အခန်း ၁၁၉၃
Vol. 80 Ch. 1193
အခန်း (၁၁၉၃) နီထိုက်စွေ့
ချင်ယွင်သည် စီတူဝူဒီ၊ အခြားသူများနှင့် လမ်းခွဲပြီးနောက်တွင် သူသည် လှည့်လည် သွားလာနေခဲ့သည်။
ဟုတ်ပါသည်။ သူ လှည့်ပတ်သွားလာနေခဲ့ပါသည်။
ဓားမြှုပ်နှံခြင်းတောင်တန်းထဲကို မည်သို့ဝင်ရမှန်း မသိသောကြောင့်, သူသည် လှည့်ပတ်သွားလာပြီး ကံစမ်းရုံသာ တတ်နိုင်ပါသည်။
သုံးရက်လုံးလုံး လှည့်လည်သော်လည်း ထိုသုံးရက်သည် အချည်းနှီး မဖြစ်ခဲပါ။ အဆုံးတွင် သူသည် သဲလွန်စအချို့ကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။
ယခုအချိန်တွင် ချင်ယွင်သည် သူလိုပင် ပြပွဲတစ်ခု ကြည့်နေသည့် လူအများအပြား ဝန်းရံနေသော လူအုပ်ကြီးထဲတွင် ရပ်နေပါသည်။
ဤလူအများစုသည် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြပြီး၊ ၎င်းတို့အနက်မှ တစ်ဦး, နှစ်ဦးက သာ အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့ကြသော်လည်း, ၎င်းတို့ အနက် တစ်ဦးတစ်ယောက်မျှ အလယ်လတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ မဟုတ်ကြပေ။
ဤလူအုပ်ကြီး ဝိုင်းရံထားသော တွင်းနက်ကြီး၏ အလယ်ဗဟိုတွင် အနှိုင်းမဲ့ ကြီးမားသော တွင်းကြီးတစ်ခု ရှိနေသည်။ ထိုတွင်းကြီးထဲမှာ လူ့အရပ်တစ်ဝက်လောက် ရှည်လျားသည့် ဧရာမ ပုဆိန်ကြီးတစ်လက် ရှိနေပါသည်။
ဤပုဆိန်ကြီးသည် လုံးဝ နက်မှောင်နေပြီး ရိုးရှင်းသော ပုံစံသင်္ကေတများဖြင့် ထွင်းထုထားသည်။ ၎င်း၏ပုံစံက နွားဦးခေါင်းပါသော နတ်ဘုရားသားရဲတစ်ကောင်နှင့်ပင် တူနေသည်။
ဤအခိုက်တန့်တွင် ပုဆိန်ကြီးသည် ထူထပ်သိပ်သည်းသော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းကို ထုတ်လွှတ်နေသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်း အငွေ့အသက်သည်လည်း လူ့အရိုးတွင်းခြင်ဆီအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် နေသည်။ မီတာတစ်ထောင် အကွာအဝေးမှ လူတိုင်းသည်ပင် အေးစိမ့်စိမ့် ခံစားမှုကို ခံစားရသည်။
၎င်းသည် အဆင့်နိမ့် နတ်ဘုရားပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းသည် ပိုင်ရှင်မရှိသော အဆင့်နိမ့် နတ်ဘုရားပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။
သို့သော်လည်း ယခုအချိန်တွင် ၎င်းကို ပိုင်ရှင်အဖြစ် အသိအမှတ် ပြုနိုင်ရန် မည်သူမျှ ရှေ့မတိုးနိုင်ပေ။ ရှေ့ကို တက်လှမ်းသွားကြသည့် လူတိုင်းသည် နတ်ဘုရားပုဆိန်ကြီးထံမှ ထုတ်လွှတ်နေသည့် သတ်ဖြတ်လိုသော ဆန္ဒကြောင့် ချေမှုန်းခံရပြီး ဖြစ်သည်။
အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးပင်လျှင် ဤနတ်ဘုရား ပုဆိန်ကြီး၏ အငွေ့အသက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ထို့ကြောင့် ပတ်ဝန်းကျင်မှ လူများသည် ဤနတ်ဘုရားပုဆိန်ကြီးကို မနာလိုဝန်တိုစွာ ကြည့်နေကြသော်လည်း၊ ၎င်း၏ပိုင်ရှင်အဖြစ် အသိအမှတ်ပြုရန် မည်သူမျှ မဆွဲထုတ်ဝံ့ ကြပေ။
"ဘယ်လောက်လောင် ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒလဲ။ ဒီပုဆိန်ကြီးပေါ်မှာ သွေးတွေ ဘယ်လောက် စွန်းထင်းနေပြီလဲ။ ဒါ့ပြင်, ဒီနတ်ဘုရားပုဆိန်ကြီး တည်ရှိနေတာ အချိန် အတော်ကြာလောက်ပြီ”။ ချင်ယွင်သည် အံ့သြသော အမူအရာဖြင့် အဝေးမှ နတ်ဘုရား ပုဆိန်ကြီးကို လှမ်းကြည့်လိုက်သည်။
"ဒီညီအစ်ကိုက တကယ်ကို အမြင်အားကောင်းတယ်။ ဒီပုဆိန်ကြီးဟာ ရှေးခေတ်က ကျန်ရစ်ခဲ့တဲ့ နတ်ဘုရားပစ္စည်းတစ်ခုဆိုတာ သေချာတယ်။" ချင်ယွင်၏ ဘေးတွင် ရပ်နေသော အဖော်တစ်ဦးသည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူသည် သူ့ကို မချီးမွမ်းဘဲ မနေနိုင်ခဲ့ပေ။
ချင်ယွင်သည် သူ့ဘေးနားရှိ လူ၏ ချီးမွမ်းသံကို ကြားသောအခါတွင်, မနေနိုင်ဘဲ ခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်မှ အမှတ်မထင် လှုပ်ခါသွားသည်။
အဘယ့်ကြောင့်ဆိုသော်, သူ့ဘေးမှာ ရပ်နေသည့် ထိုလူသည် အံဖွယ် လူသားတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ ဟုတ်ပါသည်။ သင်ကြားလိုက်ရသည့်စကားက အမှန်ဖြစ်ပါ သည်။ ထိုလူသည် တကယ့်ကို အံ့ဖွယ်လူသားတစ်ဦး ဖြစ်ပါသည်။
ထိုနွားလူသား၏ ဦးခေါင်းတွင် ရှည်လျားပြီး ကွေးညွှတ်သော ဦးချိုနှစ်ချောင်း ရှိသည်။ သူ၏ အမြင့်သည် နှစ်မီတာအထိ ရှိနေခဲ့ပြီး၊ ထိုဦးချိုနှစ်ချောင်းဖြင့်ဆို, သူသည် ၂.၅ မီတာသို့ တိုက်ရိုက် ရောက်ရှိသွားပြီ။
ထိုမျှတင်မကဘဲ၊ သူ၏ခန္ဓာကိုယ်၊ လက်မောင်းနှင့် ဦးခေါင်းကိုပင် အနက်ရောင် အမွှေးမျှင်များဖြင့် ဖုံးအုပ်ထားသည်။ ထို့အပြင် သူ၏အမွှေးများသည် အလွန်ရှည်သည်။
သူ၏နှာခေါင်းနှစ်ပေါက်သည်လည်း ထူးထူးခြားခြား ကြီးမားလှသည်။ မိခင်တစ်ယောက် ၏ ခြေချောင်းကြီးတစ်ချောင်းပင် ထည့်သွင်း၍ရသည်။ လူသားတစ်ဦး အလှအပရူထောင့် အရဆို, သူသည် ထူးထူးခြားခြား ရုပ်ဆိုးလွန်းသည်။
ချင်ယွင်သည် အရင်က သူ့ကို လူအများပြားက အက်စ်ခက်ကာဟု ခေါ်ဆိုခဲ့သည့် အကြောင်းကို ပြန်တွေးမိရင်း အော့အန်ချင်သလို ခံစားရသည်။ နောင်တွင် သူ့ကို အက်စ်ခက်ကာဟု ခေါ်ဆိုဝံ့သည့် မည်သူမဆို, နောက်တစ်ကြိမ် ခေါ်ဝံ့ပါက ဝက်လူသား ဖြစ်သည်အထိ သေချာပေါက် ရိုက်နှက်ပစ်မည်ဟု သူ၏စိတ်ထဲတွင် တေးထားလိုက်သည်။
ဤအက်စ်ခက်ကာ၏ ကျင်ကြံမှုသည် အလွန်ကောင်းမွန်ပြီး၊ သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
သို့သော် ဤအံ့ဖွယ်လူသားသည် အလွန်တရာမှ စိတ်သဘောထား ကောင်းပုံရသည်။ သူသည် ချင်ယွင်၏ ကျင့်ကြံမှု နတ်ဘုရားတစ်ပိုင်းအဆင့်တွင်သာ ရှိသောကြောင့် ချင်ယွင် ကို အထင်သေးခြင်းမရှိပေ။ ယင်းကြောင့် ချင်ယွင်သည် ဤအံ့ဖွယ်လူသားကို အထင်ကြီးမိ သည်။
ရုပ်ဆိုးသော်လည်း စိတ်နှလုံးသားမှာ ဆိုးယုတ်ခြင်း မရှိပေ။ အက်စ်ခက်ကာများသည် မဆိုးကြပါဘူး။
"မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ညီအစ်ကို အက်စ်ခက်ကာ, ဒါက လူတိုင်း မြင်နိုင်မယ်ဆိုတာ သေချာတယ်။" ချင်ယွင်က မေးလာသူကို ယဉ်ကျေးစွာ ပြောလိုက် သည်။
အကယ်၍, အခြားလူတစ်ယောက်က သူ့ကို ခြေတစ်လှမ်း လေးစားမူပေးလျှင်, သူသည် တစ်ကျန်းအထိ လေးစားမူပြန်ပေးပါမည်။ ဤအရာက သူ၏ ပုံမှန် စည်းကမ်း ဖြစ်သည်။ (zhang ဟူသည် တိုင်းတာမူကိုပြသော စကားအသုံးဖြစ်ပါသည်)။
"မျှော်လင့်ထားသလိုပဲ၊ ငါ မမှားပါဘူး။ ညီအစ်ကို, မင်းက ငါ့ရဲ့ စိတ်ဝင်စားမူကို တကယ်ကို ဖြစ်ပေါ်စေတယ်။ တခြားလူတွေအားလုံးက ငါ့ကို ကြောက်နေကြပေမယ့် မင်းတော့ မကြောက်ဘူး" ထိုအက်စ်ခက်ကာသည် ချင်ယွင်၏စကားကို ကြားသောအခါ ချက်ချင်းပင် ကြေးခေါင်းလောင်းသဲ့ကဲ့သို့ ရယ်မောရင်း ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်း လှည့်ပတ်ကြည့်လိုက်သည်။
ထိုမှသာလျှင် သူ၏ပတ်ဝန်းကျင်ရှိ လူအားလုံးသည် ၎င်းတို့နှင့် အနည်းဆုံး နှစ်မီတာ အကွာတွင် လူစုကွဲသွားကြောင်း သူ သဘောပေါက်ခဲ့သည်။
ယခင်က ချင်ယွင်၏စိတ်တစ်ခုလုံးသည် ဤနတ်ဘုရားပုဆိန်ကိုသာ အာရုံစိုက်ထားသော ကြောင့် သူ့ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို သတိမထားမိခဲ့ပေ။ အခု အက်စ်ခက်ကာ၏ စကားကိုကြားမှ, ဤအက်စ်ခက်ကာက သူ့အပေါ် အဘယ့်ကြောင့် အရမ်းကို စိတ်အား ထက်သန်နေလဲဆိုသည်ကို သူ နားလည်သွားပါသည်။ သူကိုယ်တိုင်မှလွဲပြီး, အခြား မည်သူကမှ သူနှင့်အတူ စိတ်လှုပ်ရှားစွာ စကားမပြောကြပေ။
ဤအက်စ်ခက်ကာ၏ ရုပ်ရည်အသွင်အပြင်က တကယ့်ကို ကြမ်းတမ်းရက်စက်ပုံ ပေါက်သည်ဟု ပြော၍ရပါသည်။ သူ ပုံမှန်အတိုင်း စကားပြောစဉ်မှာပင်, သူ၏ ခေါင်းလောင်းသံနှင့်ဆိုပါက မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လှသည်။
အထူးသဖြင့် သူ၏ဦးခေါင်းပေါ် ဖြစ်သည်။ ၎င်း၏ရှည်လျားသော ဦးချိုများကို ချိုးဖျက်ပြီး အခြားလူများ၏ မျက်လုံးထဲသို့ ထိုးဖောက်သွားလေမလားဟုပင် ချင်ယွင် မနေနိုင်ဘဲ တွေးမိသွားသည်။ ဤဦးချိုများသည် ရိုးရှင်းသည့် လက်နက်တစ်ခုဖြစ်ပြီး၊ သူ့ကို မည်သူမှ စကားမပြောရဲကြပါဘူး။
"ဖန်း…။
အက်စ်ခက်ကာသည် ချင်ယွင်၏ ပခုံးကို မနှိုင်းနိုင်အောင်ထူထပ်သော လက်ဖဝါးကြီးဖြင့် ပုတ်ချလိုက်သည်။ ချင်ယွင်သည် ချက်ချင်းပင် သူ၏ပခုံး နစ်ဝင်သွားသည်ကို ခံစားလိုက်ရသည်။
ဤအက်စ်ခက်ကာ၏ စွမ်းအားသည် အလွန်ကို ကြောက်စရာကောင်းသည်။ ချင်ယွင်သည် ယခုအခါ နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ် အခြေအနေတွင် မရှိသော်လည်း၊ သာမန် အလယ်လတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင် သူ၏ နတ်ဘုရား ခန္ဓာကိုယ်ကို လှုပ်ခါရန် အလွန်ခက်ခဲနေပါသေးသည်။ သို့သော်လည်း အက်စ်ခက်ကာ၏ ညင်သာစွာ ပုတ်ခတ်မှုနှင့်အတူ ချင်ယွင်သည် သူ၏အရိုးများ ကျိုးတော့မည်ကို ခံစားခဲ့ရသည်။
ဤအက်စ်ခက်ကာသည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ထားသူတစ်ဦး ဖြစ်သည်ဟု ချင်ယွင် ခန့်မှန်းလိုက်သည်။ သူသည် အစောပိုင်း ကြယ်ဖင်းဂေါ့နယ်ပယ်သို့ ရောက်ရှိနေပုံရသည်။
ယင်းက ချင်ယွင်သည် ညီအစ်ကို အက်စ်ခက်ကာနှင့် ပတ်သက်၍ ပို၍ပင် မြင့်မြင့်မားမား ခံစားရစေသည်။ အကယ်၍ သူသည် အက်စ်ခက်ကာကို တိုက်ခိုက်မည်ဆိုပါက မည်သူက အနိုင်ရမည် သို့မဟုတ် ရှုံးနိမ့်မည်ကို ပြောရခက်ပါသည်။
"ညီအစ်ကို၊ ငါ့နွားအိုကြီး နာမည်က နီထိုက်စွေ့ပါ။ မင်းနာမည်က ဘယ်လိုခေါ်လဲ" ချင်ယွင်ကို ကြည့်ရင်း မေးလိုက်သည် ။
ဤနာမည်ကို ကြားသောအခါ ချင်ယွင်၏ပါးစပ်ထောင့်စွန်းက တွန့်သွားခဲ့သည်။ နီထိုက်စွေ့လား..?။ ဒီနာမည်က သူ့ရုပ်ရည်အသွင်အပြင်နှင့် အမှန်တကယ် ထိုက်တန်ပါ သည်။
"ငါ့နာမည်က ချင်ယွင်ပါ။ ညီအစ်ကိုနီ" ချင်ယွင်က ပြန်ဖြေသည်။
"ဒါဆို ညီအစ်ကို ချင်ပေါ့။ ဒီနေ့ကစပြီး, ညီအစ်ကိုချင်၊ မင်းက ငါ့ညီကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။ နောင်အနာဂတ်မှာ တစ်စုံတစ်ယောက်က မင်းကို အနိုင်ကျင့်ရဲရင်, မင်းက ငါနီထိုက်စွေ့ရဲ့ နာမည်ကို တိုက်ရိုက် ပြောလိုက်ကွာ။ နောက်ပိုင်း, မင်း သေတဲ့အထိ အရိုက်မခံရဘူးလို့တော့ ငါ ကတိပေးတယ်။" ညီအစ်ကိုနီယူက နှာခေါင်းရှုံ့ပြီး၊ အော်ပြောလိုက်သည်။
ချင်ယွင်က ရှက်ရွံ့စွာ ပြုံးပြပြီး, သူ၏ခေါင်းထဲတွင် မြင်ကွင်းတစ်ခုကို ထပ်ဖြည့်ပြီး မြင်ကြည့်မိသည်။
သူသည် အခြားတစ်ယောက်နှင့် တိုက်ခိုက်သော်လည်း, သူတို့ကို အနိုင်မယူနိုင်သော ကြောင့် နီထိုက်စွေ့၏အမည်ကို ပြောရမည်။ ယင်းက သူ့အတွက် စိတ်ကူးမယဉ်နိုင်ပေ။
သို့သော်လည်း ချင်ယွင်က ကျေးဇူးတင်စကား ပြောလိုက်ပါသည်။ "ဒါဆိုလည်း, ကျေးဇူးတင်ပါတယ် ညီအစ်ကိုနီ"
"ဟား..ဟား၊ ညီးအစ်ကိုချင်က ငါ့ကို တကယ်ပဲ ခံတွင်းတွေ့စေတယ်ကွာ။ မင်းနဲ့ စကားပြောရတာ အရမ်းပျော်ဖို့ကောင်းတယ်" နီထိုက်စွေ့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ချင်ယွင်က ပြုံးလိုက်သော်လည်း၊ သူ၏စိတ်ထဲတွင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။
သူသည် တော်ညီအစ်မတို့ကို ထူးထူးခြားခြား မှတ်မိသည်။ ဖြစ်နိုင်တာက, ဤနီထိုက်စွေ့ သည် ထိုတော်ညီအစ်မကဲ့သို့ ကံကြမ္မာက ဖန်တီးပေးလိုက်တာများလား?။
သေချာပါသည်။ အက်စ်ခက်ကာ၏ နောက်ထပ် စကားလုံးတွေကြောင့် ချင်ယွင်၏ အတွေးများလည်း လျင်မြန်စွာ ရပ်တန့်သွားခဲ့သည်။
ထိုအက်စ်ခက်ကာသည် ချင်ယွင်၏နားအနားတွင် ပါးစပ်ကြီးကို ကပ်ထားကာ လျှို့ဝှက်စွာ ပြောလိုက်သည် "ညီအစ်ကို ချင်၊ ဒီပုဆိန်ကြီး ဘယ်ကလာလဲဆိုတာ မင်း သိလား?"။
ချင်ယွင်သည် သူ၏နားစည်များ ကွဲအက်သွားတော့မည်ဟုပင် ချက်ချင်း ခံစားလိုက်ရပြီး သူ၏စိတ်ထဲတွင် ကျိန်ဆဲချင်လာသည်။
“ခင်ဗျားရဲ့ ကျယ်လောင်တဲ့အသံကြီးနဲ့ဆို, ဆယ်ကီလိုမီတာ အကွာအဝေးအတွင်း တီးတိုး တီးတိုးပြောရင်တောင် ဘယ်သူမဆို ကြားနိုင်တယ်။ တကယ်လို့ တိုးတိုးတိတ်တိတ် ပြောချင်ရင်လည်း အသံပို့လွှတ်ပြီး ပြောလို့မရဘူးလား?”။
သေချာသည်မှာ, ချင်ယွင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး တကယ်ကို တွယ်ကပ်မနေတော့ ပါဘူး။ အဘယ့်ကြောင့်ဆိုသော်, သူ၏စိတ်ကို အက်စ်ခက်ကာ၏ စကားလုံးတွေက လုံးလုံး လျားလျား စွဲဆောင်သွားသောကြောင့် ဖြစ်ပါသည်။
"ဘယ်ကနေ ရောက်လာတာလဲ?။" ချင်ယွင်က တစ်စုံတစ်ခုကို ရိပ်စားမိပြီး ခန့်မှန်းမိနေ သော်လည်း သူက ဆက်မေးလိုက်သေးသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ အက်စ်ခက်ကာသည် ချင်ယွင်၏ နားဆီသို့ တစ်ဖန် ပြန်စောင်းပြီး "ဓားမြှုပ်နှံခြင်းတောင်တန်း၊ ဒီပုဆိန်ကြီးက ဓားမြှုပ်နှံခြင်း တောင်တန်းက နေ ရောက်လာတာပဲ" ဟု အော်ပြောလိုက်ပါသည်။