အခန်း ၁၁၉၈
Vol. 80 Ch. 1198
အခန်း (၁၁၉၈) မြေအောက်ကုန်သွယ်မြို့
"မှန်တယ်၊ အဲဒါက နတ်ဘုရားတိုက်ပွဲအသံပဲ။" နီထိုက်စွေ့က ခေါင်းညိတ်ပြီး ပြောလိုက် သည်။
တစ်ဖက်တွင်မူ, ချင်ယွင်သည် သူ့မျက်နှာတွင် ပြောစရာစကားမဲ့နေသည့် အမူအရာ ရှိနေ သည်။ အကယ်၍, သူသည် နီထိုက်စွေ့၏ စကားများနောက် လိုက်ပါသွားခဲ့လျှင်, အလွန်မင်း စိုးရိမ်လာနိုင်သည်။ သူက တစ်ချက်ချင်း ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘူး လား?။ သူသည် မေးခွန်းတစ်ခုပြီးတစ်ခု ထပ်မေးရန် တွန်းအားပေးနေခဲ့သည်။
နီထိုက်စွေ့က ချင်ယွင်၏ အတွေးတွေကို မြင်ပြီး ပြုံးနေပုံပင်။
“နတ်ဘုရားတိုက်ပွဲအသံလို့ ခေါ်ဆိုတဲ့အရာက တကယ်တော့ ရှေးဟောင်းစစ်မြေပြင် ကနေ ထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံနဲ့ ဗုံသံတွေပဲ။ ပုံမှန်အတိုင်းဆို, လစဉ်လတိုင်း သန်းခေါင်ယံမှာ ပေါ်လာလေ့ရှိတယ်။ အဲဒီအသံ ထွက်ပေါ်ရာအရပ်က ဓားမြုပ်နှံခြင်း တောင်တန်းရဲ့ ဝင်ပေါက်ဖြစ်တယ်။ အသံကြားပြီးနောက် သုံးရက်မြောက်နေ့မှာ၊ ဓားမြုပ်နှံခြင်းတောင်တန်းရဲ့ ဝင်ပေါက်က အဲဒီနေရာမှာပဲ ပွင့်လိမ့်မယ်။ တစ်ချိန်တည်းမှာ, မင်းက သုံးစက္ကန့်အတွင်း ဝင်ရလိမ့်မယ်။ မဟုတ်ရင်, ဝင်ရောက်နိုင်ဖို့အတွက် နောက်တလ ထပ်စောင့်ရမယ်” နီထိုက်စွေ့က ပြုံးပြီး ပြောသည် ။
ချင်ယွင်သည် ရုတ်တရက် နားလည်သွားသည့် အမူအရာ ပေါ်လာသည်။ ဤသည်မှာ ဓားမြုပ်နှံခြင်းတောင်တန်းသို့ ဝင်ပေါက်ဖြစ်ပေါ်လာပုံ ဖြစ်သည်။
"ဒါဆို ငါ ဝင်ချင်ရင်, နောက်လအလယ်အထိ စောင့်ရမှာပေါ့" ချင်ယွင်က မေးသည်။
နီထိုက်စွေ့က ခေါင်းညိတ်ပြီး ပြောသည် "ဟုတ်တယ်၊ ရှေးဟောင်းနတ်ဘုရားတိုက်ပွဲ အသံရဲ့ လမ်းညွှန်မှုမပါဘဲ၊ ဓားမြုပ်နှံခြင်းတောင်တန်းရဲ့ ဝင်ပေါက် တည်နေရာကို ဘယ်သူမှ မသိနိုင်ဘူး။ နောက်ပြီး ဝင်ပေါက်ကလည်း ဖွင့်ထားတာ မဟုတ်ဘူး။ ဒါကြောင့် မင်း ဓားမြုပ်နှံခြင်းတောင်တန်းထဲ ဝင်ချင်တယ်ဆိုရင်, နောက်လအထိ စောင့်ကို စောင့်ရမယ်။"
ထိုစကားကြားတော့ ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်း တာအိုဆရာသခင်သည် ဓားမြုပ်နှံခြင်း တောင်တန်းတွင် မည်သည့်မတော်တဆမှုမျှ ရှိမလာရန်သာ သူ မျှော်လင့်နိုင်ပါသည်။
"ညီအစ်ကို နီ၊ မင်းရော ငါ့နဲ့အတူ ဓားမြုပ်နှံခြင်းတောင်တန်းထဲကို လိုက်မလား။" ချင်ယွင်က နီထိုက်စွေ့ကို မေးသည်။
အမှန်တကယ်ကို, နီထိုက်စွေ့သည် ဓားမြုပ်နှံခြင်းတောင်တန်းကို အမြဲတမ်း စိတ်ဝင်စားနေခဲ့သည်ဟု သူပြောနိုင်သည်။ သို့သော်, သူ ဝင်မဝံ့ခဲ့ပါဘူး။ ထိုသို့မဟုတ်လျှင်, သူသည် ထိုအရာကို နှစ်တစ်ထောင်လောက် လေ့လာနေမှာ မဟုတ်ပါဘူး။
ချင်ယွင်၏အမေးကိုကြားတော့ နီထိုက်စွေ့သည် သူ၏မျက်နှာပေါ်တွင် ရုန်းကန်နေသည့် အမူအရာ ပေါ်လာပါသည်။
ချင်ယွင် ပြောတာ မှန်ပါသည်။ သူက ဓားမြုပ်နှံခြင်းတောင်တန်းကို အမှန်တကယ် ဝင်ချင်ခဲ့ပါသည်။ ဟိုတချိန်တုန်းက သူ၏ဘိုးဘေးများသည် ထိုတိုက်ပွဲကြီးမှာ ပါဝင်ခဲ့ဖူး သည်။ ထို့ကြောင့်, သူသည် သူ့ဘိုးဘေးများ၏ သဲလွန်စများကို ရှာဖွေရန် ဓားမြုပ်နှံခြင်း တောင်တန်းထဲကို အမြဲဝင်ချင်ခဲ့သည်။ သို့သော်၊ ဓားမြုပ်နှံခြင်းတောင်တန်း၏ ဒဏ္ဍာရီများ က သူ့ကို အလွန်ကြောက်လန့်စေခဲ့သည်။
"သွားကြတာပေါ့။ အဲဒီအချိန်ရောက်ရင်, ငါလည်း ညီအစ်ကို ချင်နဲ့ လိုက်ခဲ့မယ်။ ဒါက ငါ့ရဲ့ နှစ်တစ်ထောင်ကြာ ကြိုးထုံးကြီးကို ဖြေရှင်းတယ်လို့ ယူဆလို့ရတယ်။" နီထိုက်စွေ့က ရုတ်တရက် ဆုံးဖြတ်လိုက်သည်။
ချင်ယွင်လည်း ပြုံးပြသည်။ တကယ်တော့, သူ နီထိုက်စွေ့ကို မေးမြန်းရသည့် အကြောင်းအရင်းက သူ့ကိုကူညီပေးရန် ဖြစ်သည်။
ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို အံတုသော လှုပ်ရှားမှုဖြစ်ပြီး၊ ထိုသို့ပြုလုပ်ရန် သတ္တိရှိရန်လည်း လိုအပ်သည်။ မဟုတ်ရင် အဆုံးမှာ တော်ဝင်တာအိုကို အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
အကယ်၍, နီထိုက်စွေ့သည် ဓားမြုပ်နှံခြင်းတောင်တန်းကိုပင် ကြောက်နေပါက, သူသည် နောင်တွင် ကျင့်ကြံရာမှာ အလွန်ဝေးဝေး လျှောက်လှမ်းနိုင်မည် မဟုတ်သည်မှာ သေချာပါ သည်။ ယခု ချင်ယွင်က သူ၏ကြောက်ရွံ့မှုကို ကျော်လွှားစေလိုသည်။ ထို့ကြောင့် သူ့ကို ကူညီပေးခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ သူသည် ကျင့်ကြံမူတွင် ပိုမိုတိုးတက်နိုင်မည် ဖြစ်သည်။
"ညီအစ်ကို ချင်၊ မင်းက တကယ်ကို မွန်မြတ်တဲ့သူတစ်ယောက်ပဲ”။ ကျေးဇူးအများကြီး တင်ပါတယ်။ ဓားမြုပ်နှံခြင်းတောင်တန်းထဲ ဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ၊ ငါ့ခန္ဓာကိုယ် တစ်ခု လုံးက ပိုပြီးတော့ တက်ကြွနေတယ်ဆိုတာ သိလိုက်ရတယ်။ ငါ့မှာရှိတဲ့ ကြယ်နတ်ဆိုး နတ်ဘုရားတန်ခိုးတောင်မှ ခန္ဓာကိုယ်ထဲ လည်ပတ်မှုက ပိုမြန်လာတယ်။" နီထိုက်စွေ့က သူ့ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုသည်။
သူသည် ရုပ်ဆိုးသော်လည်း, မိုက်မဲသူတစ်ဦး မဟုတ်ပေ။ ချင်ယွင်က သူ့ကို မထင်မရှား ကူညီနေသည်ကို ထုံးစံအတိုင်း သူ မြင်လိုက်နိုင်သည်။ ထို့ကြောင့် သူ့နှလုံးသားသည် ချင်ယွင်ကို ပို၍ပင် လေးစားလာခဲ့သည်။
"မင်း ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ဒါတွေအားလုံးဟာ မင်းရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက် ပဲလေ။ ကျေးဇူးတင်ခြင်းတင်, ဓားမြုပ်နှံခြင်းတောင်တန်းထဲဝင်ဖို့ လမ်းပြောပြပေးလို့ ငါက မင်းကို ကျေးဇူးတင်ရမှာ။ မင်းကြောင့်သာမဟုတ်ရင်, ဓားမြုပ်နှံခြင်းတောင်တန်းထဲ ဘယ်လို ဝင်ရမယ်ဆိုတာ ငါ တကယ် မသိဘူး။" ချင်ယွင်က တုန့်ပြန်လိုက်သည်။
ယခု ဓားမြုပ်နှံခြင်းတောင်တန်းသို့ ဝင်ရောက်ရန် နည်းလမ်းကို သူ သိသွားပြီ ဖြစ်သော ကြောင့်, ချင်ယွင်၏ နှလုံးသားသည် ပို၍ ပျော်ရွှင်လာခဲ့သည်။ သူသည် ခေါင်းမပါသော ယင်ကောင်တစ်ကောင်လို လှည့်ပတ်နေစရာ မလိုတော့ပါဘူး။
"ဟား…၊ ဟား…၊ ညီအစ်ကို ချင်၊ မင်းက ညီအစ်ကိုကောင်း တစ်ယောက်ဆိုတာ ငါ သေချာပြောရဲတယ်။ သွားကြရအောင်, ငါ မင်းကို နေရာကောင်းတစ်ခုဆီ ခေါ်သွားပေး မယ်။" နီထိုက်စွေ့က ချင်ယွင်၏ ပခုံးကို ပုတ်ပြီး ပြောသည်။
ချင်ယွင်က ကူကယ်ရာမဲ့ ပြုံးလိုက်မိသည်။ နီထိုက်စွေ့သည် အမှန်တကယ်ပင် ရိုးရှင်းသူဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။ သူ၏တစ်ခုတည်းသော အားနည်းချက်မှာ အလွန်ရုပ်ဆိုးခြင်းပင် ဖြစ်သည်။
ယခု ဓားမြုပ်နှံခြင်းတောင်တန်း မဖွင့်သေးသောကြောင့်၊ ချင်ယွင်မှာ အခြားလုပ်စရာ မရှိသဖြင့် နီထိုက်စွေ့နောက်သို့ လိုက်သွားခဲ့သည်။ နီထိုက်စွေ့ ပြောနေသည့် နေရာကောင်းကို သူလည်း တွေ့ချင်မိသည်။
ချင်ယွင်နှင့် နီထိုက်စွေ့တို့သည် ကြီးမားသော ကျောက်ပြီးကြီးတစ်ခုရှေ့မှာ ဖြစ်ပျက် နေသည်များကို ကြားလာရသည်အထိ အရှိန်အဟုန်ဖြင့် တောက်လျှောက် ပြေးသွားကြ သည်။
ဤကျောက်ပြားကြီးသည် ပုံမှန်အမြင့်တိုင်းရှိပြီး သုံးမီတာသာသာ မြင့်သည်။ ၎င်းပေါ်တွင် မည်သည့် စကားလုံးမှ ရှိမနေသလို, ရှေးခေတ် ကျောက်ပြားကြီးလည်း မဟုတ်ပေ။ အရာအားလုံးသည် အလွန်ရိုးရှင်းပုံရသော်လည်း ချင်ယွင်သည် ဤကျောက်ပြားကြီးထံမှ အစီအရင်ဝင်္ကပါ လှိုင်းလုံးများကို ခံစားနိုင်သည်။
"ညီအစ်ကို နီ၊ ဒါ မင်းပြောတဲ့ နေရာကောင်းလား" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ပတ်ဝန်းကျင်သည် လူသူကင်းဆိတ်နေပြီး၊ ဤနေရာတွင် ဤကျောက်ပြားကြီး တစ်ချပ်သာ ရှိနေသည်။ ဤကျောက်ပြားပေါ်မှ အစီအရင်ဝင်္ကပါ စွမ်းအင် အတက်အကျ လှိုင်းများအပြင်၊ ၎င်းနှင့်ပတ်သက်ပြီး ထူးခြားမှု တစ်စုံတစ်ရာမှ မရှိပါချေ။
နီထိုက်စွေ့က ပြုံးပြီး ပြောသည် "ညီအစ်ကို ချင်၊ ငါနဲ့လိုက်ခဲ့၊ သွားရအောင်"။
ထိုစကားပြောပြီးနောက်, သူသည် ကျောက်တုံးကြီးဆီသို့ တိုက်ရိုက် လျှောက်သွားပြီး၊ ကျောက်တုံးကြီးမှတစ်ဆင့် ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး နောက်မှ လိုက်လာခဲ့သည်။
ဘန်း….။
ချင်ယွင်သည် ကျောက်တုံးကြီးအား ဖြတ်ကျော်သွားစဉ်မှာ, သူသည် ချက်ချင်း ဆိုသလို ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းကို ခံစားလိုက်ရသည်။ ထို့နောက်, ကောင်းကင်နှင့် မြေကြီးသည် လှည့်ပတ်သွားကာ သူသည် မရင်းနှီးသော ပတ်ဝန်းကျင်တစ်ခုတွင် ပေါ်လာသည်။
ဤနေရာသည် မြို့တစ်မြို့ ဖြစ်သည်။ လမ်း၏အပြင်အဆင်များဖြစ်စေ, အခြားအရာများ ဖြစ်စေ, လမ်းဘေးနှစ်ဖက်မှာ ဈေးဆိုင်တွေနှင့် မျိုးစုံ ရှိနေကြသည်။ ၎င်းတို့သည် သေမျိုးကမ္ဘာ၏ မြို့များနှင့် အတိအကျတူညီကြပြီး ဆိုင်ခန်းများပင် ရှိကြသည်။
လူတွေက လမ်းမတွေပေါ်မှာ ဝင်ထွက်လာနေကြပြီး, ဆူဆူညံညံ အော်ဟစ်အော်သံတွေ က တစ်ခုပြီး တစ်ခုပျံ့နှံ့ထွက်ပေါ်သည်။
ဟုတ်ပါသည်။ ဤအရာက ချင်ယွင်အံ့သြရသည့် အကြောင်းရင်း မဟုတ်ပါဘူး။ အမှန်တကယ် သူ့ကို အံ့အားသင့်စေသည်က သူ၏အသွင်အပြင်က ပြောင်းလဲသွားပြီး သူသည် ကလေးအရွယ် ဖြစ်သွားခြင်းပါ။ သူသည် အရပ်တစ်မီတာခန့်သာရှိကာ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ထူးမခြားတော့ပေ။ ထို့အပြင်၊ သူ၏ ကျင့်ကြံမူမှာလည်း ပျောက်ကွယ်သွားကာ၊ သူသည် သာမန် သေမျိုးကလေးတစ်ဦး ဖြစ်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ?" ချင်ယွင် အံ့ဩသွားသည်။
"ပတ်ပတ်လည်ကို ကြည့်လိုက်ပါ” ထိုအချိန်တွင် သူ့ဘေးမှ သေးငယ်လှသော နီထိုက်စွေ့ က ပြောသည်။
ချင်ယွင်သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ လူများသည် သူနှင့် အတူတူပင် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူတို့အားလုံးသည် ကလေးများနှင့် တူနေကြပြီး ကျင့်ကြံခြင်းအခြေခံလည်း မရှိကြပေ။ ကမ္ဘာကြီးတစ်ခုလုံးသည် ကလေးများ၏ ကမ္ဘာကြီး ဖြစ်နေသည်။
"ဘယ်လိုနေလဲ။ သိပ်ကို စိတ်ဝင်စားစရာ မကောင်ဘူးလား?" နီထိုက်စွေ့က ပြုံးပြီး မေးသည်။
"စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီနေရာက အတိအကျ ဘာလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"ဒါက နတ်ဘုရားကမ္ဘာရဲ့ မြေအောက်ကုန်သွယ်ရေး မြို့တော်ပဲ"။ ကောင်းကင်တုန်လှုပ် ခြင်း နတ်ဘုရားနန်းတော်က ထိန်းချုပ်ထားတဲ့ အင်အားစုတစ်ခုပေါ့။ ဒီနေရာမှာ လွတ်လပ်စွာ ရောင်းဝယ်နိုင်တယ်။ လက်တွေ့ဘဝမှာ မင်းလိုအပ်တာ အကုန်ရှိတယ်။ နောက်ပိုင်းမှာ မင်းကို မှတ်မိသွားမှာကိုလည်း စိုးရိမ်နေစရာ မလိုဘူး။ သေချာတာက, ဒီကုန်သွယ်မြို့လေးမှာ အရောင်းအဝယ် နေရာမျိုးစုံရှိတယ်ဆိုတာပဲ။ စားဖို့သောက်ဖို့ဆို ရင် စားသောက်ဆိုင်တွေသွား။ ဒါမှမဟုတ် မင်းဘဝပျော်ရွှင်ဖို့ဆို ပြည့်တန်ဆာအိမ်တွေ သွားနိုင်တယ်။ သေမျိုးကမ္ဘာမှာ ရှိတဲ့အရာမှန်သမျှ ဒီမြေအောက် ကုန်သွယ် မြို့တော်မှာ အရာအားလုံးရှိတယ်။" နီထိုက်စွေ့က ပြုံးရွှင်စွာ ပြောလိုက်သည်။
ထိုစကားကြားတော့ ချင်ယွင်သည် ကူကယ်ရာမဲ့ အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။
သူသည် သေမျိုးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နိုင်မည့် ယခုလိုနေရာမျိုး နတ်ဘုရားကမ္ဘာမှာ ရှိနေမည်ဟု တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ သို့သော်, သူ ကလေးတစ်ယောက် ဖြစ်လာခြင်းက နည်းနည်းတော့ ထူးဆန်းနေပါသသည်။
“သွားကြရအောင်။ ငါ မင်းကို ရောင်းဝယ် ဖောက်ကားခြင်း မြို့တစ်ဝိုက်ကို လိုက်ပြပေး မယ်။ မင်းလိုချင်တာ တစ်ခုခုရှိမရှိ ကြည့်ကြည့်ပေါ့။" နီထိုက်စွေ့က ချင်ယွင်ကို ပြောပြီး မြို့ဘက်ကို လျှောက်သွားသည်။
ချင်ယွင်က သဘာဝအတိုင်း လိုက်သွားပြီး လှည့်ပတ်သွားသည်။
နတ်ဘုရားကမ္ဘာ၏ ရောင်းဝယ်ဖောက်ကားခြင်းမြို့တွင် အရာအားလုံး ရှိနေသည်ကို တွေ့လိုက်ရတော့ သူ အံ့သြသွားသည်။ နတ်ဘုရားပစ္စည်းများပင် အကန့်သတ်မရှိပေ။ ချင်ယွင်သည် ယခင်က မမြင်ဖူးသော အရာများပင် ရှိသည်။ ၎င်းက အလွန်ထူးဆန်းသည်။ ယင်းက ချင်ယွင်ကို စိတ်ဝင်စားစေသည်။