← Chapters

အခန်း ၁၂၀၁

Vol. 81 Ch. 1201

အခန်း ၁၂၀၁

Vol. 81 Ch. 1201

အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၁)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၂၀၁) ကျောက်ရွေးချယ်ခြင်း။

ထို့နောက်၊ ဆရာကြီး အန်းသည် နတ်ဘုရားဝိညာဥ်ကျောက်တုံးကို လုံးလုံးလျားလျား ဖြတ်တောက်ပြီးနောက်, အတွင်းမှာရှိနေသော ရတနာသည် ရှေးခေတ်ရေခဲနတ်ဘုရား ကျောက်စိမ်း ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင်၊ ထိုဧည့်သည်တော်သည် အဆင့်မြင့် ရေခဲနတ်ဘုရားကျောက်စိမ်းကို လောင်းကစားဆိုင်သို့ နတ်ဘုရားကျောက်တုံး ၅၀၀၀ ဖြင့် လဲလှယ် ရောင်းချခဲ့သည်။

ဟုတ်ပါသည်။ သူလည်း ဆရာကြီးအန်း၏ ကျောက်ဖြတ်ခြင်း ဆုကြေးအဖြစ် ပြောလို့ရသည့် သူ့ဆုကြေးငွေ၏ ၁၀ ရာခိုင်နှုန်းကို ဆရာကြီးအန်းအား ပေးဆောင်ရမှာ ဖြစ်ပါသည်။

သာမာန်အားဖြင့် အဖိုးတန်ရတနာများကို ဖြတ်တောက်နိုင်ကြသူများသည် ဆရာကြီး အန်း၏ ဆုကြေးငွေကို ပျော်ရွှင်စွာ ပေးဆောင်ကြသော်လည်း ငွေဆုံးရှုံးသွားသော သူများသည် မပျော်ရွှင်နိုင်ကြပေ။ သေချာသည်မှာ, ထိုမပျော်ရွှင်သူများလည်း ပေးဆပ်ကြ ရပါမည်။

ဧည့်သည်တော်သည် ရရှိလာသော နတ်ဘုရားကျောက်တုံးများကို ယူကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။ သူသည် ကျောက်တုံးများကို ရွေးချယ်ပြီး ဆက်ပြီး လောင်းကစားဖို့ မရွေးချယ်ခဲ့ပါဘူး။ သေချာသည်မှာ, သူသည် မည်သည့်အချိန်မှာ ရပ်နားရမည်ကို သူ သိပါသည်။

ဆိုင်အတွင်းရှိ အခြားသော ဖောက်သည်များသည် ထိုဧည့်သည်၏ နောက်ကျောကို ကြည့်ပြီး သူတို့မျက်လုံးများတွင် မနာလို ငြူစူမူအပြည့် ရှိနေပါသည်။

မူလက အခေါင်းပေါက်ကျောက်ဟု ထင်ထားကြသည့် နတ်ဘုရားဝိညာဉ် ကျောက်တုံး သည် အဆုံးတွင် အမှန်တကယ်ပင် ရှေးခေတ်ရေခဲနတ်ဘုရား ကျောက်စိမ်းကို ဖြတ်တောက်နိုင်လိုက်ပါသည်။

ထိုဧည့်သည် ထွက်ခွာသွားပြီးနောက် ခန်းမသည် ငြိမ်သက်သွားခဲ့သည်။ လူတိုင်းသည် ၎င်းတို့၏ နတ်ဘုရားကျောက်တုံးများကို ရွေးချယ်ရန် ဆက်လက် လှုံ့ဆော်လာကြသည်။

နီထိုက်စွေ့သည် သူ၏ဦးခေါင်းအရွယ်အစားရှိ ကျောက်တုံးနေရာကို စတင် ရွေးချယ်ခဲ့ပြီး ချင်ယွင်သည် လက်သီးဆုပ်အရွယ်အစား ကျောက်တုံးများရှိသည့် နေရာကို ပြန်လာခဲ့ကြ သည်။

ဤကျောက်တုံးများသည် လက်သီးဆုပ် အရွယ်မျှသာ ဖြစ်သည်။ ပထမအကြည့် တစ်ချက် ဖြင့်, ၎င်းတို့၏ မတူညီသည့် ပုံပန်းသဏ္ဍာန်နှင့် အရောင်များမှလွဲ၍, ၎င်းတို့နှင့်ပတ်သက်ပြီး မည်သည့်ထူးခြားချက်မှ မရှိတော့ပါဘူး။

သို့သော် ထိုအခိုက်တန့်တွင်, ချင်ယွင်၏စိတ်သည် ဤကျောက်တုံးများအပေါ်တွင် ရှိမနေဘဲ, မေးခွန်းတစ်ခုသာ ရှိနေပါသည်။

အစောပိုင်း, ကျောက်ကို လက်သီးဆုပ်အရွယ်အထိ ဖြတ်လိုက်သောအခါ, ကျန်လူများ အားလုံးလည်း အခေါင်းအပေါက်ကျောက်ဟု ဖြစ်နေပြီဟု သိနေကြပြီ။ သို့သော် အတွင်း၌ ရတနာတစ်ခုခု ရှိရမည်ဟု သူ၏ စိတ်နှလုံးထဲတွင် အသံတစ်ခုက ပြောပြနေခဲ့သည်။

ထိုအသံသည် သူ့နှလုံးသား၏ နက်ရှိုင်းရာအရပ်ကနေ ရုတ်ခြည်း ထွက်ပေါ်လာသလိုပဲ။ သို့သော် ထိုပုဂ္ဂိုလ်သည် သူ့နှင့်မသက်ဆိုင်ကြောင်း ချင်ယွင် သေချာသည်။ ယင်းက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။

သို့သော် ယခုအချိန်တွင်, သူ၏ နတ်ဘုရားအာရုံသည်ပင် ဤအသံ၏ အရင်းအမြစ်ကို မတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုအသံသည် သူ့ခန္ဓာကိုယ်မှ ဆင်းသက်လာခြင်းပင်လား သူလည်း မသိတော့။

"မေ့လိုက်ပါလေ” ချင်ယွင်သည် ရုတ်တရက် ဆုံးဖြတ်လိုက်သည်။

ယခင်အသံသည် နတ်ဘုရားဝိညာဥ်ကျောက်တုံးအတွင်းမှာ ရတနာတစ်ခုခု ရှိနေကြောင်း သူ့ကို ပြောပြလာသောကြောင့်၊ ထိုအသံ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာသည်အထိ အခြားနတ်ဘုရားဝိညာဉ်ကျောက်တုံးများကို ဆက်လက်ထိတွေ့ပြီး ကြိုးစားနေရန်သာ လိုအပ်ပါသည်။ အသံထွက်ပေါ်လာရင် သူ့ခန္ဓာကိုယ်ထဲမှာ တခြားအရာ တစ်ခုခုရှိနေမှာ သေချာသွားပြီ။ မဟုတ်ရင် သူ အတွေးလွန်နေခြင်း ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ချင်ယွင်သည် လက်သီးအရွယ် နတ်ဘုရားဝိညာဉ်ကျောက်တုံးများကို တစ်တုံးပြီး တစ်တုံး လိုက်ထိတော့သည်။

၎င်းတို့ထဲ တစ်ခုထိတွေ့၍ အသံမမြည်လျှင် နောက်တစ်ခုကို အလျှင်အမြန် ထိတွေ့သည်။

အဝေးမှ လျောင်းကုလားထိုင်ပေါ် ထိုင်နေခဲ့သော လူငယ်သည် ချင်ယွင်၏ လုပ်ရပ်ကို မြင်သောအခါ မကျေမနပ် အမူအရာ ပေါ်လာသည်။

"မင်း ဘာတွေ လိုက်ထိနေတာလဲ?" လူငယ်က ဒေါသမထိန်းနိုင်ဘဲ အေးစက်စွာ အော်ဟစ် လိုက်သည်။

နတ်ဘုရားဝိညာဥ် ကျောက်တုံးများကို ပွတ်သတ်၍ ခန့်မှန်းကြသော လူပေါင်းများစွာကို သူ မြင်ဖူးပါသည်။ ဤအချက်ကိုလည်း လောင်းကစား ကျောက်တုံးဆိုင်က ခွင့်ပြုထား သည်။ သို့ရာတွင်၊ ထိုကျောက်တုံးများသည် များသောအားဖြင့် ၎င်းတို့၏ ဦးခေါင်းအရွယ် အစားရှိ နတ်ဘုရားကျောက်တုံးများ သို့မဟုတ် ပို၍ကြီးသော နတ်ဘုရားဝိညာဉ် ကျောက်တုံးများ ဧရိယာတွင်သာ ပေါ်လာလေ့ရှိသည်။ လက်သီးဆုပ်အရွယ် နတ်ဘုရား ဝိညာဉ်ကျောက်တုံးများရှိရာ ဧရိယာ၌ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။

ထို့အပြင် ချင်ယွင်၏ ပွတ်သပ်မူသည် မြန်ဆန်လွန်းသည်။ သူသည် အမှန်တကယ်ပင် ကျောက်တုံးများကို ထိတွေ့လိုက်ပြီးနောက်, ထိုအခိုက်အတန့်မှာပင် တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။ ထိုလူငယ်၏ အမြင်၌ ဤသူသည် နတ်ဘုရားဝိညာဉ် ကျောက်တုံးများကို လုံးဝ ရွေးချယ်ခြင်း မရှိပါ။ ယင်းအစား, သူ့ပုံစံက မည်သည့် ဂေါ်ဖီထုပ်က ပို၍လတ်ဆတ်နေသနည်းဟု ရွေးချယ်နေသလိုပင်။

ချင်ယွင်သည် လူငယ်၏ အေးစက်စက် အော်သံကို ကြားသောအခါတွင် သူ့လက်၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ သူသည် လူငယ်ဘက်သို့ ပြန်လှည့်၍ “မင်းက မထိခိုင်းချင်ဘူးလား” ဟု မေးလိုက်ပါသည်။

လူငယ်သည် ချင်ယွင်၏အမေးကို ကြားလိုက်သောအခါတွင် သူ၏မျက်နှာသည် မကျေနပ်မှု အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာသည်။ သူက အေးစက်စွာ "မင်း အဲဒါကို ထိလို့ရတယ်၊ ဒါပေမယ့် မင်းပုံစ ကျောက်ရွေးနေတယ်လို့ မထင်ဘူး။ အဲဒီအစား မင်းက ပြဿနာရှာနေသလိုပဲ”။

ထိုလူငယ်သည် စကားပြောသောအခါတွင်, သူသည် သူ့မျက်လုံးများတွင် ချင်ယွင်ကို လုံးဝ ထည့်မထားသည့်အလား သူ့မျက်နှာပေါ်ရှိ အထင်အမြင်သေးမှုကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိပေ။

သို့သော် ချင်ယွင်၏ နောက်ထပ်စကားက သူ့ကို ရူးသွပ်စေခဲ့သည်။

"ထိရုံလေးပဲလေ။" ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး၊ သူ့ယခင်လုပ်ရပ်အတိုင်း ဆက်လုပ်ကြပါသည်။

လူငယ်လေး၏ မျက်နှာသည် ချက်ချင်းပင် အမျက်ဒေါသ ထွက်ပေါ်လာသည်။ သူက စိတ်ဖြင့်ပို့လွှတ်၍ စကားပြောလိုက်သည်။ ဤကောင်သည် သူ့စကား၏ ပထမတစ်ဝက် ကို ကြားရုံမျှဖြင့် ကျန်ဒုတိယတစ်ဝက်ကို လုံးဝ လျစ်လျူရှုခဲ့သည်။ ယခုအခါ, သူသည် ချင်ယွင်ကို နှင်ထုတ်ပစ်ရန် ဆန္ဒရှိနေသည်။

သို့သော် ချင်ယွင်သည် ဧည့်သည်ဖြစ်ဆဲ ဖြစ်သည်။ ချင်ယွင်အနေဖြင့် ကျောက်ဝယ်, မဝယ် သူ မသိပါဘူး၊ ထို့ကြောင့်, ချင်ယွင်ကို နှင်ထုတ်ပစ်ခြင်း သူ့အတွက် မကောင်းပေ။ ထို့ကြောင့်၊ ချင်ယွင်သည် နတ်ဘုရားဝိညာဉ်ကျောက်တုံးများကို တစ်တုံးပြီးတစ်တုံး လိုက်လံ ထိတွေ့ နေသည်ကို သူသည် ရှောင်လွှဲမရဘဲ စောင့်ကြည့်နေရုံသာ တတ်နိုင်ပါ သည်။

"ဟမ်၊ မင်းရွေးချယ်တဲ့ နတ်ဘုရားဝိညာဉ်ကျောက်တုံးကို ငါ ကြည့်ချင်မိတယ်" လူငယ်သည် သူ၏စိတ်ထဲတွင် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး၊ သူ၏မျက်နှာက အလွန်တရာမှ မထီမဲ့မြင်ပြုသည့် အမူအရာ ပေါ်လာသည်။

သူသည် ဤလောင်းကစားဆိုင်တွင် အချိန်အတော်ကြာ နေထိုင်လာခဲ့သောကြောင့်၊ နတ်ဘုရားဝိညာဉ်ကျောက်တုံးများကို လှုံ့ဆော်ရန် နည်းလမ်းအချို့ကို အနည်းနှင့်အများ လေ့လာထားသည်။ သူ၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးများ ရွေးချယ်နိုင်စွမ်သည် ဆိုင်ရှိ အခြားဖောက်သည်များထက် များစွာသာလွန်သည်ဟု ဆိုနိုင်သည်။

ယေဘုယျအားဖြင့် ပြောရလျှင်, ကျောက်တုံးများရွေးချယ်မှုသည် ပုံသဏ္ဍာန်၊ အရောင်နှင့် ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ ပုံစံများ ဟူ၍ ရှုထောင့်သုံးမျိုးပေါ်တွင် အခြေခံထားသည်။ ချင်ယွင်က ပေါ့ပေါ့ပါးပါးလေးသာ ထိကိုင်လိုက်သည်။ ထို့ကြောင့်, သူ့သည် မည့်သည့် အရာကိုမှ မမြင်နိုင်ပါဘူး။ ပထမအကြည့်တစ်ချက်ဖြင့်, ဤကောင်သည် လူပြိန်းတစ်ဦး ဖြစ်မှန်း သိသာသည်။ ထိုကဲ့သို့လူအများစုသည် အခေါင်းပေါက် ကျောက်များကို ရွေးချယ်မိကြသည်။

ထို့အပြင်၊ လက်သီးဆုပ်အရွယ် ကျောက်တုံးများရှိရာ ဧရိယာသည် မူလကတည်းက အခြားနေရာများထက် များစွာကြီးမားသည်။ ထို့ကြောင့်, လူငယ်၏အမြင်မှာ, အကယ်၍, ချင်ယွင်သာ နတ်ဘုရားဝိညာဉ်ကျောက်တုံးတစ်တုံးကိုမျှ မဝယ်ခဲ့ပါက, သူသည် လွန်သွားပြီဟု ယူဆရပေလိမ့်မည်။ အကယ်၍, သူဝယ်ခဲ့မည်ဆိုလျှင်လည်း, သူသည် မျှော်လင့်ချက်မဲ့ပြီး, သူ့ငွေကြေးအားလုံး ဆုံးရှုံးရသူဖြစ်လာပါလိမ့်မည်။

ထိုအချိန်တွင် ချင်ယွင်သည် လူငယ်၏ အတွေးများကို ဂရုမစိုက်ပေ။ သူ၏ အတွေးအားလုံး သည် နတ်ဝိညာဥ်ကျောက်တုံးများကို ထိတွေ့ရာမှာ အာရုံစိုက်နေခဲ့သည်။

သို့သော် သူသည် ၎င်းတို့ကို တစ်ချက်ချင်း ထိတွေ့သောအခါတွင် ထိုအသံက ထပ်မံ မမြည်တော့ပေ။

ချင်ယွင်သည် ဤလက်သီးအရွယ် နတ်ဘုရားဝိညာဉ် ကျောက်တုံးအားလုံးကို လျင်မြန်စွာ ထိလိုက်သော်လည်း, သူ့နှလုံးသား၏ နက်ရှိုင်းဆုံးနေရာသည် ရေကဲ့သို့ ငြိမ်သက်နေဆဲ ဖြစ်သည်။

"တစ်ခုပဲ ကျန်တော့တယ်။ တကယ်လို့, လှုပ်ရှားမှု မရှိခဲ့ရင်၊ ငါ့ကိုယ်ငါ အတော်လေး စိုးရိမ်လွန်နေပုံပဲ”။ ချင်ယွင်သည် လက်သီးဆုပ်အရွယ် ကျောက်တုံးဧရိယာရှိ နောက်ဆုံး ကျောက်တုံးကို ကြည့်လိုက်သည်။

ဤသည်မှာ ကျောက်တုံးရှည်တစ်ခု ဖြစ်သည်။ ၎င်း၏အရောင်မှာ စိမ်းပြာရောင်ဖြစ်ပြီး ၎င်း၏မျက်နှာပြင်သည် အလွန်ကြမ်းတမ်းသည်။ ၎င်းပုံစံအရ မထင်မရှား ကျောက်တုံး တစ်ခုလို ဖြစ်နေသည်။

သာမာန်အားဖြင့်၊ ကျောက်တုံးရွေးချယ်သူများသည် ထိုကဲ့သို့ ကျောက်တုံးများကို မရွေးချယ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကျောက်တုံးများတွင် ရတနာများ ပေါ်ထွက်လာနိုင်ခြေမှာ သုညနီးပါး ဖြစ်သောကြောင့်ပင်။

သို့သော် ချင်ယွင်သည် ကျောက်တုံးကို ထိတွေ့လိုက်ဆဲ ဖြစ်သည်။ သို့သော်၊ ချင်ယွင်၏ လက်သည် ကျောက်တုံးကို ထိလိုက်သည့်အခိုက်တွင်၊ လှိုင်းလုံးများ ရိုက်နှက်ခြင်းဒဏ်ကို မခံရသော သူ့နှလုံးသား၏ နက်ရှိုင်းဆုံးနေရာသည် ရုတ်ချည်း တုန်လှုပ်သွားပုံရသည်။

"ဟုတ်တယ်၊ ဒါ ခံစားချက်ပဲ။" ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပ လာသည်။

ယခုအချိန်တွင်၊ သူသည် ရတနာနှင့် နီးကပ်နေသမျှ, သူ့နှလုံးသားအတွင်း၌ စွမ်းအင် အတက်အကျလှိုင်းတစ်ခု အလိုအလျောက် ထွက်ပေါ်လာပြီး အမြဲသတိပေးနေသည့် အရာတစ်ခု ရှိနေကြောင်း သူ သေချာသွားခဲ့ပြီ။

"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင် အံ့သြသွားသည်။

သို့သော်လည်း အချိန်အတော်ကြာ တွေးတောဆင်ခြင်ပြီးနောက်တွင် အဘယ့်ကြောင့် ဤအခြေနေမျိုး ဖြစ်ပေါ်လာရသည်ကို သူ မသိနိုင်ပေ။ ထို့အပြင်၊ သူသည် သူ၏နတ်ဘုရား အာရုံကို အသုံးမချနိုင်ပါ။ ထို့ကြောင့်, သူသည် ကူကယ်ရာမဲ့၊ လက်လျော့လိုက်ရုံက လွဲပြီး၊ ရွေးချယ်စရာ မရှိတော့ဘူး။

"မေ့လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ဒီကျောက်တုံးထဲမှာ ဘယ်လို ရတနာတွေ ရှိနေလဲ ကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

ထို့နောက် သူက အရုပ်ဆိုးသော ကျောက်တုံးရှည်ကို ညွှန်ပြပြီး "ဒီကျောက်တုံးကို ငါလိုချင်တယ်" ဟု လူငယ်ကို ပြောလိုက်ပါသည်။

All Chapters