← Chapters

အခန်း ၁၁၉၇

Vol. 80 Ch. 1197

အခန်း ၁၁၉၇

Vol. 80 Ch. 1197

အခန်း (၁၁၉၇) ဓားမြုပ်နှံခြင်းတောင်တန်းသို့ ဝင်ရောက်ခြင်း နည်းလမ်း။

နီထိုက်စွေ့သည် ယဉ်ကျေးသည့် လူစားမျိုး မဟုတ်ပေ။ ထိုကြောင့်, သူသည် ချင်ယွင်အား မည်သည့် ကြင်နာမှုမှ ပြမနေဘဲ နတ်ဘုရားပုဆိန်ကြီးကို တိုက်ရိုက် သိမ်းယူလိုက်သည်။

သို့သော် သူ့စိတ်ထဲတွင် ချင်ယွင်၏ကြင်နာမှုကို သတိရပါသည်။ သူတို့ အက်စ်ခက်ကာ မျိုးနွယ်များသည် အမြဲတမ်း ရိုးစင်းပြီး တဖက်လူ၏ ကြင်နာမှုအတွက် သေချာပေါက် ပြန်ပေးဆပ်လိမ့်မည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်ကို ကျေးဇူးဆပ်ရန် နည်းလမ်းကို သေချာပေါက် တွေးနေပေလိမ့်မည်။

ဤနည်းအားဖြင့် သူနှင့် ချင်ယွင်ကြား ဆက်ဆံရေးသည် ပို၍ပင် ရင်းနှီးလာခဲ့သည်။

"ညီအစ်ကို ချင်, ကျေးဇူးအများကြီး တင်ပါတယ်။ ဒီတစ်ခါ, ငါ့ဘာသာဆို နတ်ဘုရား ပုဆိန်ကြီးရဖို့ မပြောနဲ့၊ နတ်ဘုရားပုဆိန်ကြီးအောက်မှာ သေသွားမှာတောင် စိုးရသေးတယ်”။ နီထိုက်စွေ့သည် ဒဏ်ရာမှ ပြန်လည် သက်သာလာပြီးနောက် ချင်ယွင်ထံ သို့ လျှောက်သွားပြီး ကျေးဇူးတင်စကား ဆိုသည်။

ချင်ယွင်က သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သည်။ ဒီကိစ္စကို သူ သိပ်ဂရုမစိုက်ပါ ဘူး။

ပထမဆုံးအနေဖြင့်, နီထိုက်စွေ့၏ လှပသော စိတ်နေသဘောထားက သူ့ကို သဘောကျ နှစ်ခြိုက်စေသည်။ သူသည် တော်တော်လေး ရုပ်ဆိုးသော်လည်း၊ အနည်းဆုံးတော့ သူသည် အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်သည်။ ဒုတိယအနေဖြင့်၊ ဤနတ်ဘုရားပုဆိန် ကြီးက သူ့အတွက် သိပ်အသုံးမဝင်ပါဘူး။ သူသည် ဓားသမားတစ်ဦးဖြစ်ပြီး ပုဆိန်ကဲ့သို့ လက်နက်များကို နှစ်သက်သဘောကျသည်အထိ စွဲလန်းမှု မရှိပါ။ ယခု၊ သူသည် ဓားမြုပ်နှံခြင်းတောင်တန်းသို့ မည်သို့မည်ပုံ ဝင်ရောက်ရမည့်အရေးကို ပို၍ စိုးရိမ်ပါသည်။

"ညီအစ်ကို နီ၊ မင်း ဓားမြုပ်နှံခြင်းတောင်တန်းရဲ့ အဝင်ပေါက်ကို မြင်ခဲ့တယ်လို့ စောစောက ပြောခဲ့တယ်မလား။" ချင်ယွင်က နီထိုက်စွေ့ကို ကြည့်ပြီး မေးသည်။

"ဟုတ်တယ်လေ။ အဲဒါက အမှန်တရားပဲ။ ငါနွားအိုကြီး ဘယ်တော့မှ မလိမ်ဘူး။ ဒီနတ်ဘုရား ပုဆိန်ကြီး ဓားမြုပ်နှံခြင်းတောင်တန်းထဲကနေ ပျံထွက်လာတာကို ငါကိုယ်တိုင် မြင်ဖူးတယ်။ ဘာလဲ?။ ညီအစ်ကို ချင်၊ မင်းက ဓားမြုပ်နှံခြင်းတောင်တန်းကို ဝင်ချင်လို့လား?။" နီထိုက်စွေ့က ပြန်ပြောသည်။

"ဟုတ်တယ်။ ငါ ဓားမြုပ်နှံခြင်းတောင်တန်းကို ဝင်ချင်တယ်" ချင်ယွင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

ချင်ယွင်၏စကားကိုကြားတော့ နီထိုက်စွေ့သည် တွေးတောနေသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။

"ညီအစ်ကို ချင်၊ စကားများတယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့ဦး။ ဓားမြုပ်နှံခြင်းတောင်တန်း ကို မဝင်ဖို့ ငါ အကြံပေးချင်တယ်။ အထဲမှာ အန္တရာယ်များလွန်းပါတယ်။ ဒီပုဆိန်ကြီး ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ မင်းလည်း မြင်သားပဲ။ ဒါက ဓားမြုပ်နှံခြင်း တောင်တန်းအထဲမှာ ပုန်းကွယ်နေတဲ့ ရှေးဟောင်းနတ်ဘုရားပစ္စည်း များစွာထဲကမှ တစ်ခုပဲရှိသေးတယ်။ အထဲမှာ ပုန်းကွယ်နေတဲ့ နတ်ဘုရားပစ္စည်းအများပြား ရှိနေသေး တယ်။ မင်းက အတွေ့ကြုံ မနုနယ်တော့ဘူးဆိုရင်တောင်, အန္တရာယ်တွေ ကြုံတွေ့ရနိုင် တယ်။ ဒါ့အပြင်, မင်းအနေနဲ့ အဲဒီအထဲ ဝင်ပြီးရင်, ပြန်ထွက်နိုင်ဖို အတော် ခက်ခဲလိမ့်မယ်။ ဒါကြောင့် မင်း မဝင်တာ ပိုကောင်းမယ်လို့ ငါထင်တယ်။ အထဲမှာ နတ်ဘုရားပစ္စည်း အများပြားရှိပေမယ့်, မင်းရဲ့အသက်နဲ့ ယှဉ်ရင်, မင်းရဲ့အသက်က ပိုအရေးကြီးပါတယ်" နီထိုက်စွေ့က ချင်ယွင်အား ရိုးသားစွာ ပြောပြသည်။ သူပြောစကားမှတဆင့်, သူသည် ဓားမြုပ်နှံခြင်းတောင်တန်းကို ပြင်းပြင်းထန်ထန် ကြောက်ရွံ့နေကြောင်း အလွယ်တကူ ပြောပြနိုင်သည်။

"ညီအစ်ကို နီ၊ ရိုးရိုးသားသား ပြောရရင်၊ ငါ ဓားမြုပ်နှံခြင်းတောင်တန်းထဲ ဝင်ချင်တာက ငါ့ဆရာက အထဲမှာရှိနေလို့ပဲ။ ငါက သူ့ကို သွားရှာချင်တာ" ချင်ယွင်က ရှင်းပြသည်။

နီထိုက်စွေ့သည် သူ့အတွက် တွေးနေမှန်း သူ သိသည်။ သို့သော်, လက်ရှိအချိန်မှာ ရှေးဟောင်းတာအို ဆရာသခင်သည် ဓားမြုပ်နှံခြင်းတောင်တန်းထဲတွင် ဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။ ရှေးဟောင်းတာအို ဆရာသခင်၏ ခွန်အားဖြင့်ဆိုပါက၊ ဓားမြုပ်နှံခြင်း တောင်တန်းတွင် အသက်ရှင်သန်ရန် အလွန်ခက်ခဲသည်။ ထို့ကြောင့်, သူသည် အထဲကို ဝင်ရောက်ပြီး၊ သူတို့ကို အပြင်ခေါ်ထုတ်လိုသည်။

"ဒါကြောင့်လား”။ နီထိုက်စွေ့က ရုတ်တရက် ခေါင်းညိတ်လိုက်သည်။

ဆရာသခင်၏ ကရုဏာသည် တောင်ကြီးထက် သာ၍ ကြီးမာပါသည်။ သူ မည်သည့်နေရာ ရောက်နေပါစေ, အတူတူပင်။ ထို့ကြောင့် ချင်ယွင်သည် ဆရာကို စိတ်ပူနေလေသည်။ နီထိုက်စွေ့သည်လည်း အဘယ်ကြောင့် နားမလည်ဘဲ နေမည်နည်း?။ အက်စ်ခက်ကာများ သည် သွန်သင်ပေးခြင်း၏ ကြင်နာမှုကို သူတို့၏အသက်ထက်ပင် ပို၍ တန်ဖိုးထားကြ သည်။

"ညီအစ်ကို ချင်၊ မင်း တကယ်ကို ဓားမြုပ်နှံခြင်းတောင်တန်းထဲ ဝင်ချင်ရင်တော့, ငါ့မှာ နည်းလမ်းရှိပါတယ်။" နီထိုက်စွေ့က ရုတ်တရက် လေးနက်သော အမူအရာဖြင့် ပြောလိုက် သည်။

"အာ..၊ ညီအစ်ကို နီမှာ တကယ် နည်းလမ်းရှိတာလား?" ကမန်းကတန်း မေးလိုက်ရင်း၊ ချင်ယွင်၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

"ဓားမြုပ်နှံခြင်းတောင်တန်းထဲ ဝင်ခြင်းနဲ့ပတ်သက်ပြီး ငါ နည်းနည်းပါးပါး သိထားပါတယ်။ ဒါပေမယ့် အလုပ်ဖြစ်, မဖြစ်တော့ ငါလည်း မသိဘူး။" နီထိုက်စွေ့က ပြောသည်။

"ဝေါင်း..။ ညီးအစ်ကို နီ၊ မင်းက အရမ်းကို ခန့်ညားလွန်းတယ်။ ငါ့ကို မြန်မြန်ပြောပြပါ။ အချက်အလက်က ဘာလဲဆိုတာ" ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

သူသည် မကြာသေးခင်က ဓားမြုပ်နှံခြင်းတောင်တန်းသို့ဝင်ရန် နည်းလမ်းရှာဖွေနေခဲ့သော် လည်း ဘာမှ မရရှိခဲ့ပေ။ အခု သူသည် နီထိုက်စွေ့နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့သည်။ ထို့အပြင် နီထိုက်စွေ့သည် ဓားမြုပ်နှံခြင်းတောင်တန်းအကြောင်းကိုလည်း သိရှိထားသည်။ ချင်ယွင်၏ ကံကောင်းမူကြောင့်လား၊ သို့မဟုတ်, ကံကြမ္မာကြောင့်လားဆိုတာ သူ တကယ်ကို မသိတော့ပါဘူး။

"တကယ်တော့၊ ဓားမြှုပ်နှံခြင်းတောင်တန်းကနေ ထွက်လာခဲ့တဲ့ ဒီနတ်ဘုရား ပုဆိန်ကြီးကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်နိုင်ရတဲ့ အကြောင်းရင်းက, ငါက ဓားမြုပ်နှံခြင်း တောင်တန်းရဲ့ ဝင်ပေါက်ကို ကြိုသိထားလို့ပဲ။" နီထိုက်စွေ့က ချင်ယွင်သို့ အသံပို့လွှတ်ကာ ပြောလိုက်သည်။

ပတ်ဝန်းကျင်မှ လူအများပြားသည် လူစုကွဲလုနီးပါး ဖြစ်နေကြသော်လည်း၊ ဤနေရာလေး မှာ အချို့တလေ ကျန်နေပါသေးသည်။ ထင်ရှားသည်မှာ၊ နီထိုက်စွေ့သည် သူတို့အား ထိုအကြောင်းအရာများကို မကြားစေလိုပေ။

ချင်ယွင်သည် နီထိုက်စွေ့၏စကားကို ကြားသောအခါ အံ့ဩသွားဟန် အမူအရာကို ထုတ်ဖော်လိုက်သည်။

"ညီအစ်ကို နီ, မင်းက ဓားမြုပ်နှံခြင်းတောင်တန်း ဖွင့်မယ့်နေရာကို ကြိုပြီးသိတယ်လို့ ပြောလိုက်တာလား?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

သူသိထားသည့် အချက်အလက်တွေအရဆို ဓားမြုပ်နှံခြင်းတောင်တန်းသည် အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး၊ သာမန်လူများအတွက် ဝင်ပေါက်ရှာဖွေရန် အလွန်ခက်ခဲပါသည်။ ထို့အပြင်၊ ၎င်း၏ဝင်ပေါက်ကို အကြိမ်တိုင်း သတ်မှတ်ထားခြင်း မရှိဘဲ ကြုံရာကျပန်း ပေါ်လာခြင်း ဖြစ်သည်။

ထို့အပြင်, ဤဝူဝမ်တောင်တန်း နယ်မြေသည် အရမ်းကို ကြီးမား ကျယ်ပြန့်လွန်းသည်။ အကယ်၍, မတော်တဆ ဝင်ပေါက်ကိုတွေ့သည်အထိ သင် ကံကောင်းနေသည် ဆိုလျှင် ပင်, ဝင်ပေါက်ဖွဲ့စည်းပုံတည်နေရာကို မည်သို့ သဘောပေါက် နားလည်နိုင်မည်နည်း?။

"ဟီးး…၊ ဟီး…၊ ညီအစ်ကိုချင်၊ မင်း မသိသေးဘူး၊ ဓားမြုပ်နှံခြင်းတောင်တန်းရဲ့ ဝင်ပေါက် က ကျပန်းပေါ်လာတယ်ဆိုပေမယ့် အဲဒါက သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း တကယ်ကို လိုက်နာတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကတည်းက, ငါက ဓားမြုပ်နှံခြင်းတောင်တန်းရဲ့ ဝင်ပေါက်ကို လေ့လာခဲ့တယ်။ ဒါပေမယ့်၊ ငါ့ရဲ့ကြိုးစားမှု မအောင်မြင်ခဲ့ပါ။ နောက်ဆုံးမှာတော့, ငါက စည်းမျဥ်းအချို့ကို ရှာတွေ့ခဲ့တယ်" နီထိုက်စွေ့က ဂုဏ်ယူစွာ ပြောသည်။

"ဘာစည်းမျဉ်းလဲ.." ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

နီထိုက်စွေ့သည် ဓားမြုပ်နှံခြင်းတောင်တန်းသို့ ဝင်ပေါက်ကို အနှစ်တစ်ထောင်ကြာအောင် အမှန်တကယ် လေ့လာထားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် အနှစ်တစ်ရာမျှ သာ ကျင့်ကြံခဲ့ရသေးသော်လည်း၊ ညီအစ်ကိုနီသည် ဝင်ပေါက်တစ်ခုအတွက် လေ့လာရန် တကယ်ကို အနှစ်တစ်ထောင် အချိန်ယူခဲ့သည်။ ဤအရာက တကယ်ကို တော်တော်လေး ထိခိုက်နာကျင်ရသည့် အချိန်ပမာဏဖြစ်သည်။

ဟုတ်ပါသည်။ နီထိုက်စွေ့၏ သုတေသနပြုမှုကို အားလုံး ကျေးဇူးတင်ရလိမ့်မည်။ ထိုသို့မဟုတ်ဘဲ, ချင်ယွင်သည် သူ့ဘာသာသူ နည်းလမ်းရှာမည်ဆိုလျှင်, သူ့အတွက် အလွန်ခက်ခဲပါလိမ့်မည်။

"ဓားမြှုပ်နှံခြင်းတောင်တန်းရဲ့ ဝင်ပေါက်က လတိုင်းဖွင့်တာကို တွေ့ခဲ့ရတယ်။ ဖွင့်တဲ့ အချိန်တိုင်းလည်း သုံးစက္ကန့်ပဲ ကြာတယ်။ ဒါပေမယ့်, ပေါ်လာတဲ့ အချိန်တိုင်းရဲ့ တည်နေရာကို သတ်မှတ်ထားခြင်း မရှိဘူး”။ ဟု နီထိုက်စွေ့က ချင်ယွင်သို့ အသံဖြင့် ပို့လွှတ်ကာ ပြောသည်။

"တစ်လမှာ တစ်ကြိမ်၊ တစ်ကြိမ်လျှင် သုံးစက္ကန့်ပဲလား။" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

အကယ်၍, နီထိုက်စွေ့သာ သူ့ကို ဤအချက်အလက်ကို မပြောပြခဲ့ဘူးဆိုလျှင်, အချိန်သုံးစက္ကန့်က ရှည်လား,တိုလားဆိုသည်ကိုပင် သူ သိမှာမဟုတ်ဘူး။ ထို့ကြောင့်၊ အကယ်၍, သင့်အနားမှာ လျှောက်လမ်း ပေါ်မလာဘူးဆိုလျှင်, မည်သူမဆို ဝင်ပေါက်ကို ရှာတွေ့ဖို့ အရမ်းကို ခက်ခဲလိမ့်မည်။

"ဒါဆိုလည်း ညီအစ်ကို နီ, မင်းက ဒါကို ဘယ်လိုလုပ် သေချာပြောနိုင်ရတာလဲ?" ချင်ယွင်က အံ့အားသင့်စွာ မေးပြန်သည်။

အစောပိုင်းက နီထိုက်စွေ့က သူသည် ဝင်ပေါက်ပေါ်လာသည်ကို စောင့်နေသည်ဟု ပြောဆိုခဲ့သည်။ ဆိုလိုသည်မှာ, သူသည် ဝင်ပေါက်ပေါ်လာမည့် တည်နေရာကို သိထားပြီးသား ဖြစ်လိမ့်မည်။ သို့သော် ဝင်ပေါက်က ကြုံရာကျပန်း ပေါ်လာသည် မဟုတ်ဘူးလော?။ ထိုသို့ဆိုလျှင် ဝင်ပေါက်၏တည်နေရာကို သူ မည်သို့ ဆုံးဖြတ်နိုင် သနည်း?။

ချင်ယွင်၏ မေးခွန်းကိုကြားတော့ နီထိုက်စွေ့သည် သူ၏သွားတွေကို ပေါ်အောင်ပြုံးရင်း ချင်ယွင်ကို ကြည့်ကာ ပြောသည် "ဟီး…..၊ ဟီး……၊ ညီအစ်ကို ချင်၊ ဒါက လွန်ခဲ့တဲ့ အနှစ်တစ်ထောင်ကျော်က ငါရဲ့ စူးစမ်းလေ့လာမှုရဲ့ အောင်မြင်မှုတစ်ခုပဲပေါ့။ တကယ်တော့၊ ဓားမြုပ်နှံခြင်းတောင်တန်းရဲ့ တည်နေရာကို ကြိုတင် သတ်မှတ်မထားပေ မယ့်, ဝင်ပေါက်မပေါ်ခင်မှာ, အမြဲတမ်း အချက်ပြလေ့ရှိတယ်။"

"အချက်ပြတယ်လား…? ဘာအချက်ပြတာလဲ..?" ချင်ယွင်သည် စိတ်ရှုပ်သွားပြီး မေးလိုက်သည်။ သူသည် ဝေခွဲမရဖြစ်နေဆဲပင်။

နီထိုက်စွေ့က ပြုံးပြီး ဆက်ပြောသည် "အဲဒါက အသံပဲ။ တချို့က အဲဒီအသံကို နတ်ဘုရားတိုက်ပွဲအသံလို့ ခေါ်တယ်။ နတ်ဘုရားတိုက်ပွဲ အသံကို မင်း ကြားနိုင်တာနဲ့, နောက်ဝင်ပေါက်ကို မင်း ရှာတွေ့နိုင်မှာပဲ"။

"နတ်ဘုရားတိုက်ပွဲအသံလား..?" ချင်ယွင်သည် ပို၍ ပို၍ပင် စိတ်ရှုပ်ထွေးလာခဲ့သည်။

All Chapters