← Chapters

အခန်း ၁၂၀၂

Vol. 81 Ch. 1202

အခန်း ၁၂၀၂

Vol. 81 Ch. 1202

အခန်း (၁၂၀၂) ကျောက်တုံးဖွင့်ခြင်း။

ချင်ယွင်၏ စကားများသည် ပတ်ဝန်းကျင်ရှိ လူများ၏အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။ လူတိုင်းက ချင်ယွင်၏ လက်ချောင်းများဆီသို့ ကြည့်လိုက်ကြသည်။

သို့သော် ချင်ယွင် ရည်ညွှန်းထားသော ကျောက်တုံးကို တွေ့လိုက်ရသောအခါ, သူတို့သည် ချင်ယွင် ရွေးချယ်ခဲ့သော ကျောက်တုံးက ဟာသတစ်ခုဖြစ်နေသည့်အလား မထိန်းနိုင်ဘဲ လှောင်ပြောင်ရယ်မောကြတော့သည်။

"ကောင်စုတ်လေး, ဒါက မင်းရဲ့ ပထမဆုံးအကြိမ်အဖြစ် ကျောက်တုံးလောင်းကစား ပြုလုပ်ခြင်း မဟုတ်လား?" လူငယ်သည် ဆိုဖာပေါ်မှ မတ်တပ်ထရပ်ကာ အထင်အမြင် သေးစွာ ပြုံးပြသည်။

"ဟုတ်တယ်။ တကယ်ကို ပထမဆုံး အကြိမ်ပဲ" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။

ချင်ယွင်က ထိုစကားများကို ပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ လူများသည် အထင်အမြင်သေးသည့် အမူအရာများကို ထုတ်ဖော်လာကြပြီး၊ ချင်ယွင်ကို ကြည့်သည့် အကြည့်များက ပို၍ပင် မထီမဲ့မြင် ပြုလာကြသည်။

"ညီအစ်ကို ချင်၊ မင်း ဘာလို့ ကျောက်တုံး မပြောင်းတာလဲ?။" နီထိုက်စွေ့လည်း သူ့ကို သတိမပေးဘဲ မနေနိုင်။

ယခင်က, သူသည် ချင်ယွင်အား ကျောက်တုံးအပေါ်တွင် လောင်းကစားခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားပြီး၊ ကျောက်တုံးပေါ်တွင် လောင်းကစား ခြင်းကို ပျော်ရွှင်စွာ ခံစားစေလိုသော်လည်း၊ ချင်ယွင်သည် ထိုကဲ့သို့သော ကျောက်တုံးကို အမှန်တကယ် ရွေးချယ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဘာလို့လဲ?" ချင်ယွင်က အံ့သြတကြီး မေးလိုက်သည် ။

'"မင်းရွေးတဲ့ ကျောက်တုံးက အစိမ်းရောင်သဲကျောက်။ ဒီကျောက်တုံးရဲ့ ပုံပန်းသဏ္ဍာန်က ရှည်နေတာကို မင်း တွေ့နိုင်တယ်။ ဒီလိုပုံစံနဲ့ကျောက်တုံးတွေမှာ ရတနာရှာတွေ့ဖို့ သိပ်ခက်တယ်ကွ။ နောက်ပြီး ကျောက်တုံးရဲ့ မျက်နှာပြင်ပေါ်က ပုံစံတွေကို ကြည့်လိုက်ပါ။ မင်းကျောက်တုံးရဲ့ မျက်နှာပြင်က အရမ်းကို ကြမ်းတမ်းပြီး ရတနာတွေ ဖုံးကွယ်နိုင်ဖို့ သိပ်ခက်တယ်။ ဆိုတော့, ဒီလိုကျောက်တုံး ကိုးဆယ်ရာခိုင်နှုန်းက အခေါင်းပေါက် ကျောက်တုံးတွေပဲ။ ဒါကြောင့်, မင်းအနေနဲ့ အခြားကျောက်တုံးတစ်တုံးကို ပြန်ရွေးတာ ပိုကောင်းလိမ့်မယ်” နီထိုက်စွေ့က ရှင်းပြသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါတွင် ပတ်ဝန်းကျင်မှ လူများက သူ့ကိုကြည့်ပြီး၊ လှောင်ပြောင်နေကြသည့် အကြောင်းရင်းကို ချက်ခြင်း သဘောပေါက်သွားသည်။ ဆိုတော့, သူရွေးထားသည့် ကျောက်တုံးသည် အစိမ်းရောင်သဲကျောက်တုံး ဖြစ်နေသည်။ အစိမ်းရောင်သဲကျောက်ဟု ခေါ်ဆိုကြသည့် ကျောက်တုံးသည် ထိုကျောက်တုံးပေါ်မှာ အစိမ်းရောင်သဲများ ပိုများနေပြီး၊ စိမ်းစိုမည်းနက်နေလိမ့်မည်။

နောက်တစ်ချက်, ထိုကျောက်တုံးများတွင် သဲနှင့်ကျောက်များ အများပြား ပါဝင်နေသော ကြောင့် ထိုကျောက်တုံးများတွေမှာ ရတနာများ ထွက်ပေါ်လာဖို့ အရမ်းခက်ခဲပါသည်။ ထို့ကြောင့် လောင်းကစားသမားများ၏ အမြင်တွင် အစိမ်းရောင်သဲကျောက်များသည် အခေါင်းပေါက်ကျောက်များနှင့် အတူတူပင်။

ချင်ယွင်သည် အစိမ်းရောင် သဲကျောက်တုံးကို ရွေးချယ်ခဲ့သည်။ သဘာဝအတိုင်း၊ အခြားသူများ၏ အမြင်တွင်, သူသည် အပျော်တမ်းသမားဖြစ်ကြောင်း တစ်ချက်ကြည့်ရုံ ဖြင့် သိနိုင်သည်။ ထို့အပြင် ချင်ယွင်၏ ကျောက်တုံးသည် ရှည်နေ၏။ ပုံမှန်အားဖြင့်, ကျောက်တုံးများသည် စက်ဝိုင်းပုံနှင့် စတုရန်းပုံသဏ္ဌာန် ရှိရမည်ဖြစ်သည်။ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ကျောက်တုံးများတွင် ရတနာတစ်ခု ပေါ်လာနိုင်ခြေက အလွန်မင်း နည်းပါးပါသည်။ ထို့ကြောင့်, အခြားလူများ၏ အမြင်တွင်, အကယ်၍, ချင်ယွင်သာ ထိုကျောက်တုံးကို ရွေးချယ်ခဲ့ပါက, သူသည် လုံးဝ အရူးတစ်ယောက်လို ဖြစ်နေပေလိမ့် မည်။ သူသည် မျှော်လင့်ချက်မဲ့ပြီး သူ့ငွေကြေးအားလုံး ဆုံးရှုံးရသူဖြစ်လာလိမ့်မည်။

သို့သော် ချင်ယွင်သည် သူ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲပစ်ရန် မရည်ရွယ်ခဲ့ပေ။ ဤကျောက်တုံးသည် သူ့နှလုံးသားကို အပြောင်းအလဲ ဖြစ်စေနိုင်ခဲသည်။ လက်သီးဆုပ် အရွယ် တစ်ခုတည်းသော ကျောက်တုံး ဖြစ်သည်။ ထို့ကြောင့်၊ ဤကျောက်တုံးတွင် ရတနာတစ်ခုခု ရှိနေရမည်မှာ ချင်ယွင် သေချာသလောက်ပင်။

"မဟုတ်ဘူး၊ ဒီကျောက်တုံးပဲ။ ဒီလိုကျောက်တုံးရဲ့ ၉၀ ရာခိုင်နှုန်းက အခေါင်းပေါက်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။ ဒါဆို ငါ့ရဲ့ ဒီကျောက်က နောက်ဆုံးလက်ကျန် ၁၀ ရာခိုင်နှုန်း ဖြစ်နိုင်သေးတယ်လေ" ချင်ယွင်က နီထိုက်စွေ့အား အပြုံးဖြင့် ပြောသည် ။

"ဒါပေမယ့်" နီထိုက်စွေ့သည် တစ်ခုခုပြောချင်နေတုန်းပင်။ သို့သော်, ချင်ယွင်၏ ပြတ်သားသည့် အကြည့်တွေကို သူ မြင်လိုက်သည့်အခါ, သူ မည်သို့ပင် ဖြောင်းဖျ ပြောဆိုပါစေ, ချင်ယွင်၏ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်တော့ဟု သူ သိလိုက်သည်။

ထို့ကြောင့်, သူသည် ကူကယ်ရာမဲ့ လက်လျော့ရုံက လွဲပြီး၊ သူ့မှာ ရွေးချယ်စရာ မရှိတော့ပါ ဘူး။

"ဒါက သူ့အတွက် သင်ခန်းစာတစ်ခု ဝယ်ယူလိုက်တယ်လို့ပဲ သဘောထားရတော့မှာပေါ” နီထိုက်စွေ့ သူ့ကိုယ်သူ တွေးလိုက်ပါသည်။

သူသည်လည်း ကျောက်တုံးအပေါ် လောင်းကစားနှင့် စတင်ထိတွေ့စဉ်က ငွေကြေး အမြောက်အမြား ဆုံးရှုံးခဲ့ဖူးသောကြောင့်, ယခုတစ်ကြိမ် ချင်ယွင် ဆုံးရှုံးရခြင်းမှာ အမှားအယွင်း မရှိဟု ခံစားမိပါသည်။

ချင်ယွင် ပြောခဲ့သည့် ၁၀ ရာခိုင်နှုန်းဆိုသည့် မျှော်လင့်ချက်လား?။ သူ့အမြင်အရဆို, ယင်းက ဟာသတစ်ခုသက်သက်ပင်။ သူသည် လောင်းကစားကျောက်တုံးများနှင့် ထိတွေ့ခဲ့သည်မှာ ကြာမြင့်လှပြီ။ သူသည် အစိမ်းရောင်သဲကျောက်များမှ ရတနာများ ဖြတ်တောက်နိုင်သည့်လူကို မည်သည့်အခါ မကြားဖူးသလို မြင်လည်းမမြင်ခဲ့ဖူးပါ။

ထိုလူငယ်သည် ဘေးမှ ကြည့်နေသည်။ သူသည် ဆိုင်၏တာဝန်ခံဖြစ်သောကြောင့် ဖောက်သည်များ၏ ဆုံးဖြတ်ချက်များတွင် ဝင်စွက်ဖက်ရန်မှာ သဘာဝအတိုင်း မဖြစ်နိုင် ပေ။ ဤအချက်သည် ဤလုပ်ငန်းတွင် စည်းကမ်းသတ်မှတ်ချက် ဖြစ်သည်၊ ထို့ကြောင့် နီထိုက်စွေ့ ပြောဆိုလာသောအခါတွင် သူသည် ဝင်ရောက်နှောက်ယှက်ခြင်း မရှိခဲ့ပေ။ ချင်ယွင်သည် ကျောက်တုံးကို မပြောင်းလဲခဲ့ပေ။ ဤသည်မှာလည်း ချင်ယွင်၏ အခွင့်အရေး ဖြစ်ပါသည်။

သေချာသည်မှာ, သူကိုယ်တိုင်ကလည်း ချင်ယွင်ကို မပြောင်းလဲစေချင်ပါဘူး။ အဘယ့်ကြောင့်ဆိုသော်, ဒီကောင်လေး, သူ့ရှေ့မှာပင် ပိုက်ဆံတွေ အကုန်ဆုံးရှုံးပြီး၊ အဆုံးတွင် နောင်တရနေသည့် အမူအရာကို သူ အမှန်တကယ် မြင်ချင်မိသောကြောင့် ဖြစ်သည်။

ယခု ချင်ယွင်သည် သူ့အဖော်၏ အကြံပြုချက်ကို အမှန်တကယ် ငြင်းပယ်လိုက်သော ကြောင့် သူ၏ နှလုံးသားထဲတွင် အထင်အမြင်သေးမှုက ပို၍ ပြင်းထန်လာခဲ့သည်။

မသိနားမလည်သော ဤကောင်လေးသည် သူ့အဖော်၏ အကြံဉာဏ်ကို နားထောင်ပြီး နောက်မှာပင်, အစိမ်းရောင် သဲကျောက်ကို ရွေးချယ်ဖို့ သတ္တိရှိနေသေးသည်။ သူ့အမြင်အရဆို၊ ဤသည်မှာ လူမိုက်များကြားမှာပင် လုံးဝ မိုက်မဲသော အပြုအမူ ဖြစ်သည်။ သို့သော် ဤသည်မှာ သူလိုချင်သည့်အရာ ဖြစ်သည်။

"အဖြူရောင် နတ်ဘုရားကျောက်တုံး နှစ်ရာ..။" လူငယ်က ယဉ်ကျေးနေခြင်း မရှိဘဲ ပြောသည်။

ချင်ယွင်သည် သူ ကြိုတင်ပြင်ဆင်ထားသော နတ်ဘုရားကျောက်တုံးတွေကို ထုတ်ယူပြီး လူငယ်လေးဆီ ပစ်ပေးလိုက်သည်။

နတ်ဘုရားကျောက်တုံးများကို လက်ခံယူပြီး မှန်ကြောင်း အတည်ပြုပြီးနောက်၊ လူငယ်၏ နှုတ်ခမ်းထောင့်စွန်းများက မထီမဲ့မြင်ပြုသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

ချင်ယွင်သည် လူငယ်၏ လှောင်ပြောင်သော အကြည့်များကို မျက်ကွယ်ပြုလိုက်သည်။ ထိုလူငယ်၏ အတွေးများကို သူ မည်သို့ မမြင်နိုင်ဘဲ ရှိမည်နည်း?။ သို့သော် သူသည် မည်သည့်အရာကိုမျှ ပြန်လည်ချေပရန် မလိုအပ်ပေ။ ကျောက်တုံးကို ဖွင့်ပြီးရင် အားလုံးက အလိုလို ရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

“ဆရာကြီးအန်း” ဂေါ်ရီလာကြီးကို ထပ်မံ အော်ခေါ်လိုက်သည်။ ၎င်းသည် ချင်ယွင် ရွေးချယ်ထားသော ကျောက်တုံးကို တွေ့လိုက်ရသောအခါ, သူ၏မျက်ခုံးတွေက သိသိ သာသာ ရှုံ့တွသွားသည်။ မပျော်မရွှင် မျက်နှာအမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့ သည်။ သူက ချင်ယွင်ကို အေးစက်စွာ ကြည့်ပြီးနောက် ကျောက်တုံးကို ကောက်ကိုင်ကာ ကျောက်စင်ပေါ်သို့ လျှောက်သွားသည်။

၎င်းသည် တုနှိုင်းမရလောက်အောင် ထက်ရှသော အဆင့်နိမ့် နတ်ဘုရားလက်နက် ဓားမြှောင်တစ်ခု ဖြစ်နေဆဲပင်။ ချွန်ထက်သော အသွားအစွန်းနှင့် နှင်းဖြူရောင် ဓားမြှောင်သည် ဖျတ်ခနဲ တောက်ပသွားသည်။

ယခုတစ်ကြိမ်မှာတော့ ဆရာကြီး အန်းသည် နည်းနည်းချင်း ဖြတ်တောက်ချင်းမျိုး မလုပ်ခဲ့ပါဘူး။ ယင်းအစား, သူသည် အလယ်တည့်တည့်ကို လှီးဖြတ်လိုက်သည်။

ဆရာကြီးအန်း၏ လုပ်ရပ်ကိုမြင်လျှင် ချင်ယွင်သည် ရှိုက်ကြီးတငင် မပြုံးဘဲ မနေနိုင်ပါချေ။

ဆရာကြီး အန်းသည် ဤကျောက်တုံးကို အလွန်အမင်း တွေးတောထားခြင်း မရှိသည်မှာ ထင်ရှားပါသည်။ ထို့ကြောင့်, သူသည် ၎င်းကို တစ်ချက်ချင်း စိတ်ရှည်လက်ရှည် ခုတ်ဖြတ်ရန်အထိ သည်းခံနိုင်စွမ်း မရှိခဲ့ပေ။

ကျောက်ဖြတ်ပညာရှင်တစ်ဦးအနေဖြင့်, သူသည် မရေမတွက်နိုင်သော နတ်ဘုရားဝိညာဉ် ကျောက်တုံးများကို ကိုင်တွယ်ခဲ့ဖူးသည်။ မည်သည့်ကျောက်တုံးက ရတနာ ထွက်လာနိုင် သည်ကို သူ အားလုံးနီးပါး ပြောပြနိုင်သည်။ ထို့ကြောင့်, သူ့အမြင်အရဆို, ချင်ယွင် ရွေးချယ်ခဲ့သော ဤကျောက်တုံးသည် ရတနာများ ထုတ်ပေးနိုင်ရန်မှာ မဖြစ်နိုင်ပေ။

လူတိုင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ, အားလုံးက သရော်လှောင်ပြောင်ဟန် အပြုံးများ ကိုယ်စီ ပေါ်လာကြသည်။ အထူးသဖြင့် ထိုလူငယ် ဖြစ်သည်။ သူ၏အကြည့်တွေ က ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး၊ ပို၍ပင် အထိန်းချုပ်ကင်းမဲ့လာသည်။

တစ်ဖက်တွင်မူ၊ နီထိုက်စွေ့သည် ကူကယ်ရာမဲ့ဖြစ်နေသည့် အမူအရာရှိနေကာ, သူသည် ချင်ယွင်အတွက် စိတ်မကောင်း ဖြစ်နေမိသည်။

ချွင်…။

သို့သော်, ချင်ယွင်ရွေးချယ်သော ကျောက်သည် အမှိုက်ကျောက် ဖြစ်မည်ဟု လူတိုင်း ထင်နေကြစဉ်မှာ, ထင်ရှားပြတ်သားသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ဆရာကြီးအန်း၏ လက်ထဲမှ ဓားမြှောင်သည် အနှိုင်းမဲ့ မာကြောသော တစ်စုံတစ်ခုကို ခုတ်လိုက်မိသကဲ့သို့ပင်။ သူ့နဖူးအထိပင် ပြန်ကန်လာသည်။

"အယ်?" ဆရာကြီး အန်းလည်း အံ့အားသင့်သော အမူအရာကို ထုတ်ပြလာသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း အံ့သြသွားကြသည်။ ရှင်းရှင်းလင်းလင်း ပြောရရင် ယခုလို အခြေအနေမျိုး ဖြစ်ပေါ်လာမည်ဟု သူတို့ မမျှော်လင့်ထားကြပါဘူး။

"မပြည့်စုံတဲ့ နတ်ဘုရား သံမဏိတစ်ခုခုကို ဖြတ်လိုက်မိတာများ ဖြစ်နေမလား" သို့သော် ထိုလူငယ်သည် လှောင်ပြောင်သည့် အမူအရာ ရှိနေသေးသည်။ ဤကဲ့သို့သော အမှိုက်ကျောက်တုံးသည် ရတနာခုခု ဖြတ်တောက်နိုင်သည်ဟု သူ မယုံကြည်ခဲ့ပေ။

သို့သော် ယခုအချိန်တွင် ဆရာကြီး အန်း၏ အမူအရာသည် လေးနက်လာခဲ့သည်။ သူသည် ယခင်ကပုံစံအတိုင်း မဖြတ်တော့ဘဲ ဖြည်းဖြည်းချင်း ဖြတ်တောက်လာသည်။

ဆရာကြီး အန်း၏ ဓားသည် ဆက်လက် လွင့်ပျံလာသည်နှင့်အမျှ ကျောက်တုံးအတွင်းရှိ အရာသည်လည်း တဖြည်းဖြည်း ပေါ်လာပါသည်။

"ဒါ….၊ ဒါက နတ်ဘုရားပစ္စည်းလား..?"

"အလို, မိုးကောင်းကင်ကြီး၊ ဒါမှမဟုတ် အလယ်အလတ် နတ်ဘုရားပစ္စည်းတစ်ခုလား?”။

ပတ်ဝန်းကျင်မှ လူတိုင်းသည် ကျောက်တုံးမှာ ပေါ်လာတဲ့ ပစ္စည်းကို မြင်လိုက်ရသည့် အခါ, ၎င်းတို့၏မျက်နှာများသည် အနှိုင်းမဲ့ အံ့ဩသွားဟန် အမူအရာများဖြင့် ပြည့်နေကြပါသည်။

ဆရာကြီး အန်းသည် သူ၏လက်ထဲမှ ပင်အပ်ပုံသဏ္ဍာန် ငွေဖြူရောင်သတ္တုကို ကိုင်ထား သည်။ ၎င်းသည် ရှေးခေတ် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းတစ်ခုကို ထုတ်လွှတ်နေသည်။ ဤစွမ်းအင်အတက်အကျလှိုင်းသည် ထူးထူးခြားခြား အားကောင်း လွန်းသည်။ ၎င်းသည် အံ့သြဖွယ်ကောင်းသော နတ်ဘုရားပစ္စည်းတစ်ခုနှင့် တူသည်။ ထိုအခိုက်တွင်၊ ထိုလူငယ်၏ မျက်နှာသည် တစ်စုံတစ်ယောက်၏ အပြင်းအထန် ပါးရိုက်ခြင်း ခံလိုက်ရသကဲ့သို့ အနှိုင်းမဲ့ ပြာနှမ်းသွားခဲ့သည်။

All Chapters