အခန်း ၁၂၀၇
Vol. 81 Ch. 1207
အခန်း (၁၂၀၇) ကျေးဇူးပြု၍ ငါ့ကို စောင့်ပါ။
ထိုလူငယ်သည် ထိုစကားကို ပြောနေစဉ်မှာ သူ့မျက်နှာပေါ်တွင် မောက်မာသော အမူအရာ ရှိနေပါသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်း သတိရလာကြသည်။ အဆင့်မြင့် ကျွမ်းကျင်ပညာရှင် ဆရာကြီး ဟောင်ယုသည် နတ်ဘုရားကျောက်တုံးများကို မပေးဘဲ ကျောက်တုံးများကို ရွေးချယ်နိုင် သည်။ သို့သော်, ဒီကောင်စုတ်လေးက မတူပါဘူး။ ဤနတ်ဘုရား ဝိညာဥ်ကျောက်တုံးများ အတွက် သူ ပေးချေနိုင်စွမ်းရှိခြင်းမရှိခြင်းက အခြားကိစ္စတစ်ခု ဖြစ်သွားပါပြီ။ အကယ်၍ သူသာ ရှုံးနိမ့်သွားပါက, အဆုံးတွင် သူ၏ကြွေးမြီများကိုဆပ်ရန်အတွက် အသုံးပြုနိုင်သည့် ရတနာများ ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့်၊ လူငယ်သည် နတ်ဘုရားကျောက်များကို ဦးစွာတောင်းခြင်းက အလွန် သင့်လျော်ပါသည်။
ဆရာကြီး ဟောင်ယုနှင့် သခင်လေးပိုင်ယုတို့သည် သူတို့မျက်နှာပေါ်တွင် အပြုံးကိုယ်စီဖြင့် ချင်ယွင်ကို ကြည့်နေသည်။ သူတို့တွင် နတ်ဘုရားကျောက်တုံးများ ရှိသော်လည်း ဝန်ဆောင်မူ လုပ်ပေးမှာ မဟုတ်ပါဘူး။ ထုံးစံအတိုင်း၊ သူတို့အနေဖြင့် သူ့အတွက် စိုက်ပေးဖို့က မဖြစ်နိုင်ပါဘူး။ ထို့အပြင် ဤမျှကြီးမားလှသော နတ်ဘုရားဝိညာဉ် ကျောက်တုံး အမျိုးအစား သုံးမျိုးအတွက် ပေးဆောင်ရန် လိုအပ်သော ပစ္စည်းများမှာ သေးငယ်လှသည် မဟုတ်ပေ။
လူငယ်က ချင်ယွင်ကို အေးစက်သော အပြုံးဖြင့် ကြည့်နေသည်။ ချင်ယွင်သည် ဤမျှများပြားသော နတ်ဘုရားကျောက်တုံးများကို မထုတ်ပေးနိုင်မှန်း သူ သိသည်။ ချင်ယွင်သည် နတ်ဘုရားကျောက်တုံး ၉၀၀၀ ကျော်ကျော် ရရှိခဲ့သော်လည်း ထိုနတ်ဘုရား ကျောက်များသည် နှစ်မီတာရှည်သော နတ်ဘုရားဝိညာဉ် ကျောက်တုံးတစ်တုံးကိုပင် မဝယ်နိုင်ပါချေ။ ထိုသို့ဆိုလျှင်, သူသည် မည်သို့လျှင် ဆရာကြီး ဟောင်ယုနှင့် ယှဉ်ပြိုင် နိုင်တော့မည်မည်း?။
ချင်ယွင်လည်း ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်သည်။ မူလက သူသည် အဆုံးတွင် အနိုင်ရပြီးနောက် သူ့အကြွေးများကို ဆပ်ပေးရန် ရတနာများကို အသုံးပြုချင်ခဲသော်လည်း ယခုတော့ ဤနည်းလမ်းသည် အလုပ်မဖြစ်တော့ပုံ ရသည်။
"ဒီနတ်ဘုရားဝိညာဉ် ကျောက်တုံးအမျိုးအစား သုံးမျိုးလုံးအတွက် နတ်ဘုရားကျောက်တုံး စုစုပေါင်း ဘယ်လောက် လိုအပ်လဲ" ချင်ယွင်က လူငယ်ကိုကြည့်ကာ မေးသည်။
"နှစ်မီတာမြင့်တဲ့ နတ်ဘုရားဝိညာဉ်ကျောက်တုံးက ၁၀၀၀၀၀ တန်တယ်။ လေးမီတာ မြင့်တဲ့ နတ်ဘုရားဝိညာဉ်ကျောက်တုံးကတော့ ၂၀၀၀၀၀ တန်ဖိုးရှိတယ်။ ခြောက်မီတာ မြင့်တဲ့ နတ်ဘုရားဝိညာဉ်ကျောက်တုံးကတော့ ၄၀၀၀၀၀ ပဲ။ စုစုပေါင်း ၇၀၀၀၀၀ တန်ဖိုးရှိတယ်။ မင်း တတ်နိုင်မယ်လို့ ငါ မထင်ဘူး။ ဟုတ်တယ် မဟုတ်လား?" လူငယ်က လှောင်ရယ် ရယ်သည်။
အနီးနားရှိ လူများသည် ထိုစကားကို ကြားသောအခါ အေးစက်စက်လေကို ရှူရှိုက်မိကြ သည်။
နတ်ဘုရားကျောက်တုံဂ ၇၀၀၀၀၀။ သူတို့အတွက်မူ၊ ဤသည်မှာ အမှန်တကယ်ပင် အလွန်များပြားသော ကိန်းဂဏန်းတစ်ခု ဖြစ်သည်။ သခင်လေးပိုင်ယုမှလွဲ၍ ဤမျှ များပြားလှသော နတ်ဘုရားကျောက်တုံးများကို ပေးချေရန် မည်သူ တတ်နိုင်မည်နည်း?။
ချင်ယွင်အနေနှင့် ဤမျှလောက်များပြားသော နတ်ဘုရားကျောက်တုံးများကို ထုတ်ပေးနိုင် မည်ဟု သူတို့ မထင်ပေ။ ထိုသို့မဟုတ်လျှင်, သူသည် အစောပိုင်းက လက်သီးဆုပ်အရွယ် နတ်ဘုရားဝိညာဉ် ကျောက်တုံးနေရာမှာ ရွေးချယ်ခဲ့မှာ မဟုတ်ပါဘူး။
"ကောင်းပြီလေ၊ ငါ့ကို ခဏစောင့်ပေးပါ။"
သို့သော် ဤပြိုင်ပွဲသည် ပျက်ဆီးသွားပြီဟု လူတိုင်းက အသေချာ တွေးထင်နေကြချိန်မှာ, ချင်ယွင်က ရုတ်တရက် ပြောလိုက်သည်။ သူပြောပြီးသည်နှင့်, သူသည် ဆိုင်ထဲကို လှည့်ပတ် ကြည့်လိုက်သည်။
"သူ ဘာလုပ် ချင်တာလဲ?။ သူက ထွက်မပြေးချင်သေးဘူးလား?" တစ်ယောက်ယောက်က စိတ်ရှုပ်ထွေးစွာ မေးသည်။
"အဲဒါ ဖြစ်နိုင်တယ်..”။ တစ်စုံတစ်ယောက်က ခန့်မှန်းခဲ့သည်။
…
လူတိုင်း ဆွေးနွေးနေကြသည်။ လူတိုင်းက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေကြပြီး သူ ဘာလုပ်ချင်နေမှန်း မသိကြသေးပေ။
သခင်လေးပိုင်ယု၊ ဆရာကြီး ဟောင်ယုနှင့် ဆရာကြီးအန်းတို့သည်ပင် ချင်ယွင်ကို အသက်မဲ့နေသည့် ဗလာမျက်လုံးများဖြင့် ကြည့်နေကြသည်။
ချင်ယွင်သည် ခန်းမထဲသို့ ဝင်လာပြီး ဦးခေါင်းအရွယ် နတ်ဘုရားကျောက်တုံး နေရာမှာ တိုက်ရိုက် ရပ်တန့်လိုက်သည်။ ထို့နောက်၊ သူသည် တစ်ခုပြီးတစ်ခု ပွတ်သပ်လိုက်သည်။
"တကယ်ကြီးလား? သူက ကျောက်တုံးတွေကို မရွေးချယ်သေးခင်, နတ်ဘုရား ကျောက်တုံး ၇၀၀၀၀၀ ကို အရယူချင်နေတာလား?။" တစ်စုံတစ်ယောက်က ချင်ယွင်၏ လုပ်ရပ်ကို မြင်ပြီး၊ မနေနိုင်ဘဲ မှန်းဆလိုက်ပါသည်။
"သူ အဲဒီလိုတွေးနေတယ်လို့ ငါလည်း ထင်တာဘဲ။ သူက ၇၀၀၀၀၀ နတ်ဘုရား ကျောက်တုံး ၉၀၀၀ ကို နတ်ဘုရားကျောက်တုံး ၇၀၀၀၀၀ နဲ့ လဲလှယ်ချင်နေတာပဲ။ ကျွတ်.. ကျွတ်…၊ အဲဒါက တကယ်ကို စိတ်ကူးယဉ်နေတာပဲ" တစ်ယောက်ယောက်က မထိန်းနိုင်ဘဲ ပြောလိုက်ပြန်သည်။
ရုတ်တရက် ချင်ယွင်၏ လုပ်ရပ်ကြောင့် လူတိုင်း အံ့သြသွားကြသည်။ ချင်ယွင်သည် နတ်ဘုရားကျောက်တုံး ၇၀၀,၀၀၀ ရရှိရန် ဤနည်းလမ်းကို အမှန်တကယ် ရွေးချယ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
သူတို့အမြင်မှာတော့ ဒါက လုံးဝ မဖြစ်နိုင်ပါဘူး။
"စိတ်ဝင်စားစရာပဲ..။ စိတ်ဝင်စားစရာပဲ.." ချင်ယွင်၏ အတွေးအမြင်များကို မြင်ပြီးနောက် သခင်လေး ပိုင်ယုက ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောသည် " ဆရာကြီး ဟောင်ယု, တကယ်လို့, ခင်ဗျားသာဆိုရင်, ဒီနတ်ဘုရားကျောက်တုံး ၉၀၀၀ နဲ့ နတ်ဘုရားကျောက်တုံး ၇၀၀၀၀၀ ရနိုင်ပါ့မလား" သူက သူ့ဘေးမှ ဆရာကြီး ဟောင်ယုကို လှည့်ကြည့်လိုက်ပြီး မေးလိုက်ပါ သည်။
ဟောင်ယုသည် သခင်လေး ပိုင်ယု၏ အမေးကို ကြားသောအခါ သူ၏ပါးစပ်ထောင့်စွန်းက အကြောဆွဲသကဲသို့ တွန့်သွားခဲ့သည်။ သူက ပြုံးပြီးပြောသည် "ငါ ရှက်ရွှံ့မိပါတယ်။ လောင်းကစားလောက တစ်ခုလုံးမှာ ဘယ်သူမှ အဲဒီလိုမလုပ်နိုင်မှာကို ငါ ကြောက်မိပါ တယ်"
ဟောင်ယုသည် သူ့မျက်နှာမှာ ပြုံးပြနေသော်လည်း စိတ်ထဲမှာတော့ ကျိန်ဆဲနေမိသည် "လခွမ်းပေါ့၊ နတ်ဘုရားကျောက်တုံး ကိုးထောင်ကနေ နတ်ဘုရားကျောက်တုံး ခုနစ်သိန်း ရဖို့, ဒီလောက် လွယ်လွယ်နဲ့ ဖြစ်နိုင်ပါ့မလား?။ ဒီကောင်စုတ်က ရူးရူးမိုက်မိုက်နဲ့ ရူးချင်ယောင် ဟန်ဆောင်နေတာကို။ ဒါကို မင်းက တကယ်ကြီး အလေးအနက်ထားပြီး လက်ခံနေတယ်”။
သို့သော်၊ သူသည် သခင်လေး ပိုင်ယုရှေ့တွင် ဤစကားများကို ပြောရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။
"ဒါဆို ဒီပြိုင်ပွဲက လုံးဝ မဖြစ်နိုင်ဘူးလား" သခင်လေး ပိုင်ယုက ပြုံးပြုံးလေး ပြောသည်။
“ဟင်း…၊ ဒါက တကယ်ကို နှမျောစရာပဲ။" ဟောင်ယုက မထိန်းနိုင်ဘဲ သက်ပြင်းချလိုက် သည်။
သူသည် နာမည်ကြီးချင်သော်လည်း ချင်ယွင်အတွက်မူ ဤမျှများသော နတ်ဘုရား ကျောက်တုံးများကို ပေးချေရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင်၊ သူသည် ဤမျှများသော နတ်ဘုရားကျောက်တုံးများကို ထုတ်မပေးနိုင်ပါ။ သူ့ကိုယ်ပိုင် ကျောက်တုံးများတောင်မှ သခင်လေးပိုင်ယုထံမှ ရရှိထားခြင်း ဖြစ်သည်။ သူက သခင်လေးပိုင်ယုအတွက် ကျောက်တုံး ရွေးချယ်ပေးသူတစ်ဦးမျှသာ ဖြစ်ပါသည်။
ဆရာကြီး အန်းသည် ချင်ယွင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးကြီး များတွင် နက်ရှိုင်းသော အကြည့်များရှိနေသဖြင့် သူမ မည်သည့်အကြောင်း တွေးနေလဲဆို သည်ကို အခြားသူများ မမြင်နိုင်အောင် ဖြစ်စေသည်။
"ဟမ့်၊ မင်း သေတဲ့အထိ ရုန်းကန်လိုက်ဦး။ မင်း ဒီနတ်ဘုရားကျောက်တုံး ၉၀၀၀ လုံး အကုန်သုံးပြီးတဲ့အထိ ငါ စောင့်နေမယ်။ ပြီးတော့မှ မင်းကိုယ်မင်း ဆရာကြီးလို့ ခေါ်ရဲတဲ့ မျက်နှာကို ငါကြည့်ဦးမယ်။" ချင်ယွင်ကို အမြဲ အထင်သေးရှုတ်ချခဲ့သော လူငယ်သည် အေးစက်စွာ အော်ပြောလိုက်သည်။
သူ့အမြင်အရဆို၊ နတ်ဘုရားကျောက်တုံး ကိုးထောင်ဖြင့် နတ်ဘုရားကျောက်တုံး ခုနစ်သိန်းကို အနိုင်ရယူနိုင်ရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်ပါသည်။ လုံးဝ မဖြစ်နိုင်ပါ။ ထိုနတ်ဘုရားဝိညာဉ်ကျောက်တုံးများ အားလုံးပေါက်လိုက်လျှင်ပင် နတ်ဘုရား ကျောက်တုံး ခုနစ်သိန်း၏တန်ဖိုးကို မရောက်ရှိနိုင်ပေ။
"ကောင်းပြီ၊ ဒါ၊ ဒါ၊ ဒါ၊ ဒါ၊ ဒီလေးခုကို ငါ ယူမယ်"
သို့သော် လူတိုင်း ဆွေးနွေးနေကြစဉ် ချင်ယွင် ရုတ်တရက် ပြောလိုက်သည်။
ဤစကားများပြောပြီးသည်နှင့် လူတိုင်းသည် ချင်ယွင် ရွေးချယ်ခဲ့သော ကျောက်တုံး အမျိုးအစားကို သိလိုသဖြင့် ချက်ချင်း ဝိုင်းကြည့်ကြသည်။
မည်သည့်ရလာဘ်ထွက်လာမည်ကို သူတို့ သိရှိပြီးသားဖြစ်သော်လည်း ချင်ယွင်က မည်သည့် ကျောက်တုံးမျိုးကို ရွေးချယ်ခဲ့လဲဆိုသည်ကို သူတို့အားလုံး သိချင်နေကြတုန်း ပင်။
"စုစုပေါင်း နတ်ဘုရားကျောက်တုံး ၉၀၀၀" လူငယ်သည် လမ်းလျှောက်လာကာ အကြမ်းဖျမ်းကို ကြည့်လိုက်သည်။ သူသည် နတ်ဘုရားဝိညာဉ်ကျောက်တုံး လေးလုံးကို ကြည့်ပြီးမှ အရေတွက်တစ်ခုကို ချက်ချင်း ထုတ်ပြောလိုက်ပါသည်။
ချင်ယွင်က ပြုံးပြီး ဆရာကြီး အန်း ပေးခဲ့သည့် စကြာဝဠာသိုလှောင်အိတ်ကို ပစ်ပေးလိုက် ပါသည်။
ရေတွက်ပြီးနောက် လူငယ်က ဆရာကြီးအန်းကို ခေါင်းညိတ်ပြသည်။
ထို့နောက် ဆရာကြီးအန်းသည် ကျောက်တုံးလေးလုံးကို စားပွဲပေါ်တင်ကာ တစ်လုံးပြီး တစ်လုံး ဖြတ်လိုက်တော့သည်။
"ဝှီး...။ ဝှီး... ဝှီး...။
ဆရာကြီးအန်း၏ လက်ထဲမှ ဓားသည် ပုံရိပ်ယောင်များအဖြစ် သက်ဝင်လှုပ်ရှား နေသည်။ မကြာခင်မှာပင် ပထမကျောက်တုံးကို ဖြတ်ထုတ်လိုက်ပြီး လက်သီးဆုပ်အရွယ် ကျောက်စိမ်းပုလဲတစ်လုံးကို ဖော်ထုတ်လိုက်ပါသည်။
"ဒီပုလဲက ဘာလဲ"
ဟုတ်ပါသည်။ လူတိုင်း ထိုပထမဆုံး ပုလဲလုံးကို တွေ့လိုက်ရသည့်အခါ သူတို့မျက်နှာများ သည် အလွန်အံ့ဩသွားသည့် အမူအရာ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပါသည်။
"ရှေးခေတ် အဆင့်မြင့် နတ်ဘုရားပစ္စည်း”။ တစ်စုံတစ်ယောက်က လှုံ့ဆော်သံဖြင့် အော်ပြောလိုက်သည်။
ထိုစကားပြောပြီးသည်နှင့် လူတိုင်းက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ရှေးခေတ် အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုသည် နတ်ဘုရားကျောက်တုံး ၂၀၀၀၀၀ နီးပါးတန်သော ရတနာတစ်ခု ဖြစ်သည်။ ဤလူငယ်လေး၏ ကံတရားက အလွန် ကောင်းမွန်ခဲ့သည်။ သူသည် ၂,၀၀၀ တန် နတ်ဘုရားဝိညာဉ်ကျောက်တုံးကနေ အဆင့်မြင့် နတ်ဘုရားပစ္စည်းကို အမှန်တကယ် ဖြတ်ထုတ်နိုင်ခဲ့သည်။ ထိုကံတရားက တကယ်ကို ပေါက်ကွဲထွက်လာသည့်အလား ကောင်းမွန်လွန်းပါသည်။
ဆရာကြီး ဟောင်ယုသည်လည်း မနေနိုင်ဘဲ အံ့သြသည့်အမူအရာ ထုတ်ဖော်လိုက်မိ သည်။ သေချာသည်မှာ၊ ချင်ယွင်၏ ပထမဆုံး နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် အဆင့်မြင့် နတ်ဘုရားပစ္စည်းကို အမှန်တကယ် ဖြတ်တောက်ပစ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိသည်မှာ ထင်ရှားပါသည်။
ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဘေးတွင်ရပ်နေပြီး ယုံကြည်မှု အပြည့်ရှိသည်။
ဘန်း…။
သို့သော် လူတိုင်း အံ့ဩတုန်လှုပ်နေကြစဉ်မှာပင်, ဆရာကြီး အန်းသည် ချင်ယွင် ရွေးချယ်ခဲ့ သော ဒုတိယ နတ်ဘုရားဝိညာဉ်ကျောက်တုံးကို အမြန်ဆုံး ဖြတ်တောက်လိုက်ပြန်သည်။ ထိုကျောက်တုံးမှ တန်ခိုးကြီး စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထုတ်လွှတ်လာသည်။
"ဟိုက်... အဆင့်မြင့် နတ်ဘုရား ပစ္စည်း။ အဆင့်မြင့် နတ်ဘုရား ပစ္စည်းတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ" ကြည့်ရှုသူများ မျက်လုံးပြူးထွက်မတတ် ဖြစ်သွားကြသည်။
တချိန်တည်းမှာ အဆင့်မြင့် နတ်ဘုရား ပစ္စည်းနှစ်ခု။ သူတို့ နှလုံးသားများ မခံစားနိုင်တော့ ဟုပင် ခံစားလိုက်ရပါသည်။