Mirror Novel MyanmarMIRRORNOVEL← All Novels
ရှေးခေတ်မှာ ဆေးပင်စုဆောင်းမယ်

ရှေးခေတ်မှာ ဆေးပင်စုဆောင်းမယ်

我有一座百草园

50 chapters· Ongoing· ★ 7.8
FantasyHistoricalRomanceSystem

ရာစုနှစ်သစ်၏ တရုတ်တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းသူ ပိုင်ချောင်ရှီသည် စာအုပ်ထဲရှိ နာမည်တူ မုဆိုးမလေး၏ ကိုယ်ထဲသို့ မတော်တဆ ကူးပြောင်းသွားခဲ့ပြီး သိပ်မလေးနက်လှသော [ဆေးဥယျာဉ်စနစ်] နှင့်လည်း ချိတ်ဆက်မိသွားခဲ့သည်။ မုဆိုးမလေးသည် တောင်ပေါ်သို့ မြက်တူးရန် သွားချိန်တွင် သေလုမျောပါးဖြစ်နေသော ရုပ်ဖြောင့်သည့် လူငယ်လေးတစ်ဦးကို ကယ်တင်ခဲ့သော်လည်း သူမ၏ယောင်းမဖြစ်သူမှ ဝက်လှောင်ချိုင့်ထဲထည့်ကာ ရေကန်ထဲတွင် နှစ်သတ်ရန် စွပ်စွဲပြောဆိုခြင်း ခံလိုက်ရသည်။ အခြေအနေအရ ယာယီဖြေရှင်းသည့်အနေဖြင့် လူငယ်လေးသည် ပိုင်ချောင်ရှီကို လက်ထပ်ခဲ့သည်။ ရုပ်ရည်ကို အလွန်အမင်း နှစ်သက်တတ်သော ပိုင်ချောင်ရှီသည် ပါးစပ်ဖျားသို့ရောက်လာသော အလှတရားလေး လွတ်ထွက်သွားမည်ကို သည်းမခံနိုင်တော့ပေ။ ပိုင်ချောင်ရှီ "ရှင်က ပန်းလေးတစ်ပွင့်လို လှပနေဖို့ပဲ တာဝန်ယူ၊ ကျွန်မက မိသားစုကိုကျွေးမွေးဖို့ မြက်စိုက်တဲ့ တာဝန်ကို ယူမယ် " စနစ်မှ ပေါင်းပင်ဟု အများအားဖြင့် သိကြသော psyllium မျိုးစေ့များကို ဆုအဖြစ် ပေးအပ်ခဲ့သည်။ (T/N : Psyllium ရဲ့ အဓိက အသုံးဝင်ပုံတွေကတော့ အမျှင်ဓာတ် အလွန်ကြွယ်ဝခြင်း၊ ဝမ်းမှန်စေခြင်း၊ သွေးတွင်း ကိုလက်စထရော ကျဆင်းစေခြင်း) ပိုင်ချောင်ရှီသည် ဘဲများ မွေးမြူခဲ့ပြီး တာယန်တိုင်းပြည်၏ပထမဆုံးသော ချွမ်ကျွီးဖန် ဘဲကင်စားသောက်ဆိုင်ကိုပါဖွင့်လှစ်ခဲ့သည်။ စနစ်မှ မြက်စိမ်းဟု အများအားဖြင့် သိကြသော Zoysia မျိုးစေ့များကို ဆုအဖြစ် ပေးအပ်ခဲ့သည်။ (T/N : Zoysia (ဇွိုင်းရှား) ဆိုတာ အလွန်အကြမ်းခံပြီး ရှင်သန်လွယ်တဲ့ မြက်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်) ပိုင်ချောင်ရှီသည် ဒေသဆိုင်ရာ အခြေအနေများနှင့် ကိုက်ညီစေရန် အစီအမံများကိုပြုပြင်မွမ်းမံခဲ့ပြီး တာ့ယန်တိုင်းပြည်၏ ပထမဆုံးသော အထူးပုဂ္ဂိုလ်ဂေါက်ကွင်းကိုဖွင့်လှစ်ခဲ့ကာ ထိုအချိန်မှစ၍ ချွေ့ဝမ်ကစားနည်းသည် တိုင်းပြည်တစ်ဝန်းလုံးတွင် ရေပန်းစားလာခဲ့သည်။ စနစ်မှ ရွှေရောင်ဆေးညွှန်းစာအုပ်နှင့်အတူ ရှီးချောင်မျိုးစေ့များကို ဆုအဖြစ်ပေးအပ်ခဲ့သည်။ ပိုင်ချောင်ရှီသည် ဆေးဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ကာ ဆေးဖက်ဝင်အစားအစာများကို မိတ်ဆက်ခဲ့ပြီး အလှကုန်ဆေးဝါးများကိုလည်း ထုတ်လုပ်ခဲ့သည်။ ပိုင်ချောင် ထိန်းသိမ်းရေးစခန်းကို တည်ထောင်ခဲ့ပြီး ဆေးပညာအကယ်ဒမီနှင့် ကုန်သွယ်ရေးဗဟိုဌာနကိုပါ ဖွင့်လှစ်ခဲ့ကာ အံ့ဖွယ်သမားတော်တစ်ဦးအဖြစ် ကျော်ကြားလာခဲ့သည်။ ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ဦးဖြစ်ခဲ့သော ယင်ကျစ်ရွှီသည် သစ္စာဖောက်တစ်ဦး၏ ချောက်ချမှုကို ခံခဲ့ရပြီး အပြင်ဘက်တွင် နေထိုင်ရသော ဖျားနာကာ အားနည်းနေသည့် လူငယ်လေးတစ်ဦး ဖြစ်လာခဲ့သည်။ ယင်ကျစ်ရှု "ငါ အစကတည်းက ငရဲပြည်ရဲ့ အာသူရာပင်လယ်ထဲကနေ လာခဲ့တာ၊ ဒါကြောင့် မင်းကို ပျော်ရွှင်မှုတွေပေးဖို့ ငါ့မှာ ဘာအရည်အချင်းတွေများ ရှိနေလို့လဲ " သို့သော်ငြား သူမ ကျေးဇူးကြောင့် လောကကြီး၏နွေးထွေးမှုနှင့် အေးစက်မှုတို့ကို မြင်တွေ့ခဲ့ရသော လူငယ်လေးသည် နောက်ဆုံးတွင် လက်မလွှတ်နိုင်တော့ပေ။ လောကမှာရှိတဲ့ ဆေးဖက်ဝင်အပင်တွေအားလုံး မင်းလောက် မကောင်းဘူး၊ မင်းကသာ ငါရဲ့ တစ်ခုတည်းသော ဆေးကျောက်ခဲလေးပဲ။ ကောင်းကင်ဘုံအထိဖြစ်စေ ငရဲပြည်အထိဖြစ်စေ မင်းနဲ့ အတူရှိနေဖို့ ကံပါလာခဲ့တယ်။

Chapters (50)

Vol. 1 Ch. 1အခန်း ၁Vol. 1 Ch. 2အခန်း ၂Vol. 1 Ch. 3အခန်း ၃Vol. 1 Ch. 4အခန်း ၄Vol. 1 Ch. 5အခန်း ၅Vol. 1 Ch. 6အခန်း ၆Vol. 1 Ch. 7အခန်း ၇Vol. 1 Ch. 8အခန်း ၈Vol. 1 Ch. 9အခန်း ၉Vol. 1 Ch. 10အခန်း ၁၀Vol. 2 Ch. 11အခန်း ၁၁Vol. 2 Ch. 12အခန်း ၁၂Vol. 2 Ch. 13အခန်း ၁၃Vol. 2 Ch. 14အခန်း ၁၄Vol. 2 Ch. 15အခန်း ၁၅Vol. 2 Ch. 16အခန်း ၁၆Vol. 2 Ch. 17အခန်း ၁၇Vol. 2 Ch. 18အခန်း ၁၈Vol. 2 Ch. 19အခန်း ၁၉Vol. 2 Ch. 20အခန်း ၂၀Vol. 3 Ch. 21အခန်း ၂၁Vol. 3 Ch. 22အခန်း ၂၂Vol. 3 Ch. 23အခန်း ၂၃Vol. 3 Ch. 24အခန်း ၂၄Vol. 3 Ch. 25အခန်း ၂၅Vol. 3 Ch. 26အခန်း ၂၆Vol. 3 Ch. 27အခန်း ၂၇Vol. 3 Ch. 28အခန်း ၂၈Vol. 3 Ch. 29အခန်း ၂၉Vol. 3 Ch. 30အခန်း ၃၀Vol. 4 Ch. 31အခန်း (၃၁)Vol. 4 Ch. 32အခန်း (၃၂)Vol. 4 Ch. 33အခန်း (၃၃)Vol. 4 Ch. 34အခန်း (၃၄)Vol. 4 Ch. 35အခန်း (၃၅)Vol. 4 Ch. 36အခန်း (၃၆)Vol. 4 Ch. 37အခန်း (၃၇)Vol. 4 Ch. 38အခန်း (၃၈)Vol. 4 Ch. 39အခန်း (၃၉)Vol. 4 Ch. 40အခန်း (၄၀)Vol. 5 Ch. 41အခန်း ၄၁Vol. 5 Ch. 42အခန်း ၄၂Vol. 5 Ch. 43အခန်း ၄၃Vol. 5 Ch. 44အခန်း ၄၄Vol. 5 Ch. 45အခန်း ၄၅Vol. 5 Ch. 46အခန်း ၄၆Vol. 5 Ch. 47အခန်း ၄၇Vol. 5 Ch. 48အခန်း ၄၈Vol. 5 Ch. 49အခန်း ၄၉Vol. 5 Ch. 50အခန်း ၅၀