← Chapters

အခန်း ၁၁၉၁

Vol. 80 Ch. 1191

အခန်း ၁၁၉၁

Vol. 80 Ch. 1191

အခန်း (၁၁၉၁) လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်။

ဝှီး...။

ကောင်းကင်ယံမှ အနက်ရောင်ဝတ် အမျိုးသားသည် သူ၏လက်ကို ဖွင့်ကာ ကျောက်စိမ်း ဆွဲသီးကို စုပ်ယူလိုက်သည်။ တော်ယု၏လက်ထဲမှ ကျောက်စိမ်းဆွဲသီးသည် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ထိုအမျိုးသား၏ လက်တစ်ဖက်ဖြင့် စုပ်ယူခံလိုက်ရပါ သည်။

ဤကျောက်စိမ်းဆွဲသီးသည် နှင်းဖြူရောင်ဖြစ်ပြီး ဝိုင်းစက်နေသည်။ ၎င်းပေါ်တွင် အမြီးကိုးချောင်းပါ မြေခွေးတစ်ကောင်ကို ထွင်းထုထားပါသည်။ ထွင်းထုထားသော ပုံစံသင်္ကေတများသည် လက်ရာမြောက်ပြီး အသက်ဝင်လှသည်။ ဤကျောက်စိမ်းဆွဲသီးမှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထုတ်လွှတ်နေသည်။ ဤကျောက်စိမ်း ဆွဲသီးသည် သာမန် မဟုတ်ကြောင်း ထင်ရှားသည်။

"မှန်တယ်၊ ဒါက အဲဒီတုန်းက မြေခွေးဘိုးဘေး သူနဲ့အတူ ယူဆောင်လာတဲ့ ကျောက်စိမ်း ပဲ" အနက်ရောင်ဝတ်လူက ခေါင်းညိတ်ပြီး အတည်ပြုခြင်းမပြုမီ ကျောက်စိမ်းဆွဲသီးကို သေသေချာချာ ဂရုတစိုက် ကြည့်ရူစစ်ဆေးလိုက်သည်။

တော်ယုသည် ဤစကားကြောင့် အံ့သြခြင်းမျိုး မရှိပါဘူး။ ဤကျောက်စိမ်းဆွဲသီးသည် အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်မှ မျိုးဆက်တစ်ခုမှ မျိုးဆက် တစ်ခုသို့ ဆက်ခံလာသည့် ရတနာတစ်ခု ဖြစ်ပါသည်။ သဘာဝအတိုင်း အတုဆိုသည်မှာ မဖြစ်နိုင်ပေ။ ယခုအချိန်မှာ သူမ ပို၍ စိုးရိမ်ပူပန်နေသည့်အရာက ဒီကျောက်စိမ်းဆွဲသီးက အလုပ်ဖြစ် မဖြစ်ဆိုတာကိုပါ။

"သခင်၊ ဒီကျောက်စိမ်းဆွဲသီးက ဘယ်လောက်တန်ဖိုးရှိလဲ သိနိုင်မလား?။" တော်ယုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မှန်ပါသည်။ သူမရှေ့မှ ဤလျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ် အမျိုးသားနှင့် အရောင်းဝယ်လုပ်နိုင်ရန်အတွက် သူမသည် ထိုကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်ခြင်း ဖြစ်ပါသည်။

တော်ယုသည် ဤအနက်ရောင်ဝတ် အမျိုးသား မည်မျှ အစွမ်းထက်သည်ကို မသိသော် လည်း သူသည် လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်မှ လာသည်ကိုတော့ သူမ သေချာပေါက် သိထားပါသည်။

လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်သည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပါသည်။ လေဟာနယ်နှင့်အချိန်နတ်ဘုရား နန်းတော်၏ ပင်မအဖွဲ့ဝင်များသည် အမြဲတမ်း လျှို့ဝှက် ဆန်းကြယ်ပြီး နားမလည်နိုင်သော တည်ရှိမူများဖြစ်ကြပါသည်။ သူတို့၏ အစစ်အမှန် ကိုယ်ရေးအချက်လက်ကို မည်သူမှ မသိကြပါဘူး။ လေဟာနယ်နှင့်အချိန်နတ်ဘုရား နန်းတော်၏ နတ်ဘုရားမြို့ကြီးလေးခု၌ တည်ရှိနေကြသူများ အားလုံးသည်ပင် လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ သာမန်အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ မြို့တော်သခင်ပင်လျှင် ထာဝရအမာခံအဖွဲ့ဝင်အဖြစ် အဆင့်အတန်း မရှိသေးပေ။

အကယ်၍ သင်သည် အခြားနတ်ဘုရားနန်းတော်များတွင်ဆိုပါက၊ မြို့တော်သခင်ကို မဆိုထားနှင့်၊ သင်၏စွမ်းအားသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေသ၍၊ သို့မဟုတ် သင်၏ ပါရမီ အရည်အချင်းသည် ထူးထူးခြားခြား ကောင်းမွန်နေသ၍, သင်သည် အမာခံအဖွဲ့ဝင်တစ်ဦး၏ အဆင့်တန်းကို ရရှိနိုင်ပါသည်။ သို့သော်, လေဟာနယ် နှင့် အချိန်နတ်ဘုရားနန်းတော်မှာတော့ လုံးဝ မတူတော့ပါဘူး။ မြို့တော်သခင်တစ်ဦး၏ ကျင့်ကြံမူသည် မြေကမ္ဘာနယ်ပယ်၏ အထွတ်အထိပ်တွင် ထာဝရတည်ရှိနေလျှင်ပင်၊ သူသည် အမာခံအဖွဲ့ဝင်တစ်ဦး၏ အဆင့်တန်းကို ရရှိနိုင်မည် မဟုတ်ပေ။

သင်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ မဖြတ်ကျော်နိုင်သ၍၊ သို့မဟုတ် သင်သည် ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော အရည်အချင်းများရှိပြီး အစကတည်းက အမာခံ အဖွဲ့ဝင်တစ်ဦးအဖြစ် အဆင့်တန်းတိုးမြှင်ပေးခြင်း ခံရသူများ မဟုတ်ပါက၊ သာမန်အဖွဲ့ဝင် တစ်ဦးမှ အမာခံအဖွဲ့ဝင်တစ်ဦးသို့ တက်လှမ်းရန် အလွန်ခက်ခဲမည် ဖြစ်ပါသည်။

သူမရှေ့မှ ဤအနက်ရောင်ဝတ် အမျိုးသား၏ ကိုယ်ရေးအချက်လက်မှာ ဒဏ္ဍာရီလာ လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်၏ အဓိကအဖွဲ့ဝင် ဖြစ်ပါသည်။

လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် လျှို့ဝှက်ဆန်းကြယ်သော်လည်း၊ ၎င်းသည် ပြင်ပကမ္ဘာနှင့် အမြဲတမ်း ကုန်သွယ်မှုပြုလုပ်နေပြီး၊ ၎င်းတို့သည် သတင်း အချက်အလက်များကို ရောင်းချကြသည်။

အဖိုးတန်ရတနာများကို ထုတ်ပေးနိုင်သ၍, သင်လိုချင်သော အချက်အလက်များကို လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်မှ ရယူနိုင်ပါသည်။

သင်၏ရတနာက ပို၍ တန်ဖိုးကြီးမားလေ၊ သင် မေးနိုင်သည့် မေးခွန်းများက များပြားလေ ဖြစ်ကာ၊ သင်မေးနိုင်သည့် မေးခွန်းတွေကလည်း ပို၍ တန်ဖိုးကြီးလေ ဖြစ်ပါသည်။

သေချာသည်မှာ, ယင်းက လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်မှာ ရတနာမှန်သမျှ အကုန်လုံးရှိသည်ဟု မဆိုလိုပါဘူး။ ပထမဆုံးအနေဖြင့်၊ သင့်၏ရတနာများသည် နှိုင်းစာ၍မရအောင် အဖိုးတန်ရပါမည်။

လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ မေးနိုင်သော ပြဿနာရပ်များကို ကောင်းကင်အဆင့်၊ မြေကြီးအဆင့်နှင့် လူသားအဆင့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထား သည်။

လူသားအဆင့် ပြဿနာတစ်ခု၏ တန်ဖိုးသည် အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခု၏ တန်ဖိုးနှင့် ညီမျှပါသည်။ ထို့အပြင်၊ ၎င်းသည် သာမန် အဆင့်မြင့် နတ်ဘုရားပစ္စည်းမျိုး မဖြစ်ရပါ။ ၎င်းသည် အဆင့်မြင့် နတ်ဘုရားပစ္စည်းထဲမှာပင် ထိပ်တန်းအဆင့် အဆင့်မြင့် နတ်ဘုရားပစ္စည်း ဖြစ်ရပါမည်။

ယင်းက လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်ဟာ မည်မျှတန်ဖိုးရှိလဲဆိုသည်ကို တွေးကြည့်နိုင်ပါသည်။

ထိုအချိန်တွင် တော်ယု၏ နှလုံးသားသည် လွန်စွာမှ ကမောက်ကမ ဖြစ်နေပါသည်။ ၎င်းသည် သူမဘိုးဘေးများ၏ အဖိုးတန်ကျောက်စိမ်းဆွဲသီးတစ်ခု ဖြစ်သော်လည်း သူမအနေဖြင့် မေးခွန်းပေါင်းမည်မျှနှင့် လဲလှယ်နိုင်မည်ကို သူမ သေချာမသိသေးပေ။

"ဒီကျောက်စိမ်းဆွဲသီးဟာ မင်းတို့ရဲ့ ဘိုးဘေးတွေနဲ့ မြေခွေးဘိုးဘေးတွေ အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ပြီး မြေခွေးဘိုးဘေးရဲ့ အသိဥာဏ်တွေ ပါဝင်နေပေမယ့်၊ ဒါက အဖိုးမဖြတ်နိုင်တဲ့ ဘိုးဘေးနတ်ဘုရားအဆင့် ပစ္စည်းနဲ့ မနှိုင်းယှဉ်နိုင်သေးဘူး။ ဒါကြောင့် မင်းရဲ့ ဒီကျောက်စိမ်းဆွဲသီးဟာ လူသားအဆင့် ပြဿနာနှစ်ခုပဲ ထိုက်တန်တယ်။" လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ် အမျိုးသားက လေးနက်စွာ ပြောလိုက်သည်။

"လူသားအဆင့် မေးခွန်းနှစ်ခုလား..”။ ထိုစကားကိုကြားတော့ တော်ယု၏ လှပသော မျက်နှာက ဖြူဖျော့သွားသည့် အရိပ်အယောင် ချက်ချင်း ပေါ်လာပါသည်။ သူမ၏ မျက်လုံးများတွင် ပြင်းပြင်းထန်ထန် စိတ်ပျက်သွားသည့် အရိပ်မြွက်တစ်ခု ရှိနေပါသည်။ သူမတို့ဘိုးဘေးများ၏ ကျောက်စိမ်းဆွဲသီးသည် လူသားအဆင့် ပြဿနာနှစ်ခုသာ တန်ဖိုးရှိပါသည်။

တစ်ဖက်တွင်မူ, တော်အန်းသည် သူမတို့ ဘိုးဘေးများ၏ ကျောက်စိမ်းဆွဲသီးသည် လူသား အဆင့် မေးခွန်းနှစ်ခုသာ ထိုက်တန်သည်ကို မည်သို့ ပြောနိုင်ရသနည်းဟု ပြောနေသည့် အလား ဒေါသအမျက်ထွက်နေလေသည်။ မင်းရဲ့ လေဟာနယ်နှင့်အချိန်နတ်ဘုရား နန်းတော်က အရမ်းကို လွန်လွန်းမနေဘူးလား?။

သို့သော် သူမ မည်သည့်စကားမှ မပြောနိုင်ခင် တော်ယု၏ အကြည့်ကြောင့် သူမ ရပ်တန့် သွားခဲ့သည်။

သူမတို့ရှေ့မှ အနက်ရောင်ဝတ် အမျိုးသားသည် လေဟာနယ်နှင့်အချိန် နတ်ဘုရား နန်းတော်၏ အမာခံတပည့်တစ်ဦး ဖြစ်သည်။ သူ၏အဆင့်အတန်းသည် မြို့တော်သခင် ထက်ပင် သာလွန်နေသည်။ ထိုကဲ့သို့လူမျိုးသည် သူမတို့ ရန်စရန် တတ်နိုင်သည့်လူမျိုး မဟုတ်ပါဘူး။

တော်အန်းက မိုက်မဲသော်လည်း အမှားအမှန်ကိုတော့ ပြောနိုင်ပါသေးသည်။ သူမအစ်မ၏ အကြည့်ကို မြင်လျှင်, သူမအစ်မ မည်သည့်အရာ ဆိုလိုမှန်း နားလည်သွားသည်။ သူမသည် ပါးစပ်ကို အမြန်ပိတ်ပြီး စကားမပြောတော့ပေ။ သို့သော် သူမ၏ မျက်နှာသည် အမျက် ဒေါသဖြင့် ပြည့်နှက်နေသေးသည်။ သူမသည် "လေဟာနယ်နှင့်အချိန်နတ်ဘုရား နန်းတော်သည် ထိုနံစော်နေသော အယုတ်တမာကောင်းကဲ့သို့ အလွန်မုန်းစရာ ကောင်းသည်ဟု " ဟု သူမစိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

"အဆင်သင့် ဖြစ်ပြီလား?။ အရောင်းအဝယ်လုပ်ဖို့ ဆန္ဒရှိလား။" အနက်ရောင်ဝတ် လျှို့ဝှက် ဆန်းကြယ်သော အမျိုးသားက တော်အန်းကိုအကဲခတ်ကာ မေးလိုက်ပြန်သည်။

တော်ယုသည် သူမ၏မျက်နှာပေါ်တွင် တွန့်ဆုတ်သော အမူအရာ ရှိနေသည်။ အဆုံးတွင် သူမသည် အံတင်းတင်းကြိတ်ကာ ခေါင်းညိတ်ပြီး "ကျွန်မ အရောင်းအ၀ယ်လုပ်ဖို့ ဆန္ဒရှိပါတယ်" ဟု ပြောလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားသည် တော်ယု၏ ပြန်ကြားချက်ကို ကြားသောအခါ ဘိုးဘေးနတ်ဘုရား ကျောက်စိမ်းဆွဲသီးကို ချက်ချင်း သိမ့်ဆည်းလိုက်သည်။

"ကောင်းပြီ၊ အခု မင်း မေးခွန်းတွေ မေးနိုင်ပြီ။ အဲဒီမွေးခွန်းက လူသားအဆင့် မေးခွန်းရဲ့ နယ်ပယ်ကို ကျော်လွန်နေတယ်ဆိုရင်၊ ငါ တိုက်ရိုက်ဖြေဖို့ ငြင်းဆန်မယ်။ ကဲ, မင်း မေးလို့ရပြီ။" အနက်ရောင်ဝတ် အမျိုးသားက ထပ်ပြောသည်။

လူသားအဆင့် မေးခွန်းများဟုခေါ်တွင်သော မေးခွန်းများသည် လူများကို မေးမြန်း စုံစမ်း ခြင်းမျိုးကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။

တခါတရံ, အကယ်၍, သင်သည် တစ်စုံတစ်ယောက်ကို မေးမြန်းစုစမ်းလျှင်ပင် ကောင်းကင်အဆင့် မေးခွန်းတစ်ခု ဖြစ်သွားနိုင်ပါသည်။ ဥပမာအားဖြင့်၊ လေဟာနယ်နှင့် အချိန်ဘိုးဘေးနတ်ဘုရား အဘယ်မှာ ရှိနေသနည်း။ ဤကဲ့သို့သော ပြဿနာသည် ကောင်းကင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း, မေးမြန်းနိုင်ရန် လိုအပ်သော ရတနာများသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းလှ သည်။

မေးခွန်း၏အဆင့်သည် သင်မေးနေသော မေးခွန်းတွင် အချက်အလက် မည်မျှ ပါဝင်နေလဲ ဆိုသည့်အပေါ် မူတည်ပါသည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသား၏ အတည်ပြုချက်ကို ကြားသောအခါ, တော်ယု၏ မျက်နှာသည် အရောင်ပြောင်းလာသည်။ တခဏလောက် စဉ်းစားပြီးနောက် သူမက မေးသည် "ကျွန်မ မေးချင်တဲ့ ပထမဆုံး မေးခွန်းက၊ အမြီးကိုးချောင်း ကောင်းကင် ကျောက်စိမ်း မြေခွေးမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံးရတနာဖြစ်တဲ့ စိမ်းပြာနန်းတော် နတ်ဘုရား စေတီက ဓားမြုပ်နှံခြင်းတောင်တန်းထဲမှာလား?"။

တော်ယုသည် စကားတစ်ခွန်းစီကို လေးလေးနက်နက် ပြောလိုက်ပါသည်။ သူမသည် ဤမေးခွန်း မေးခွင့်အတွင်းမှာ အမှားအယွင်း တစ်စုံတစ်ရာရှိပြီး လိုရင်းမေးခွန်းကို လွှဲချော်ကာ အခွင့်အရေးတစ်ကြိမ် လက်လွတ် ဆုံးရှုံးသွားမည်ကို နက်နက်ရှိုင်းရှိုင်း စိုးရိမ် နေမိသည်။

"ဟုတ်တယ်”။ အနက်ရောင်ဝတ် အမျိုးသားသည် သူ၏စကားများကို ရွှေကဲ့သို့ တန်ဖိုးထားသည်။

သို့သော် ဤစကားတစ်ခွန်းတည်းကြောင့် တော်ယု၏မျက်နှာသည် ပြင်းပြသော ပျော်ရွှင်မှု ကို ထုတ်ဖော်လိုက်သည်။ သူမတို့၏ အမြင့်မြတ်ဆုံး ရတနာသည် ဓားမြှုပ်နှံခြင်း တောင်တန်းထဲမှာ ရှိနေသည်ဟု ကောလဟာလတွေ ထွက်ပေါ်နေသော်လည်း သူမသည် ထိုအကြောင်းကို အတည်မပြုရဲခဲ့ပါဘူး။ အနက်ရောင်ဝတ် အမျိုးသား၏ အဖြေကို သူမ ကြားလိုက်ရတော့ သူမစိတ်ထဲတွင် လုံးဝ သက်သာရာရသွားသည်။

လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် လိမ်ညာခြင်းမရှိပေ။ ၎င်းတို့၏ ကုန်သွယ်ဖက်များကို လိမ်ညာလှည့်ဖြားပြီး မှားယွင်းသော အချက်အလက်များကို သုံးစွဲမည်မဟုတ်ကြောင်း အားလုံး သိထားကြသည်။ ထို့ကြောင့်၊ အနက်ရောင်ဝတ် အမျိုးသားက သူမတို့မျိုးနွယ်စု၏ ရတနာသည် ဓားမြှုပ်နှံခြင်းတောင်တန်းတွင် ရှိသည်ဟု ဆိုပါက၊ ၎င်းသည် ဓားမြှုပ်နှံခြင်းတောင်တန်းတွင် ရှိရပါမည်။

တော်ယုသည် အသက်ပြင်းပြင်း ရှူပြီး ဒုတိယမေးခွန်းမမေးမီ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

"ဒါဆို ဓားမြှုပ်နှံခြင်းတောင်တန်းထဲကို ဘယ်လို ဝင်ရမှာလဲ?" တော်ယုက ကမန်းကတန်း မေးလိုက်ပြီးနောက်၊ မျှော်လင့်တောင့်တသော အမူအရာဖြင့် ကောင်းကင်ယံရှိ အနက်ရောင်၀တ် အမျိုးသားကို မျှော်ကြည့်လိုက်သည်။

ယခုအခါ၊ သူမတို့မျိုးနွယ်၏ ရတနာသည် ဓားမြှုပ်နှံခြင်းတောင်တန်းတွင် ရှိနေကြောင်း သူမ သေချာသိခဲ့သော်လည်း၊ ဓားမြှုပ်နှံခြင်းတောင်တန်းသို့ မည်သို့ ဝင်ရောက်ရမည်ကို သူမ မသိပေ။ ထို့ကြောင့် သူမသည် ဓားမြှုပ်နှံခြင်းတောင်တန်းသို့ မည်သို့ ဝင်ရောက်ရ မည်ကို သိချင်ခဲ့သည်။

သို့သော်, နောက်ပိုင်းတွင် အနက်ရောင်ဝတ် အမျိုးသား ပြောလိုက်သည့် စကားများ ကြောင့် သူမ၏ စိတ်ခံစားချက်သည် အောက်ခြေသို့တိုင် ကျဆင်းသွားခဲ့ရသည်။

အနက်ရောင်ဝတ် အမျိုးသားက အလွန်လေးနက်သော အသံဖြင့် ပြောသည် "ဒီမေးခွန်းက လူသားအဆင့်ရဲ့ နယ်ပယ်ကို ကျော်လွန်နေပြီ။ အဲဒါက မြေကြီးအဆင့်နဲ့ သက်ဆိုင်တယ်။ ဘာလို့ နောက်ထပ်မေးခွန်းတစ်ခု ပြောင်းမမေးတာလဲ?။ ဒါမှမဟုတ် မင်းအနေနဲ့ မြေခွေး မျိုးနွယ်ရဲ့ ကျောက်စိမ်းဆွဲသီးနဲ့ အဆင့်တူ ရတနာတစ်ခုကို ထုတ်ပေးလို့ရတယ်”။

တော်ယု၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားကာ သူမမျက်နှာမှာ ခါးသီးမှုများ ပြည့်နှက်နေသည်။ မြေခွေးဘိုးဘေးကျောက်စိမ်းသည် တစ်ခုတည်းသာ ရှိပါသည်။ ဒုတိယ တစ်ခုကို မည်သည့်နေရာက ရရှိနိုင်မည်နည်း?။

All Chapters