← Chapters

အခန်း ၁၁၈၄

Vol. 79 Ch. 1184

အခန်း ၁၁၈၄

Vol. 79 Ch. 1184

အခန်း (၁၁၈၄) အရူးနတ်ဘုရား၏ ကခုန်ခြင်း။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ခုနစ်ရောင်ခြယ် သက်တန့်ရောင် နတ်ဘုရားအလင်းသည် အကန့်အသတ်မဲ့ ဖြစ်နေပြီး နတ်ဘုရားတန်ခိုး စွမ်းအင်မုန်တိုင်းသည် သူ၏ခန္ဓာကိုယ် ပေါ်သို့ ပြင်းထန်စွာ တိုက်ခတ်သွားခဲ့သည်။ သူ၏နောက်မှ အနက်ရောင်ဆံပင်များသည် နတ်ဆိုးနတ်ဘုရားတစ်ပါး ထွက်ပေါ်လာသကဲ့သို့ ရိုင်းစိုင်းစွာ ကခုန်နေသည်။

ဘန်း…။

သို့သော် ထိုအခိုက်တွင် ချင်ယွင်သည် ခပ်တိုးတိုး ညီးညူသံကို ထုတ်ဖော်လိုက်ပြီး၊ သူ၏တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။

သူ၏ရင်ဘတ်သည် ကွဲကြေသွားသလို ခံစားရပြီး အလွန် နာကျင်နေပါသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် ကြည့်ရူရန် သူတို့၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်မည်ဆိုလျှင်၊ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံး အက်ကွဲသွားသည်ကို သေချာပေါက် တွေ့ရှိမည် ဖြစ်သည်။

သူ၏လက်ရှိ ခန္ဓာကိုယ်ဖြင့်၊ ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် မခံနိုင်သေးပါ။

"ကြယ်နတ်ဆိုးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ကတောင် ဒီပေါင်းစပ်စွမ်းအားရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားကို ခံနိုင်ရည်မရှိသေးဘူးလား?။ ကြည့်ရတာ, အနာဂတ်မှာ ငါ မလိုအပ်ဘဲ ဒီပေါင်းစပ်စွမ်းအားကို အသုံးမပြုနိုင်ဘူးနဲ့တူတယ်” ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက် သည်။

သူ့မှာ ဖုံးကွယ်ထားသည့် ခွန်အား လုံးဝ မရှိတော့ပါဘူး။ သူသည် ကြယ်နတ်ဆိုး နတ်ဘုရား၏ နတ်ဘုရားအမြုတေကို သူ၏ခန္ဓာကိုယ်ထဲသို့ လုံးလုံး ပေါင်းစပ်ထားပြီး၊ ၎င်းက သူ့ကို နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်အဖြစ်သို့ လုံးလုံး ပြောင်းလဲပေးခဲ့သည်။

ယုတ္တိဗေဒအရ ပြောရလျှင်, သူ၏ နတ်ဆိုးနတ်ဘုရား ခန္ဓာကိုယ်သည် သာမန် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက်ပင် ပို၍ အားကောင်းနေပါသည်။ သို့သော်ငြားလည်း, ၎င်းသည် ပေါင်းစပ်ထားသည့် နတ်ဘုရားတန်ခိုး စွမ်းအားကို မခံနိုင်သေးပေ။

ချင်ယွင်သည် အနည်းငယ် အံ့သြပြီး စိတ်လှုပ်ရှားနေလေသည်။ ပေါင်းစပ်ပြီးနောက် နတ်ဘုရားတန်ခိုးက အားကောင်းလာလေ၊ သူ့အတွက် ပိုကောင်းလေ ဖြစ်ပါသည်။ ဆိုလိုသည်မှာ, သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပို၍ပင် ကြောက်စရာကောင်းလာမည် ဖြစ်သည်။

"တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ရမယ့်ပုံပဲ။ မဟုတ်ရင် ခဏတာ ထွက်ပြေးဖို့တောင် အင်အားရှိတော့မှာ မဟုတ်ဘူး။" ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော နာကျင်မှုကို တောင့်ခံရင်း သူ့ကိုယ်သူ ပြောလိုက်သည်။

သူ၏မျက်လုံးတစ်စုံသည် မျက်မှောင်ကြုတ်ပြီး သတ်ဖြတ်လိုစိတ် အပြည့်ရှိနေသော အဝေးမှ တင်းထန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပါသည်။

ခပ်လှမ်းလှမ်းတွင်၊ တင်းထန်၏ အမူအရာသည် အလွန်ဆိုးရွားလှသည်။ ချင်ယွင်သည် သူ၏ တတိယမြောက် လက်ဖဝါးကို အမှန်တကယ် ချိုးဖျက်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့ ပေ။ ထို့အပြင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအား အတက်အကျ လှိုင်း များသည်လည်း သူ့အား အန္တရာယ်အငွေ့အသက်ကို ပြင်းထန်စွာ ခံစားရစေသည်။ ဤမျှ အစွမ်းထက်သော နတ်ဘုရားတန်ခိုးမျိုးကို သူ တစ်ခါမျှ မမြင်ဖူးပါဘူး။

သေချာသည်မှာ, ချင်ယွင်၏ နာကျင်နေဟန် မျက်နှာအမူအရာကိုလည်း သူ မြင်နေရပါ သည်။ ဤနတ်ဘုရားတန်ခိုးကို ချင်ယွင် အသုံးပြုခြင်းသည် ပေးဆပ်ရခြင်း မရှိဘဲ အသုံးမပြုနိုင်ကြောင်း သူ နားလည်လိုက်သည်။ ဤမျှလောက် အစွမ်းထက်သော နတ်ဘုရားတန်ခိုးဖြင့်ဆို၊ သူ၏ နတ်ဘုရားခန္ဓာကိုယ်သည်ပင် ခံနိုင်ရည် မရှိနိုင်ပေ။

"ဟမ့်၊ မင်းက ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားတန်ခိုးကို ဘယ်လို ပိုင်ဆိုင်ထားမှန်း ငါ မသိပေမယ့်၊ မင်းရဲ့ခန္ဓာကိုယ်က ဒီနတ်ဘုရားတန်ခိုးကို ခံနိုင်ရည် မရှိသေးဘူးဆိုတာ သိသာပါတယ်။ ဒီနတ်ဘုရားတန်ခိုးကို အသုံးပြုတာက မင်းကို အနိုင်ရဖို့ အကူအညီ မရောက်ရုံတင်မကဘူး၊ မင်းကို မြန်မြန်သေအောင် လုပ်ရာရောက်လိမ့်မယ်" တင်းထန်က ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ အော်ပြောလိုက်ပြီး၊ သူ၏လေသံက အထင်အမြင်သေး မှု အရိပ်အယောင်များ သယ်ဆောင်လာသည်။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအားများသည် ထူးထူးခြားခြား အားကောင်းသော်လည်း၊ သူ၏ခန္ဓာကိုယ်သည် ၎င်းတို့ကို ခံနိုင်ရည် မရှိခဲ့ပေ။ ပေါက်ထွက်ခြင်းမျိုးလည်း လုံးဝ မရှိခဲ့ပါ။ ၎င်းသည် မြစ်ကြီးထဲမှာရှိနေသော ရေအားလုံးကို စမ်းချောင်းငယ်လေးထဲသို့ အတင်းလောင်းထည့်သည်နှင့် တူပါသည်။ စမ်းချောင်းလေး သည် ထိုရေများကို မထိန်းနိုင်ရုံသာမက၊ ရေလွှမ်းမိုးမှုကိုပင် ဖြစ်ပေါ်စေသည်။ ဤအခိုက်တန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းမှာ ထိုကဲ့သို့ ဖြစ်ပျက်နေပါသည်။

ထို့ကြောင့် တင်းထန်၏ ထင်မြင်ယူဆချက်အရဆို, ကိုယ့်ခွန်အားကို အပြည့်အဝ မထိန်းချုပ်နိုင်သူ လူတစ်ဦးသည် ခွန်အားမည်မျှပင် အားကောင်းနေပါစေ အသုံးမဝင်ပေ။

ဥပမာအားဖြင့်၊ ကလေးငယ်တစ်ဦးသည် ကြီးမားလေးလံသော ပုဆိန်ကြီးကို ပိုင်ဆိုင်ထား သော်လည်း၊ သူ့အတွက် ၎င်းပုဆိန်ကြီးကို ဝှေ့ယမ်းရန်ပင် အလွန့်လွန် ခက်ခဲနေပြီ။ သူသည် သန်မာပြီး အစွမ်းထက်သည့်သူကို မည်သို့ အနိုင်ယူနိုင်တော့မည်နည်း?။

သို့သော်လည်း ချင်ယွင်သည် တင်းထန်၏ စကားကို ဂရုမစိုက်ပေ။ ဤနတ်ဘုရား တန်ခိုး သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော်လည်း၊ သူ၏ကြယ်နတ်ဆိုး နတ်ဘုရား ခန္ဓာကိုယ်ခွန်အားဖြင့်၊ သူသည် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန် အချိန်အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။ အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန် အချိန် အတိုင်းအတာအတွင်း တင်းထန်ကို အနိုင်ယူနိုင်လျှင်, သို့မဟုတ် သူ ထွက်ပြေးနိုင်လျှင်, သူ၏ရည်မှန်းချက် ပြည့်ဝလိမ့်မည်။

"မြန်မြန်၊ မြန်မြန်..”။ ချင်ယွင်သည် သူ၏စိတ်နှလုံးသားထဲမှာ အော်ဟစ်လိုက်ပြီး ကြည်လင်ကောင်းကင်ဓားက သူ၏လက်ထဲမှာ ပေါ်လာပါသည်။

"ဓားလှိုင်း…”။ ချင်ယွင်သည် ချက်ချင်းပင် သူ၏ဓားကို ခုတ်ပိုင်းလိုက်ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအား လှိုင်းလုံးကြီးသည် သူ၏ဓားမှ ထွက်ပေါ်လာ သည်။ ဤဓားစွမ်းအား လှိုင်းလုံးကြီးသည် ပေတစ်ထောင်မြင့်ပြီး ၎င်းတွင်ရှိသော စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။

အဝေးမှ ရန်ချုံသည် ချင်ယွင် ခုတ်ပိုင်းလိုက်သော ဓားစွမ်းအား လှိုင်းလုံးကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် နှိုင်းစာ၍မရအောင် ကြောက်ရွှံ့ထိတ်လန့်သည့် အမူအရာ ပေါ်လွင်နေသည်။

အကယ်၍, အစောပိုင်းက ချင်ယွင် အသုံးပြုခဲ့သော ဓားစွမ်းအား လှိုင်းလုံးကြီးသည် ယခုလောက် အားကောင်းနေပါက၊ သူသည် အစောပိုင်းက ဒဏ်ရာပြင်းထန်စွာ ရရှိရုံဖြင့် အဆုံးသတ်ခဲ့မည် မဟုတ်ပေ။ ယင်းအစား သူသည် ကြောက်စရာကောင်းသည့် ဓားစွမ်းအားကြောင့် ချက်ချင်း ပြာဖြစ်သွားလိမ့်မည်။ ဓားစွမ်းအား လှိုင်းလုံးကြီးသည် နှိုင်းယှဉ်၍မရအောင်ပင် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ ထို့ကြောင့် သူ့မှာ ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိနိုင်ပါချေ။

တင်းထန်သည် ဧရာမလှိုင်းလုံးကြီးကဲ့သို့ တဝှီးဝှီးမြည်ဟီးနေသော ဧရာမဓားစွမ်းအား လှိုင်းလုံးကြီးကို ကြည့်လိုက်ရင်း ပထမအကြိမ်အဖြစ် သူ၏မျက်နှာပေါ်တွင် နှိုင်းစာ၍ မရသည့် လေးနက်သော အမူအရာ ပေါ်လာပါသည်။

ဘန်း…။

လက်ရာမြောက်ပြီး ရိုးရှင်းသော ဓားရှည်တစ်လက်က သူ၏လက်ထဲတွင် ပေါ်လာသည်။ ဓားရှည်သည် ထူးထူးခြားခြား အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျ လှိုင်းများ ပါရှိနေသည်။

"နေရာအနှံ့ ဖြန့်ကျဲခြင်း” တင်းထန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ ဓားကို ချက်ချင်း ဝှေ့ယမ်းလိုက်ပါသည်။ တခဏအတွင်းမှာပင် ကောင်းကင်ယံမှာ ထောင်နှင့်ချီသော ကြယ်ပွင့်တွေ ပေါ်လာခဲ့ပြီး၊ ကြယ်တွေပေါ် နတ်ဘုရားအလင်းတန်းများ လင်းလက်သွားခဲ့သည်။

တင်းထန်၏ဓား ခုတ်ပိုင်းလိုက်သောအခါ ထောင်ပေါင်းများစွာသော ကြယ်များသည် ချက်ချင်း ပျံထွက်သွားခဲ့ပြီး၊ ချင်ယွင်၏ဓားစွမ်းအား လှိုင်းလုံးကြီးနှင့် အပြင်းအထန် တိုက်မိသွားသည်။

"ဘုန်း…”။

ပြင်းထန်သော ဓားသိုင်းနှစ်ခုသည် အချင်းချင်း အပြင်းအထန် ထိပ်တိုက် တွေ့ဆုံမိပြီး၊ မြည်ဟီးသံက ခေတ်ပြိုင်သံစဉ်တစ်ခုလိုပင်။ ပတ်ဝန်းကျင်ရှိ နတ်တောင်တန်းများသည် အပေါက်များနှင့် ပြည့်နေပြီး၊ မြေပြင်သည်လည်း အက်ကြောင်းများဖြင့် ပြည့်နေပါသည်။

ဓားစွမ်းအား အမျှင်တန်းနှစ်ခုကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်မုန်တိုင်းသည် ပတ်ဝန်းကျင်ကို ဖြတ်ကျော်သွားသည်။

အဝေးမှာရှိနေသည့် ဟွန်ချန်သည် ဤမြင်ကွင်းကို မြင်သောအခါ ကြောက်ရွံ့စွာဖြင့် အဝေးသို့ အလျင်အမြန် ပုန်းရှောင်သွားခဲ့သည်။ သူသည် မိုင်တစ်ရာအကွာတွင် ရပ်နေခဲ့ခြင်း ဖြစ်ပြီး၊ ဓားစွမ်းအား၏ စွမ်းအင်အတက်အကျလှိုင်း ရိုက်ခတ်မူဒဏ်ကို ခံခဲ့ရသည်။ ဤဓားစွမ်းအား စွမ်းအင်မုန်တိုင်းသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။

ဘန်း….။

သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်မုန်တိုင်းကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။ ကျန်း သုံးရာမြင့်မားသည့် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုသည် လေဟာနယ်အတွင်းမှ ချက်ချင်း ထိုးဖောက်ဝင်ရောက်ကာ မြင့်မားသော ပုဆိန်တစ်လက် ကဲ့သို့ တင်းထန်ဆီသို့ ဖြတ်သန်းသွားခဲ့သည်။

တင်းထန်၏ အမူအရာသည် ပြောင်းလဲသွားပြီး သူ၏မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ ဤဓားအလင်းသည် အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင်, သူသည် ရှောင်တိမ်းရန် အချိန်နှောင်းနေခဲ့ပြီ။ ထို့ကြောင့် သူသည် ဤအခိုက်အတန့်တွင်သာ အတင်းအကြပ် ခုခံတွန်းလှန်ရန်သာ တတ်နိုင်ခဲ့ပါသည်။

"ချိုးဖျက်လိုက်စမ်း..”။

တင်းထန်က ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး သူ၏လက်ထဲက နတ်ဘုရားဓားက တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရား တန်ခိုးသည် ထိန်ချန်ထားခြင်း မရှိတော့ဘဲ တဟုန်ထိုး ပေါက်ကွဲထွက်လာကာ ဤဓားအလင်းဆီသို့ ပြင်းထန်စွာ လှုပ်ခါသွားလေသည်။

ချွင်…။

ကျန်းရာချီရှိသော ဓားအလင်းသည် တင်းထန်၏ နတ်ဘုရားဓားနှင့် ထိပ်တိုက်တွေ့ပြီး နားကန်းလောက်သည့် တုန်ခါသံ ထွက်ပေါ်လာသည်။

ပြိုလဲလိုက်စမ်း…။

တင်းထန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် နစ်မြုပ်သွားပြီး၊ သူ၏ခြေဖဝါးအောက်မှ မြေပြင်က ပြိုကျသွားကာ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာပါသည်။

ဤအခိုက်တန့်တွင် သူသည် ဤဓားအလင်းဖြင့် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေပြီး သူ၏တစ်ကိုယ်လုံး အလွန်မင်း မောပန်းနွမ်းနယ်နေသည့် အမူအရာ ဖြစ်ပေါ်လာသည်။

ဤဓားစွမ်းအား၏ တိုက်ခိုက်မှုသည် အထွတ်အထိပ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ စွမ်းအားအပြည့် တိုက်ခိုက်ခြင်းထက် အားမနည်းပေ။ တင်းထန်ပင်လျှင် ၎င်းကို အလွယ်တကူ တားဆီးနိုင်မည်မဟုတ်ပေ။

"အရူးနတ်ဘုရားကခုန်ခြင်း…" တင်းထန်သည် ဒေါသ ပေါက်ကွဲသွားခဲ့ပြီ။ သူသည် ရူးသွပ်လုနီးပါး ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးသည် တစ်ဖန် မြင့်တက်လာပြီး သူ၏ အငွေ့အသက်သည် လုံးဝ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

အရူးနတ်ဘုရားကခုန်ခြင်းသည် အချိန်တိုအတွင်း လူတစ်ဦး၏ နတ်ဘုရားတန်ခိုးကို ငါးဆ အထိ တိုးမြင့်ပေးနိုင်သော ကောင်းကင်ဘုံထွဋ်မြို့တော်ရှိ အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ ယခုအချိန်တွင် တင်းထန်သည် ဤနတ်ဘုရား စွမ်းရည်ကို အသုံးပြုနေပါသည်။ သူ၏တစ်ကိုယ်လုံးရှိ နတ်ဘုရား တန်ခိုးသည် ချက်ချင်း ပင် ရိုင်းစိုင်းစွာ ကခုန်နေပြီး။ သူသည် ချက်ချင်းပင် အရူးနတ်ဘုရား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဘုန်း..”။

တင်းထန်၏လက်ထဲမှ ဓားသည် တုန်ခါသွားပြီး နတ်ဘုရားဓား စွမ်းအင်က ကောင်းကင်ယံ ကို လှုပ်ခါကာ ချင်ယွင် ခုတ်ပိုင်းလိုက်သော ကျန်းရာချီသည့် ဓားအလင်းကြီးကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။

"အယုတ်တမာကောင်၊ ငါ မင်းကို သတ်မယ်” တင်းထန်က အရူးအမူး ဟစ်ကြွေးလိုက် သည်။ သူ၏မျက်လုံးတွေက ဒေါသတကြီးနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင် ကို လှည့်ပတ်ကြည့်နေသည်။ သို့သော်, သူသည် ချင်ယွင်၏ ရုပ်အသွင်ကို မည်သည့် နေရာတွင်မှ ရှာမတွေ့တော့ပါ။ ချင်ယွင်သည် ထိုဓားချက်ကို ခုတ်ပိုင်းပြီးသည်နှင့်, နဂါးတောင်ပံများ၏ အကူအညီဖြင့် သူသည် ဤနေရာမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူသည် ယခုအခါ ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာဝေးမှာ ရောက်ရှိနေကောင်း ရောက်ရှိနေနိုင်သည်။

"ဟမ့်၊ ငါတင်းထန်က မင်းကို မသတ်နိုင်ရင်, လူမဟုတ်ဘူးလို့ ငါ ကျိန်ဆိုတယ်။"

တင်းထန်က ဒေါသတကြီး ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်သည်။

သူ၏မျက်လုံးများသည် သွေးကဲ့သို့ နီမြန်းနေပြီး၊ သူသည် သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရား တန်ခိုး စွမ်းအားကို တခဏတာအတွင်း မထိန်းချုပ်နိုင်တော့ပေ။ သူသည် ပြင်းထန်သော တန်ပြန်သက်ရောက်မူကို ခံစားခဲ့ရပြီး ချက်ချင်းဆိုသလို သူ၏ပါးစပ်မှ သွေးများ ထွက်လာ ပြီး သူ၏ အငွေ့အသက်ကလည်း ညှိုးနွမ်းသွားခဲ့သည်။

All Chapters