← Chapters

အခန်း ၁၂၀၉

Vol. 81 Ch. 1209

အခန်း ၁၂၀၉

Vol. 81 Ch. 1209

အခန်း (၁၂၀၉) နတ်ဘုရားဆေးလုံး မွေးဖွားခြင်း။

ပတ်ဝန်းကျင်ရှိ လူတိုင်း အလွန်စိတ်လှုပ်ရှားနေကြသည်။ နီထိုက်စွေ့သည်လည်း အလွန် တုန်လှုပ်သွားပြီး လုံးလုံး မှင်သက်နေခဲ့သည်။

အမြဲတမ်း စကားပြောတတ်သည့် သူသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ရပ်နေမိသည်။ သူသည် လုံးဝကို ပြောစရာစကား မဲ့နေခဲ့ပါသည်။

ချင်ယွင်က သူ့ကို အလွန်ထိတ်လန့်စေခဲ့သည်။ သေချာသည်မှာ, သူသည် ချင်ယွင်ကို အကောင်းဆုံး နားလည်ထားသူ တစ်ယောက်ဖြစ်သည်။

ထိုသို့ဖြစ်ပါလျှက်, ချင်ယွင်က သူသည် အဆင့်မြင့်ကျောက်တုံးရွေးချယ်သူ ဖြစ်သည်ဟု သူ့ကို ပြောသောအခါ၊ ချင်ယွင်က နောက်ပြောင်နေသည်ဟု သူ အမြဲထင်နေခဲ့သည်။ ယခုမူ, သူသည် ချင်ယွင် ရွေးချယ်ထားသော နတ်ဘုရားဝိညာဉ် ကျောက်တုံး အနည်းငယ် ကို မြင်လိုက်ရသောကြောင့် ချင်ယွင်၏ စကားကို လုံးဝ အကြွင်းမဲ့ ယုံကြည်သွားခဲ့သည်။

ဤအရာက ယုတ္တိမရှိဟု သူခံစားမိသော်လည်း သူ၏ရှေ့မှ ဖြစ်ပျက်တွေက အမှန်တရား ဆိုသည့် အချက်ကို သူ လက်ခံရုံသာ တတ်နိုင်ပါသည်။

"ညီအစ်ကို ချင်၊ မင်းက တကယ်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ။ ငါက မင်းကို အဆင့်မြင့်ကျွမ်းကျင်အဆင့် ကျောက်တုံးရွေးချယ်သူတစ်ဦး ဖြစ်နေမယ်လို့ ငါ မမျှော်လင့် ထားခဲ့ဘူး။" နီထိုက်စွေ့က ချင်ယွင်ကို ခါးသီးစွာ ပြုံးပြလိုက်သည်။

ချင်ယွင်က ပြုံးလိုက်သည်။ နီထိုက်စွေ့သည် သူ့ကို နားလည်မှုလွဲပြီး အဆင့်မြင့် ကျွမ်းကျင် အဆင့် ကျောက်တုံးရွေးချယ်သူဖြစ်သည့် သူ၏ကိုယ်ရေးအချက်လက်ကို ဖုံးကွယ်ထား သည်ဟု ထင်မြင်သွားကြောင်း သူ သိသည်။ သို့သော်၊ ဤသည်မှာ ကျောက်တုံးပေါ် အလောင်းစားကို ပထမဆုံးအကြိမ် လောင်းကစားဖြစ်သည်ဟု သူ တကယ်ပြောလျှင် လည်း နီထိုက်စွေ့က ယုံကြည်မည် မဟုတ်တော့ပေ။ ယင်းအစား၊ သူ့ကို နားလည်မှု လွဲသွားစေခြင်းက ပိုကောင်းပါသည်။ ထို့အပြင်, နီထိုက်စွေ့သည် ဤအရာကြောင့် မပျော်မရွှင် ဖြစ်ပုံမရပေ။ ယင်းအစား ချင်ယွင်ကိုပင် လေးလေးစားစား ကိုးကွယ်လာခဲ့ သည်။

"ညီအစ်ကို ချင်၊ မင်း မြန်မြန်ပြောစမ်းပါ။ ဒီစတုတ္ထမြောက် နတ်ဘုရားဝိညာဉ် ကျောက်တုံး မှာ ဘယ်လိုရတနာမျိုး ရှိနေမလဲ" နီထိုက်စွေ့က ချင်ယွင်ကို လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် မေးသည်။

ယခုအချိန်တွင် ချင်ယွင်၏ စတုတ္ထမြောက် နတ်ဘုရားဝိညာဉ် ကျောက်တုံးတွင် ရတနာများမရှိဟု သူ မယုံကြည်တော့ပေ။ အဆုံးတွင်၊ ပထမနတ်ဘုရားဝိညာဉ် ကျောက်တုံးသုံးခုမှ ရတနာများ အားလုံးသည် အလွန်တန်ဖိုးရှိသောကြောင့် ဤစတုတ္ထ မြောက် နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် ထိုမျှလောက် မဆိုးသင့်ပေ။

သို့သော် ချင်ယွင်၏အဖြေသည် နီထိုက်စွေ့အား အလွန်စိတ်ပျက်အားငယ်စေပြီး သွေးအန်လုနီးပါး ဖြစ်သွားစေခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်က ဘာမှမထူးခြားသည့် အမူအရာဖြင့် ပြောလိုက်သည်။

"ဒါက ဘယ်လိုရတနာမျိုးဖြစ်မယ်ဆိုတာ ငါ မသိဘူး။ ငါက ဒီစတုတ္ထမြောက် ကျောက်တုံးကို ပေါ့ပေါ့ပါးပါးပဲ ရွေးလိုက်တာ။ ကြည့်လို့ကောင်းလို့ ရွေးချယ်လိုက်တယ် ဆိုပါတော့။" ထိုစကားကို ပြောပြီးနောက် လက်ကို ဆန့်တန်းကာ အမူအရာ လုပ်ပြသည်။

နီထိုက်စွေ့သည် ချင်ယွင်၏ ဘာမှမသိဟန် ဟန်ပန်အမူအရာကို ကြည့်ပြီး၊ ချက်ချင်းပင် စိတ်ဓာတ်ကျသွားသည်။

စတုတ္ထမြောက် နတ်ဘုရားဝိညာဉ်ကျောက်တုံးကို အမှန်တကယ် ကျပန်းရွေးချယ်ခဲ့သည် လား?. ကြည့်ကောင်း၍လား?။ ဤသည်မှာ ကျောက်တုံး ရွေးချယ်ရခြင်း၏ အကြောင်းအရင်းလား?။ သို့ဆိုလျှင်၊ သူ၏ပထမဆုံး နတ်ဘုရား ဝိညာဉ်ကျောက်တုံး သုံးခု အပေါ် သူသည် အလွန်ယုံကြည်မှု ရှိနေရမည် မဟုတ်ပါလား?။

"မင်းရဲ့ စတုတ္ထမြောက် နတ်ဘုရားဝိညာဥ်ကျောက်တုံးက အခေါင်းပေါက်ကျောက်တုံး ဖြစ်နေမှာကို မင်း မကြောက်ဘူးလား" နီထိုက်စွေ့က ဒေါသတကြီး မေးသည်။

"မကြောက်ပါဘူး”။ ချင်ယွင်က သူ့ခေါင်းကို ခါယမ်းပြီး ယုံကြည်မှုရှိသည့် အမူအရာဖြင့် ပြောလိုက်ပါသည်။

အမှန်တကယ်မှာလည်း၊ သူသည် စတုတ္ထမြောက် နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ပေါ့ပေါ့တန်တန် ရွေးချယ်ခဲ့သည်။ သူသည် အတွင်းမှ ရတနာများကို မထိတွေ့နိုင်သော် လည်း စတုတ္ထမြောက် နတ်ဘုရားဝိညာဉ် ကျောက်တုံးမှ ဖြစ်ပေါ်လာသော စွမ်းအင် အတက်အကျလှိုင်းများကို သူ ခံစားနိုင်ပါသည်။ ထို့အပြင်၊ ဤစွမ်းအင်အတက်အကျ လှိုင်းသည် အားနည်းခြင်း မရှိပေ။ ထို့ကြောင့် စတုထ္ထမြောက် နတ်ဘုရား ဝိညာဥ် ကျောက်တုံးသည် အခေါင်းပေါက်ကျောက် မဟုတ်ကြောင်း ချင်ယွင်က သေချာပေါက် သိသည်။ အထဲမှာ မည်သည့် ရတနာမျိုး ပါဝင်နေမလဲဆိုသည်ကိုတော့ ချင်ယွင် မသိပါဘူး။

ချင်ယွင်၏ ထိုစွမ်းရည်သည် အလွန်ထူးခြားသည်။ ယခုလေးတင် စမ်းသပ်မှု အပြီးတွင်၊ သူသည် နတ်ဘုရားဝိညာဉ် ကျောက်တုံးပေါ်တွင် သူ့လက်ကို တင်ထားသရွေ့ နတ်ဘုရား ဝိညာဉ်ကျောက်တုံးမှ ဖြစ်ပေါ်လာသော စွမ်းအင်အတက်အကျ လှိုင်းများကို အကြမ်းဖျင်း သိမြင်နိုင်သည်။ ထို စွမ်းအင်အတက်အက်လှိုင်းမှတဆင့် အတွင်းမှာရှိသည့် ရတနာက မည်သည့်ပုံစံဖြစ်လဲဆိုသည်ကို အကြမ်းဖျင်း သိမြင်နိုင်သည့်အတွက် အထဲမှာ မည်သည့်ရတနာရှိလဲဆိုသည်ကို သူ ဆုံးဖြတ်နိုင်သည်။

သို့သော် ၎င်းကို လက်ဖြင့် ထိတွေ့ခြင်းမရှိပါက, နတ်ဘုရားဝိညာဥ်ကျောက်တုံးအတွင်း၌ ရတနာများ ရှိမရှိကိုသာ သူ ခံစားနိုင်ပြီး၊ အတွင်း၌ရှိနေသော ရတနာများကို မခံစားနိုင်ပါ။

ချင်ယွင်သည် အစောပိုင်းက ရွေးချယ်ထားသော နတ်ဘုရားဝိညာဉ် ကျောက်တုံးသုံးခု ထဲမှာ ပါဝင်သည့်အရာတွေကို ကြိုတင်ပြီး သူ သိထားပါသည်။ စတုတ္ထမြောက် နတ်ဘုရား ဝိညာဥ်ကျောက်တုံးကတော့, အနည်းငယ် ဆန်းကြယ်နေသည့်အတွက်, သူသည် သူ့ကိုယ်သူ ချုပ်တည်းထားလိုက်သည်။

နီထိုက်စွေ့သည် ချင်ယွင်၏ ယုံကြည်မှုအပြည့်ရှိသော အသွင်အပြင်ကို ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ချင်ယွင်သည် ရတနာတစ်ခုဖွင့်ဖော် နိုင်သည့် နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ရှောင်တခင် ရွေးချယ်ခဲ့သည်ကို သူ တကယ် မယုံကြည်ခဲ့သော်လည်း ချင်ယွင်သည် အံ့ဩဖွယ်ရာများစွာကို ယူဆောင်လာခဲ့သည်။

…

ဤအခိုက်အတန့်တွင် ဆရာကြီး အန်းသည် ကျောက်တုံးများကို ဖြတ်ပြီးသွားပြီ ဖြစ်ကာ စတုတ္ထမြောက် နတ်ဘုရားသခင်ဝိညာဉ် ကျောက်တုံးကို အပိုင်းလိုက် ဖြတ်ပိုင်းရန် စတင်နေပြီ ဖြစ်သည်။

"အခေါင်းပေါက်ကျောက်..၊ အခေါင်းပေါက်ကျောက်...။" ထိုလူငယ်သည် စတုတ္ထမြောက် နတ်ဘုရားဝိညာဉ် ကျောက်တုံးမှ နောက်ထပ် မည်သည့်ရတနာကိုမှ မဖြတ်တောက်စေ ချင်သည့်အတွက် သူ့စိတ်ထဲတွင် အော်ဟစ်နေခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည်လည်း ဤစတုတ္ထမြောက် နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ပထမ နတ်ဘုရားဝိညာဉ် ကျောက်တုံးသုံးခုကဲ့သို့ ရတနာတစ်ခုခု ဖြတ်ထုတ်နိုင်မလား ဆိုသည်ကို သိချင်စိတ်ဖြင့် မျက်တောင်မခတ်ဘဲ ထိုနတ်ဘုရားဝိညာဉ် ကျောက်တုံးကို စိုက်ကြည့်နေကြသည်။

ကျောက်တုံး အပိုင်းအစများသည် တရွေ့ရွေ့ လွင့်ထွက်သွားပြီး နတ်ဘုရား ဝိညာဉ် ကျောက်တုံးလည်း တဖြည်းဖြည်း သေးငယ်လာသည်။ ကျောက်တုံး အပိုင်းအစများ လွှင့်ပစ်သွားသည်နှင့်အမျှ လူတိုင်း၏ နှလုံးသားများသည် တရွေ့ရွေ့ မြင့်တက်လာပါ သည်။

တစ်ဖက်တွင်မူ၊ ချင်ယွင်သည် သက်သောင့်သက်သာဖြစ်ဆုံးနှင့် ပြုံးပျော်နေသည့် တစ်ဦးတည်းသောလူ ဖြစ်ပါသည်။ အခြားသူများ၏ အမူအရာများသည် အလွန် လေးနက်နေပါသည်။

နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် လက်သီးဆုပ်အရွယ်အထိ လျင်မြန်စွာ ဖြတ်တောက် သွားခဲ့သည်။ ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်လိုက်ရသည့်အခါ သူတို့၏ နှလုံးသားတွေက ပို၍ပင် ခုန်လာခဲ့သည်။ သို့သော် စတုတ္ထမြောက် ကျောက်တုံးသည် နောက်ထပ် ရတနာ များ မထုတ်ဖော်နိုင်တော့ဟု သူတို့ သံသယရှိလာကြသည်။

ထိုလူငယ်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ သိပ်သည်းလာသည်။ စတုတ္ထမြောက် နတ်ဘုရား ဝိညာဉ်ကျောက်တုံးမှာ ရတနာများ မပါသေးသည်ကို တွေ့လိုက်ရသဖြင့် သူသည် အလွန့်လွန် ဝမ်းသာနေခဲ့သည်။

ထိုကဲ့သို့ပင်၊ နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် ကြက်ဥအရွယ်အထိ လျင်မြန်စွာ ဖြတ်တောက်သွားခဲ့သည်။ သို့သော် ရတနာတစ်ခုခု၏ အရိပ်အယောင်ပင် မတွေ့ရသေးပါ ချေ။ ယင်းက စတုတ္ထမြောက် နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် အခေါင်းပေါက် ကျောက်တုံး ဖြစ်ကြောင်း လူတိုင်းကို စိတ်ချယုံကြည်စေခဲ့သည်။

ဆရာကြီး ဟောင်ယုသည် ဤမြင်ကွင်းကို အဝေးမှမြင်သောအခါ မပြုံးဘဲ မနေနိုင်ခဲ့ချေ။

အကယ်၍, ချင်ယွင်သည် စတုတ္ထမြောက် နတ်ဘုရားဝိညာဥ်ကျောက်တုံးမှ အခြား ရတနာတစ်ခုခုကို ဖြတ်တောက်နိုင်ခဲ့လျှင်, ၎င်းသည် ကောင်းကင်ဘုံကို အံတုလွန်းနေပြီ။ အနည်းဆုံးတော့, သူသည် ချင်ယွင်ကို အနိုင်ယူနိုင်သေးသည်ဟု သူ ခံစားလိုသေးသည်။ သို့သော် စတုတ္ထမြောက် နတ်ဘုရားဝိညာဉ်ကျောက်တုံးမှ အထူးတန်ခိုးကြီးသော ရတနာ တစ်ခုခုကို ဖြတ်တောက်လိုက်ခဲ့လျှင်၊ ၎င်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။

သူ့ကို မပြောနှင့်ဦး၊ လောင်းကစားလောကတစ်ခုလုံးမှာတောင် ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုကို မရရှိနိုင်ပါဘူး။

ဤအခိုက်တွင် သခင်လေး ပိုင်ယုသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ပထမ ကျောက်တုံးသုံးတုံးသည် ချင်ယွင်၏စွမ်းရည်ကို သက်သေပြခဲ့ပြီး ဖြစ်သော်လည်း စတုတ္ထမြောက် ကျောက်တုံးသည် အခေါင်းပေါက်ကျောက်ဖြစ်သွားလျှင် ဝမ်းနည်းစရာ ကောင်းလွန်းလှသည်။ သခင်လေး ပိုင်ယုသည် ပြီးပြည့်စုံမှုကို အလိုချင်ဆုံး ဖြစ်သည်။ ထိုသို့သော နောင်တသည် သူ့အတွက် အမှန်တကယ်ပင် ဆိုးရွားလှသည်။

ထိုအခိုက်အတန့်မှာ အပျော်ဆုံးလူကတော့ လူငယ်လေးတန်ဇီပင် ဖြစ်ပါသည်။ သူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောပြီး မရိုးဖြောင့်သောလေသံဖြင့် ပြောလိုက်သည် "ဟား...၊ ဟား...၊ မင်းက ကျောက်တုံးရွေးချယ်သူ ဆရာကြီးတစ်ဦး မဖြစ်နိုင်ဘူးလို့ ငါ ပြောခဲ့ပါ တယ်။ ပထမကျောက်တုံးသုံးခုက မင်းအတွက် ကံကောင်းသွားလို့ပါ။ အခု မင်း ကံမကောင်းတော့ဘူး။ ဒီစတုတ္ထမြောက် ကျောက်တုံးက အခေါင်းပေါက်ကျောက်တုံး ဖြစ်နေပြီ။ ကျောက်တုံးရွေးချယ်သူ ဆရာကြီးတစ်ဦးက အခေါင်းပေါက်ကျောက်ကို ရွေးချယ်မယ်လို့ မင်း ထင်လား။”

လူငယ်လေးတန်ဇီ၏ စကားများသည် ကျယ်လောင်လွန်းသဖြင့် ရောက်ရှိနေသူတိုင်း ကြားနိုင်ပေသည်။

လူတိုင်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ကြပေ။ သူတို့သည် စိတ်ထဲမှာ ချင်ယွင်ကို သံသယဝင်လာကြသည်။ အဆင့်မြင့် ကျောက်တုံးရွေးချယ်သူ ဆရားကြီးတစ်ဦးအနေဖြင့် အခေါင်းပေါက်ကျောက်တုံးကို ရွေးချယ်မိရန် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပါသည်။ သို့သော်, ချင်ယွင်၏ စတုတ္ထမြောက် နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် အခေါင်းပေါက် ကျောက်တုံး ဖြစ်နေသည်။ ဤအရာက တကယ်ကို အတန်ငယ် ခွင့်မလွှတ်နိုင်စရာပင်။

"ဖြစ်နိုင်တာက သူ တကယ်ပဲ ကံကောင်းနေတာများလား?။ ဒီလိုမျိုး မမှားယွင်းနိုင်ဘူး မဟုတ်လား?" အားလုံးက ပဟေဠိဖြစ်နေကြပြီး တခဏအတွင်း ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေကြသည်။

သူ့စကားတွေ အလုပ်ဖြစ်သွားသည်ကို မြင်လိုက်ရတော့ လူငယ်လေးတန်ဇီ၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် ကြီးမားလာပါသည်။

သူသည် ချင်ယွင်အကြောင်း ဆက်ပြောတော့မည့်အခိုက်မှာပင် တန်ခိုးကြီးသော နတ်ဘုရားအလင်းရောင်တစ်ခုက ကောင်းကင်ယံသို့ ချက်ချင်း ပစ်လွှတ်သွားပြီး၊ သူ၏ အိမ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ တိမ်စိုင်တိမ်တိုက်များအတွင်းသို့ ပျံတက်သွား ခဲ့သည်။

နတ်ဘုရားအလင်းတန်းသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ၎င်း၏တန်ခိုး အစွမ်းသည် ကြီးမားလှသည်။

လူတိုင်းသည် စွမ်းအင်အတက်အကျလှိုင်းကြောင့် အံ့အားသင့်သွားကြပြီး စွမ်းအင် အတက်အကျလှိုင်း၏ ဦးတည်ရာဆီသို့ မျှော်ကြည့်ကြသည်။

မျက်လုံးတစ်လုံး အရွယ်အစားရှိ ဆေးလုံးတစ်လုံးသည် လေထဲတွင် လွင့်မျောနေပြီး၊ တန်ခိုးကြီးသော နတ်ဘုရားအလင်းရောင်တစ်ခုက ၎င်းပေါ်တွင် တည်ရှိနေပါသည်။ ၎င်းသည် ဖော်မပြနိုင်လောက်အောင် လှပပြီး အံ့ဖွယ်ကောင်းလှပါသည်။

“နတ်ဘုရား..... နတ်ဘုရားဆေးလုံး..”။

လူတိုင်း၏ နှုတ်ခမ်းထောင့်စွန်းများသည် အထိမ်းကွပ်မဲ့ တုန်လှုပ်ချောက်ချားသွားကြကာ၊ နှိုင်းစာ၍မရသည့် အံ့ဩထိတ်လန့်မှုက သူတို့နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

All Chapters