အခန်း ၁၁၉၉
Vol. 80 Ch. 1199
အခန်း (၁၁၉၉) လောင်းကစားကျောက်တုံး
ချင်ယွင်သည် နီထိုက်စွေ့နှင့်အတူ မြေအောက်ကုန်သွယ်ခြင်းမြို့ကို လှည့်ပတ်ကြည့်ရူ သည်။
ဤမြေအောက်ကုန်သွယ်ခြင်းမြို့တွင် ရတနာ မျိုးစုံရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။ နတ်ဘုရားသားရဲတို့၏ အသွေးအနှစ်သာရများ၊ ရှေးဟောင်းသတ္တဝါတို့၏ စိတ်ဝိညာဉ်များ၊ ရှေးဟောင်း နတ်ဘုရားရေ စသည်ဖြင့် အမျိုးမျိုးသော ထူးဆန်းသော ရတနာများ ရှိနေပါသည်။ ရတနာ အမျိုးမျိုးရှိသည်ဟု ဆိုနိုင်သည်။ ချင်ယွင်သည် ယခင်က မမြင်ဖူးသော အရာများလည်း ရှိနေခဲ့သည်။
နီထိုက်စွေ့၏ အဆိုအရ ဤရတနာများသည် စကြဝဠာရှိ သက်ရှိအလွှာပေါင်းစုံမှ လာခြင်း ဖြစ်သည်။ အချို့က သက်ရှိအလွှာပေါင်းစုံသည် ထူးခြားသောကြောင့် ချင်ယွင်သည် ၎င်းတို့ကို ယခင်က မမြင်ဖူးသည်မှာ ပုံမှန်ဖြစ်သည်။
ဤမြေအောက်ကုန်သွယ်မြို့၌ ကုန်သွယ်မှုနည်းလမ်း နှစ်ခုရှိသည်။ တစ်ခုက နတ်ဘုရား ကမ္ဘာ၏ ထူးခြားသော နတ်ဘုရားကျောက်တုံးများဖြင့် ရောင်းဝယ် ဖောက်ကားခြင်း ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အလဲအလှယ်ပြုလုပ်၍ ရောင်းဝယ်ဖောက်ကားခြင်း ဖြစ်ပါသည်။
သာမာန်အားဖြင့်၊ အဆင့်နိမ့် နတ်ဘုရားပစ္စည်းတစ်ခုသည် နတ်ဘုရားကျောက်တုံး တစ်ရာခန့် တန်ဖိုးရှိပြီး၊ အလယ်အလတ် နတ်ဘုရားပစ္စည်းတစ်ခုသည် အဆတစ်ရာ တိုးမြင့်သွားမည်ဖြစ်ကာ နတ်ဘုရားကျောက်တုံး တစ်သောင်းတန်ဖိုးရှိသည်။ အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုအတွက်မူ၊ ၎င်းသည် ပို၍ပင် အဖိုးမဖြတ်နိုင်ပါ။
ထို့ကြောင့်၊ နတ်ဘုရားကျောက်တုံးများဖြင့် ဝယ်ယူနိုင်စွမ်းသည် အလွန်အကန့်အသတ် ရှိသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့်၊ အနှိုင်းမဲ့ အဖိုးတန်ရတနာ အများစုကို အလဲအလှယ် ပြုလုပ်ဖြင့် ရောင်းဝယ်ကြသည်။ တစ်နည်းဆိုရသော်, သင်သည် တစ်စုံတစ်ခုကို ဝယ်ယူ လိုပါက အတိုင်းဆမဲ့ တန်ဖိုးရှိသော ပစ္စည်းတစ်ခုကို လဲလှယ်ပေးရမည် ဖြစ်သည်။
ချင်ယွင်သည် ဟိုဟိုဒီဒီ လျှောက်သွားရင်း အဆင့်နိမ့် နတ်ဘုရားပစ္စည်းလေးခုကို ဝယ်ယူလိုက်သည်။ သူသည် နတ်ဘုရားကျောက်တုံး ၆၀၀ နီးပါးကို အသုံးပြုခဲ့ပြီး၊ ၎င်းတို့ကို အမျိုးသမီးလေးဦးအား ပေးရန်ဖြစ်ပြီး၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် ရည်ရွယ်သည်။
ဤနတ်ဘုရားကျောက်တုံးများ အားလုံးကို တင်းချန်၏ သိုလှောင်လက်စွပ်ထဲမှ ချင်ယွင် ရရှိခြင်း ဖြစ်သည်။ သို့သော်၊ ကောင်းကင်ဘုံထွဋ်မြို့တော်၏ ဒုတိယသခင်လေး အနေဖြင့် ပင်၊ သူ၏ သိုလှောင်လက်စွပ်မှာ နတ်ဘုရားကျောက်တုံး ၈၀၀ သာ ရှိသည်။
ထို့ကြောင့် ချင်ယွင်သည် အဆင့်နိမ့် အကာကွယ် နတ်ဘုရားပစ္စည်းလေးခုကို ဝယ်ယူပြီး နောက်၊ နတ်ဘုရားကျောက်တုံး ၂၀၀ အောက်သာ ကျန်ရှိပါတော့သည် ။
နတ်ဘုရားကျောက်တုံး နှစ်ရာလောက်သည် အဆင့်နိမ့် နတ်ဘုရားပစ္စည်းနှစ်ခု ဝယ်ယူရန် သာ လုံလောက်မည့်ပုံပင်။ သို့သော်, ဝယ်လို့ရသည့်ပစ္စည်းတွေက နည်းပါးလွန်းသည်။ ထို့ကြောင့် သူ ဟိုဟိုဒီဒီ လျှောက်သွားလိုက်သည်။ သူသည် နတ်ဘုရားပစ္စည်းများကို သတိမထားမိပေ။ သို့မဟုတ် သူ၏လက်ထဲမှ နတ်ဘုရားကျောက်တုံးများဖြင့် ဝယ်ယူနိုင် မည့် ပစ္စည်းမျိုး မတွေ့ရပေ။ ထို့အပြင်၊ သူ့လက်ထဲမှာ နတ်ဘုရားပစ္စည်းများဖြင့် လဲလှယ်နိုင်သည့် ပစ္စည်းများလည်း မရှိပေ။
နီထိုက်စွေ့က ထိုပစ္စည်းများကို သိပ်စိတ်မဝင်စားသည့်အတွက် ဘာမှ မဝယ်ဖြစ်ပါဘူး။
သို့သော်လည်း နောက်ဆုံးတွင် နီထိုက်စွေ့သည် ဆိုင်တစ်ဆိုင်၏ တံခါးဝတွင် ရပ်လိုက်ပြီး သူ့မျက်လုံးများသည် တောက်လောင်နေသော အလင်းရောင်ဖြင့် လင်းလက်သွားသည်။
ချင်ယွင်သည် ဆိုင်နာမည်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာတွင် အံ့သြသည့် အမူအရာ ပေါ်လာသည်။
"ကျောက်တုံးလောင်းကစားရုံလား..?" ချင်ယွင်က ရေရွတ်သော်လည်း သူ့စိတ်ထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နေသည်။
လောင်းကစားအိမ်များကို သူ မြင်ဖူးသော်လည်း ဤလောင်းကစားအိမ်က မည်သည့်အရာ ဆိုလိုမှန်း သူ မသိပါဘူး။
သူ၏အနားတွင်၊ နီထိုက်စွေ့သည် ချင်ယွင်၏ သံသယများကို မြင်တွေ့နေပုံရသည်။ သူက ပြုံးပြီး ပြောသည် "ညီအစ်ကို ချင်၊ ကြည့်ရတာ, ကျောက်တုံးနဲ့ လောင်းကစားတာကို မင်းအနေနဲ့ ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်သင့်တယ် ဟုတ်တယ် မဟုတ်လား?"
"ငါ တကယ်ကို မကြားဖူးဘူး။" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။
"ဟီး…၊ ဟီး…၊ ညီအစ်ကို ချင်၊ ဒါဆိုရင်, မင်းတော့ တကယ်ကို ဝမ်းနည်းစရာလူပဲ။ ဒီလောင်းကစားကျောက်တုံးက တကယ် ပျော်စရာကောင်းပြီး, မင်း မျှော်လင့်မထားတဲ့ ရတနာတစ်ခုခုတောင် ရနိုင်တယ်။ သွားရအောင်၊ ငါ မင်းကို အတွေ့ကြုံရအောင် ခေါ်သွား ပေးမယ်။" နီထိုက်စွေ့က ချင်ယွင်အား ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပြောပြီးနောက် ဆိုင်ထဲသို့ ၀င်သွားသည်။
ချင်ယွင်လည်း ဤလောင်းကစားကျောက်တုံးက မည်သည့်အရာဆိုသည်ကို အရမ်းကို သိချင်နေသည့်အတွက် သူလည်း လိုက်ပါသွားသည်။
ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ချင်ယွင်သည် မြေပြင်တွင် အရွယ်အစားမျိုးစုံနှင့် ပုံသဏ္ဍာန် မျိုးစုံဖြင့် မတူကွဲပြားသော ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
အငယ်ဆုံးကျောက်တုံးက လက်သီးအရွယ်ရှိပြီး၊ အကြီးက အမြင့်နှစ်မီတာ ရှိသည်။ ထိုမျှတင်မကပါဘူး၊ ဆိုင်နောက်ဖေးမှာ အိမ်နောက်ဖေးမှာ ကျယ်ဝန်းသော နေရာအလွတ် တစ်ခုရှိသည်။ ၎င်းက တော်တော်လေး ကျယ်ဝန်းသည်။ လူသွားစင်္ကြံလမ်းမှာ ပြသထားသည့် ကျောက်တုံးများအပြင် အခြားကျောက်တုံးများဖြင့်လည်း ပြည့်နေသည်။ ထိုကျောက်တုံး အများစုသည် ကြီးမားလှပြီး, ၃ မီတာမှ လေးမီတာအထိ မြင့်သည်။ အကြီးဆုံးကျောက်တုံးသည် အလျား ဆယ်မီတာ နှင့် အမြင့် ငါးမီတာ ရှိသည်။ ဤကျောက်တုံးများ၏ ထူးဆန်းသော ပုံသဏ္ဍာန်အပြင်အရ၊ ၎င်းတို့သည် ရှေးကျသော အငွေ့အသက်ကို ထုတ်လွှတ်သည်။
ဆိုင်ကိုလာကြည့်သည့် လူငယ်တစ်ယောက် ရှိနေသည်။ ထိုလူငယ်က အရပ်မမြင့်ပါဘူး။ သူသည် အရပ် ၁.၈ မီတာသာ ရှိသေးသည်။ သာမာန်အားဖြင့်ဆို သူသည် ချင်ယွင်နှင့် အခြားသူများ၏အမြင်တွင် ဘာမှမဟုတ်သော်လည်း၊ ယခုအခါ ချင်ယွင်နှင့် အခြားသူများ ၏ အမြင်တွင် သူသည် အရပ်ရှည်ပြီး အားကြီးသော ဧရာမလူ့ဘီးလူကြီး ဖြစ်သည်။
ဤမြေအောက်ကုန်သွယ်မြို့ကို ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်က တည်ဆောက်ခဲ့သည်။ ဆိုင်ရှိလူများအားလုံးသည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်အတွင်းမှ လူများ ဖြစ်ကြသည်။ ထို့ကြောင့်, သူတို့သည် ဤမြေအောက် ကုန်သွယ်မြို့တော်၏ စည်းမျဉ်းများကို လျှော့ချပေးမည် မဟုတ်ပေ။ သေချာသည်မှာ, သူတို့၏စွမ်းအားလည်း ဖယ်ရှားခံထားရပါသည်။ သူတို့သည် ချင်ယွင်နှင့် အခြားသူများ ထက် အနည်းငယ် မြင့်သော သေမျိုးများသာ ဖြစ်ပါသည်။
ထို့ကြောင့်, သင် လမ်းပေါ် လျှောက်သွားသည့်အခါ, အကြည့်တစ်ချက်ဖြင့်ပင် ကောင်းကင် တုန်လှုပ်ခြင်းနတ်ဘုရားနန်းတော်မှ လူများကို ပြောပြနိုင်ပါသည်။
ထိုအချိန်တွင်၊ ဤလူငယ်သည် ခြေထောက်များကို ဖြတ်ကာ တင်ပျဉ်ခွေထိုင်နေပါသည်။ တခြားဆိုင်များကဲ့သို့ ဖောက်သည်များကို ဝန်ဆောင်မူပေးရန် ရည်ရွယ်ချက်ရှိပုံ မရပါဘူး။ ရံဖန်ရံခါတွင် ဖောက်သည်များက စျေးနှုန်းကို မေးမြန်းလေ့ရှိပြီး၊ သူသည် စကားလုံး အနည်းငယ်ဖြင့်သာ တုံ့ပြန်လေ့ရှိသည်။ ၎င်းသည် အလွန်မာနကြီးသူဟု ဆိုနိုင်သည်။
သို့သော်, သူသည် မာနကြီးပုံရသော်လည်း, အနီးနားမှ ဧည့်သည်များက သူ့ကို နည်းနည်းလေးမှ စက်ဆုပ်ရွံရှာပုံ မပေါ်ပါဘူး။ သူတို့အားလုံးသည် မြေပြင်ပေါ်ရှိ ကျောက်တုံးများကို ကောက်ယူရန် အာရုံစိုက်နေကြသည်။
ထိုအချိန်တွင် ချင်ယွင်နှင့် အခြားသူများအပြင် ဆိုင်ထဲတွင် ဧည့်သည် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်လည်း ရှိနေကြပြီး၊ သူတို့၏ လှုပ်ရှားမှုများမှာ အတော်လေး တည်ငြိမ်နေပါသည်။ သူတို့အားလုံး မြေပြင်ပေါ်ရှိ ကျောက်တုံးများကို စိုက်ကြည့် နေကြသည်။
“ညီအစ်ကို ချင်၊ ကြည့်စမ်းပါဦး။ ကျောက်တုံးတွေက ရှေးခေတ် နတ်ဘုရားနယ်မြေ အသီးသီးက နတ်ဘုရားဝိညာဉ်ကျောက်တုံးတွေပဲ”။ အထဲမှာ ရှေးဟောင်း ရတနာအချို့ ဝှက်ထားနိုင်ခြေများတယ်။ လောင်းကစားကျောက်လို့ခေါ်တဲ့ ဒီကျောက်တုံးတွေကို မင်းစိတ်ကြိုက် ရွေးပြီး ဝယ်ယူနိုင်တယ်။ ပြီးရင် ဆိုင်ကလူတစ်ယောက်က မင်းအတွက် ကျောက်တုံးတွေကို ဖွင့်ပေးလိမ့်မယ်။ အထဲမှာ ဘယ်လိုရတနာမျိုး ရှိနေပါစေ, မင်း အပိုင်ပဲ။ သေချာတာက, မင်းအနေနဲ့ အဲဒီလိုကျောက်တုံးတွေကို ဒီလောင်းကစားဆိုင်မှာ ဝယ်လို့ရတယ်။" နီထိုက်စွေ့က ချင်ယွင်ကို ရှင်းပြသည်။
ချင်ယွင်က ကျောက်တုံးအပေါ် လောင်းကစားခြင်းက ယခုလို ကစားနည်းမျိုးပါလားဟု ရုတ်တရက် သဘောပေါက်လိုက်သည့်အပြင်၊ ထိုကစားနည်းက စိတ်ဝင်စားစရာလည်း ကောင်းလွန်းသည်။
ယခုအချိန်မှာ လူတိုင်း၏နတ်ဘုရားအာရုံများ စည်းတံဆိပ် အပိတ်ခံထားရပြီး၊ ဤကျောက်တုံးအတွင်း၌ ရှိသော အရာများကို သာမန်မျက်စိဖြင့်သာ စူးစမ်းနိုင်ပါသည်။ သူတို့သည် စူးစမ်းလေ့လာရန် သာမန်မျက်စိအမြင်ကိုသာ အားကိုးနိုင်သည်။ ထိုသာမန် မျက်စိဖြင့်ဆို, အတွေ့ကြုံကြွယ်ဝခြင်းမရှိပါ, ၎င်းသည် ဝါးကျည်ထောက်အတွင်းမှာ ဘာမှ မရသလိုဖြစ်ရန် အလွယ်ကူပါသည်။ ဆိုလိုသည်မှာ, ကျောက်တုံးကို ပြတ်လိုက်ချိန်မှာ အတွင်း၌ မည်သည့်အရာမှ မရှိခြင်းကို ဆိုလိုပါသည်။
ချင်ယွင်သည် သူ၏စိတ်ထဲမှာ သက်ပြင်းချနေမိသည်။ ဤကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်သည် မည်သို့ စီးပွားရေးလုပ်ရမည်ကို အမှန်တကယ် သိရှိကြသည်။ ဤနည်းဖြင့် နတ်ဘုရားကျောက်တုံးများ ရရှိနိုင်သည်။
ဤကျောက်တုံးများသည် စျေးပေါ်ခြင်း မရှိပေ။ လက်သီးဆုပ်အရွယ် ကျောက်တုံးများ သည်ပင် နတ်ဘုရားကျောက်တုံး နှစ်ရာလိုအပ်သည်။ ဦးခေါင်းအရွယ်စား ကျောက်တုံးများ သည် တစ်ထောင်ကျော် ကုန်ကျလိမ့်မည်။ ပျှမ်းမျှအမြင့်ရှိ ကျောက်တုံးများဆိုလျှင်, သောင်းနှင့်ချီသော နတ်ဘုရားကျောက်တုံးများသာ လိုအပ်ပါသည်။ ခြံဝင်းအတွင်းရှိ ဧရာမ နတ်ဘုရားဝိညာဉ် ကျောက်တုံးကြီးများအတွက်မူ တစ်တုံးချင်းစီတိုင်းသည် နတ်ဘုရား ကျောက်တုံးတစ်သန်းကျော် သို့မဟုတ် သန်းဆယ်ဂဏန်းအထိပင် တန်ဖိုးရှိနေမည်မှာ ပြောစရာပင် မလိုတော့ပေ။
ထို့ကြောင့် ခြံဝင်းထဲတွင် နတ်ဘုရားဝိညာဉ်ကျောက်တုံးများကို လူတစ်ယောက် ဝယ်ယူ လိုက်တိုင်း၊ ကြီးကြီးမားမား အုတ်အုတ်ကျက်ကျက် ဖြစ်လာကြသည်။ လောင်းကစား ဝါသနာပါသူများသည် မည်သို့သော ရတနာများ ဖွင့်ထုတ်နိုင်မည်ကို သိရှိလိုကြ၍ လာရောက် ကြည့်ရှုကြသည်။
အများစုကတော့ အရှုံးပေါ်ကြပါသည်။ တစ်ချို့ဆို ငွေကြေးအမြောက်များ ဆုံးရှုံးသွားကြ သည်။ သေချာသည်မှာ, ၎င်းတို့အနက်, တချို့က အလွန်ကံကောင်းကြသည်။ သူတို့သည် တန်ခိုးကြီးသော ရှေးဟောင်း ရတနာများ သို့မဟုတ် နတ်ဘုရားပစ္စည်းများကို ဖွင့်ထုတ်နိုင် ကြပြီး နောက်ဆုံးတွင် အထုတ်ပိုက်ကာ ပြန်သွားကြသည်။ သို့သော် ယင်းသည် လူနည်းစု သာ ဖြစ်ပါသည်။
ချင်ယွင်သည်လည်း ဤလောင်းကစားကျောက်ကို စမ်းကြည့်ရန် ရည်ရွယ်ထားသော် လည်း၊ သူ့လက်ထဲမှာ နတ်ဘုရားကျောက်တုံး နှစ်ရာသာ ရှိပါသည်။ ထို့ကြောင့်, သူသည် လက်သီးဆုပ်အရွယ် ကျောက်တုံးတွေထဲမှာသာ ရှာဖွေရန် အခွင့်အရေး ရခဲ့ပါသည်။
ဆိုင်မှလူငယ်သည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချင်ယွင်သည် လက်သီးဆုပ် အရွယ် ကျောက်တုံးများရှေ့တွင် တွေးတောဟန်ဖြင့် ယောင်ချာချာ လုပ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏မျက်နှာက ချက်ချင်းပင် အထင်သေး ရှုတ်ချသော အမူအရာ ပေါ်လာသည်။
ချင်ယွင်သည် လူငယ်၏အကြည့်ကို ဂရုမစိုက်ဘဲ သူ့ကိုယ်ပိုင် ကျောက်တုံးကို တိတ်တဆိတ် ရွေးချယ်လိုက်သည်။
အခွင့်အရေးက တစ်ကြိမ်သာ ရှိပါသည်။ ထို့ကြောင့်, သူသည် အလျင်လိုခြင်း မရှိပေ။
"ငါ ဒီတစ်ခု ယူမယ်”။ သို့သော် ချင်ယွင်သည် သူ့ကိုယ်ပိုင်ကျောက်တုံးကို ကောက်ကိုင် လိုက်စဉ်၊ ဆိုင်ရှိဖောက်သည် တစ်ဦးက မြေပြင်ပေါ်ရှိ ခေါင်းအရွယ် ကျောက်တုံးကို ညွှန်ပြပြီး လူငယ်အား ရုတ်တရက် စကားပြောဆိုလိုက်သည်။