← Chapters

အခန်း ၁၂၀၀

Vol. 80 Ch. 1200

အခန်း ၁၂၀၀

Vol. 80 Ch. 1200

အခန်း (၁၂၀၀) ဆရာကြီးအန်း.။

ထိုအသံကို ပရိသတ်အားလုံး ကြားလိုက်ရသောအခါ, သူတို့ကိုယ်ပိုင် ကျောက်တုံးများကို ရွေးချယ်ခြင်း မပြုတော့ဘဲ စကားပြောသူ၏ ဦးတည်ရာဆီကို ကြည့်လိုက်ကြသည်။

ပုံမှန်န်အားဖြင့်လည်း တစ်စုံတစ်ယောက်သည် ကျောက်တုံးတစ်တုံးကို ရွေးချယ်လိုက် သောအခါ၊ ဆိုင်ရှိလူများသည် ကျောက်တုံးရွေးချယ်ခြင်းကို ခေတ္တခဏ ရပ်ထားတတ်ကြ သည်။ ထိုလူ၏ ကျောက်တုံးကို ဖြတ်ပြီးမှ ကျောက်တုံးများကို ဆက်ပြီး ရွေးချယ်ကြသည်။

ကျောက်တုံးများကို ရွေးချယ်ရခြင်းက ကြည်နူးစရာကောင်းသလို တခြားသူများ၏ ကျောက်တုံးများ ဖြတ်တောင်ခြင်းကို ကြည့်ရူရခြင်းကလည်း ကြည်နူးစရာပင်။

ချင်ယွင်နှင့် နီထိုက်စွေ့တို့သည် ကျောက်တုံးများ ရွေးချယ်ခြင်းကို ရပ်လိုက်ကြပြီး၊ ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ထင်ရှားသည်မှာ၊ ဤဧည့်သည် ရွေးချယ်သော ကျောက်တုံးသည် ရတနာများကို ဖြတ်တောက်နိုင်မည်လား?, မည်သည့် ရတနာများ ဖြတ်တောက်နိုင်မည်ကို သူတို့ အလွန်သိချင်နေခဲ့ကြသည်။

လျောင်းကုလားထိုင်ပေါ်တွင် ထိုင်နေသော လူငယ်သည်လည်း မတ်တပ်ထရပ် လိုက်၏။ ထိုဧည့်သည်ရွေးချယ်သော ကျောက်တုံးကို ငုံ့ကြည့်လိုက်ပြီး လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

"နတ်ဘုရားကျောက်တုံး နှစ်ထောင်" လူငယ်က ဘာမှမထူးခြားသော အမူအရာဖြင့် ပြောသည်။

ထိုဧည့်သည်က ပုံမှန်ဧည့်သည်ဆိုသည်မှာ သိသာပါသည်။ သူသည် မဆိုင်းမတွ အိတ်တစ်လုံးကို လူငယ်ဆီသို့ ပစ်ပေးလိုက်သည်။

လူငယ်သည် ၎င်း၏ စကြာဝဠာ သိုလှောင်အိတ်ကို ဖွင့်၍ အတည်ပြုပြီးနောက်၊ ခေါင်းညိတ်ပြသည်။ သို့သော် သူသည် အိမ်နောက်ဖေးသို့ လက်ညိုး ထိုးပြလိုက်သည်။

ထို့နောက်တွင် ချင်ယွင်သည် အိမ်နောက်ဖေးမှာ အလွန်ကြံ့ခိုင်သော ဂေါ်ရီလာကြီးကို လှမ်းမြင်လိုက်သည်။ ဤဂေါ်ရီလာကြီးသည် အရပ်နှစ်မီတာရှိပြီး ၎င်း၏ခန္ဓာကိုယ်သည် အလွန်ကြံ့ခိုင်ပြီး အရပ်ရှည်သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွေးများသည် လုံးဝ အနက်ရောင်ဖြစ်ပြီး၊ ၎င်းအမွှေးများသည် သူ၏ နတ်ဘုရားသိုင်းပညာရပ်လည်း ဖြစ်သည်။ အထူးသဖြင့် သူ၏မျက်လုံးများက တောက်ပနေ၏။

အနီးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် သန်မာသော ဂေါ်ရီလာကြီးနှင့် ပတ်သက်ပြီး လုံးဝ အံ့ဩခြင်း မရှိပေ။ ယင်းအစား၊ ၎င်းက အလွန်ပုံမှန်ဖြစ်နေပုံပင်။

ထိုလူငယ်က မြေပြင်ပေါ်ရှိ ဧည့်သည်ရွေးချယ်သော ကျောက်တုံးကို ညွှန်ပြရင်း၊ သူ၏ပုံစံ အရ ပို၍ပင် အသားကျနေပုံပေါ်သည်။

ထိုကျောက်တုံးများသည် ဦးခေါင်းအရွယ်မျှသာ ရှိသော်လည်း ၎င်းတို့သည် နတ်ဘုရား ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။ ယခုအချိန်တွင် ချင်ယွင်နှင့် အခြားလူများသည် သေမျိုးများ ဖြစ်နေကြသောကြောင့် ဤကျောက်တုံးများကို ရွှေ့ပြောင်းရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူတို့သည် ဤကျောက်တုံးများကို ရွှေ့ပြောင်းလိုပါက ဤဂေါ်ရီလာကြီးကိုသာ အားကိုးနိုင်သည်။

ဂေါ်ရီလာကြီးသည် ကျောက်တုံးကြီးရှေ့သို့ လမ်းလျှောက်လာပြီး မမြှောက်လိုက်သည်။ ထို့နောက် ကျောက်တုံးကြီးကို သယ်ဆောင်ကာ ဆိုင်ရှေ့ရှိ ကျောက်စင်ကြီးတစ်ခုဆီသို့ လျှောက်သွားပါသည်။

စင်္ကြံရှေ့သို့ လမ်းလျှောက်လာပြီးနောက်, ဂေါ်ရီလာကြီးသည် ကျောက်တုံးကို စင်မြင့်ပေါ် တင်လိုက်သည်။ ထို့နောက် သူလက်ထဲမှာ ထက်ရှသော ဓားမြှောင်နှစ်ချောင်း ပေါ်လာသည်။

ချင်ယွင်သည် ဤဓားမြှောင်များသည် အဆင့်နိမ့် နတ်ဘုရားပစ္စည်းများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

ဤနတ်ဘုရားဝိညာဉ်ကျောက်တုံးများသည် အနှိုင်းမဲ့ မာကြောသည်။ ဤကျောက်တုံးများ ကို ပိုင်းဖြတ်ရန်၊ နတ်ဘုရားလက်နက်များကို အသုံးပြုနိုင်သည်။

"ဒါက ကျောက်တုံးတွေကို ဖြတ်တာလား။" ချင်ယွင်က နီထိုက်စွေ့ကို မေးသည်။

"ဟုတ်တယ်၊ သူက ဒီမှာ ကျောက်ဖြတ်သမားပဲ။ သူ့နာမည်က ဆရာကြီး အန်းတဲ့။ သူက အရမ်း အစွမ်းထက်တဲ့ ပညာရှင်ပဲ" နီထိုက်စွေ့က လေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။

ချင်ယွင်သည် မထိန်းနိုင်ဘဲ အံ့အားတသင့် အမူအရာကို ထုတ်ဖေါ်မိသည်။ သူ၏အကြည့်တွေက ဂေါ်ရီလာကြီးဆီ ကျရောက်သွားပြီး၊ ရိုသေလေးစားသွားသည်။

ကျောက်တုံးများကို ဖြတ်တောက်ခြင်းသည် ၎င်းတို့ကို ဖြတ်တောက်နိုင်ရုံမျှဖြင့် လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပါ။ ယင်းအစား၊ အလွန်မင်း သိမ်မွေ့သော ထိန်းချုပ်နိုင် စွမ်း လိုအပ်ပါသည်။ နတ်ဘုရားအာရုံ ကန့်သတ်ခံထားရချိန်မှာ, ကျောက်တုံးဖြတ်ခြင်း လုပ်ငန်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်သူ အနည်းငယ်မျှသာ ရှိပါသည်။ ထို့ကြောင့် ကျောက်ဖြတ်ဆရာများသည် ယေဘုယျအားဖြင့် ဓားပညာ သို့မဟုတ် ဓားပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။

သူတို့ရှေ့မှ ဆရာကြီးအန်းသည် ဂေါ်ရီလာတစ်ကောင်ဖြစ်သော်လည်း သူ၏ခွန်အားမှာ ထူးထူးခြားခြား ဖြစ်သည်။ ကျောက်တုံးကို တစ်စစချင်း ခွဲထုတ်နိုင်ခြင်းကို အသာထား, နတ်ဘုရားပစ္စည်းကို အသုံးပြု၍, ပုံမှန်မဟုတ်ဘဲ တားမြစ်ထားသော အခြေအနေ အတွင်းမှာ နတ်ဘုရားဝိညာဉ် ကျောက်တုံးများကို ဖြတ်တောက်ပြီး ခွဲထုတ်နိုင်ခြင်းသည် ထူးထူးခြားခြား ဖြစ်နေပါပြီ။ ဤသည်မှာ အလွန်ခက်ခဲသည်ဟု ဆိုနိုင်ပါသည်။

ချင်ယွင်သည် ဆရာကြီးအန်းအကြောင်း သိချင်စိတ် ဖြစ်ပေါ်နေစဉ်မှာ ဆရာကြီးအန်း သည် လှုပ်ရှားသွားသည်။

သူသည် သူ့လက်ထဲမှ နတ်ဘုရား ဓားမြှောင်ကို ဝှေ့ယမ်းပြီး၊ ဖြတ်တောက်ရန်အတွက် ကြီးမားသော ကျောက်တုံးကြီးဆီသို့ ဆက်လက် လျှောက်သွားသည်။

သူ၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်သောကြောင့် ပုံရိပ်ယောင်တစ်ခုအသွင် ဖြစ်ပေါ်လာပုံရသည်။ သူ့လက်ထဲမှ ဓားမြှောင်သည် အနှိုင်းမဲ့ လှပသော အလင်းရောင် တစ်ခုနှင့် လင်းလက်နေသည်။ သူသည် သူ၏လက်ထဲမှ ဓားမြှောင်ကို ဆက်ပြီး ဝှေ့ယမ်းကာ ကျောက်တုံးကြီးကို ဖြည်းညှင်းစွာ ဖြတ်တောက်ပစ်လိုက်သည်။

ဆရာကြီးအန်း ဖြတ်တောက်လိုက်သော ကျောက်တုံးတိုင်းသည် ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ အထူအပါး အတိအကျ အတူတူပင်ဖြစ်ကြောင်း ချင်ယွင်သည် အံ့သြစွာ တွေ့လိုက်ရသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ထိန်းချုပ်မှုလဲ။ ဒီလူရဲ့ ဓားပညာက ပြီးပြည့်စုံမှုရဲ့ အထွတ်အထိပ်ကို သေချာပေါက် ရောက်ရှိနေပြီ” ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ဆရာကြီးအန်း၏ အစွမ်းအစ, သူ၏စွမ်းအားလုံးကို ဖိနှိပ်ထိန်းချုပ်ခံရမှု အောက်တွင် ဤအရာကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခြင်းသည် အံ့ဩဖွယ်ကောင်းလှသည်။ ချင်ယွင်သည် သူရော ဤကိစ္စကို ပြီးမြောက်အောင် လုပ်နိုင်မည်လားဟု သူ့ကိုယ်သူ မေးခွန်းထုတ်မိ သည်။

ပြင်ပကမ္ဘာတွင် ဆရာကြီးအန်းသည် မည်မျှကြောက်စရာကောင်းမလဲဆိုသည်ကို ယုံကြည်ရန် ခက်ခဲကြောင်း အမှန် တွေ့ရှိရသည်။

အနီးနားရှိ လူတိုင်းသည် ဆရာကြီးအန်း၏ နည်းလမ်းများကို သိသာထင်ရှားစွာ အသားကျနေပြီ။ သို့သော် ယခုအချိန်တွင် သူတို့အားလုံးသည် နှစ်သက်ကျေနပ်ဖွယ် အမူအရာများကို ထုတ်ဖော်ပြသကြသည်။ ဆရာကြီး အန်း၏ လှုပ်ရှားမှုများသည် အမှန်တကယ် လေးနက်လွန်းသည်ဟု ဆိုရမည် ဖြစ်သည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ဆရာကြီးအန်းလည်း သူ့လက်မောင်းကို ဝှေ့ယမ်းရင်း ဦးခေါင်းအရွယ် ကျောက်တုံးကို လက်သီးဆုပ်အရွယ်အထိ ဖြတ်တောက် လိုက်သည်။ သို့သော်လည်း မည်သည့်ရတနာမှ မဖြတ်တောက်မိသေးပါ။

ပတ်ဝန်းကျင်မှ လူတိုင်းသည် စိတ်ပျက်လက်ပျက် အမူအရာတွေ ပေါ်လာကြပါသည်။ ဦးခေါင်းအရွယ် ကျောက်တုံးကို လက်သီးဆုပ်အရွယ်အထိ ဖြတ်တောက်ခဲ့သည်။ နောက်ပိုင်းမှာ ရတနာများ ပေါ်လာနိုင်လျှင်ပင် များသောအားဖြင့် ဆုံးရှုံးမူကို ကြံတွေ့ရ နိုင်သည်။ အဆုံးတွင်, ရတနာများ ပေါ်လာနိုင်ရန် အခွင့်အလမ်းက အများကြီး လျော့နည်း သွားပါပြီ။

"ဟင်း…၊ အခေါင်းပေါက်ကျောက်တုံး ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး။" အခြားဧည့်သည်များသည် ခေါင်းယမ်းကာ သက်ပြင်းချပြီး၊ ထိုဧည့်သည်အတွက် သူတို့စိတ်ထဲမှာ သနားသွားကြသည်။

အခေါင်းပေါက်ကျောက်တုံးဟု ခေါ်သည့်အရာသည် အတွင်းထဲမှာ ဘာမှမပါသည့် ကျောက်တုံးမျိုး ဖြစ်ပါသည်။ ဤကျောက်တုံးမျိုးသည် လောင်းကစားသမားများ အကြောက်ဆုံး ကျောက်တုံးများ ဖြစ်ပါသည်။ အကယ်၍, သင်သာ အခေါင်းပေါက် ကျောက်တုံးကို ရွေးချယ်မိသည်နှင့် ၎င်း၏အဓိပ္ပာယ်မှာ, သင်၏နတ်ဘုရား ကျောက်တုံး များ အားလုံးကို အလဟသဖြစ်သွားပြီး၊ စိတ်လှုပ်ရှားစရာ ဘာမှမရှိတော့ဟု ဆိုလိုပါသည်။

ထိုအချိန်တွင် ဧည့်သည်တော်၏ မျက်နှာမှာ ပြာနှမ်းနေပြီး အလွန် ရှက်ရွံ့နေသည်။

ထင်ရှားသည်မှာ, ဤနတ်ဘုရားကျောက်တုံး နှစ်ထောင်သည် သူ့အတွက် သေးငယ်သော ပမာဏ မဟုတ်သည်မှာ သိသာပါသည်။ အကယ်၍ သူသည် ပစ္စည်းတစ်ခု တစ်လေတောင်မှ ရအောင်မဖွင့်နိုင်ခဲ့လျှင် သူ၏ဆုံးရှုံးမှုသည် အတိုင်းထက်လွန် ကြီးမားသွားလိမ့်မည်။

ယခုအချိန်တွင် သူသည် မည်သည့်ရတနာကိုမျှ မထုတ်ဖော်နိုင်သေးပါ။ သူသည် အလွန် အကျွံ ဆုံးရှုံးမူမဖြစ်ပေါ်ရန် ရတနာတစ်ခုခုကို မတော်တဆ ထုတ်ဖော်နိုင်မည်ဟု သူ မျှော်လင့်နေမိသည်။

လူငယ်သည် ဤအရာအားလုံးကို ဂရုမစိုက်သော အမူအရာဖြင့် ကြည့်နေဆဲပင်။ သူ၏ ပါးစပ်ထောင့်မှာ သရော်လှောင်ပြောင်မှု အရိပ်အယောင် ခိုတွဲနေပုံရသည်။ သိသာပါသည်, ဤမြင်ကွင်းမျိုးက သူ့အတွက် ပုံမှန်မြင်ကွင်းမျိုး ဖြစ်သည်။ ဖြတ်တောက်ပြီးနောက် ရတနာများ မတွေ့ရသည့် လူအများပြား၏ နောင်တရသည့် အပြုအမူများကို သူသည် မြင်တွေ့ခဲ့ပေါင်း များလှပါပြီ။ ထိုမြင်ကွင်းမျိုးမြင်တိုင်း သူသည် ရှုတ်ချသည့် အမူအရာ ပေါ်လာတတ်သည်။

ထိုအချိန်တွင် ဆရာကြီးအန်း၏ လက်ထဲတွင်ရှိသော ကျောက်တုံးသည် ကြက်ဥ အရွယ်အစားသာ ရှိပါတော့သည်။ လူတိုင်း ခေါင်းယမ်းလိုက်ကြပြီး ကျောက်တုံး ရွေးချယ်သည့် ဧည့်သည်တော်သည်လည်း စိတ်ပျက်လက်ပျက် ဖြစ်သည့် အမူအရာ ပေါ်လာပါသည်။

"ဝမ်းနည်းစရာ ကောင်းလိုက်တာ။ အဲဒါက အခေါင်းပေါက်ကျောက်တုံးပဲ" နီထိုက်စွေ့က သနားဟန်ဖြင့် သက်ပြင်းမချနိုင်ဘဲ မနေနိုင်ခဲ့ပေ။

သို့သော် ချင်ယွင်သည် သူ့စိတ်ထဲတွင် ထိုမျှလောက် မခံစားရပေ။ ဤကျောက်တုံးသည် အခေါင်းပေါက်ကျောက်တုံး မဟုတ်ကြောင်း သူ ယောင်ဝါးဝါး ခံစားလိုက်ရသည်။

ဘန်း..။

သေချာပါသည်။ ဆရာကြီးအန်း လှီးဖြတ်ပြီးပြီးချင်းမှာပင် ပြင်းထန်သော နတ်ဘုရား တန်ခိုး စွမ်းအင် အတက်အကျလှိုင်းက ကြက်ဥအရွယ် ကျောက်တုံးဆီမှ ရုတ်တရက် ထွက်ပေါ်လာပါသည်။ ဤနတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းသည် အလွန် အေးစက်သည်။

ထိုနောက်တွင် ကျောက်တုံးထဲမှ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး၊ ကျောက်တုံးအောက်မှ နှင်းဖြူရောင် အပိုင်းအစတစ်ခု ထွက်ပေါ်လာကာ နှင်းဖြူရောင်အပိုင်းအစထံမှ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ ထုတ်လွှတ်နေသည်။

"ဒါက တကယ်ကို ရှေးခေတ် ရေခဲနတ်ဘုရား ကျောက်စိမ်းပဲ" လူအုပ်ထဲက တစ်ယောက်က အော်ပြောသည်။

ပေါ်လွင်နေသော နှင်းဖြူရောင်အကွက်များကို ကြည့်လိုက်ရင်း သူ၏မျက်နှာက အလွန် အံ့အားသင့်နေသည့် အမူအရာ ပေါ်လွင်နေပြီး ထိုဧည့်သည်တော်လည်း အလွန် စိတ်လှုပ်ရှားနေသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။

ရှေးခေတ်ရေခဲနတ်ဘုရား ကျောက်စိမ်းသည် အလွန်အဖိုးထိုက်တန်သော ရတနာတစ်ခု ဖြစ်သည်။ သာမာန်အားဖြင့် လက်မအရွယ်သည်ပင် နတ်ဘုရားကျောက်တုံး တစ်ထောင်နှင့် ရောင်းချနိုင်သည်။ အခု ဤကျောက်တုံးသည် ကြက်ဥအရွယ်ရှိသည်။ ၎င်းသည် အနည်းဆုံး နတ်ဘုရားကျောက်တုံး ၅၀၀၀ ဖြင့် ရောင်းချနိုင်သည်။

ဆိုလိုသည်မှာ, ထိုဧည့်သည်တော်သည် ပိုက်ဆံမဆုံးရှုံးရုံသာမက, ပြန်ရလာသည့် ဝင်ငွေက နှစ်ဆလောက် ပိုများလာသည်။ ထိုလူသည် မည်သို့ မပျော်ရွှင်ဘဲ နေမည်နည်း?။

ဘေးအနားမှ နီထိုက်စွေ့က ချီးကျူးသည့် အမူအရာ ထုတ်ဖော်လာရင်း " နောက်ပိုင်း ငါ ကျောက်တုံးကို ရွေးချယ်တဲ့အခါ, ငါလည်း အရမ်းကံကောင်းဖို့ မျှော်လင့်မိတယ်" ဟု တိုးတီးရေရွတ်လိုက်သည်။

သို့သော် သူ ပြောပြီးသည်နှင့် ထိုလူငယ်သည် နီထိုက်စွေ့ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်ပါသည်။

စာစဉ် (၈၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၉. ၁၂. ၂၀၂၄)။

All Chapters