← Chapters

အခန်း ၁၁၈၅

Vol. 79 Ch. 1185

အခန်း ၁၁၈၅

Vol. 79 Ch. 1185

အခန်း (၁၁၈၅) လီဟောင်ကို နှုတ်ဆက်ခြင်း။

တင်းထန် အရူးအမူး ဟိန်းဟောက်နေချိန်မှာ ချင်ယွင်သည် ကီလိုမီတာ ၁၀၀၀၀၀ အကွာ ရှိ အမည်မဲ့ တောင်တန်းတစ်ခုပေါ်မှာ ပေါ်လာခဲ့သည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသည့် အခြေအနေသို့ ကျရောက်နေခဲ့ပြီ။ သူ၏တစ်ကိုယ်လုံးရှိ ဆဲလ်များသည် ပေါက်ပြဲနေခဲ့ပြီး၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံး အသားပြားကဲ့သို့ ဖြစ်နေသည်။ သူ ပေါင်းစည်းထားသော နတ်ဘုရား အမြုတေ သည်ပင် အက်ကွဲနေလေပြီ။

အကယ်၍, သူသာ အစောပိုင်းက ခုနစ်ရောင်ခြယ် နတ်ဘုရားတန်ခိုးကို အတင်းအကျပ် အသုံးပြုခဲ့မည်ဆိုလျှင်၊ သူ၏နတ်ဘုရားအမြုတေသည် လုံးဝ ပေါက်ကွဲသွားပေလိမ့်မည်။

နတ်ဘုရားအမြုတေ ပေါက်ကွဲသွားသည်နှင့်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။

ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် နှစ်ခုရှိသည်နှင့် ညီမျှပါသည်။ တစ်ခုက သူ၏အစစ်အမှန် ခန္ဓာကိုယ်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ နတ်ဆိုးနတ်ဘုရား စွမ်းအား အားလုံးကို ပိုင်ဆိုင်ထားသော နတ်ဘုရားအမြုတေ ဖြစ်ပါသည်။

ဤအစစ်အမှန် ခန္ဓာကိုယ်သည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း နယ်ပယ်၏ သတ္တမ အဆင့်တွင် ရှိနေဆဲဖြစ်ပြီး၊ အဆင့်ဖြတ်ကျော်နိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် ချင်ယွင် သည် ဤအစစ်အမှန် ခန္ဓာကိုယ်ကို သူ၏ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်ကို သန့်စင်ရာမှာ အသုံးပြုရန် ရည်ရွယ်ထားပါသည်။ (ဤစကားအရ, နတ်ဆိုးနတ်ဘုရား ဖြစ်လာခြင်းသည် နတ်ဆိုး နတ်ဘုရားအမြုတေကို သန့်စင်နိုင်၍ ဖြစ်လာခြင်းဟု ယူဆနိုင်ပါသည်။ နတ်ဆိုး နတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်သည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ဖြစ်သည့်အပြင်, ထိုအထဲတွင် နတ်ဆိုးနတ်ဘုရားဖြစ်လာရန် နည်းစနစ်များ လည်း ပါဝင်သည်ဟု ဆိုရပါလိမ့်မည်။ အမှန်တကယ်ဆို နတ်ဆိုးနတ်ဘုရားနှင့် ဖင်းဂေါ့ဂ်တို့သည် အတူတူဟုပင် ယူဆ၍ရပါသည်။ သို့သော် အချို့နေရာ၌ demon god နှင့် အချို့နေရာများ၌ fiend god ဟု တွေ့တွေ့နေရသည့်အတွက် အဆင်ပြေသလို ပြန်ဆိုရခြင်း ဖြစ်ပါသည်။ နောက်နောင်များ၌လည်း မူရင်းပါသည့်အတိုင်း ပြန်ဆိုမည် ဖြစ်ပါ၍ နားမလည်မှာစိုး၍ ကြိုတင်စဉ်းစားမိသမျှ တင်ပြထားရခြင်း ဖြစ်ပါသည်)။

ချင်ယွင်၏ ဖင်းဂေါ့ဂ်စွမ်းအားအတွက်မူ၊ ၎င်းကို ဖင်းဂေါ့ဂ်အမြုတေအဖြစ် လုံး၀ ပေါင်းစည်းနိုင်ပါသည်။ ဖင်းဂေါ့ဂ်အမြုတေ၏ ရုပ်ခန္ဓာကိုယ်သည် အစောပိုင်း ကြယ်ဖင်းဂေါ့ဂ်တစ်ပါး၏ ကျင့်ကြံမူအခြေခံကို ပိုင်ဆိုင်မည် ဖြစ်ပါသည်။

ဟုတ်ပါသည်။ ချင်ယွင်သည် နတ်ဘုရားအမြုတေကို သူ၏ အစစ်အမှန် ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်စေခြင်းဖြင့် ကြယ်နတ်ဆိုးနတ်ဘုရား၏ တန်ခိုးကို ပိုင်ဆိုင်နိုင်စေခဲ့ပါသည်။

ယခုအခါ နတ်ဘုရားအမြုတေမှာ အက်ကွဲသွားသဖြင့်၊ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရား ရုပ်ခန္ဓာကိုယ်သည် ပျက်စီးမှုများစွာကို ခံစားခဲ့ရသည်။ သူ၏မူလ အစစ်အမှန် ခန္ဓာကိုယ် သည်လည်း နတ်ဘုရားခန္ဓာကိုယ်အဖြစ် မသန့်စင်ရသေးသဖြင့် သူ့ရုပ်ခန္ဓာကိုယ်၏ ခွန်အားသည် နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ်ထက်ပင် လီပေါင်း ၁၀၈၀၀၀ ထိ အားနည်းပါ သည်။

အမှန်တကယ်, နတ်ဘုရားအမြုတေကို သူ၏ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်ထားကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ သူ၏ခန္ဓာကိုယ်သည် ခုနစ်ရောင်ခြယ် နတ်ဘုရားတန်ခိုးကြောင့် ပေါက်ကွဲသွားပေလိမ့်မည်။

"ဟင့်....။ ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ်က အလယ်အလတ် ကြယ်နတ်ဆိုးနတ်ဘုရား နယ်ပယ်ကို မဖြတ်နိုင်သေးဘူးဆိုရင်, ဒီခုနစ်ရောင်ခြယ် နတ်ဘုရားတန်ခိုး စွမ်းအားကို လျှော့သုံးသင့်တယ်။ ငါ ဒီနေ့ စိတ်မြန်လွန်းခဲ့တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက် သည်။

အမှန်တကယ်ဆို, သူသည် အစောကြီး ထွက်သွားနိုင်သော်လည်း ထိုနတ်ဘုရား တန်ခိုး ပေါင်းစပ်မှု၏ စွမ်းအားကို စမ်းသပ်ဖို့အတွက် အချိန်အတော်ကြာအောင် အချိန်ဆွဲနေခဲ့ သည်။ အဆုံးတွင်၊ သူနှင့် တင်းထန်တို့ကြားမှာ နယ်ပယ်ကွာခြားချက်က အရမ်းကို ကြီးမားလွန်းနေသည်။

ထို့နောက်၊ ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်ကို စတင်စုပ်ယူခဲ့ပြီး သူ၏နတ်ဘုရားအမြုတေကို စတင်ပြုပြင်သည်။ နတ်ဘုရားအမြုတေကို ပြုပြင်နေသမျှ သူ၏ခန္ဓာကိုယ်က ချက်ချင်း ပြန်ကောင်းလာလိမ့်မည်။ ၎င်းသည် နတ်ဆိုးနတ်ဘုရား ခန္ဓာကိုယ်၏ ပုံမှန်မဟုတ်သော အစိတ်အပိုင်း ဖြစ်သည်။

ချင်ယွင်သည် ၎င်းကို ဆက်လက်စုပ်ယူနေစဉ်၊ သူ့နတ်ဘုရားအမြုတေရှိ အက်ကွဲကြောင်း များကို ပြုပြင်နေပါသည်။

ထိုကဲ့သို့ပင် ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်ကို တိတ်တဆိတ် စုပ်ယူနေခဲ့သည်။ နတ်ဘုရားကမ္ဘာ၏ မူလစွမ်းအင်သည် အင်မော်တယ်ကမ္ဘာထက် များစွာပို၍ သိပ်သည်းနေသောကြောင့် ချင်ယွင်၏ ပြန်လည်ကုစားရေ အမြန်နှုန်းသည် များစွာ ပို၍ မြန်ဆန်ပါသည်။

ဟုတ်ပါသည်၊ ချင်ယွင်သည် သူ၏ နတ်ဘုရားအမြုတေကို အပြီးအပိုင် ပြုပြင်ဖို့ အချိန်သုံးရက်လောက် ယူခဲ့ရပါသည်။

ကံကောင်းထောက်မစွာ၊ သူရွေးချယ်ခဲ့သော တောင်ငယ်လေးသည် အလွန်ဝေးလံပြီး ၎င်းကို မည်သူမျှ ဂရုမစိုက်မိသောကြောင့် သူ၏ ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်စေခဲ့ ပါ။

ဘန်း..။

ကြယ်နတ်ဆိုးနတ်ဘုရား၏ တန်ခိုး စွမ်းအားသည် နတ်ဘုရားအမြုတေမှ တဟုန်ထိုး ပျံ့နှံ့ထွက်လာခဲ့ပြီး ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

ကြယ်နတ်ဆိုးနတ်ဘုရား၏ စွမ်းအားများ ဝင်လာသည်နှင့်အမျှ ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည်လည်း ၎င်း၏ အထွတ်အထိပ် အခြေအနေသို့ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။

ချင်ယွင်သည် သူ့ခန္ဓာကိုယ် လုံးဝ ပြန်ကောင်းလာသည်ဟု ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။

ဤနတ်ဘုရားတန်ခိုး ပေါင်းစပ်မှုစွမ်းအားသည် သူ့အတွက် မည်သည့်အကျိုးကျေးဇူးမှ မရရှိခဲ့သော်လည်း၊ ဤနတ်ဘုရားတန်ခိုး ပေါင်းစပ်မှုသည် မည်မျှ ထိတ်လန့်စရာကောင်း သည်ကို အကြမ်းဖျင်း သိစေခဲ့သည်။

သေချာသည်မှာ, ချင်ယွင်သည် နတ်ဘုရားတန်ခိုး လေးပါးကို ပေါင်းစပ်ပြီး ထိုစွမ်းအားကို သာ ပိုင်ဆိုင်ထားပါသည်။ ချင်ယွင်သည် နောက်ထပ် ကောင်းကင်တာအိုဉပဒေသ နှစ်ခု၏ နတ်ဘုရား တန်ခိုးများကို မပေါင်းစပ်ရသေးပေ။ ထိုနတ်ဘုရားတန်ခိုး နှစ်ခုကို ပေါင်းစည်း ပြီးသောအခါ၊ နတ်ဘုရားတန်ခိုး အားလုံးကို အတူတကွ ပေါင်းစပ်နိုင်လိမ့်မည်။ ထိုသို့ဆိုလျှင့် အမှန်ပင် ကြောက်စရာကောင်းလာပေလိမ့်မည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးဖြင့် သန့်စင်ထားသော နတ်ဘုရား ခန္ဓာကိုယ်တစ်ခုသည် ထူးထူးခြားခြား ကြောက်စရာကောင်းနေသည်မှာ သေချာပါသည်။ ယင်းကြောင့် ချင်ယွင်၏ စိတ်နှလုံးသည် ပြင်းထန်သော မျှော်လင့်ချက်များဖြင့် ခုန်ပေါက်သွားခဲ့သည်။

ထို့ကြောင့်၊ သူသည် သူ၏နတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ နတ်ဆိုးနတ်ဘုရား ခန္ဓာကိုယ် သန့်စင်ခြင်း၏ အကူအညီဖြင့်၊ သူ၏ နတ်ဆိုးနတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်ခြင်းကျင့်ကြံမူအခြေခံကို ဆက်လက် တိုးမြှင့်နိုင် သရွေ့ သူ၏တိုက်ခိုက်ရေးစွမ်းအားလည်း တိုးလာမည် ဖြစ်သည်။

သူသည် သူ၏ နတ်ဘုရား တန်ခိုးများနှင့် လုံးလုံးလျားလျား ပေါင်းစပ်ပြီးမှသာ သူ၏ နတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်မည် ဖြစ်သည်။ ထိုအချိန်ရောက်မှဆိုလျှင်လည်း သူ့အတွက် အကြီးအကျယ် စိတ်လှုပ်ရှားဖို့ အချိန်နှောင်းဦးမည် မဟုတ်ပေ။

ဤအရာသည် ထူထပ်သိပ်သည့်စွာ စုဆောင်းထားသည့် ပါးလွှာသော ဆံပင်တစ်ချောင်း ဖြစ်သည်။ အစစ်မှန် တိတ်ဆိတ်မှု လူတိုင်းကို ထိတ်လန့်စေနိုင်သည်။

ဟုတ်ပါသည်၊ ချင်ယွင်မှာ အလွန်အစွမ်းထက်သည့် နေရာတစ်ခုလည်း ရှိနေပါသည်။ ထိုနေရာကတော့ သူ၏ကနဦးစကြာဝဠာပါ။ ယခုအခါတွင် ကနဦးစကြဝဠာသည် အကန့်အသတ်မဲ့နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားသောကြောင့် သူသည် ထိုက်ကျိနယ်ပယ်သို့ အချိန်မရွေး ဖြတ်ကျော်သွားနိုင်သည်။

သူလက်ရှိနေထိုင်ရာ စကြာဝဠာ၏ ကောင်းကင်ဘုံတန်ခိုးအစွမ်း တည်ရှိနေမှုကြောင့်, သူသည် တိုက်ခိုက်ရန်အတွက် ကနဦးစကြာဝဠာ၏ စကြဝဠာ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်သော်လည်း၊ ကနဦးစကြဝဠာ အဆင့်ချိုးဖြတ်နိုင်ခြင်းက သူ့အတွက် ကြီးကြီး မားမား အကူညီဖြစ်နေဆဲပင်။

"အခု, ဆရာနဲ့ တခြားသူတွေ ဘယ်လိုဖြစ်နေကြလဲဆိုတာ ငါ သိချင်မိတယ်။ သူတို့ ဘယ်နေရာ ရောက်နေလဲ?။ ငါ ဘာလို့ သူတို့ကို မတွေ့ရတာလဲ?" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ယခုအချိန်တွင် သူသည် နတ်ဘုရားနန်းတော်ကြီး သုံးခု၏ မစ်ရှင်များကို ပြီးမြောက်ခဲ့ပြီး ဖြစ်၍ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို ပြီးမြောက်ရန် အချိန် ဆယ်နှစ် လိုအပ်ပါသည်။ သူ၏ လက်ရှိအင်အားဖြင့် မြို့တော်သခင်တစ်ဦးကို သတ်ခြင်း သည် အမှန်တကယ်ပင် သေခြင်းတရားကို သွားတောင်းခံခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ကိုယ်ပိုင် စွမ်းအားကို မြှင့်တင်ရန်သာ လိုအပ်ပါသည်။

ချင်ယွင်၏ အစီအစဉ်အရ၊ သူသည် နေသာဧကရာဇ်ဆီကို သွားပြီး၊ သူနှင့်အတူ ရှေးဟောင်း နယ်မြေကို စူးစမ်းလေ့လာရန် ဖြစ်သည်။

သို့သော်, သူ မထွက်ခွာမီတွင် ချင်ယွင်သည် စီနီယာ စီတူဝူဒီနှင့် သူ၏ဆရာသခင် ရှေးဟောင်းတာအိုတို့ကို တွေ့ချင်သေးသည်။ သူတို့ သူတို့၏မစ်ရှင်တွေ ပြီးမြောက်ပြီး နတ်ဘုရားနန်းတော်အသီးသီးသို့ ဝင်ရောက်ပြီးမှသာ သူသည် စိတ်အေးသက်သာစွာဖြင့် ထွက်ခွာနိုင်မည်။

သို့သော် ထူးဆန်းသည်မှာ ချင်ယွင်သည် သူတို့နှင့် နောက်ဆုံးအကြိမ် ခွဲခွာသွားပြီး ကတည်းက သူသည် ရှေးဟောင်းတာတိုဆရာသခင် အကြောင်း တစ်ခါမျှ မကြားရတော့ ပေ။ ချူယွန်လည်း သူနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ဤအရာက ချင်ယွင်ကို အလွန် အံ့အားသင့်စေခဲ့သည်။

"အယ်?"

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် တစ်စုံတစ်ယောက် တိုက်ခိုက်နေသကဲ့သို့ ကီလိုမီတာ ၁၀၀,၀၀၀ အကွာမှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းကို ရုတ်တရက် ခံစားလိုက်ရသည်။

မူလကတော့ ဝူဝမ်တောင်တန်းအတွင်းမှာ တိုက်ပွဲများရှိနေခြင်းက သူ့အတွက် ပုံမှန်ဖြစ်နေပြီး၊ ချင်ယွင်က ဤအရာကို ဂရုမစိုက်သော်လည်း, ယခုတစ်ကြိမ်မှာတော့ ထိုစွမ်းအင်အတက်အကျလှိုင်းထံမှ ရင်းနှီးသော အငွေအသက်ကို ခံစားလိုက်ရသည့် အတွက် မတူတော့ပါဘူး။

ဤအငွေ့အသက်သည် သူကိုယ်တိုင် အနိုင်ယူခဲ့ပြီး သူ၏ကျွန်အဖြစ် ခေါ်ဆောင်ထားခဲ့ သော အဖြူရောင်ဝတ် လူငယ် လီဟောင်မှလွဲ၍ အခြားလူ မဟုတ်ပေ။

ယခုအချိန်တွင် လီဟောင်၏ အငွေ့အသက်သည် အနည်းငယ် ရှုပ်ထွေးနေပြီး တစ်ခါတစ်ရံ မြင့်တက်နေကာ တစ်ခါတစ်ရံမှာတော့ နိမ့်ကျသွားသည်။ သူသည် တစ်စုံတစ်ယောက်ကို တိုက်ခိုက်နေသည်မှာ ထင်ရှားပါသည်။

"သွားကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ ပြောလိုက်ရင်း အငွေ့အသက် ထွက်ပေါ် လာသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ပါသည်။

ချင်ယွင်သည် လီဟောင်ကို ရုတ်တရက် ဖြစ်ပေါ်လာသော တခဏတာ စိတ်ကူးကြောင့် လက်ခံခဲ့ခြင်းဖြစ်သော်လည်း လီဟောင်သည် သူ့ထံ လက်နက်ချ အညံ့ခံပြီးကတည်းက လီဟောင်သည် သူ၏လူ ဖြစ်သွားပါပြီ။ ယခု လီဟောင်သည် အန္တရာယ်အတွင်း ကျရောက်နေပြီ။ ထို့ကြောင့်, သူ့အနေဖြင့် သဘာဝအတိုင်း လျစ်လျူမရှုနိုင်ပေ။

ထို့ကြောင့် ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ အလျင်အမြန် ပြောင်းသွားကာ လီဟောင်၏ အငွေ့အသက် ထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ ပြေးသွားခဲ့သည်။

ချင်ယွင်အတွက်မူ လီ ၁၀၀၀၀၀ အကွာဝေးသည် အချိန်သိပ်မကြာဘဲ လီဟောင် တိုက်ခိုက်နေသည့် နေရာသို့ ရောက်ရှိရန် အသက်ရူချိန် ၂၀ ခန့်သာ အချိန်ယူရသည်။

သို့သော် ချင်ယွင်ရောက်လာသော အခါတွင်မူ အနည်းငယ် အံ့အားသင့်သွားသည်။

ယခုအချိန်တွင် လီဟောင်နှင့် ၎င်း၏ညီဖြစ်သူ လီဘတို့သာမက စီနီယာ စီတူဝူဒီလည်း ရှိနေသည်။

သို့သော် လီဘနှင့် စီတူဝူဒီတို့ နှစ်ယောက်စလုံးသည် အဝေးမှ မြေပြင်ပေါ်တွင် လဲလျောင်း နေခဲ့ကြသည်။ သူတို့မျက်နှာတွေက ဖြူဖျော့နေပြီး၊ ပါးစပ်ထောင့်ကနေ သွေးများ စီးကျနေ သည်။ သူတို့ ဒဏ်ရာတွေက အသေးအဖွဲ့မဟုတ်သည်မှာ ထင်ရှားပါသည်။

ထိုအချိန်တွင် လီဟောင်သည် ရန်သူတစ်ဦးကို တိုက်ခိုက်နေသည်။ သူ၏ ကျင့်ကြံမှုသည် ချင်ယွင်၏ မျှော်မှန်းချက်အတွင်းမှာ ရှိနေခဲ့ပြီး၊ အစောပိုင်း ကြယ်နတ်ဘုရားအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ။

သူ၏ပြိုင်ဘက်မှာလည်း အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် အကြီးအကဲတစ်ဦး ဖြစ်သည်။ သို့သော် ဤလူ၏ မျက်ခုံးများသည် ကျဉ်းမြောင်းပြီး ရှည်လျားကာ သစ္စာမဲ့ ကောက်ကျစ်စဉ်းလဲသူနှင့် တူသည်။

သူသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်တွင် ရှိသော်လည်း၊ အဘိုးအိုသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ အချိန်အတော်ကြာကတည်းက ဝင်ရောက်နေခဲ့သည်မှာ သိသာထင်ရှားလှပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်အတက်အကျ လှိုင်းများသည် လီဟောင်ထက် ပိုမိုသန်မာနေကာ ယခုမှ ကြယ်နတ်ဘုရားအဆင့်သို့ တက်လှမ်းခဲ့သော လီဟောင်ထက် များစွာ အားကောင်းနေပါသည်။

.

ထိုအချိန်တွင် လီဟောင်သည် လုံးလုံးလျားလျား ဖိနှိပ်ခံနေရပြီး မကြာမီ ရှုံးနိမ့်မည်ကိုပင် သူ ကြောက်မိသည်။

ချင်ယွင်သည် အလျင်စလို မလုပ်ဘဲ တိတ်တဆိတ် ကြည့်နေခဲ့သည်။

လီဟောင်သည် ယခုမှ အဆင့်ဖြတ်ကျော်စ ဖြစ်သော်လည်း၊ ဤတိုက်ပွဲမျိုးသည် သူ့အတွက် အန္တရာယ်များရုံသာမက, အလွန်လည်း အကျိုးရှိပါသည်။ ဤနည်းအားဖြင့် သူ၏နတ်ဘုရားတန်ခိုးသည် ပို၍ပင် သန့်စင်လာပေလိမ့်မည်။

စာစဉ် (၇၉) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၁၂.၆.၂၀၂၄)

All Chapters