အခန်း ၁၁၉၂
Vol. 80 Ch. 1192
အခန်း (၁၁၉၂) နတ်ဘုရားတိုက်ပွဲအသံ။
ယခုအချိန်တွင် တော်ယုသည် အလွန်စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ ဓားမြှုပ်နှံခြင်း တောင်တန်းသို့ ဝင်ရောက်ရန် နည်းလမ်းသည် အမှန်တကယ် မြေကြီးအဆင့် ပြဿနာ တစ်ခုဟု သူမ မမျှော်လင့်ခဲ့ပေ။
ဤနည်းအားဖြင့်၊ စိမ်းပြာနန်းတော် နတ်ဘုရားစေတီသည် ဓားမြှုပ်နှံခြင်း တောင်တန်းထဲ တွင် ရှိနေကြောင်း သူသိလျှင်ပင်, သူမတို့သည် အထဲကို ဝင်ရောက်ပြီး ရယူနိုင်မည် မဟုတ် ပေ။
"ဓားမြှုပ်နှံခြင်းတောင်တန်းထဲ ဘယ်လိုဝင်ရမယ်ဆိုတာ တိုက်ရိုက် မပြောပြနိုင်ပေမယ့်၊ ဓားမြှုပ်နှံခြင်းတောင်တန်းကို ဘယ်လိုရှာရမလဲဆိုတာ ငါ ပြောပြပေးနိုင်တယ်။" သို့သော် တော်ယု ဝမ်းနည်းနေချိန်မှာ ကောင်းကင်ယံမှ အနက်ရောင်ဝတ် အမျိုးသားက ရုတ်တရက် စကားစလိုက်သည်။
ထိုစကားကြားတော့ တော်ယု၏ မျက်လုံးတွေက ချက်ချင်း ဝင်းလက် တောက်ပလာပြီး "ဒါဆို ဓားမြှုပ်နှံခြင်းတောင်တန်းထဲကို ဘယ်လိုနည်းနဲ့ ဝင်ရောက်နိုင်မလဲ"ဟု အလျင်စလို မေးလိုက်သည်။
သူမသည် ဓားမြှုပ်နှံခြင်းတောင်တန်းကို ဝင်ရောက်ရန် နည်းလမ်းကို တိုက်ရိုက် မရနိုင် သော်လည်း၊ ဦးတည်ရာမဲ့ ပျံသန်းနေခြင်းထက် ဓားမြှုပ်နှံခြင်းတောင်တန်းသို့ ဝင်ရောက် ရန် နည်းလမ်းကို သိရှိထားခြင်းက ပိုကောင်းသည်။ ထို့ကြောင့် တော်ယုက တိုက်ရိုက် မေးရန် မတွန့်ဆုတ်ခဲ့ပေ။
"ဓားမြှုပ်နှံခြင်းတောင်တန်းက ရှေးဟောင်း နတ်ဘုရားတွေရဲ့ တိုက်ပွဲ နယ်မြေတစ်ခုပဲ။ နတ်ဘုရားတိုက်ပွဲအသံနဲ့ ဓားမြှုပ်နှံခြင်းတောင်တန်းရဲ့ ဝင်ပေါက်ကို မင်းတို့ မြင်တွေ့နိုင် တယ်။" အနက်ရောင်ဝတ် အမျိုးသားက ပြန်ဖြေသည်။
သို့သော်လည်း သူ၏စကားက တော်ယုကို တခဏလောက် စိတ်ရှုပ်သွားစေသည်။ နတ်ဘုရားတိုက်ပွဲ အသံကို ကြားနိုင်လျှင် ဝင်ပေါက်ကို မြင်နိုင်သည်။ ဤအရာက မည်သည့်အရာကို ဆိုလိုပါသနည်း?။
နတ်ဘုရားတိုက်ပွဲအသံဆိုတာ အတိအကျ ဘာလဲ? အဲဒီအသံကို ဘယ်လို ရှာတွေ့နိုင်မလဲ?။
ရုတ်တရက် ဤမေးခွန်းများသည် တော်ယု၏ စိတ်ထဲတွင် ပေါ်လာသည်။ သို့သော် သူမ မေးခါနီးတွင် အနက်ရောင်ဝတ် အမျိုးသားသည် လေဟာနယ် ဝဲဂယက်ထဲသို့ ပြန်လည်း ဝင်ရောက်ပြီး ပျောက်ကွယ်သွားသည်ကို သူမ တွေ့ရှိခဲ့ရသည်။
ထိုမေးခွန်း နှစ်ခုကို ဖြေကြားပြီးနောက်, သူသည် နောက်ထပ် မည်သည့်စကားမှ မပြောတော့ပါဘူး။ ဤသည်မှာ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ စည်းမျဉ်းပင် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် တော်ယုသည် သူမ၏ စိတ်နှလုံးထဲတွင် ခိုကိုးရာမဲ့ သက်ပြင်းချရုံသာ တတ်နိုင်ပါသည်။ နတ်ဘုရားတိုက်ပွဲအသံက မည်သည့်အရာ ဖြစ်မည်ကို သူမ တွေးနေမိသည်။
တစ်ဖက်တွင်မူ, တော်အန်းသည် ဒေါသအမျက် ထွက်နေသည်။ သူမက မကျေမနပ် လေသံဖြင့် ပြောလိုက်သည် "နင် ဘာတွေ လာပြောနေတာလဲ?။ လေဟာနယ်နဲ့ အချိန် နတ်ဘုရားနန်းတော်ဆိုတာက တကယ့်ကို လူလိမ်အကြီးစားပဲ။ သူ ဘာမှကို ပြောမသွားခဲ့ ဘူး။ ဒါက မုန်းစရာကောင်းလွန်းတယ်"။
သို့သော် သူမ ပြောပြီးသည်နှင့် သူမဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းတစ်ခု ပေါက်ကွဲသွားသည်။
သူမဘေးမှ တောင်တစ်ခု ပြိုကျသွားသည်။ ပြိုကျသွားသည့် နေရာသည် တော်အန်းနှင့် တစ်မီတာအောက်သာ ကွာဝေးသည်။ တစ်နည်းဆိုရသော်, ထိုလျှပ်စီးသည် သူမဘက်သို့ နောက်ထပ် တစ်မီတာသာသာ ရွေ့လျားသွားပါက၊ ယခုအချိန်တွင် သူမသည် ပျောက်ကွယ်သွားပေလိမ့်မည်။
တော်အန်းသည် ခေါင်းကို အုပ်ထားပြီး၊ သူမမျက်နှာမှာ ထိတ်လန့်မှု အပြည့်ရှိနေခဲ့သည်။
ဤနတ်ဘုရားလျှပ်စီးသည် သတိပေးခြင်း မရှိဘဲ ထွက်ပေါ်လာပြီး ၎င်း၏တန်ခိုး စွမ်းအား သည် မနှိုင်းယှဉ်နိုင်အောင်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤနတ်ဘုရား လျှပ်စီး ၏ တဟုန်ထိုး မြည်ဟီးသံကြောင့် သူမ၏နားများကို အဆုံးမရှိ တုန်လှုပ် သွားစေသည်။
တစ်ဖက်မှ တော်ယုသည် မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည့် တော်အန်း ကို လျင်မြန်စွာ ပွေ့ဖက်လိုက်သည်။
ဤနတ်ဘုရားလျှပ်စီးသည် သတိပေးချက်တစ်ခုမျှသာ ဖြစ်ကြောင်း သူမ သိသည်။
ရိုင်းစိုင်းသော စကားများ မပြောမိစေရန် တော်အန်းအား သတိပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမသည် မိုက်မဲသော စကားများကို ထပ်မံ ပြောဝံ့ပါက၊ နတ်ဘုရားလျှပ်စီး သည် လွဲချော်စွာ ကျဆင်းလာမည် မဟုတ်တော့ပေ။ ယင်းအစား သူမအပေါ် တိုက်ရိုက် တိုက်ခိုက်လိမ့်မည်။
သာမန် မြေကမ္ဘာနတ်ဘုရားတစ်ပါးပင်လျှင် ထိုကဲ့သို့သော နတ်ဘုရားလျှပ်စီးများ၏ တန်ခိုး စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထိုအခိုက်တွင် တော်အန်းသည်လည်း သူမ အမှားလုပ်မိကြောင်း သိလိုက်သည်။ သူမသည် တော်ယု၏ ရင်ခွင်ထဲတွင် ပုန်းနေပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ခါနေသည်။
သူမတို့အတွက်မူ၊ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် ဧရာမ မွန်းစတားကြီး ဖြစ်သည်။ ဤကျယ်ပြန့်သော မြေပြင်ပေါ်ရှိ လျှပ်စီးများမှတဆင့်၊ လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်၏ နည်းလမ်းများသည် ကောင်းကင်ဘုံနှင့်အတူ အလုံးစုံ အစွမ်းထက် ကြောင်း တွေ့မြင်နိုင်ပေသည်။
တော်ညီအစ်မများသည် တစ်ယောက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ၊ အချိန်အတော်ကြာပြီးနောက်မှ လူချင်း ခွဲလိုက်ကြသည်။
...
တော်ညီအစ်မသည် ဓားမြှုပ်နှံခြင်းတောင်တန်းကို မည်သို့ဝင်ရောက်ရမလဲဆိုသည့် မေးခွန်းကို မေးနေချိန်မှာ, ချင်ယွင်သည် လီဘကို ကျင့်ကြံခြင်းနည်းစနစ်ကို သင်ပေးနေ သည်။
ချင်ယွင်၏ ခန္ဓာကိုယ် ကျင့်ကြံခြင်းသည် ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိ နေသည့်အကြောင်းကို လီဘ သိရှိသွားပြီးကတည်းက သူက ချင်ယွင်ကို အနှိုင်းမဲ့ ရိုသေလေးစားစ ပြုလာသည်။
သူသည် ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူလည်း ဖြစ်ပြီး၊ သူ၏ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းကို အလွန်စိတ်ဝင်စားသည်။ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည် နတ်ဘုရားဖြစ်သွားကြောင်းကို သူ ကြားသိလိုက်ရလျှင်, မည်သို့ မအံ့သြဘဲ နေနိုင်မည်နည်း?။ ထို့ကြောင့်၊ သူသည် ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်၏ အဋ္ဌမအဆင့်ကို မည်သို့ ဖြတ်ကျော်ဝင်ရောက်ရမလဲ ဆိုသည်ကို သင်ကြားပေးရန် ချင်ယွင်အား အချိန်အတန်ကြာ တတွတ်တွတ် ပူဆာနေ တော့သည်။
ချင်ယွင်သည် လီဘ၏ စိတ်အားထက်သန်မှုကို ခံနိုင်ရည်မရှိတော့သဖြင့် နတ်ဆိုး နတ်ဘုရား ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်အချို့ကို သင်ပေးရုံသာ တတ်နိုင်ပါတော့ သည်။
ယခုအချိန်တွင်၊ ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားသည် ချင်ယွင်၏ မျက်ခုံးကြား တွင် ရှိနေပါသည်။ ဤကျောက်ပြားတွင် နတ်ဘုရားနတ်ဘုရားမျိုးနွယ် တစ်ခုလုံး၏ ကျင့်ကြံခြင်း နည်းစနစ်များစွာ ပါရှိနေသည်။ ထို့ကြောင့် ချင်ယွင်သည် ကောင်းမွန်သော နတ်ဆိုးနတ်ဘုရား ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တစ်ခုကို အနှစ်ချုပ်ဖန်တီးရန် အနည်းငယ် ပြုပြင်ပြောင်းလဲမူသာ လိုအပ်ပါသည်။
ဟုတ်ပါသည်။ ဤနတ်ဆိုးနတ်ဘုရား ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်သည် နတ်ဆိုး နတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်နှင့် သဘာဝအတိုင်း နှိုင်းယှဉ်လို့ မရပါဘူး။ အဆုံးတွင်၊ နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်သည် နတ်ဆိုးနတ်ဘုရားမျိုးနွယ် တစ်ခုလုံး၏ အမြင့်မြတ်ဆုံးသော ကျမ်းစာဖြစ်ပြီး ၎င်း၏ စွမ်းအားသည် အခြားသော ကျင့်ကြံခြင်း နည်းစနစ်များထက် များစွာ ကြီးမားပါသည်။
သေချာသည်မှာ, ဤအရာအားလုံး ထွက်ပေါ်မလာခင်မှာ, အနာဂတ်တွင် ချင်ယွင်၏ ကျင့်ကြံမူ ဖြည်းဖြည်းချင်း တိုးမြှင့်လာသည်အထိ စောင့်ရပါဉီးမည်။
လီဘသည် ချင်ယွင်ထံမှ ကျင့်ကြံခြင်း နည်းစနစ်ကို ရရှိသောအခါ အလွန် စိတ်လှုပ်ရှား သွားသည်။ သူက ချင်ယွင်ကို သူ၏ဆရာအဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့သော်လည်း, ချင်ယွင်က ငြင်းပယ်ခဲ့ပါသည်။
ဟုတ်ပါသည်။ ချင်ယွင်က လီဘကို သူ့တပည့်အဖြစ် လက်ခံရန် ငြင်းဆိုခဲ့သော်လည်း, သူက လီဘကို လမ်းညွှန်ချက် ပေးနေဆဲပါ။
ချင်ယွင်၏ လမ်းညွှန်မှုအောက်တွင် လီဘသည် နတ်ဘုရားအမြုတေကို ပေါင်းစည်းရန် နည်းလမ်းကို တဖြည်းဖြည်း ဆုပ်ကိုင်လာသည်။ နတ်ဘုရားအမြုတေကို ပေါင်းစည်းနိုင် ရန် အချိန်အတော်ကြာတော့မည် မဟုတ်ဟု သူ ထင်သည်။
"စီနီယာစီတူ၊ ကျွန်တော် ဆရာအတွက် နည်းနည်း စိတ်ပူနေတယ်။ ဒါကြောင့်, ကျွန်တော် ဓားမြှုပ်နှံခြင်းတောင်တန်းထဲဝင်နိုင်ဖို့ နည်းလမ်းရှာမယ်လို့ စီစဉ်ထားတယ် " ချင်ယွင်က စီတူဝူဒီကို ပြောသည်။
'"ငါလည်း ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ကို သွားပြီးတော့ ခဏလောက် တံခါးပိတ် ကျင်ကြံဦးမယ်လို့ စီစဉ်ထားတယ်။ နတ်ဘုရားတစ်ပိုင်းတွေဟာ နတ်ဘုရား ကမ္ဘာထဲမှာ ခြေတစ်လှမ်းလှမ်းဖို့တောင် မစွမ်းနိုင်ဘူး။ မင်း မင်းရဲ့ဆရာကို ရှာတွေ့ပြီးရင် ငါ့ဆီ သတင်းဖို့လည်း မမေ့နဲ့နော်။" စီတူဝူဒီက ချင်ယွင်ကို ခေါင်းညိတ်ပြီး ပြောသည်။
ချင်ယွင်၏ လျင်မြန်သော တိုးတက်မှုက စီတူဝူဒီကို များစွာ သက်ရောက်မူရှိနေသည်။
ဤအချိန်ကာလအတွင်း နတ်ဘုရားကမ္ဘာ၌ ကျင်လည်ပြီးနောက်၊ သူသည် သူ၏ ခန္ဓာကိုယ်ကို ၈၀ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီးသော်လည်း၊ သူသည် နတ်ဘုရားကမ္ဘာ တွင် အဆင့်နိမ့် တည်ရှိမူ ဖြစ်နေဆဲပင်။ နတ်ဘုရားတစ်ပိုင်းများကို မဆိုထားနှင့်၊ အစောပိုင်း ကြယ်နတ်ဘုရားများပင်လျှင်, ပိုကောင်းမည် မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်နှင့်အတူ ရှေးဟောင်းတာအိုကို ရှာဖွေရန် သူ မတောင်းဆိုခဲ့ပေ။
"ကောင်းပြီလေ” ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
"သခင်, ဒါဆို ကျွန်တော်လည်း သခင်နဲ့အတူ လိုက်ခဲ့မယ်လေ" ထိုအချိန်တွင် လီဟောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည် "မင်း မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်ကို ပြီးမြောက်သွားပြီ။ ဆိုတော့, မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ကို သွားလိုက်ပါ။ ဒါပေမယ့်, မင်းအနေနဲ့ လွှင့်မျော နှင်းမြို့တော်ကို သွားပါလို့ ငါ အကြံပေးချင်တယ်။ မင်း အကြီးအကဲလင်းနဲ့ တွေ့ရင် ငါက မင်းကို မိတ်ဆက်ပေးတယ်လို့ ပြောလိုက်ပါ။ သူက မင်းကို သေချာပေါက် ဂရုစိုက်ပါလိမ့်မယ်"
ချင်ယွင်၏စကားကို ကြားတော့ လီဟောင်သည် ချီတုံချတုံ အမူအရာတစ်ခုကို ထုတ်ဖော် လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် သူသည် ခေါင်းညိတ်လိုက်သည်။
"ဆရာ...၊ ငါကော။" လီဘက ကမန်းကတန်း မေးလိုက်သည်။ သူက ချင်ယွင်နောက်ကို သဘာဝအတိုင်း လိုက်ချင်နေသည်။
ချင်ယွင်က သူ့ကို တပည့်အဖြစ် လက်ခံဖို့ ငြင်းဆိုသော်လည်း, သူက ချင်ယွင်ကို ဆရာဟုသာ ခေါ်သည်။
'"မင်း ကောင်းကောင်းမွန်မွန် ကျင့်ကြံပြီးနေခဲ့ပါ။ မင်း အဆင့်ဖြတ်ကျော်ပြီးသွားရင်, ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ထဲကို မင်း ဝင်ရောက်နိုင်ပြီ။ အဲဒီ့မှာ ပိုမိုကောင်းမွန်တဲ့ လမ်းညွှန်မှုတွေ ရရှိနိုင်တယ်။ နောက်ပြီး, ငါက လူတစ်ယောက်ကို သွားရှာမှာ။ ဒါကြောင့် မင်းကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး။ ငါ့ ငါ့နောက်လိုက်နေလို့ ဘာအကျိုးမှမရှိဘူး”။ ချင်ယွင်က ငြင်းသည်။
ချင်ယွင်၏စကားကို ကြားတော့ လီဘ၏မျက်နှာသည် ကူကယ်ရာမဲ့ အရိပ်အယောင်၊ တွန့်ဆုတ်နေသည့်အမူအရာ ချက်ချင်း ပေါ်လာသည်။
တစ်ဖက်တွင်မူ, လီဟောင်က ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ ယခင်က သူ့ညီသည် ချင်ယွင်အပေါ် ပြင်းပြင်း ထန်ထန် အမုန်းအာဃာတ ထားခဲ့သော်လည်း၊ ယခုအခါ ချင်ယွင်ကို သူ့ထက်ပင် ပို၍ ဂရုစိုက်နေခဲ့သည်။ သို့သော်, ချင်ယွင်၏ ခွန်အားက အရာအားလုံးဆိုတာ သိသာထင်ရှားပါသည်။ ချင်ယွင်၏လမ်းညွှန်မှုကို လီဘ ရရှိခဲ့သည့် အတွက် သူလည်း အလွန်ပျော်ရွှင်မိပါသည်။
"ကောင်းပြီ၊ နှုတ်ဆက်ခဲ့တယ်။ ဂရုစိုက်ကြပါ။" ချင်ယွင်သည် စကားတစ်ခွန်းကို ထုတ်ပြောပြီးနောက်, လေထဲသို့ ပျောက်ကွယ်သွားခဲ့သည်။