချင်ယွင်ကို လုံးဝ မြင်လိုသည့်အလား ချင်ယွင်ကို တစ်ဖန် စိုက်ကြည့်နေသည်။

ထိုအချိန်မှာ ချင်ယွင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ရန်ချုံ၏ ဖျော်ဖြေတင်ဆက်မှုက တကယ်ကို အသက်ဝင်လွန်းသည်ဟု ပြောရမှာဖြစ်ပြီး၊ သူ၏မျက်နှာပေါ်မှ အမူအရာသည်လည်း နေရာနှင့်ကွက်တိကျသည်ဟု ဆိုနိုင်ပါသည်။

ရန်ချုံ၏ စကားများသည် သဘာဝအတိုင်း ရန်ချုံကို ထိုအတိုင်းပြောဆိုရန် သူ ညွှန်ကြား ထားသည့် စကားများ ဖြစ်သည်။ မူလက ရန်ချုံသည် သူ့ကိုယ်သူ ထုတ်ဖော်ပြသလို ဖြစ်မည်ကို စိုးရိမ်နေသော်လည်း၊ ယခုမူ တင်းထန်ကို မပြောနှင့်၊ ချင်ယွင်ပင်လျှင် သူ့အား ယုံကြည်သည်ဟု ခံစားနေရသည်။

အမှန်တကယ်တော့ ရန်ချုံ၏ စကားလုံးတွေက သူ့ရင်ထဲနှလုံးသားထဲမှ ထွက်ပေါ်လာ သည့် စကားများဖြစ်နေသည်ကိုတော့ ချင်ယွင် မသိခဲ့ပါဘူး။ သို့သော် ယခုအချိန်တွင် သူသည် ချင်ယွင်၏ကျွန် ဖြစ်နေခဲ့ပြီ။ သူသည် ထိုစကားမျိုး သေချာပေါက် မပြောရဲပါဘူး။ ယခု ချင်ယွင်က သူ့ကို ခိုင်းစေသဖြင့် သူသည် သတ္တိရှိရှိ လုပ်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။

သို့သော် ဤသည်မှာ ချင်ယွင်လိုချင်သည့် အတိုင်းပင်။

တင်းထန်က ချင်ယွင်ကို တခဏလောက် ကြည့်ရူပြီးနောက် သူ၏မျက်လုံးတွေက အေးစက်သွားပါသည်။ သူက ချင်ယွင်ကို ကြည့်ပြီး အေးစက်စွာ မေးသည် "ချာတိတ်လေး၊ သူ ပြောတာမှန်လား?။ ငါ့ညီတင်းချန်ကို မင်း သတ်လိုက်တာလား?”။

တင်းထန်၏ အသံသည် ပြင်းထန်သော ဖိနှိပ်လိုသည့်ဆန္ဒကို သယ်ဆောင်လာသည်။ သူ၏မျက်လုံးတစ်စုံသည် ထက်ရှသော ဓားရှည်များကဲ့သို့ ချင်ယွင်ကို စိုက်ကြည့်နေသည်။ ဤအခိုက်အတန့်တွင်၊ အထွက်အထိပ်အဆင့် ကြယ်နတ်ဘုရားတစ်ပါး၏ တန်ခိုး စွမ်းအင် အတက်အကျများက ချင်ယွင်အပေါ် လုံးလုံးလျားလျား ဖိအားပေးလာခဲ့သည်။ ယင်းက သူ လိမ်ပြောသည်နှင့်, သူ့ကို ထိုနေရာမှာပင် ချက်ချင်း သတ်ပစ်နိုင်သည်ဟု ချင်ယွင်ကို ပြောနေသယောင်ပင်။

တင်းထန်၏မေးခွန်းကို ကြားသောအခါ ချင်ယွင်သည် ဝမ်းသာသွားသည်။ တင်းထန်သည် လှည့်စားခံလိုက်ရကို သူ သိသော်လည်း သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာကို ပြသလိုက်သည်။

"မဟုတ်ဘူး...။ ငါ မဟုတ်ဘူး။ ငါ ဘယ်တင်းချန်မှလဲ မသိဘူး။ သူက ငါ့ကို ချောက်တွန်းနေ တာပါ”။ ချင်ယွင်သည် ကြောက်ရွံ့နေသည့် အမူအရာဖြင့် ရန်ချုံကို ညွှန်ပြပြီး၊ ထိုစကား မပြောခင်, သူ၏မျက်လုံးများက အနည်းငယ် မှေးကျဉ်းနေခဲ့သည်။

ချင်ယွင်က သူမသတ်ဘူးဟု ပြောဆိုနေသော်လည်း သူ၏အမူအရာက သူ လိမ်နေသည်ဟု ပြောပြစရာမလိုအောင်ပင် ရှင်းနေပါသည်။ ချင်ယွင် လိုချင်သည်မှာလည်း တင်းထန်က သူ လိမ်ပြောနေသည်ဟု ထင်မြင်လာစေရန် ဖြစ်သည်။

အကယ်၍ ချင်ယွင်သည် တင်းချန်ကို သတ်ခဲ့ကြောင်း တိုက်ရိုက် ဝန်ခံခဲ့လျှင်, တင်းထန် သည် သူ့ကို သေချာပေါက် သံသယရှိလိမ့်မည်။ ချင်ယွင်၏ ငြင်းဆိုမှုကြောင့် တင်းထန် သည် လူသတ်သမားက ချင်ယွင်ဖြစ်သည်ဟု တင်းထန်ကို ခံစားရစေသည်။

ရန်ချုံသည် ချင်ယွင်၏ သရုပ်ဆောင်စွမ်းရည်ကို အဝေးမှ မြင်သောအခါ, သူ၏စိတ်နှလုံးထဲ တွင် ပြောစရာစကား မဲ့သွားသလို ခံစားလိုက်ရသည်။ ယခင်က သူ၏သရုပ်ဆောင် စွမ်းရည်သည် ကောင်းမွန်သည်ဟု ဆို၍ရသော်လည်း၊ ယခု ချင်ယွင်နှင့် နှိုင်းယှဉ်ပါက လီပေါင်း ၁၀၈၀၀၀ ကွာဝေးနေပါသေးသည်။

ယခုအချိန်တွင် ရန်ချုံသည် ချင်ယွင်ကို ရှာဖွေတွေ့ရှိခဲ့သည့်အတွက် အလွန်ကို ဝမ်းနည်း ကြွေကွဲနေမိသည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်က သူ့ကို သေလူတစ်ယောက် အဖြစ် မကစားခဲ့သည့် ဝမ်းသာမိပါသည်။ ဤချင်ယွင်သည် ပြီးပြည့်စုံသော မွန်းစတား တစ်ကောင် ဖြစ်သည်။ သူ၏ခွန်အားနှင့် စွမ်းရည်သည် ကောင်းကင်ဘုံကို အံတုရုံသာမက သူ၏ အကြံအစည်ကပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အဝေးမှကြည့်နေသော ဟွန်ချန်သည် သူ၏နှလုံးသားထဲတွင် ချင်ယွင်အပေါ် တုနှိုင်း၍ မရအောင် ရိုသေလေးစားသည့်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ ဤမျှလောက် လိမ္မာပါးနပ်စွာ ကစားနိုင်သည့်လူကို သူ တစ်ခါမှ မတွေ့ဖူးပေ။

"ဟမ့်၊ ကြည့်ရတာ, မင်း ငါ့ညီလေးကို သတ်ခဲ့တဲ့ လူသတ်သမားထင်တယ်" သေချာပါတယ်။ တင်းထန်သည် ချင်ယွင်၏ သရုပ်ဆောင်စွမ်းရည်ကို မြင်တွေ့ပြီးနောက်၊ ချင်ယွင်သည် သူ့ညီဖြစ်သူကို သတ်ဖြတ်ခဲ့သည့် လူသတ်သမားဟု ဆုံးဖြတ်လိုက်ပါသည်။ ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးထဲမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။

ဘန်း…။

ချက်ချင်းပင် အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါး၏တန်ခိုး စွမ်းအားက ချင်ယွင်ကို ဖိနှိပ်လိုသည့်အလား ချင်ယွင်အပေါ်ကို ပြင်းထန်စွာ ဖိနှိပ်လာပါသည်။

ဤအခိုက်တွင် ချင်ယွင်သည် လုံးဝ တွန့်ဆိုင်းမနေခဲ့ပေ။ အစွမ်းထက်သော ကနဦး စကြာဝဠာ၏ အလိုဆန္ဒက သူ၏ခန္ဓာကိုယ်မှ တိုက်ရိုက် ပေါက်ကွဲထွက်လာပြီး တင်းထန် ၏ နတ်ဘုရားတန်ခိုးကို ချက်ခြင်း ဖြိုခွဲပစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။

ချင်ယွင်၏ ရည်မှန်းချက်ပန်းတိုင်က အောင်မြင်ပြီးပါပြီ။ ရန်ချုံကို ကောင်းကင်ဘုံထွဋ် မြို့တော်၏ အမာခံအဖွဲ့သို့ ဝင်ရောက်စေလိုပါက၊ သူ့အတွက် ကမ္မကောင်းမှု ပြုလုပ်ရာမှာ ကူညီပေးရမည်ဖြစ်ပါသည်။ အခုတော့ သူ၏ရည်မှန်းချက်က အောင်မြင်သွားခဲ့ပြီ။ ထို့ကြောင့်, သူ့အနေဖြင့် ဤနေရာမှာ ဆက်ရှိနေဖို့ သဘာဝအတိုင်း မဖြစ်နိုင်တော့ပါဘူး။

အဆုံးတွင်၊ တဖက်လူသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေပြီး သူ၏ လက်ရှိအင်အားဖြင့်၊ သူသည် တဖက်လူ၏ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

"ဟမ့်၊ ဘယ်သွားမလို့လဲ?။ တင်းထန်သည် ချင်ယွင် အဝေးသို့ ပြေးထွက်သွားသည်ကို မြင်လိုက်ရသောအခါ, သူ့ထံမှ ကြောက်စရာကောင်းပြီး ကြမ်းကြုတ်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ချင်ယွင်၏ နောက်ကို ချက်ချင်း လိုက်ပါသွားခဲ့သည်။

မူလက ချင်ယွင်သည် လျှင်မြန်စွာ ထွက်ပြေးလာခဲ့သည်။ သူသည် ရုတ်​တရက်ဆိုသလို​ပင်​ သူ့ဆီ​ဝင်ရောက်​လာ​သော ပြင်းထန်​သည့်​ စွမ်းအင် အတက်အကျလှိုင်းကို ခံစားလိုက်​ရသည်​။ သူ ပြန်လှည့်ကြည့်လိုက်တော့ တင်းချန်သည် သူ့နှင့် မီတာတစ်ထောင်အောက် သာသာ ဝေးကွာတော့သည်ကို တွေ့လိုက်ရသည်။ သူ့ထက် အဆပေါင်းများစွာ ပိုမြန်သည့် အမြန်နှုန်းဖြင့် သူ့ဆီသို့ ဦးတည်လာနေသည်။ နောက်တစက္ကန့်အတွင်းမှာ သူ့ကို မှီသွားမှာကိုပင် သူ ကြောက်မိသည်။

"ဘယ်လောက်တောင် မြန်လိုက်လဲ?”။ ချင်ယွင် အံ့သြသွားသည်။ အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါး၏ အမြန်နှုန်းက အရမ်းကို မြန်ဆန်လိမ့်မည်ဟု သူ ခန့်မှန်းထား ပြီးသား ဖြစ်သော်လည်း, ယခုလောက် မြန်ဆန်နေမည်ဟု သူ မမျှော်လင့်ထားပေ။

ဘန်း…။

သို့သော်၊ ချင်ယွင်သည် ဤအတွေး ဝင်ရောက်လာစဉ်မှာပင် တင်းထန်သည် အဝေးမှပင် သူ့ကို လှမ်းဖမ်းလိုက်သည်။

"ဟမ့်၊ မင်းက ငါ့ညီလေးကို သတ်ပြီးတော့ ထွက်ပြေးချင်သေးတာလား?။ ဒီနေ့, မင်းကို သင်္ချိုင်းမြေမပါဘဲ သေဆုံးရအောင် ငါ သေချာပေါက် လုပ်ဆောင်ပေးမယ်။" တင်းထန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများတွင် အမျက်ဒေါသ အပြည့် ရှိနေခဲ့သည်။

အနှိုင်းမဲ့ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းသည် သူ၏ လက်ထဲတွင် စုစည်းလာကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဤလက်ဖဝါးတွင် ပါရှိသော စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသည်။ အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ်ကို မပြောနှင့်၊ နှောင်းပိုင်း ကြယ်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူပင်လျှင်, ထိုလက်ဖဝါးရိုက်ချက် ထိမှန်သွားပါက, ဒဏ်ရာ အပြင်းအထန် ရသွားပေလိမ့်မည်။

ဘန်း…။

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် ထိုတိုက်ခိုက်မှုကို တားဆီးရန်အတွက် သူ၏ခွန်အား အားလုံးကို တိုက်ရိုက် စုစည်းပြီး တင်းထန်ကို လက်သီးဖြင့် ထိုးချလိုက် သည်။

"ဘုန်း..။

သို့သော်၊ ချင်ယွင်၏ လက်သီးချက်သည် တင်းထန်ကို ထိလိုက်သည့်အခိုက်တွင် သူ၏ နတ်ဘုရားတန်ခိုးသည် ချက်ချင်း ပြိုကွဲသွားခဲ့သည်။ သူ၏လက်မောင်းသည် လုံးလုံးလျားလျား ကြေမွသွားကာ သွေးအမှုန်အမွှား အဖြစ်သို့ ပြောင်းလဲသွားပြီး၊ သူ၏ ခန္ဓာကိုယ်သည် လျှင်မြန်စွာ နောက်ပြန် လွင့်သွားခဲ့သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားကြီး။ မျှော်လင့်ထားသလိုပဲ၊ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်ကို ခုခံရန်ဆိုင်ဖို့ လုံးဝ စွမ်းအားမရှိခဲ့ဘူး။" ချင်ယွင်သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် နောက်သို့ အဆက်မပြတ် လွင့်ပျံနေခဲ့ပြီး၊ သူ၏ပါးစပ်ထဲတွင် သွေးစသွေးနများ ခိုတွဲနေသေးသည်။ ယခုအချိန်တွင် သူ၏ ညာလက်မောင်းတစ်ခုလုံး မရှိတော့ပေ။

အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်သည် အမှန်တကယ် အစွမ်းထက်လွန်းလှသည်။ ချင်ယွင်၏ လက်ရှိခွန်အားဖြင့်၊ သူသည် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ်ကို ယှဉ်ပြိုင်နိုင်လောက်အောင် စွမ်းဆောင်နိုင်သည်။ အကယ်၍, သူသာ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်ကို တွန်းလှန် တိုက်ခိုက်မည်ဆိုလျှင်, သူသာ နှိပ်စက်ခံရလိမ့် မည်။

"ဟင်..။ မင်း တကယ် မသေဘူးပဲ။ ဒီလိုဆိုမှတော့ ငါ့ဆီကနေ လက်ဖဝါးတစ်ချက် ထပ်ယူလိုက်ဦး”။

သို့သော် ယခုအချိန်တွင် တင်းထန်ထံမှ နောက်ထပ် ပေါက်ကွဲသံတစ်ခု ထပ်ထွက်လာ သည်။ သူသည် လေထဲတွင် ရပ်နေပြီး နောက်ပြန် လွင့်ပျံနေသော ချင်ယွင်ဆီကို ရိုက်ချ လိုက်သည်။ ချက်ခြင်းပင်၊ နတ်ဘုရားတန်ခိုးမှ ဖန်တီးထားသော လက်ဖဝါးကြီးသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

အကယ်၍ ဤလက်ဖဝါးကြီးသာ ထိမှန်သွားပါက, ဆယ်ကီလိုမီတာ အကွာအဝေးအတွင်း အရာအားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသည်။

All Chapters