အခန်း ၁၁၉၀
Vol. 80 Ch. 1190
အခန်း (၁၁၉၀) တော်ယု၏စိုးရိမ်ပူပန်မှု
ချင်ယွင်နှင့် စီတူဝူဒီတို့သည် ဓားမြှုပ်နှံခြင်းတောင်တန်းသို့ မည်သို့ဝင်ရောက်နိုင်မလဲ ဆွေးနွေးနေစဉ်၊ ဝူဝမ်တောင်တန်းဒေသ အနောက်ဘက်ရှိ တောင်ကြီးတစ်ခု၏ တောင်ခြေတွင် လှပသော မိန်းမပျိုနှစ်ဦး ရှိနေကြသည်။
ဤမိန်းမပျိုနှစ်ဦးသည် ချင်ယွင် အရင်က တွေ့ဖူးသော အမြီးကိုးချောင်းနှင့် အဖြူရောင် ကျောက်စိမ်းမြေခွေး ညီအစ်မများမှလွဲ၍ အခြားလူများ မဟုတ်ကြပေ။
"အစ်မ၊ ငါတို့ ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ?။ သူ မလာတော့ဘူးလား?" တော်အန်းက သူမဘေးနားက တော်ယုကို စိတ်မရှည်စွာ စောဒကတက်သည်။
ထိုလူက သူတို့ကို ဒီနေရာမှာ သုံးရက်ပြည့်အောင် စောင့်နေရန် ပြောထားသော်လည်း၊ သူ ပေးထားသည့် ကတိအတိုင်း ရောက်မလာသေးပါဘူး။
"မဟုတ်ဘူး၊ အဲဒီလူက သဘောတူပြီးသားဆိုတော့ သေချာပေါက် မလာဘဲ မနေဘူး" တော်ယုက ပြေသည်။ သူမ၏ အေးစက်စက်အမူအရာနှင့် သက်ဝင်လှုပ်ရှားနေသော သူမမျက်နှာက အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
ကတိပေးထားသည့် လူသည် နောက်ဆုံးသုံးရက်မြောက်အထိ ရောက်လာခဲ့ပြီ။ သူမသည် မည်မျှပင် စိတ်သဘောထားကောင်းနေပါစေ, သူမအနေဖြင့် အရမ်းကို စိတ်မချမ်းမသာ ဖြစ်မိလိမ့်မည်။ သို့သော်လည်း တဖက်လူ၏ ကိုယ်ရေးအချက်လက်ကြောင့် သူမသည် မည်မျှပင် စိတ်မရှည်သည်ဖြစ်စေ, ဤနေရာတွင်သာ စောင့်ဆိုင်းနိုင်ပါသည်။
"ဟမ့်၊ ဒီတစ်ကြိမ် ဓားမြှုပ်နှံခြင်းတောင်တန်းထဲ ဝင်ဖို့ နည်းလမ်းရပြီ၊ ရှေးခေတ်ဘိုးဘေး တွေ ကျန်ရစ်ခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နတ်ဘုရားပစ္စည်းကို ရှာတွေ့ရမယ်။ ပြီးရင်း အဲဒီအထဲက တန်ခိုး စွမ်းအားကို ရအောင်ယူရမယ်။ အစ်မ, ဒါဆို အစ်မရဲ့ ကျင့်ကြံမူက အရမ်းကို တိုးတက်လာလိမ့်မယ်။ အချိန်တန်တဲ့အခါ, အစ်မက အဲဒီကောင်စုတ်ရဲ့ အဝတ်အစား အားလုံးကို ချွတ်ပြီး နတ်ဘုရားကမ္ဘာ တစ်ခုလုံး လှည့်ပတ် ခေါ်သွားရမယ်။ ပြီးမှ, ငါ့နှလုံးသားထဲက အမုန်းတရားတွေကို ချေဖျက်နိုင်ဖို့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးကို ညှစ်ထုတ်ပစ်ရမယ်" တော်အန်းက မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းစူပြီး ပြောလိုက်သည်။
သူမ ထိုစကားပြောနေအချိန်တွင်, ကျားအစွယ်သေးသေးလေး နှစ်ခုက ထင်ထင်ရှားရှား ပေါ်လွင်နေပြီး၊ မူလက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် သူမစကားများသည် ရယ်မောချင်စဖွယ် အပျော်သဘောမျိုးသဖွယ် ဖြစ်လာပါသည်။
တော်အန်း၏ စကားကိုကြားတော့, တော်ယု၏ အနီရောင်နှုတ်ခမ်းများသည် အနည်းငယ် တုန်ယင်သွားသည်။ သူမ၏ အေးစက်စက် မျက်လုံးများသည် စိတ်ရှုပ်ထွေးနေသည့် အမူအရာ ပေါ်လွင်လာပြီး၊ သူမ၏နားရွက်များသည် အနီရောင်သမ်းလာသည်။
တော်အန်း မည်သူ့အကြောင်း ပြောနေလဲဆိုသည်ကို သဘာဝအတိုင်း သူမ သိပါသည်။ အထူးသဖြင့် တော်အန်းက အဲဒီလူကို ကိုယ်တုံးလုံးချွတ်ချင်သည်ဟု ပြောသောအခါ၊ ထိုနေ့က မြင်ကွင်းနှင့် ချင်ယွင် သူမအပေါ် ပြုလုပ်ခဲ့သည့် ရှက်စရာလုပ်ရပ်များကို ပြန်မမှတ်မိဘဲ မနေခဲ့ပါချေ။
သူမနှင့် တော်အန်းတို့သည် အမြီးကိုးချောင်း မြေခွေးများဖြစ်ကြပြီး၊ သူမတို့သည် သဘာဝအတိုင်း ဆွဲမက်ဖွယ်ကောင်းကာ၊ ယောက်ျားများကို ဆွဲဆောင်နိုင်စွမ်း ရှိကြပါ သည်။ သို့သော်, သူမတို့ ငယ်စဉ်ကတည်းကပင် အခြားယောက်ျားများနှင့် ဘယ်တုန်းကမှ ဆက်ဆံမှု မပြုခဲ့ကြပေ။ သူမတို့သည် ယောက်ျားများ၏ သွေးအနှစ်သာရကို စုပ်ယူသည့် အခါတိုင်းမှာ, သွေးအနှစ်သာရကိုသာ စုပ်ယူခဲ့ကြသည်။ သူမတို့သည် ယောက်ျား တစ်ယောက်နှင့် မည်သည့်အခါမှ မဆက်ဆံခဲ့ကြပါ။
လူတိုင်းက မြေခွေးမျိုးနွယ်သည် ဆွဲမက်ဖွယ်ကောင်းပြီး စျေးပေါသည်ဟု ပြောဆိုကြသော် လည်း၊ သူမတို့၏ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးများကတော့ မတူပေ။ သူမတို့သည် မြေခွေးမျိုးနွယ်၏ မြင့်မြတ်ဆုံး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် ယောက်ျားများနှင့် အလွယ်တကူ လိင်ဆက်ဆံနိုင်မည် မဟုတ်ပေ။ သူတို့ကို သူမတို့ သွေးမျိုးဆက် လွှဲပေးလိုက်သည်နှင့်, ထိုလူများသည် ထာဝရ အသက်ရှင်နေနိုင်မှာ သေချာပါသည်။ (ရှေ့မှာတုန်းက ကျောက်စိမ်းသွေး အမြီးကိုးချောင်းမြေခွေးဟု ပြန်ဆိုခဲ့သည်။ ထိုအမည်သည် ပါရှိသည့်အတိုင်း ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ နောက်ပိုင်း တွင် မည်သည့်အရာ ပါသည်ဖြစ်စေ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေး အမည်ကိုသာ ပြန်ဆိုပါမည်)။
သေချာသည်မှာ, အကယ်၍, ထိုလူသည် သူမတို့ကို သစ္စာဖောက်သွားခဲ့လျှင်, သူမတို့သည် ထိုလူ၏ခန္ဓာကိုယ်ထဲမှ သွေးအနှစ်သာရအားလုံးကို ပြန်စုပ်ယူပြီး၊ ကိုယ့်ကိုယ်ကို သတ်သေကြလိမ့်မည်။
ဤသည်မှာ သူမတို့၏ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေး ဘိုးဘွားများ၏ သွန်သင်ချက် ဖြစ်သည်။ ၎င်းသည် သူမတို့ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးများ၏ ကံကြမ္မာလည်း ဖြစ်သည်။
"အစ်မ၊ နင် ဘာလို့ စကားမပြောတာလဲ။ အစ်မလည်း အဲဒီကောင်ကို မုန်းတယ် မဟုတ်ဘူး လား?။ အဲဒီကောင်ကို လက်စားချေချင်နေတာ မဟုတ်လား"? တော်ယုက မည်သည့်စကားမှ ပြန်မပြောသည်ကို မြင်လျှင်, တော်အန်းက အံ့ဩသည့် အမူအရာဖြင့် ထုတ်ပြောလိုက်သည်။
သူမပြောသည့် ထိုကောင်စုတ်အကြောင်းကို သူမ အချိန်တိုင်း သတိရသော်လည်း သူမအစ်မ၏ မျက်နှာက အေးစက်နေခဲ့ပြီ။ ယခုတကြိမ်မှာလည်း သူမအစ်မဆီမှ မည်သည့် တုန့်ပြန်မူမျိုးမှ မတွေ့ခဲ့ရပါဘူး။
"ဘာမှ ပြောစရာ မရှိဘူး။ အန်းအာ၊ မှတ်ထားပါ။ မင်း နောင်မှာ အဲဒီအကောင်နဲ့ ဝေးဝေး နေရမယ်။ သူ့ကို လက်စားချေဖို့ချည်း အမြဲ စဉ်းစားမနေနဲ့။ သူက တကယ်ကို အန္တရာယ်များတယ်။" တော်ယုက တော်အန်းကို ကြည့်ပြီး သတိပေးသည့် လေသံဖြင့် ပြောလိုက်ပါသည်။
"အန္တရာယ်များလား? သူ့အစွမ်းက ငါတို့ထက် မြင့်နေပေမယ့် သိပ်မြင့်ပုံ မရပါဘူး။ အစ်မ, ငါတို့ ဓားမြှုပ်နှံခြင်း တောင်တန်းထဲဝင်ပြီး စိမ်းပြာခန်းမရဲ့ အမြင့်မြတ်ဆုံး ရတနာကို ရှာတွေ့တာနဲ့ သူ့ကို ဘာကြောက်နေစရာ လိုသေးလို့လဲ။ “တော်အန်းက မယုံကြည်နိုင်စွာ ပြောလိုက်သည်။
မူလက သူမသည် ယခုတစ်ကြိမ်တွင် ဘိုးဘေးများ ကျန်ရစ်ခဲ့သော ရတနာမကို ရှာဖွေပြီး၊ အစွမ်းထက်သော တန်ခိုးကို ရယူကာ၊ သူမအား ကောင်းစွာ အရှက်ရစေခဲ့သည် ထိုကောင်စုတ်ကို ရှာဖွေလိုခဲ့သည်။ ယခုမူ သူမအစ်မသည် သူ့ကို လက်စားချေရန် အမှန်တကယ် စွန့်လွှတ်ဖို့ ဆန္ဒရှိနေသည်။ သူမအနေဖြင့် မည်သို့ စိတ်သက်သာရာ ရနိုင်မည်နည်း?။
"နင် နားမလည်သေးပါဘူး။ နင် သူနဲ့ ဝေးဝေးနေရမယ်လို့ မှတ်ထားဖို့ပဲ လိုတယ်။ မဟုတ်ရင် တကယ်ကို အန္တရာယ်များလိမ့်မယ်။" တော်ယုက လေးနက်စွာ စကားဆက် ပြောရင်း သူမ၏ မျက်လုံးများက ရှုပ်ထွေးသော အဓိပ္ပါယ်ကို သယ်ဆောင်လာသည်။ အထူးသဖြင့် ‘အန္တရာယ်’ဟူသော စကားလုံးကို ပြောသောအခါတွင်, သူမပြောသည့် အန္တရာယ်သည် သူမတို့၏ အသက်အန္တရာယ်ကို ဆိုလိုဟန်မတူဘဲ စကားလုံးများကို ပြင်းပြင်း ထန်ထန် ဖိပြောလိုက်သည်။
တော်အန်းသည် တော်ယု၏ ပြတ်သားသော အကြည့်ကို မြင်ပြီး၊ သူမမှာ အစ်မတစ်ယောက် ရှိနေသည်ကို သတိရသွားပြီး ခေါင်းညိတ်ကာ သဘောတူလိုက်ရ သည်။ သို့သော်လည်း သူမနှလုံးသားသည် တင်းကျပ်နေဆဲဖြစ်ပြီး ချင်ယွင်ကို လက်စားချေလိုသော ဆန္ဒက ပို၍ပင် ပြင်းထန်လာသည်။
"ဟမ့်၊ နင့်မှာ ကောင်းကင်ဘုံထိ တက်လှမ်းနိုင်မယ့် စွမ်းရည်မျိုး ရှိနေတယ်လို့ ငါ မယုံဘူး။ ငါ့အစ်မကတောင် နင့်ကို ကြောက်နေတယ်။ ဘိုးဘေးတွေ ကျန်ရစ်ခဲ့တဲ့ ရတနာကို ငါရယူပြီးတဲ့နောက်, နင်ဆိုတဲ့အရှုပ်ထုတ်ကောင်ကို ငါ သေချာပေါက် ရိုက်နှက်ပြမယ်။ ဒါဆို ငါ့အစ်မလည်း နင်က ဘာမှ မထူးခြားဘူးဆိုတာ သိသွားလိမ့်မယ်"။
တော်ယုသည် တော်အန်း၏ အမူအရာကို မြင်ပြီး ဤမိန်းကလေးသည် သူမစကားကို မယုံနိုင်ဖြစ်နေသေးကြောင်း သိလိုက်သည်။ သူမ စိတ်ထဲတွင် ခိုကိုးရာမဲ့ သက်ပြင်းချလိုက် မိသည်။
ချင်ယွင်သည် အလွန်အန္တရာယ်များသည်ဟု အစောလေးက သူမပြောရသည့် အကြောင်းရင်းမှာ သူသည် အမှန်တကယ် စွမ်းအားကြီးမားသောကြောင့် မဟုတ်ဘဲ၊ သူမ၏ ညီမသည် ထူးဆန်းသော စက်ဝိုင်းထဲသို့ ကျရောက်ပြီး ရုန်းမထွက်နိုင်တော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သူမညီမကဲ့သို့ပင်၊ သူမသည်လည်း ချင်ယွင်နှင့်ပတ်သက်၍ အမြဲလိုလို ခံစားချက် ရှိနေခဲ့ပြီး၊ သူမ လက်စားချေချင်သည့်အခါတိုင်း ချင်ယွင်က သူမအပေါ် ပြုမူခဲ့သမျှကို မတွေးတောဘဲ မနေနိုင်တော့ပေ။ ထိုအရာများကို တွေးလိုက်မိသည်အခါတိုင်း သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
အခု ထိုလူအကြောင်း တွေးလိုက်သည့်အချိန်တိုင်း, သို့မဟုတ် သူ့အကြောင်း ကြားလိုက် သည့်အခါတိုင်း ထိုကဲ့သို့စိတ်ခံစားချက်တွေက မငြိမ်မသက်ဖြစ်ကာ ပေါ်လာတော့သည်။
ဤအရာက ဆိုးရွားသည် အတိတ်နိမိတ်တစ်ခုဆိုတာ သူမ သိသည်။ အကယ်၍, ဤအတိုင်းသာ ရှေ့ဆက်သွားနေလျှင်, သူမသည် ထိုလူကို ချစ်မိသွားနိုင်ပါသည်။ ထို့ကြောင့် သူ့ညီမကို သူမကိုယ်တိုင်ကဲ့သို့ ထူးဆန်းသော စက်ဝိုင်းထဲသို့ မ၀င်ရောက်စေ ချင်ပေ။
သို့သော်လည်း တော်အန်း၏ စိတ်က အလွန် ရိုးစင်းလွန်းနေသေးသည်။ သူမစကားထဲမှ အေးစက်မှုကို သူမ နားမလည်နိုင်ဘဲ၊ ယင်းအစား ထိုလူကို ပိုပိုပြီး စိတ်ဝင်စားလာခဲ့သည်။
သူမသည် ကူရာမဲ့ လက်လျှော့လိုက်သည်။ သူမသည် ထိုလူကို နောင်တွင် ဘယ်တော့မှ ပြန်မဆုံနိုင်တော့သည့်အတွက် ထိုလူကို သူမ၏ မှတ်ဉာဏ်များထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် ထုတ်ပစ်နိုင်မည်ဟု မျှော်လင့်မိပါသည်။
ဘန်း…။
ဤအခိုက်အတန့်တွင် လှိုင်းလုံးကြီးတစ်ခုသည် ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ် လာပြီး၊ ဧရာမတောင်ကြီး၏ အထက်တွင် လေဟာနယ် ဝဲဂယက်တစ်ခုက တိုက်ရိုက် ထွက်ပေါ်လာသည်။
အရပ်ရှည်ရှည် သွယ်လျသော အသွင်အပြင်တစ်ခုသည် လေဟာနယ် ဝဲဂယက်ကြီးထဲမှ ထွက်လျှောက်လာသည်။ ထိုလူ၏ ၀တ်စားဆင်ယင်မှုက အရမ်းကို ထူးဆန်းပါသည်။
သူသည် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး၊ သွယ်လျသော ရုပ်အသွင်ပြင်ကို ဖုံးကွယ် ထားသည်။ ဟုတ်ပါသည်။ အရေးကြီးဆုံးကတော့ သူ၏မျက်နှာမှာ မျက်နှာဖုံး တပ်ထားခြင်း ဖြစ်သည်။ ဤမျက်နှာဖုံးသည် သရဲမျက်နှာပုံစံ ဖြစ်သည်။
ဤမျက်နှာဖုံးတွင် နတ်ဘုရားအာရုံကို ကန့်သတ်နိုင်သည့် လုပ်ဆောင်ချက်များ ပါဝင်နေသောကြောင့် မျက်နှာဖုံးနောက်ကွယ်ရှိ စစ်မှန်သော ရုပ်အသွင်ကို ကြည့်ရှုရန် မဖြစ်နိုင်ပေ။
တော်ညီအစ်မများသည် ဤလျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူ ရုတ်ချည်း ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ သူမတို့၏မျက်နှာများသည် ရိုသေလေးစားသည့် အမူအရာများ ချက်ချင်း ပေါ်လာကြသည်။ တစ်ချိန်တည်းမှာပင် သူမတို့၏ နှလုံးသားများ သည် စိတ်မသက်မသာ ခံစားလိုက်ရသည်။
သူမတို့ရှေ့မှလူ၏ ရုပ်ရည်အသွင်အပြင်ကို မသိသော်လည်း၊ ထိုလူ၏ ကိုယ်ရေးအချက် လက်ကိုတော့ သူမတို့ သိထားပါသည်။
"ဒါဆိ, မင်းတို့က ဆင့်ခေါ်အမိန့်ကို ထုတ်လိုက်တာပေါ့။" အနက်ရောင်ဝတ် အမျိုးသား၏ အကြည့်တွေက တော်ညီအစ်မပေါ် ကျဆင်းသွားခဲ့သည်။ သူ၏အကြည့်တွေက ရေခဲကဲ့သို့ အေးစက်ပြီး၊ ထူးထူးခြားခြား မည်သည့် စွမ်းအင်အတက်အကျလှိုင်းမှ မရှိပါဘူး။ သူ၏ရှေ့မှ လူများသည် ချောမောလှပသည့် မိန်းကလးနှစ်ယောက် မဟုတ်ဘဲ၊ ကျောက်တုံးနှစ်တုံးဟု မှတ်ယူထားသည့်အတိုင်းပင်။
အနက်ရောင်၀တ် အမျိုးသား၏ အသံသည် အနည်းငယ် အေးစက်သည်။ ၎င်းအသံ နားထဲ ဝင်ရောက်သွားလာချိန်မှာ, သူမတို့ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရ သည်။
"ဟုတ်ကဲ့ပါ သခင်" တော်ယုက ကမန်းကတန်း ပြန်ဖြေလိုက်သည်။ သူမပြောပြီးသည်နှင့် သူမလက်ကို ပြန်လှန်လိုက်ပြီး၊ လက်ထဲတွင် ကျောက်စိမ်းဆွဲသီးတစ်ခု ပေါ်လာသည်။