← Chapters

အခန်း ၁၂၀၈

Vol. 81 Ch. 1208

အခန်း ၁၂၀၈

Vol. 81 Ch. 1208

အခန်း (၁၂၀၈) အဆင့်မြင့် နတ်ဘုရား ပစ္စည်းနှစ်ခု။

"အိုး၊ ဒီကောင်က အဆင့်မြင့် နတ်ဘုရားပစ္စည်း နှစ်ခုကို ဆက်တိုက်ရရအောင် ဘယ်လို ကံတရားမျိုးကို ပိုင်ဆိုင်ထားတာလဲ”။ ငါ အံ့ဩလို့ မဆုံးတော့ဘူး”။

"ရူးချင်စရာပဲ။ ရူးချင်စရာပဲ” အဆင့်မြင့် နတ်ဘုရားပစ္စည်းတွေကို ဘယ်တုန်းက ဒီလောက် လွယ်လွယ်နဲ့ ဖြတ်တောက်နိုင်သွားတာလဲ။"

…

အရူးအမူး အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာများ ပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ထွက်ပေါ်လာသည်။

အဆင့်မြင့် နတ်ဘုရားပစ္စည်း နှစ်ခုပေါင်းသည် နတ်ဘုရားကျောက်တုံး ၄၀၀,၀၀၀ တန်ကြေးရှိသည်။ တစ်နည်းဆိုရသော် သူသည် နတ်ဘုရား ကျောက်တုံး လေးသိန်းနီးပါး ကို လဲလှယ်နိုင်ရန်အတွက် နတ်ဘုရား ကျောက်တုံးလေးထောင်ကို အသုံးပြုခဲ့သည်။ ယင်းက ကံကောင်းလွန်းသည် မဟုတ်ပါလော?။

တန်ဇီလေးဟုခေါ်သော လူငယ်၏ မျက်နှာသည် အနှိုင်းမဲ့ ပြာနှမ်းသွားသည်။ သူ၏ရှေ့မှ ဤကောင်စုတ်လေးသည် ဤမျှလောက် ကံကောင်းလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ သူသည် အဆင့်မြင့် နတ်ဘုရားပစ္စည်း နှစ်ခုကို ဆက်တိုက် ဖြတ်တောက်ပစ်နိုင်သည်။ သူသည် ယခင်က အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်း ကိုပါ ပေါင်းထည့်ပါကာ ယခုအချိန်တွင် နတ်ဘုရားပစ္စည်းသုံးခုကို ထုတ်ဖော်နိုင်ခဲ့ပြီ။

"ဟမ့်၊ မင်းရဲ့ကံကြမ္မာက ဒီအတိုင်းဆက်သွားနေမယ်လို့ ငါ မယုံဘူး။ မင်းရဲ့နောက် ကျောက်တုံးနှစ်ခုက အခေါင်းပေါက်ကျောက်တွေ ဖြစ်နိုင်တယ်။" လူငယ်သည် သူ၏စိတ်ထဲတွင် ပြင်းထန်စွာ ကျိန်ဆဲနေပြီး သူ့မျက်လုံးများက အလွန်အုံ့မှိုင်းနေသည်။

သဘာဝအတိုင်း၊ ချင်ယွင်သည် ထိုလူငယ်၏မျက်လုံးများကို ရှင်းရှင်းလင်းလင်း မြင်ရသောကြောင့် ချင်ယွင်သည် ထိုလူငယ် မည်သည့်အကြောင်း တွေးနေသည်ကို အလွယ်တကူ ခန့်မှန်းနိုင်သည်။

ကံတရားလား?

သူက ကံတရားကို တကယ်ပဲ အားကိုးနေသလား?။

ချင်ယွင်သည် သူ့နှလုံးသားထဲမှာ လှောင်ရယ် ရယ်နေခဲ့သည်။ အကယ်၍, သူသာ ကံတရား ကို အမှန်တကယ် အားကိုးနေသည်ဆိုလျှင်, ထိုအဘိုးအိုလေးနှင့် ပြိုင်ပွဲကို သူ သဘောတူ မှာ မဟုတ်ဘူး။ စဉ်းစားဉာဏ် ဦးနှောက် နည်းနည်းပါးပါး ရှိသည့်သူတိုင်း ဤအရာထဲမှ ထူးဆန်းမူကို မြင်နိုင်မှာပါ။

တကယ်ဆို သူသည် ထိုလူငယ်ကို မိုက်မဲခြင်းအတွက် အပြစ်မတင်တော့ပါ။ သူသည် ချင်ယွင်ကို အစကတည်းက လူသစ်တစ်ယောက်ဟု ထင်ထားခဲ့သည်၊ ထို့ကြောင့်, သူသည် ချင်ယွင်က ဘာမှမသိသော လူသစ်တစ်ယောက်သာဟု အမြဲတွေးနေမိသည်။ ထိုနတ်ဘုရားပစ္စည်းသုံးခုကို ဖွင့်နိုင်ခဲ့ခြင်းမှာလည်း သူ၏ကံကောင်းမှုကြောင့် ဖြစ်သည်။

သေချာပါသည်။ လူတိုင်းက ထိုလူငယ်လောက် မတုံးအကြပါဘူး။ အဝေးမှ တိတ်တဆိတ် ကြည့်နေခဲ့သော သခင်လေးပိုင်ယုနှင့် ဆရာကြီး ဟောင်ယုတို့သည် သဲလွန်စများကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်။

ဦးခေါင်းအရွယ် လောင်းကစား ကျောက်တုံးတစ်ခုမှ အဆင့်မြင့် နတ်ဘုရား ပစ္စည်းနှစ်ခု ထွက်ပေါ်လာသည်။ ဤအရာသည် ကံတရားဖြင့် ရှင်းပြနိုင်သော အရာမဟုတ်တော့ပါ။ ထို့ကြောင့် သူတို့နှင့် လောင်းကစားနေသော ဤလူငယ်သည် ပစ္စည်းအစစ်အမှန်များကို စူးစမ်းရှာဖွေနိုင်စွမ်း ရှိနေကြောင်း သူတို့ သံသယဝင်လာကြသည်။

'"ဆရာကြီး ဟောင်ယု၊ ဒီညီငယ်က တကယ်ကို လျှို့ဝှက်လွန်းသူ တစ်ယောက်လို့ ထင်ရတယ်။ သူ့မှာ နတ်ဘုရားကျောက်တုံး ၄၀၀၀၀၀ ရထားပြီးသွားပြီ။ နောက်ထပ် နတ်ဘုရားကျောက်တုံး ၃၀၀၀၀၀ တန် ရတနာတွေကို ကျန်နေတဲ့ နတ်ဘုရား ဝိညာဉ် ကျောက်တုံးနှစ်တုံးမှ ထုတ်ယူနိုင်တာနဲ့ ပြိုင်ပွဲလုပ်ဖို့ နတ်ဘုရားကျောက်တုံး ၇၀၀၀၀၀ က လုံလောက်သွားပြီ။ အဲဒီအချိန်မှာ သူက မင်းနဲ့ ယှဉ်ပြိုင်လိမ့်မယ်။ မင်း ဖိအားနည်းနည်းမှ မခံစားရဘူးလား?။ သခင်လေး ပိုင်ယုက သူ့ဘေးနားရှိ ဆရာကြီး ဟောင်ယုကို ကြည့်ပြီး ပြုံးကာ မေးလိုက်ပါသည်။

သူသည် ဆရာကြီး ဟောင်ယုအတွက် ကျောက်တုံးများကို ပေးချေမှာဖြစ်သော်လည်း ဤငွေကြေား အနည်းငယ်ကို သူ ဂရုမစိုက်ပေ။

ယခင်ကကတည်းက သူသည် ချင်ယွင်က လူသစ်တစ်ယောက်သာဟု တွေးထင်ထားပြီး၊ ဆရာကြီး ဟောင်ယုကလည်း ကျော်ကြားမှုအတွက်သာ ပြိုင်ဆိုင်လိုခြင်း ဖြစ်သည်။ သူ ဂရုမစိုက်ခဲ့သော်လည်း, ယခုအခါမှာတော့ ချင်ယွင်သည် ကျောက်ရွေးချယ်ရာမှာ အဆင့်မြင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်နိုင်သည်ကို သူ သဘောပေါက်လာခဲ့သည်။ ဤအရာက ချင်ယွင်၏ ကိုယ်ရေးအချက်လက်ကို သူ့ကို စိတ်ဝင်စားစေသည်။ ထို့ကြောင့်၊ ချင်ယွင်သည် နောက်ဆုံးတွင် နတ်ဘုရားကျောက်တုံး ၇၀၀၀၀၀ မရရှိခဲ့လျှင်ပင် သူကိုယ်တိုင် ပေးချေပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။

သေချာသည်မှာ၊ သူသည် ချင်ယွင် နတ်ဘုရားကျောက်တုံး ၉,၀၀၀ မှ ၇၀၀၀၀၀ ရရှိရန်ကို မျှော်လင့်နေဆဲ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်, ၎င်းသည် လောင်းကစားလောက တစ်ခုလုံးကို လှုပ်လှုပ်ရှားရှားဖြစ်လာရန် လုံလောက်သောကြောင့်ပင်။

"သခင်လေး ပိုင်ယုက နောက်နေပြန်ပါပြီ။ ဒီညီလေး နတ်ဘုရားကျောက်တုံး ၇၀၀၀၀၀ ရရှိဖို့ ငါလည်း မျှော်လင့်ပါတယ်။ ဒီနည်းနဲ့သာ ငါ သူနဲ့ ပြိုင်လို့ရမှာလေ။ ဒါကလည်း သင်ယူဖို့အတွက် အခွင့်ကောင်းတစ်ခုပါပဲ။" ဆရာကြီး ဟောင်ယုသည် နှိမ့်ချစွာ ပြောလိုက် သော်လည်း ယခုအချိန်မှာ သူ့နှလုံးသားသည် လုံးဝကို အုံ့မှိုင်းနေခဲ့သည်။

မူလကတော့, သူသည် ကိုက်စားရန်အတွက် ပျော့ပျောင်းသော ပန်းသီးတစ်လုံးကို ရှာဖွေချင်ခဲ့သော်လည်း သံပြားကိုမှ ကန်မိသည့်အန္တရာယ်မျိုး ကြုံတွေ့ရမည်ဟု သူ အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။ ဤအရာက သူ့နှလုံးသားထဲမှာ သက်ပြင်းအမောကြီး ချမိစေခဲ့သည်။

ဤတစ်ကြိမ်တွင်၊ သူသည် သခင်လေး ပိုင်ယုနောက်သို့ လိုက်ပါခွင့်ရခြင်းသည် အခွင့်ကောင်းကြီးတစ်ခု ဖြစ်သည်။ အကယ်၍ သူသာ သခင်လေး ပိုင်ယု၏ လေးမြတ်ထား မှုကို ရယူနိုင်ခဲ့ပါက၊ နောင်အနာတ်မှာ သူသည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်မှာ သေချာပေါက် မြင့်တက်လာနိုင်မည် ဖြစ်သည်။

ယခုမူ သခင်လေး ပိုင်ယုသည် ထိုလူငယ်ကို အလေးမြတ်ထားနေပုံရသည်။ ဤအရာက သူ့ကို အလွန် စိတ်မချမ်းမသာဖြစ်စေခဲ့သည်။ သွားရှုပ်မိသည့် သူ့ကိုယ်သူသာ အပြစ်တင် နေမိသည်။ သူသည် ချင်ယွင်ကို အဘယ့်ကြောင့် သွားပြီး ရန်စမိသနည်း?။

သို့သော် ယခုတော့ အရာအားလုံး ဖြစ်ပျက်ပြီးသွားပြီ။ သူသည် ထိုကျားကို စီးနိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ချင်ယွင်သည် ထိုနတ်ဘုရားကျောက်တုံး ခုနှစ်သိန်းကို အမှန်တကယ် ရရှိသွားခဲ့ပါက၊ သူသည် ထိုလောင်းကြေးကို လက်ခံရတော့မည် ဖြစ်သည်။

"သူ နောက်ထပ် တန်ဖိုးကြီး ရတနာတစ်ခုကိုမှ ထပ်မဖွင့်နိုင်ဖို့ ငါ မျှော်လင့်တယ်။ မဟုတ်ရင် မယဉ်ကျေးတဲ့အတွက် ငါကို အပြစ်မတင်နဲ့။" အဆင့်မြင့် ဆရာကြီး ဟောင်ယု က သူ့စိတ်ထဲမှာ အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။

သူသည် ဤအခွင့်အရေးကို ခက်ခက်ခဲခဲ ရယူထားရသည်။ အကယ်၍, လွဲချော်သွားခဲ့လျှင်, သူသည် နောင်တကြီးစွာရမည်မှာ သေချာပါသည်။ အကယ်၍, မည်သူမဆို သူ၏ တက်လမ်းကို ပိတ်ဆို့ဖို သတ္တိရှိခဲ့လျှင်, သူသည် ထိုလူကို သဘာဝအတိုင်း အလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။

ဘန်း…။

ဆရာကြီး ဟောင်ယု၏ စိတ်နှလုံးသည် သတ်ဖြတ်လိုသောဆန္ဒဖြင့် ပြည့်နှက်လာစဉ်မှာ အဝေးမှ နောက်ထပ် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းလုံးများ ထွက်ပေါ်လာ ပြီး၊ အေးစက်စက် အသက်ရှူသံအချို့လည်း ထွက်ပေါ်လာပါသည်။

လူတိုင်းသည် ဆရာကြီးအန်း၏ လက်ထဲမှ ကျောက်တုံးကြီးရှိရာဆီသို့ ကြည့်နေကြပါ သည်။ သို့သော်, တတိယကျောက်တုံး ဖြတ်ထွက်သွားသည်ကို တွေ့လိုက်ရသော အခါတွင် သူတို့၏ မျက်နှာများသည် ထူးထူးခြားခြား အံ့သြသွားသည့်အမူအရာ ပေါ်လာပါသည်။

"ဒါ...ဒါက ဘာလဲ?" တစ်စုံတစ်ယောက်သည် အံ့ဩတကြီး မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။ ကျောက်တုံးအတွင်းမှ အရာကို ကြည့်လိုက်ရင်း သူတို့၏ မျက်နှာကိုယ်စီမှာ အံ့သြနေကြ သည့် အမူအရာအသီးသီး ပေါ်လွင်နေသည်။

တတိယမြောက် ကျောက်တုံးသည် နတ်ဘုရားပစ္စည်း မဟုတ်တော့ပါ။ ယင်းအစား၊ ၎င်းသည် ကြယ်များကဲ့သို့ တောက်ပသော ငွေရောင်အရည် ဖြစ်သည်။

ဤအရည်သည် မများလှပါ၊ အများဆုံး ကြွေပုလင်းငယ်တစ်ခုလောက်သာ အပြည့်ဖြည့်နိုင် သည်။ သို့သော် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းသည် အနှိုင်းမဲ့ သိပ်သည်း နေပုံရပြီး ဆိုင်တစ်ခုလုံး ချက်ချင်း ပျံ့နှံ့သွားသည်။

ထိုနတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ သာမက အရည်သည် ထူးဆန်းသော ရနံ့ကိုလည်း သယ်ဆောင်လာသည်။ ထိုရနံ့သည် ဆိုင်အပြင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူများစွာကို ကြည့်ရှုရန် ဆွဲဆောင်သွားခဲ့သည်။

"ဒါက ဘယ်လို အရည်မျိုးလဲ?။ ဘာလို့ ဒီလောက်မွှေးနေရတာလဲ" လူအုပ်ထဲက လူတစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးသည်။

"ဟမ့်၊ ဒီအမွေ့ရနံ့ကို ဘာနေရာမှာ သွားသုံးရမှာလဲ?။ ဒါက ဘာမှ အသုံးမဝင်တဲ့ အရည်တွေပဲလို့ ငါ ထင်တယ်" လူငယ်သည် အထင်သေး ရှုတ်ချသော အမူအရာဖြင့် အေးစက်စွာ ဟစ်အော်လိုက်သည်။

လူအုပ်ကြီးသည် ထိုစကားကို ကြားလျှင် အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

"ဒါက ရှေးဟောင်းကြယ်ရေစင်ပဲ။ နတ်ဘုရားကိုယ်ခန္ဓာကို အားကောင်းစေပြီး နတ်ဘုရား တန်ခိုးကို သန့်စင်ပေးနိုင်တဲ့ လုပ်ဆောင်ချက်အချို့ ပါရှိတယ်။ အဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ခုလို့ ပြောလို့ရတယ်။" ထိုအချိန်မှာပင် သခင်လေးပိုင်ယု ရုတ်တရက် စကားပြောလာ သည် ။

ထိုစကားကိုကြားတော့ အားလုံးလည်း အံ့အားသင့်သွားကြသည်။

ရှေးဟောင်းကြယ်ရေစင်သည် မည်သည့်အရာဖြစ်သည်ကို သူတို့ မသိကြသော်လည်း၊ နတ်ဘုရားခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး နတ်ဘုရားတန်ခိုးကို သန့်စင်ပေးနိုင်သည့် ရတနာများအကြောင်းက မကြားဖူးသလောက်ပင်။ ဤရတနာများသည် အခြေခံအားဖြင့် အဖိုးမဖြတ်နိုင်ပေ။

"ဒါက တကယ်ပဲ ရှေးဟောင်းကြယ်ရေစင်ပါ။ နတ်ဘုရားကျောက်တုံး ၂၅၀၀၀၀ တန် တယ်။" ဘေးနားမှ ကျောက်တုံးများကို တိတ်တဆိတ် ဖြတ်နေသော ဆရာကြီး အန်းက ရုတ်တရက် ပြောလိုက်သည်။ သူက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ပြီး အကဲခတ်လိုက် သည်။

အမှန်တော့၊ ဤနတ်ဘုရားဝိညာဉ် ကျောက်တုံးလေးလုံးကို လှီးဖြတ်လိုက်သည်နှင့်အမျှ ဆရာကြီး အန်း၏ ထိတ်လန့်မှုက ပို၍ကြီးမားလာသည်။

ယခုအချိန်အထိ ချင်ယွင်သည် စုစုပေါင်း နတ်ဘုရားဝိညာဉ် ကျောက်တုံး ငါးတုံးကို ရွေးချယ်ထားပြီး လေးခုကို ဖွင့်လှစ်ပြီးသွားပြီ။ ကျောက်တုံးလေးခုစလုံးသည် အဖိုးတန် ရတနာကိုယ်စီ ပိုင်ဆိုင်ကြပြီး၊ ရတနာတစ်ခုစီတိုင်းက လူအများကြီး ထိတ်လန့် အံ့ဩသွားစေလောက်သည်။

"ဒီရှေးဟောင်းကြယ်ရေစင်ကို ဝယ်ဖို့အတွက် ငါ နတ်ဘုရားကျောက်တုံး ၃၀၀၀၀၀ ပေးချေဖို့ ဆန္ဒရှိတယ်။ အဲဒါက ငါ့အတွက် အသုံးဝင်တယ်။"

သို့သော် ဤအခိုက်အတန့်တွင် သခင်လေး ပိုင်ယုက ထပ်မံ ပြောပြန်သည်။ သူ စကား ပြောလိုက်သည့်အခိုက်မှာ အားလုံးက ချက်ချင်း တုန်လှုပ်သွားကြသည်။

နတ်ဘုရားကျောက်တုံး သုံးသိန်း၊ သို့ဆိုလျှင် ယခင်က နတ်ဘုရားကျောက်တုံးများနှင့် ဆိုပါက နတ်ဘုရားကျောက်တုံး ခုနှစ်သိန်းရှိသွားပြီ မဟုတ်ပါလော။

စတုတ္ထမြောက် နတ်ဘုရားဝိညာဉ်ကျောက်တုံးမှ နောက်ထပ် တစ်စုံတစ်ခုကို ဖြတ်တောက်နိုင်သည်နှင့်, ၎င်းသည် ဆရာကြီးအန်း၏ ကျောက်တုံးဖြတ်တောက်ခ ကုန်ကျစရိတ်အတွက် ပေးချေရန် လုံလောက်သွားပြီး၊ ချင်ယွင်သည် ဆရာကြီး ဟောင်ယု နှင့် လောင်းကစားပြုလုပ်ရန် အရင်းအနှီး ရှိသွားပြီဟု ဆိုလိုရာရောက်သည် မဟုတ်ပါ လော?။

လူတိုင်းသည် ထိုအကြောင်းကို တွေးကြည့်လိုက်သည့်အခါ, သူတို့၏စိတ်နှလုံးထဲမှာ တုန်လှုပ် ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် လူသစ်တစ်ဦးဟု သံသယမရှိတော့ဘဲ, သူသည် တကယ့်ကို အဆင့်မြင့် ကျောက်ရွေးချယ်ရေး ကျွမ်းကျင်ပညာရှင် ဖြစ်သည်ဟု အသိအမှတ် ပြုလိုက် ကြသည်။

ကျောက်ရွေးချယ်ရေးသမား နှစ်ယောက်ကြားမှ တိုက်ပွဲမျိုးသည် တစ်သက်မှာ တစ်ခါသာ ကြုံတွေ့နိုင်သည့် ကြီးကျယ် ခမ်းနားသော အဖြစ်အပျက်တစ်ခု ဖြစ်လာပါလိမ့်မည်။

All Chapters