← Chapters

အခန်း ၁၁၈၉

Vol. 80 Ch. 1189

အခန်း ၁၁၈၉

Vol. 80 Ch. 1189

အခန်း (၁၁၈၉) ရှေးဟောင်းတာအို၏ တည်နေရာ။

ချင်ယွင်သည် လီဟောင်ကို လျစ်လျူရှုကာ စီတူဝူဒီဆီသို့ လျှောက်သွားခဲ့သည်။

ယခုအချိန်တွင်၊ စီတူဝူဒီ၏ဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူသည် မြေပြင်မှ မတ်တပ်ထရပ်ကာ ချင်ယွင် သူ့ဆီသို့ လျှောက်လာနေသည်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။

သူသည် ချင်ယွင်နှင့်အတူ နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ခဲ့သည်။ သူသည် နတ်ဘုရား ကမ္ဘာသို့ ဝင်ရောက်လာသောအခါတွင်၊ သူသည် သူ့နတ်ဘုရားခန္ဓာ၏ ၇၀ ရာခိုင်နှုန်းကို သန့်စင်ထားပြီး ဖြစ်သည်။ အခုဆို သူသည် ၈၀ ရာခိုင်နှုန်းကို သန့်စင်ပြီးသွားပြီ။ မူလက သူ၏တိုးတက်မှုနှုန်းသည် မြန်နေပြီဟု သူထင်ခဲ့သည်။ သို့သော် ချင်ယွင်နှင့် နှိုင်းယှဥ် ကြည့်လျှင် သူ၏ သေးငယ်သော တိုးတက်မှုလေးသည် ဘာမှ ဟုတ်ပုံမပေါ်ပေ။

သေချာသည်မှာ, သူသည်လည်း ချင်ယွင်အတွက် စိတ်နှလုံး အောက်ခြေကနေ ဝမ်းသာနေခဲ့ပါသည်။ ချင်ယွင်သည် တစ်ဆင့်ပြီးတစ်ဆင့် ကြီးပြင်းလာသည်ကို မျက်မြင် ကြုံတွေ့ခြင်းသည် သူ့အတွက် အလွန်တရာမှ ကြည်နူးစရာတစ်ခုပင်။

"မင်းရဲ့ခွန်အားတွေ ဒီလောက်မြန်မြန် တိုးလာဖို့ ငါ မမျှော်လင့်ထားဘူး။ မင်းရဲ့ ကျင့်ကြံမူ အမြန်နှုန်းက နတ်ဘုရားကမ္ဘာကို ရောက်ပြီးရင် လျော့နည်းသွားမယ်လို့ အစက ငါထင်ထားခဲ့တာ။ အခုတော့, ကြည့်ရတာ, မင်း ဘယ်နေရာကိုပဲ သွားပါစေ၊ မင်းရဲ့ ရွှေရောင်အပိုင်းအစကတော့ အမြဲတမ်း အတောက်ပဆုံး ဖြစ်နေလိမ့်မယ်။” စီတူဝူဒီက ပြုံးပြီး ပြောသည်။ ဤသည်မှာ သူ့နှလုံးသား အောက်ခြေမှ အသံဖြစ်ပါသည်။

"စီနီယာ, ကျွန်တော် ကံကောင်းလို့ပါ။ မကြာသေးခင်က ကျွန်တော် ရှေးဟောင်းနယ်မြေ ထဲ ဝင်ရောက်ခဲ့ပြီး၊ ရှေးဟောင်းနယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်အချို့ကို ရရှိခဲ့တယ်။ အဲဒါကြောင့် ကျွန်တော် အဆင့်ချိုးဖြတ်မှုတစ်ခု ပြုလုပ်နိုင်ခဲ့တယ်။" ချင်ယွင်က ပြုံးရင်း ပြန်ပြောပြီး သူ၏လေသံက ပျော့ပျောင်းနေဆဲပင်။

စီတူဝူဒီ၏ စွမ်းအားသည် သူ့ထက် နိမ့်ကျသော်လည်း, အဆုံးတွင် စီတူဝူဒီသည် သူ့စီနီယာ ဖြစ်သည်။ အရင်က သူ့ကို ကူညီခဲ့ဖူးသည့်အတွက် ချင်ယွင်၏ နှလုံးသား စီတူဝူဒီကို လေးစားမှုအပြည့် ရှိနေပါသည်။

ချင်ယွင်သည် အလွန်နှိမ့်ချကြောင်းကို စီတူဝူဒီ မြင်လိုက်ရလျှင်, သူ၏မျက်နှာမှာ အနှိုင်းမဲ့ ကျေနပ်အားရဖွယ် အပြုံးတစ်ခု ပေါ်လာသည်။

ထိုကဲ့သို့ ပါရမီ အရည်အချင်းမျိုးဖြင့်, မောက်မာခြင်း သို့မဟုတ် ကျိုးကြောင်းဆင်ခြင်မူ ကင်းမဲ့ခြင်းမရှိမှတော့, သူသည် မည်သို့ ပါရမီရှင်တစ်ဦး မဖြစ်လာဘဲ နေမည်နည်း?။

"စကားမစပ်၊ စီနီယာစီတူ, စီနီယာစီတူရော တစ္ဆေနတ်ဘုရားကျောက်တုံး အသစ်ကို ရပြီလား?။" ချင်ယွင်က စီတူဝူဒီကို ကြည့်ကာ ပြောသည် ။

ထိုအချိန်တုန်းက စီတူဝူဒီသည် တစ္ဆေနတ်ဘုရားကျောက်တုံးကို သူ့ဆီ ပေးခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သူ အမြဲတမ်း စိတ်ပူနေခဲ့သည်။ သူသည် တစ္ဆေနတ်ဘုရား ကျောက်တုံးကို ပြန်ယူပေးခဲ့သော်လည်း တစ္ဆေနတ်ဘုရားကျောက်တုံးကို တွေ့ရှိခဲ့သူက စီတူဝူဒီ ဖြစ်သည်။ အကယ်၍ စီတူဝူဒီသည် တစ္ဆေနတ်ဘုရားကျောက်တုံး အသစ်ကို ရှာမတွေ့ပါက ချင်ယွင်သည် သူ၏စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားနေရလိမ့် မည်။

သို့သော် စီတူဝူဒီသည် ချင်ယွင်၏စကားကို ကြားသောအခါ ပြုံးပြလိုက်သည်။ သူ၏လက်ကို လှန်လိုက်သည်နှင့် သူ၏လက်ထဲတွင် တစ္ဆေနတ်ဘုရားကျောက်တုံး အသစ်တစ်ခု ပေါ်လာသည်။

ချင်ယွင်သည် တစ္ဆေနတ်ဘုရားကျောက်တုံး အသစ်ကို ထုတ်ယူလိုက်သော စီတူဝူဒီကို မြင်သောအခါ သူစိတ်နှလုံးသည် ရုတ်တရက် ပြေလျော့သွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။

ယခု စီတူဝူဒီသည် တစ္ဆေနတ်ဘုရားကျောက်တုံး အသစ်ကို ရှာတွေ့ခဲ့ပြီ။ ဆိုလိုသည်မှာ သူသည် ခေါင်းလောင်းလေနတ်ဘုရားနန်းတော်သို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။ သူသည် တစ္ဆေနတ်ဘုရားကျောက်တုံးကို သက်ဆိုင်ရာမြို့သို့ ယူဆောင်လာသရွေ့၊ သူသည် ထိုမြို့ထဲ တိုက်ရိုက် ဝင်ရောက်နိုင်သည်။

"စီနီယာ၊ ကျွန်တော့်ဆရာနဲ့ အစ်ကိုချူယွန်ကို တွေ့သေးလား?။" ချင်ယွင်က စီတူဝူဒီကို ထပ်မေးကြည့်သည်။

ရှေးဟောင်းတာအို ဆရာသခင်၏ နေရာကို သူ ရှာဖွေနေခဲ့သည်။ သို့သော်၊ ရှေးဟောင်း တာအိုဆရာသခင်သည် ဝူဝမ်တောင်တန်းနယ်မြေမှ ထွက်ခွာသွားသလိုပင်။ သတင်း လုံးဝ မရရှိခဲ့ပေ။ ဤအရာက ချင်ယွင်ကို အလွန်ပင် ပဟေဠိ ဖြစ်သွားစေသည်။

ချင်ယွင်၏မေးခွန်းကို ကြားသောအခါ စီတူဝူဒီက ခေါင်းယမ်းပြီး "မင်းရဲ့ဆရာကို ငါ လိုက်ရှာနေတာ။ ဒါပေမယ့် မင်းရဲ့ဆရာ ဘယ်ရောက်နေလဲဆိုတာတော့ ငါမသိဘူး၊ ဒါကြောင့် သူ ဘယ်ကိုသွားနေမှန်း ငါလည်း မသိဘူး"။

စဉ်းစားတွေးခေါ်နေသော အမူအရာကို ထုတ်ဖော်ရင်း ချင်ယွင်၏မျက်ခုံးများသည် ချက်ချင်းပင် ရှုံ့တွသွားသည်။

ရှေးဟောင်းတာအိုဆရာသခင် ရုတ်တရက် ပျောက်ဆုံးသွားခြင်းက တကယ့်ကို ထူးဆန်းပါ သည်။ ယုတ္တိဗေဒအရပြောရလျှင်, ရှေးဟောင်းတာအိုဆရာသခင်သည် နတ်ဘုရားကမ္ဘာ ကို အခုမှ ရောက်ရှိလာသူ ဖြစ်သည်။ ထို့ကြောင့် ရန်သူတွေလည်း မရှိသင့်ပါဘူး။

အကယ်၍, သူသည် ဝူဝမ်တောင်တန်းဒေသမှာ တစ်စုံတစ်ယောက်ကို ရန်စမိလျှင်ပင် ဘေးမှာရှိနေသည့် ချူယွန်နှင့်ဆိုပါက, သာမန်လူတစ်ယောက်သည် သူ့ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ အခု သူသည် ချူယွန်နှင့် အဘယ့်ကြောင့် ရုတ်တရက် ပျောက်သွားရ သနည်း?။

ထို့အပြင် ချင်ယွင်သည် သူ့လက်ထဲတွင် ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိညာဉ် ကျောက်စိမ်းဆွဲသီးကို ကိုင်ဆောင်ထားပြီး ၎င်းသည် မပျက်မစီး ရှိနေသေးသည်။ ဆိုလိုသည်မှာ, ရှေးဟောင်းတာအိုဆရာသခင် မသေသေးဟု အဓိပ္ပာယ်ရပါသည်။ ရှေးဟောင်းတာအိုဆရာသခင် မည်သည့်နေရာ ရောက်ရှိနေလဲဆိုသည်ကို ချင်ယွင် တကယ်ကို နားမလည်တော့ပါဘူး။

"မင်းရဲ့ ဆရာက အဲဒီနေရာကို သွားပြီလို့ ငါ သံသယရှိတယ်။" သို့သော် ဤအခိုက်တွင် စီတူဝူဒီ ရုတ်တရက် စကားပြောလာသည်။

"ဘယ်နေရာလဲ?" ချင်ယွင်သည် စီတူဝူဒီကို အံ့ဩသော အမူအရာဖြင့် ကြည့်သည်။

"ဓားမြှုပ်နှံခြင်းတောင်တန်း" စီတူဝူဒီက ပြောသည်။

"ဓားမြှုပ်နှံခြင်းတောင်တန်း၊ အဲဒါ ဘယ်လိုနေရာလဲ" ချင်ယွင်ကတော့ အံ့သြနေတုန်းပင်။

ယခင်က ချူယွင် သူ့ကို ပြသခဲ့ဖူးသည့် မြေပုံပေါ်တွင် ဓားမြှုပ်နှံခြင်းတောင်တန်းကို မတွေ့ရသည့်အတွက် ဤဓားမြှုပ်နှံခြင်းတောင်တန်းသည် မည်သည့်နေရာမျိုးဖြစ်သည်ကို သူ အလွန်သိချင်လာသည်။

"ဓားမြှုပ်နှံခြင်းတောင်တန်းဆိုတာက ရှေးဟောင်းနတ်ဘုရားတွေရဲ့ စစ်မြေပြင်တစ်ခုပဲ။ ဟိုတချိန်တုန်းက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင် ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြ တယ်။ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများစွာဟာ စစ်မြေပြင်မှာ သေဆုံးသွားခဲ့ကြပြီး ၎င်းတို့ရဲ့လက်နက်တွေကလည်း အဲဒီစစ်မြေပြင်မှာ သဘာဝအတိုင်း ဆုံးရှုံးသွားခဲ့ကြ တယ်။" ဘေးမှ ဖြတ်လျှောက်လာနေသော လီဟောင်က ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်နှာက အံ့သြသွားသည့် အမူအရာ ချက်ချင်း ပေါ်လာသည်။ ဝူဝမ်တောင်တန်းနယ်မြေတွင် ပုန်းကွယ်နေသော ရှေးဟောင်းနတ်ဘုရား စစ်မြေပြင်တစ်ခု အမှန်တကယ် ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒါဆိုရင် ဝူဝမ်တောင်တန်းဒေသမှာရှိ ဓားမြှုပ်နှံခြင်းတောင်တန်းက ဘယ်နေရာမှာလဲ?။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

သူ့ဆရာနှင့် ချူယွန်သည် ဓားမြှုပ်နှံခြင်းတောင်တန်းသို့ အမှန်တကယ် သွားဖွယ်ရှိကြောင်း သူ့စိတ်ထဲတွင် အလွန်ပြင်းထန်သော ကြိုတင်သတိပေးချက်တစ်ခု ရှိလာသည်။ ထို့အပြင်၊ ရှေးဟောင်းနတ်ဘုရားတိုက်ပွဲ စစ်မြေပြင်သည် မည်သို့မည်ပုံဖြစ်သည်ကို သူ အလွန်မင်း သိချင်နေပါ သည်။

သို့သော် လီဟောင်၏ နောက်စကားများက သူ့ကို အလွန်စိတ်ပျက်စေခဲ့သည်။

လီဟောင်က "ဓားမြှုပ်နှံခြင်းတောင်တန်းက ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိကြဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဝင်ပေါက်က ဘယ်တော့မှ သတ်သတ်မှတ်မှတ် မရှိလို့ပဲ။ နောက်ပြီး ဒီဓားမြှုပ်နှံခြင်းတောင်တန်းဟာ အမြဲတမ်း ဒဏ္ဍာရီဆန်ပြီး၊ ကောလဟာလ တစ်ခုလို ဖြစ်နေခဲ့တယ်။ အဲဒီအထဲကို ဘယ်သူဘယ်ဝါ ဝင်ရောက်နိုင်တယ်လို့ ကျွန်တော် ဘယ်တုန်းက တိတိကျကျ မကြားဖူးဘူး။ ဒါကလည်း သူတို့ရတနာတွေကို လိုချင် တက်မက်မူခံရမှာ ကြောက်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ဆုံးမှာ တော့, ဓားမြှုပ်နှံခြင်းတောင်တန်းထဲမှာ ရှေးခေတ် နတ်ဘုရားတွေ ချန်ထားရစ်ခဲ့တဲ့ ရတနာအများပြား ရှိနေတယ်လေ”။

ထိုစကားကို ကြားတော့ ချင်ယွင်သည် ကူကယ်ရာမဲ့သည် အမူအရာကို ထုတ်ဖော်လိုက်မိ ပါသည်။

ဓားမြှုပ်နှံခြင်းတောင်တန်း၏ ဝင်ပေါက်က မည်သည့်နေရာမှာလဲဆိုတာ မည်သူမှ မသိခဲ့ကြပါဘူး။ သို့ဖြစ်လျှင် သူသည် ဓားမြှုပ်နှံခြင်းတောင်တန်းသို့ ဝင်ရောက်လိုလျှင်ပင် မရနိုင်တော့ပေ။

"ဒါဆို, အခု ဆရာကြီးနဲ့ တခြားသူတွေ ဝင်သွားပြီများလား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"မင်းရဲ့ဆရာက ဓားမြှုပ်နှံခြင်းတောင်တန်းထဲ ကံကောင်းထောက်မပြီး မတော်တဆ ဝင်ရောက်သွားနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါတို့ မဝင်နိုင်ဘူးဆိုတော့ သူတို့ ထွက်လာဖို့ပဲ စောင့်နေရတော့မှာပေါ့။" စီတူဝူဒီက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းတာအို ဆရာသခင်ကို ရှာဖွေရန် ဓားမြှုပ် နှံခြင်း တောင်တန်းသို့ ဝင်ရောက်ခြင်းသည် အဆင်မပြေသောကြောင့်၊ တစ်ခုတည်းသော နည်းလမ်းမှာ ရှေးဟောင်းတာအိုဆရာသခင် ထွက်လာမည်ကို စောင့်ဆိုင်းရန် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင် လီဟောင်က တဖန် ပြောလာပြန်သည် "ကျွန်တော်လည်း ကောလဟာလ တစ်ခု ကြားထားတယ်။ ဓားမြှုပ်နှံခြင်းတောင်တန်း ဝင်သွားတဲ့လူ မှန်သမျှက အသက်ရှင်လျက် ပြန်ထွက်လာတာ မရှိသလောက်ပဲလို့ တချို့က ပြောကြ တယ်။ တကယ်လို့ တစ်ယောက်ယောက်က ထွက်လာရင်တောင်မှ၊ အဲဒီထွက်လာတဲ့ လူဟာ အရင်လို ပုံမှန်အတိုင်း မဟုတ်တော့ဘူးတဲ့။"

ချင်ယွင်နှင့် စီတူဝူဒီတို့သည် ထိုစကားကို ကြားသောအခါ သူတို့၏နှလုံးများ ခုန်ပေါက် သွားကြသည်။

လီဟောင် ဆိုလိုရင်းက ထိုလူများသည် သူတို့မူရင်း လူများအတိုင်း မဟုတ်တော့ဟု သဘာဝကျကျ သူတို့ နားလည်ကြသည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့သည် ဓားမြှုပ်နှံခြင်း တောင်တန်းမှ ရုန်းထွက်နိုင်လျှင်ပင်, ရှေးခေတ်က ကျန်ရစ်ခဲ့သော အကြွင်းအကျန် စိတ်ဝိညာဉ်များက ၎င်းတို့ကို ဖယ်ရှားပြီး လုယူသိမ်းပိုက်ကြလိုက်ပြီ။ ၎င်းတို့ကို ဖယ်ထုတ်လိုက်သည်နှင့် မူလပိုင်ရှင်၏ စိတ်ဝိညာဉ်သည် ဝါးမြိုခံရပြီး ဤကမ္ဘာကြီးမှ ထာဝရ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ချင်ယွင်က အတော်မသတ် မျက်မှောင်ကြုတ်နေမိသည်။ ဓားမြုပ်နှံခြင်းတောင်တန်းသည် သူထင်ထားသည်ထက် ပို၍အန္တရာယ်များသည်ဟု ထင်ရသည်။ သို့သော်လည်း ရှေးဟောင်းတာအိုဆရာသခင်၏ နတ်ဘုရားစိတ်ဝိညာဉ် ကျောက်စိမ်းဆွဲသီးသည် ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး၊ ဆိုလိုသည်မှာ သူ၏ နတ်ဘုရားစိတ်ဝိညာဉ် တည်ရှိနေဆဲ ဖြစ်သည်။

"ဆရာ၊ တောင့်ခံထားဦး။ ဆရာကို ကယ်ထုတ်ဖို့ နည်းလမ်းကို ကျွန်တော် သေသေချာချာ စဉ်းစားရမယ်" ချင်ယွင်၏ မျက်လုံးများသည် စိတ်ဆုံးဖြတ်ချက်နှင့်အတူ ပေါက်ကွဲလာခဲ့ သည်။

All Chapters