← Chapters

အခန်း (၂၉၀၁-၂၉၀၂)

Vol. 291 Ch. 2901-2902

အခန်း (၂၉၀၁-၂၉၀၂)

Vol. 291 Ch. 2901-2902

အခန်း (၂၉၀၁) - မင်းလိုခွေးကောင်ကို သတ်ပစ်မယ်

​"ရှုရှန်းက မွေးထုတ်လိုက်တဲ့ တပည့်ကောင်းပဲ၊ စကားပြောဆိုတာက ဒီလောက်ထိ ရိုင်းစိုင်းရသလား၊ ငါတို့ လူသားမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို အကုန်ညှိုးနွမ်းစေတာပဲ။"

​လေဟာနယ်ထဲတွင် အတွင်းကမ္ဘာများမှာ တောင်စဉ်တောင်တန်းများပမာ ထပ်ဆင့်ထပ်ဆင့် တည်ရှိနေကြသည်။ မျက်လုံးပေါင်းများစွာသည် ကရုဏာတောင်ဖက်မှ လှုပ်ရှားမှုများကို စူးစိုက်ကြည့်နေကြသည်။ သူတို့ထဲတွင် လူသားမျိုးနွယ်စု ကျောင်းဆောင်နှင့် အခြားကျောင်းတော်များမှ ဆရာများ၊ ကာကွယ်ရေးဆရာများ ပါဝင်သည်။

​လွန်ခဲ့သည့် ကာလအနည်းငယ်က ဖန့်ချန်၏ အကြောင်းကြောင့် လူသားမျိုးနွယ်စုကျောင်းဆောင်အတွင်းရှိ ဟော်ဆွေ့မျိုးနွယ်မှ သူတော်စင်များကို တန်လင်ကျောင်းတော်သို့ ပြန်လည်နှင်ထုတ်ခဲ့ရသည်။ သို့သော် ယခု နောက်ဆုံးဗိုလ်လုပွဲကြောင့် ဆရာအချို့နှင့် ကာကွယ်ရေးဆရာများမှာ မိမိတို့ ယခင်က တာဝန်ယူခဲ့ဖူးသည့် နေရာဟောင်းသို့ ပြန်လည်ရောက်ရှိလာကြခြင်း ဖြစ်သည်။

​အခုလေးတင် လှောင်ပြောင်စကားဆိုလိုက်သူမှာ တန်လင်ကျောင်းတော်၊ လူသားမျိုးနွယ်စုကျောင်းဆောင်မှ ဟော်ဆွေ့မျိုးနွယ်ဝင် ကာကွယ်ရေးဆရာတစ်ဦး ဖြစ်သည်။ သူသည် ချင်ဝူဆန့်၏ ဘေးတွင် ရပ်နေရင်း အကြည့်များကို နာလန်ချိုဟုန်နှင့် ရွှီကာကွယ်ရေးဆရာတို့ထံသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဝေ့ကြည့်လိုက်သည်။

​"ကျန်းတောက်ယွဲ့ရဲ့ စကားအသုံးအနှုန်းက တကယ်ပဲ နည်းနည်း ရိုင်းစိုင်းလွန်းနေတယ်၊ ဒီတစ်ခါ ကောင်းကင်ငါးပါးသူတော်စင် တွေအားလုံးက ရွှေဟွေးကျောင်းတော်ကို ရောက်နေကြတာ၊ ထိပ်ဆုံးက မျိုးနွယ်စုကြီးတွေကအစ အောက်ခြေ အဝေးဆုံး နတ်ဘုရားနယ်မြေတွေက သူတော်စင်တွေအထိ စုံနေတာပဲ။"

​"သူတို့သာ မြင်သွားပြီး အပြင်မှာ သွားပြောရင် ငါတို့ လူသားမျိုးနွယ်စုမှာ ယဉ်ကျေးမှု မရှိဘူးလို့ ထင်သွားကြလိမ့်မယ်။"

​ချင်ဝူဆန့်က အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ရွှီကာကွယ်ရေးဆရာက ရုတ်တရက် ရယ်မော၍ -

​"ဒီစကားကို ငါတို့ကို ပြောနေဖို့ မလိုဘူး၊ ကရုဏာတောင်ဖက်က ဘိုးဘေးဆီကို သွားပြောသင့်တာ၊ ဥပမာ… စစ်ဆေးရေးဌာန၊ ဖမ်းစီးရေးဌာန ဒွမ်ချင်းရှန်းကောင်းကင်အရှင်ကို ပေါ့။"

​ချင်ဝူဆန့် နှင့် အခြားသူများမှာ ချက်ချင်းပင် စကားစပြတ်သွားပြီး အောက်ဖက်မှ အခြေအနေများကိုသာ ဆက်လက် စောင့်ကြည့်နေကြသည်။ ရွှီကာကွယ်ရေးဆရာသည်လည်း ထိုမြင်ကွင်းကို မြင်သောအခါ အနိုင်အထက် မလုပ်တော့ဘဲ ပြုံးလိုက်သည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင်မူ မည်သူမျှ မရိပ်မိနိုင်သော စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်နေသည်။

​ဒီ "အငယ်ဆုံးဘိုးဘေး" က ဘယ်ကနေ ပေါ်လာတာလဲ။

​……

​……

​ကရုဏာတောင်တွင် ကျန်းတောက်ယွဲ့၏ စကားကြောင့် ထူးဆန်းသော တိတ်ဆိတ်မှုမျိုး ဖြစ်ပေါ်သွားသည်။ ဘိုးဘေးငယ် နှင့်အတူ လိုက်ပါလာသည့် ဟော်ဆွေ့မျိုးနွယ်မှ သူတော်စင်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ကျောင်းဆောင်အသီးသီးမှ ထိပ်တန်းတပည့်များမှာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အမူအရာများ ထူးဆန်းနေကြသည်။

​သူတို့သည် ကျန်းတောက်ယွဲ့ကို ကောင်းကောင်းသိသည်။ ဤကဲ့သို့သော စကားမျိုးသည် ကျန်းတောက်ယွဲ့အနေဖြင့် အခြေအနေတစ်ရပ်ရပ်တွင် ပြောလေ့ရှိသည့် စကားမျိုးဖြစ်ကြောင်း သိရှိကြသည်။ ထိုသို့ ပြောလိုက်ခြင်းသည် အရှက်အကြောက်မရှိ စကားလမ်းကြောင်း ပြတ်သွားခြင်းပင် ဖြစ်သည်။ သို့သော် ယနေ့တွင် ရွှေဟွေးကျောင်းတော်မှ ကျောင်းသားများသာမက ပြိုင်ပွဲအသီးသီးမှ ရောက်ရှိလာသည့် သူတော်စင်များစွာ ရှိနေသည်။ အချို့မှာ သူတို့နှင့်အတူ လိုက်ပါလာသည့် မိသားစုဝင်များနှင့် မိတ်ဆွေများ ဖြစ်ကြသည်။ သူတို့သည် ကျန်းတောက်ယွဲ့၏ စရိုက်ကို မသိကြသဖြင့် ကရုဏာတောင်အပေါ် ထားရှိသည့် အမြင်များ ချက်ချင်းပင် ပြောင်းလဲသွားသည်။

​"အရမ်းကို ရက်စက်ပါလား…"

​"ဒါက ဖန့်သူတော်စင်ဘိုးဘေးရဲ့ တောင်ကုန်းပဲလား…"

​သူတော်စင်များစွာ၏ မျက်ဝန်းထဲတွင် စိတ်အားထက်သန်မှုများ ပေါ်လာသည်။ ကျန်းတောက်ယွဲ့၏ တိုတောင်း၍ ထိရောက်သော စကားလုံးများကြောင့် ကရုဏာတောင်ကို အမြင်မကြည်မလင် ဖြစ်သွားခြင်း မရှိသည့်အပြင် ကရုဏာတောင်တွင် ကျင့်ကြံခွင့်ရသည့် သူတော်စင်များကို ပို၍ပင် မနာလိုဖြစ်လာကြသည်။

​"အစ်ကိုကြီးရဲ့ ဂုဏ်ပုဒ်နဲ့တော့ တကယ်ကို လိုက်ဖက်တာပဲ…"

​ချန်ဖေးဖေးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်အေးသွားကြသည်။ ယနေ့ ဘယ်လောက်ပင် အလွန်အကျွံ လုပ်ဆောင်လာပါစေ၊ ကျန်းတောက်ယွဲ့ကို ကျော်ဖြတ်နိုင်မည် မဟုတ်ကြောင်း သူတို့ သိရှိလိုက်သည်။

​မျက်ခုံးတန်းမတ်မတ်၊ မျက်လုံးကြည်လင်ကာ ချောမောသည့် ရုပ်ရည်ရှိပြီး ထူးခြားသည့် ဟန်ပန်ကို အမြဲထိန်းထားသည့် ဘိုးဘေးငယ်သည်လည်း ဒေါသမထွက်ဘဲ ကျန်းတောက်ယွဲ့ကို ကြည့်ကာ ပြုံး၍ -

​"မင်းက ကမ္ဘာတည်ဆောက်ခြင်းအဆင့်မှ မဟုတ်တာ နှမြောစရာပဲ၊ မဟုတ်ရင် ငါတို့နှစ်ယောက် ယှဉ်ပြိုင်ကြည့်လို့ ရမှာကို။"

​ကျန်းတောက်ယွဲ့က ပြုံးလျက် -

"မင်းအမေကို နှမြောတာ။"

​"……"

​ဘိုးဘေးငယ်၏ မျက်နှာမှာ တဖြည်းဖြည်း မှောင်မိုက်လာပြီး ကျန်းတောက်ယွဲ့ကို စိုက်ကြည့်ကာ -

​"အရင်ကဆိုရင် ဒီစကားနှစ်ခွန်းက မင်းကို ဘယ်လောက်ထိ ဆိုးကျိုးတွေ ရောက်စေမလဲဆိုတာ မင်းသိရဲ့လား မင်းတို့ ကရုဏာတောင်ရဲ့ နောက်ကွယ်က အကြီးမားဆုံး အားကိုးရာဖြစ်တဲ့ ဖမ်းစီးရေးဌာနက ကောင်းကင်အရှင် ဒွမ်ချင်းရှန်းက မင်းတို့ကို ကာကွယ်ပေးနိုင်မယ်လို့ တကယ်ထင်နေတာလား။"

​"မင်းအမေကို သိတာ။"

​ကျန်းတောက်ယွဲ့က ပြုံး၍ လက်ယှက်ကာ -

​"စကားပြောရတာ အဆင်မပြေဘူး၊ ဆက်ပြောနေရင် မင်းတို့မျိုးနွယ်စုရဲ့ ဘိုးဘေးသင်္ချိုင်းက မီးခိုးတွေ ထွက်လာတော့မယ်။ မင်း ကရုဏာတောင်က တပည့်တွေနဲ့ ယှဉ်ပြိုင်ချင်ရင် နောက်ဆုံးဗိုလ်လုပွဲ စတဲ့အထိ စောင့်နေ။ အဲဒီကျရင် ငါတို့ ကရုဏာတောင်ရဲ့ အတော်ဆုံး၊ အထူးချွန်ဆုံး တပည့်ကို ခေါ်ပြီး မင်းနဲ့ ယှဉ်ပြိုင်ခိုင်းမယ်။"

​လူအများ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ အတော်ဆုံး၊ အထူးချွန်ဆုံး တပည့်ဆိုသည်မှာ ဖန့်ချန် မဟုတ်ပါလား။ သူတို့ သိထားသည်မှာ ဖန့်ချန်သည် မျှတမှုရှိစေရန်အတွက် ကောင်းကင်ငါးပါး ပြိုင်ပွဲတွင် မပါဝင်ဘဲ ဆုလာဘ်များကို မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခု သူပြောလိုက်သည့် အဓိပ္ပာယ်မှာ ဖန့်ချန်၏ လက်ရည်ကို တကယ်ပင် မျက်မြင်ကြည့်ရှုခွင့် ရတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

​ဘိုးဘေးငယ်၏ မျက်နှာတွင် ပြုံးရယ်ခြင်း အရိပ်အယောင်မျှ မရှိတော့ဘဲ အကြည့်များမှာ အေးစက်သွားသည်။

​"အော်… ဖန့်ချန်ကို ပြောတာလား အရင်က သူနဲ့ ယှဉ်ပြိုင်ဖို့ အခွင့်မသာခဲ့ဘူး၊ အခု သူက ကမ္ဘာတည်ဆောက်ခြင်းဆင့် ဖြစ်နေပြီဆိုတော့ သူနဲ့ ယှဉ်ပြိုင်ကြည့်ဖို့ ထိုက်တန်သားပဲ။"

ဘိုးဘေးငယ်က ခေါင်းညိတ်ကာ ကျန်းတောက်ယွဲ့ကို ကြည့်၍ -

"သူ ဘယ်မှာလဲ အခုချက်ချင်း ခေါ်လိုက်ပါလား"

​"မင်းလို ခွေးကောင်က ဘာလို့ ဒီမှာ လာရမ်းကားနေတာလဲ "

​ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ သူတော်စင်များစွာ အကြည့်ရောက်သွားရာတွင် သူတော်စင်အုပ်စုကြီးတစ်ခု ရောက်ရှိလာသည်။ အထဲတွင် လင်ယောင်မဟာမိတ်မှ ချီထျန်းမျိုးနွယ်ဝင် တန်ခယ်ရွှမ် ၊ ရှန်းချုံမဟာမိတ်မှ အသက်ကိုးသက်နဂါးမျိုးနွယ်ဝင် ရှန်ရှိုးယွမ်၊ လင်ချုံမဟာမိတ်မှ သန့်ရှင်းဝိညာဥ်မျိုးနွယ် ဖူယွင်ဖေး၊ ဖူယာယာနှင့် နတ်ဆေးစာမျိုးနွယ် လဲ့လဲ့၊ ပိလော့မဟာမိတ်မှ ပြစ်ဒဏ်ပေး နတ်ဆိုးမျိုးနွယ် ယင်တန်း၊ လောဘကြီးသော နတ်ဆိုးမျိုးနွယ် ဖန်ရုကန်၊ ဖန်ရွှေ၊ ဖန်လီပန်၊ ချင်းမင်မဟာမိတ်မှ ယန်တန်းမျိုးနွယ် ဆွေ့ထျန်းဟွမ်၊ ဆွေ့ရှင်းကျီ၊ ရှီးမျိုးနွယ် ထိုက်ဟောင်ဟွမ်းယောင်၊ ကောင်းကင်စစ်သည်မျိုးနွယ် လွမ်းထိုက်ကူ စသည်ဖြင့် သူတော်စင် ရာပေါင်းများစွာမှာ အလွန်ကြောက်ခမန်းလိလိ နောက်ခံမျိုးနွယ်များမှ ဖြစ်ကြသည်။ အချို့မှာ ကျန်းထန်းဝမ်ခန်းမက အဖွဲ့ဝင်များ ဖြစ်ကြပြီး ကျန်သူများမှာလည်း သူတော်စင်ဘိုးဘေး စီမံကိန်း မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။

​ယခုလေးတင် အော်ဟစ်လိုက်သူမှာ ဖန်ရွှေပင် ဖြစ်သည်။

​"ဟော"

​မြင်ကွင်းကို ကြည့်၍ သူတော်စင်များမှာ အံ့ဩတုန်လှုပ်သွားကြသည်။ ထိုသူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် အလွန်အစွမ်းထက်သူများ ဖြစ်ကြသည်။

​"ဟော်ဆွေ့မျိုးနွယ်က သူတော်စင်တွေကတော့ အလုပ်မရှိ လေစမ်းနေတာပဲ၊ အခုထိ သူတော်စင်ဘိုးဘေး စီမံကိန်းကို သွားစိန်ခေါ်နေတုန်းပဲလား…"

​"သူတို့က တကယ်ပဲ ရှေးခေတ်ကရှန်းဟုန်မျိုးနွယ်ထင်နေတာလား၊ သူတော်စင်ဘိုးဘေး စီမံကိန်းက ဟော်ဆွေ့မျိုးနွယ်ကို အလွယ်လေး နိုင်မှာပဲ…"

​"ခေတ်တွေက ပြောင်းသွားပြီလေ…"

​လူသား သူတော်စင်များမှာ စိတ်ထဲမှ တိုးတိုးလေး ညည်းတွားလိုက်ကြသည်။

​လေဟာနယ်ထဲမှ စောင့်ကြည့်နေကြသော ဆရာများမှာလည်း ထိုမြင်ကွင်းကို မြင်ပြီး သက်ပြင်းချလိုက်ကြသည်။ ခဏအကြာတွင် ဖန်ရွှေနှင့် အဖွဲ့မှာ ဖန့်ကျစ်ရွှယ်တို့ ဘေးသို့ ရောက်ရှိသွားသည်။ ထိုက်ဟောင်ဟွမ်းယောင်က ရှေ့တိုး၍ ဖန့်ကျစ်ရွှယ်၏ ဒဏ်ရာကို ကြည့်ရှုစစ်ဆေးသည်။

​"ကံကောင်းပါတယ်၊ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး။"

​ထိုက်ဟောင်ဟွမ်းယောင်က ဆွေ့ရှင်းကျီတို့ကို ခေါင်းညိတ်ပြလိုက်သည်။ လူအများမှာလည်း စိတ်သက်သာရာ ရသွားကြသည်။ ဖန်ရွှေမှာ စိတ်မထိန်းနိုင်ဘဲ ဘိုးဘေးငယ်ကို လက်ညှိုးထိုး၍ -

​"ဘယ်က ပေါက်ဖွားလာတဲ့ ပိုးကောင်လဲ၊ ဖန့်သူတော်စင်ဘိုးဘေး မရှိတုန်း ကရုဏာတောင်မှာ လာပြီး မောက်မာနေတာလား"

​"လူသားမျိုးနွယ်ကိစ္စကို မင်းတို့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်နဲ့ ဘာဆိုင်လို့လဲ"

ဘိုးဘေးငယ်က မျက်လုံးကို မှေးလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ အကယ်၍သာ စိုးရိမ်စရာများ မရှိလျှင် သူက ဘာကြောင့် ဤမျှထိ အရှက်ခွဲခံနေရမှာလဲ။

​"ဘာက လူသားမျိုးနွယ်ကိစ္စလဲ မင်းအခု စိန်ခေါ်နေတာက ငါတို့ သူတော်စင်ဘိုးဘေး စီမံကိန်းကိုပဲ၊ မင်းလို ခွေးကောင်ကို သတ်ပစ်မယ် "

​ဖန်ရွှေက ဆဲဆိုလိုက်သည်

"ဖန့်သူတော်စင်ဘိုးဘေး ပြန်လာရင် မင်းရဲ့ ဘောတွေကို အကုန် ထွက်ကျလာအောင် ရိုက်ထုတ်ပစ်မယ် "

​"……"

​ချီထျန်းမျိုးနွယ်မှ တပည့်များမှာ ခေါင်းရှုပ်သွားကြသည်။ နှစ်ပေါင်း ထောင်ချီ ကြာသွားပြီဖြစ်သော်လည်း စီကုပေ့ ၏ အကြောင်းက မဆုံးသေးဘဲ အမြဲတမ်း ပြန်လည်ပါဝင်နေသေးသည်။

​ဘိုးဘေးငယ်က ဒေါသတကြီးဖြင့် ရယ်မော၍ -

​"ဖန့်သူတော်စင်ဘိုးဘေး မင်းတို့ ပြောနေတဲ့ ဖန့်သူတော်စင်ဘိုးဘေးက ဘယ်ရောက်သွားပြီလဲ ပြန်မလာနိုင်တော့လို့လား"

​ဤစကားကြောင့် လူအများက ဒေါသအလျောက် ပြောသည်ဟု ထင်ကြသည်။ သို့သော် ကျန်းတောက်ယွဲ့တို့ကမူ တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားလိုက်ရသည်။ ပြိုင်ဘက်က ရုတ်တရက် ကရုဏာတောင်သို့ လာရောက်စိန်ခေါ်ပြီး ထိုစကားမျိုး ပြောရခြင်းမှာ…

​ထိုအချိန်တွင် အတွင်းကမ္ဘာတစ်ခု ထွက်ပေါ်လာသည်။ တံခါးများ ပွင့်သွားပြီး ဖန့်ချန်သည် ရှဲ့အာမန်၊ ဝမ်ချုံစန်း၊ နတ်မိမယ်ယွီ ၊ အကြီးကဲငါးပါးတို့နှင့်အတူ ထွက်ပေါ်လာသည်။ ဘိုးဘေးငယ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နေ့ခင်းကြောင်တောင် တစ္ဆေတွေ့သကဲ့သို့ တုန်လှုပ်ချောက်ချားသွားတော့သည်။

အခန်း (၂၉၀၂) - အထိအခိုက်မရှိရင် ပြီးတာပဲ

​လေဟာနယ်ထဲတွင် ကျောင်းဆရာများနှင့် ကာကွယ်ရေးဆရာများ၏ မျက်ဝန်းထဲတွင် ထူးခြားသည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်ပေါ်သွားသည်။

​ဖန့်ချန်သည် ထိုမျှအချိန်ကိုက်နှင့် ရွှေဟွေးကျောင်းတော်သို့ ပြန်ရောက်လာလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြပေ။ သူတို့၏ အဆင့်အတန်းနှင့် ကျင့်စဉ်အဆင့်မှာ ဖန့်ချန် ဘယ်နေရာသို့ သွားရောက်ခဲ့သည်ကို သိရှိနိုင်လောက်အောင် မြင့်မားခြင်း မရှိကြပေ။ သို့သော် အိမ်ရှိ သက်ကြီးဝါကြီးများထံမှ တစွန်းတစ ကြားသိရသည့် သတင်းစကားများအရ ဖန့်ချန်နှင့် အကြီးအကဲငါးပါးတို့သည် ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုခုသို့ သွားရောက်ခဲ့ကြကြောင်း အများစုက သိရှိထားကြသည်။ တိတိကျကျ ဘယ်နေရာဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။

​"ဟိုမှာ၊ ဖန့်ချန် ပြန်ရောက်လာပြီ။"

​ရွှီကာကွယ်ရေးဆရာက ချင်ဝူဆန့်ရှိရာဖက်သို့ ကြည့်ကာ ပြုံး၍ ပြောသည်။

​ချင်ဝူဆန့်ကမူ မည်သည့်အမူအရာမျှ မပြသဘဲ စကားတစ်ခွန်းမျှ မဆိုပေ။ ဘေးတွင်ရှိသော ကာကွယ်ရေးဆရာက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း သူ တုံ့ပြန်မှုမရှိသည်ကို မြင်လျှင် စကားမဆိုတော့ဘဲ အောက်ဖက်သို့သာ ငေးကြည့်နေမိသည်။ သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ တိုးပွားလာသည်။

​……

​……

​"ကရုဏာတောင်က ဘယ်တုန်းက ဒီလောက်တောင် စည်ကားသွားတာလဲ။"

​ဖန့်ချန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။

​ထို့နောက် သူသည် ဘေးဖက်တွင်ရှိသော ဘိုးဘေးငယ်ကို အရေးမစိုက်ဘဲ ကျော်ဖြတ်ကာ ကျန်းတောက်ယွဲ့ထံသို့ လျှောက်သွားလိုက်သည်။

​"အစ်ကိုကြီး။"

​ဖန့်ချန်က လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

​ကျန်းတောက်ယွဲ့မှာ စိတ်သက်သာရာရသွားသည့်အလား ပြုံး၍ -

​"မင်း ပြန်ရောက်လာတာပဲ ကောင်းပါတယ်။ ကျန်တဲ့ကိစ္စတွေကို မင်းပဲ တာဝန်ယူလိုက်တော့။"

​သူသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို အတိုချုံး ပြောပြလိုက်သည်။ ရှဲ့အာမန်နှင့် နတ်မိမယ်ယွီတို့သည် ဖန့်ကျစ်ရွှယ်၏ ဒဏ်ရာကို ကြည့်ရှုစစ်ဆေးရန် ချက်ချင်းပင် လျှောက်သွားကြသည်။ ဝမ်ချုံစန်းကမူ ဘာမျှမလုပ်ဘဲ ဘိုးဘေးငယ်ရှိရာသို့သာ လှည့်ကြည့်နေသည်။ အကြီးအကဲငါးပါးမှာမူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဘိုးဘေးငယ်ကို အကြည့်ရောက်သွားကြသည်။

​အနီးအနားရှိ ကျန်းထန်းဝမ်ခန်းမမှ အဖွဲ့ဝင်များသည် အကြီးအကဲငါးပါးမှာ ဖန့်ချန်နှင့်အတူ ပြန်လာကြသည်ကို မြင်သောအခါ စိတ်အေးသွားကြသော်လည်း အမူအရာမှာမူ ရှုပ်ထွေးနေကြသည်။ လက်ရှိအခြေအနေအရ ကျန်းထန်းဝမ်ခန်းမသည် သူတော်စင်ဘိုးဘေး စီမံကိန်းနှင့် မဟာမိတ်ဖွဲ့ထားသည်မှာ ထင်ရှားနေသည်။ သာမန်မဟာမိတ်မျိုးမဟုတ်ဘဲ အမှီအခိုသဘောမျိုး ဆောင်နေသဖြင့် ပို၍ပင် ရှုပ်ထွေးနေသည်။ သို့သော် ကျန်းထန်းဝမ်ခန်းမ၏ သဘောထားမှာ အကြီးအကဲငါးပါးအပေါ်တွင်သာ မူတည်နေသည်။ အကြီးအကဲငါးပါးက ဘာမျှမပြောလျှင် သူတို့လည်း မကျေမနပ်ဖြစ်စရာ အကြောင်းမရှိပေ။ နောက်ဆုံးတွင် သူတို့သည်လည်း သူတော်စင်ဘိုးဘေး စီမံကိန်းကို ရန်သူအဖြစ် သတ်မှတ်ချင်ကြမည် မဟုတ်ပေ။

​ဖန်ရွှေနှင့် အခြားသူတော်စင်များမှာလည်း အနားသို့ တိုးကပ်လာကြသည်။ ဖန့်ချန်သည် သူတို့ကို တစ်ယောက်ချင်းစီ အေးဆေးဖြစ်အောင် ချော့မော့လိုက်သည်။ သူသည် အသက်ရှူနှုန်းဖြင့် ဖန့်ကျစ်ရွှယ်၏ ဒဏ်ရာကို စစ်ဆေးပြီးပြီဖြစ်သည်။ ဒဏ်ရာမှာ ပြင်းထန်သော်လည်း အသက်အန္တရာယ် မရှိပေ။ အတွင်းကမ္ဘာမှ ကြယ်တာရာများ နာလန်ထူရန်သာ အချိန်အတန်ကြာ အနားယူရတော့မည်ဖြစ်သည်။

​"အဲ့ဒီလူက ဖန့်သူတော်စင်ဘိုးဘေး ဆိုတာလား။"

​သူတော်စင်ပေါင်းများစွာ၏ မျက်လုံးများ တောက်ပသွားသည်။ သူတို့သည် ပြိုင်ပွဲနယ်ပယ်အသီးသီးမှ လာသူများဖြစ်ကြသဖြင့် ဖန့်ချန်၏ နာမည်ကိုသာ ကြားဖူးပြီး လူကိုယ်တိုင် မတွေ့ဖူးကြပေ။ ယခု အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။

​ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်က သူ၏ဘေးတွင်ရှိသော သူတော်စင်ကို ကြည့်ကာ ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်၍ -

​"ဟုတ်တယ်၊ သူက ဖန့်သူတော်စင်ဘိုးဘေးပဲ။ အခုဆိုရင် လူသားမျိုးနွယ်စုရဲ့ အဆင့်တူတွေထဲမှာတင်မကဘဲ ကောင်းကင်ငါးပါးရဲ့ အဆင့်တူတွေထဲမှာလည်း နံပါတ် (၁) ပဲ။"

​ထိုစကားကို ကြားသောအခါ အခြားတောင်ကုန်းများမှ ထိပ်တန်းတပည့်များမှာလည်း ငြင်းချက်ထုတ်ရန် အကြောင်းမရှိတော့ပေ။ ထိုအချက်မှာ ငြင်းမရနိုင်တော့သည့် အမှန်တရားဖြစ်သည်။ သူတို့သည် ဖန့်ချန်ထက် ရွှေဟွေးကျောင်းတော်သို့ ပိုစော၍ ဝင်ရောက်ခဲ့ကြသည်။ ယခု သူတို့သည် နိဗ္ဗာန်တားမြစ်နယ်မြေတွင် ကျင့်စဉ်အဆင့်မြှင့်တင်ရန် ရုန်းကန်နေရသလို ကောင်းကင်ငါးပါး ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ကြိုးစားနေကြသည်။ သို့သော် ဖန့်ချန်ကမူ ထိုအဆင့်အတန်းများကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ပြိုင်ပွဲဆုလာဘ်များကိုပင် သူကိုယ်တိုင် စီမံခန့်ခွဲနေရသည့် အနေအထား ဖြစ်နေသည်။ ယှဉ်စရာပင် မရှိတော့ပေ။

​ထိုစဉ် ဘိုးဘေးငယ်မှာ သတိပြန်ဝင်လာဟန်ဖြင့် ဖန့်ချန်ကို ပြုံး၍ ပြောသည်။

​"ဖန့်သူတော်စင်ဘိုးဘေး၊ အချိန်ကိုက်ပဲ ရောက်လာတာပဲ။ ကျွန်တော် ဖန့်ကျစ်ရွှယ်နဲ့ ယှဉ်ပြိုင်ကြည့်ပြီးပြီ၊ သူမရဲ့ စွမ်းရည်က… အင်း၊ သာမန်ပါပဲ။ ဖန့်သူတော်စင်ဘိုးဘေးရဲ့ လက်ရည်ကို မြင်ဖူးချင်လို့ ကျွန်တော်နဲ့ တစ်ခါလောက် ယှဉ်ပြိုင်ကြည့်မလား။"

​ဖန့်ချန်က ပြုံး၍ -

"ဒီတစ်ခါတော့ အရေခွံ လဲမထားဘူးမလား။"

​ဟင် အရေခွံ လဲထားတာ

​သူတော်စင်အချို့မှာ အတိတ်က ချင်ဝူကျူး၏ အဖြစ်အပျက်ကို သတိရသွားပြီး မျက်ဝန်းများ အရောင်လက်သွားသည်။

​ဘိုးဘေးငယ်က မျက်လုံးကို မှေးလိုက်ပြီး -

​"ဖန့်သူတော်စင်ဘိုးဘေး၊ ဘာကို ဆိုလိုတာလဲ။"

​"ဘာမှမဟုတ်ပါဘူး၊ စကားစပ်မိလို့ ပြောတာပါ။ ငါ နဲ့ ယှဉ်ပြိုင်ချင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ မင်းက ချန်းရွှေ့နတ်ဘုရားနယ်မြေရဲ့ ချန်ပီယံမဟုတ်လား။ အခု ငါ့လက်ချက်နဲ့ ဒဏ်ရာရသွားရင် နောက်ဆုံးဗိုလ်လုပွဲအတွက် ထိခိုက်နိုင်လိမ့်မယ်။"

​ဖန့်ချန်က ပြောသည်။

​"အထိအခိုက်မရှိရင် ပြီးတာပဲလေ။"

​ဘိုးဘေးငယ်က နှုတ်ခမ်းကို ကော့ညွတ်၍ ပြုံးသည်။

​"အထိအခိုက်မရှိရင် ပြီးတာပဲပေါ့။"

​ဖန့်ချန်၏ အသံမှာ ဘိုးဘေးငယ်၏ နားထဲသို့ ရောက်လာသည်။

​နောက်တစ်ခဏတွင် လူ့လောက သည် ဧရာမတောင်ကြီးတစ်ခုကဲ့သို့ ဘိုးဘေးငယ်အပေါ်သို့ ဖိချလိုက်သည်။ ထိုစွမ်းအားသည် မည်သို့မျှ ခုခံ၍ မရဘဲ ဘိုးဘေးငယ်၏ နည်းလမ်းအားလုံးမှာ ချက်ချင်းပင် အသုံးမဝင်တော့ပေ။ ထို့နောက် ဖန့်ချန်သည် သူအသုံးပြုလေ့မရှိတော့သော ရှေးဟောင်း နတ်ဘုရားစွမ်းအားတံဆိပ်တစ်ခုကို ထုတ်သုံးလိုက်သည်။

​"ယင်စစ်သည်နတ်ဘုရားစွမ်းအာူ "

​သူသည် ငရဲမင်း မဟုတ်တော့သဖြင့် ထိုစွမ်းအားကို သုံးရသည်မှာ အနည်းငယ် အဆင်မပြေမှု ရှိသော်လည်း ပထမပိုင်းအပိုင်းကို သုံးရာတွင် ပြဿနာမရှိပေ။

​"ရှူး"

​ဘိုးဘေးငယ်မှာ မည်သို့မျှ တုံ့ပြန်လိုက်နိုင်ခြင်း မရှိခင်မှာပင် သူ့ကိုယ်ပေါ်မှ အရေခွံတစ်ခုမှာ အခွာခံလိုက်ရသည်။ ဖန့်ချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုအရေခွံမှာ သူ၏လက်ထဲသို့ ရောက်လာပြီး အတွင်းကမ္ဘာထဲသို့ ပစ်ထည့်လိုက်သည်။

​ထိုလှုပ်ရှားမှုများမှာ အလွန်မြန်ဆန်လွန်းသဖြင့် ဘိုးဘေးငယ်ရော၊ အနီးအနားရှိ သူတော်စင်များပါ မည်သို့မျှ သတိမထားလိုက်နိုင်ကြပေ။ သူတို့ သတိထားမိသည့်အခါတွင် ဘိုးဘေးငယ်မှာ အသားနီရဲကာ သွေးများ စီးကျနေပြီး ပြုတ်ထားသည့် ပုဇွန်လုံးကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်သည်။

​ထို့နောက် ဖန့်ချန်သည် နတ်ဘုရားရိုက်တံကို ဝှေ့ယမ်းလိုက်သည်။ ပထမဆုံး အချက်ရိုက်လိုက်သည်နှင့် ဘိုးဘေးငယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

​"ဒါ မဖြစ်နိုင်ဘူး"

​ဟော်ဆွေ့မျိုးနွယ်မှ သူတော်စင်များမှာ အံ့အားသင့်ကာ အော်ဟစ်လိုက်ကြသည်။ ကျောင်းဆောင်အသီးသီးမှ ထိပ်တန်းတပည့်များမှာလည်း ကြောင်အမ်းသွားကြသည်။ ပြိုင်ပွဲနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

​နတ်ဘုရားရိုက်တံ၏ အသံမြည်တိုင်း ဘိုးဘေးငယ်မှာ မြေပြင်ပေါ်မှ ကန်ထွက်လာရသည်။

​"ဒီလောက်တောင် အားနည်းတာလား။"

​ဖန်ရွှေမှာ အံ့အားသင့်သွားပြီး ဖန့်ကျစ်ရွှယ်ကို ကြည့်လိုက်သော်လည်း သူ၏ အတွေးကို ချက်ချင်းပင် ရုပ်သိမ်းလိုက်သည်။ ဖန့်ကျစ်ရွှယ်ကို နိုင်ခဲ့သူမှာ သာမန်လူမဟုတ်မှန်း သူသိသည်။ သို့သော် ဖန့်ချန်၏ အစွမ်းမှာ မယုံနိုင်စရာ ဖြစ်နေခြင်းဖြစ်သည်။

​အကြီးအကဲငါးပါးမှာမူ စိတ်သက်သာရာရသည့်အလား သက်ပြင်းချလိုက်ကြသည်။ ဖန့်ချန်ကို စိန်ခေါ်သည့်အချိန်ကတည်းက ရလဒ်ကို သူတို့ သိနှင့်ပြီးဖြစ်သည်။

​"ပျင်းဖို့ကောင်းလိုက်တာ။"

​စီကုကျိ က သက်ပြင်းချလိုက်သည်။

​နတ်ဘုရားရိုက်တံဖြင့် အချက်ပေါင်းများစွာ ရိုက်ပြီးနောက် ဘိုးဘေးငယ်မှာ သတိပြန်ဝင်လာသည်။ သူသည် မိမိ၏ ကျင့်စဉ်များအားလုံး ပျောက်ဆုံးသွားသည်ကို သိလိုက်ရသောအခါ တုန်လှုပ်သွားသည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

​သူသည် အလွန်ပြင်းထန်သော နာကျင်မှုကို အံကြိတ်ခံရင်း လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေသည်။ သို့သော် သူစဉ်းစားလိုက်တိုင်း ရိုက်တံချက်မှာ ထပ်ရောက်လာသည်။ နာကျင်မှုမှာ အရိုးထဲအထိ စိမ့်ဝင်သွားသည်။

​လေဟာနယ်ထဲတွင် ကျောင်းဆရာများနှင့် ကာကွယ်ရေးဆရာများ၏ အတွင်းကမ္ဘာများမှာ တိတ်ဆိတ်သွားသည်။ အထက်ဖက်ရှိ လေဟာနယ်တွင်လည်း ကရုဏာတောင်၏ တိုက်ပွဲကို စူးစိုက်ကြည့်နေသည့် အကြည့်များစွာ ရှိနေသည်။

​အချိန်မည်မျှ ကြာသွားမှန်း မသိ။ နတ်ဘုရားရိုက်တံ၏ အသံမြည်သံများကို လူတိုင်းလိုလို ရင်းနှီးသွားကြသည်။ ရုတ်တရက် ဖန်ရွှေက အော်ဟစ်လိုက်သည်။

​"ကြည့်ကြဦး"

​လူတိုင်း ကြည့်လိုက်ရာတွင် သူတို့ မြင်လိုက်ရသည်မှာ သွေးများမဟုတ်ဘဲ ပုပ်သိုးနေသည့် အရာဝတ္ထုများဖြစ်သည်။

​နောက်ဆုံးတွင် ချင်ဝူဆန့် ထိုင်မနေနိုင်တော့ဘဲ သူ၏ အတွင်းကမ္ဘာကို စီးနင်းကာ ရောက်ရှိလာပြီး ဖန့်ချန်၏ ရိုက်တံကို တားဆီးရန် ကြိုးစားလိုက်သည်။

​ထိုလုပ်ရပ်မှာ မီးပုံထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ ဖြစ်သွားသည်။

​"သတ္တိကောင်းလိုက်တာ၊ လူငယ်တွေရဲ့ ယှဉ်ပြိုင်မှုထဲကို ဝင်ရောက်စွက်ဖက်ရဲတယ်ပေါ့ "

​အော်ဟစ်သံနှင့်အတူ အတွင်းကမ္ဘာပေါင်း ရာနှင့်ချီ၍ ပေါ်ထွက်လာပြီး ချင်ဝူဆန့်ရှိရာသို့ အရှိန်အဟုန်ဖြင့် ထိုးကြိတ်ရန် ဝင်ရောက်သွားတော့သည်။

All Chapters