← Chapters

အခန်း ၁၁၈၆

Vol. 80 Ch. 1186

အခန်း ၁၁၈၆

Vol. 80 Ch. 1186

အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၀)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၁၈၆) သစ္စာမဲ့သော မြေခွေးအိုကြီး။

ချွင်…။

လီဟောင်၏လက်ထဲမှ ဓားသည် အဘိုးအို၏ လက်ဖဝါးနှင့် ချက်ချင်းဆိုသလို အပြင်းအထန် တိုက်မိသွားပြီး သတ္တုအချင်းချင်း တိုက်ခိုက်မိသကဲ့သို့ အသံမျိုး ထွက်လာ သည်။

နတ်ဘုရားတန်ခိုး စွမ်းအားလှိုင်းများ ပေါက်ကွဲသွားကာ သူနှင့် သူ၏ဓားကို နောက်သို့ တွန်းထုတ်လိုက်သည်။

လီဟောင်သည် သူ့ရှေ့မှ အဘိုးအိုကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူ၏ရှေ့ရှိ အဖိုးအိုသည် သူ့ထက်ပိုပြီး သန်မာရုံသာမက၊ နတ်ဘုရားပစ္စည်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသည်။

သူ၏ပြိုင်ဘက်က သူ့ဓားကို လက်ဗလာဖြင့် ပိတ်ဆို့နိုင်ရခြင်း၏ အကြောင်းရင်းမှာ ဤလူ၏လက်ဖဝါးသည် ပိုးသားကဲ့သို့ ပါးလွှာသော အနက်ရောင် နတ်ဘုရားလက်အိတ် အလွှာဖြင့် ဖုံးအုပ်ထားခြင်းကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် သူခုတ်ပိုင်းသမျှသော ဓားချက်အားလုံးကို ပြိုင်ဘက်က သူ၏လက်ဖြင့် ပိတ်ဆို့ နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှတင်မကသေးဘဲ၊ သူ၏ဓားပေါ်မှ ဓားစွမ်းအားကို နတ်ဘုရား လက်အိတ်က အမှန်တကယ်ပင် တွန်းထုတ်နိုင်ခဲ့သည်။ တစ်နည်းဆိုရသော် လီဟောင်၏ တိုက်ခိုက်မှုသည် ပြိုင်ဘက်ကို မထိခိုက်စေရုံသာမက ပြိုင်ဘက်၏ တိုက်ခိုက်မှုကိုပင် အားပေးရာရောက်နေပါသည်။

အကယ်၍, ဤအတိုင်းသာ ဆက်သွားပါက, လီဟောင်သည် ဤလူအိုကြီးကို ရှုံးနိမ့်ရလိမ့် မည်။

"ပစ္စည်းတွေကို လွှဲပေးလိုက်ပါ။ တကယ်လို့, မင်းသာ ပစ္စည်းတွေကို လွှဲပေးခဲ့ရင်, မင်းရဲ့ အသက်ကို ငါချမ်းသာပေးမယ်" ဆံပင်ဖြူ အဘိုးကြီးက လီဟောင်ကို ကြည့်ကာ အထင်သေးစွာ ပြောလိုက်သည်။ သူ၏ ရှည်လျားပြီး ကျဉ်းမြောင်းသော မျက်လုံးများသည် သစ္စာမဲ့မူနှင့် ကောက်ကျစ်စဉ်းလဲမူတို့ဖြင့် ပြည့်နှက်နေသည်။

"ငါတို့နဲ့အတူ ဘာပစ္စည်းမှ မပါဘူးလို့ ငါတို့ ပြောထားပြီးပြီလေ။ မင်း ငါတို့ကို သတ်ရင် တောင် မင်းအနေနဲ့ ဘာပစ္စည်းမှ ရနိုင်မှာမဟုတ်ဘူး။" လီဟောင်က အေးစက်စွာ အော်ပြောလိုက်သည်။

ဤအဘိုးအိုသည် သူတို့ကို မတော်တဆမှု တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ရတနာ နယ်မြေတစ်ခုအနားမှ ဖြတ်သွားရုံသာ ဖြတ်သွားခဲ့ပြီး၊ အထဲပင် မဝင်ခဲ့ရပေ။ သို့သော် ရုတ်တရက် မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော ဤအဖိုးအိုက သူတို့ယူလာသည့် ရတနာများကို လွှဲပြောင်းပေးရန် အခိုင်အမာ ပြောဆိုနေခဲ့သည်။ မဟုတ်ရင် သူတို့ကို သတ်ပစ်မည်ဟုပင် ဆိုနေခဲ့သည်။

လီဟောင်နှင့် အခြားသူများသည် ရတနာများ လုံးဝ မရရှိခဲ့သဖြင့် မည်သို့ လွှဲပြောင်း ပေးနိုင်မည်နည်း။ ထို့ကြောင့် အဘိုးအိုအား ရှင်းပြကြသည်။ သို့သော် သူတို့ မည်သို့ပင် ရှင်းပြသည်ဖြစ်စေ, အဘိုးအိုကြီးက သူတို့ကို မယုံဘဲ၊ သူတို့ ရတနာတွေ ရရှိခဲ့သည်ဟုသာ အခိုင်အမာ ပြောနေခဲ့သည်။

"ဟမ့်၊ ငါ မင်းတို့ကို ယုံမယ်ထင်လား?။ မင်းတို့အားလုံး အဲဒီရတနာနယ်မြေက ထွက်လာခဲ့ ကြတာ ရှင်းရှင်းလေးပဲ။ နောက်ပြီး မင်းတို့ရဲ့အပြောအဆိုတွေအရ အရမ်းကို စိတ်လှုပ်ရှား နေခဲ့ကြတယ်။ ရတနာနယ်မြေမှာ မင်းတို့ ဘာရတနာမှ မရခဲ့ဘူးလို့ မင်းတို့ ပြောရဲလား?" အဘိုးအိုက အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏အမူအရာမှာ မယုံကြည်သည့် အမူအရာများဖြင့် ပြည့်နှက်နေသေးသည်။

လီဟောင်၏ မျက်နှာပေါ်က ချက်ချင်းဆိုသလို အမျက်ဒေါသနှင့်အတူ ပေါက်ကွဲ ထွက်လာခဲ့သည်။ သူတို့အနေဖြင့် ရတနာတွေ အမှန်တကယ် မရရှိခဲ့သည်ကို မဆိုထား နှင့်၊ အကယ်၍, သူတို့ရရှိခဲ့သည်ဆိုလျှင်ပင်, ထိုရတနာများသည် သူတို့ကိုယ်တိုင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူတို့အနေဖြင့် တခြားတစ်ယောက်ကို မည်သို့လျှင် လွယ်လွယ် ကူကူဖြင့် ပေးနိုင်မည်နည်း?။

သူ၏ရှေ့မှ ဤအဘိုးအိုသည် ပါးစပ်ချွန်ထက်ပြီး မျောက်ကဲ့သို့ ပါးပြင်မျိုး ရှိနေသည်။ ဤအဘိုးကြီးသည် သူတော်ကောင်းတစ်ဦး မဟုတ်သည်မှာ သိသာပါသည်။

"ငါ ထပ်ပြောတယ်။ ငါတို့မှာ ဘာရတနာမှ မရှိဘူး။ မင်း ငါ့တို့ကို သတ်ချင်ရင် လာခဲ့လိုက် ပါ။ ဒီနေ့ ငါလီဟောင်က ဆက်ပြီးတိုက်ခိုက်မယ်။ မင်း ငါ့ကို သတ်နိုင်ရင်တောင်, ငါ့အနေနဲ့, ဘာမှ စောဒကတက်စရာ မရှိဘူး။" လီဟောင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး၊ သူ၏ အမူအရာ သူ၏အရိုးတွေကို တင်းကြပ်စွာ တောင့်ထားသကဲ့သို့ ဖြစ်နေပြီး၊ သူ၏ အကြည့်တွေက ခက်ထန်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

အဝေးမှ ကြည့်နေသည့် ချင်ယွင်လည်း သဘောကျသည် အရိပ်အယောင် ပေါ်လွင်နေ သည်။

လီဟောင်၏ စိတ်နေစိတ်ထားသည် အမှန်တကယ်ပင် ပြင်းထန်လွန်းသည်ဟု ဆိုရမည် ဖြစ်သည်။ သူသည် သံမဏိကိုယ်ထည် ကြွက်သွားပျိုင်းပျိုင်းနှင့် ယောက်ျားမဟုတ်ပေ။ ယင်းက ချင်ယွင်သည် ထိုအချိန်က လီဟောင်ကို သဘောကျခဲ့သည့် အကြောင်းပြချက် လည်း ဖြစ်သည်။

ချင်ယွင်သည် သူ၏စိတ်ဝိညာဉ် အငွေ့အသက် အတက်အကျလှိုင်း အားလုံးကို ထိန်းချုပ်ရန် ကနဦးစကြဝဠာကို အသုံးပြုထားသည်၊ ထို့ကြောင့် သူနှင့် စိတ်ဝိညာဉ် စာချုပ်ရှိနေသည့် လီဟောင်ပင်လျှင် ချင်ယွင် ရောက်ရှိလာခြင်းကို မခံစားနိုင်ခဲ့ပေ။

"ဟမ့်၊ မသိတတ်လိုက်တဲ့ ဂျူနီယာပဲ။ မင်းက ရတနာတွေကို မလွှဲပေးချင်ဘူးဆိုမှတော့, မင်းကို အနောက်ဘက်ကောင်းကင်ဘုံကို ပို့ပေးလိုက်မယ်။ ငါ မင်းကို သတ်ပြီးနောက်၊ ရတနာတွေကို ရှာမတွေ့ဘူးလို့ ငါ မယုံဘူး" အဘိုးအိုက အေးစက်စက် နှာခေါင်းရှုံ့သည်။ သူ၏ရှည်လျားပြီး ကျဉ်းမြောင်းသော မျက်လုံးများသည် မျဉ်းကြောင်းတစ်ခုအဖြစ်သို့ ကျဉ်းမြောင်းသွားသည်။ မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်နှင့်အတူ အေးစက်စက် အလင်းတန်းတစ်ခုက လင်းလက်လာသည်။

ဘန်း…။

အဘိုးအို၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူသည် ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းသွားခဲ့ပြီး လီဟောင်၏ရှေ့မှာ ပေါ်လာခဲ့သည်။ သူ၏အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းသောကြောင့် လီဟောင်သည် တုံ့ပြန်ဖို့ပင် အချိန်မရှိတော့ပါဘူး။ အဘိုးအို သူ၏ရှေ့သို့ ရောက်လာသောအခါမှသာ၊ သူသည် ၎င်းကို ရှာတွေ့ခဲ့သည်။

"အစ်ကိုကြီး သတိထားဦး..”။ လီဘက ကမန်းကတန်း သတိပေးလိုက်သည်။

လီဟောင်၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ ဤလူအိုကြီးသည် သူ၏ခွန်အားကို အမှန်တကယ် ဖုံးကွယ်ထားမည်ဟု သူ မမျှော်လင့်ထားပါဘူး။ ယခုလေးတင် ပေါက်ကွဲထွက်လာသည့် အရှိန်ဟုန်သည် အရင်ကထက် နှစ်ဆ ပိုမြန်ပါ သည်။

ဘန်း…။

လီဟောင်သည် အနည်းငယ် တုန့်ဆိုင်းမနေဘဲ သူ၏လက်ထဲမှ ဓားကို ချက်ချင်း ဝှေ့ယမ်းကာ အဘိုးအိုဆီသို့ ခုတ်လိုက်ပါသည်။

သို့သော်၊ သူ၏ဓားသည် အဘိုးအိုကို ထိလုနီးနီးတွင်၊ အဘိုးအို၏ ပါးစပ်ထောင့်စွန်းမှာ လှောင်ပြောင်သရော်ဟန် အမူအရာကို တွေ့လိုက်ရသည်။

"မင်းက ငါ့ကို နတ်ဘုရားတစ်ပိုင်း လက်နက်လေးနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင်တော့, မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ" အဘိုးအိုက အေးစက်စွာ ပြောကာ၊ လျှပ်စီးလက်ကဲ့သို့ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး လီဟောင်၏ဓားကို ဖမ်းဆုပ်လိုက်သည်။

အဘိုးအိုသည် သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်စဉ် အစိမ်းရောင် ပိုးသားကဲ့သို့ ပါးလွှာသော အနက်ရောင် လက်အိတ်တစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာသည်။

"ဖျစ်... ဖျစ်..”။

အဘိုးအိုက အစွမ်းကုန် အားစိုက်ထုတ်လိုက်သည်နှင့် လီဟောင်၏ နတ်ဘုရားတစ်ပိုင်း အဆင့် ဓားသည် ချက်ချင်းပင် ချိုးပဲ့သွားသည်။ ၎င်းသည် သူ၏ရှေ့တွင် စက္ကူတစ်ရွက် ကဲ့သို့ ညင်သာစွာ တွန့်လိမ်ပြီး ကျိုးပဲ့သွားခြင်း ဖြစ်သည်။

"မဖြစ်နိုင်ဘူး..”။ လီဟောင်က ထိတ်လန့်စွာ ပြောသည်။

သူ၏ ဓားရှည်သည် နတ်ဘုရားတစ်ပိုင်း ပစ္စည်းတစ်ခုမျှသာ ဖြစ်သော်လည်း၊ ၎င်းသည် နတ်ဘုရားတစ်ပိုင်းပစ္စည်းအဆင့်တွင် ရှိနေဆဲဖြစ်သည်။ ပုံမှန်အားဖြင့်၊ အဆင့်နိမ့် နတ်ဘုရားပစ္စည်းများပင်လျှင် သူ၏ဓားရှည်ကို အလွယ်တကူ ချိုးဖျက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင် အဘိုးအိုသည် သူ၏နတ်ဘုရားတစ်ပိုင်းအဆင့် ဓားကို ဤ နတ်ဘုရားအဆင့် လက်အိတ်၏အကူအညီဖြင့် အလွယ်တကူ ချိုးဖျက်လိုက်သည်။ ထို့ကြောင့်, အဖိုးအို၏လက်မှ လက်အိတ်သည် အဆင့်နိမ့် နတ်ဘုရားလက်နက် လုံးဝ မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် အနည်းဆုံး အလယ်လတ်အဆင့် နတ်ဘုရား လက်နက် ဖြစ်လိမ့်မည်။

ခပ်လှမ်းလှမ်းမှ, ချင်ယွင်၏ မျက်နှာသည် အံ့သြမှု အရိပ်အယောင် ပေါ်လာသည်။

အလယ်လတ်အဆင့် နတ်ဘုရားပစ္စည်းများသည် နတ်ဘုရားကမ္ဘာမှာပင် ရှားပါး ရတနာများ ဖြစ်ကြပါသည်။

ပုံမှန်အားဖြင့်၊ ကြယ်နတ်ဘုရားများသည် အဆင့်နိမ့် နတ်ဘုရားပစ္စည်းများကို မရရှိနိုင်ပါ။ ကောင်းကင်ဘုံထွဋ်မြို့တော်၏ တင်းမျိုးနွယ်မှ သခင်လေး နှစ်ယောက်သည်ပင် အဆင့်နိမ့် နတ်ဘုရားပစ္စည်းများကိုသာ အသုံးပြုခဲ့ကြသည်။

ဤအဘိုးအိုသည် အလယ်တန်းအဆင့် နတ်ဘုရားပစ္စည်းကို အမှန်တကယ် အသုံးပြုနေ သည်။ ယင်းက ချင်ယွင်ပင် အံ့အားသင့်သွားစေသည်။

"မင်းရဲ့ ခန့်မှန်းချက်က မှန်တယ်ကွ။ ငါ့ရဲ့ မဟူတိမ်တိုက် ပိုးထည်လက်အိတ်တွေဟာ အလယ်လတ်အဆင့် နတ်ဘုရားလက်အိတ်တွေပဲ။ မဟုတ်ရင်, မင်းရဲ့ဓားကို ငါ ဘာကြောင့် ဒီလောက်လွယ်လွယ်နဲ့ ချိုးဖျက်နိုင်မှာလဲ?" အဘိုးအိုက တဟားဟား ရယ်ပြီး၊ သူ၏အမူအရာက လှောင်ပြောင်မှုအပြည့်နှင့် ပြောလိုက်ပါသည်။

လီဟောင်သည် အဖိုးအို၏ စကားကိုကြားသောအခါ စိတ်ပျက်အားငယ်သော အမူအရာက သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။ အဘိုးအို၏ ခွန်အားသည် သူ့ထက် သာလွန်နေခဲ့ပြီး၊ ယခုအခါ သူသည် အလယ်လတ်အဆင့် နတ်ဘုရားပစ္စည်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်, သူ့အနေဖြင့် အနိုင်ရရန် အခွင့်အရေး မရှိတော့ပေ။

ခပ်ဝေးဝေးတွင် လီဘနှင့် စီတူဝူဒီတို့၏ မျက်နှာသည်လည်း အဘိုးအိုအား ဒေါသစိတ်ဖြင့် ကြည့်နေစဉ်, ပြင်းထန်သော မကျေမနပ် ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

"သေလိုက်တော့..”။ သို့သော် အဘိုးအိုက အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ လက်ဖဝါးကို ဖုံးအုပ်ထားသော မဟူတိမ်တိုက် ပိုးထည်လက်အိတ်သည် အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်လိုက် သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်း သည် လီဟောင်ဆီသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

ဤနတ်ဘုရားတန်ခိုး စွမ်းအားအတက်အကျ လှိုင်းသည် မနှိုင်းယှဉ်နိုင်လောက်အောင် အားကောင်းနေပြီး၊ အလယ်လတ်အဆင့် နတ်ဘုရားပစ္စည်းကို ပေါင်းထည့်လိုက်ခြင်းဖြင့်, ၎င်း၏ စွမ်းအားသည် ယခုအချိန်တွင် ပို၍ပင် ကြောက်စရာကောင်းသည်။

လီဟောင်သည် ဤစွမ်းအား အတက်အကျလှိုင်းကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများက စိတ်ပျက် အားငယ်နေသည့် အမူအရာများ ပေါ်လာပါသည်။

မည်သို့ပင်ဖြစ်စေ, သူသည် ထိုလက်သီးချက်ကို ပိတ်ဆို့ကာကွယ်မည်ဆိုလျှင်, သေခြင်း တရားက သူ့ကို စောင့်ကြိုနေမည်ကို သူ သိပါသည်။

"ခင်ဗျားရဲ့ လက်အိတ်တွေက တကယ်ကို ကောင်းလွန်းတယ်။ ဘာလို့ ကျုပ်ကို မပေးတာလဲ"။

သို့သော် ဤအခိုက်အတန့်တွင် ကျီစားဟန် အပြုံးကို ပန်ဆင်ရင်း ကောင်းကင်ယံ၌ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ, သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသော အဘိုးအိုသည် ထူးထူးခြားခြား နောက်သို့ လွင့်ပျံသွားသည်ကို လီဟောင် တွေ့လိုက်ရပါသည်။

တစ်စုံတစ်ယောက်က သူ၏ရင်ဘတ်ကို အပြင်းအထန် ထိုးနှက်လိုက်သည့်အလား, သူ၏ရင်ဘတ် တစ်ခုလုံး ချိုင့်ဝင်သွားသလိုပင်။

All Chapters