← Chapters

အခန်း ၁၁၉၅

Vol. 80 Ch. 1195

အခန်း ၁၁၉၅

Vol. 80 Ch. 1195

အခန်း (၁၁၉၅) မီတာကိုးရာအကွာအဝေး

"ဘုန်း..”။

နီထိုက်စွေ့သည် ရှေ့သို့ အမြန်ပြေးသွားခဲ့ပြီး မီတာ ၉၀၀ အကွာကို အသက်တရှိုက်အတွင်း ရောက်ရှိသွားခဲ့သည်။

နတ်ဘုရားပုဆိန်ကြီးမှ ထုတ်လွှတ်သော နတ်ဘုရားတန်ခိုးသည် သူ၏တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ပြန့်ကျဲသွားကာ၊ မီတာတစ်ရာအကွာနှင့် တံတွေးတခါထွေး အကွာဝေး ရောက်သည်အထိ ၎င်း၏အရှိန်ဟုန်မှာ လုံးဝ နှေးကွေးသွားခြင်း မရှိခဲ့ပေ။

ဘန်း..။

သေချာပါသည်။ သူသည် နတ်ဘုရားပုဆိန်ကြီးနှင့် မီတာတစ်ရာသာ ကွာဝေးတော့သည့် အချိန်မှာ, အနက်ရောင်ပုဆိန်ကြီးဆီမှ ကြောက်စရာကောင်းသော အသံတစ်ခု ထွက်ပေါ် လာပါသည်။ ထို့နောက် နတ်ဘုရားပုဆိန်ကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပြင်းထန် သော ပုဆိန်အလင်းရောင်သည် နီထိုက်စွေ့ဆီသို့ ကျရောက်သွားခဲ့သည်။

ပုဆိန်၏အလင်းရောင်သည် မှင်ကဲ့သို့ နက်မှောင်နေပြီး၊ ၎င်းသည် နှိုင်းစာ၍မရအောင် အစွမ်းထက်သည့် သတ်ဖြတ်လိုသည့် အငွေ့အသက်ကို သယ်ဆောင်လာသည်။

တခဏချင်းမှာပင်, ၎င်းသည် မီတာတစ်ရာအကွာအဝေးအထိ ကျယ်ပြန့်သွားခဲ့ပြီး နီထိုက်စွေ့ဆီသို့ ဖြတ်သန်းသွားသည်။

နီထိုက်စွေ့သည် လွင့်ပျံလာနေသော ပုဆိန်အလင်းတန်းကို ကြည့်လိုက်ရင်း, သူ၏ မျက်လုံးထဲတွင် ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာသည်။

"မူး!"

နီထိုက်စွေ့သည် ကြောက်မက်ဖွယ်ရာ ဟစ်ကြွေးသံကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံး အနက်ရောင် နွားသိုးကြီး ဖြစ်သွားသည်။ အနက်ရောင် အလင်းတန်း သည် သူ့တစ်ကိုယ်လုံးမှ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး၊ အနက်ရောင် ပုဆိန် အလင်းတန်းနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

"ဘုန်း…။

အပြင်းအထန် တိုက်မိခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အသံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ၊ ဖုန်မှုန့်များ လွင့်ပျံတက်ပြီး မုန်တိုင်းတစ်ခုက အရပ်မျက်နှာ အသီးသီးသို့ မြင့်တက်သွားခဲ့သည်။

လူတိုင်း စူးစူးဝါးဝါး စိုက်ကြည့်နေကြရင်း အံ့အားသင့်သွားကြသည်။ သူတို့သည် နီထိုက်စွေ့၏ ချောမောခန့်ညားသော ရုပ်အသွင်ပြင်ကြီး နောက်ပြန် လွင့်ထွက်သွားသည် ကို သူတို့ မတွေ့ခဲ့ကြပေ။

နီထိုက်စွေ့၏ နဖူးတွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ရှိနေသည်။ သူသွေးတွေက တဒဟော စီးကျနေပြီး၊ ရှည်လျားသောဉီးချိုသည် အလယ်တစ်ဝက်မှ ပျောက်ကွယ်သွား ခဲ့ပြီ။ သို့သော်, သူ၏ခန္ဓာကိုယ်သည် နောက်သို့ ခြေတလှမ်းမှ မဆုတ်ခဲ့ပေ။

"ဒါကို ပိတ်ဆို့ထားတယ်။ သူက ဒါကို တကယ်ပဲ ပိတ်ဆို့ထားတာလား။"

အဝေးက လူတွေအားလုံး အလန့်တကြား အော်ဟစ်ကြသည်။ နီထိုက်စွေ့ကို ကြည့်နေ သည့် သူတို့၏ အကြည့်များက လေးစားမူအပြည့် ရှိလာကြသည်။ နီထိုက်စွေ့သည် မြင့်မားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသော်လည်း ဤပုဆိန်ကြီးကို တားဆီးနိုင်ခဲ့သည်မှာ မယုံနိုင်လောက်အောင်ပင် အစွမ်းထက်နေပြီ ဖြစ်သည်။

ခပ်လှမ်းလှမ်းမှ လူငယ်၏ အမူအရာမှာ လွန်စွာမှ အုံ့မှိုင်းနေ၏။ နီထိုက်စွေ့သည် နတ်ဘုရားပုဆိန်ကြီး၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ချင်ယွင်ကတော့ ဤအရာကို သိပ်ပြီး မအံ့သြပါဘူး။ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်၏ ခွန်အားသည် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်သည်။ ထို့အပြင် နီထိုက်စွေ့သည် ထူးချွန်သူတစ်ဦး ဖြစ်သည်။ သူ၏ဦးချိုများသည် နတ်ဘုရားပစ္စည်းများကဲ့သို့ မာကျော၏။ ဤနတ်ဘုရား ပုဆိန်ကြီး တိုက်ခိုက်မှုကို သူ ခံနိုင်ရည်ရှိသည်မှာ အံ့သြစရာမ ဟုတ်ပေ။

သို့သော်၊ ဤနတ်ဘုရားပုဆိန်ကြီး တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးနိုင်ခြင်းသည် နတ်ဘုရား ပုဆိန်ကြီးကို ရရှိနိုင်မည်ဟု မဆိုလိုပါ။ အဆုံးတွင်၊ သူ၏သခင်အဖြစ် နတ်ဘုရား ပုဆိန်ကြီးကို အမှန်တကယ် အသိအမှတ်ပြုနိုင်မလားဆိုသည်မှာ နီထိုက်စွေ့၏ ကံကြမ္မာ အပေါ် မူတည်နေပါသည်။

ဘန်း…။

နီထိုက်စွေ့သည် ဧရာမပုဆိန်ကြီးဆီသို့ နောက်တကြိမ် ပျံသန်းသွားပြန်သည်။

မီတာတစ်ရာ အကွာအဝေးသည် မျက်စိတစ်မှိတ်အတွင်းသာ ရှိပါသည်။ နတ်ဘုရား ပုဆိန်ကြီးထံမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျ လှိုင်းများကို နီထိုက်စွေ့က ဟန့်တားထားနိုင်ခဲ့ပြီး၊ ၎င်းသည် နီထိုက်စွေ့ကို များစွာထိခိုက်စေမည် မဟုတ်ပေ။ ထို့ကြောင့် နီထိုက်စွေ့သည် နတ်ဘုရားပုဆိန်ဘေးတွင် ချက်ချင်း ပေါ်လာသည်။

ပုဆိန်ကြီးရှေ့သို့ နီထိုက်စွေ့ ရောက်ရှိလာသည်နှင့် တပြိုင်နက် သူ့မျက်လုံးများသည် ပုဆိန်ကြီးလက်ကိုင်ကို ကိုင်လိုက်ရင်း ပြင်းထန်သော အလင်းရောင်ဖြင့် လင်းလက်သွား သည်။

ဘန်း…။

နီထိုက်စွေ့သည် ပုဆိန်ကြီး၏ အရိုးကို လှမ်းဆွဲလိုက်သည်။ သို့သော် သူသည် ပုဆိန်ကြီးကို ထုတ်ယူခါနီးတွင်, သူသည် မည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပါစေ ပုဆိန်ကြီးကို မမြောက်နိုင်ခြင်းမရှိကြောင်း သူ တွေ့ရှိခဲ့ရသည်။ ပုဆိန်ကြီးကို အနည်းငယ် မြှောက်ရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။

"အရမ်းလေးလွန်းတယ်”။

နီထိုက်စွေ့သည် အံ့ဩတကြီး မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။ သူ့အမူအရာက ထူးထူးခြားခြား လေးနက်လာခဲ့သည်။

ဤမျှလေးလံသော နတ်ဘုရားပစ္စည်းကို သူ တစ်ခါမှ မမြင်ဖူးပါ။ ၎င်းသည် ကြီးမားလှသော နတ်တောင်ကြီး တစ်ခုလိုပင်။

"ပိုင်ရှင်အဖြစ် တိုက်ရိုက် အသိအမှတ်ပြုလိုက်ပါ"

ထိုအချိန်တွင် လူအုပ်ထဲမှ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

နီထိုက်စွေ့သည် ချက်ချင်းဆိုသလိုပင် သူ၏အသိစိတ် ပြန်ဝင်လာပြီး နတ်ဘုရားပုဆိန်၏ ပုဆိန်ရိုးသို့ သူ၏ဦးခေါင်းမှ သွေးများကို အလျင်အမြန် ချလိုက်သည်။

သို့သော်၊ နတ်ဘုရားပုဆိန်ကြီးသည် သူ၏သွေးများကို မစုပ်ယူခဲ့ရုံသာမကဘဲ၊ ၎င်းသည် နတ်ဘုရားပုဆိန်ကြီးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။ အစွမ်းထက်သော နတ်ဘုရားအလင်းရောင်တစ်ခုသည် နတ်ဘုရားပုဆိန်ကြီးထံမှ ချက်ချင်း ထွက်ပေါ်လာပြီး နီထိုက်စွေ့၏ သွေးများလည်း ချက်ချင်း အငွေ့ပျံသွားခဲ့သည်။

၎င်းသည် သူ၏သွေးများကို ငြင်းပယ်လိုက်သလိုပင်။ ထိုသို့သွေးစက်ချလိုက်ခြင်းသည် သူ့ကို သူ့သခင်အဖြစ် အသိအမှတ် မပြုခဲ့ရုံသာမက၊ ဤနတ်ဘုရားပုဆိန်ကြီးကို အပြင်းအထန် ဒေါသထွက်စေခဲ့သည်။

ဘန်း..။

နတ်ဘုရားပုဆိန်ကြီးသည် အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်လိုက်ရာ နီထိုက်စွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဤကြောက်စရာကောင်းသော တိုက်ခိုက်မူကြောင့် ချက်ချင်း လွင့်ပျံသွားခဲ့သည်။

ဤကြောက်စရာကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျသည် နီထိုက်စွေ့ ၏ ရင်ဘတ်ကို ဧရာမတူကြီးနှင့် ရိုက်နှက်လိုက်သကဲ့သို့ပင်။ နီထိုက်စွေ့သည် ကြယ်နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ဤကြောက်စရာကောင်း သော စွမ်းအားကြောင့် သူသည် တောင့်ခံနိုင်စွမ်းမရှိခဲ့ပေ။ သူသည် တခဏအတွင်းမှာပင် နောက်သို့ ပျံတက်သွားခဲ့သည် ။

"ဖူး…’။

နီထိုက်စွေ့သည် သွေးတပွက် အန်ထုတ်ပြီး တွင်းကြီး၏အပြင်ဘက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူ၏ရင်ဘတ်က ချိုင့်ဝင်သွားသည်။

လူတိုင်းက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်လုံးတွေ ပြူးကျယ်သွားကြသည်။

နီထိုက်စွေ့သည် ဤနတ်ဘုရားပုဆိန်ကြီးကြောင့် လွင့်ပျံသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ချင်ယွင်က တစ်စုံတစ်ခုကို တွေးနေသလိုမျိုး မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပါချေ။

ဘန်း….။

သို့သော် ထိုအချိန်တွင် အနက်ရောင် ပုဆိန်ကြီးသည် တဖန်တုန်ခါလာသည်။ ၎င်း၏ ကိုယ်ထည်ပေါ်မှ အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ ထုတ်လွှတ်လာပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ လှိုင်းများသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေပါသည်။

ဝှီး….။

နတ်ဘုရားပုဆိန်ကြီးသည် ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်သွားပြီး၊ မြေပြင်ပေါ်မှာ လဲကျနေသော နီထိုက်စွေ့ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ပုဆိန်ကြီးသည် တုနှိုင်းမရအောင် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်သည်။ ထိုကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်သည် ကောင်းကင်နှင့်မြေကြီး၏ အစကဲ့သို့ဖြစ်ပြီး ကြီးမားသော နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ထားသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားကြကာ အရပ်ရပ်သို့ ရှောင်ထွက် သွားကြသည်။ အကယ်၍ ဤပုဆိန်ကြီးသာ ဆင်းသက်လာပါက၊ ၎င်းသည် ဆယ်ကီလို မီတာ အကွာအဝေးအတွင်းမှာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်ရသည်။

ယခင်က မည်သူ့ကိုမျှ မတိုက်ခိုက်ခဲ့သော ဤပုဆိန်ကြီးသည် အဘယ်ကြောင့် ရုတ်တရက် လှုပ်ရှားပြီး နီထိုက်စွေ့ကို တိုက်ခိုက်ရလဲဆိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။

ပုဆိန်အရိုးထိပ်မှာ သူ့သွေးတွေကို ချပေးလိုက်၍များ ဖြစ်နိုင်မလား?။

နီထိုက်စွေ့လည်း အလွန်တုန်လှုပ်ခြောက်ခြားသော အမူအရာကို ထုတ်ဖော်လာသည်။ အကန့်အသတ်မဲ့ ကြီးမားသော ဧရာမပုဆိန်ကြီးကို ကြည့်ရင်း သူ၏မျက်လုံးများလည်း ထိတ်လန့်စပြုလာသည်။

သို့သော်, သူသည် မတ်တပ်ထရပ်ကာ ပုဆိန်ကြီး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရှောင်တိမ်းတော့မည့်အခိုက်မှာပင် သူ၏ဒဏ်ရာများမှာ အလွန်းပြင်းထန်လွန်းကြောင်း သိလိုက်ရသည်။ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ကိုက်ခဲနာကျင်မှုကို ခံစားနိုင်သည်။

သူသည် နတ်ဘုရားအမြုတေကို ပိုင်ဆိုင်ထားပြီး၊ သူ၏ဒဏ်ရာများမှ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာနိုင်သော်လည်း ချက်ချင်း ပြန်ကောင်းလာရန်မှာ မဖြစ်နိုင်ပေ။

အဆုံးတွင်၊ သူကျင့်ကြံထားသော ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်သည် ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်ကဲ့သို့ အစွမ်းထက်ခြင်း မရှိသောကြောင့် သူ၏ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်သည်။

သို့သော် ယခုအချိန်မှာ ပုဆိန်ကြီးသည် သူ့ဆီသို့ ခုတ်ပိုင်းနေပြီ ဖြစ်သောကြောင့် သူ၏ ဒဏ်ရာများကို ကုစားရန် အချိန်မကျန်တော့ပေ။ သူသည် ပုဆိန်ကြီး သူ့ဘက်သို့ ခုတ်ပိုင်းလာသည်ကို ကူကယ်ရာမဲ့ စောင့်ကြည့်နေရုံသာ တတ်နိုင်ပါသည်။

"ငါနွားအိုကြီး ဒီနေရာမှာ သေရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" နီထိုက်စွေ့သည် စိတ်ခံစားချက်ပြင်းစွာ သက်ပြင်းချလိုက်ပြီး၊ သူ၏မျက်လုံးများက ခုခံကာကွယ်မှုကို အလျှော့ပေးရင်း စိတ်ပျက်အားငယ်နေသည့် အမူအရာကို ဖော်ထုတ်လိုက်သည်။

ဤနတ်ဘုရားပုဆိန်ကြီး၏ တန်ခိုးသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သူ တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ ပုဆိန်ကြီးတစ်ခုလုံးသည် သူ့ဆီသို့ ထိုးဖောက် ဝင်ရောက်လာသောကြောင့် ၎င်း၏စွမ်းအားသည် ယခင်ပုဆိန်အလင်းတန်းထက် အဆပေါင်းများစွာ ကြီးမားခဲ့သည်။ သူသည် လက်ရှိတွင် ဒဏ်ရာပြင်းထန်စွာ ခံစားနေရပြီး ဤကြောက်မက်ဖွယ် တိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

ထိုအချိန်တွင်၊ ပုဆိန်ကြီးသည် နီထိုက်စွေ့၏ ရှေ့တွင် နီးကပ်နေခဲ့ပြီး၊ ၎င်း၏ ကြောက်မက်ဖွယ် နတ်ဘုရားတန်ခိုးသည် သူ့အပေါ်သို့ နတ်တောင်ကြီး၏အငွေအသက် ဖြင့် သူ့အပေါ် ဖိနှိပ်လာခဲ့သည်။

ဘန်း…။

သို့သော် နီထိုက်စွေ့၏ စိတ်နှလုံးသည် လုံးဝ စိတ်ပျက်အားငယ်နေသကဲ့သို့ ဖြစ်နေစဉ်မှာ၊ အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပုဆိန်ကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်လေ သည်။

"ဘုန်း..”။

မြေကြီးသည် တစ်လက်မချင်စီး ပြိုကျသွားသည်။

ချင်ယွင်၏ ရုပ်အသွင်သည် နီထိုက်စွေ့၏ရှေ့မှာ ပြောင်ပြောင်ထင်းထင်း ရပ်နေပါသည်။ သူသည် မဟူတိမ်တိုက်ပိုးထည်လက်အိတ်ကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ် ကောင်းသော ပုဆိန်ကြီးကို လက်ဗလာဖြင့် အတင်းကြပ် တောင့်ခံထားသည်။

အနှိုင်းမဲ့ ထက်ရှသော ပုဆိန်အလင်းရောင်ခြည်များသည် ချင်ယွင်၏ လက်အိတ်များနှင့် အပြင်းအထန် တိုက်မိပြီး အနှိုင်းမဲ့ လှပသော မီးရှူးမီးပွားများ ထွက်ပေါ်လာသည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအားသည် နေရာတိုင်းသို့ ပြန့်ကျဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာသည်။

All Chapters