အခန်း ၁၂၀၆
Vol. 81 Ch. 1206
အခန်း (၁၂၀၆) ယှဉ်ပြိုင်ခြင်း။
ချင်ယွင်သည် ထိုလူငယ်၏ စကားကိုကြားသောအခါ ဒေါသလှိုင်းလုံးက ချက်ချင်းဆိုသလို သူ့နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
ထိုလူငယ်သည် သူ့ကို ထပ်ခါထပ်ခါ ရန်စနေခဲ့သည်။ သူသည် ထပ်ခါထပ်ခါ သည်းခံခဲ့ သည်။ သို့သော်, တဖက်လူသည် သူ့ကိုယ်သူ ထိန်းချုပ်ခြင်းမရှိဘဲ သူ့ကို တစ်လက်မချင်းစီ တွန်းထုတ်နေခဲ့သည်။ သူက လုံးဝ အနိုင်ကျင့်ရန် လွယ်ကူသူတစ်ဦး ဖြစ်နေပုံရသည်။
ထို့အပြင် သူသည် မည်သည့်ပြဿနာမှ မဖြစ်စေလိုပါ။ ထိုလူငယ်သည် ထိုစကားများကို ထုတ်ပြောပြီးသွားမှတော့ အဘိုးအိုလေးသည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ ဆုပ်ကိုင်ထားမည်မှာ သေချာပါသည်။
မျှော်လင့်ထားသည့်အတိုင်းပင် အဘိုးအိုလေး၏ မျက်နှာသည် ထိုလူငယ်၏ စကားကို ကြားပြီးနောက်တွင် အံ့သြမှုအရိပ်အယောင်ကို ဖော်ထုတ်လာသည်။
"အိုး.... အလယ်လတ်အဆင့် နတ်ဘုရားပစ္စည်းကို အစိမ်းရောင်သဲကျောက်ကနေ ထုတ်လုပ်နိုင်တယ်။ ဒါကို ငါ ပထမဆုံးအကြိမ် ကြားဖူးတာဘဲ။ ဒီညီငယ်လေးက ငါတို့ နယ်ပယ်မှာ တကယ်ကျွမ်းကျင်တဲ့ လူတစ်ယောက် ဖြစ်ပုံရတယ်။ လူတိုင်းက ဒီနယ်ပယ် မှာ အောင်မြင်မှုတွေ ရှိနေမှတော့, မင်း ဆင်းလာပြီး ဘာလို့ စကားစမြည်ပြီး လက်ရည် မစမ်းကြည့်ရတာလဲ?။ ညီငယ်လေး, မင်း ဒါကို ဘယ်လိုထင်လဲ?။ အဘိုးအိုလေးက ချင်ယွင်ကို ကြည့်ကာ အပြုံးနှင့်အတူ ပြောလိုက်သည်။ သို့သော် သူ့အပြုံးအောက်တွင် မြေခွေးနှင့်တူသော စဉ်းလဲကောက်ကျစ်မူ တစ်ခု ရှိနေပါသည်။
ချင်ယွင်က ကျွမ်းကျင်သူတစ်ဦးဟု သူပြောလိုက်သော်လည်း သူ့စိတ်ထဲတွင် ထိုကဲ့သို့ မတွေးထားပေ။ ယင်းအစား ထိုလူငယ် ပြောစကားကို သူ ယုံကြည်သည်။ သူ၏ရှေ့မှ ဤချာတိတ်လေးသည် အသစ်စက်စက် လူတစ်ယောက် ဖြစ်သည်။
လူသစ်တစ်ယောက် ဖြစ်နေခြင်းကြောင့်, ထိုသို့မဟုတ်လျှင်, အစိမ်းရောင်သဲကျောက်ကို ဘယ်သူကရော ရွေးချယ်မှာလဲ။
အစိမ်းရောင်သဲကျောက်မှ ထွက်လာသော အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းနှင့် ပတ်သက်၍မူ, ယင်းက ကံကောင်း၍ပင် ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်၏ အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းသည် သူ့ကိုယ်ပိုင်အစွမ်းအစကြောင့် မဟုတ်ဘဲ သူ့ကံကောင်းကြောင့်ဟုသာ သူ ခံစားခဲ့ရသည်။
ချင်ယွင်က ကျွမ်းကျင်ပညာရှင်ဖြစ်သည်ဟု သူ ပြောဆိုသည်နှင့် ပတ်သက်၍မူ, သူသည် ချင်ယွင်ကို မြှောက်ပင့်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ချင်ယွင်က ပို၍အဆင့်မြင့်လေ၊ သူ့နာမည်က ပို၍ကျော်ကြားလေ ဖြစ်လာလိမ့်မည်။ အကယ်၍, သူသည် အမည်မသိ လူတစ်ဦးကို ချင်းနင်းမိပါက, အခြားလူများအနေဖြင့်, သူသည် သူတပါးကို အနိုင်ကျင့် သည်ဟုသာ ဆိုကြလိမ့်မည်။ ထို့ကြောင့် ချင်ယွင်နှင့် မယှဉ်ပြိုင်ခင်, သူသည် သဘာဝ အတိုင်း ချင်ယွင်ကို အနည်းငယ် မြှင့်တင်ပေးရလိမ့်မည်။
အနီးနားရှိ လူများသည် အဘိုးအိုလေး၏ စကားကို ကြားသောအခါ၊ ချင်ယွင်သည် ကျွမ်းကျင်ပညာရှင်ဖြစ်သည်ဟု အမှန်တကယ် ယုံကြည်သွားကြသည်။ ချင်ယွင်သည် ယခင်က အစိမ်းရောင်သဲကျောက်တုံးကို ရွေးချယ်ဝံ့ခြင်းမှာ အံ့သြစရာ မဟုတ်ကြောင်း သူတို့အားလုံး ပြောဆိုလာကြပါသည်။ သူတို့၏ ခံစားချက်တွေအပေါ် ယုံကြည်မှုရှိလာခဲ့ ကြသည်။
နီထိုက်စွေ့ပင်လျှင် ကျွမ်းကျင်သူတစ်ဦးအဖြစ် လျှို့ဝှက်ထားသော ချင်ယွင်၏ ကိုယ်ရေး အချက်လက်ကို မြင်လိုသည့်အလား ချင်ယွင်ကို သံသယအကြည့်ဖြင့် ကြည့်မိသည်။
ထိုအချိန်တွင် ချင်ယွင်၏ စိတ်နှလုံးသည် အမျက်ဒေါသဖြင့် ပြည့်နေခဲ့ပြီ ဖြစ်သည်။ အဘိုးအိုလေး၏ ရည်ရွယ်ချက်တွေကို သူ မည်သို့ မမြင်နိုင်ဘဲနေမည်နည်း?။
ဒီအဘိုးအိုလေး၏ ထင်ပေါ်ကျော်ကြားလိုစိတ်က သူ့ကို ဒေါသတကြီး ဖြစ်လာစေသည်။ အဘယ့်ကြောင့်ဆိုသော်, သူသည် သူ့ကို ခြေနင်းကျောက်တုံးအဖြစ် ဆွဲထုတ်ရန် တွန်းအား ပေးနေသောကြောင့် ဖြစ်သည်။ အကယ်၍, သူ့မှာသာ ကျောက်တုံးများကို ရွေးချယ်နိုင်စွမ်း မရှိခဲ့ပါလျှင်, ဤအဘိုးအိုလေးသည် သူ့ကို စိတ်ဆန္ဒရှိသလို အနိုင်ကျင့်လိမ့်မည် မဟုတ်ပါလား။
လူတစ်ဦးသည် မည်မျှပင် အရည်အချင်း ရှိပါစေ၊ ၎င်း၏ စိတ်နေသဘောထား မကောင်းပါ က၊ အဆုံးတွင်, သူသည် တော်ဝင်တာအိုကို အောင်မြင်နိုင်မည် မဟုတ်ပေ။ ထို့အပြင်, သူ၏ရှေ့မှ ဤအဘိုးအိုလေးသည် ထိုကဲ့သို့လူအမျိုး ဖြစ်နေသည်မှာ ထင်ရှားပါသည်။
"ဟမ့်၊ မင်းက နာမည်ကြီးချင်နေတာ မဟုတ်လား?။ ဒါဆိုလည်း မင်းရဲ့ဂုဏ်သိက္ခာ ဆုံးရှုံးသွားအောင် ငါ လုပ်ပေးလိုက်ဦးမယ်။ မင်း အပြစ်တင်ချင်ရင်လည်း၊ ငါ့ကို မင်းရဲ့ ခြေနင်းကျောက်တုံး သတ်မှတ်ထားတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့။" ချင်ယွင် က သူ၏စိတ်ထဲတွင် အေးစက်စွာ ပြောလိုက်သည်။
မူလကတော့ သူသည် မလှုပ်ရှားချင်ခဲ့ပါဘူး။ သူသည် သူ့ကိုယ်ပိုင်ရတနာကိုသာ တိတ်တဆိတ် ရွေးချယ်ချင်ခဲ့သည်။ သို့သော် ဒီလူကြီးသည် သူ့ကို နှိုးဆော်လာခံသည်။ အခြားလူတွေက သူ့ကို ရန်စလာပြီးဆိုမှတော့, သူသည် သဘာဝအတိုင်း လိုက်ပါလုပ် ဆောင်ပေးရမည်။
"ကောင်းပြီလေ၊ ငါ ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါပေမယ့် ငါတို့ ဘယ်လို ယှဉ်ပြိုင်ကြမလဲ မသိဘူး။" ချင်ယွင်က အဘိုးအိုလေးကို ပြောသည်။
ချင်ယွင်က ထိုစကားများကို ပြောပြီးချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ချင်ယွင်သည် ဆရာကြီး ဟောင်ယုကို အမှန်တကယ် တိုက်ခိုက်ဝံ့မည်ဟု သူတို့ မမျှော်လင့်ထားပေ။
သူက တကယ်ပဲ ကျောက်တုံးရွေးချယ်သူ အဆင့်မြင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်နေမ လား?။
"ညီအစ်ကို ချင်၊ မင်း ရူးနေလား?" သူ့အနားမှ နီထိုက်စွေ့လည်း သူ့အသိစိတ် ပြန်ဝင်လာ သည်။ သူသည် ချင်ယွင်ကို ယခုမှ လောင်းကစားကျောက်တုံးရုံသို့ ခေါ်ဆောင်လာသူ ဖြစ်ပြီး၊ ယခင်က သူသည် လောင်းကစားကျောက်တစ်တုံးကိုပင် မမြင်ဖူးခဲ့ပေ။ သူက မည်သို့လျှင် လောင်းကစားကျောက်တုံးများ၏ အဆင့်မြင့်ကျွမ်းကျင်ပညာရှင် ဖြစ်နိုင်မည် နည်း?။
ယင်းက ကြက်ဉဖြင့် ကျောက်တုံးကို ပစ်ပေါက်ခြင်းနှင့်တူပြီး သေခြင်းတရားကို တောင်းခံခြင်းနှင့် ထူးမခြားနားသည် မဟုတ်ပါလော?။
နီထိုက်စွေ့၏ အကြံပြုချက်ကိုကြားသော်လည်း ချင်ယွင်က ရပ်တန့်ခြင်း မရှိပေ။ ယင်းအစား သူက ပြုံးပြီး နီထိုက်စွေ့ကို ပြောသည် "ညီအစ်ကို နီ၊ ငါက ကျောက်တုံး ရွေးရာ မှာ တကယ်ကျွမ်းကျင်တယ်ဆိုတာ မင်း မယုံဘူးလား?"
နီထိုက်စွေ့သည် ချက်ချင်းပင် ပြောစရာစကားမရှိ ဖြစ်သွားသည်။ သူသည် ချင်ယွင်ကို မည်သို့ စည်းရုံးရမလဲဆိုသည်ကို တွေးထားပြီးသား ဖြစ်သည်။ သို့သော် ချင်ယွင်က ယခုလို ပြောလာမည်ဟု သူ မမျှော်လင့်ထားပါဘူး။
သူသည် ချင်ယွင်ကို လောင်းကစားဆိုင်သို့ ခေါ်ဆောင်လာသူ ဖြစ်သည်။ အရင်က သူသည် လောင်းကစား စည်းမျဉ်းတွေကိုတောင် မသိသေးပါဘူး။ သူသည် မည်သို့လျှင် ကျောက်တုံးရွေးချယ်ရာမှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်မည်နည်း?။
သို့သော် ချင်ယွင်၏ အမူအရာက သူ့ကို အနည်းငယ် မသေချာမရေရာ ဖြစ်လာစေသည်။ နောက်ဆုံးတွင်၊ ချင်ယွင်သည် သူ၏အတားဆီးမူကို လုံးဝ လျစ်လျူရှုခဲ့ပြီး, အဆုံးတွင် ရတနာတစ်ခုကို မဖွင့်နိုင်ခင် အစိမ်းရောင်သဲကျောက်တုံးကို ရွေးချယ်ခဲ့သည်။
ထိုအရာအားလုံးက သူ့ကို ထူးဆန်းသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။ အပြင်ဘက် ကမ္ဘာတွင် ချင်ယွင်၏ တိုက်ပွဲစွမ်းရည်ပါ ထည့်တွက်ခြင်းဖြင့်, သူသည် ချင်ယွင်၏ စကားကို ခဏလောက် ယုံကြည်လိုက်သည်။
"သူ သဘာဝကျောက်တုံး ရွေးချယ်ပညာရှင်တစ်ယောက်များ ဖြစ်နိုင်မလား?" နီထိုက်စွေ့ က သူ့ကိုယ်သူ တွေးနေမိသည်။
သို့သော် ချင်ယွင်သည် နီထိုက်စွေ့၏ ပခုံးကို တစ်ချက်ပုတ်ကာ၊ သူ၏စိတ်ထဲတွင် ပြုံးလျက် ရှေ့သို့ လျှောက်ထွက်လာခဲ့သည်။
ချင်ယွင် အမှန်တကယ် သဘောတူသည်ကို မြင်လိုက်ရတော့ အဖိုးအိုလေးသည် သူ၏စိတ်ထဲတွင် ဆိုးသွမ်းသည့် အပြုံးအရိပ်ကို ဖော်ထုတ်လိုက်ပါသည်။
"ဒီမှာ နတ်ဘုရားဝိညာဉ်ကျောက်တုံး သုံးမျိုးသုံးစား ရှိတယ်။ အဲဒါတွေကတော့ နှစ်မီတာ၊ လေးမီတာနဲ့ ခြောက်မီတာရှိတဲ့ ကျောက်တုံးတွေပဲ။ အဲဒီသုံးမျိုးသုံးသားထဲက တစ်ခုစီ ငါတို့ ရွေးကြတာပေါ့။ ပြီးတော့ ဖြတ်ပြီးသွားတဲ့ ရတနာတွေကို တစ်ခုနဲ့တစ်ခု နှိုင်းယှဉ် ကြည့်ကြမယ်လေ။ ညီငယ်လေး မင်း ဘယ်လိုသဘောရလဲ။" အဘိုးအိုလေးက ပြုံးရင်း ပြောကာ ချင်ယွင်ကို ကြည့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း ချင်ယွင် သဘောတူမတူ သိလိုဟန်ဖြင့် ချင်ယွင်ကို စိုက်ကြည့်နေကြသည်။
အနည်းငယ်မျှ စိတ်ခံစားမူ အတက်အကျမရှိဘဲ ဘေးနားတွင်ရပ်နေသော ဆရာကြီး အန်း ပင်လျှင် ချင်ယွင်ကို သူ၏မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ချင်ယွင်က ပြုံးပြီး အဘိုးအိုလေးကို ကြည့်လိုက်သည်။ "ဟုတ်ပြီလေ။ အဆင်ပြေပါတယ်။ အဓိကကတော့ ဆုလာဘ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲ?။ အနိုင်ရင် ဘာရမလဲ?။ ရှုံးတဲ့လူကရော?။ မင်းလည်း အချည်းနှီး မယှဉ်ပြိုင်နိုင်ဘူး ဟုတ်တယ်မဟုတ်လား?"
ထိုစကားတွေ ပြောပြီးသည်နှင့် ပရိသတ်ကြီးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။
သူက တကယ်ပဲ အနိုင်ဆုကို ရချင်နေသည်။ ချင်ယွင် ရူးနေပြီဟု လူတိုင်း ခံစားမိကြသည်။ ဆရာကြီး ဟောင်ယု၏ ဂုဏ်သတင်းမှာ အနှိုင်းမဲ့ ကြောက်ခမန်းလိလိပင်။ သူနှင့် တွဲကစားခွင့်ရခြင်းကပင် ဂုဏ်ယူစရာ ဖြစ်နေပါပြီ။ ဆိုးဆိုးရွားရွား မရှုံးသွားစေဖိုပင် ဆုတောင်းသင့်သည်။ အခု သူက တကယ်ကို အနိုင်ဆု ရယူချင်နေသည်။
ချင်ယွင်ကို တိတ်တဆိတ် စောင့်ကြည့်နေသည့် သခင်လေးပိုင်ယုလည်း ရယ်မောလိုက် သည်။ သူက ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည် "ဟုတ်တာပေါ့။ အနိုင်ဆုကြီးတစ်ဆု တော့ ရသင့်တာပေါ့။ မင်းတို့ ဖွင့်ထားတဲ့ ကျောက်ခြောက်တုံးထဲက ရတနာတွေ အားလုံး က အနိုင်ရသူ ပိုင်ဆိုင်ရမယ်။ မင်း ဘယ်လိုထင်လဲ?"
လူတိုင်းသည် အေးစက်စက် လေကို ရှုရှိုက်လိုက်ကြသည်။
အနိုင်ရသူသည် ရတနာအားလုံးကို ပိုင်ဆိုင်ရလိမ့်မည်။ ထိုအနိုင်ဆုက အရမ်းကို ကြီးမားလွန်းသည်။ ချင်ယွင်သည် အစွမ်းထက်သည့် မည်သည့် ရတနာကိုမှ ရယူ ပေးနိုင် စွမ်းရှိလိမ့်မည်ဟု သူတို့ မထင်ထားသော်လည်း အနည်းငယ် သို့မဟုတ် အနည်းငယ် ထက်ပို၍ မျှော်မှန်းထားဆဲ ဖြစ်သည်။ ဤမျှကြီးမားသော ကျောက်တုံးကြီး ပေါ်လာသည် နှင့်၊ ၎င်း၏တန်ဖိုးသည် အခြားရတနာများထက် သဘာဝအားဖြင့် နိမ့်ကျမည် မဟုတ်ပေ။ ထို့ကြောင့် ကြီးမားသည့် ကံစမ်းမဲကြီးတစ်ခုတော့ သေချာပေါက် ရှိလာနိုင်သည်။
ချင်ယွင်သည် သခင်လေး ပိုင်ယု၏စကားကို ကြားသောအခါ, သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤစကားက သူ စောင့်နေသည့်အရာ ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ, ဤပြိုင်ပွဲမှာ မည်သည့်အကျိုးမြတ်မှ မရှိပါက, သူသည် ဤအဘိုးအိုလေး ကို ယှဉ်ပြိုင်ရန် စိတ်အနှောင့်ယှက် ဖြစ်ခံနေမှာ မဟုတ်ပါဘူး။
"ကောင်းပြီ, ဒါဆို ပြေလည်သွားပြီ။ ငါ ပြိုင်ပွဲကို သဘောတူတယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည် ။
သခင်လေး ပိုင်ယုနှင့် အဘိုးအိုလေးတို့သည် ချင်ယွင်၏ စကားကိုကြားသောအခါ, ပတ်ဝန်း ကျင်ရှိလူများသည် တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေချိန်မှာ သူတို့မျက်နှာပေါ် တွင် အပြုံးကိုယ်စီဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
လက်ရှိအခြေအနေက သူတို့မျှော်လင့်ထားသည်ထက် ပို၍ပင် အံ့မခန်း ဖြစ်လာပြီ။ နီထိုက်စွေ့ကတော့ လူအုပ်ထဲမှာ ရပ်နေပြီး ချင်ယွင်ကို စိတ်ပူစ ပြုလာသည်။ ချင်ယွင် အနိုင်ရဖို့ အခွင့်အလမ်းက အရမ်းနည်းလွန်းသည်ဟု သူ ခံစားရသည်။
"ခဏနေဦး!"
သို့သော် ချင်ယွင်နှင့် အဘိုးအိုလေးတို့ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ဆွေးနွေးနေကြ စဉ်မှာ တန်ဇီလေးဟုခေါ်သော လူငယ်သည် ရုတ်တရက် ထပြီး စကားပြောလာသည်။
အားလုံးက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
သူက ချင်ယွင်ကို ကြည့်ပြီး လှောင်ပြောင် ပြောဆိုသည် " ကောင်စုတ်၊ မင်းက အဆင့်မြင့် ကျွမ်းကျင်ပညာရှင် ဆရာကြီး ဟောင်ယုနဲ့ ကျောက်တုံးအလောင်းစားလုပ်တာကို ငါ စိတ်ထဲ မထားဘူး။ ဒါပေမယ့် မင်း ကျောက်တုံးရွေးချယ်ဖို့အတွက်ဆို အရင်ဆုံး ငါ့ကို ပေးဖို့ ပိုက်ဆံရော ရှိပြီလား?။