အခန်း (၂၉၀၅-၂၉၀၆)
Vol. 291 Ch. 2905-2906
အခန်း (၂၉၀၅) - စောင့်ဆိုင်းရဦးမည်
ဖမ်းစီးရေးဌာန ရှေ့ခန်း။
ဖန့်ချန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရုံးအရာရှိများအားလုံးက သူ့ထံသို့ တစ်ပြိုင်တည်း အကြည့်ရောက်သွားကြသည်။
"အငယ်တန်းအရာရှိလေး တကယ် ပြန်ရောက်လာပြီပဲ။"
"ဒါဆိုရင်တော့ ဘာမှမဖြစ်တော့ဘူးပေါ့။"
ရုံးအရာရှိများမှာ ပြုံးရွှင်စွာဖြင့် ဖန့်ချန်ကို နှုတ်ဆက်ကြသည်။ ရှူလုံ မှာ ထိုင်ခုံအလယ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အသက်ရှူနှုန်းမှာ ငြိမ်းချမ်းနေပြီး ဒဏ်ရာရထားသည့် လက္ခဏာမရှိသည်ကို တွေ့မှသာ ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
"အကြီးကဲ။"
ဖန့်ချန်သည် ရှူလုံ ရှေ့သို့ လျှောက်သွားပြီး လက်ယှက်ကာ အရိုအသေပေးလိုက်သည်။
"ဒီတစ်ခေါက် မင်းတို့ ပြောင်းလဲခြင်း တားမြစ်နယ်မြေမှာ ပိတ်မိနေတုန်းက ဘာတွေ ဖြစ်ခဲ့တာလဲ "
ရှူလုံ ကောင်းကင််အရှင် က စူးစမ်းမေးမြန်းသည်။ ရုံးအရာရှိများအားလုံးမှာလည်း စိတ်ဝင်စားနေကြသည်။ သူတို့လည်း ဤသတင်းကို ကြားထားပြီးသား ဖြစ်သည်။ ပြောင်းလဲခြင်း တားမြစ်နယ်မြေကို ဖွင့်လှစ်လိုက်ချိန်တွင် ဖန့်ချန်တို့အုပ်စုကို ရှာမတွေ့ခဲ့ကြောင်း သူတို့ သိထားကြသည်။ နောက်ဆုံးတွင် ယင်လောကဖက်မှ ပြန်ရောက်လာသည်ဟု ကြားသိရသည်။
ဖန့်ချန်က ခဏမျှ စဉ်းစားပြီးနောက် -
"အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ တစ်ခုခု မှားယွင်းနေမှန်း သတိထားမိလိုက်လို့ အကြီးအကဲငါးပါးကို ခေါ်ပြီး ယင်လောကကို ခဏရှောင်တိမ်းသွားဖို့ နည်းလမ်းရှာခဲ့တာပါ။"
စကားကို ခဏရပ်ပြီးနောက် သူက ပြုံး၍ -
"ပြန်လည်ဝင်စားခြင်းဌာန က ပိုင်ဇီအရှင်က ကျွန်တော့်ရဲ့ ရှေးဟောင်းမိတ်ဆွေတစ်ယောက်ပါ၊ သူက အများကြီး ကူညီပေးခဲ့ပါတယ်။"
ရုံးအရာရှိများမှာ နားလည်သဘောပေါက်သွားကြသည်။ ရှူလုံ မဟာကောင်းကင်အရှင်က စဉ်းစားတွေးတောဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပင်ငါးပါးနယ်မြေ စစ်ဆေးရေးဌာနက ဒီကိစ္စကို ပူးပေါင်း စုံစမ်းနေကြတယ်။ သဲလွန်စရှိတဲ့ သူတော်စင်မှန်သမျှကို ငါတို့ ဖမ်းဆီးပြီး မေးမြန်းနေတယ်။ မင်းအမြင်အရဆိုရင် ဒီကိစ္စက ဘယ်သူနဲ့ သက်ဆိုင်မယ်လို့ ထင်လဲ "
"ယင်သူတော်စင် ပါ။"
ဖန့်ချန်က ပြောသည်။ ရုံးအရာရှိများစွာမှာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း ဤကိစ္စမှာ ယင်သူတော်စင်များနှင့် ပတ်သက်နေသည်ဟု ယူဆထားကြသည်။ ယခု ကောင်းကင်ငါးပါးနယ်မြေအတွင်းတွင် ဆန်းနယဲ့ စစ်မြေပြင်ကိစ္စကို ဂရုမစိုက်ဘဲ ဖန့်ချန်တို့ကို ထိုသို့သောအချိန်မျိုးတွင် တိုက်ခိုက်ရဲသူမှာ ယင်သူတော်စင်များသာ ရှိသည်။ ဖန့်ချန်တို့ အသက်အန္တရာယ်ဖြစ်သွားလျှင် ဆန်းနယဲ့ စစ်မြေပြင်တွင် ကိုယ်စားပြုမည့်သူ မရှိတော့မည်ကို သူတို့ မကြောက်ကြချေ။
"အကြီးကဲ၊ ဒီယင်သူတော်စင်တွေက တကယ်ကို ရက်စက်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာအောင် သူတို့ကို ဖမ်းဆီးစုံစမ်းရာမှာ အမြဲလိုလို အတားအဆီးတွေ ရှိနေခဲ့တယ်။ ဘယ်တော့လောက်မှ ဒီအတားအဆီးတွေကို အမြစ်ပြတ် ရှင်းလင်းနိုင်မှာလဲ"
ဒွမ်ချင်းရှန်း က မျက်မှောင်ကြုတ်၍ မေးသည်။
"ချက်ချင်းလက်ငင်းတော့ ဒီအခြေအနေကို ပြောင်းလဲလို့ မရဘူး။"
ရှူလုံ မဟာကောင်းကင်အရှင်က ခေါင်းခါ၍ -
"ဘယ်သူတွေက ယင်သူတော်စင်တွေနဲ့ ပတ်သက်နေလဲဆိုတာ ငါတို့ သိပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ သူတို့ကို မထိနိုင်သေးဘူး။ စောင့်ရဦးမယ်။"
စောင့်ရဦးမည် ဟုတ်လား ဒွမ်ချင်းရှန်းမှာ သက်ပြင်းချလိုက်သည်။
"ဖန့်ချန်၊ မင်း ဘာမှမဖြစ်တာ ကံကောင်းတာပဲ။ ပြောင်းလဲခြင်း နတ်မျက်လုံးကို လေ့လာတာကိုတော့ သိပ်ပြီး အလျင်မလိုပါနဲ့ဦး။ နောက်တစ်ခါ အခွင့်အရေးရရင် မင်းတို့ကို ပြန်ပို့ပေးမယ်။"
ရှူလုံ မဟာကောင်းကင်အရှင်က ပြောသည်။
"ဟုတ်ကဲ့။"
ဖန့်ချန်က လက်ယှက်၍ ပြောသည်။ ရှူလုံ က သူတို့ ပြောင်းလဲခြင်း နတ်ဘုရားမျက်လုံးကို မလေ့လာနိုင်ခဲ့ဟု ထင်မှတ်နေပုံရသည်။ သူကိုယ်တိုင်လည်း မမေးမြန်းသည်ဖြစ်၍ ဖန့်ချန်ကလည်း ဤအကြောင်းကို အထူးတလည် ရှင်းပြမနေတော့ပေ။ ထိုရုံးအရာရှိများထဲတွင် မည်သူက ဘိုးဘေးငယ်တို့ဖက်မှ ရှိနေမှန်း သူ အသေအချာ မသိနိုင်ပေ။
ရုံးခန်းမှ ထွက်ခွာလာပြီးနောက် ဖန့်ချန်ကို ဒွမ်ချင်းရှန်းက ရွှေဟွေးကျောင်းတော်သို့ ပြန်ပို့ပေးလိုက်သည်။ ဒွမ်ချင်းရှန်း မပြန်ခင်တွင် ဖန့်ချန်ကို ဂရုစိုက်သွားလာရန်နှင့် ဟိုဟိုဒီဒီ လျှောက်မသွားရန် မှာကြားခဲ့သည်။
……
……
ဖန့်ချန်တို့ ပြန်ရောက်ပြီး ငါးနှစ်အကြာတွင် ပြိုင်ပွဲနယ်ပယ်အသီးသီးမှ ထိပ်ဆုံးဆယ်ဦးစီမှာ ရွေးချယ်ပြီးစီးကာ ရွှေဟွေးကျောင်းတော်သို့ ရောက်ရှိလာကြသည်။ ကောင်းကင်ငါးပါးနယ်မြေ ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲမှာ ထိုသို့သော စိတ်လှုပ်ရှားဖွယ်ရာ အငွေ့အသက်များဖြင့် တိတ်ဆိတ်စွာ စတင်ခဲ့တော့သည်။
ပြိုင်ပွဲစဉ်တိုင်း၏ ပရိသတ်များမှာ ပြည့်ကျပ်နေသည်။ ဤပရိသတ်များသည် ကောင်းကင်ငါးပါးနယ်မြေရှိ ကျောင်းတော်အသီးသီးမှ ဖြစ်ကြသလို၊ မျိုးနွယ်စုအသီးသီးမှ ဖြစ်ကြပြီး အချို့မှာမူ မငြိမ်သက်သည့် ဒေသများမှ လာရောက်ကြသူများ ဖြစ်သည်။
"ငါတို့ ရွှေဟွေးကျောင်းတော်က တစ်ခါမှ ဒီလောက် စည်ကားဖူးတာမျိုး မဟုတ်ပါဘူး။"
တောင်အသီးသီးမှ ခေါင်းဆောင် များမှာ ပြိုင်ပွဲကြည့်ရန် အတူသွားရင်း ပြောဆိုကြသည်။ နောက်လာမည့် ပြိုင်ပွဲတွင် သူတော်စင်ဘိုးဘေး စီမံကိန်းနှင့် ကျန်းထန်းဝမ်ခန်းမ တို့မှ အဓိက အဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ သူတို့အနေနှင့် မလွတ်တမ်း ကြည့်ရှုရမည်ဖြစ်သည်။
"မထင်ရတာ မဟုတ်ဘူး၊ တကယ်ကို တစ်ခါမှ ဒီလောက် မစည်ကားဖူးတာ။"
နောက်ခေါင်းဆောင်တစ်ဦးက သက်ပြင်းချ၍ -
"အရင်တုန်းကဆိုရင် လင်ယောင်ဘက်က သူတော်စင်တွေကို ဒီကျောင်းတော်မှာ ဘယ်လိုလုပ် တွေ့နိုင်ပါ့မလဲ အခုဆိုရင် ငါ့ဘေးနားမှာတင် ချီထျန်းမျိုးနွယ်စုက သူတော်စင်အချို့ လာနေထိုင်နေကြတယ်။"
"ငါ တစ်ခါမှ မကြားဖူးတဲ့ မျိုးနွယ်စုတွေလည်း အများကြီးပဲ။ သူတို့က အရမ်းအေးတဲ့ ဒေသတွေမှာ မွေးဖွားလာကြသူတွေလို့ ပြောတယ်။"
နောက်ထပ် ခေါင်းဆောင်တစ်ဦးက ဖြည့်စွက်ပြောသည်။
"ကောင်းကင်ငါးပါးနယ်မြေဆိုတာထား၊ ငါတို့ ချင်းမင်နယ်မြေရဲ့ ကျယ်ဝန်းမှုကိုတောင် တိုင်းတာဖို့ ခက်တယ်။ အရင်တုန်းက ချင်းမင်က ဒီလောက်ကျယ်တယ်လို့ ငါ ဘယ်တုန်းကမှ မသိခဲ့ဘူး။ နောက်ဆိုရင် အဆင့်မြင့် သူတော်စင်ဖြစ်လာရင်တော့ အပြင်ထွက်ပြီး လည်ပတ်ကြည့်ဦးမှပဲ။"
ခေါင်းဆောင်တစ်ဦးက တိုးတိုးလေး ပြောသည်။
"ပြောရရင်... ဖန့်သူတော်စင်ဘိုးဘေး စပြီး ရွှေဟွေးကျောင်းတော်ကို ရောက်လာတဲ့အချိန်က ခေါင်းဆောင်အုပ်စုက အခုဆိုရင် ဆရာတွေ ဖြစ်ကုန်ပြီမလား၊ ဒါမှမဟုတ် အဆင့်မြင့် သူတော်စင်တွေ ဖြစ်ပြီး လွတ်လပ်နေကြပြီလား "
"အင်း၊ အများစုက အဆင့်တက်သွားကြပြီ။ အနည်းအကျဉ်းလောက်ပဲ ကမ္ဘာငယ် သူတော်စင်အဆင့်မှာ ဆက်ပြီး လေ့ကျင့်ချင်နေကြသေးတယ်။"
"အရင်တုန်းက နေမင်းခုနစ်ပါး ကျောင်းသားတွေက အခုဆိုရင် ဆန်းနယဲ့ သူတော်စင်တွေ ဖြစ်ပြီး စစ်မြေပြင်သွားကြပြီ၊ ဒါမှမဟုတ် ကြိုတင်ပြီး အဆင့်တက်လိုက်ကြလို့ နောင်တရနေကြပြီ။"
"ဒါပေါ့၊ ငါတို့လည်း ကြိုးစားကြရမယ်။ တစ်ခါလောက်တော့ ပွဲထုတ်ကြည့်ရမှာပေါ့။ အဆင့်မပြောနဲ့၊ လင်နယဲ့ အစောပိုင်းအဆင့်ဘွဲ့ရရင်တောင်မှ ကျင့်စဉ်ကျင့်နိုင်ပြီး အတွင်းကမ္ဘာ ကြယ်တာရာတွေကို ပုံဖော်နိုင်မှာပဲလေ။"
"လင်နယဲ့ အစောပိုင်းအဆင့်တဲ့၊ ငါတော့ ကောင်းကင်အရှင်အရိုက်အရာဆက်ခံသူ ဖြစ်ဖို့တောင် မလွယ်လှဘူးထင်တယ်……"
"ငါကတော့ မင်းတို့နဲ့ မတူဘူး။ တစ်နေ့နေ့ ကျောင်းတော်ရဲ့ အဓိက တပည့်ဖြစ်လာဖို့ မျှော်လင့်တယ်။ ကောင်းကင်အရှင် အရိုက်အရာဆက်ခံသူ၊ ဆန်းနယဲ့သူတော်စင်ဆိုတာတွေက ငါနဲ့တော့ အဝေးကြီးပါပဲ။"
အချိန်အတော်ကြာ တိတ်ဆိတ်နေသည့် ခေါင်းဆောင်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။
ထိုစကားကြောင့် ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်သွားသည်။ ခေါင်းဆောင်တပည့်တိုင်းက စိတ်ထဲတွင် အသီးသီး တွေးတောနေကြသည်။ ကျောင်းတော်တွင် သူတို့မှာ တောင်တစ်ခုစီ၏ ခေါင်းဆောင်များ ဖြစ်ကြပြီး တပည့်အများစုက သူတို့ကို စံပြအဖြစ် သတ်မှတ်ကာ နောက်မှ လိုက်ကြသည်။ သို့သော် ကျောင်းတော်ကြီးတွင်မူ သူတို့မှာ အဓိက တပည့်ဖြစ်ဖို့တောင် မလွယ်ကူသလို၊ ကောင်းကင်အရှင် အရိုက်အရာဆက်ခံသူ၊ ဆန်းနယဲ့ သူတော်စင် စသည်တို့မှာ သူတို့နှင့် အလွန်ဝေးကွာလှသည်။
ထိုအချိန်တွင် သူတို့ရှေ့နားတွင် သူတော်စင်အုပ်စုတစ်စု လာနေသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်တစ်ဦးက သေချာကြည့်လိုက်ပြီး -
"ဖန့်သူတော်စင်ဘိုးဘေးတို့ပါလား"
ကျောင်းတော်အသီးသီးမှ လာသော်လည်း တူညီသည့် အဆင့်အတန်းရှိသော ခေါင်းဆောင်တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ရှေ့သို့ တိုးကာ အရိုအသေပေးကြသည်။
"ကျွန်တော်တို့ ဖန့်သူတော်စင်ဘိုးဘေးကို အရိုအသေပေးပါတယ်။"
"ညီအစ်ကိုတို့၊ ပြိုင်ပွဲကြည့်ဖို့ သွားကြမလို့လား"
ဖန့်ချန်က ပြုံး၍ လက်ယှက်ကာ အရိုအသေပေးသည်။ ပြိုင်ပွဲဝင် အုပ်စုက သူတို့ကို ညီအစ်ကိုဟု ခေါ်လိုက်သဖြင့် စိတ်ထဲတွင် အနည်းငယ် ကျေနပ်သွားကြသည်။ သူတို့က ဖန့်ချန်၏ ဘေးတွင် လိုက်ပါလာသူများကို တစ်ချက်ကြည့်လိုက်သည်။ ရှဲ့အာမန်၊ ဝမ်ချုံစန်း၊ ဖန့်ကျစ်ရွှယ်၊ ထိုက်ဟောင်ဟွမ်းယောင်း၊ ဖန်ရွှေ၊ တန်ခယ်ရွှမ် စသည့် သူတို့မှာ ဖန့်ချန်မှလွဲလျှင် ယခုခေတ်၏ ထိပ်တန်းပုဂ္ဂိုလ်များပင် ဖြစ်သည်။
မသိစိတ်အရ သူတို့မှာ အားငယ်သွားကြသည်။ နှစ်ဖက်ကြား ကွာဟချက်မှာ အလွန်ပင် ကြီးမားလွန်းသည်။
"ဖန့်သူတော်စင်ဘိုးဘေး၊ ကျွန်တော်တို့လည်း ကြည့်ဖို့ သွားမလို့ပါ၊ ဘာလို့ဆိုတော့ နောက်လာမည့် ပွဲက..."
ခေါင်းဆောင်တပည့်မှာ စကားပြောရင်းမှ သတိပြုမိသွားပြီး ရှဲ့အာမန်ကို တစ်ချက်ကြည့်လိုက်သည်။ နောက်လာမည့် ပွဲမှာ ရှဲ့အာမန်နှင့် ကျန်းထန်းဝမ်ခန်းမ မှ အဖွဲ့ဝင်တစ်ဦးတို့၏ ယှဉ်ပြိုင်ပွဲ ဖြစ်သည်။ ထိုလူမှာ အကြီးအကဲငါးပါးလောက် မတော်သော်လည်း ယန်တန်းမျိုးနွယ်စုမှ ဖြစ်သည်။
"ဒါဆိုရင်တော့ တိုက်ဆိုင်တာပဲ၊ အတူတူ သွားကြတာပေါ့။"
ဖန့်ချန်က ရယ်မော၍ ပြောသည်။
ခေါင်းဆောင်တပည့်များမှာ ခေါင်းညိတ်လိုက်ကြသည်။ ဖန့်ချန်နှင့်အတူ ပြိုင်ပွဲကြည့်ရခြင်းမှာ သူတို့အတွက် အလွန်ဂုဏ်ယူစရာ ကိစ္စဖြစ်သည်။
မကြာမီပင် ဖန့်ချန်တို့အုပ်စုမှာ နောက်ဆုံးဗိုလ်လုပွဲ၏ ပြိုင်ပွဲကြည့်ရှုရာ နေရာသို့ ရောက်လာသည်။ ယနေ့ ထိုနေရာတွင် ပြိုင်ပွဲကြည့်ရှုသူ သူတော်စင်မှာ သန်းပေါင်း သုံးဆယ်မှ ငါးဆယ်အထိ ရှိသည်။ အားလုံးမှာ ကောင်းကင်ငါးပါးနယ်မြေ၏ ထိပ်တန်းပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ ကျောင်းတော်အသီးသီးမှ ဆရာများ၊ ကာကွယ်ရေးဆရာများ၊ ကျောင်းတော်၏ အကြီးအကဲများသာမက ဟေးဆန်းကဲ့သို့သော ကောင်းကင်အရှင်များပင် ရောက်ရှိနေကြသည်။
"အစ်မ အာမန်၊ အားတင်းထားပါ။"
ဖန့်ကျစ်ရွှယ်က လက်သီးကို ဆုပ်ကိုင်၍ အားပေးသည်။
ချန်အင်းရွှယ်က ပြုံး၍ -
"အစ်မကြီး၊ နောက်ဆုံးပွဲစဉ်တိုင်းက ကောင်းကင် ငါးပါးနယ်မြေရဲ့ ထောင့်တိုင်းဆီကို အမျိုးမျိုးသော နည်းလမ်းနဲ့ ရောက်သွားမှာ။ အစ်မကြီး ဂရုစိုက်ပါ။"
ရှဲ့အာမန်က ချန်အင်းရွှယ်ကို ကြည့်ပြီး ပြုံး၍ -
"နံပါတ် (၃) ရေ၊ နောက်ပွဲက မင်းရဲ့ ပြိုင်ပွဲလေ၊ မင်းကိုယ်မင်း အရင် စိတ်ပူပါ။"
ချန်အင်းရွှယ်မှာ ပြောစရာ စကားလုံး ပျောက်သွားသည်။
ဖန့်ချန်မှာ ယခုအချိန်တွင်မူ တည်ငြိမ်စွာပင် ထိုင်နေသည်။ အပြင်ပန်းတွင် ပြိုင်ပွဲစတင်ရန် စောင့်နေသယောင် ရှိသော်လည်း၊ တကယ်တမ်းတွင်မူ အကြောင်းတရား ပိတ်ကာမျက်နှာပြင် ရှိ လှုပ်ရှားမှုများကိုသာ စူးစိုက်ကြည့်နေသည်။ အချို့သော လူအချို့မှာ သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေသည်။
အခန်း (၂၉၀၆) - တစ်မူထူးခြားသော အဆင့်
မဟာသူတော်စင်နယ်မြေ၊ သူတော်စင်ဘိုးဘေးနန်းဆောင်။
ဝမ်ရှန်မြို့ မှ သူတော်စင်တစ်ဦးနှင့် တန်းရှန်းမြို့ မှ သူတော်စင်နှစ်ဦးတို့မှာ တစ်နေရာတည်းတွင် စုရုံးကာ လျှို့ဝှက်စွာဖြင့် တိုးတိုးတိတ်တိတ် တိုင်ပင်နေကြသည်။
"အကျဉ်းထောင်မှူး သေဆုံးသွားတာက အလွန်ကို အရေးကြီးတဲ့ကိစ္စပဲ။ သံသရာမသေမျိုးဂိုဏ်းမှာ ငါတို့ရဲ့ သူတော်စင်ဧကရာဇ်နန်းတော် ကို ခြိမ်းခြောက်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီ "
"ဟုတ်တယ် အရင်ကဆိုရင် ဟင်းလင်းပြင်လောက ရဲ့ ပြောင်းလဲခြင်း နတ်ဘုရားမျက်လုံးကို နားလည်သဘောပေါက်ဖို့ဆိုတာ သူတော်စင်ဧကရာဇ်နန်းတော်က ခွင့်ပြုမှပဲ ရတာ။ ဒါပေမဲ့ အဲ့ဒီလူက နန်းတော်ရဲ့ ခွင့်ပြုချက်မလိုဘဲ သူ့ဘာသာ သူ နားလည်အောင် လုပ်နိုင်ရုံတင်မကဘဲ အကျဉ်းထောင်မှူး လေးဦးကိုလည်း အေးအေးဆေးဆေးပဲ သတ်ပစ်လိုက်တယ်။ ဒါက သာမန်ကိစ္စမှ မဟုတ်တာ "
"သူတို့ကို ဒီအတိုင်း ဆက်ပြီး ဖွံ့ဖြိုးခွင့်ပေးထားရင်တော့ သူတော်စင်ဧကရာဇ် နန်းတော်အနေနဲ့ တစ်နေ့နေ့မှာ အကြီးအကျယ် နစ်နာရလိမ့်မယ် "
"ဒီနှစ်တွေအတွင်းမှာ ငါတို့ သတိထားပြီး သွားလာနေတော့လည်း သဲလွန်စ မပေါ်ခဲ့ပါဘူး။ သူတို့က ငါတို့ ဒီနေရာကို ရှာမတွေ့နိုင်ဘူးလို့ ထင်နေပုံရသလို၊ ငါတို့အနေနဲ့လည်း သူတော်စင်ဧကရာဇ် နန်းတော်နဲ့ ဆက်သွယ်လို့မရဘူးလို့ပဲ ယုံကြည်နေကြတာပါ။"
ထိုသူတို့ထဲမှ တစ်ဦးက ပြောကြားရင်း အမွှေးတိုင်တစ်ချောင်းကို ထုတ်လိုက်သည်။
"ဒါပေမဲ့ သူတို့ မသိတာတစ်ခုရှိတယ်။ ငါတို့က သူတော်စင်ဧကရာဇ်နန်းတော် နဲ့ တိုက်ရိုက် ဆက်သွယ်စရာတောင် လိုတာမဟုတ်ဘူး။ ယင်လောကထဲကို သွားပြီး ဒီဆက်သွယ်ရေးအမွှေးတိုင်ကို ထွန်းလိုက်တာနဲ့ ဟိုဖက်မှာ ဒီနေရာရဲ့ တည်နေရာကို သိသွားလိမ့်မယ်။"
ကျန်နှစ်ဦး၏ မျက်လုံးများတွင်လည်း ကျေနပ်သည့် အပြုံးများ ပေါ်လာသည်။
"ချန်နန်ခယ်က ငါတို့ကို အမြဲလိုလို စောင့်ကြည့်နေခဲ့တာ၊ ငါတို့ လှုပ်ရှားမှုတိုင်းက သူ့မျက်စိအောက်မှာ ရှိနေသလိုပဲ။ ဒီနှစ်ပိုင်းမှာတော့ အနည်းငယ် လျော့ကျသွားပုံရတယ်။ ဒီတစ်ခေါက်ကတော့ ရှားပါးတဲ့ အခွင့်အရေးပဲ။ ငါတို့ အတူတူ ယင်လောကထဲ သွားကြမလား၊ ဒါမှမဟုတ် မင်းအတွက် အကာအကွယ် လုပ်ပေးရမလား "
အမွှေးတိုင်ကို ကိုင်ထားသည့် သူတော်စင်က ပြုံးလျက် -
"သဘာဝကျတာပေါ့၊ အတူတူပဲ သွားကြတာပေါ့။ ငါလည်း ကောင်းကင်ငါးပါးနယ်မြေရဲ့ ယင်လောကက ဘယ်လိုမျိုးလဲဆိုတာ မသိသေးဘူး၊ မင်းတို့နှစ်ယောက်က ငါ့ကို ကူညီစောင့်ရှောက်ပေးနိုင်တာပေါ့။"
ထိုအချိန်တွင် သူတို့ မမြင်နိုင်သည့် နေရာ၌ အရိပ်အချို့မှာ အနားသို့ တိုးကပ်လာပြီး ထိုဆက်သွယ်ရေးအမွှေးတိုင်ကို စူးစိုက်ကြည့်နေကြသည်။ သူတို့ထဲမှ တစ်ဦးက အပြင်ဖက်သို့ လှမ်းအော်လိုက်သည်။
"လာကြပါဦး၊ ဒီမှာ တစ်ခုခု ဖြစ်နေတယ်။ အမြန်ဆုံး အောက်ကို ဆင်းပြီး ငရဲမင်းကို သွားလျှောက်တင်လိုက်ကြ။"
"ဒီဆက်သွယ်ရေးအမွှေးတိုင်က ဘာလဲ ငါတို့ ယင်လောကမှာ ဒါမျိုး ဘယ်တုန်းကမှ မတွေ့ဖူးပါလား"
"အခြား ယင်လောကဖက်က လာတဲ့ လက်ဆောင်ပစ္စည်းများလား "
"ခဏနေ သူတို့ကို ဖမ်းမိရင် သေချာလေး လေ့လာကြည့်ကြတာပေါ့။"
နေ့ကင်းလှည့်လည်ကြည့်ရှုသူ နတ်ဘုရားအဖွဲ့ဝင်များ က တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားအဖွဲ့ဝင်အချို့မှာ အခြေအနေကို စစ်ဆေးပြီးနောက် ယင်လောကသို့ ချက်ချင်း ပြန်သွားကြသည်။
"နှစ်ယောက်သား၊ ပြင်ဆင်ပြီးပြီလား"
အမွှေးတိုင်ကို ကိုင်ထားသူ၏ အမူအရာမှာ တဖြည်းဖြည်းနှင့် တည်ကြည်လေးနက်လာသည်။
"ပြင်ဆင်ပြီးပါပြီ"
"သွားကြစို့"
မကြာမီပင် သူတို့သုံးဦး၏ ဝိညာဉ်များမှာ ရုပ်ခန္ဓာကို စွန့်ခွာကာ မြူခိုးဖြူများထဲသို့ ထွက်ခွာသွားကြသည်။
ယင်လောက။
သူတို့ သုံးဦး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သံခြေချင်းသုံးစုံမှာ သူတို့၏ ခေါင်းပေါ်သို့ ချွင် ခနဲ ကျလာသည်။ ဆွေ့ဟွမ်ရှီ က ပြုံးရွှင်လျက် ရှေ့သို့ လျှောက်လာသည်။
"မင်းတို့သုံးယောက်၊ သတ္တိတွေ ကောင်းလှချည်လား။ ယင်လောကထဲကို အခွင့်မရှိဘဲ ခိုးဝင်ရဲတယ်ပေါ့"
"......."
ထိုသူတော်စင်သုံးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်သွားကြသည်။ ယင်လောကထဲ ရောက်ရောက်ချင်းမှာတင် ဤသို့သော အဖြစ်မျိုး ကြုံရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြပေ။ အမွှေးတိုင်ကို ကိုင်ထားသူမှာ အမြန်ပင် ဆက်သွယ်ရေးအမွှေးတိုင်ကို ဝှက်လိုက်ပြီး အတင်းပြုံး၍ -
"လူကြီးမင်းတို့ နားလည်မှု လွဲနေတာပါ။ ကျွန်တော်တို့က ကောင်းကင်ငါးပါးနယ်မြေ၊ သူတော်စင်ဘိုးဘေးနန်းတော် က သူတော်စင်တွေပါ။ ဒီတစ်ခေါက် ယင်လောကထဲ လာတာကလည်း ဆေးမြစ်အချို့ ရှာဖို့အတွက်ပါပဲ။"
"ဆေးမြစ်ရှာဖို့ ယင်လောကအထိ ရောက်လာရတယ်ပေါ့ ငါ့ယင်လောကက ဆေးမြစ်တွေကို မင်းတို့လို လူတွေက စိတ်ကူးယဉ်နေရအောင် ဘာမှတ်နေလဲ "
ဆွေ့ဟွမ်ရှီက ဟက်ဟက်ပက်ပက် ရယ်မော၍ -
"စကားရှည်မပြောနဲ့တော့၊ ငါ့နောက်ကို လိုက်ခဲ့ပြီး အပြစ်ကို သေချာ ပြန်တွေးကြည့်ကြပေတော့။"
"လူကြီးမင်း၊ တကယ်ကို နားလည်မှု လွဲနေတာပါ။ ယင်လောကကို မဝင်ရဘူးဆိုရင် ကျွန်တော်တို့ ချက်ချင်း ပြန်ထွက်သွားပါ့မယ်။"
သုံးဦးသားမှာ အလောတကြီး ရှင်းပြကြသည်။ သူတို့ထဲမှ တစ်ဦးက -
"ကျွန်တော်တို့... ကျွန်တော်တို့ သူတော်စင်ဘိုးဘေးနန်းတော်ရဲ့ အကြီးအကဲက ဖန့်သူတော်စင်ဘိုးဘေးပါ။ လူကြီးမင်းတို့ ကြားဖူးလားတော့ မသိဘူး "
"ဘယ်ဖန့်သူတော်စင်ဘိုးဘေးလဲ မကြားဖူးဘူး။"
ဆွေ့ဟွမ်ရှီက -
"မင်းတို့ ဘာမှ ဆင်ခြေမပေးနဲ့တော့။ ငါ့ယင်လောကရဲ့ စည်းကမ်းကို ဖျက်ဆီးတယ်ဆိုရင်တော့ ယင်လောကရဲ့ ထောင်ထဲမှာပဲ နေခဲ့လိုက်ပေတော့။ စိတ်မပူနဲ့၊ ရာစုနှစ် တစ်ရာလောက်ပဲ ကြာမှာပါ။ မင်းတို့ရဲ့ ကျင့်စဉ်အဆင့်အရဆိုရင် ရာစုနှစ် တစ်ရာလောက်နဲ့တော့ ရုပ်ခန္ဓာတွေ ပုပ်သွားမှာ မဟုတ်ပါဘူး။"
ရာစုနှစ် တစ်ရာ
သူတို့သုံးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ ရာစုနှစ် တစ်ရာဆိုသည်မှာ ရုပ်ခန္ဓာအတွက် ပြဿနာ မရှိနိုင်ပေ။ သို့သော်... ချန်နန်ခယ်တို့ သိသွားလျှင် သူတို့ ဘယ်လို ရှင်းပြရပါ့မလဲ သူခိုးဓားပြ စိတ်ဓာတ်ဖြင့် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည့်အတွက် ချန်နန်ခယ်တို့ သဲလွန်စ ရသွားမည်ကို အလွန်ပင် စိုးရိမ်နေကြသည်။
သုံးဦးသားမှာ ထပ်မံ ရှင်းပြရန် ကြိုးစားသော်လည်း ယင်လောကမှ တပည့်များမှာ ကြိမ်လုံးများဖြင့် ရိုက်နှက်ကြသည်။ နာကျင်မှုကြောင့် အသံပင် မထွက်နိုင်တော့ဘဲ နောက်ဆုံးတွင် စကားတစ်ခွန်းမျှ မဆိုရဲတော့ဘဲ ဆွေ့ဟွမ်ရှီတို့နောက်သို့ ငြိမ်သက်စွာ လိုက်ပါသွားကြသည်။
……
……
ဖန့်ချန်မှာ အကြောင်းတရား ပိတ်ကာမျက်နှာပြင် ကို ရုပ်သိမ်းလိုက်ပြီး မျက်လုံးများတွင် အပြုံးနုနုလေးတစ်ခု ဖြစ်ပေါ်လာသည်။ သူတော်စင်ဧကရာဇ် နန်းတော်မှာ ဟင်းလင်ပြင်လောကတွင် အတွင်းလူအဖြစ် အသုံးချရန် အစီအစဉ်များ ချမှတ်ထားသည်မှာ အမှန်ပင်။ ခြိမ်းခြောက်၍ ဖြစ်စေ၊ သွေးဆောင်၍ ဖြစ်စေ ဖြစ်နိုင်သည်။ ဟင်းလင်းပြင်လောကတွင် သူလျှိုလုပ်ခြင်းမှာ အလွန်ပင် စွန့်စားရသော ကိစ္စဖြစ်သည်။ သို့သော် သူတို့မှာ အချိန်တစ်ခုစီတိုင်းတွင် သူလျှိုအသစ်များဖြင့် အစားထိုးနေပုံရသည်။ သူတော်စင်ဧကရာဇ် နန်းတော်က သူတို့ကို ခေါ်ထုတ်ချင်လျှင် အကျဉ်းထောင်မှူးများကို အချိန်မရွေး စေလွှတ်နိုင်ပေသည်။
ထိုအချိန်တွင် ရှဲ့အာမန်၏ ယှဉ်ပြိုင်ပွဲမှာ စတင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သူမသည် အတွင်းကမ္ဘာကို စီးနင်းကာ ကြယ်တာရာ မြေပြင်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။ သူမ၏ ပတ်ဝန်းကျင်တွင် တောက်ပသော ကြယ်တာရာများကဲ့သို့ အတွင်းကမ္ဘာ တံခါးပေါက်များက လင်းလက်နေသည်။ တကယ့် ကြယ်တာရာများပင်လျှင် ဤနေရာတွင်မူ မှေးမှိန်သွားသည့်အလား ထင်ရသည်။
ရှဲ့အာမန်၏ ပြိုင်ဘက်မှာ ကျန်းထန်းဝမ်ခန်းမမှ ယန်တန်းမျိုးနွယ်စုမှ ရှေးဟောင်းဘိုးဘေးတစ်ဦးဖြစ်သည်။ ထိုသူမှာ စင်မြင့်ပေါ်သို့ ရောက်ရှိလာပြီးနောက် -
"အာမန် ညီမလေး၊ အစ်ကို့ကို အသာလေးပဲ ဆက်ဆံပေးပါနော်။"
ရှဲ့အာမန်မှာ စကားတစ်ခွန်းမျှ မပြောပေ။ အကြီးအကဲငါးပါးမှာလည်း အနီးအနားတွင် ကြည့်ရှုနေကြပြီး သက်ပြင်းချလိုက်ကြသည်။
"ဒီလူကတော့ ကံမကောင်းရှာဘူး၊ ဒီနေ့ ရှုံးတာကတော့ မတတ်နိုင်တော့ဘူး။"
ဖန့်ချန်မှလွဲလျှင် ကောင်းကင် ငါးပါးနယ်မြေ၏ တစ်ဦးတည်းသော ကျဲနယဲ့အဆင့်သူတော်စင်နှင့် တွေ့ဆုံခြင်းမှာ ကံဆိုးခြင်းဟုသာ ဆိုရပေမည်။
မျှော်လင့်ထားသည့်အတိုင်းပင် တိုက်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်းသော ထိုးနှက်ချက်ဖြင့် ရှဲ့အာမန်က ထိုရှေးဟောင်းဘိုးဘေးကို အနိုင်ယူလိုက်သည်။ ပြိုင်ဘက်ကို အရှက်ရစေသည့် အပြုအမူမျိုးတော့ မလုပ်ခဲ့ပေ။ သို့သော် ထိုရှေးဟောင်းဘိုးဘေးမှာ ရှဲ့အာမန်နှင့် မတွေ့ခင်အထိ ပြိုင်ပွဲတွင် အနိုင်ရလေ့ရှိသူဖြစ်ပြီး သူ၏ အစွမ်းမှာလည်း အခြားပြိုင်ဘက်များကို အနိုင်ယူနိုင်စွမ်းရှိသည်။
ယခုမူ ရှဲ့အာမန်၏ လက်ချက်ဖြင့် တစ်ချက်တည်း ရှုံးနိမ့်သွားခြင်းက ကျဲနယဲ့ အဆင့်၏ အစွမ်းသတ္တိကို လူအများ ပိုမိုသိမြင်သွားစေသည်။
"ကရုဏာတောင်က ရှဲ့အာမန်က တကယ်ကို ကောင်းကင်ငါးပါးနယ်မြေရဲ့ ထိပ်တန်းအဆင့်ပဲ။"
"ဝမ်ချုံစန်းလည်း အတူတူပဲ၊ သူလည်း သူ့ပြိုင်ဘက်တွေကို တစ်ချက်တည်းနဲ့ အနိုင်ယူနေတာပဲ။ သူကလည်း ထိပ်တန်းအဆင့်ထဲမှာ ပါမှာပဲ။"
"ဖန့်ကျစ်ရွှယ်တို့ရော အားလုံးက ထိပ်တန်းအဆင့်တွေပါပဲ။ အကြီးအကဲငါးပါးကတော့ ထိပ်တန်းအဆင့်ထဲမှာတောင် ထိပ်ဆုံး (၁၀) ယောက်ထဲမှာ ရှိမှာပါ။"
ပရိသတ်များကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူတော်စင်တစ်ဦးက ရုတ်တရက် -
"ဒါဆို ဖန့်သူတော်စင်ဘိုးဘေးကရော ဘယ်အဆင့်မှာ ရှိမလဲ"
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူတော်စင်တစ်ဦးက -
"သူကတော့ သီးသန့်အဆင့်မှာပါ။ ဖန့်ချန်ကို အကြီးအကဲငါးပါးနဲ့ ယှဉ်ကြည့်လို့ မရတော့ပါဘူး၊ သူ့အတွက် သီးသန့်အဆင့်တစ်ခု ထပ်ခွဲထားရတော့မယ်။"
ထိုအယူအဆမှာ ပရိသတ်အများစု၏ သဘောတူညီချက်ကို ရရှိသွားသည်။
တစ်နေရာရာရှိ အတွင်းကမ္ဘာတစ်ခုတွင် ချင်ဝူဆန့် နှင့် ဖန့်ချန်ကို ထောက်ခံသည့် လူသားမျိုးနွယ်စုမှ သူတော်စင်များကလည်း တိုက်ပွဲကို အနီးကပ် ကြည့်ရှုနေကြသည်။ ကြည့်ရှုရင်းနှင့် သူတို့၏ အမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။
"ရှန်းဟုန် မျိုးနွယ်စုရဲ့ အခြေခံအင်အားက အခုဆိုရင် ငါတို့ ဟော်ဆွေ့မျိုးနွယ်စုထက် အများကြီး သာလွန်နေပြီ။"
ချင်ဝူဆန့်က ဘေးမှလူကို ကြည့်ကာ -
"မင်း ဘယ်လို မြင်လဲ"
ချင်ဖိုကျား က မျက်လုံးကို မှေးကျဉ်းကာ ပြိုင်ပွဲကို ကြည့်နေသော်လည်း သူ၏ အကြည့်မှာမူ ကြည့်ရှုသူ နေရာတွင် ရှိနေသည့် ဖန့်ချန်ထံသို့သာ အမြဲ ရောက်ရှိနေသည်။
ချင်ဝူဆန့် ၏ မေးခွန်းကို ကြားလျှင် ချင်ဖိုကျားက ရုတ်တရက် အေးစက်စက် ရယ်မော၍ -
"ရှန်းဟုန်ရဲ့ အင်အားက ဒီကလေးတွေဆီမှာပဲ ရှိသေးတာပါ။ ဒါက ပြန်ပြင်လို့ ရပါသေးတယ်။ ရှန်းဟုန်မျိုးနွယ်မှာ ကောင်းကင်အရှင်တစ်ဦး မပေါ်လာသရွေ့တော့ ငါတို့ ဟော်ဆွေ့မျိုးနွယ်စုကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ အလွန်အကျွံ စိုးရိမ်စရာ မလိုပါဘူး၊ ဆရာ့ဖက်မှာ စီမံထားတာတွေ ရှိပြီးသားပါ။"
ဟော်ဆွေ့ဘိုးဘေးက ပြင်ဆင်ထားပြီးပြီလား
သူတော်စင်များမှာ တုန်လှုပ်သွားသည်။ ချင်ဝူဆန့်မှာလည်း အံ့အားသင့်သွားသည်။ သူ မသိရှိခဲ့သော အကြောင်းအရာများ ရှိနေသည်။ ချင်ဖိုကျားမှာ ဟော်ဆွေ့မျိုးနွယ်စုတွင် သူထက် အဆင့်အတန်း ပိုမိုမြင့်မားသူ ဖြစ်ကြောင်း ထင်ရှားနေသည်။