← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

🌱 Chapter 13

ဆိုင်ရှင် ခဏတာ တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။

"ငါတို့ အရင်က ဆေးဖက်ဝင်အပင်တွေကို တစ်ခါမှမသုံးဖူးဘူး၊ ဒီချွန်းရှုန်းနဲ့ တန်းကွေ့က"

"အို၊ စိတ်မပူပါနဲ့၊ ဒီလိုမျိုး သာမန် ဆေးဖက်ဝင်အပင်တွေကို ဆေးဆိုင်မှာ ရနိုင်မှာပါ"

သူမ စကားများကို ကြားပြီးနောက် ဆိုင်ရှင်သည် ဆယ်နှစ်စာ ဟင်းချက်ပညာကို ချက်ချင်းသင်ယူလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"မိန်းကလေး၊ ပါဝင်ပစ္စည်းတွေနဲ့ ဟင်းချက်နည်းကိုထားခဲ့ပါ၊ မင်းကို ရက်ရက်ရောရော ဆုချဖို့ ငါ ဆန္ဒရှိပါတယ်"

ဆိုင်ရှင်သည် နက်ရှိုင်းစွာ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။

"ချွန်းရှန်း၊ မိန်းကလေးအတွက် ငွေချောင်းနှစ်ဆယ် ထုတ်ပေးလိုက်"

ငွေချောင်းနှစ်ဆယ်သည် သူမ ဈေးတွင် ရရှိမည့် ပမာဏထက် အဆများစွာပိုများသည်။ ပိုင်ချောင်ရှီ ချိုသာစွာ ပြုံးလိုက်ပြီးပြောလိုက်သည်။

"မလောပါနဲ့၊ ရှိပါသေးတယ်"

ထိုသို့ပြောရင်း ပိုင်ချောင်ရှီသည် သူမ ကျောပေါ်ရှိ ခြင်းတောင်းထဲမှ ပါဝင်ပစ္စည်းများကို သွန်ချလိုက်ပြီးပြောလိုက်သည်။

"ဆိုင်ရှင်၊ ရှင်နဲ့ စကားပြောရတာကို ကျမ သဘောကျတယ်၊ ဒါကြောင့် ကျမ ကောင်းတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပြီး တစ်ခုဝယ်ရင်နှစ်ခုရတဲ့ အစီအစဉ် လုပ်ပေးမယ်၊ ဒီတောယုန်တွေနဲ့ လတ်ဆတ်တဲ့မှိုတွေက တောင်ပေါ်မှာ ကျမ အမဲလိုက်လာတဲ့ သားကောင်တွေဖြစ်ပါ စားသောက်ဆိုင်ကိုလည်း ကျမ ဒါတွေ ပေးပါ့မယ်"

ပိုင်ရှောင်ရှုသည် ပိုင်ချောင်ရှီ၏အင်္ကျီလက်စွပ်ကို အနောက်မှဆွဲလိုက်သည်။ ထိုအရာများအားလုံးမှာ ငွေများဖြစ်သည်။ သူမ မည်သို့များ ဤမျှရက်ရော စွာဖြင့် ၎င်းတို့အား အလကားပေးနိုင်မည်နည်း။

ဆိုင်ရှင်သည် အနည်းငယ် အနေခက်သွားသည်။ မိန်းကလေးသည် ထက်မြက်ပြီး အကင်းပါးလှသည်။ သူသည် သူမနှင့် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားသဖြင့် စားပွဲထိုးကို လက်ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

"ဒီဖုန်းမျိုးရိုးက မိန်းကလေးရဲ့ကြင်နာမှုကို လက်ခံပါတယ်၊ ချွန်းရှန်း၊ မိန်းကလေးအတွက် နောက်ထပ် ငွေဆယ်ချောင်းထုတ်ပေးလိုက်ဦး၊ မိန်းကလေးမှာ နောင်ကျ တခြားပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် ဟင်းချက်နည်းတွေရှိလာရင် ကျွီဖန်ကို ဦးစားပေးဖို့ ငါ တောင်းဆိုပါတယ်၊ ရေရှည် ပူးပေါင်းဆောင်ရွက်မှု ဆိုရင်ရော ဘယ်လိုလဲ"

ဆိုင်ရှင်၏အမည်မှာ ဖုန်းကျိန်းယဲ့ဖြစ်ပြီး သူ့အမည်မှာ သေချာပေါက် ကောင်းမွန်စွာရွေးချယ်ထားခြင်းဖြစ်သည်။

ပိုင်ချောင်ရှီသည် ချက်ချင်းသဘောမတူဘဲ အလွန်သတိထားကာ ပြောလိုက်သည်။

"ဆိုင်ရှင် လေးစားရတဲ့ဧည့်သည်တော်ဆီမှာ အောင်မြင်အောင် စွမ်းဆောင်ပြပြီးမှပဲ ကျမတို့ ဆက်လက်ဆွေးနွေးကြတာပေါ့၊ အဲဒီကျမှပဲ ကျမရဲ့ ဟင်းချက်နည်းကို ရှင် စိတ်ချလက်ချသုံးရဲမှာလေ၊ အဲဒီလိုမှ မဟုတ်ရင် ခွင့်ပြုချက်မရှိဘဲ ဒီနည်းလမ်းကို သုံးဖို့ ရှင် ဝံ့မှာမဟုတ်ဘူးလို့ ကျမ ထင်တယ်"

ထို့နောက် သူမသည် ဟင်းချက်နည်းကို နှုတ်တိုက်ချပေးခဲ့ပြီး ဖုန်းကျိန်းယဲ့မှ တစ်စုံတစ်ဦးကို ရေးမှတ်ခိုင်းလိုက်သည်။

စားပွဲထိုးသည် ငွေများယူဆောင်လာခဲ့ပြီး ပိုင်ချောင်ရှီက ၎င်းကို သူမ ခြင်းတောင်းထဲသို့ ကျွမ်းကျင်စွာထိုးထည့်လိုက်ကာ ဆိုင်ရှင်အား လက်ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဆိုင်ရှင်ဖုန်း"

သူမသည် ပိုင်ရှောင်ရှုကိုဆွဲကာ အလျင်အမြန်ထွက်သွားခဲ့ပြီး သစ်သားပုံးကိုပင် ဂရုမစိုက်တော့ပေ။

ဖုန်းကျိန်းယဲ့သည် သူတို့နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် လိုက်သွားပြီး ပြောလိုက်သည်။

"နောင်ကျရင် မိန်းကလေးကို ဘယ်မှာ ရှာရမလဲ"

"ဈေးမှာပါ၊ ကျမ နေ့တိုင်း အဲဒီမှာ ရှိတယ်"

စားသောက်ဆိုင်ထဲမှ သူ့ အစ်မနောက်သို့ လိုက်ထွက်လာသော ပိုင်ရှောင်ရှုသည် ဇဝေဇဝါဖြစ်နေကာ ပြောလိုက်သည်။

"အစ်မ၊ ငါတို့ ဈေးမှာ မရှိဘူးလေ၊ ဆိုင်ရှင်က ငါတို့ကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ"

ပိုင်ချောင်ရှီသည် သူ့ နဖူးကို ခေါက်လိုက်ပြီး ပြောလိုက်သည်။

"ငတုံးလေး၊ အကယ်၍ လေးစားရတဲ့ပုဂ္ဂိုလ်က မကျေနပ်ရင် ဘယ်လိုလုပ်မလဲ၊ ဘယ်သူက အပြစ်တင်ခံရမှာလဲ၊ ငါတို့ ငွေရပြီဆိုတော့ မြန်မြန် ထွက်ပြေးဖို့က အရေးကြီးတယ်"

(Author Note : ချွန်းရှုန်း၊ တန်းကွေ့နဲ့ ရေချိုငါးရှဉ့်စွပ်ပြုတ်က တကယ် ဆေးဖက်ဝင်အစားအစာတစ်ခုဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့ စာဖတ်သူတွေက အိမ်မှာ လုပ်စားကြည့်လို့ရပါတယ်နော် )

စျေးသို့ ပြန်ရောက်သောအခါ ဝေးရှီမှ ရှန်းရှီသို့ ကူးပြောင်းမည့်အချိန်သို့ နီးကပ်နေပြီဖြစ်သည်။

သူတို့၏မူလနေရာတွင် ဦးလေးကျန်းနှင့် ကျစ်ရှုတို့ကို မတွေ့ရတော့ပေ။

ပိုင်ချောင်ရှီ ရင်ထဲတွင် စိုးရိမ်ပူပန်နေပြီး စျေးထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ရှာဖွေခဲ့သည်။ လူအုပ်ကြီးမှာ များပြားနေဆဲဖြစ်ပြီး နွားလှည်းနှင့် ၎င်းအပေါ်ရှိ ကျက်သရေရှိသော လူငယ်လေးကို သူမ မြင်တွေ့လိုက်ရသည်။

ကြာရွက်ထီးမှာ ဆက်လက်အသုံးပြု၍မရတော့ဘဲ လှည်းပေါ်တွင် ညှိုးနွမ်းစွာရှိနေသည်။ ကျစ်ရှု ဘေးပတ်လည်တွင် ကြွေအိုးများနှင့် မြေအိုးအမျိုးမျိုး ရှိနေသည်။ မနေ့က သူတို့ အိမ်တွင် ဝါးရည်ကို သောက်ခဲ့ကြပြီး ဝါးရည်များထည့်ပြီးနောက် ကြက်သားစွပ်ပြုတ်အတွက် ပန်းကန်လုံးများ မကျန်တော့ပေ။ သို့ဖြစ်၍ ကျစ်ရှုက မိသားစုဝင်ငွေအား ဖြည့်တင်းပေးရန်ကြိုးစားနေခြင်းလော။ အိုးတစ်လုံးထဲတွင် ဝက်ဝမ်းဗိုက်သားပြားကြီးတစ်ခုနှင့် အရိုးကြီးအချို့ပင် ပါဝင်နေသည်။ သူက သူမအား မုန့်သေတ္တာလေးတစ်ခုကို ကမ်းပေးလိုက်သည်။

ကျစ်ရှု "ကိတ်မုန့်တွေ၊ မင်းအတွက်"

ပိုင်ချောင်ရှီသည် သူ့ထံတွင် ငွေမရှိကြောင်းကို သိထားသဖြင့် ဤအရာများသည် ဘယ်ကရောက်လာသနည်း။ သူမသည် အလွန်အကျွံ စိတ်ခံစားလွယ် နေခြင်း မဟုတ်ဘဲ ၎င်းတို့ကို အပြုံးဖြင့် လက်ခံလိုက်ပြီး နောက်ပြောင်လိုက်သည်။

ပိုင်ချောင်ရှီ "ရှင် စျေးကို ဓားပြတိုက်လာတာတော့ မဟုတ်ပါဘူးနော်"

ကျစ်ရှု ပြန်မဖြေမီ ဦးလေးကျန်း အသံကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဦးလေးကျန်း "ပိုင်ချောင်ရှီ၊ မင်း ယောကျ်ားက တော်တော်ထူးခြားတဲ့သူပဲ၊ လမ်းတစ်ဖက်ကနေ အခြားတစ်ဖက်အထိ၊ ကွင်းစွပ်ကစားနည်းရောင်းတဲ့သူက သူ့ကို မြန်မြန်ထွက်သွားဖို့ တောင်းပန်ရတယ်၊ မျက်လှည့်ပြတဲ့သူက သူ့ကိုကြေးပြားတွေ ခိုးထည့်ပေးတယ်၊ ကိတ်မုန့်ရောင်းတဲ့ အဒေါ်ကြီးကတောင် သူ့ကို မုန့်တွေ အပိုပေးလိုက်သေးတယ်"

ကြည့်စမ်း၊ ၎င်းသည် သေချာပေါက် ဇာတ်လိုက်၏အရှိန်အဝါဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော စီအီးအိုတစ်ဦး၏အပြည့်အဝ ဆွဲဆောင်မှုပင်။

ပိုင်ချောင်ရှီ ပြုံးလိုက်ပြီး နွားလှည်းပေါ်တွင် ထိုင်လိုက်သည်။

ပိုင်ချောင်ရှီ "ဒါ ကျမ ယောကျ်ားလေ"

ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေခြင်းသာ။

တည်ရှိနေမှုကို မခံစားရသော ပိုင်ရှောင်ရှုမှာမူ အဘယ်ကြောင့် မည်သူကမျှ သူ့အား မချီးကျူးကြသနည်း။

သူ့အစ်မထံမှ ရုတ်တရက် အသိစိတ်ဝင်လာမှုကြောင့် မုန့်တစ်ဖဲ့ကို သူ့ထံသို့ကမ်းပေးလာသည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးစလုံးသည် တစ်နေကုန် ဟိုဟိုဒီဒီ ပြေးလွှားနေခဲ့ရပြီး ဘာမှမစားရသေးပေ။

ပိုင်ရှောင်ရှု "ကျေးဇူးပဲ၊ အစ်မ"

သူ့အသံမှာ အလွန်ပျော်ရွှင်ကြည်လင်နေသည်။

ပိုင်ချောင်ရှီ "နင့် ယောက်ဖကိုသာ ကျေးဇူးတင်လိုက်"

ကျစ်ရှုသည် သူမ အမြဲတမ်း အခြားသူများကို ဦးစွာစဉ်းစားတတ်ကြောင်း သတိပြုမိသွားပြီး အေးစက်စွာဖြင့် ပြောလိုက်သည်။

ကျစ်ရှု "မင်း စားလိုက်"

ပိုင်ချောင်ရှီသည် သူမ နှုတ်ခမ်းများကို စုလိုက်ပြီး သူမ၏ နှာခေါင်းဖြင့် အနံ့ခံလိုက်ကာ ပြုံးနေခြင်းကိုမရပ်တန့်နိုင်တော့ပေ။

ပိုင်ချောင်ရှီ "အရမ်းမွှေးတာပဲ"

All Chapters