← Chapters

အခန်း ၁၁၈၇

Vol. 80 Ch. 1187

အခန်း ၁၁၈၇

Vol. 80 Ch. 1187

အခန်း (၁၁၈၇) စိတ်ဝိညာဉ်ရှာဖွေခြင်း။

"ချင်… သခင်…."

"ချင်ယွင်..”။

လီဟောင်နှင့် စီတူဝူဒီတို့သည် တပြိုင်နက် အော်ခေါ်ကြသည်။ သူတို့သည် မျက်လုံးပြူးပြီး သူတို့ရှေ့မှာ ရုတ်တရက် ပေါ်လာသည့် လူငယ်ကို ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများ သည် အလွန်မင်း အံ့အားသင့်နေသည့် အမူအရာကို ထင်ရှားပေါ်လွင်စေသည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် ချင်ယွင်သည် အမှန်တကယ် ပေါ်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်သည် ပြန်လှည့်ကြည့်လိုက်ပြီး လီဟောင်နှင့် စီတူဝူဒီတို့ကို အားလုံး သူ့တာဝန်ထားရန် အချက်ပြကာ ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် လီဟောင်သည် ချင်ယွင်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေလိုက်သည်။

သူသည် နောက်တစ်ကြိမ် တွေ့ဆုံသောအခါတွင် ချင်ယွင်ကို ထပ်မံ တိုက်ခိုက်မည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆိုခဲ့ဖူးသည်။ သို့သော် ချင်ယွင်၏ ကျင့်ကြံမူအခြေခံကို ကြည့်လိုက်သောအခါ အံ့သြသော အမူအရာ ပေါ်လာခဲ့သည်။

အံ့ဩရသည့် အကြောင်းအရင်းမှာ ချင်ယွင်၏ကျင့်ကြံမူသည် အများပြား တိုးတက် လာခြင်းကြောင့် မဟုတ်ဘဲ၊ သူ၏ ကျင့်ကြံမှုူသည် လုံးဝ တိုးတက်မလာသောကြောင့် ဖြစ်သည်။ သူသည် ပုံမှန်အတိုင်း နတ်ဘုရားခန္ဓာကိုယ်ကိုပင် မသန့်စင်ရသေးသည့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွင်သာ ရှိနေသေးသည်။

သို့သော် သူသည် လူတုံးလူအတစ်ယောက် မဟုတ်ပေ။ ယခုလေးတင် ထိုအဘိုးအို နောက်သို့ လွင့်ပျံသွားရခြင်းမှာ ချင်ယွင်၏ လက်ချက်ဖြစ်သည်ကို သံသယဖြစ်စရာပင် မလိုချေ။ သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးကို လက်သီးတစ်ချက်ဖြင့် လွင့်ပျံသွားစေနိုင်ခဲ့ပြီး၊ ၎င်းကို တစ်ဖက်လူကိုပင် သတိမပြုမိစေခဲ့ ပေ။ သူကိုယ်တိုင် ထိုကဲ့သို့ လုပ်နိုင်မည်လားဟု သူ့ကိုယ်သူ မေးမြန်းမိသည်။

ထို့ကြောင့်၊ ချင်ယွင်၏ခွန်အားသည် နောက်တစ်ကြိမ် တိုးလာခဲ့ကြောင်း သူသေချာနေပြီး၊ ၎င်းသည်လည်း များစွာ တိုးလာခဲ့ခြင်း ဖြစ်သည်။

သို့သော်, သူမျှော်လင့်မထားသည်က ချင်ယွင်၏ ကျင့်ကြံခြင်းနယ်ပယ်သည် တိုးတက်လာ ခြင်း မရှိခဲ့ပေ။ ထိုသို့ဆိုလျှင်, သူ၏ ခွန်အားသည် မည်သို့ ကြီးထွားလာရသနည်း?။

ထိုအချိန်တွင် ချင်ယွင်သည် လီဟောင်၏ အံ့သြသောအကြည့်ကို လျစ်လျူရှုလိုက်သည်။ ယခုတော့, သူသည် ထိုလူအိုကြီးကို ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။ ဤအဘိုးအိုသည် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဟု သူ အမြဲတမ်း ခံစားမိသည်။

"အယ်?" သို့သော် ချင်ယွင်သည် အဖိုးအိုကို နောက်တစ်ကြိမ် ပြန်လှည့်ကြည့်သော အခါ တွင်, အဘိုးအိုသည် သူ၏လက်သီးကြောင့် လွင့်ထွက်သွားသည်ကို အသုံးချပြီး၊ အဝေးသို့ အမှန်တကယ် ထွက်ပြေးသွားသည်ကို သူ တွေ့ရှိလိုက်ရသည်။ ယင်းကြောင့် ချင်ယွင်သည် မပြုံးဘဲမနေနိုင်ပါချေ။

"မြေခွေးအိုကြီး၊ ခင်ဗျားက မြေခွေးတစ်ကောင်ထက်တောင် ပိုကောက်ကျစ်တာပဲ" ချင်ယွင်သည် သူ၏ရှေ့မှ ဤအဖိုးအိုသည် အလွန်လိမ္မာကောက်ကျစ်သည့် မြေခွေး တစ်ကောင်ဟု ခံစားရသည်။ သူသည် တစ်ခုခု မှားယွင်းနေသည်ကို မြင်သည်နှင့် ချက်ခြင်း ထွက်ပြေးသွားခဲ့သည်။ သူသည် မျက်နှာလိုချင်သော လူငယ်များကဲ့သို့ မဟုတ်ပေ။ ထိုကဲ့သို့သော လူစားမျိုးသည် အချိန်အတော်ကြာအောင် ရှင်သန်နေထိုင်လေ့ ရှိကြပြီး ၎င်းတို့တွင် တူညီသောအရာတစ်ခု ရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သေခြင်းတရား ကို ကြောက်ရွှံ့ကြသည်။

သို့သော်, သူ တကယ်ရော လွတ်မြောက်နိုင်ပါ့မလား?။ အဖြေက သိသာပါသည်။

"ခင်ဗျား ကျုပ်ခွင့်ပြုချက်မရဘဲ ထွက်သွားရဲလား?" ချင်ယွင်က တဟားဟား ရယ်မောပြီး ပျောက်သွားခဲ့သည်။

ထိုနောက်တွင်, ချင်ယွင်၏ ထူးဆန်းသော ရုပ်အသွင်သည် အဘိုးအို၏ရှေ့မှာ ပေါ်လာသည် ကို လူတိုင်း တွေ့လိုက်ရသည်။ သူက အဘိုးအိုကို မျက်နှာချင်းဆို တိုက်ရိုက် ကန်ချလိုက် ပြီး၊ အဘိုးအိုကို ချက်ချင်း လွင့်ထွက်သွားစေသည်။

"ဘန်း”

အဖိုးအိုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားသည်။ သူသည် သနားစဖွယ် အော်ဟစ်သံကို ထုတ်ဖော်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ခြေရာတစ်ခု ရှိနေသည်။ သူ၏ နှာခေါင်းတံတားက ပြားကပ်နေပြီး၊ နှာခေါင်းက သွေးများဖြင့် ဖုံးလွှမ်းနေသည်။

ဘန်း..။

သို့သော် သူ မြေပြင်ပေါ်မှ ပြန်မထနိုင်ခင် ခြေတစ်ချောင်းက ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာကာ၊ သူ၏ရင်ဘတ်ကို တိုက်ရိုက် နင်းမိသွားသည်။

"ဖူး...”။

အဘိုးအိုသည် ခြေထောက်ဖြင့် နင်းခံလိုက်ရပြီး ပါးစပ်ထဲမှ သွေးများ ချက်ချင်း ထွက်လာ ပါသည်။ ထို့နောက် သူသည် အဆုံးမသတ်ဘဲ ချောင်းတဟွတ်ဟွတ် ဆိုးကာ ချင်ယွင်ကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ခပ်လှမ်းလှမ်းတွင် လီဟောင်၊ စီတူဝူဒီနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ ချင်ယွင်သည် ဤမျှလောက် အစွမ်းထက်လာမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ သူတို့၏ မျက်လုံးများတွင် တန်ခိုးကြီးသော အဘိုးအိုသည် ချင်ယွင်၏လက်ထဲတွင် ခံနိုင်ရည်မရှိ သော ကလေးတစ်ယောက်လို ဖြစ်နေခဲ့ပြီး၊ သူစိတ်တိုင်းကျ ကစားခွင့်ပြုနေရသည်။

"မင်း... မင်းက ဘယ်သူလဲ?။ မင်း ဘာလိုချင်လို့လဲ?" အဘိုးအိုက ထိတ်လန့်တကြား ပြောသည်။ ချင်ယွင်၏ ဆက်တိုက်ဆိုသလို လုပ်ရပ်များကြောင့် သူသည် ထိတ်လန့်သွား သည်မှာ ထင်ရှားပါသည်။ ယခုလေးတင် ချင်ယွင် ပြသလိုက်သည် အရှိန်ဟုန်ကြောင့် ဖြစ်စေ, သူကိုယ်တိုင် ခုခံနိုင်စွမ်း မရှိအောင် ကြောက်စရာကောင်းသည့် စွမ်းအားကြောင့် ဖြစ်စေ, သူ၏နှလုံးသားကို ကြောက်ရွံ့တုန်လှုပ်စေပါသည်။

"ကျုပ် ဘယ်သူလဲဆိုတာ စိတ်မပူပါနဲ့။ ခင်ဗျား ဘယ်သူလဲဆိုတာ အရင်ပြောပါဦး" ချင်ယွင်သည် အဖိုးအိုကို ကြည့်ကာ ပြုံးလိုက်သည်။ သူ၏မျက်နှာပေါ်မှ အမူအရာက ကျီစားဟန်ဖြင့် လှောင်ပြောင်နေဆဲပင်။

"ကျွန်တော်က ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ကပါ။ ကျွန်တော့် နာမည်အရင်းက ဝူယောင်ပါ။ အရှင်သခင်၊ ကျွန်တော်က အရှင်သခင်နဲ့ ရန်ငြိုးရန်စ မရှိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါ" အဖိုးအိုက ချင်ယွင်ကို ကြည့်ကာ အပြစ်ကင်းသော အမူအရာဖြင့် ပြောလိုက်သည်။

ချင်ယွင်က ချက်ချင်း ရယ်မောလိုက်သည်။ သူ၏ရှေ့မှ ဤအဖိုးအိုသည် အဆိုတော်များ ထက်ပင် မျက်နှာအပြောင်းလဲ မြန်ဆန်လွန်းသည်။ အမှန်တကယ်ဆို, သူ့မှာ မရိုးသားသည့် အမူအရာမျိုး ပေါ်လွင်နေပါသည်။ သူ လုံးဝ အရှက်မဲ့သူဖြစ်သည်။

"ရန်ငြိုးရန်စ မရှိဘူး, အမုန်းအာဃာတ မရှိဘူးဟုတ်လား?။ ကျုပ်တော့ မထင်ဘူး။ သူတို့ အားလုံးက ငါ့ သူငယ်ချင်းတွေပဲ။ အခုလေးတင် ခင်ဗျားက သူတို့ကို သတ်ဖို့ ပြင်ဆင်နေ တာ ကျုပ် မြင်တယ်။" ချင်ယွင်က ပြုံးပြီး ထပ်ပြောလိုက်သော်လည်း သူ၏မျက်လုံးများက အဖိုးအိုကို ဂရုတစိုက် ကြည့်နေခဲ့သည်။

"နားလည်မှု လွဲနေတာပါ။ ဒါက နားလည်မှု လွဲနေတာ။ ကျွန်တော်က သူတို့ကို တကယ် မသတ်ချင်ပါဘူး။ ကျွန်တော်က သူတို့နဲ့ ရယ်စရာဟာသ လုပ်ချင်ရုံပါ" ဝူယောင်က အရှက်မဲ့စွာ ပြောပြန်သည်။

လီဟောင်နှင့် လီဘတို့သည် ဤစကားကို ကြားသောအခါ, အမျက်ဒေါသ ပြင်းပြင်း ထန်ထန် ထွက်လာကြသည်။ အဘိုးကြီး၏ အရှက်မရှိသော စကားကြောင့် သူတို့ ဒေါသထွက်နေခဲ့ကြသည်မှာ ထင်ရှားပါသည်။

"ပြောစမ်းပါဦး၊ ခင်ဗျားက သူတို့ကို ဘာရည်ရွယ်ချက်နဲ့ ရှာဖွေရတာလဲ?" ချင်ယွင်က အဖိုးအိုကို ကြည့်ကာ မေးသည်။

ယခင်က, သူသည် အဝေးကနေ လှမ်းကြည့်နေခဲ့သည်။ အဘိုးအို၏ မျက်လုံးများတွင် လှောင်ပြောင်သရော်မူကို သူ သတိပြုမိသည်။ ထင်ရှားသည်မှာ၊ သူသည် ပူးပေါင်း ကြံစည်မူအချို့ကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ လီဟောင်နှင့် အခြားသူများသည် ရတနာများ ရရှိသည်ဟု ကာဗာအဖြစ် ပြောဆိုနေခဲ့သည်။ သို့သော် ချင်ယွင်သည် ထိုအဘိုးအို၏ ရည်ရွယ်ချက်အမှန်ကို မခန့်မှန်းနိုင်သေးပေ။

'"ကျွန်​​တော်​မှာ ဘာရည်​ရွယ်​ချက်မှ ​မရှိဘူး။ အရှင်သခင်​, အရှင်သခင်က ​အတွေးလွန်နေ တာပါ။ အရှင်သခင်ရဲ့ သူငယ်​ချင်းတွေက ရတနာ​အချို့ ရရှိခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့မိတယ်လေ။ ဒါကြောင့် ကျွန်တော်က လှုပ်ရှားမိတာပ။ ဒါက လုံးဝ နားလည်​မှု လွဲသွားတာပါ။ ကျွန်တော် ​တောင်းပန်​ပါတယ်။ ​ ​ တောင်းပန်တဲ့အနေနဲ့ ဒီမဟူတိမ်တိုက် ပိုးထည် လက်အိတ်ကို ကျွန်တော် ပေးနိုင်ပါတယ်။ အရှင်သခင်က ကျွန်တော့်ကို လွှတ်ပေးနိုင်မလား?။ အဖိုးအိုသည် ချင်ယွင်ကို ကြည့်ကာ ရိုးသားလေးစားသော အမူအရာဖြင့် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

သို့သော်လည်း သူ့အကြည့်က ချင်ယွင်၏ အကြည့်မှ လွတ်မြောက်အောင် အနည်းငယ် ရှောင်တိမ်းနေခဲ့သည်။

"ခင်ဗျား ပြောမလား?။ မပြောဘူးလား?” ချင်ယွင်က အေးစက်စက် လေသံဖြင့် ထပ်မေး သည်။

"အရှင်သခင်၊ ကျွန်တော် တကယ် ပြောပြပြီးပါပြီ။ တခြားပြောစရာ မရှိတော့ပါဘူး" အဘိုးအိုသည် ထွက်ပြေးမည့် အရိပ်အယောင် မပြဘဲ ခါးသီးသော အပြုံးဖြင့် ပြောသည်။

ထိုမြင်ကွင်းကို ချင်ယွင် မြင်သောအခါ, သူသည် ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။

သူ၏ရှေ့မှ ဤမြေခွေးအိုကြီးသည် တကယ်ပင် မြေခွေးအိုကြီးတစ်ယောက် ဖြစ်ပေသည်။ ခြိမ်းခြောက်မှု အနည်းငယ်ဖြင့် အရာအားလုံးကို ပြောပြတတ်သည့် လူငယ်များနှင့် လုံးဝ မတူပေ။ ဤမြေခွေးအိုသည် မြေခွေးအိုကြီးဖြစ်နေသည်မှာ ထင်ရှားလှသည်။

"ခင်ဗျား ကျုပ်ကို မပြောရင်, ကျုပ်က မသိနိုင်တော့ဘူးလို့ ခင်ဗျား ထင်နေတာလား" ချင်ယွင်က တိုးတိုးလေး ရယ်လိုက်ပြီး သူ၏မျက်နှာမှာ ဆိုးသွမ်းသည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။

"အယ်?" အဘိုးအိုသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက် သည်။

"စိတ်ဝိညာဉ်ရှာဖွေခြင်း နတ်ဘုရားစွမ်းရည်အကြောင်း ခင်ဗျား ကြားဖူးသင့်တယ်။ ဟုတ်တယ် မဟုတ်လား?" ချင်ယွင်က ရယ်မောလိုက်သည်။

အဘိုးကြီးသည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူ၏မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားပြီး အလွန်ထိတ်လန့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

"ဟင့်အင်း၊ စိတ်ဝိညာဉ်ကိုတော့ မရှာပါနဲ့။ ကျွန်တော် ပြောပြပါ့မယ်။ ကျွန်တော် အရှင်သခင်ကို အကုန်ပြောပြပါ့မယ်။" အဘိုးအိုက ကမန်းကတန်း အော်လိုက်သည်။

"သိပ်နောက်ကျသွားပြီ" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ထို့နောက် သူ၏ လက်ဖဝါးမှ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာ ပြီးနောက် သူ၏လက်ဖဝါးသည် အဖိုးအို၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ဖိကပ်သွားသည်။

"မဟုတ်ဘူး" အဘိုးအိုသည် အော်ဟစ်လိုက်သော်လည်း, သူ၏စကားမဆုံးခင်မှာ သူ၏ အမူအရာက အရမ်းကို နာကျင်နေသည့် အမူအရာ ပေါ်လွင်လာသည်။

ထို့နောက်, သူ၏တစ်ကိုယ်လုံးသည် လျှပ်စီးထိမှန်သလို ဖြစ်နေသည်။ သူ မည်မျှပင် တုန်ခါနေပါစေ သူ့မျက်လုံးသူငယ်အိမ်က အပေါ်ကို လှန်ပြီး သူ၏မျက်လုံးတွေလည်း ဖြူဖွေးနေသည်။

ချင်ယွင်၏ စိတ်ဝိညာဉ်ရှာဖွေခြင်း နတ်ဘုရားစွမ်းရည်ကို တင်းချန်၏ နတ်ဘုရား သိုလှောင်လက်စွပ်မှ သဘာဝအတိုင်း ရရှိခဲ့ခြင်း ဖြစ်သည်။

ဤနတ်ဘုရားစွမ်းရည်သည် မကောင်းသော်လည်း အသုံးဝင်နိုင်သည်ဟု သူခံစားမိသော ကြောင့် ၎င်းကို အလွတ်မှတ်သားခဲ့သည်။

၎င်းသည် အချိန်ကိုက်ဆိုသလို အမှန်တကယ် ထုတ်သုံးရမည်ဟု သူ မမျှော်လင့်ထားပါဘူး။

တစ်နာရီခန့်အကြာတွင် ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ရုတ်တရက် ဉာဏ်အလင်း ပွင့်လာသည့် အမူအရာဖြင့် အဖိုးအို ဝူယောင်ကို လွှတ်ပေးလိုက်ပါသည်။

All Chapters