← Chapters

အခန်း ၄၄၉

Vol. 45 Ch. 449

အခန်း ၄၄၉

Vol. 45 Ch. 449

🍋 Chapter 449

"နင် ဘာလုပ်တာလဲ"

ကျိုးထျန်း ထရပ်လိုက်ပြီး အခန်းပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။

ဟယ်ဝေရွှမ်းကမူ သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့၏။

ထိုအခါမှသာ ဤအမျိုးသမီးသည် သေချာပေါက် ပြင်ဆင်ထားကြောင်း သူ သတိပြုမိတော့သည်။

သူမသည် ရင်ဘတ်တွင် နီလာပွင့်ကြီးတစ်ပွင့် ပါရှိသော အဖြူရောင် ပိုးသားဂါဝန်ကို ဝတ်ဆင်ထားပြီး ထိုနီလာမှာ သူပေးခဲ့သော ကျောက်ရိုင်းမှ သွေးထုတ်ထားခြင်း ဖြစ်တန်ရာသည်။

ဂါဝန်မှာ ချုပ်လုပ်မှု သပ်ရပ်လှပြီး အဝတ်စတိုင်းမှာ ဟယ်ဝေရွှမ်း၏ အရေပြားထက်တွင် တင်းတင်းကြပ်ကြပ် ရစ်ပတ်နေကာ လက်ရာမြောက်လှသော်လည်း ရှုပ်ထွေးပွေလီခြင်းမရှိပေ။

ထိုလှပသော ဂါဝန်ကို ဖြတ်ကျော်၍ ကျိုးထျန်းသည် သူမ၏ ဝမ်းဗိုက်ပိုင်းရှိ ကြွက်သားအကောက်အကြောင်း လိုင်းလေးများကိုပင် ဝေဝေဝါးဝါး မြင်တွေ့နေရသည်။

သူ၏အကြည့်များက အပေါ်သို့ ဆက်လက်ရွေ့လျားသွားပြီး သူမ၏ ခါးသိမ်သိမ်နှင့် လည်တိုင်ကျော့ကျော့လေးထံတွင် ရပ်တန့်သွားကာ ကျိုးထျန်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။

ဤမိန်းမက တကယ်ကို လှပလွန်းလှပေသည်။

"နင် ဘာကို ကြည့်နေတာလဲ"

ဟယ်ဝေရွှမ်းမှာ သူ့ထံသို့ တစ်လှမ်းချင်း တိုးကပ်လာပြီး သူ၏အကြည့်ကို မြင်သောအခါ သူမ၏ လက်မောင်းနှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ကာ ဖုံးကွယ်လိုက်သည်။

"ငါကပဲ နင်ကို မေးရမှာ... နင် ငါ့ကို ဘာလို့ ဒီကို ခေါ်ရတာလဲ"

"ထမင်းစားဖို့"

"ထမင်းစားဖို့ သက်သက်ပဲလား"

"အရင်စားကြရအောင်"

"အမလေး..."

‘နင်က အဲ့လို ပြောလာမှတော့ ငါလည်း အိပ်ချင်စိတ်တွေ ပျောက်သွားပြီပေါ့’

ဟယ်ဝေရွှမ်းမှာ ထမင်းစားပွဲတွင် ထိုင်ချလိုက်ပြီး ရေခဲပုံးထဲရှိ ရှန်ပိန်ပုလင်းထံသို့ မေးထိုးပြလိုက်သည်။

"ဖွင့်လိုက်"

ကျိုးထျန်း ခေါင်းညိတ်လိုက်ပြီး အပေါ်မှ စက္ကူအစွပ်ကို ဖြည်းဖြည်းချင်း ခွာကာ သံဝါယာကြိုးကို အသာအယာ လှည့်ဖြုတ်ပြီး ဘော့ဆို့ကို ကိုင်လျက် ပုလင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

ဘုန်း

တိုးညင်းသော အသံတစ်ခုနှင့်အတူ ညစာစားပွဲ စတင်ကြောင်း အချက်ပြလိုက်တော့သည်။

ဟယ်ဝေရွှမ်းက သူမ၏ ဖန်ခွက်ကို မြှောက်လိုက်ပြီး မျက်ဝန်းများက နူးညံ့စွာ တောက်ပနေသည်။

"ဒီတစ်ခေါက် ဟေးလုံကျန်း ခရီးစဉ်က သေကံမရောက် သက်မပျောက် ခရီးစဉ်ပဲ၊ နင်သာမရှိရင် ငါက အခုလောက်ဆို အေးစက်နေတဲ့ အလောင်းတစ်ကောင် ဖြစ်နေလောက်ပြီ၊ ဒါကြောင့် နင့်ကို ငါ ဂုဏ်ပြုပါတယ်"

သူမသည် ကျိုးထျန်း၏ ဖန်ခွက်နှင့် အသာအယာ တိုက်လိုက်ပြီးနောက် ခေါင်းကို နောက်သို့မော့ကာ ရှန်ပိန်အများစုကို တစ်ကျိုက်တည်း သောက်ချလိုက်ပြီး သူမဘာသာ ပြန်လည်ဖြည့်လိုက်သည်။

"ကျောက်တွင်းက နင်ပြောတဲ့အတိုင်းပဲ၊ အရည်အသွေးက အရမ်းမြင့်တယ်”

“နင်က ငါ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ပေးခဲ့တာ"

သူမက ဖန်ခွက်ကို ထပ်မံမြှောက်ကာ တစ်ကျိုက်တည်းနှင့် အကုန်သောက်ပြန်သည်။

"နင် အေးအေးဆေးဆေး သောက်ပါဦး... ဒီလောက်အမြန်ကြီး သောက်ရင် မူးသွားလိမ့်မယ်"

ဟယ်ဝေရွှမ်းက သူ့ကို ဂရုမစိုက်ဘဲ သူမ၏ ဖန်ခွက်ကို ထပ်မံ ဖြည့်လိုက်ပြန်သည်။

“မျှော်လင့်ချက် ကင်းမဲ့နေတဲ့ အခိုက်အတန့်မှာ မျှော်လင့်ချက်တွေ ပြန်လည်ရောက်ရှိလာခဲ့တယ်၊ ငါ အရာအတော်များများကို နားလည်သွားခဲ့ပြီ၊ ပြီးခဲ့တဲ့တစ်ခေါက် နင့် အိမ်အောက်မှာ ငါပြောခဲ့သလိုပဲပေါ့”

“ငါ့မှာ အချိန်နဲ့ အခွင့်အရေး ရှိနေတုန်းမှာ ငါလုပ်နိုင်တာကို အမိအရ လုပ်ချင်တယ်”

ဤသို့ပြောပြီးနောက် သူမသည် ကျိုးထျန်းနှင့် ဖန်ခွက်ချင်းမတိုက်တော့ဘဲ သူမ၏ ဖန်ခွက်ကို သောက်လိုက်ပြန်သည်။

“စားကြရအောင်၊ ဒါက ငါ မီးဖိုချောင်ကို အထူးပြင်ဆင်ခိုင်းထားတာ၊ ဒါပေမဲ့ နင်က စားဖိုမှူးကို ခိုးထုတ်သွားကတည်းက သူ့ရဲ့ လက်ရာက အရင်လို မကောင်းတော့ဘူး”

ဟယ်ဝေရွှမ်းက အစားအစာများကို နွေးထွေးစေရန်နှင့် ဖုန်မှုန့်များမဝင်စေရန် ဖုံးအုပ်ထားသည့် သတ္တုအဖုံးများကို ဖယ်ရှားလိုက်သည်။

အအေးဟင်းလျာ လေးပွဲနှင့် အပူဟင်းလျာ လေးပွဲ၊ စွပ်ပြုတ်နှင့် အချိုပွဲတို့ဖြစ်ရာ ၎င်းတို့နှစ်ဦးအတွက်မူ အလွန်ပင် ခမ်းနားလှသော စားဖွယ်စုံ ဖြစ်နေတော့သည်။

ထမင်းစားပွဲပေါ်ရှိ ဟင်းလျာများကို မြင်လိုက်ရသောအခါ ကျိုးထျန်း၏ မျက်ဝန်းများ ချက်ချင်း ပြောင်းလဲသွားသည်။

ဤအရာများအားလုံးမှာ သူအကြိုက်ဆုံး အစားအစာများ ဖြစ်ကြသည်။

ဤမိန်းမသည်... သူ၏ အကြိုက်ကို သေချာ သုတေသနပြုပြီး အထူးပြင်ဆင်ထားခြင်း ဖြစ်သည်။

၎င်းတို့သည် လေယာဉ်ပေါ်တွင် ရင်းနှီးသော ထိတွေ့မှုများ ရှိခဲ့ဖူးသော်လည်း နမ်းရှိုက်ခြင်းနှင့် ကျောပြင်ကို ပွတ်သပ်ပေးခြင်းတို့တွင်သာ ကန့်သတ်ထားပြီး ပိုမိုနက်ရှိုင်းသော စကားပြောဆိုမှုမျိုး မရှိခဲ့ချေ။

ယခု ဟယ်ဝေရွှမ်းက သူ့အပေါ် ဤမျှ ဂရုစိုက်ပြလာခြင်းမှာ အတော်ပင် မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။

“နင် ဒါကို သီးသန့် ပြင်ဆင်ထားတာလား”

“ဟုတ်တယ်”

အရက်အနည်းငယ် သောက်ပြီးနောက် ပါးပြင်လေးများ နီမြန်းနေသော ဟယ်ဝေရွှမ်းက သူ့ကို ရွှန်းလဲ့သော အမူအရာဖြင့် ကြည့်ကာ ပြန်ဖြေသည်။

"ကဲ... ဒါဆိုလည်း အတူတူ စားကြတာပေါ့၊ နင် အရက်တွေ အများကြီး သောက်ထားတာ... ဗိုက်ထဲ တစ်ခုခု အရင်ဆုံး အခံဖြစ်အောင် စားဦး၊ မဟုတ်ရင် ခေါင်းမူးလိမ့်မယ်"

၎င်းတို့နှစ်ဦး စတင်စားသောက်ကြရာ ဟယ်ဝေရွှမ်းမှာမူ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းရန်အတွက် ဟင်းတစ်ပွဲချင်းစီကို အနည်းငယ်စီသာ အလွန်ဂရုတစိုက် မြည်းစမ်းစားသောက်သည်။

"ဒါနဲ့... စောစောက အဲလောက်တောင် လျှို့ဝှက်ချက်တွေ များနေရအောင် နင်နဲ့ အဲဒီအတွင်းရေးမှူး ဘာတွေ ကြည့်နေကြတာလဲ"

သူက စားရင်းသောက်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အာ... ဘာမှမဟုတ်ပါဘူး၊ အချက်အလက်တချို့ ရှာဖွေနေတာပါ"

ဟယ်ဝေရွှမ်းက အနည်းငယ် အနေရခက်စွာ ပြန်ဖြေသည်။

"အဲဒီအချက်အလက်တွေက တရားဝင်ရဲ့လား"

ကျိုးထျန်းက သူမကို ပြုံးလျက် ကြည့်လိုက်သည်။

သူမက စကားမဆိုသော်လည်း သူမ၏မျက်နှာမှာ ပို၍ပင် နီမြန်းလာခဲ့သည်။

"ဘာမှမဟုတ်ပါဘူးဆို၊ ရတနာဆိုင်နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ပါ၊ ငါတို့ နောက်ပိုင်း အလုပ်ပြန်စရတော့မှာဆိုတော့ ကြိုတင်ပြင်ဆင်ထားတာ"

‘ငါ နင်ကို တစ်စက္ကန့်လေးတောင် မယုံဘူး၊ နင်က တကယ့်ကို ကောက်ကျစ်တဲ့ မိန်းမပဲ’

‘အဲဒီအမူအရာနဲ့ ပုံစံက ငါ အရင်က ဂျပန်ပညာတော်သင် လေ့လာရေးပစ္စည်းတွေ ရှာဖွေနေတုန်းက ပုံစံနဲ့ တစ်ထေရာတည်းပဲ’

"နင်က အရင်စားကြရအောင်လို့ ပြောတယ်နော်၊ ဒါဆို စားပြီးရင် ငါတို့ ဘာလုပ်ကြမှာလဲ"

"အာ... ဟို... စားပြီးရင်တော့ သေချာပေါက်..."

ပုံမှန်အားဖြင့် လျှာစောင်းထက်လှပြီး မျက်စောင်းတစ်ချက်ဖြင့်တင် လူကို ခြောက်လှန့်နိုင်သော ဤအမျိုးသမီးသည် ယခုအခါတွင် စကားကိုပင် အစီအစဉ်တကျ မပြောနိုင်တော့သည်ကို မြင်ရသဖြင့် ကျိုးထျန်း အလွန်ပင် ဝမ်းမြောက်သွားတော့သည်။

တကယ့်ကို ရယ်စရာကောင်းလှပေသည်။

သူ၏ နောက်ပြောင်လိုသော အမူအရာကို မြင်သောအခါ ဟယ်ဝေရွှမ်း၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားပြီး သူမ၏ ထုံးစံအတိုင်း ပြန်လည်ပြောင်းလဲသွားကာ မျက်ဝန်းများထဲတွင် ဒေါသရိပ်များ ပြည့်နှက်သွားသည်။

"ငါ ဘာကြည့်ကြည့်၊ ဘာလုပ်လုပ် နင့်အလုပ် မဟုတ်ဘူး"

‘ဟား... သူမက ငါ့ကို ထပ်ပြီး စိန်ခေါ်နေပြန်ပြီ’

‘ဒီမိန်းမက ဘာလို့ အဲ့လောက် ရန်ဆောင်နေရတာလဲ’

သူမကိုယ်သူမ အနည်းငယ် အားနည်းသွားသည်ဟု ခံစားရသည်နှင့်အမျှ ဧကရီတစ်ပါးကဲ့သို့ မြင့်မြတ်သော အရှိန်အဝါကို ချက်ချင်းထုတ်ဖော်ကာ လက်စားချေရန် ပြင်ဆင်တော့သည်။

သို့သော် သူမမှာ အင်အားသက်သက်နှင့် အတားအဆီးများအား မည်သို့ ကျော်ဖြတ်ရမည်ကို နားမလည်ပေ။

သူမ ပြန်လည်မာနထောင်လွှားလာသည်ကို မြင်သောအခါ ကျိုးထျန်း ထရပ်လိုက်ပြီး သူမ၏ လက်မောင်းကို ဆွဲကာ ဟယ်ဝေရွှမ်းအား သူ၏ ပေါင်ပေါ်သို့ ဆွဲတင်လိုက်ပြီး သူမအား သူ၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်လျက် ထိုင်ချလိုက်တော့သည်။

စောစောက သူမ ထုတ်ဖော်ပြသခဲ့သော မာနများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားပြီး သူမသည် သူ့မျက်လုံးများကိုပင် တည့်တည့်မကြည့်ရဲတော့ချေ။

"နင်က အဲဒီ မာနတွေကို ချထားပြီး ကောင်းကောင်း စကားမပြောနိုင်ဘူးလား၊ နင်က အမြဲတမ်း စစ်တိုက်တော့မယ့်အတိုင်းပဲ၊ မပင်ပန်းဘူးလား"

ဟယ်ဝေရွှမ်း ပြန်မဖြေသည်ကို မြင်သောအခါ သူမ၏ ဆံနွယ်များကို အသာအယာ သပ်တင်ပေးလိုက်သည်။

လေယာဉ်ပေါ်မှာရှိနေစဉ်အတွင်း သူ လိုလားခဲ့သော သင်းပျံ့သော ရနံ့လေးက ဆံနွယ်များကြားမှ ထွက်ပေါ်လာခဲ့သည်။

"မျက်လုံးမှိတ်ထားလိုက်"

သူမက လိမ္မာယဉ်ကျေးစွာပင် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူမ၏ ရှည်လျားသော မျက်တောင်လေးများမှာ ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ရင်နေရှာသည်။

သူက ခေါင်းကို ငုံ့လိုက်ပြီး နက်ရှိုင်းစွာ နမ်းရှိုက်လိုက်ရာ ဟယ်ဝေရွှမ်းကလည်း သဘာဝကျစွာပင် သူမ၏ လက်မောင်းများကို သူ၏ ပုခုံးထက်သို့ သိုင်းဖက်လာခဲ့သည်။

ငါးမိနစ်ခန့်အကြာတွင် ၎င်းတို့၏ နှုတ်ခမ်းလွှာများ ဖြည်းဖြည်းချင်း ကွာသွားခဲ့သည်။

ဟယ်ဝေရွှမ်းက သူ၏ ပုခုံးကို မှီထားပြီး သူမ၏ နှာခေါင်းလေးဖြင့် သူ၏ လည်တိုင်ကို တိုးဝှေ့နေခဲ့သည်။

သူမ၏ သွယ်လျသော ကျောပြင်ကို ပွတ်သပ်ပေးနေသည့် သူ၏လက်များက လေယာဉ်ပေါ်ကအတိုင်း ဖြည်းည်းချင်း အောက်သို့ ရွေ့လျားသွားခဲ့သော်လည်း သူမ၏ ခါးထံမှ လက်ဝါးရိုက်ချက်တစ်ခုနှင့် ရင်ဆိုင်လိုက်ရပြန်သည်။

"နင် ဘာလုပ်တာလဲ... အခု ဘယ်သူမှ ဝင်မလာဘူးလေ"

သူ၏ စကားကို ကြားသောအခါ ဟယ်ဝေရွှမ်းက သူမ၏ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ပြီး ရုန်းကန်နေသော လက်ကို လွှတ်ပေးလိုက်တော့သည်။

ပြည့်ဖြိုးပြီး တင်းရင်းကာ ကောက်ကြောင်းအလှ တရားများက စုံလင်လှပေသည်။

ကျိုးထျန်းမှ သူမအား အသာအယာ ပုတ်လိုက်ရာ ဟယ်ဝေရွှမ်း ချက်ချင်းပင် တုန်ရင်သွားခဲ့သည်။

ထို့နောက် ကျိုးထျန်း၏ နားထဲတွင် သွားကြိတ်သံတစ်ခုကို ကြားလိုက်ရသည်။

"တောင်းပန်ပါတယ်... နောက်တစ်ခါကျရင် ငါ သေချာပေါက်... မဟုတ်ဘူး၊ မဟုတ်ဘူး၊ နောက်တစ်ခါ မဖြစ်စေရတော့ပါဘူး၊ နောက်တစ်ခါ မဖြစ်စေရတော့ဘူး"

သွားကြိတ်သံ ရပ်တန့်သွားမှသာ ကျိုးထျန်း သက်ပြင်းချနိုင်တော့သည်။

ဤမိန်းမမှာ သူ့အား ရိုက်လိမ့်မည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။

ဟယ်ဝေရွှမ်းက သူ့ ပုခုံးထက်မှ ခေါင်းကို မော့လိုက်ပြီး စားပွဲပေါ်ရှိ တစ်ဝက်ခန့် ကျန်နေသေးသော ရှန်ပိန်ပုလင်းကို ယူကာ ပုလင်းလိုက် မော့သောက်လိုက်တော့သည်။

"သူက ဒီလောက်တောင် အသောက်အစား တော်လိမ့်မယ်လို့ မထင်ထားမိဘူး..."

ကျိုးထျန်း စိတ်ထဲက ရေရွတ်လိုက်မိသည်။

ဂလု... ဂလု... ဂလု...

သူမက ပုလင်းတစ်ဝက်စာကို တစ်ကျိုက်တည်း သောက်ချလိုက်ပြီးနောက် လွတ်သွားသော ပုလင်းမှာ ကြမ်းပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး အသံမြည်လျက် ကျသွားခဲ့သည်။

"ငါ နင်ကို ကြိုပြောထားမယ်နော်... နင် တကယ်လို့ အန်ချင်ရင် သန့်စင်ခန်းကို ချက်ချင်းသွား၊ ငါ့အပေါ်ကို လာမအန်နဲ့ဦး"

ဖြန်း

ကျိုးထျန်း စကားပြောရုံရှိသေး၊ သူ၏ ညာဘက်ပါးပြင်ထက်တွင် ပူထူးသွားသော ခံစားချက်ကို ခံစားလိုက်ရသည်။

"ဒါက ဟေးလုံကျန်းမှာ တုန်းက နင် ငါ့ကို ရိုက်ခဲ့တဲ့အတွက်"

ဖြန်း

ကျိုးထျန်း၏ ပေါင်အတွင်းပိုင်းမှာလည်း ပူကနဲ ဖြစ်သွားခဲ့သည်။

"ဒါကလည်း နင့်အတွက်ပဲ... နင့်လက်တွေကို ငြိမ်ငြိမ်မထားခဲ့တဲ့အတွက်"

ဖြန်း

ယခုအကြိမ်တွင်မူ ကျိုးထျန်းက သူမ၏ ရိုက်ချက်ကို ဖမ်းဆွဲလိုက်နိုင်သည်။

"ဒါကကော ဘာအကြောင်းပြချက်လဲ"

"အကြောင်းပြချက် မရှိဘူး၊ ငါ နင်ကို ရိုက်ချင်လို့ ရိုက်တာ"

ဟယ်ဝေရွှမ်း၏ ပါးပြင်လေးများမှာ နီမြန်းနေပြီး သိသိသာသာပင် အနည်းငယ် မူးနေပြီဖြစ်သည်။

အရှိန်အဟုန်ဖြင့် သောက်ခဲ့ပြီးနောက် သူမ မည်သို့ မမူးဘဲ နေပါမည်နည်း။

သို့သော် သူမသည် မိမိ၏ စိုးရိမ်ပူပန်မှုနှင့် ရှက်ရွံ့မှုများကို လျှော့ချရန်အတွက် အရက်ကို တမင်တကာ အသုံးချနေခြင်းလည်း ဖြစ်သည်။

All Chapters