← Chapters

အခန်း ၁၂၀၃

Vol. 81 Ch. 1203

အခန်း ၁၂၀၃

Vol. 81 Ch. 1203

အခန်း (၁၂၀၃) သခင်လေးပိုင်ယု။

"ဒါက တကယ်ကို အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းတစ်ခုပဲ"။ သူ၏ဘေးမှ နီထိုက်စွေ့လည်း အလွန်တုန်လှုပ်ခြောက်ခြားသော အမူအရာကို ထုတ်ဖော်ထားသည်။

လက်သီးဆုပ်အရွယ် နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် အလယ်အလတ်အဆင့် နတ်ဘုရား ပစ္စည်းတစ်ခုကို အမှန်တကယ် ထုတ်ယူနိုင်ခဲ့သည်။ အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်း။ ၎င်းသည် နတ်ဘုရားကျောက်တုံး ထောင်သောင်းချီ တန်ဖိုးရှိသော ရတနာတစ်ခု ဖြစ်ပါသည်။

နတ်ဘုရားကျောက်တုံးနှစ်ရာကို နတ်ဘုရားကျောက်တုံး တစ်သောင်းနှင့် လဲလှယ်ခြင်း။ ဤအရာသည် အမှန်တကယ် ကြီးမားသည့် အမြတ်စွန်းတစ်ခုပင်။ ထို့အပြင် ၎င်းသည် အစိမ်းရောင်သဲကျောက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရုတ်တရက်ဆိုသလို, လူတိုင်း၏အကြည့်တွေက ချင်ယွင်အပေါ် စုပြုံကျလာကြပြီး၊ ၎င်းတို့၏ အကြည့်များတွင် အနှိုင်းမဲ့ မနာလိုသည့် အမူအရာ ဖြစ်ပေါ်လာကြပြီး၊ ချင်ယွင်၏ကံတရားကို သူတို့အားလုံး သဘောကျနေကြသည်။

"ဟမ့်၊ ကံကောင်းလို့ပေါ့။" လူငယ်က နှာခေါင်းရှုံ့ပြီး ရှုတ်ချဟန်ဖြင့် အော်ပြောလိုက်သည်။

သူပြောလိုက်သည်နှင့်, ပတ်ဝန်းကျင်မှ လူများထံမှ ချက်ချင်းပင် အသံဗလံများ ထွက်ပေါ် လာသည်။ အကယ်၍, အစိမ်းရောင် သဲကျောက်ထဲမှ ရတနာတစ်ခုကို တူးဖော်တွေ့ရှိခဲ့ သည်ဆိုလျှင်, ယင်းက ခွေးချေးကံကောင်းခြင်း မဟုတ်ပါလား?။ ("ခွေးချေး ကံကောင်း ခြင်း" ဆိုသည်မှာ တရုတ်ရိုးရာ ဓလေ့အရ ကံကောင်းခြင်းများ ကို ဆိုလိုခြင်း ဖြစ်သည်။ လယ်သမားများသည် တိရစ္ဆာန်နှင့် လူတို့ထံမှ အညစ်အကြေးများဖြင့် ၎င်းတို့၏ သီးနှံများ ကို မြေဩဇာထည့်သည့်အချိန်မှ ၎င်းစကားလုံး ပေါက်ဖွားလာခြင်း ဖြစ်သည်။ အညစ် အကြေးအရင်းမြစ်ကို နင်းမိလျှင်ပင်- ကံကောင်းခြင်း ဖြစ်သည်ဟု ဆိုလိုပါ)။ ("Dog Shit Luck” mean to have a stroke of good luck, according to Chinese tradition. Allegedly it springs from the time when farmers fertilized their crops with manure from both animals and humans. Coming across a shit source – even by treading in it – was good fortune)။

"ဟမ့်၊ ကံကောင်းတာကလည်း အတတ်ပညာတစ်ခုပဲလေ။ ကျောက်တုံးပေါ် လောင်းကစားခြင်းက နဂိုကတည်းက ကံတရားကိုအပေါ် လောင်းရတာပဲ မဟုတ်လား?" နီထိုက်စွေ့သည် မထိန်းနိုင်တော့ဘဲ လူငယ်ကို ပြန်လည်လှောင်ပြောင်လိုက်သည်။

သူသည် ထိုလူငယ်၏ ထူးဆန်းသော အကျင့်စရိုက်ကို မကြိုက်တာ ကြာလှပြီ။ ချင်ယွင်ကို လှောင်ပြောင် သရော်နေသည်ကို မြင်ပြီး, သူသည် အပြင်းအထန် ဒေါသထွက်လာကာ, ချက်ချင်း လက်တုံ့ပြန် လိုက်ပါသည်။

နီထိုက်စွေ့၏စကားကို ကြားပြီးနောက် လူငယ်သည် ပြောစရာစကား ရှာမတွေ့ဖြစ်သွား သည်။

နီထိုက်စွေ့ ပြောသည်မှာ မှန်ပေသည်။ ကျောက်တုံးအပေါ် လောင်းကစားခြင်း အများစု သည် ကံကောင်းခြင်းအပေါ် မူတည်ပါသည်။

ကျောက်ရွေးချယ်ရာမှာ ကျွမ်းကျင်သည့် ဆရာကြီးတွေတောင်မှ အကြိမ်တိုင်း ရတနာများ ပါဝင်သည့် ကျောက်တုံးများကို ရွေးချယ်နိုင်မည် မဟုတ်ပေ။ သူတို့အတွက် လွဲချော်သည့် အချိန်တွေလည်း ရှိနေမည်မှာ သေချာပါသည်။

ထို့ကြောင့် နီထိုက်စွေ့၏ ထိုစကားက ငြင်းဆို၍ မရသည်မှာ သဘာဝကျပါသည်။ ထို့ကြောင့် သူသည် နီထိုက်စွေ့နှင့် ချင်ယွင်ကို ခက်ထန်စွာ စိုက်ကြည့်နေရုံသာ တတ်နိုင် တော့ပြီး၊ စကားပြန်မပြောနိုင်တော့ပေ။

ချင်ယွင်သည် ထိုလူငယ်၏ အားနည်းချက် ထိမှန်သွားသည်ကို မြင်သောအခါ ပြုံးလိုက်မိ သည်။

လူငယ်၏ သရော်လှောင်ပြောင်မှုကို သူ ဂရုမစိုက်သော်လည်း, သူ ဒုက္ခရောက်နေသည်ကို မြင်တွေ့ရသဖြင့် သူသည် ပျော်ရွှင်နေဆဲပင်။

"ဒါက အလယ်အလတ်အဆင့် ပင်အပ်ပုံစုံ ရှေးခေတ် နတ်ဘုရား ပစ္စည်းတစ်ခုပဲ။ စုစုပေါင်း နတ်ဘုရားကျောက်တုံး ၁၀၀၀၀ တန်တယ်။ မင်းကိုယ်တိုင်ပဲ သိမ်းထားမလား?။ ဒါမှမဟုတ် ငါတို့ လောင်းကစားဆိုင်မှာ ရောင်းဖို့ စီစဉ်ရှိလား?”။ ထိုအချိန်မှာပင် ဆရာကြီး အန်က ရုတ်တရက် ပြောလာသည်။ သူ့မျက်လုံးကြီးတွေက ချင်ယွင်ကို စိုက်ကြည့်နေ သည်။ သူ့အသံက ထင်ထားသလောက် မကျယ်လှပေ။ ၎င်းသည် အမျိုးသမီးတစ်ဦး၏ အသံကဲ့သို့ပင်။ သို့သော်, သူရဲကောင်းဆန်ဆန် အငွေ့အသက်ကို ထုတ်လွှတ်နေသေး သည်။

ချင်ယွင်သည် အံ့သြဟန် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ဤသည်မှာ သူသည် ဆရာကြီး အန်း၏ ပြောစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ ဆရာကြီး အန်းသည် တကယ်ကို ဂေါ်ရီလာအစ်မတစ်ကောင် ဖြစ်နေမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထား ခဲ့ပါဘူး။

"ဒါကို လောင်းကစားကျောက်တုံး အလုပ်ရုံမှာ ရောင်းလိုက်မယ်။" ချင်ယွင်က ပြန်ဖြေ သည်။

ဤရတနာသည် အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းတစ်ခုသာ ဖြစ်ပြီး၊ ချင်ယွင် အတွက်မူ များစွာ အသုံးမ၀င်ပေ။ သူနှင့်အတူ ယူဆောင်သွားမည့်အစား, လောင်းကစား ဆိုင်မှာ ပြန်ရောင်းလိုက်ခြင်းက ပိုကောင်းပါသည်။ ထို့အပြင် ချင်ယွင်သည် ဤနေရာမှာ တင် ရပ်တန့်ရန် အစီအစဉ် မရှိပေ။

သူသည် ရတနာများကို အာရုံခံစားနိုင်စွမ်း ရှိသောကြောင့်, သူသည် မည်သည့် ရတနာများ ကို ဖွင့်ထုတ်နိုင်မလဲဆိုသည်ကို သဘာဝအတိုင်း သိရှိလိုသည်။

"ကောင်းပြီလေ၊ ဒီထဲမှာ နတ်ဘုရားကျောက်တုံး ၉၀၀၀ ရှိတယ်။ အဲဒါကို မင်းကိုယ်တိုင် ရေတွက်ကြည့်ပါ။" ဆရာကြီး အန်းသည် ချင်ယွင်အား စကြာဝဠာသိုလှောင် အိတ်တစ်လုံး ကို ပစ်ပေးကာ ပြောလိုက်သည်။

ချင်ယွင်သည် စကြာဝဠာ သိုလှောင်အိတ်ကို တိုက်ရိုက်ယူလိုက်သည်။ သူသည် ဆရာကြီး အန်း၏ စရိုက်ကို ယုံကြည်သည်။ သေချာသည်မှာ, သူကိုယ်တိုင်ကလည်း ဒီနတ်ဘုရား ကျောက်တုံးများကို ဂရုမစိုက်သောကြောင့် မရေတွက်ခဲ့ပါဘူး။

သို့သော် သူ၏ သေးငယ်သော လုပ်ဆောင်ချက်လေးက ဆရာကြီး အန်းကို ပိုမို ကောင်းမွန်စွာ ခံစားရစေသည်။

သူတို့သည် နတ်ဘုရားအာရုံများကို အသုံးမပြုနိုင်သောကြောင့် ဤမြေအောက်ကုန်သွယ်မှု ဧရိယာတွင် သိုလှောင်လက်စွပ်များဖြင့် ရောင်းဝယ်ပြုလုပ်ရန် အဆင်မပြေပါ။ ထို့ကြောင့်၊ ၎င်းတို့ကို စကြာဝဠာ သိုလှောင်အိတ်များဖြင့် အရောင်းအဝယ် ပြုလုပ်လေ့ရှိကြပါသည်။ ဤနည်းအားဖြင့်၊ သူတို့၏နတ်ဘုရားအာရုံကို အသုံးမပြုဘဲ နတ်ဘုရားကျောက်တုံးများကို တိုက်ရိုက် ထုတ်နိုင်လိမ့်မည်။

ဘေးနားရှိ လူငယ်သည် မထီမဲ့မြင်ပြုနေသကဲ့သို့ သူ၏မျက်နှာပေါ်တွင် အထင်မြင်သေး သည့် အမူအရာ ရှိနေပါသေးသည်။

ချင်ယွင်က အေးစက်စွာ ပြုံးလိုက်ပြီး၊ လူငယ်၏ ရန်လိုသည့် အမူအရာကို တိုက်ရိုက်ပင် ကဲ့ရဲ့ရှုတ်ချလိုက်သည်။ ထို့နောက် သူသည် နတ်ဘုရားဝိညာဉ်ကျောက်တုံးအသစ်များကို ဆက်လက်ကောက်ယူရန် ရည်ရွယ်လိုက်ပါသည်။

"သခင်လေး ပိုင်ယု၊ ဒီနေ့ ဘာတွေများ စိတ်ဝင်စားပြီး ကျွန်တော်တို့ လောင်းကစားဆိုင်ကို ရောက်လာရတာလဲ?။ ကြွပါ…၊ ကြွပါ….၊ ကြွပါ…"

သို့သော် ထိုအချိန်မှာပင် သူ၏နားထဲတွင် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် ချက်ချင်းပင် ခေါင်းကို ပြန်လှည့်ကြည့်လိုက်ရာ ယခင်က သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်ခဲ့ဖူးသော လူငယ်သည် သူ၏အမူအရာက လုံးဝ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူသည် မြှောက်ပင့်သော အမူအရာဖြင့် တံခါးဝသို့ လျှောက်သွားကာ လူငယ်နှစ်ဦးကို ချက်ချင်း နှုတ်ဆက်လိုက်သည်။

ချင်ယွင်နှင့် တခြားသူတွေ ဝင်လာတုန်းက အမူအရာနှင့် လုံးဝ မတူပါဘူး။

ခန့်ငြားထည်ဝါသော အဖြူရောင် ပိုးထည်၀တ်စုံကို ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားသည့် ချောမောသော ကလေးငယ်တစ်ဦးသည် လမ်းလျှောက်ဝင်ပါသည်။ သူ၏နောက်မှာလည်း ကလေးငယ်တစ်ယောက် ရှိနေသည်။ သို့သော်, ထိုကလေးသည် သူ၏မျက်နှာပေါ်တွင် မုတ်ဆိတ်မွေးများ ရှိနေပါသည်။ သူ့ပုံစံအရ, သူသည် ပြင်ပကမ္ဘာမှာ အတော်ကို အသက်ကြီးနေလောက်ပြီ။

ဤမြေအောက်ကုန်သွယ်မြို့ထဲတွင် ကလေးငယ်များ၏ မျက်နှာပုံစံများ ဖြစ်နေခြင်းသည် သူတို့ မြို့ထဲမဝင်ခင်ကတည်းက သူတို့အတွေးတိုင်း ဖန်တီးပေးထားခြင်း ဖြစ်ပါသည်။ သူတို့၏ခန္ဓာကိုယ်တွေက ကလေးများနှင့် တူသော်လည်း၊ သူတို့၏ အသွင်အပြင်တွေက တော့ အားလုံး မတူကြပါဘူး။ ယခင်က ချင်ယွင်သည် လမ်းပေါ်တွင် ဝက်ခေါင်းနှင့် လူတစ်ဦးကို တွေ့ခဲ့ဖူးသည်။

ချင်ယွင်သည်ကား အထဲသို့ဝင်မလာခင် ဤအကြောင်းကို ကြိုတင်သိရှိထားခြင်း မရှိသောကြောင့် သူ၏ရုပ်ရည်က အများကြီး ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ပုံစံက မရင့်ကျက်သည့်ပုံစံ ပေါ်လွင်ပေါ်လွင်သည်။

ဧည့်သည်နှစ်ယောက် လမ်းလျှောက်ဝင်လာသည်နှင့် ပတ်ဝန်းကျင်မှ ဧည့်သည်များသည် စပြီး ဆွေးနွေးလာကြသည်။

"သခင်လေး ပိုင်ယု၊ သခင်လေး ပိုင်ယု, သခင်လေး ပိုင်ယု ရောက်လာမယ်ဖို့ ငါ မမျှော်လင့်ထားဘူး။ ကြည့်ရတာ, ဒီနေ့ ငါတို့ကိုယ်တိုင် ပျော်ရွှင်ရမယ့်ပုံပဲ”။

"မှန်တယ်။ သခင်လေး ပိုင်ယု ရောက်လာတိုင်း, အိမ်နောက်ဖေးက နတ်ဘုရားဝိညာဉ် ကျောက်တုံးကြီးတွေကို ရွေးချယ်နေကြ။ ဒီတစ်ကြိမ်မှာလည်း ခြွင်းချက်မဟုတ်မှာ သေချာပါတယ်။ ငါတို့ သခင်လေးပိုင်ယု ရောက်လာတဲ့အချိန်ကို မှီသွားတာ ကံကောင်း လိုက်တာ"။

………….

ပတ်ဝန်းကျင်မှာ ဆွေးနွေးပြောဆိုနေကြသည့် အသံတွေက တစ်ကြိမ်ပြီး တစ်ကြိမ် မြင့်တက်လာခဲ့ပြီး၊ တစ်ယောက်ပြီး တစ်ယောက် ပြောဆိုနေကြသည်။ သူတို့သည့် ခေါက်ယပ်တောင်ရှည် ကိုင်ဆောင်ထားသော ချောမောလှပသည့် ကလေးငယ်အား ကြည့်နေကြရင်း, သူတို့အားလုံး ရိုသေလေးစားသည့် အမူအရာများ ရှိနေကြပါသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်နှာများတွင် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများ ရှိနေသည်။

ချင်ယွင်သည် လှည့်ပတ်ကြည့်ရှုလိုက်တော့, ထိုဧည့်သည်များအပြင်, နီယူတိုင်ရွှဲသည် လည်း သခင်လေး ပိုင်ယုအား ငေးကြည့်နေပြီး, သူ၏အမူအရာက ထူးထူးခြားခြား စိတ်လှုပ်ရှားနေကြောင်း တွေ့ရှိလိုက်ရသည်။

"သခင်လေးပိုင်ယုက ဘယ်သူလဲ?။ လူတော်တော်များများက သူ့ကိုကြည့်နေရုံနဲ့ ဘာလို့ အရမ်း စိတ်လှုပ်ရှားနေကြတာလဲ?။" ချင်ယွင်သည် မနေနိုင်တော့ဘဲ နီထိုက်စွေ့ကို မေးမြန်းလိုက်ရတော့သည်။

"ညီအစ်ကို ချင်၊ မင်း မသိဘူးလား?။ ဒီသခင်လေး ပိုင်ယုက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော် လက်အောက်က ကျောက်စိမ်းဖြူမြို့တော်သခင်ရဲ့ တစ်ဦးတည်း သော သားလေ။ ဒီကျောက်စိမ်းဖြူမြို့တော်ဟာ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်တစ်ခုလုံးမှာ အချမ်းသာဆုံးမြို့ပဲ။ “ဒီမြေအောက် ကုန်သွယ်ရေးမြို့က ကျောက်စိမ်းဖြူမြို့တော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်။ ဒါကြောင့် ဒီသခင်လေး ပိုင်ယု က တကယ်ကို ချမ်းသာလွန်းတယ်။ ဒါ့အပြင်, သခင်လေးပိုင်ယုကလည်း လောင်းကစား ကျောက်တုံးတွေကို စွဲလန်းပြီး စိတ်ဝင်စားမှုလည်း ရှိတယ်။ မကြာခဏဆိုသလို သူက လောင်းကစားကျောက်တုံး အလုပ်ရုံကို ရောက်လာတတ်တယ်။ ပြီးတော့ သူ ဖွင့်လိုက်တဲ့ နတ်ဘုရားဝိညာဉ် ကျောက်တုံးတွေအားလုံးကလည်း အိမ်နောက်ဖေးမှာရှိတဲ့ နတ်ဘုရား ဝိညာဉ် ကျောက်တုံးကြီးတွေပဲလေ။ ဒါက ငါတို့အတွက် ရှားရှားပါးပါး မြင်ကွင်းပေါ့" နီထိုက်စွေ့က ချင်ယွင်ကို ရှင်းပြသည်။

ချင်ယွင်သည် ချက်ချင်း နားလည်သွားသည်။ ဤသခင်လေး ပိုင်ယုမှာ ယခုလို ကိုယ်ရေး အချက်လက်မျိုး ရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။ သူက တကယ်ကို ရက်ရက်ရောရော ပြုမူခဲ့ခြင်း ဖြစ်သည်။

အိမ်နောက်ဖေးမှ နတ်ဘုရားဝိညာဉ်ကျောက်တုံးများသည် တစ်တုံးလျှင် နတ်ဘုရား ကျောက်တုံး သောင်းချီ,သိန်းချီ ကုန်ကျပြီး၊ ဤသခင်လေးပိုင်ယုသည် အချိန်တိုင်း ငွေကြေး မဆုံးရှုံးခြင်းက မဖြစ်နိုင်ပေ။ သူ အမှန်တကယ် ကြွယ်ဝချမ်းသာတစ်ဦးဆိုသည် ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပါသည်။

ချင်ယွင်သည် သူ့စိတ်ထဲတွင် မနေနိုင်ဘဲ သက်ပြင်းချမိသည်။ တင်းချန်သည်လည်း နတ်ဘုရားမြို့တော်တစ်ခု၏ သခင်လေး ဖြစ်သည်။ တင်းချန်နှင့် သခင်လေး ပိုင်ယုတို့ သည် မိုးနှင့်မြေအလား ကွာခြားလွန်းလှသည်။ တင်းချန်၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်း အားလုံးပေါင်းလိုက်လျှင်ပင်, အိမ်နောက်ဖေးမှ နတ်ဘုရားကျောက်တုံး သောင်းချီ, သိန်းချီ တန်သော ကြီးမားလှသည့် နတ်ဘုရားဝိညာဉ်တော်ကျောက်တုံးများကို မဆိုထားနှင့် ဦးခေါင်းအရွယ် နတ်ဘုရားဝိညာဉ်ကျောက်တစ်လုံးသာ ဝယ်ယူနိုင်ပါသည်။

"ဟား....၊ ဟား...၊ တန်ဇီလေး၊ ဒီတစ်ခါ ငါက ကြိုတင်ပြင်ဆင်လာခဲ့တာကွ။ ဒီတခါ ငါ ခေါ်လာတဲ့လူကို ကြည့်လိုက်စမ်း။ သူက လောင်းကစားလောကရဲ့ ဆရာကြီး ဟောင်ယုပဲ”။ သခင်လေး ပိုင်ယုက သူ့နောက်မှ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုပုံစံ လူငယ်လေးအား မိတ်ဆက်ပေးသည်။

အဖိုးအိုလေးသည် သခင်လေးပိုင်ယု၏ မိတ်ဆက်စကားကို ကြားသောအခါတွင် သူက မျက်လုံးစွေကြည့်ရင်း သူ့မုတ်ဆိတ်မွေးကို လက်ဖြင့် ပွတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည် “မခံယူဝံ့ပါဘူး၊ မခံယူဝံ့ပါဘူး”။

ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် ထိုစကားကို ချင်ယွင်မှလွဲပြီး လူတိုင်း အံ့ဩသွားဟန် အမူအရာကိုယ်စီ ထုတ်ဖော်လာကြပါသည်။

“ဒါက တကယ်ကို ဆရာကြီး ဟောင်ယုပဲ။ ငါ ဆရာကြီး ဟောင်ယုကို တကယ် မြင်တွေ့ခဲ့တယ်..။” ဧည့်သည်တစ်ယောက်က အရူးအမူး အော်ပြီး ထခုန်လုနီးနီးပင်။

All Chapters