အခန်း ၁၁၈၃
Vol. 79 Ch. 1183
အခန်း (၁၁၈၃) ပေါင်းစပ်စွမ်းအင်။
ချင်ယွင်သည် ကောင်းကင်ယံမှ ဧရာမလက်ဖဝါးကြီးကို လှမ်းကြည့်လိုက်ရင်း ဤအခိုက်အတန့်တွင် သူ၏နှလုံးသားထဲမှာ ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာသည်။
ဤတင်းထန်သည် စွမ်းအားကို လုံးဝ ထိန်ချန်မထားခဲ့ပေ။ အစောပိုင်းက လက်ဖဝါး ရိုက်ချက်ဖြစ်စေ, အခု လက်ဖဝါးရိုက်ချက် ဖြစ်စေ, လက်ဖဝါးရိုက်ချက် အားလုံးက သူ့ကို သတ်ပစ်ရန် ဆုံးဖြတ်ထားသည်။
တင်းချန်ကို သတ်ပစ်ခြင်းက မည်သည့်အမှားယွင်းမှ မရှိဟု ချင်ယွင်က ယူဆထားသည်။ တင်းချန်က အရင်ဆုံး အမှားလုပ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် တင်းထန်သည် ချင်ယွင်ကို တိုက်ရိုက် သတ်ပစ်ခြင်းကတော့ ရက်စက်လွန်းရာကျပါသည်။
"ဟမ့်၊ မင်းက ငါ့ကို ဒီလိုပုံစံနဲ့ သတ်နိုင်မယ်လို့ တကယ် ထင်နေတာလား?" ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ချက်ခြင်းဆိုသလိုပင်၊ သူ၏ခန္ဓာကိုယ်မှ ကြီးမားလှသည့် နတ်ဆိုးနတ်ဘုရား အငွေ့အသက်က ထွက်ပေါ်လာသည်။ ထို့နောက်တွင် သူ၏နောက်မှာ ဧရာမနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီး ပေါ်လာပါသည်။
မှန်ပါသည်, ယခု ချင်ယွင်အသုံးပြုလိုက်သည့်အရာက နတ်ဘုရားစွမ်းရည်ဖြစ်သည့် ကောင်းကင်နှင့်မြေကြီး အတိအကျပင်။ (သူကိုယ်တိုင် ဖန်တီးထားသည့် နတ်ဘုရား စွမ်းရည်သုံးမျိုးထဲက တစ်မျိုးဖြစ်ပါသည်)။
နေသာဧကရာဇ်သည် အခြားရွေးချယ်စရာရှိခဲ့လျှင်, ဤနတ်ဘုရား စွမ်းရည်ကို အသုံးမပြု ရန် သတိပေးထားသော်လည်း၊ ယခုအခိုက်တန့်သည် နောက်ဆုံး နည်းလမ်း ဖြစ်သည်။
"ဘုန်း…”။
ချင်ယွင်၏ နောက်တွင် နတ်ဆိုးသဏ္ဍာန်ပုံရိပ်ကြီး ပေါ်လာပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ် ပေါ်ရှိ နတ်ဆိုးနတ်ဘုရား အငွေ့အသက်သည် လွန်ကဲစွာ မြင့်တက်လာခဲ့သည်။ ပြင်းထန်သော မုန်တိုင်းတစ်ခုက ချင်ယွင်ကို အလယ်ဗဟိုပြု၍ ချက်ခြင်းပင် တိုးဝင်လာခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် ကောင်းကင်ယံမှ ရိုက်ချလာသော ဧရာမ လက်ဖဝါးကြီးကို ကြည့်လိုက်ရင်း, သူ၏မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာ ကာ၊ ချင်ယွင်၏ မျက်လုံးများလည်း နီရဲလာသည်။
"ချိုးဖျက်လိုက်စမ်း..…" ချင်ယွင်သည် ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်ဖော် လိုက်ပြီး ကောင်းကင်ယံရှိ ဧရာမ လက်ဖဝါးကြီးကို လက်သီးဖြင့် ထိုးချလိုက်သည်။
ချင်ယွင်၏လက်သီးချက် ထွက်ပေါ်လာသည်နှင့် သူ၏နောက်မှ နတ်ဆိုးပုံရိပ်ကြီးသည် လည်း ချက်ချင်းပင် လက်သီးထိုးချလိုက်သည်။
တခဏအတွင်းမှာပင် ကမ္ဘာတဝှမ်း ပြင်းထန်သော အသံဗလံများ ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်၏ လက်သီးချက်သည် ကြီးမားသော လက်ဖဝါးကြီးနှင့် အပြင်းအထန် တိုက်မိပြီး ကောင်းကင်တုန်ခါ မြေကြီးကွဲအက်လောက်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
လက်သီးအရိပ်များနှင့် ဧရာမ လက်ဖဝါးကြီးသည် ချက်ခြင်းပင် ပေါက်ကွဲသွားကာ၊ နတ်ဘုရားတန်ခိုး စွမ်းအားသည် နေရာတိုင်းသို့ ပြန့်ကျဲသွားကာ မုန်တိုင်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲပြီး ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားပါသည်။
ဤနတ်ဘုရားတန်ခိုး စွမ်းအင်မုန်တိုင်းကြောင့် မနီးမဝေးရှိ တောင်ကုန်းငယ်တစ်ခုသည် ထိခိုက် ပျက်စီးသွားခဲ့သည်။ မြေပြင်တစ်ခုလုံးသည် ချက်ချင်းပင် တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်အတွက်မူ, သူသည် သဘာဝအတိုင်း အခြေအနေ သိပ်မကောင်းလှပေ။ ဤလက်ဖဝါး ရိုက်ချက်ကို သူ ခံနိုင်ရည်ရှိခဲ့သော်လည်း လွင့်စင်လာသော စွမ်းအင်မုန်တိုင်း က သူ့ကို ခံစားရစေခဲ့သည်။
နတ်ဘုရားတန်ခိုး စွမ်းအားမုန်တိုင်းသည် ချင်ယွင်၏ ရင်ဘတ်ကို ဧရာမတူကြီးအလား ပြင်းထန်စွာ ရိုက်နှက်သွားခဲ့သည်။ ယင်းကြောင့် ချင်ယွင်သည် တိုက်ရိုက် လွင့်ပျံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုက ချင်ယွင်၏ အတွင်းအင်္ဂါများ အားလုံးကို တိုက်ရိုက် ကွဲအက်သွားခဲ့သည်။
"ဖူး…”။
ချင်ယွင်သည် အဝေးသို့ ပြင်းထန်စွာ ပစ်ကျသွားသည်။ ယခုအချိန်မှာ သူ၏တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေပြီ။ ထိုတိုက်ခိုက်မှုနှစ်ခုသည် သူ့အတွက် အမြောက်အမြား ပေးဆပ်ခဲ့ရသည်မှာ ထင်ရှားပါသည်။
သို့သော် အဝေးမှာရှိနေသော တင်းထန်သည် အံ့သြသည့် အမူအရာကို ထုတ်ဖော်လာ သည်။ အစောပိုင်းက ထိုလက်ဖဝါးရိုက်ချက်တွင် သူ၏နတ်ဘုရား စွမ်းရည်ကို အသုံးပြု ထားပြီး ဖြစ်သည်။ ၎င်းသည် သူ၏ အထွတ်အထိပ် ခွန်အား မဟုတ်သော်လည်း, သူ့ စွမ်းအား ၉၀ ရာခိုင်နှုန်းလောက် ရှိနေပါပြီ။ သို့သော်လည်း သူ၏ရှေ့မှာ ဤကောင်စုတ်ကို သတ်ပစ်ဖို့ မလုံလောက်ခဲ့ပါဘူး။ ယခုတော့ သူ၏ညီငယ်ကို ဤကောင်စုတ်လေး သတ်ပစ်ခဲ့သည်မှာ ပို၍ပင် သေချာသွားပါပြီ။ ဤလူငယ်၏ ကျင့်ကြံခြင်းအခြေခံနှင့် ပတ်သက်၍မူ၊ ဤအရာက ထင်ယောင်ထင်မှား သက်သက်သာ ဖြစ်လိမ့်မည်။
ထို့အပြင်, ယခုလေးတင် ချင်ယွင် အသုံးပြုခဲ့သော လက်သီးပညာရပ်သည် သူ့အား ရင်းနှီးသော ခံစားချက်ကို ပေးနေခဲ့သည်။ သို့သော် ဤလက်သီးပညာရပ်က ဘာလဲဆိုတာ တခဏတွင်း သူ မမှတ်မိခဲ့ပါဘူး။
ဤမနှစ်မြို့ဖွယ်ကိစ္စကို သူ မတွေးတောချင်ပါဘူး။ ယခု လုပ်ချင်သည့်အရာက ချင်ယွင်ကို သတ်ပြီး သူ့ညီလေးအတွက် လက်စားချေရန်ပင် ဖြစ်ပါသည်။
"ဟမ့်၊ မင်းက ငါ့ရဲ့ တတိယမြောက် လက်ဖဝါးကို ခံယူနိုင်မယ်လို့ ငါ မယုံဘူး။" တင်းထန်က အေးစက်စွာ အော်ဟစ်လိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင် သူသည် နည်းနည်းလေးမှ မထိန်ချန်တော့ပါဘူး။ ကြောက်မက်ဖွယ် ကောင်းသော အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါး၏ ကျင့်ကြံခြင်းအခြေခံ တစ်ခုလုံး လုံးလုံး ပေါက်ကွဲသွားကာ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အငွေ့အသက်သည် ပတ်ဝန်းကျင် ကို လွှမ်းခြုံသွားပြီး အားကောင်းသော အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ငါ မင်းကို ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ် သံမဏိလက်ဝါး တစ်ထောင်ရဲ့ စွမ်းအားကို မြည်းစမ်းခွင့် ပေးမယ်။" တင်းထန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး တင်းထန်၏ လက်ဖဝါးကနေ ချက်ချင်းဆိုသလို ကြောက်စရာကောင်းသည့် အငွေ့အသက်များ ထွက်လာခဲ့သည်။
တင်းထန်၏ရုပ်အသွင်သည် တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ လေးခု၊ လေးခုကနေ ရှစ်ခု စသဖြင့် ပြောင်းလဲသွားသည်ကို လူတိုင်း မြင်လိုက်ကြသည်… တခဏအတွင်းမှာပင် တင်းထန်၏ ရုပ်အသွင်တစ်ထောင်နီးပါးသည် ကောင်းကင်တွင် ပေါ်လာပြီး အားလုံးက ချင်ယွင်၏ ဦးတည်ရာဆီသို့ ရိုက်ချလိုက်ကြသည်။
ချက်ခြင်းပင်၊ လက်ဖဝါးတစ်ထောင်သည် ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ကျရောက်သွား သည်။ လက်ဖဝါးတံဆိပ် တစ်ခုစီတွင် အလွန်အစွမ်းထက်သော နတ်ဘုရားတန်ခိုးများ ပါဝင်နေသည်။
တခဏတာအတွင်း ကောင်းကင်တစ်ခုလုံးကို လက်ဖဝါးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ အကယ်၍, သူသည် ရှောင်တိမ်းချင်နေရင်တောင် ရှောင်ပုန်းစရာ နေရာမရှိတော့ပါဘူး။
"လခွမ်း၊ မင်းက တကယ်ကို တိုက်ခိုက်လာပြန်တာပဲ။ မင်း ပြီးပြီလား?" ချင်ယွင်၏ ဒေါသသည် မီးတောင်ကဲ့သို့ ပေါက်ကွဲထွက်လာသည်။ တင်းထန်၏ ယခင် လက်ဖဝါး နှစ်ချက်ကပင် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ပြီ။ အခု သူ့မှာ တတိယမြောက် လက်ဖဝါး ရိုက်ချက် ကျန်နေသေးသည်။ ထို့အပြင် လက်ဖဝါးတစ်လုံး၏ စွမ်းအားသည် ယခင် လက်ဖဝါးရိုက်ချက်များထက် သာလွန်နေသည်။ တတိယမြောက် လက်ဖဝါး၏ စွမ်းအားသည် သူ၏နှလုံးသားကို တုန်လှုပ်သွားစေသည့်အထိ ကြောက်စရာကောင်းနေ သည်။
"လျှို့ဝှက်ဆန်းကြယ် သံမဏိလက်ဝါး တစ်ထောင်။ အဲဒါက တကယ်ကို လျှို့ဝှက် ဆန်းကြယ် သံမဏိလက်ဝါး တစ်ထောင်ပဲ”။ အဝေးမှာရှိနေသည့် ရန်ချုံလည်း အသံထွက် လာသည်။ ယခုအခါ သူသည် ချင်ယွင်၏ကျွန်တစ်ဦး ဖြစ်နေပြီး၊ အကယ်၍, ချင်ယွင်သာ သေဆုံးပါက သူလည်း လောင်ကျွမ်းသွားပေလိမ့်မည်။
သူ၏အမြင်အရ၊ ချင်ယွင်၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း၊ သူသည် တင်းထန်နှင့် ပြိုင်ဘက်မဟုတ်သည်မှာ သေချာပါသည်။ ၎င်းလက်ဖဝါးသည် လျှို့ဝှက် ဆန်းကြယ် သံမဏိလက်ဝါး တစ်ထောင်ကို ခံယူရဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
လျှို့ဝှက်ဆန်းကြယ် သံမဏိလက်ဝါး တစ်ထောင်သည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ ထိပ်တန်း ပညာရပ်တစ်ခု ဖြစ်သည်။ ၎င်းသည် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ တင်းထန်၏ လက်ထဲကို ရောက်ရှိသွားပြီးနောက် ၎င်း၏စွမ်းအားက ပို၍ပင် ကြီးမားပြင်းထန်လာခဲ့သည်။ တင်းထန်၏ ကျင့်ကြံမူသည် ချင်ယွင်ထက် အနည်းငယ်မျှသာ မြင့်မားနေခြင်း မဟုတ်ပေ။ သူသည် လျှို့ဝှက်ဆန်းကြယ် သံမဏိ လက်ဝါးတစ်ထောင်ကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း?။
သို့သော်လည်း ရန်ချုံအနေဖြင့်, ချင်ယွင်သည် ဤတိုက်ခိုက်မှုကို တားဆီးနိုင်ပြီး ချောမွေ့စွာ လွတ်မြောက်နိုင်စေရန် ဆုတောင်းပေးရုံမှတပါး ရွေးချယ်စရာ မရှိပါချေ။
အဝေးမှာရှိနေသော ဟွန်ချန်သည် လုံးဝကို ဆွံအသွားခဲ့သည်။ အစောပိုင်းက လက်ဖဝါး နှစ်ချက် ခုခံသောအခါ၊ ချင်ယွင်၏ ချောမွေ့စွာ ခုခံနိုင်ခဲ့သည်ကို သူ မြင်ဖူးသည်။ ချင်ယွင် သည် လက်ဖဝါးရိုက်ချက် တစ်ချက်စီတွင် ဒဏ်ရာရသွားခဲ့သော်လည်း၊ အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်းကပင် အံ့သြစရာကောင်းနေ ခဲ့ပြီ။ သာမန် နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ၎င်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
"အက်စ်ခက်ကာက ဒီတတိယမြောက် လက်ဖဝါးရိုက်ချကို ပိတ်ဆို့နိုင်မလားဆိုတာ ငါ သိချင်မိတယ်”။ ဟွန်ချန်၏မျက်လုံးများသည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
ဤအခိုက်အတန့်တွင်, ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်ရင်း, သူ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပါသည် "ကြည့်ရတာ, ငါ အဆုံးထိ သွားရတော့မယ်ထင် တယ်။ ဒီလိုဆိုမှတော့, ဒီအခွင့်ရေးကို အသုံးချပြီး ပေါင်းစပ်နတ်ဘုရားတန်ခိုး စွမ်းအားကို ခံနိုင်ရည်ရှိမရှိ စွမ်းသပ်ကြည့်ရမယ်”။
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးများ ပေါင်းစပ်ခြင်းကို ထိန်းချုပ်ရန် စတင်ကြိုးစားလိုက်သည်။
ဟုတ်ပါသည်။ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုး အားလုံးနီးပါးကို အတူတကွ ပေါင်းစပ်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ တင်းထန်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်။
ပေါင်းစည်းပြီးနောက် နတ်ဘုရားတန်ခိုး စွမ်းအားသည် မည်မျှ အားကောင်းလာမည်ကို ချင်ယွင် ကိုယ်တိုင်ပင် မသိသောခဲ့ကြောင့်၊ ယခင်က ချင်ယွင်သည် ပေါင်းစပ်ရန် စောင့်ဆိုင်းထားခဲ့ရသည်။
ဘန်း…။
ချင်ယွင်၏ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုး လေးခုသည် သူ၏ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့သည်။ ချက်ခြင်းပင်၊ ပြင်းထန်သော နတ်ဘုရားတန်ခိုး တစ်ခုသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး တဟုန်ထိုး ပေါက်ကွဲသွားလေ သည်။
ဤနတ်ဘုရားတန်ခိုးသည် တုနှိုင်းမရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။ ပြင်းထန်သော အငွေ့အသက်သည် သူ၏ခြေရင်းအောက်ရှိ မြေပြင်ကို တိုက်ရိုက် ကွဲအက်သွားစေကာ နေရာအရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ တခဏအတွင်းမှာပင် အက်ကွဲကြောင်းသည် ဆယ်ကီလိုမီတာအကွာအဝေးအထိ ပျံ့နှံ့သွားခဲ့သည်။
ပို၍ပင် အံ့ဖွယ်ကောင်းသည်က ချင်ယွင်၏ ခန္ဓာကိုယ်သည် သက်တံ့ရောင် နတ်ဘုရား အလင်းကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။ သူ၏တစ်ကိုယ်လုံးသည် ဤကမ္ဘာကြီးထဲ၌ ဗုဒ္ဓနှင့်တူ၏။ သူ၏နတ်ဘုရားတန်ခိုးသည် ကြီးမားကျယ်ပြန့်ပြီး သူ၏အစွမ်းထက်သော အငွေ့အသက်သည် ကောင်းကင်နှင့်မြေကြီးကိုပင် နှိုးဆော်နိုင်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီးပင် အရောင်ပြောင်းစေခဲ့သည်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ နတ်ဘုရားတန်ခိုးလဲ..”။
ထိုအချိန်တွင်၊ ချင်ယွင်သည် နတ်ဘုရားတန်ခိုး ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားထဲတွင် လုံး၀ နစ်မြုပ်နေခဲ့သည်။ ဤအခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်သည် အကန့်အသတ်မဲ့ စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ခံစားခဲ့ရပြီး၊ သူပြုလုပ်လိုက်သော လှုပ်ရှားမှုတိုင်းသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သည်။
"ဘုန်း…”။
ချင်ယွင်သည် ကောင်းကင်သို့ လက်သီးတစ်ချက် ထိုးလိုက်ပြီး၊ ကောင်းကင်ယံမှ လက်ဖဝါး ပုံရိပ်ကြီးကို ချက်ခြင်း ကြေမွသွားစေခဲ့သည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင် မုန်တိုင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ လွင့်ထုတ်သော်လည်း ချင်ယွင်သည် အနည်းငယ်မျှ လှုပ်ခါသွားခြင်း မရှိပေ။