← Chapters

အခန်း ၁၁၉၄

Vol. 80 Ch. 1194

အခန်း ၁၁၉၄

Vol. 80 Ch. 1194

အခန်း (၁၁၉၄) ရှေးဟောင်းနတ်ဘုရားပုဆိန်

နီထိုက်စွေ့၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သဖြင့် ပတ်ဝန်းကျင်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ပြလာသည်။ သူသည် တစ်စုံတစ်ခုကို ဖျတ်ခနဲ ရိပ်စားမိပြီး ဖြစ်သော်လည်း နီထိုက်စွေ့၏ စကားကို ကြားသောအခါ အနည်းငယ် အံ့သြမိသေးသည်။

"ညီအစ်ကို နီ၊ ဒီနတ်ဘုရားပုဆိန်ကြီးက ဓားမြုပ်နှံခြင်းတောင်တန်းကနေ ဆင်းသက်လာ တာကို ဘယ်လိုသိတာလဲ?။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

အကယ်၍ ဤနတ်ဘုရားပုဆိန်ကြီးသည် ဓားမြုပ်နှံခြင်းတောင်တန်းမှ အမှန်တကယ် ရောက်လာပါက၊ သူသည် သဲလွန်စအတိုင်း လိုက်ကာ ဓားမြှုပ်နှံခြင်းတောင်တန်း၏ ဝင်ပေါက်ကို ရှာတွေ့ကောင်း ရှာတွေ့နိုင်မည် ဖြစ်သည်။

"ဟုတ်တာပေါ့။ ငါမျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့တာလေ။ လေဟာနယ်ထဲမှာ ဝဲဂယက်ကြီး တစ်ခု ပေါ်လာတာကို ငါ့မျက်လုံးတွေနဲ့ ကိုယ်တိုင် မြင်ခဲ့တယ်" ပြီးတော့ ဒီပုဆိန်ကြီးဟာ အဲဒီဝဲဂယက်ထဲကနေ ပျံထွက်လာတယ်။ ဝဲဂယက်ကြီး ပေါ်လာတာ ခဏလေးဆိုပေမယ့် ဝဲဂယက်ကြီးရဲ့ နောက်ကွယ်က ပြင်းထန်တဲ့ သတ်လိုစိတ်တွေ ပြည့်နှက်နေတဲ့ ထူထပ်ကမ္ဘာတစ်ခု ရှိနေတုန်းလို့ပဲ ငါ ခံစားမိတယ်။ ဓားမြုပ်နှံခြင်းတောင်တန်းက လွဲပြီး၊ ဒီဝူဝမ်တောင်တန်းနယ်မြေမှာ အခြားဘယ်နေရာမှာရော ဒီလောက် ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒတွေ ရှိနေမှာလဲ?" နီထိုက်စွေ့က ကျယ်လောင်သော အသံဖြင့် ဆက်ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏မျက်လုံးများသည် ရုတ်တရက် စူးရှလာသည်။

အကယ်၍, နီထိုက်စွေ့ပြောသည့် စကားအတိုင်းသာ အမှန်ဖြစ်နေခဲ့လျှင်၊ ထိုစကားအရဆို, ဓားမြုပ်နှံခြင်းတောင်တန်းသို့ ဝင်ပေါက်သည် အရင်က ဒီနေရာမှာ အမှန်တကယ် ပေါ်လာဖူးလိမ့်မည်။ ဤနတ်ဘုရားပုဆိန်ကြီးလည် ရှေးဟောင်းနတ်ဘုရားများ သေဆုံးပြီး နောက် ကျန်ရစ်ခဲ့သည့် အရာတစ်ခု ဖြစ်သင့်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဤနတ်ဘုရား ပုဆိန်ကြီးကို ဓားမြုပ်နှံခြင်းတောင်တန်းကနေ စွန့်ထုတ်ပစ်လိုက်သည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာငြောင်းခဲ့သော်လည်း၊ ဤပုဆိန်ကြီးအတွင်းမှာ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က ကျန်ရစ်နေဆဲ ဖြစ်သည်။ ဤကြောက်မက်ဖွယ် စွမ်းအားကို သာမန်လူများသည် အမှန်တကယ် ခုခံနိုင်စွမ်း မရှိကြပေ။ ဤပုဆိန်ကြီး အနား ကပ်သွားသူမှန်သမျှ, ပုဆိန်ကြီး၏ နတ်ဘုရားတန်ခိုးကြောင့် သေဆုံးခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်းများ ကြုံတွေ့ကြရသည်။

၎င်း၏ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခြင်းကို အသာထား၊ ၎င်းအနီးသို့ ကပ်ရောက်ရန်ပင် အလွန် ခက်ခဲနေသည်။

"ရှေးဟောင်း နတ်ဘုရားပစ္စည်း, ငါ လိုချင်တယ်" ထိုအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာပြီး၊ တာအိုလူငယ်တစ်ဦးသည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

ဤပုဆိန်ကြီးသည် အဆင့်နိမ့် နတ်ဘုရားပစ္စည်းတစ်ခုသာ ဖြစ်သော်လည်း၊ ၎င်းသည် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သောကြောင့် ၎င်း၏စွမ်းအားသည် သာမန်အဆင့်နိမ့် နတ်ဘုရားပစ္စည်း တော်တော်များထက် များစွာပို၍ အားကောင်းပါသည်။ သဘာဝအတိုင်း၊ လူအချို့သည် သွေးဆောင်ခံရပြီး၊ ဤလူငယ်သည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။

လူငယ်က အရပ်မရှည်ပါဘူး။ သူသည် အဖြူရောင်၀တ်စုံကို ဝတ်ဆင်ထားပြီး၊ သူ့ပုံစံက ကျင့်ကြံသူတစ်ဦးနှင့် တူသည်။ သူ၏ ကျင့်ကြံမှုသည် အစောပိုင်း ကြယ်နတ်ဘုရား နယ်ပယ်တွင် ရှိနေသော်လည်း၊ ခင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းကို ကျင့်ကြံထားခြင်း မရှိပေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် ကြယ်နတ်ဘုရားအဆင့်သို့ မဖြတ်ကျော်နိုင်သေး ပေ။ သူသည် သာမန် အစောပိုင်း ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများထက် အနည်းငယ်သာ ပိုသန်မာပါသည်။

အနီးနားရှိ လူအုပ်ကြီးသည် လူငယ်လေး လမ်းလျှောက်ထွက်သွားသည်ကို မြင်သောအခါ, သူ့ကို မည်သူမျှ ထွက်ပေါ်လာခြင်း မရှိပေ။ ယင်းအစား, သူတို့သည် ပြဇာတ်တစ်ခုအား ကြည့်ရှုနေပုံရသည်။

ထင်ရှားသည်မှာ၊ သူတို့ရှေ့မှ ဤလူငယ်သည် ဤနတ်ဘုရားပုဆိန်ကို ဖိနှိပ်နိုင်မည်ဟု မည်သူမျှ မခံစားမိကြပါ။ နောက်ဆုံးတွင်၊ ယခင်က အစောပိုင်း ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ၎င်းကို စမ်းသပ်ရန် ခြေချခဲ့ပြီးဖြစ်သည်။ သို့သော်၊ သူသည် နတ်ဘုရားပုဆိန်ကြီးနှင့် မီတာတစ်ရာအကွာသို့ပင် မရောက်ရှိဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်ပြန် လွင့်ထွက်သွားခဲ့ရသည်။

"ဟား…၊ ဟား၊ ဒီကောင်ငယ်လေးက နတ်ဘုရားပုဆိန်ကြီးကို လှုပ်ခါချင်နေသေးတယ်။ တကယ်လို့, သူသာ နတ်ဘုရားပုဆိန်ကြီးကို လှုပ်ခါနိုင်ရင် ငါနွားအိုကြီးနီ သူ့ရဲ့ စီးတော်ယာဉ်တောင် ဖြစ်ပေးဉီးမယ်" နီထိုက်စွေ့က ချင်ယွင်ကို ကျယ်လောင်စွာ ရယ်မောလိုက်သည်။

အထူးသဖြင့် သူ့အသံက ကျယ်လောင်လွန်းသောကြောင့် သူ ထိုစကားပြောလိုက်သော အခါ, လူငယ်အပါအဝင် ပရိသတ်အားလုံးက သူ၏စကားကို ကြားနေရသည်။

လူငယ်လေး၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ သူသည် နွားဦးခေါင်းနှင့် ထွားကျိုင်းသန်မာသော လူကြီးကို တစ်ချက်ကြည့်ပြီး မျက်နှာသာပြန်ရယူရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပုဆိန်ကြီးဆီသို့ ပျံသန်းသွား စဉ် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူသည် ထိုအံဖွယ်လူသားကို ထိပ်တိုက် ရင်မဆိုင်ဝံ့သော်လည်း၊ သူ့နှလုံးသားထဲမှာ မာန်မာနရှိနေတုန်းပင်။ ထို့ကြောင့်၊ သူသည် နတ်ဘုရားပုဆိန်ကြီးကို လှုပ်ခါနိုင်ကြောင်း သူ၏လုပ်ဆောင်ချက်ဖြင့် သက်သေပြရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်ရောက် လျှင်, ထိုအံ့ဖွယ်လူသားကြီးသည် သူပြောခဲ့သည့်အတိုင်း ထည့်တွက်ခြင်း ရှိမရှိကို သူ ကြည့်ချင်မိသည်။

အမှန်တကယ်တော့, ချင်ယွင်သည် ထိုအခိုက်တန့်တွင် ခေါင်းကို တစ်ချက်ခါယမ်းလိုက် သည်။ ဤလူငယ်သည် နတ်ဘုရားပုဆိန်ကို ရယူရန် မဖြစ်နိုင်ကြောင်းကို သူလည်း သူခံစားမိသည်။ နီထိုက်စွေ့သည် သူ့ကို လှောင်ပြောင်ရာတွင် အလွန်တရာ ရိုင်းစိုင်းရာကျ သည်။ အနှေးနှင့်အမြန်ဆိုသလို, သူသည် ထိုလူငယ် ရိုက်နှက်ခံခြင်းမှ ကာကွယ်နိုင်ရန် သူ့ကို တားဆီးသင့်ပေသည်။

အက်စ်ခက်ကာများသည် နှိမ့်ချသော အသွင်အပြင်ကို သိမ်းထား၍ မရနိုင်ဘူးလား?။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးကာ လူငယ်ကို ဆက်လက် ကြည့်နေ သည်။

ထိုအချိန်တွင်၊ လူငယ်သည် မီတာ ၈၀၀ အကွာသို့ ပျံသန်းနေပြီဖြစ်ပြီး နတ်ဘုရားပုဆိန်နှင့် မီတာ ၂၀၀ သာ ဝေးပါတော့သည်။

ဘန်း…။

လူငယ်သည် နတ်ဘုရားပုဆိန်ကြီးနှင့် မီတာတစ်ရာသာသာ ကွာဝေးသည့်အခိုက်မှာ, ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးက နတ်ဘုရားပုဆိန်ကြီးမှ ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ ကြောက်မက်ဖွယ် အနက်ရောင် ပုဆိန်ကြီးအလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ လူငယ်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

လူငယ်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ခုခံကာကွယ်ရန် သူ၏နတ်ဘုရား တန်ခိုး အားလုံးကို အလျင်အမြန် စုဆောင်းလိုက်ပါသည်။

"ဘုန်း..”။

လူငယ်၏ နတ်ဘုရားတန်ခိုးဖြင့် ဖွဲ့စည်းထားသော အကာကွယ် ဒိုင်းသည် ချက်ခြင်း ကွဲအက်သွားကာ ပုဆိန်အလင်းတန်းသည် သူ့ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွား ပြီး၊ သူ့ကို ချက်ချင်းပင် လွင့်ပျံသွားစေသည်။

ထိုအချိန်တွင် သူ၏ ရင်ဘတ်သည် အနက်ရောင် ပုဆိန်အလင်းတန်းကြောင့် ကွဲသွားပြီး၊ တစ်ခြမ်းကွဲ လုနီးပါးပင် ဖြစ်နေသည်။

လူငယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ သူ၏ နတ်ဘုရားခန္ဓာကိုယ် သည် ပြင်းထန်စွာ ပျက်စီးသွားခဲ့ပြီး၊ ပါးစပ်မှ သွေးများ အန်လာသည်။

ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်တော့ တွေဝေမိန်းမောသွားကြပါသည်။

ထိုအချိန်တုန်းက ဤနတ်ဘုရားပုဆိန်ကြီး၏ ပိုင်ရှင်သည် မည်မျှ တန်ခိုးကြီးလိုက်သ နည်း?။ ယခုလို ပိုင်ရှင်မရှိသည့် နတ်ဘုရားပစ္စည်းတစ်ခုဖြစ်နေချိန်မှာတောင် ဤမျှ ကြောက်စရာကောင်းသော နတ်ဘုရားတန်ခိုးဖြင့် တိုက်ခိုက်နိုင်ရန်အတွက် လူပေါင်း မည်မျှ သတ်ဖြတ်ခဲ့သနည်း?။

ချင်ယွင်လည်း စိတ်ခံစားချက် အပြည့်ရှိနေသည်။ အဆင့်သတ်မှတ်ချက်အရဆို, ချင်ယွင်၏ မဟူတိမ်တိုက်ပိုးထည်လက်အိတ်သည် ဤနတ်ဘုရားပုဆိန်ကြီးထက် များစွာ မြင့်မားသော်လည်း ရက်စက်မှုအရဆို, ဤနတ်ဘုရားပုဆိန်ကြီးသည် သူ၏ မဟူတိမ်တိုက်ပိုးထည် လက်အိတ်ထက် များစွာ ကြောက်စရာကောင်းနေသည်။

"ညီအစ်ကို နီ၊ မင်း ဒီနတ်ဘုရားပုဆိန်ကို မလိုချင်ဘူးလား?။ မင်း ဘာလို့ မကြိုးစားကြည့် တာလဲ?" ချင်ယွင်က နီထိုက်စွေ့ကို ပြောသည်။

အမှန်တော့၊ နီထိုက်စွေ့သည် ဤနတ်ဘုရားပုဆိန်ကြီးကို အလွန်စိတ်ဝင်စားနေကြောင်း သူ သတိပြုမိပြီး ဖြစ်သည်။ သို့သော်လည်း သူသည် တချိန်လုံး ဘေးမှ စောင့်ကြည့်နေခဲ့ပြီး၊ တိုက်ခိုက်ရန် သူ၏စိတ်က မဆုံးဖြတ်နိုင်ခဲ့ပေ။ သူသည် ဤနတ်ဘုရားပုဆိန်ကြီး၏ တန်ခိုးကို အနည်းငယ် ကြောက်နေပုံရသည်။

ထိုအခိုက်တန့်တွင်, သူသည် ချင်ယွင်၏စကားကို ကြားလိုက်ရသောအခါ, သူ၏ မျက်လုံးထဲတွင် လောင်ကျွမ်းနေသည့် အပူမီးများ ချက်ချင်း ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သူက အံတင်းတင်းကြိတ်ကာ "ကောင်းပြီ ညီအစ်ကိုချင်၊ ငါ မင်းစကား နားထောင်လိုက်မယ်။ ဒီနတ်ဘုရားပုဆိန်ကြီးကို ခဏလောက် သွားစမ်းကြည့်ဦးမယ်" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့်, နီထိုက်စွေ့သည် လူအုပ်ထဲက လျှောက်ထွက်လာသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက မြေပြင်ကို တုန်လှုပ်သွားစေပြီး၊ ရှည်လျားသော အနက်ရောင် ဦးချိုကြီးများသည် နေရောင်ထဲတွင် ပို၍ပင် နက်မှောင်တောက်ပလာသည်။

အနီးနားရှိလူများသည် နီထိုက်စွေ့ လှုပ်ရှားတော့မည်ကို မြင်သောအခါ၊ သူတို့အားလုံး မျှော်လင့်နေသည့် အမူအရာကိုယ်စီ ထုတ်ဖော်လာကြသည်။ ဒီလူအုပ်စုထဲမှာ ထိုနတ်ဘုရားပုဆိန်ကို ရနိုင်ခြေအရှိဆုံးလူက ဤအက်စ်ခက်ကာ တစ်ယောက်သာ ရှိပါသည်။

နောက်ဆုံးတွင်၊ သူ၏ကျင့်ကြံမှုသည် လက်ရှိလူများကြားတွင် အပြင်းထန်ဆုံး ဖြစ်သည်။ အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်မှာပင်၊ သူသည် ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူများနှင့် သေချာပေါက် ယှဉ်နိုင်လောက်သည်။ အက်စ်ခက်ကာများ၏ အစွမ်းထက်သော နတ်စွမ်းရည်များအပြင်၊ သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပါသည်။

အဝေးမှ ပြင်းထန်စွာ ဒဏ်ရာရနေသော လူငယ်သည် နီထိုက်စွေ့ ထွက်သွားသည်ကို မြင်လိုက်ရလျှင်, သူ၏မျက်လုံးများသည် အုံ့မှိုင်းနေသည့် အရိပ်အယောင်များဖြင့် တဖျတ်ဖျတ် ခတ်နေသည်။ နီထိုက်စွေ့သည် နတ်ဘုရားပုဆိန်ကြီးကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားစေရန် သူ၏စိတ်ထဲတွင် ကျိန်စာတိုက်နေခဲ့သည်။

"မူး…”။

နီထိုက်စွေ့သည် သူ့နှာခေါင်းပေါက်ထဲက အစိမ်းရောင် အခိုးအငွေ့ နှစ်လုံးကို မှုတ်ထုတ် လိုက်ပြီး တိုးတိုးလေး ညည်းတွားလိုက်သည်။ သူ့အသံက မိုးခြိမ်းသံကဲ့သို့ပင်။

"ဘုန်း…”။

နီထိုက်စွေ့သည် နွားရူးတစ်ကောင်ကဲ့သို့ ဧရာမ ပုဆိန်နက်ကြီးဆီသို့ ပြေးသွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။

သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် မြေကြီးကို တုန်လှုပ်စေပြီး သူ၏ခြေဖဝါးအောက် မှ မြေဆီလွှာတွေ ပြိုကျသွားသည်။

သူ၏ အငွေ့အသက်သည် နွားတစ်ကောင်နှင့်တူပြီး ကောင်းကင်ယံတိုင် ပျံတက်သွားခဲ့ သည်။ ၎င်းသည် နီထိုက်စွေ့ သူ့ကိုယ်သူ အတိအကျ ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ချင်ယွင်သည်လည်း သူ၏မျက်နှာပေါ်တွင် သိချင်စိတ် ပြင်းပြစွာဖြင့် ပြေးလွှားနေသော နီထိုက်စွေ့ကို စိုက်ကြည့်နေသည်။ နီထိုက်စွေ့သည် နတ်ဘုရားပုဆိန်ကြီး၏ စွမ်းအားကို ခံနိုင်ရည်ရှိပြီး နတ်ဘုရားပုဆိန်ကြီးကို အောင်မြင်စွာ ရယူနိုင်ခြင်း ရှိမရှိ သူ အမှန်တကယ် သိချင်နေခဲ့သည်။

All Chapters