← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

🌱 Chapter 20

မိုးတိတ်သွားပြီး ကောင်းကင်ကြီး သာယာကြည်လင်လာခဲ့သည်။

ပိုင်ချောင်ရှီသည် ချက်ချင်းထလုပ်တတ်သည့် အမျိုးသမီးမျိုး ဖြစ်ရာ စိတ်ကူးမိသည်နှင့် ချက်ချင်းလက်တွေ့လုပ်ဆောင်တော့သည်။

သူမသည် မနေ့က ဝယ်လာခဲ့သော ဆန်ပြာအချို့ကို ရေမှုတ်ထဲထည့်လိုက်ပြီး ယန်မိသားစုအိမ်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။

'လူမှုရေးအရ အပြန်အလှန်ရှိအပ်သည်' ဟူသော စကားအတိုင်းပင် ထိုသို့ပြုလုပ်ခြင်းက ကိစ္စရပ်များကို ပိုမိုလွယ်ကူစေသည်။

သူမ၏နောက်ဆုံးအကြိမ် လာရောက်မှုသည် ညနေခင်းအချိန်ဖြစ်ပြီး အိမ်ထဲသို့လည်း ဝင်မသွားခဲ့သော်လည်း ယခုမူ ခြံဝန်းထဲရှိ ကြီးမားသော ပိုးစာပင်ကြီး အများအပြားကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

မိုးရွာပြီးနောက် ထိုအပင်များ၏ အုပ်ဆိုင်းနေသော သစ်ကိုင်းသစ်ရွက်များမှာ ပိုမိုစိုပြည်လှပနေပြီး ကိုင်းဖျားရွက်ဖျားများ ဝေဆာလျက် နှစ်သက်ဖွယ်ကောင်းသော အသီးအဆုပ်အခိုင်များ တွဲလောင်းကျနေသည်။

စိမ်းစိုနေသော ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ချောမွေ့နေသော ကျောက်ရေတွင်းဘောင်၊ မြင့်မားသော ကြောင်လျှာပင်ကြီးများနှင့် ခရမ်းနီရောင် ပိုးစာသီးများအကြောင်းကိုမူ ဆိုဖွယ်ရာမရှိပြီ။

စာဆိုကြီးများ ဖော်ပြလေ့ရှိသော အလှဆင်ပြင်ကြီးက သူမ၏ မျက်စိရှေ့မှောက်တွင် ပေါ်လာသဖြင့် ပိုင်ချောင်ရှီအား အိပ်မက်ဆန်သော ခစားချက်မျိုး ပေးစွမ်းနေသည်။

'သိပ်ကောင်းတာပဲ၊ ပိုးစာသီး ရိတ်သိမ်းချိန်နှင့် ကွက်တိပဲ ရောက်လာတာပဲ'

သူမက ခြံဝန်းထဲသို့ လှမ်းခေါ်လိုက်ရာ ယန်တာ့လီ၏သားနှစ်ယောက် အပါအဝင် ယန်မိသားစုဝင် အားလုံးထွက်လာကြပြီး စန်းယာကတော့ နောက်နားတွင် ငြိမ်ငြိမ်လေးမတ်တပ်ရပ်နေသည်။

ကျိန့်ရှီ "အို၊ ပိုင်ချောင်ရှီ ရောက်လာတာပဲ"

သူမ မျက်နှာ အလွန်လှိုက်လှိုက်လှဲလှဲ ရှိနေသည်။

ပိုင်ချောင်ရှီ ဆန်ပြာအား အရင်ဆုံးကမ်းပေးလိုက်ပြီး ပြုံးလျက်

ပိုင်ချောင်ရှီ "မနေ့က ဈေးသွားရင်း စားစရာတချို့ ဝယ်လာလို့ အန်တီတို့အတွက် နည်းနည်း ယူလာပေးတာ"

ကျိန့်ရှီ "ဒီလောက်တောင် အားနာစရာကြီး"

သို့သော် သူမ လက်များကမူ အလွန်ရိုးသားစွာဖြင့် ထိုပစ္စည်းကို လှမ်းယူလိုက်သည်။

ကျိန့်ရှီ "မနေ့တစ်နေ့ကတင်ပဲ ညည်းဆီက ကြက်စွပ်ပြုတ် သောက်ထားရသေးတယ်"

'သူများပစ္စည်းယူထားရင် လက်တို၊ သူများကျွေးတာစားထားရင် ပါးစပ်ပိတ်' ဟူသော စကားအတိုင်းပင် ယန်တာ့လီကလည်း

"ပိုင်ချောင်ရှီ၊ အိမ်ထဲဝင်ထိုင်ပါဦး"

ပိုင်ချောင်ရှီ လက်ယမ်းပြလိုက်ပြီး စန်းယာကို ကြည့်ကာ "ဦးလေးနဲ့ အန်တီ၊ ကျွန်မ ဒီနေ့လာတာက စန်းယာကို အဝတ်အစားအသစ် အနည်းငယ်လောက် ကူချုပ်ပေးဖို့ လာအကူအညီတောင်းတာပါ"

စန်းယာ "သမီး တတ်..."

စန်းယာ စကားပြောရန် ပြင်လိုက်သော်လည်း ကျိန့်ရှီ၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။

ကျိန့်ရှီ "ပိုင်ချောင်ရှီ၊ ညည်း နောက်နေတာ ဖြစ်ရမယ်၊ စန်းယာ လက်ရာက ညည်းလက်ရာကို ဘယ်မှီမလဲ"

ပိုင်ချောင်ရှီမှာ ကိုယ့်ကိုကိုယ် မတတ်သာတော့သလို ခံစားလိုက်ရပြီး သူမ ပုံရိပ်မှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားသည်။

သူမက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရာ ဒဏ်ရာအမာရွတ်လေးများကို မရည်ရွယ်ဘဲ ဖော်ပြမိလျက်သား ဖြစ်သွားသည်။

ပိုင်ချောင်ရှီ "တခြားနည်းလမ်း မရှိလို့ပါ၊ စန်းယာ အလုပ်ရှုပ်နေမှန်း သိပါတယ်၊ ဒါကြောင့် သူမ အလကား အလုပ်မလုပ်ရလေအောင် တစ်ရက်ကို ကြေးပြားနှစ်ပြား အပိုပေးဖို့ စဉ်းစားထားပါတယ်"

ကျိန့်ရှီ "ဒါက... ဒီလောက်တောင် အားနာစရာကြီး"

ကျိန့်ရှီ၏လောဘစိတ်နှင့် အားနာစိတ်တို့မှာ ပိုက်ဆံကို လက်ခံရမလား မခံရမလား ဝေခွဲမရဘဲ ဖြစ်နေသည်။

ယန်မိသားစု၏ သားကြီးဖြစ်သူက ဝင်ပြောလာသည်။

ယန်မိသားစု သားကြီး "အမေ၊ ကျွန်တော်တို့က အိမ်နီးနားချင်းတွေပဲ၊ အချင်းချင်း ကူညီကြတာက သဘာဝကျပါတယ်၊ အပ်ချုပ်တာလေးပဲဥစ္စာ ဘာမှမဟုတ်ပါဘူး"

ထိုအခြေအနေကို မြင်သောအခါ ကျိန့်ရှီလည်း ဆက်၍ ကဂျီကကြောင်မလုပ်တော့ဘဲ "စန်းယာ၊ ဒါဆိုရင်လည်း မင်္ဂလာဆောင်မတိုင်ခင် အပြီးသတ်နိုင်အောင် မြန်မြန်လေးလုပ်ပေးလိုက်"

ပိုင်ချောင်ရှီ ထိတ်ခနဲ ဖြစ်သွားသည်။

'စန်းယာကို ကြည့်ရသည်မှာ ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်ခန့်သာ ရှိသေးပုံရသည်၊ အဲဒီအရွယ်လေးနဲ့ မင်္ဂလာဆောင်ရတော့မှာလား '

'ယုတ်မာတဲ့ ပဒေသရာဇ် လူ့အဖွဲ့အစည်းကြီးပါလား'

ပိုင်ချောင်ရှီ "ဒါဆိုရင် ဦးလေးနဲ့ အန်တီ့ကို ကြိုကျေးဇူးတင်ပါတယ်၊ အချိန်တန်ရင် စန်းယာကို ကျွန်မ အိမ်မှာ လာလုပ်ခိုင်းလိုက်ပါ"

စကားစမြည် အနည်းငယ်ထပ်မံပြောဆိုပြီးနောက် ယန်မိသားစုဝင် အခြားသူများမှာ အိမ်ထဲသို့ဝင်သွားကြပြီး ခြံဝန်းထဲတွင် မိန်းကလေးနှစ်ယောက်သာ ကျန်ရစ်တော့သည်။

ပိုင်ချောင်ရှီ ပိုးစာပင်ကို ခဏခဏလှမ်းကြည့်နေပြီး စကားစကို မည်သို့စရမည်ကို စဉ်းစားနေမိသည်။

သို့သော် စန်းယာသည် အကဲခတ်တော်သူတစ်ဦးဖြစ်ရာ သူမအား ပိုးစာပင်ဆီသို့ ခေါ်ဆောင်သွားပြီး

"အစ်မ၊ ကျွန်မတို့ ပိုးစာသီးတွေမှည့်နေပြီ၊ ကျွန်မ အစ်မအတွက် ခူးပေးမယ်လေ"

'ကွက်တိပဲ၊ အခွင့်အရေးရသွားပြီ'

ပိုင်ချောင်ရှီ "ဒါဆိုရင် စန်းယာကို ကျေးဇူးတင်ပါတယ်၊ ပိုးစာကိုင်းတွေကို မြေကြီးထဲ ထိုးစိုက်ထားရင် ရှင်နိုင်တယ်လို့ကြားဖူးတယ်၊ ကျွန်မလည်း ပိုးစာပင် စိုက်ချင်လို့၊ အသီးတွေ သီးနေတာကိုမြင်ရတာ အရမ်းစိတ်ချမ်းသာဖို့ကောင်းတယ်"

ပိုင်ချောင်ရှီသည် ပိုးစာပင်ကို မျက်စိကျနေခဲ့ခြင်းဖြစ်သည်။

စန်းယာသည် အပင်ပေါ်သို့ တက်သွားပြီးဖြစ်ကာ ပိုင်ချောင်ရှီ၏ရေမှုတ်ထဲသို့ ပိုးစာသီးများ ဖြည့်ပေးနေသည်။

စန်းယာ "အကိုင်းပျိုးတာဆိုရင်တော့ နွေဦးနဲ့ဆောင်းဦးရာသီက ပိုကောင်းပါတယ်၊ ဒါပေမယ့် အစ်မ၊ ပိုးစာသီးတွေကိုယူပြီး ဆေးကြောလို့ အသားတွေကို ဖယ်လိုက်ရင်လည်း မျိုးစေ့ရနိုင်ပါတယ်၊ အဲဒါတွေကို နွေဦး၊ နွေရာသီ ဒါမှမဟုတ် ဆောင်းဦးမှာ စိုက်လို့ရတယ်"

ပုံမှန်အားဖြင့် စကားနည်းလှသော စန်းယာသည် ပိုးစာပင်နှင့် ပိုးစာသီးများအကြောင်းပြောဆိုရာတွင် စကားပတ်လည်လာပြီး သဘာဝအတိုင်း ပန်းရောင်သန်းနေသော သူမ မျက်နှာလေးမှာလည်း သက်ဝင်လှုပ်ရှားလာသည်။

ပိုင်ချောင်ရှီ "ဒါဆို နားမလည်တာရှိရင် လာမေးမယ်နော်"

ပိုင်ချောင်ရှီသည် ပိုးစာကိုင်းအသေးလေးတစ်ခုကို ချိုးယူလိုက်သေးသည်။ ဒါက စနစ်အတွက် ဖြစ်သည်။

ပိုင်ချောင်ရှီ "ဒါနဲ့ စန်းယာ၊ အမေ ပြောတာတော့ နင် ပိုးကောင်တွေ မွေးထားတယ်ဆို၊ ငါ့ကို ပြလို့ရလား"

စန်းယာ အပင်ပေါ်မှ ဆင်းလာပြီး ပိုးစာသီးများပြည့်နေသော ရေမှုတ်ကို ပိုင်ချောင်ရှီထံ ကမ်းပေးကာ "ရတာပေါ့၊ ကျွန်မနောက် လိုက်ခဲ့ပါ"

ပိုးကောင်မွေးမြူရေးအခန်းသည် ဘေးဘက်အဆောင်တွင် ရှိသည်။

ပိုးကောင်မွေးမြူသည့် စင်များကို စီရီပြီးထပ်ထားကြသည်။

စန်းယာသည် ဝါးနှီးဖြင့် ရက်လုပ်ထားသော ပိုးကောင်ဗန်းတစ်ခုကို ယူဆောင်လာရာ ပိုးစာရွက်များအပေါ်တွင် ဝဖြိုးပြီး ဖြူဖွေးနေသော ပိုးကောင်လေးများ ရှိနေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပိုင်ချောင်ရှီသည် ထိုမျှ စိပ်စိပ်ခဲခဲ ရှိနေမှုကို မြင်ပြီး စိတ်ပျက်မတတ် ဖြစ်သွားသော်လည်း

ပိုင်ချောင်ရှီ "နင် တကယ် တော်တာပဲ"

စန်းယာသည် ပိုးကောင်လေးများကို မြတ်မြတ်နိုးနိုးဖြင့် စနောက်နေသော်လည်း သူမ မျက်နှာတွင်မူ ဝမ်းနည်းရိပ်များ ယှက်သန်းနေလျက်

"နှမြောစရာကောင်းလိုက်တာ၊ ကျွန်မ မင်္ဂလာဆောင်လိုက်ရင် အမေက အကုန်လုံးကို ရောင်းပစ်တော့မှာ"

သူမသည် ပိုးကောင်များကို တကယ်မြတ်နိုးသူဖြစ်ရမည်၊ ထို့ကြောင့်သာ ယခုကဲ့သို့ နှမြောတသဖြစ်နေခြင်းပင်။

ပိုင်ချောင်ရှီ "နင်က ဘယ်နှနှစ်ရှိသေးလို့ မင်္ဂလာဆောင်ရမှာလဲ"

စန်းယာ သူမအား မယုံနိုင်သကဲ့သို့ ကြည့်ကာ "အစ်မ၊ ကျွန်မ ဒီနှစ်ဆို ဆယ့်လေးနှစ်ရှိပြီလေ၊ ပြီးတော့ ကျွန်မ မင်္ဂလာဆောင်လို့ မိသားစုက တင်တောင်းပစ္စည်းရရင် ကျွန်မ အစ်ကို မိန်းမရဖို့ပိုလွယ်သွားမှာလေ"

All Chapters