← Chapters

အခန်း ၁၂၀၄

Vol. 81 Ch. 1204

အခန်း ၁၂၀၄

Vol. 81 Ch. 1204

အခန်း (၁၂၀၄) ဆရာကြီး ဟောင်ယု။

အနီးနားရှိ ဧည့်သည်များသည် ဆရာကြီး ဟောင်ယု၏ စကားကို ကြားသောအခါတွင် သူတို့အားလုံး လွန်စွာမှ အံ့ဩတုန်လှုန်သွားဟန် အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။

ဤအခိုက်အတန့်တွင် နီထိုက်စွေ့သည်လည်း သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာ ရှိနေပါသည်။ သူ အဘိုးအိုလေးကို လှမ်းကြည့်နေသည့် အမူအရာက လှပသော အမျိုးသမီးတစ်ဦးကို လှမ်းနေသလိုပင်။ သူသည် လုံးဝ မျက်တောင် မခတ်တော့ပါဘူး။

ဤတစ်ကြိမ်တွင် ချင်ယွင် မမေးသော်လည်း နီထိုက်စွေ့က ချင်ယွင်နှင့် စကားပြောရန် အစပြုလာခဲ့သည်။

"ညီအစ်ကို ချင်၊ ဆရာကြီး ဟောင်ယုရဲ့ လုပ်ဆောင်ချက်တွေကို မင်း သိလား?"။ နီထိုက်စွေ့က စိတ်လှုပ်ရှားစွာ မေးသည်။

သို့သော် ချင်ယွင် မတုန့်ပြန်ခင်မှာ နီထိုက်စွေ့က အစပြုပြီး ပြောလိုက်သည် "ဂန္တဝင် ဆရာကြီး ဟောင်ယုဟာ လောင်းကစားလောကမှာတော့ တကယ့်ကိုတော်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲ” သူ့ဘဝမှာ မရေမတွက်နိုင်တဲ့ ကျောက်တုံးတွေကို ဖတ်ခဲ့ဖူးတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင်, သူက ဘယ်နတ်ဘုရားဝိညာဥ် ကျောက်တုံးကိုမဆို ရတနာ ပါမပါ သိနိုင်တယ်။ သူက လောင်းကစားလောကရဲ့ ဒဏ္ဍာရီအားလုံးနီးပါးကို ဖန်တီးခဲ့သူ ပဲ။ အဲဒီအထဲကမှ ရှေးဟောင်း ကျောက်စိမ်း နဂါးခြင်ဆီနှင့် နှစ်သန်းတစ်ရာ သက်တမ်းရှိ ဆိတ်သုဉ်းခြင်း ကျောက်တုံးတို့လို ထင်ရှားကျော်ကြားတဲ့ ရတနာတွေဆို အဖိုးမဖြတ်နိုင် တဲ့ ရတနာတွေချည်းပဲ။ ဆရာကြီး ဟောင်ယုက လောင်းကစားလောကရဲ့ အရှင်သခင်လို့ ခေါ်ထိုက်သူဟု ဆိုနိုင်တယ်။"

ချင်ယွင်သည်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။ ဤအဘိုးအိုလေးသည် ဤမျှ တန်ခိုးကြီးမည်ဟု သူ မမျှော်လင့်ထားပေ။

လူတိုင်း၏ နတ်ဘုရားအာရုံများ ပိတ်ဆို့တားဆီးခံထားရသည်ကို သိထားသင့်ပါသည်။ သူတို့သည် ရတနာများ၏တည်ရှိမှုကို စုံစမ်းသိရှိနိုင်ရန် သေမျိုးတို့၏ မွေးရာပါ သာမန် မျက်စိကိုသာ အားကိုနိုင်ပါသည်။ ချင်ယွင်ကဲ့သို့ တစ်စုံတစ်ယောက်အတွက်မူ, ရတနာများ ၏ တည်ရှိမူကို စူးစမ်းနိုင်သော်လည်း, ယင်းက လုံးဝ မရှိသလောက် နီးပါပင်။ ထိုကဲ့သို့ အခြေအနေမျိုးမှာ အချိန်တိုင်းနီးပါး ရတနာတစ်ခုကို ဖွင့်နိုင်ခဲ့ခြင်းက အမှန်တကယ် ထူးထူးခြားခြား အစွမ်းထက်လွန်းသည်ဟု ဆိုနိုင်ပါသည်။

ဆရာကြီး ဟောင်ယု၏ နာမည်ကို ကြားပြီးနောက်မှာ ထိုလူငယ်သည် ပါးစပ်အဟောင်း သား ဖြစ်သွားရသည်။ ထို့နောက်, သူက လေးစားစွာဖြင့် ဆရာကြီး ဟောင်ယုကို ပြောလိုက်ပါသည် “ဆရာကြီး ဟောင်ယု ကျွန်တော်တို့ဆိုင်ကို ရောက်လာဖို့ တကယ်ကို မမျှော်လင့်ထားပါဘူး။ ဒါဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ဂုဏ်ယူစရာပါပဲ”။

လူငယ်သည် ဆိုင်ပိုင်ရှင်မဟုတ်ဘဲ ဆိုင်ကို စောင့်ရှောက်ရန်သာ တာဝန်ယူထားရသည်။ ထို့ကြောင့် ဆရာကြီး ဟောင်ယု ရောက်လာခြင်းမှာ သူ့အပေါ် များစွာ သက်ရောက်မှု မရှိခဲ့ပေ။

ထို့အပြင်, လောင်းကစားဆိုင် အများစုသည် ထိုကဲ့သို့သော ဆရာကြီးများ ရောက်ရှိလာ ခြင်းကို မျှော်လင့်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော ဆရာကြီးများသည် ပြိုင်ဘက်ကင်း ရတနာအချို့ကို ဖွင့်ဖော်နိုင်ခဲ့ပါက၊ ၎င်းတို့ဆိုင်၏ ဂုဏ်သတင်းသည် တခဏချင်း တိုးမြင့်လာမည်မှာ သေချာပါသည်။ ၎င်းသည် အလောင်းစားဆိုင်အတွက် သေချာပေါက် ကောင်းသည့်အရာဖြစ်ပြီး၊ သူ့အတွက်လည်း မဆိုးလှပါချေ။

ချင်ယွင်အပြင်, နောက်တစ်ဦးသည်လည်း ငြိမ်သက်နေသည်။ ထိုလူမှာ ကျောက်ဖြတ်သူ ဂေါ်ရီလာကြီး ဆရာကြီး အန်းဖြစ်သည်။

“ဟား..၊ ဟား...၊ တန်ဇီလေး၊ အပိုစကားတွေ ပြောမနေနဲ့တော့။ ငါ့ကို အိမ်နောက်ဖေးကို အမြန်ခေါ်သွားပါ။ ဆရာကြီး ဟောင်ယုက ဒီနေ့ ငါ့ကို ကူညီပေးမှာဆိုတော့, ငါ ဒီနေ့ အနည်းဆုံး သုံးခုလောက် ဖွင့်ခိုင်းမယ်။” သခင်လေး ပိုင်ယုက ပြောလိုက်သည် ။

“ကောင်းပါပြီ။ သခင်လေး ပိုင်ယု၊ ဆရာကြီး ဟောင်ယု၊ ကျေးဇူးပြုပြီး ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ” ထိုလူငယ်က ထို့နောက် ကမန်းကတန်း ယဉ်ကျေးစွာ ပြောလိုက် သည်။ သူသည် လမ်းလျှောက်ပြီး သခင်လေး ပိုင်ယုနှင့် အဘိုးအိုလေးတို့ကို အိမ်နောက်ဖေးသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုလူငယ်သည် ချင်ယွင်၏ နံဘေးအနား ရောက်လာချိန်မှာတော့, သူသည် သခင်လေး ပိုင်ယုနှင့် ဆရာကြီး ဟောင်ယုတို့လို နာမည်ကျော်ကြားသောလူများနှင့် သိနေသည်ဟု ပြောပြလိုသည့်အလား ချင်ယွင်ကို ဒေါသတကြီး စိုက်ကြည့်သွားသေးသည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်မိသည်။ ဤလူငယ်နှင့်ပတ်သက်ပြီး မည်သည့်အရာမှာ တော်နေမှန်း သူ တကယ် မသိတော့ပါဘူး။ ဖြစ်နိုင်တာက, သူ့ရဲ့ မြေခွေးလိုကောက်ကျစ်တဲ့ အစွမ်းကြောင့်များလား?။

"ဟူး.....”။

ချင်ယွင်သည် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်စဉ်မှာ, ဆိုင်ထဲမှာ သူ့ကို ဝန်းရံအားပေး နေကြသော ဖောက်သည် ခြောက်ယောက်၊ ခုနစ်ယောက်နှင့် ဖောက်သည် အားလုံးသည် အိမ်နောက်ဖေးကို တိုးဝှေ့ပြီး ပြေးသွားကြသည်။

အိမ်နောက်ဖေးသည် ကျယ်ဝန်းသော်လည်း နေရာအများစုကို ကျောက်တုံးများက နေရာယူထားသည်။ လူအများပြား စုပုံကျလာသည်နှင့်အမျှ အိမ်နောက်ဖေးသည် ပိုမို ကျဉ်းမြောင်းလာသည်။ ကံကောင်းထောက်မစွာ၊ လူတိုင်းသည် ကလေးဖြစ်သောကြောင့် ၎င်းတို့သည် နေရာအကျယ်ကြီး မယူပေ။

ဤအခိုက်အတန့်တွင် နီထိုက်စွေ့သည် ကျောက်တုံးရွေးချယ်ခြင်းကို လုံးဝ စွန့်လွှတ်လိုက် ပြီး၊ သူ့မျက်နှာပေါ်တွင် မျှော်လင့်တောင့်တသည့် အကြည့်များဖြင့် လူအုပ်ထဲသို့ တိုးဝှေ့ ဝင်ရောက်သည်။

လူတိုင်းသည် ထိုပုံစံတိုင်းပင်။ ဆရာကြီး ဟောင်ယုသည် ကျောက်တုံးတွေကို မည်သို့ မည်ပုံ ရွေးချယ်သည်ကို သူတို့ အမှန်တကယ် မြင်ချင်ကြသည်။ ဤအချိန်တွင် ဆရာကြီး အန်းသည် ၎င်းတို့နောက်သို့လိုက်သွားပြီး၊ ၎င်းတို့အတွက် အချိန်မရွေး ကျောက်တုံးဖြတ် နိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ချင်ယွင်သည်လည်း နောက်သို့ လိုက်သွားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ယခုအခါ သူသည် ကျောက်တုံးရွေးချယ်လျှင်ပင် သူ့အတွက် မည်သူမျှ ဖွင့်ပေးမည် မဟုတ်ဟု ထင်ရသည်။

မည်သို့ပင်ဖြစ်စေ, အချိန်အတော်ကြာ ကျန်နေသေးပြီး၊ ဤအခိုက်အတန့်မှာ သူသည် အလျင်လိုနေခြင်း မရှိပေ။ သူသည် အိမ်နောက်ဖေး တံခါးဆီပြီး ခြံထဲမှာရှိသည့် အရာအားလုံးကို ကြည့်လိုက်ပါသည်။

ရိုးရိုးသားသား ပြောရလျှင်, ချင်ယွင်သည်လည်း ဆရာကြီး ဟောင်ယုက ဤနတ်ဘုရား ဝိညာဉ်ကျောက်တုံးများကို သာမန်မျက်စိဖြင့် ကြည့်ရူစစ်ဆေးသည့် မြင်ကွင်းကို သိချင်နေပါသည်။

"ဆရာကြီး ဟောင်ယု၊ ဆရာကြီးအနေနဲ့ ဒီက​နေ တစ်​ခု​ရွေးပြီး အရင် ​​လေ့ကျင့်​နိုင်​တယ်​။" သခင်လေး ပိုင်ယုက လူကြီးတစ်ယောက်စာ မြင့်မားသည့် ကျောက်တုံးကြီးကို ညွှန်ပြပြီး သူ၏ဘေးက အဖိုးအိုလေးအား ပြောလိုက်ပါသည်။

လူတိုင်း ထိုစကားကို ကြားသောအခါ ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။

အရွယ်ရောက်ပြီးသူ အမြင့်ရှိသည့် နတ်ဘုရားဝိညာဉ်ကျောက်များသည် အနည်းဆုံး နတ်ဘုရားကျောက်တုံး ၃၀၀၀၀ လိုအပ်မှာဖြစ်ပြီး၊ အချို့ကျောက်တုံးများမှာ နတ်ဘုရား ကျောက်တုံး ၁၀၀၀၀၀ နီးပါးပင် လိုအပ်ပါသည်။ သခင်လေး ပိုင်ယုသည် ထိုကျောက်တုံး ကြီးကို ဆရာကြီးဟောင်ယုအား လေ့ကျင့်ရန်အတွက် ရွေးချယ်ရန် အမှန်တကယ် ပြောဆိုခဲ့သည်။ ယင်းက ကြီးစိုးလွှမ်းမိုးပြီး ပြတ်သားလွန်းသည် မဟုတ်ပါလား?။

သေချာသည်မှာ, သခင်လေးပိုင်ယု၏ စကားက သူတို့ကို ထိတ်လန့်စေသည့်အပြင်၊ ပိုပြီး စိတ်လှုပ်ရှားစေသည်။

အဘယ်ကြောင့်ဆိုသော် သခင်လေးပိုင်ယု၏ စကားများအရ, သူသည် ထိုကြီးမားလှသော နတ်ဘုရားဝိညာဉ် ကျောက်တုံးကြီးများကို ဖွင့်ရန် အလွန်ဖြစ်နိုင်ချေရှိသည်ဟု ဆိုလိုနေ သောကြောင့်ပင်။ ထိုနတ်ဘုရားဝိညာဉ် ကျောက်တုံးများကို လောင်းကစားဆိုင်ထဲမှာ နှစ်တစ်ထောင်ကြာအောင် ချထားရင်တောင်မှ ဝယ်ယူကြမှာ မဟုတ်ပါဘူး။ ထို့ကြောင့် ဤကြီးမားလှသော နတ်ဘုရား ဝိညာဉ်ကျောက်တုံးများကို ဖွင့်လိုက်သောအခါ, ၎င်းသည် အနှစ်တစ်ထောင်တွင် တစ်ကြိမ်သာ မြင်ရသည့် မြင်ကွင်းတစ်ခု ဖြစ်လာပါလိမ့်မည်။

ဤမျှကြီးမားသော နတ်ဘုရားဝိညာဉ်ကျောက်တုံးကြီး ပွင့်လာသည်ကို မြင်တွေ့ရလောက် အောင်ပင် သူတို့ ကံကောင်းလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့်, ထိုစကားက သူတို့ကို မည်သို့လျှင် စိတ်လှုပ်ရှားအောင် မလုပ်နိုင်ဘဲ နေနိုင်မည်နည်း?။

နီထိုက်စွေ့သည် လူအုပ်ထဲတွင် ရပ်နေပြီး၊ သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေသည်။

ချင်ယွင်သည် နီထိုက်စွေ့ဟာ လောင်းကစားဝါသနာပါသူတစ်ဦးဟု အစကတည်းက ပြောနိုင်ပါသည်။ အစောပိုင်းက သူပြောခဲ့သည့် စိတ်ဝင်စားစရာ နေရာဆိုသည်မှာလည်း မြေအောက် ကုန်သွယ်ရေးမြို့ မဟုတ်ဘဲ၊ ဤလောင်းကစားကျောက်တုံးဆိုင် ဖြစ်ပါလိမ့် မည်။

ဤလောင်းကစားကျောက်တုံးဆိုင်သည် တကယ်ကို ရူးသွပ်လောက်သည့် နေရာတစ်ခုဟု ဆိုရလိမ့်မည်။ ပြိုင်ဘက်ကင်း ရတနာတစ်ခု ဖွင့်လိုက်သည်နှင့် ထိုဖွင့်လိုက်သည့် အခိုက်တန့်မှာ တကယ်ကို စိတ်လှုပ်ရှားစရာပင်။ ထို့ကြောင့်၊ လောင်းကစား ကျောက်တုံး များသည် နတ်ဘုရားကမ္ဘာ တစ်ခုလုံး၏ နတ်ဘုရားမြို့များ အားလုံးတွင် လောင်းကစား ကျောက်တုံးဆိုင် အမျိုးမျိုးမှာ ရှိနေကြလိမ့်မည်။

"ကောင်းပြီလေ, ဒါဆိုလည်း ဒီလူအိုကြီးက သခင်လေးပိုင်ယုကို အနီရောင်ခန်းမတစ်ခုကို အရင်ပေးရလိမ့်မယ်" အဘိုးအိုလေးက နတ်ဘုရားအိုကြီး၏ အကြည့်ဖြင့် ပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူသည် နတ်ဘုရားဝိညာဉ်ကျောက်တုံးများဆီသို့ တိုက်ရိုက် သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အဖိုးအိုလေး နတ်ဘုရားဝိညာဥ် ကျောက်တုံးများဆီသို့ လျှောက်သွားသည်ကို ကြည့်နေကြသည်။ သူတို့အားလုံးသည် မျက်တောင်မခတ်ဘဲ အဘိုးအိုလေးကို စိုက်ကြည့်နေကြပါသည်။ သူတို့သည် သူ၏လှုပ်ရှားမှုများ၏ အသေးစိတ် အချက်အလတ်တိုင်းကို သူတို့၏စိတ်ထဲတွင် ရေးထွင်းနေကြသည်။

လက်ရှိအချိန်သည် သင်ယူလေ့လာရန် အရမ်းကို ကောင်းမွန်သည့် အခွင့်အရေးတစ်ခုပင်။ အကယ်၍, သူတို့သာ ဆရာကြီး ဟောင်ယု၏ စွမ်းရည်ထက်ဝက်ကို ရယူနိုင်မည်ဆိုလျှင်, ကောင်းကင်ယံထိ ထိုးတက်သွားနိုင်မည်မှာ သေချာပါသည်။

ချင်ယွင်လည်း အဘိုးအိုလေးကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ဤအဘိုးအိုလေးသည် ဤနတ်ဘုရား ဝိညာဉ်ကျောက်တုံးများတွင် ရတနာတစ်စုံတစ်ရာ ရှိမရှိကို မည်သို့ ခန့်မှန်းသည်ကို သူ တကယ်မြင်ချင်မိသည်။

အဘိုးအိုလေးသည် နတ်ဘုရားဝိညာဉ် ကျောက်တုံးများအုပ်စုထဲသို့ လျှောက်သွားကာ နတ်ဘုရားဝိညာဉ် ကျောက်တုံးတစ်ခုစီ၏ ပုံသဏ္ဍာန်နှင့် ပုံစံများကို ဂရုတစိုက် ကြည့်ရှု သည်။ သူသည် ရံဖန်ရံခါ လက်ထုတ်ပြီး ထိတွေ့ကြည့်သလို, တခါတရံမှာ နှာခေါင်းဖြင့် အနံ့ခံပြီး, လျှာကိုထုတ်ပြီး လျှက်လုမတတ်ပင် နမ်းကြည့်သေးသည်။

ချင်ယွင်၏ မျက်လုံးများတွင် ဤလုပ်ရပ်များသည် အလွန်ထူးဆန်းနေပုံရသော်လည်း နီထိုက်စွေ့၏ မျက်လုံးထဲတွင်မူ၊ အဘိုးအိုလေး၏ လုပ်ဆောင်မှုတိုင်းသည် ပြိုင်ဘက်ကင်း လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသည်။ အကယ်၍, အဘိုးအိုလေးသည် ရုတ်တရက် လေလည် လိုက်လျှင်ပင်, ကျောက်တုံးရွေးချယ်ခြယ်ရာမှာ လှည့်ကွက်တစ်ခုအဖြစ် သူတို့ ယူဆနေဆဲ ဖြစ်ကြလိမ့်မည်။

အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ။ အဘိုးအိုလေးသည် ကျောက်တုံးများကို ရွေးချယ်နေတုန်းပင်။ သို့သော် မည်သူကမျှ သူ့ကို ထပ်မံ မတိုက်တွန်းခဲ့ပေ။ သူတို့သည် စိတ်ရှည်ရှည်နှင့် စောင့်နေခဲ့ကြသည်။

နောက်ဆုံး နှစ်နာရီကြာတော့ အဖိုးအိုလေးသည် သူ့ဘေးနားမှ လူတစ်ဝက်လောက် အမြင့်ရှိသည့် ကျောက်တုံးကြီးကို ပုတ်ပြပြီး “ဒါပဲ” ဟု ပြောလိုက်ပါသည်။

လူတိုင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ, အားလုံးကလည်း ထိုကျောက်တုံးကြီး ထံမှ မည်သည့်ရတနာမျိုး ဖွင့်နိုင်မလဲဆိုသည်ကို သိချင်နေကြတော့သည်။

All Chapters