← Chapters

အခန်း (၉၀၇-၉၀၈)

Vol. 77 Ch. 907-908

အခန်း (၉၀၇-၉၀၈)

Vol. 77 Ch. 907-908

အပိုင်း (၉၀၇)

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်က နတ်ဘုရား တစ်ပါး ဖြစ်ချင်တယ်။ သူ့မှာ တိကျတဲ့ ရည်မှန်းချက် ရှိလား။”

ကုန်းစွန်းယန်က ဖြေသည်။ “ရှိပါတယ်။ သူက သန့်ရှင်းသော ကျောင်းတော်ကို ဖျက်ဆီးပစ်မယ်လို့ ပြောပါတယ်။ အဲဒီလိုဆိုရင် သူက လောကကြီး တစ်ခုလုံးရဲ့ တစ်ဦးတည်းသော အမြင့်ဆုံး အရှင်သခင် ဖြစ်သွားမှာပါတဲ့။”

သန့်ရှင်းသော ကျောင်းတော်ကို ဖျက်ဆီးခြင်း - ဤရည်မှန်းချက်က နတ်ဘုရား ဖြစ်လာဖို့ ဆိုခြင်းထက် အများကြီး ပိုပြီး ခိုင်မာ၏။

ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ်က အခု ဘယ်မှာ ရှိနေလဲ။”

ကုန်းစွန်းယန်၏ အကြည့်များက အောက်သို့ ရောက်ရှိသွားပြီး လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်၏။ “သူက... ကျုပ်တို့ရဲ့ ခြေအောက်မှာ ရှိပါတယ်။”

ယွင်ကျုံးဟဲ့ မျက်လုံးများ ထပ်မံ ကျဉ်းမြောင်းသွားသည်။ ‘ခြေအောက်မှာ ရှိတယ်။ ဒီအမှောင် ဧကရာဇ်ကြီးက တကယ်ပဲ မြေအောက် ပိရမစ် အုပ်စုထဲမှာ ရှိနေတာပဲ။’

ကုန်းစွန်းယန်က ပြောလိုက်၏။ “အရှင်မင်းကြီးက အမှောင် ဧကရာဇ်ကြီးကို ရှာပြီး သူ့ကို ဖျက်ဆီးပစ်ချင်တယ်မလား။ အပြစ်သားက အရှင်မင်းကြီး အတွက် အလုပ်အကျွေး ပြုဖို့ ဆန္ဒရှိပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားက အမှောင် ဧကရာဇ်ကြီးကို သစ္စာဖောက်ချင်တာလား။”

ကုန်းစွန်းယန်က အေးစက်စွာ ပြုံးကာ ပြော၏။ “နတ်ဘုရား တစ်ပါး ဖြစ်ချင်နေတဲ့ လူတစ်ယောက်ဟာ သူများရဲ့ သစ္စာခံမှုကို မလိုအပ်တော့ပါဘူး။ ကျုပ်က အရှင်ဧကရာဇ်အတွက်ဆိုရင် မီးထဲ ရေထဲ ဝင်ပြီး အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဖြစ်သွားဖို့ ဆန္ဒရှိပါတယ်။”

ယွင်ကျုံးဟဲ့က မေးသည်။ “ခင်ဗျားက ကျုပ်ကို သစ္စာခံချင်တာလား။”

“ဟုတ်ပါတယ် အရှင်မင်းကြီး...”

ကုန်းစွန်းယန်က တောင်းဆိုလိုက်၏။ “အရှင်မင်းကြီး ခွင့်ပြုပေးပါ။”

ယွင်ကျုံးဟဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်။ “ကောင်းပြီလေ။ ကျုပ် မြေအောက်မှာ ရှိတဲ့ အမှောင်ဧကရာဇ်ကြီးကို သွားရှာဖို့ ခင်ဗျားရဲ့ အကူအညီ လိုအပ်ပါတယ်။”

ကုန်းစွန်းယန်က ဦးညွတ်ကာ ပြောလိုက်၏။ “ကျုပ်က မြေအောက် အမှောင် ပိရမစ်အုပ်စုကို သိပ်မရင်းနှီးပေမယ့် အရှင်မင်းကြီးအတွက် အစွမ်းကုန် ကြိုးစားပြီး တစ်စိုက်မတ်မတ် အလုပ်အကျွေး ပြုဖို့ ဆန္ဒရှိပါတယ်။”

ယွင်ကျုံးဟဲ့က ပြောသည်။ “ကျုပ်အတွက် အလုပ်အကျွေး ပြုချင်တယ်ဆိုရင် သေချာပေါက် ရပါတယ်။ ဒါပေမဲ့ အခု ကျုပ်စိတ်ထဲမှာ နည်းနည်း မသက်မသာ ဖြစ်နေတယ်။ စိတ်ထဲ သက်သောင့်သက်သာ ဖြစ်သွားမှ ခင်ဗျားရဲ့ သစ္စာခံမှုကို ကျုပ် လက်ခံနိုင်မယ်။”

ကုန်းစွန်းယန်က တုန်ယင်စွာ မေးလိုက်၏။ “အရှင်ဧကရာဇ်ရဲ့ စိတ်ထဲ သက်သောင့်သက်သာ ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ မသိပါဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်ရဲ့ ပထမဆုံး မွေးစားဖခင် ကုန်းစွန်းမာဟာ ခင်ဗျားရဲ့ ဂိုဏ်းတူ အစ်ကို ဖြစ်ပြီး ခင်ဗျားက သူ့ရဲ့ လက်ခြေတွေကို ဖြတ်ပစ်ခဲ့တယ်လို့ ကြားတယ်။ ဟုတ်လား။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ကုန်းစွန်းယန်၏ မျက်နှာ ဖြူရော်သွားပြီး ချက်ချင်း ဒူးထောက်ကာ အသက်ကို ချမ်းသာပေးရန် အသည်းအသန် တောင်းဆိုလိုက်၏။ “အရှင်မင်းကြီး အသက်ချမ်းသာပေးပါ၊ အရှင်မင်းကြီး အသက်ချမ်းသာပေးပါ...”

ယွင်ကျုံးဟဲ့၏ မျက်နှာ အေးစက်သွားပြီး ပြောလိုက်သည်။ “ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဒူးထောက်ပြီး သစ္စာခံပါတယ်လို့ တစ်ခွန်း အော်လိုက်ရုံနဲ့ ချေဖျက်လို့ ရမလား။ ဒီလောကမှာ ဒီလောက် လွယ်ကူတဲ့ ကိစ္စမျိုး ဘယ်မှာ ရှိလို့လဲ။ အရင်ဆုံး ပြစ်ဒဏ်ကို ခံယူပြီး အပြစ်တွေကို ဆေးကြောပြီးမှ သစ္စာခံဖို့ အကြောင်းကို ပြောကြတာပေါ့။”

ထို့နောက် ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။ “လာကြစမ်း... ကုန်းစွန်းယန်ရဲ့ ခြေလက် အားလုံး ဖြတ်ပစ်လိုက်စမ်း။”

ယွင်ကျုံးဟဲ့၏ အမိန့်ပေးသံနှင့်အတူ ချက်ချင်းပဲ အင်အားကြီးမားသူတချို့ ဝင်ရောက်လာကြပြီး ကုန်းစွန်းယန်ကို မြေကြီးပေါ်တွင် တိုက်ရိုက် ဖိချထားကာ ချွန်ထက်သော ဓားများကို မြှောက်၍ ခုတ်ပိုင်းရန် ပြင်လိုက်ကြသည်။

“အရှင်မင်းကြီး အသက်ချမ်းသာပေးပါ၊ အရှင်မင်းကြီး အသက်ချမ်းသာပေးပါ။ အရှင်မင်းကြီး... ကျုပ်က အများကြီး အသုံးဝင်ပါသေးတယ်၊ အရှင်မင်းကြီး အတွက် အကျိုးဆောင်မှုတွေ ရှိခဲ့ပါတယ်။” ကုန်းစွန်းယန်က အသည်းအသန် တောင်းပန်လိုက်၏။

ယွင်ကျုံးဟဲ့ ဂရုမစိုက်ဘဲ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

“ရွှပ်… ရွှပ်… ရွှပ်...”

သိုင်းသမား အချို့က ဓားဖြင့် အလျင်အမြန် ခုတ်ပိုင်းလိုက်ရာ ကုန်းစွန်းယန်၏ လက်ခြေ အားလုံး ပြတ်တောက်သွားပြီး ကိုယ်လုံးကြီးသာ ကျန်ရှိတော့၏။

“အား... အား... အား...”

ကုန်းစွန်းယန်က အသက်ထွက်လုမတတ် သနားစရာကောင်းအောင် အော်ဟစ်ကာ ကျယ်လောင်စွာ မေးလိုက်သည်။ “ဘာလို့လဲ။ ဘာလို့လဲ။”

ထို့နောက် ထူးချွန်သော ဆရာဝန် အချို့ ဝင်ရောက်လာကြပြီး ကုန်းစွန်းယန်ကို သွေးတိတ်အောင် လုပ်ပေးကာ ဒဏ်ရာများကို ချုပ်ပေးကြ၏။

မည်သို့ပင်ဆိုစေ သူက အသွင်ပြောင်းထားသူ တစ်ယောက် ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ တကယ်ကို အံ့မခန်း ဖြစ်သည်။

နာရီအနည်းငယ် အကြာတွင် ကုန်းစွန်းယန် ငြိမ်သက်သွားပြီး ယွင်ကျုံးဟဲ့ကို ကြည့်ကာ အက်ကွဲသော အသံဖြင့် မေးလိုက်၏။ “အရှင်မင်းကြီး... ဘာလို့လဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား စဉ်းစားကြည့်လေ။”

ကုန်းစွန်းယန်က ပြန်မေးလိုက်၏။ “ကျူးလွန်ခဲ့တဲ့ အပြစ်တွေ၊ အမုန်းတရားတွေကို ယှဉ်ကြည့်မယ် ဆိုရင် ထျန်းကျို့ မြို့စားနဲ့ အောက်မင်တို့က ကျုပ်ထက် အများကြီး သာလွန်ပါတယ်။ အရှင်မင်းကြီးက ဘာလို့ သူတို့ကို ဘာမှ မလုပ်ဘဲ ကျုပ်ကိုကျမှ လုပ်ရတာလဲ။ ကျုပ်က ကုန်းစွန်းမာရဲ့ လက်ခြေ လေးဖက်စလုံးကို ဖြတ်ပစ်ခဲ့လို့လား။”

“အဲဒါက အကြောင်းရင်း တစ်ခုပါ။”

ယွင်ကျုံးဟဲ့က ပြောသည်။ “အဓိက အရေးအကြီးဆုံး အကြောင်းရင်းကတော့ အခုအချိန်ထိ ခင်ဗျားက ကျုပ်ကို ဒုက္ခပေးချင်နေတုန်းပဲ ဖြစ်လို့ပါ။ ထျန်းကျို့က သူ့စိတ်ထဲမှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေပေမယ့် သူ ဘာမှ မလုပ်ခဲ့ဘူး။ အောက်မင် ကတော့ ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်ပြီး တာ့ယန် အင်ပါယာမှာ သူ့ရဲ့ နေရာမှန်ကို ရှာတွေ့သွားသလို၊ သူ့ရဲ့ ဒုတိယမြောက် ဘဝကိုလည်း ရှာတွေ့သွားပြီး အခုဆိုရင် အစွမ်းကုန် ကြိုးစား အလုပ် လုပ်နေပါတယ်။”

စကားစပ်၍ ပြောရမည်ဆိုပါက အောက်မင်သည် အဆိပ်ပြင်းလှသော ပညာရပ်များကို တတ်ကျွမ်းသူတစ်ဦး ဖြစ်သည့်အပြင် လူကောင်းတစ်ယောက်လည်း မဟုတ်ပေ။ မိမိ၏ဇနီးဖြစ်သူ တွမ့်ယင်းယင်းကို ကိုယ်တိုင် သတ်ဖြတ်နိုင်သကဲ့သို့ မိမိ၏အဘိုးဖြစ်သူ အောက်ထင်ကိုလည်း ကိုယ်တိုင်သတ်ဖြတ်ရက်သူ ဖြစ်၏။

သို့သော်လည်း နိုင်ငံရေးနယ်ပယ်တွင် သူ ထိုမျှအထိ အကောက်ကြံရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဧကရာဇ် ဝမ်ယွင်ကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ကုန်းစွန်းယန်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားကတော့ မတူဘူး။ ခင်ဗျားက ကျုပ်ကို ဒုက္ခပေးဖို့ တစိုက်မတ်မတ် ကြိုးစားနေတာပဲ။”

“မတရားပါဘူး အရှင်မင်းကြီး...”

ကုန်းစွန်းယန်က အသံထွက်အောင် ငိုကြွေးကာ ပြောသည်။ “တကယ်ကို မတရားပါဘူး။ အကယ်၍ ကျုပ်က အရှင်မင်းကြီးကို ဒုက္ခပေးချင်တယ် ဆိုရင် ယန်ဖျန်ရှန်ကို ဘာလို့ အမြစ်ပြတ် မနှိမ်နင်းခဲ့တာလဲ။ သူ့ကို ဘာလို့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပေးခဲ့သေးတာလဲ။ မိစ္ဆာမြို့တော် ပျက်စီးသွားတာက ကျုပ်အတွက် ဘာအကျိုးအမြတ် ရှိလို့လဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပထမ အချက် - ကျုပ် မိစ္ဆာမြို့တော်ကို ဝိုင်းရံလိုက်ပြီး အသွင်ပြောင်း မီးပိုးကောင် သန်းရာချီ ဖျက်ဆီးခံလိုက်ရတဲ့ အချိန်မှာ မိစ္ဆာမြို့တော်ဟာ သေချာပေါက် ကျဆုံးရတော့မယ် ဆိုတာ သတ်မှတ်ပြီးသား ဖြစ်သွားပြီ။ အချိန် အနှေးနဲ့ အမြန်ပဲ ကွာတော့တာ။ ခင်ဗျားလည်း ဒီရလဒ်ကို မပြောင်းလဲနိုင်တော့ဘူး။ ခင်ဗျား ပြောတဲ့ သတင်းအချက်အလက် ပေးတယ် ဆိုတာက ဒီဖြစ်စဉ်ကို ပိုမြန်သွားအောင် လုပ်ပေးတာ သက်သက်ဖြစ်ပြီး ကျုပ်ရဲ့ ယုံကြည်မှုကိုလည်း ရယူနိုင်တာပေါ့။

ဒုတိယ အချက် - တာရှန်းမိစ္ဆာနိုင်ငံရဲ့ အမှောင် ဧကရာဇ်ကြီး ပျောက်ကွယ်သွားတာ ဆယ်နှစ်တိတိ ရှိနေပြီဆိုတော့ ခင်ဗျားလည်း စိတ်ပူနေပြီ မလား။ ဒါပေမဲ့ သူ သေသွားပြီ ဆိုတာကို ခင်ဗျား လုံးဝ မယုံကြည်သလို၊ ကျုပ်လည်း သူ သေသွားပြီ ဆိုတာကို မယုံကြည်ပါဘူး။ ဒါပေမဲ့ သူ ဘာလို့ အခုထိ ထွက်မလာသေးတာလဲ။ ပိတ်မိနေလို့လား။ တာရှန်းမိစ္ဆာနိုင်ငံပျက်စီးတော့မယ့် အချိန်မှာတောင် သူ ဘာလို့ ထွက်မလာသေးတာလဲ။”

ယွင်ကျုံးဟဲ့ ပြောပြီးနောက် ခဏမျှ ရပ်တန့်လိုက်ပြီး ကုန်းစွန်းယန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒါဆို... အမှောင် ဧကရာဇ်ကြီးက တံခါးပိတ် လေ့ကျင့်ဖို့ မသွားခင်က ခင်ဗျားကို ဘာတွေ ပြောခဲ့လဲ။ အကယ်၍ သူ အချိန်အကြာကြီး ထွက်မလာခဲ့ရင် ကျုပ်ကို သူ့ရဲ့ အဲဒီလေ့ကျင့်ရာ နေရာကို ခေါ်လာပြီး သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက် အောင်မြင်အောင် ကူညီခိုင်းဖို့ ပြောခဲ့တယ်မလား။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်က ဆေးစွမ်းပြဖို့ လိုအပ်တဲ့ လူတစ်ယောက်လား။ သူ့ကို အောင်မြင်အောင် ကူညီပေးနိုင်သေးတာလား။”

ကုန်းစွန်းယန်က ဖြေသည်။ “ကျုပ် ဒါတွေကို နားမလည်ပါဘူး။ ဒါပေမဲ့ ဧကရာဇ်ကြီးက တကယ်ပဲ အဲဒီလို ပြောခဲ့တာပါ။ အဲဒါကြောင့် ကျုပ်က ယန်ဖျန်ရှန်ကို မဖမ်းဘဲ သတင်းအချက်အလက်တွေကို သူ့ဆီ ရောင်းစားခဲ့တာပါ။ မိစ္ဆာမြို့တော်ကို မြန်မြန် ကျဆုံးစေပြီး တာရှန်းမိစ္ဆာနိုင်ငံကို မြန်မြန် ပျက်စီးစေချင်လို့ပါ။ အဲဒါမှ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ရယူနိုင်ပြီး အရှင်မင်းကြီးကို ဧကရာဇ်ကြီး လေ့ကျင့်နေတဲ့ နေရာဆီ လှည့်စား ခေါ်ဆောင်သွားနိုင်မှာပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အခု ခင်ဗျား ဘာလို့ ဒီလောက်တောင် ပွင့်လင်းနေရတာလဲ။”

ကုန်းစွန်းယန်က ဖြေသည်။ “အားလုံး ပေါ်ပေါက်သွားပြီပဲ။ ပွင့်လင်းသည် ဖြစ်စေ၊ မပွင့်လင်းသည် ဖြစ်စေ အတူတူပါပဲ။”

ယွင်ကျုံးဟဲ့က ပြော၏။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး... အခုအချိန်ထိ ခင်ဗျားက မကောင်းတဲ့ အကြံအစည်တွေ ရှိနေတုန်းပဲ။ အားလုံး ပေါ်ပေါက်သွားပြီဆိုတော့ ခင်ဗျားက ဒေါသဆွတဲ့ နည်းလမ်းကို သုံးပြီး ကြီးမားတဲ့ ပဟေဠိကြီး တစ်ခုကို ဖန်တီးကာ ကျုပ်ကို ဖြေရှင်းချင်စိတ် ပေါက်လာအောင် လုပ်နေတာ။ အမှောင် ဧကရာဇ်ကြီးရဲ့ လေ့ကျင့်ရာ နေရာကို သွားဖို့ ခင်ဗျား ကျုပ်ကို လှည့်စားလို့ မရတော့ဘူးဆိုတော့ ခင်ဗျားက ဒေါသဆွပြီး ကျုပ်ကို သွားအောင် လုပ်နေတာ။”

ကုန်းစွန်းယန်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “အရှင် ယွင်ကျုံးဟဲ့... အရှင်မင်းကြီးက တကယ်ကို ဉာဏ်ပညာ ကြီးမားလွန်းပါတယ်။ ဟုတ်ပါတယ်။ ကျုပ်က အရှင်မင်းကြီးကို ဒေါသဆွပြီး သွားအောင် လုပ်ချင်တာပါ။”

ထို့နောက် ကုန်းစွန်းယန်က ဆက်ပြော၏။ “ဟုတ်ပါတယ်။ မိစ္ဆာမြို့တော်က ကျဆုံးသွားပြီ။ ဒါပေမဲ့ တာရှန်းမိစ္ဆာနိုင်ငံကတော့ တကယ် မပျက်စီးသေးပါဘူး။ ဘာလို့လဲဆိုတော့ အမှောင် ဧကရာဇ်ကြီးက အသက်ရှင်နေသေးလို့ပါ။ အကယ်၍ အရှင်မင်းကြီးက တာရှန်းမိစ္ဆာနိုင်ငံကို အမြစ်ပြတ် သုတ်သင်ချင်တယ် ဆိုရင် သေချာပေါက် အမှောင် ဧကရာဇ်ကြီးကို သတ်ပစ်ရပါမယ်။ သူက ကျုပ်တို့ရဲ့ ခြေအောက်မှာ ရှိတဲ့ မြေအောက် ပိရမစ်ထဲမှာ အရှင်မင်းကြီးကို စောင့်နေပါတယ်။

အရှင်မင်းကြီး သွားရဲလား။ သူ့ကို သွားသတ်ရဲလား။ အကယ်၍ အရှင်မင်းကြီး သွားလိုက်ရင် သူ့ရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားပြီး သူ့ရဲ့ အာဟာရ ဖြစ်သွားမှာပါ။ သူက အရှင်မင်းကြီးကို သတ်ပစ်ရုံတင် မကဘူး၊ အရှင်မင်းကြီးရဲ့ သွေးကြောကို အသုံးပြုပြီး သူ့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်သွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင် အရှင်မင်းကြီးရဲ့ တာ့ယန် အင်ပါယာလည်း ပျက်စီးသွားမှာ ဖြစ်ပြီး လောကကြီး တစ်ခုလုံးလည်း ပျက်စီးသွားမှာပါ။

အရှင်မင်းကြီး သွားလိုက်ရင် သူ့ရဲ့ နောက်ဆုံး အသွင်ပြောင်းမှုကို ကူညီပေးသလို ဖြစ်သွားပြီး တာ့ယန် အင်ပါယာကို ပျက်စီးသွားစေပါလိမ့်မယ်။ ဒါပေမဲ့ အရှင်မင်းကြီး မသွားရင်လည်း တာရှန်းမိစ္ဆာနိုင်ငံကို ဘယ်တော့မှ အမြစ်ပြတ် သုတ်သင်နိုင်မှာ မဟုတ်ဘူး။ အရှင်မင်းကြီး သွားရဲလား။ အရှင်မင်းကြီး သွားရဲလား။ ဟား… ဟား… ဟား… ဟား...”

ယွင်ကျုံးဟဲ့သည် ရူးသွပ်နေသော ကုန်းစွန်းယန်ကို ကြည့်ကာ ဖြည်းညင်းစွာ အမိန့်ပေးလိုက်သည်။ “သူ့ကို ချေးတွင်းထဲ ပစ်ချလိုက်၊ ဒါပေမဲ့ မသေစေနဲ့၊ ဗိုက်ဝအောင်တော့ ကျွေးထား၊ နားလည်လား။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ကုန်းစွန်းယန်၏ မျက်နှာ ဖြူရော်သွားပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ခင်ဗျား ကျုပ်ကို မစော်ကားနိုင်ဘူး၊ ခင်ဗျား ကျုပ်ကို စော်ကားလို့ မရဘူး...”

ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျားက ဘာကောင်မို့လို့လဲ။ ကျုပ်က ခင်ဗျားကို ဘာလို့ မစော်ကားနိုင်ရမှာလဲ၊ လူမိုက်။ ပြီးတော့ ခင်ဗျားလည်း အသွင်ပြောင်းထားလို့ အရမ်း အင်အားကြီးနေတာပဲ။ အဲဒါကြောင့် လက်ခြေ လေးဖက်စလုံး ဖြတ်ခံရရင်တောင် ပိုးဝင်ပြီး သေမှာ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ခင်ဗျားရဲ့ ဒဏ်ရာတွေကိုတော့ သေချာ ကာကွယ်ပေးထားပါ့မယ်။”

ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်သည်။ သိုင်းသမာအချို့ ရှေ့တိုးလာပြီး ကုန်းစွန်းယန်ကို ဆွဲထုတ်သွားကြ၏။

မကြာမီ ကုန်းစွန်းယန်၏ အလွန် သနားစရာကောင်းပြီး အလွန် နာကျင်နေသော အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် ရေနစ်သံများ ထွက်ပေါ်လာကာ အော်ဟစ်သံများ ပျောက်ကွယ်သွားတော့သည်။

ယွင်ကျုံးဟဲ့သည် ထျန်းကျို့ကို ခေါ်ယူ တွေ့ဆုံလိုက်၏။

“ဧကရာဇ် ထျန်းယန်... ခင်ဗျား မျှော်လင့်နေတဲ့ ဇာတ်လမ်းကောင်းကြီး မကြာခင် စတင်တော့မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တာရှန်းမိစ္ဆာနိုင်ငံရဲ့ ဧကရာဇ်က မြေအောက် ပိရမစ်ထဲမှာ ရည်မှန်းချက် ကြီးကြီးမားမားတွေကို လုပ်ဆောင်နေတယ်။ နောက်ဆုံး အသွင်ပြောင်းမှုကို ပြီးမြောက်ချင်ပေမယ့် အချိန် အကြာကြီး မအောင်မြင်ခဲ့ဘူး။ အဲဒါကြောင့် ကျုပ်ကို မြေအောက် ပိရမစ်ထဲ လှည့်စား ခေါ်ဆောင်ပြီး ကျုပ်ရဲ့ သွေးကြောကို သုံးကာ နောက်ဆုံး အဆင့်ကို ဖြတ်ကျော်ချင်နေတာ။ အဲဒါကြောင့် အခု အဲဒီ မြေအောက် ပိရမစ်ဟာ ကြောက်စရာကောင်းတဲ့ ထောင်ချောက်ကြီး တစ်ခု ဖြစ်နေပြီ။”

ထျန်းကျို့ စကားမပြောပေ။

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “အရင်တုန်းက ခင်ဗျားလည်း ကျုပ်ရဲ့ သွေးကြောကို သုံးပြီး နုပျိုခြင်းနဲ့ အသက်ရှည်ဆေး ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သက်သာအောင် လုပ်ခဲ့တာပဲ။ ပြီးတော့ ခင်ဗျားလည်း ကျုပ်ရဲ့ သွေးကြောကို သုံးပြီး အသွင်ပြောင်းမှုတွေ လုပ်ဖို့ စိတ်ကူးခဲ့လောက်တယ်မလား။ အခု အမှောင် ဧကရာဇ်ကြီးကလည်း ကျုပ်ကို ထောင်ချောက်ထဲ ကိုယ်တိုင် ဝင်လာစေချင်နေတယ်။ ခင်ဗျား အမြင်ကကော ကျုပ် သွားသင့်လား။”

ထျန်းကျို့က ဖြေသည်။ “သေချာပေါက် သွားသင့်တာပေါ့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ် သွားလိုက်ရင် အမှောင် ဧကရာဇ်ကြီးရဲ့ သတ်ဖြတ်တာကို ခံရတော့မှာ မဟုတ်လား။”

ထျန်းကျို့က ဖြေသည်။ “အကယ်၍ အရှင်မင်းကြီး မသွားရင် ဒီလောကကြီးမှာ အဆုံးသတ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ခင်ဗျား ဒီလောကမှာ အသက်ရှင်နေတာက ဒီဇာတ်လမ်းကောင်းကြီးကို ကြည့်ဖို့၊ ဒီနောက်ဆုံး အဆုံးသတ်ကြီးကို ကြည့်ဖို့ပဲ မလား။”

ထျန်းကျို့က ဖြေသည်။ “ဟုတ်ပါတယ်။ ကျုပ် အသက်ရှင်နေတာ နောက်ဆုံး အဆုံးသတ်ကြီးကို ကြည့်ဖို့ပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားအတွက် အကောင်းဆုံး အဆုံးသတ်က ဘာလဲ။ ငါ နိုင်တာလား၊ အမှောင် ဧကရာဇ်ကြီး နိုင်တာလား၊ ဒါမှမဟုတ် ကျုပ်တို့ နှစ်ယောက်စလုံး အတူတူ သေသွားကြတာလား။”

ထျန်းကျို့က ဖြေသည်။ “ဘယ်လို အဆုံးသတ်မျိုးဖြစ်ဖြစ် ကျုပ်အတွက်တော့ အကောင်းဆုံး အဆုံးသတ်ပါပဲ။”

ယွင်ကျုံးဟဲ့ မျက်လုံး ကျဉ်းမြောင်းသွားပြီး ပြောလိုက်၏။ “ခင်ဗျား တကယ်ပဲ အမှန်တရား တချို့ကို ဖုံးကွယ်ထားတာပဲ။ ပိုပြီး ကြောက်စရာကောင်းတဲ့ အမှန်တရား တချို့ကိုပေါ့။ ခင်ဗျား ပြောတာတွေ အားလုံးက အမှန်တွေချည်းပါပဲ၊ ဒါပေမဲ့ အဓိက အချက်တွေကိုတော့ ရှောင်လွှဲပြောနေတယ်။”

ထျန်းကျို့၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ယွင်ကျုံးဟဲ့က ဤမျှလောက် အကဲခတ် မြန်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ နောက်ဆက်တွဲ အနေဖြင့် သူ ဘာမှ မပြောတော့သလို ယွင်ကျုံးဟဲ့ ကလည်း ဘာမှ မမေးတော့ပေ။

အချိန် အတော်ကြာပြီးနောက် ထျန်းကျို့က ပြောလိုက်သည်။ “အရှင်မင်းကြီး စိတ်ချပါ။ အိုမင်းနေတဲ့ ကျုပ် သေရမယ့်အချိန် ရောက်လာရင် အရှင်မင်းကြီး သတ်စရာ မလိုပါဘူး။ ကျုပ် ကိုယ့်ဘာသာကိုယ် အဆုံးသတ်လိုက်ပါ့မယ်။”

ယွင်ကျုံးဟဲ့က ပြုံးကာ ပြော၏။ “ခင်ဗျား စိတ်ပူလွန်းနေပါပြီ။”

ထို့နောက် ယွင်ကျုံးဟဲ့ ထွက်ခွာသွားသည်။

……………….

အပိုင်း (၉၀၈)

“ကျုပ်... အရှင်ဧကရာဇ်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။ အရှင်ဧကရာဇ်က တာရှန်းမိစ္ဆာနိုင်ငံကို ဖျက်ဆီးပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် ကျုပ် ဂုဏ်ပြုပါရစေ။”

အောက်မင်သည် ယခင်ကအတိုင်း အလွန် စနစ်တကျ ဒူးထောက် အရိုအသေပေးသည်။ ဤတစ်ကြိမ်တွင် သူသည် စားနပ်ရိက္ခာများကို ပို့ဆောင်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ရိုလန်မြို့မှတစ်ဆင့် မဟုတ်ဘဲ တာယင် နိုင်ငံ ဘက်မှနေ၍ တိုက်ရိုက် သယ်ယူလာခဲ့ခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား ပင်ပန်းသွားပြီ။”

“မဝံ့ရဲပါဘူး အရှင်မင်းကြီး...”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အောက်မင် ... ခင်ဗျားကို ကျုပ် ကိစ္စ တစ်ခုလောက် မေးချင်တယ်။”

“အရှင်မင်းကြီး မေးပါ။”

ယွင်ကျုံးဟဲ့က ပြောသည်။ “အမှောင် ဧကရာဇ်ကြီးက မသေသေးဘဲ မြေအောက် ပိရမစ်ထဲမှာ ငါ့ကို စောင့်နေတယ်။ ပြီးတော့ ထောင်ချောက်တွေ အများကြီး ပြင်ဆင်ထားပြီး ငါ ဝင်လာမယ့် အချိန်ကို စောင့်နေတယ်။ ငါ့ကို အသုံးပြုပြီး သူ့ရဲ့ နောက်ဆုံး အသွင်ပြောင်းမှုကို လုပ်ချင်နေတာ။ ငါ သွားသင့်တယ်လို့ မင်း ထင်လား။”

အောက်မင် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဖြေသည်။ “အရှင်မင်းကြီး သွားသင့်တယ်လို့ ကျုပ် ထင်ပါတယ်။”

ယွင်ကျုံးဟဲ့က မေးသည်။ “ဪ... ဘာလို့လဲ။”

‘အောက်မင်... ခင်ဗျား ဒီလို စကားမျိုး ပြောတာ သံသယ အဝင်ခံရမှာကို မကြောက်ဘူးလား။ ခင်ဗျားနဲ့ ကျုပ် ကြားမှာ သေရေးရှင်ရေး ရန်ငြိုးတွေ ရှိခဲ့တာလေ။ ခင်ဗျား ဒီလို ပြောတာ ကျုပ် ယွင်ကျုံးဟဲ့ကို သေတွင်းထဲ တွန်းပို့ချင်လို့မလား။’

အောက်မင်က ဖြေ၏။ “ကံတရားက အရှင်မင်းကြီး ဘက်မှာ ရှိပြီး ယင်ဧကရာဇ်ဘက်မှာ မရှိဘူးလို့ ကျုပ် ထင်လို့ပါ။”

ထို့နောက် အောက်မင်က ဆက်ပြောသည်။ “ကျုပ်က ကောက်ကျစ်စဉ်းလဲတဲ့ လူတစ်ယောက် ဖြစ်ခဲ့ပေမယ့် အဲဒီလို ဧကရာဇ်မျိုး ရှိရင် အဲဒီလို အမတ်မျိုး ရှိတာပါပဲ။ အကယ်၍ အရှင်မင်းကြီးက အမှန်တရားကို ကြားချင်တယ်၊ ပြီးတော့ အမှန်တရားကို လက်ခံရဲတယ် ဆိုရင် ကျုပ် အမှန်အတိုင်း ပြောပါ့မယ်။ အကယ်၍ အရှင်မင်းကြီးက အမှန်တရားကို မကြားချင်ဘူး ဆိုရင် ကျုပ် အမှန်အတိုင်း မပြောပါဘူး။”

ထို့နောက် အောက်မင်က ဒူးထောက်ကာ ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်အနေနဲ့ ပြောရရင် အတွင်းစိတ်ထဲကနေ အရှင်မင်းကြီးကို အနိုင်ရစေချင်ပြီး အမှောင် ဧကရာဇ်ကြီးကို ဖျက်ဆီးပစ်စေ ချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို ဖြစ်မှသာ ကျုပ်ရဲ့ အရည်အချင်းတွေနဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်မှာမို့လို့ပါ။

တာရှန်းမိစ္ဆာနိုင်ငံမှာတုန်းက ကျုပ် မိန်းမ မယူရဲဘူး၊ ကလေး မယူရဲဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ အနာဂတ် မရှိဘူးလို့ ထင်ခဲ့လို့ပါ။ ဒါပေမဲ့ အရှင်မင်းကြီးက အရှေ့တိုင်း လောကကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ ကျုပ် အလျင်အမြန်ပဲ ဇနီးမယား အများကြီး ယူလိုက်ပြီး ကလေး အများကြီး မွေးလိုက်ပါတယ်။

ကျုပ်ရဲ့ မိသားစုကို အရှင်မင်းကြီး ဖျက်ဆီးပစ်ခဲ့တာ ဆိုတော့ အရှင်မင်းကြီးရဲ့ အရိပ်အောက်မှာ မိသားစု အသစ် တစ်ခုကို အမြန်ဆုံး ပြန်လည် တည်ဆောက်ချင်ပါတယ်။ နောက်ထပ် ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ ကျုပ်ရဲ့ မိသားစုကို အင်ပါယာရဲ့ အင်အားကြီး မိသားစုတွေထဲက တစ်ခု ဖြစ်လာအောင် လုပ်ချင်ပါတယ်။

အဲဒါက ကျုပ်ရဲ့ ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေ အားလုံးပါပဲ။ ဘယ်သူပဲ ဖြစ်ဖြစ် ဒီရည်မှန်းချက်ကို တားဆီးမယ် ဆိုရင် အဲဒီလူဟာ ကျုပ်ရဲ့ အကြီးမားဆုံး ရန်သူပါပဲ။”

အောက်မင် ပြောသော စကားများသည် အမှန်တရား ဖြစ်ပြီး ရင်တွင်းမှ လာသော စကားများ ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ နားလည်လိုက်သည်။

“ကျုပ် သိပါပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျား ကောင်းကောင်း အနားယူလိုက်ပါ။ ပြီးရင် တာဝန်တွေကို အမြန်ဆုံး ပြန်လည် ထမ်းဆောင်ပါ။”

အောက်မင် ဒူးထောက်ကာ ပြောလိုက်၏။ “ကောင်းပါပြီ အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။”

အောက်မင် စနစ်တကျ ပြန်လည် ထွက်ခွာသွားသည်။

တကယ်တမ်းတွင် ဤလူသည် အလွန် စိတ်ဝင်စားစရာ ကောင်းသည်။ အလုပ်ကို အလွန် ကြိုးစားပြီး သူ၏ အရည်အချင်းများကို အစွမ်းကုန် ထုတ်ဖော် ပြသနေသော်လည်း အချိန် အများစုတွင် ယွင်ကျုံးဟဲ့၏ ရှေ့မှောက်၌ ထွက်ပေါ်လာလေ့ မရှိပေ။ ယွင်ကျုံးဟဲ့ သူ့ကို မြင်ပြီး စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။

ယွင်ကျုံးဟဲ့သည် ဧကရာဇ် တစ်ပါး အနေဖြင့် သဘောထား ကျယ်ပြန့်မှု မရှိသည် မဟုတ်ပေ။ အောက်မင်ကို လက်ခံနိုင်စွမ်း ရှိပြီး အဓိက အချက်မှာ ယခုအခါ အောက်မင်၏ ရည်ရွယ်ချက်က မှန်ကန်နေခြင်း ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့သည်လည်း စိတ်ခံစားလွယ်သူ တစ်ဦး ဖြစ်လေရာ အောက်မင် ကို မကြိုက်သည်မှာ မကြိုက်ခြင်းသာ ဖြစ်သည်။ အကယ်၍ အောက်မင်သာ ယွင်ကျုံးဟဲ့၏ ရှေ့မှောက်တွင် အမြဲတမ်း ပေါ်လာနေမည် ဆိုပါက ယွင်ကျုံးဟဲ့ သူ့ကို ပိုမို မုန်းတီးလာပေလိမ့်မည်။

အောက်မင်သည် ယွင်ကျုံးဟဲ့ အကြောင်းကို အလွန့် အလွန် သိလွန်းနေသူဖြစ်၏။

ယွင်ကျုံးဟဲ့နှင့် အနက်ရောင်ဘုရင်ကျိုးတို့ စစ်တုရင် ကစားနေကြသည်။

အောက်ရှင်းသည် ရက်အနည်းငယ် အနားယူပြီးနောက် ချက်ချင်းပဲ ရဲရင့် တက်ကြွလာပြီး စိတ်ဓာတ်များ အလွန် ကောင်းမွန်နေသည်။ ဤအချိန်တွင် သူသည် ယွင်ယောင် နှင့် မင်းသမီး ယင်ကျုး တို့၏ ကလေး နှစ်ယောက်ကို သိုင်းပညာ သင်ပေးနေသည်။ မသိမသာဖြင့်ပင် သူသည် ဘေးဘေးကြီး ဖြစ်နေပြီ ဖြစ်၏။

“အစ်ကို... အမှောင် ဧကရာဇ်ကြီးက မြေအောက် ပိရမစ်ထဲမှာ ငါ့ကို စောင့်နေတယ်။ ငါ သွားသင့်တယ်လို့ မင်း ထင်လား။” ယွင်ကျုံးဟဲ့က မေးသည်။

အနက်ရောင်ဘုရင်ကျိုး အောက်ယွီက ဖြေ၏။ “ညီလေး... ငါ့ရဲ့ သတ္တိကြောင်မှုက မွေးရာပါပဲ ဆိုတာ အခုမှ ငါ သိတော့တယ်။ အခက်အခဲတွေနဲ့ ကြုံလာရင် ရင်ဆိုင်ဖို့ကို လုံးဝ မတွေးတော့ဘူး။ မဟုတ်ဘူး၊ ပိုတိတိကျကျ ပြောရရင် ငါ့ရှေ့မှာ ငါ့ကို ကာကွယ်ပေးမယ့်သူ မရှိဘူးဆိုရင်တော့ အခက်အခဲတွေကို ရင်ဆိုင်ချင်စိတ် ရှိပါသေးတယ်၊ အလားအလာလေးတွေ ရှိပါသေးတယ်။ ဒါပေမဲ့ ငါ့ရှေ့မှာ ငါ့ကို ကာကွယ်ပေးမယ့်သူ တစ်ယောက်ယောက် ပေါ်လာတာနဲ့ ငါက လုံးဝ သတ္တိကြောင်သွားတော့တာပဲ။”

ယွင်ကျုံးဟဲ့ ပြုံးလိုက်သည်။

အောက်ယွီက ဆက်ပြော၏။ “ပုံမှန်အားဖြင့် ဖခင် တစ်ယောက်မှာ သားနှစ်ယောက် ရှိတာ အကောင်းဆုံးပါပဲ။ သားတစ်ယောက်က အရမ်းတော်ပြီး လောကကြီးကို အောင်နိုင်ကာ မိသားစုဂုဏ်ကို မြှင့်တင်ပေးမယ်။ နောက်သား တစ်ယောက်ကကျတော့ သိပ်မတော်ဘဲ ဖခင် အနားမှာ နေပြီး ပြုစုစောင့်ရှောက်ပေးမယ်။ ငါကတော့ အဲဒီ သိပ်မတော်တဲ့ သားတစ်ယောက် ဖြစ်ပြီး မင်းကတော့ အဲဒီ အရမ်း တော်တဲ့ သား တစ်ယောက်ပါပဲ။”

ယွင်ကျုံးဟဲ့ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောခဲ့သလို၊ အားပေးစကားလည်း မပြောခဲ့ပေ။

အောက်ယွီက ပြောသည်။ “လွန်ခဲ့တဲ့ နှစ်အတော်ကြာက ငါ တစ်ခါ ထွက်ပြေးခဲ့ဖူးပါတယ်။ လူသူကင်းမဲ့တဲ့ နေရာရဲ့ နယ်စပ်မှာ ငါတို့ ပထမဆုံးအကြိမ် တွေ့ခဲ့တုန်းကလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း ငါ နောက်တစ်ခါ ထွက်ပြေးခဲ့ပြန်တယ်။ တချို့ ရက်စက်တဲ့ အမှန်တရားတွေကို ရင်ဆိုင်ဖို့ ငါ့မှာ သတ္တိ မရှိသလို၊ စွမ်းရည်လည်း မရှိပါဘူး။ ဒါပေမဲ့ မင်းကတော့ လုပ်နိုင်မယ်လို့ ငါ ထင်ပါတယ်။ မင်းမှာ သတ္တိရော၊ စွမ်းရည်ရော ရှိပါတယ်။”

အောက်ယွီ သည် ဤလောကတွင် ဉာဏ်အကောင်းဆုံး လူများထဲမှ တစ်ဦး ဖြစ်လောက်သည်။ သူ ပြောသော စကားများတွင် သတင်းအချက်အလက်များ အများကြီး ပါဝင်၏။

ထို့အပြင် သူသည် ယွင်ကျုံးဟဲ့ထက်ပင် ပိုမို ထက်မြက်သော အလိုအလျောက် သိမြင်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် အရမ်း ဉာဏ်များလွန်းပြီး၊ အတွေး အရမ်း များလွန်းသောကြောင့် ဖြစ်၏။

......................

ညသို့ရောက်ချိန်တွင် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ အသက်တစ်ဝက်ဂိမ်း ကစားကြပြန်သည်။

“ကျွန်မကို မမေးနဲ့၊ ကျွန်မရဲ့ အကြံဉာဏ်ကိုလည်း လာမတောင်းနဲ့။”

ကျင်းကျုံးယွဲ့က မောဟိုက်စွာ ပြောလိုက်၏။ “အတိုချုပ် ပြောရရင် ကျွန်မကို ဆုံးဖြတ်ချက် ချခိုင်းတာမျိုး မလုပ်နဲ့။ ကျွန်မ အခု အမုန်းဆုံးက ဆုံးဖြတ်ချက် ချရတာပဲ။ ကျွန်မကို လုံးဝ ဦးနှောက်မရှိတဲ့ မိန်းမ တစ်ယောက် အဖြစ် နေခွင့် ပြုပါတော့။”

ထို့နောက် သူမက မနေနိုင်ဘဲ သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်ပြန်၏။

ယွင်ကျုံးဟဲ့ သတိထားကာ မေးလိုက်သည်။ “မင်း... မင်း ကိုယ်ဝန် ရနေပြန်ပြီလား။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ရှင်က ဘယ်လို ထင်လို့လဲ။ မိစ္ဆာမြို့တော်ကို တိုက်ခိုက် သိမ်းပိုက်ပြီးရင် ကျွန်မ ကလေး ထပ်မွေးအုံးမယ်လို့ ကျွန်မ ပြောဖူးပါတယ်။”

ယွင်ကျုံးဟဲ့ လုံးဝ နားမလည်နိုင်တော့ပေ။ ‘မင်းလို မိန်းမမျိုးက မွေးလာရင်လည်း သေချာ မထိန်းဘဲနဲ့၊ အများကြီး မွေးပြီး ဘာလုပ်မလို့လဲ။ လေးယောက်တောင် ရှိနေပြီလေ။ အကယ်၍ ဒီတစ်ခါ အမြွှာ ဆိုရင် ခြောက်ယောက်တောင် ဖြစ်သွားမှာပေါ့။’

စင်စစ်သော် ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့၏ စိတ်နေသဘောထားကို ကောင်းစွာ နားလည်သည်။ သူမသည် ငယ်စဉ်အခါက အလွန် ဆင်းရဲဒုက္ခရောက်ခဲ့ရသောကြောင့် လုံခြုံမှုကင်းမဲ့ကာ ဤလောကအပေါ်၌ တွယ်တာစိတ် သို့မဟုတ် မိမိပိုင်ဆိုင်သည်ဟူသော ခံစားချက် ကင်းမဲ့ခဲ့ရ၏။

သူမနှင့် သွေးသားတော်စပ်သူဟူ၍လည်း အလွန်တရာ နည်းပါး၏။ ထို့ကြောင့်ပင် သူမသည် ဤလောက၌ ပိုမိုအမြစ်တွယ်နိုင်ရန်နှင့် မိမိပိုင်ဆိုင်မှု ခံစားချက်ကို ရှာဖွေနိုင်ရန်အတွက် သားသမီးများကို ကြိုးစား မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ရင်သွေးငယ်များ ပိုမိုများပြားလာလေလေ၊ သူမနှင့် ဤလောကကြားရှိ ဆက်နွှယ်မှုသည်လည်း ပိုမိုခိုင်မာလာလေလေ ဖြစ်၏။

သူမသည် သာမန်အချိန်များ၌ သားသမီးများကို ပြုစုပျိုးထောင်ရာတွင် အလွန်ပေါ့လျော့တတ်သော်လည်း လိုအပ်လာသည့်အခါတွင်မူ အကောင်းဆုံးသော မိခင်တစ်ဦးအဖြစ် ရပ်တည်နိုင်စွမ်း ရှိသည်။

ဟေးယန်အင်ပါယာ၌ ရှိစဉ်အခါကလည်း မိမိ၏ ရင်သွေးငယ်များနှင့် မိမိနောက်သို့ သစ္စာရှိစွာ လိုက်ပါ လာကြသော လူတစ်ထောင်ကျော်အတွက် ငရဲပမာဆိုးဝါးလှသည့် စမ်းသပ်မှုများကို အကြိမ်ကြိမ်အလီလီ ကျော်ဖြတ်ခဲ့ရုံမက အဖန်ဖန် အသွင်ပြောင်းလဲကာ အလွန်တရာ အင်အားကြီးမားသူတစ်ဦး ဖြစ်လာခဲ့ရ၏။

သို့သော်လည်း ယွင်ကျုံးဟဲ့နှင့် ပြန်လည်ဆုံစည်းပြီးသည့်နောက်တွင်မူ သူမသည် ရည်မှန်းချက် မှန်သမျှကို စွန့်လွှတ်လိုက်ပြီး မည်သည့်မျှော်လင့်ချက်မှ မရှိဘဲ အေးအေးလူလူ ပေါ့ပေါ့ပါးပါး နေထိုင်တတ်သော အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။

ယခုတစ်ကြိမ်တွင် ယွင်ကျုံးဟဲ့သည် မြေအောက်ပိရမစ်အတွင်းသို့ သွားရောက်၍ တာရှန်းမိစ္ဆာနိုင်ငံ၏ အမှောင်ဧကရာဇ်ကြီးကို ရင်ဆိုင်သင့်၊ မသင့်ကို သူမအား တိုင်ပင်မေးမြန်းလိုခဲ့၏။

သို့သော်ငြား သူ မမေးမြန်းရသေးမီမှာပင် ကျင်းကျုံးယွဲ့က သူမကို မေးရန် မလိုကြောင်းနှင့် သူမ၏ ဗိုက်ထဲတွင် ရင်သွေးရှိနေပြီဖြစ်ကြောင်းကိုသာ ပြောကြားလိုက်ခြင်းဖြစ်သည်။

အဓိကအချက်မှာ ယွင်ကျုံးဟဲ့သည် ကြိုတင်၍ ဆုံးဖြတ်ချက်ချမှတ်ပြီးသားဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိနေခြင်း ဖြစ်သည်။ အခြားသူများအား လိုက်လံမေးမြန်းနေခြင်းမှာ ပါးစပ်သရမ်းချင်၍ သက်သက်သာဖြစ်သောကြောင့် သူမအနေဖြင့် ဆက်လက်၍ ဂရုမစိုက်လိုတော့ပေ။

ယနေ့သည်လည်း ထူးထူးခြားခြား မရှိဘဲ သာမန်နေ့ရက် တစ်နေ့ကဲ့သို့ပင် ကုန်လွန်သွားခဲ့သည်။ ယွင်ကျုံးဟဲ့သည် မိသားစုဝင်များထံသို့ သီးသန့်သွားရောက်၍ နှုတ်ဆက်ခြင်းမျိုးပင် မပြုလုပ်ခဲ့ချေ။

အချို့သောအရာများသည် စနစ်တကျ အခမ်းအနားပြုလုပ်ရန် လိုအပ်သော်လည်း၊ အချို့သော ကိစ္စရပ်များမှာမူ ထိုသို့ ပြုလုပ်ရန် မလိုအပ်ပေ။

ကုန်းစွန်းယန်၏ တစ်ကိုယ်လုံးကို အတွင်းအပြင်မကျန် အပြည့်အဝ ဆေးကြောသန့်စင်စေခဲ့သည်။ ထိုသို့ ဆေးကြောသန့်စင်သည့် ဖြစ်စဉ်တစ်ရပ်လုံးမှာ အလွန်ရက်စက်ကြမ်းကြုတ်လှပြီး အရှက်ရဖွယ် ကောင်းလှရုံမက မည်သည့်လူ့ဂုဏ်သိက္ခာမှ မရှိတော့သည့် အခြေအနေဟုပင် ဆိုရပေမည်။

သူသည် ယွင်ကျုံးဟဲ့၏ ရှေ့မှောက်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာချိန်တွင် မည်သည့် အနံ့အသက်မျှ မကျန်နေစေရန် သေချာစွာ လုပ်ဆောင်ခဲ့ရသည်။ သို့သော်ငြား သူသည် ယွင်ကျုံးဟဲ့နှင့် ပြန်လည်တွေ့ဆုံရသည့် အချိန်၌ သေလုမတတ် နွမ်းနယ်နေပြီး မျက်နှာတစ်ပြင်လုံးလည်း သွေးဆုတ် ဖြူရော်လျက် ရှိနေ၏။

လွန်ခဲ့သော ကာလအပိုင်းအခြားအတွင်း၌ သူ ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသော ဂုဏ်သိက္ခာ မှန်သမျှမှာ အညှာအတာမဲ့ နင်းခြေဖျက်ဆီးခြင်း ခံခဲ့ရ၏။ တိရစ္ဆာန်ပမာ အောက်တန်းကျသော အခြေအနေသို့ ရောက်ရှိကာ အကြိမ်ပေါင်း ရာနှင့်ချီ၍ နှိပ်စက်စော်ကားခြင်းကို ခံခဲ့ရသည်။

ဤအခြေအနေမှာ ဒဏ္ဍာရီပုံပြင်များထဲ၌ တင်စားလေ့ရှိသည့် ရှင်လိုသော်လည်း ရှင်ခွင့်မရ၊ သေလိုသော်လည်း သေခွင့်မရှိ ဟူသော အဖြစ်ဆိုးမျိုးပင် ဖြစ်၏။

ယွင်ကျုံးဟဲ့ သူ့ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။ “အမတ်ကြီး ကုန်းစွန်းယန်... ခင်ဗျား ဆန္ဒပြည့်ဝသွားပါပြီ။ အမှောင် ဧကရာဇ်ကြီးက မြေအောက် ပိရမစ်ထဲမှာ ကျုပ်ကို စောင့်နေတယ် ဆိုတာကို ကျုပ် သိပါတယ်။ ဒါဆို ခင်ဗျား ကျုပ်ကို ခေါ်သွားပြီး သူနဲ့ သွားတွေ့ပေးမလား။ ကျုပ်တို့ နှစ်ယောက်က နောက်ဆုံးတော့ တစ်ဦးချင်း အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရမှာပါပဲ။ ကံတရားက ဘယ်သူ့ဆီမှာ ရှိနေလဲ ဆိုတာကို ကြည့်ကြတာပေါ့။”

ကုန်းစွန်းယန်က ပြော၏။ “ကောင်းပါပြီ အရှင်ဧကရာဇ် ယွင်ကျုံးဟဲ့... ကျုပ်တို့ အခုပဲ သွားပြီး တာရှန်းမိစ္ဆာနိုင်ငံရဲ့ အမှောင် ဧကရာဇ်ကြီးနဲ့ သွားတွေ့ကြတာပေါ့။ အရှင်တို့ နှစ်ယောက်ရဲ့ ဆယ်စုနှစ်ချီတဲ့ ရန်ငြိုးရန်စတွေကို အဆုံးသတ်လိုက်ကြတာပေါ့။”

All Chapters