အခန်း ၁၂၁၀
Vol. 81 Ch. 1210
အခန်း (၁၂၁၀) ငါတို့က အဆင့်တူမဟုတ်ဘူး။
"နတ်ဘုရားဆေးလုံးတစ်လုံးလား....?"
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သူတို့မျက်နှာတွေက အံ့ဩသွားကြပါ သည်။
နတ်ဘုရားဆေးလုံးသည် နတ်ဘုရားကမ္ဘာမှာ နှိုင်းစာ၍မရအောင် အဖိုးတန်သည့် ပစ္စည်းတစ်ခုဖြစ်ပြီး၊ ၎င်း၏တန်ဖိုးသည် အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုထက် အဆပေါင်းများစွာ မြင့်မားပါသည်။
နတ်ဘုရားဆေးလုံးများကို အဆင့်နိမ့်အဆင့်၊ အလယ်အလတ်အဆင့် အဆင့်မြင့်အဆင့် နှင့် ထိပ်တန်းအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားပါသည်။
၎င်းတို့တွင် အဆင့်နိမ့် နတ်ဘုရားဆေးလုံးများသည် အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်း များနှင့် ညီမျှပါသည်။ အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံးများအတွက်မူ, ၎င်းတို့၏တန်ဖိုးသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများထက်ပင် သာလွန်ပါသည်။ အဆင့်မြင့်အဆင့် နတ်ဘုရားဆေးလုံးများနှင့် ထိပ်တန်းအဆင့် နတ်ဘုရားဆေးလုံးများကို ဖော်ပြထားခြင်းပင် မရှိခဲ့ပေ။ ၎င်းတို့သည် မည်သည့်စျေးနှုန်းဖြင့်မဆို ဝယ်ယူ၍ပင် မရနိုင်သည့် အကြွင်းမဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးများ ဖြစ်ကြပါသည်။
နတ်ဘုရားဆေးလုံးများသည် အဘယ်ကြောင့် အလွန် တန်ဖိုးရှိနေရသနည်း?။
ဟုတ်ပါသည်။ အကြောင်းရင်းက နတ်ဘုရားဆေးလုံးများသည် အလွန်မင်း ရှားပါးသော ကြောင့် ဖြစ်ပါသည်။ ယခုအချိန်တွင်၊ နတ်ဘုရားကမ္ဘာတစ်ခုလုံးရှိ မှော်ဆေးဆရာများကို လက်နှစ်ဖက်နီးပါးဖြင့်ပင် ရေတွက်နိုင်ပါသည်။ ၎င်းတို့ထဲမှ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးသည် အဆင့်နိမ့်အဆင့် နတ်ဘုရားဆေးလုံးများကိုသာ သန့်စင်ပေးနိုင်သူများ ဖြစ်ကြပါသည်။
၎င်းတို့ထဲမှ တစ်ယောက်စ နှစ်ယောက်စလောက်ကသာ အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံးများကို သန့်စင်ပေးနိုင်သည်။ အဆင့်မြင့်အဆင့် နတ်ဘုရားဆေးလုံး များအတွက်မူ လက်တွေ့အားဖြင့် မရှိဟုပင် ဆိုနိုင်ပါသည်။
ထို့အပြင်၊ နတ်ဘုရားဆေးလုံးများကို သန့်စင်ရန်အတွက် လိုအပ်သောပစ္စည်းများမှာ အလွန်ရှားပါးလှသည်။ နတ်ဘုရားဆေးလုံးများကို သန့်စင်ရန် လိုအပ်သည့်အချိန်သည် လည်း အမှန်တကယ်ပင် ရှည်ကြာလွန်းလှပါသည်။ ထို့ကြောင့် နတ်ဘုရားဆေးလုံးများကို သန့်စင်ရန် ဆန္ဒရှိသူက မရှိသလောက် နီးပါပေ။
ယနေ့ခေတ်တွင်၊ နတ်ဘုရားကမ္ဘာရှိ နတ်ဘုရားဆေးလုံး အားလုံးနီးပါးသည် ရှေးခေတ်မှ ဆင်းသက်လာကြပါသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊ ရှေ့ခေတ်မှ လက်ဆင့် ကမ်းလာကြသော နတ်ဘုရားဆေးလုံးများသည် တဖြည်းဖြည်း ကုန်ဆုံးလာကြပါပြီ။ ထိုကြောင့် နတ်ဘုရားဆေးလုံးများ ပို၍ ရှားပါးလာပါသည်။
ယခု၊ ချင်ယွင်သည် ဤနတ်ဘုရားဝိညာဉ်ကျောက်တုံးအတွင်းမှ နတ်ဘုရားဆေးလုံးကို အမှန်တကယ် ဖြတ်တောက်နိုင်ခဲ့သည်။ ဤအရာက အမှန်တကယ် အံ့ဖွယ်ဖြစ်ရပ် တစ်ခုပင်။
"အဆင့်နိမ့် နတ်ဘုရားဆေးလုံး၊ ထိုင်ဟောက်ဆေးလုံး” ဒါက မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ် က ဒဏ်ရာတွေကို ချက်ချင်း သက်သာပျောက်ကင်းစေပြီး၊ မင်းရဲ့ခွန်အားကို အထွတ် အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိစေနိုင်တယ်။ ဒီဆေးက အဆင့်နိမ့် နတ်ဘုရား ဆေးလုံးများစွာထဲမှ ထိပ်တန်တစ်ခုလို့ ဆိုနိုင်တယ်။ “ သခင်လေး ပိုင်ယုက ပြောလိုက်ပြီး၊ သူ့မျက်လုံးတွေက ပြင်းထန်သော အပူတွေလှိုင်းတွေနှင့် တောက်လောင်နေသည်။
ဤစကားကို လူတိုင်းကြားသောအခါ ရင်မောသွားကြပြန်သည်။
လူတစ်ယောက်၏ နတ်ဘုရားခန္ဓာကိုယ်ကို ချက်ချင်း ပြန်လည်ကောင်းမွန်စေပြီး သူ၏ အထွတ်အထိပ် အခြေအနေကို ပြန်လည်ရရှိစေနိုင်သည်။ ဤသည်မှာ သေချာပေါက် အသက်ကယ်ဆေး ဖြစ်ပါသည်။
ဥပမာ- ရန်သူနှင့် တိုက်ခိုက်နေစဉ်မှာ နှစ်ယောက်စလုံး ဒဏ်ရာအပြင်းအထန် ရသွားကြ သည်။ အကယ်၍, သင်သာ ထိုအချိန်မှာ ဤနတ်ဘုရားဆေးလုံးကို သောက်သုံးလိုက်ပါက၊ သင်၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။ ဤနည်းအား ဖြင့် သင်သည် ဤအရေးကြီးသော အခိုက်အတန့်တွင် သင့်အသက်ကို ကယ်တင်နိုင်မည် ဖြစ်ပြီး၊ အခြေအနေကို ပြောင်းပြန်လှန်ကာ ရန်သူကိုပင် သတ်ပစ်နိုင်မည် ဖြစ်သည်။
ယင်းရူထောင့်မှနေ၍ ဤနတ်ဘုရားဆေးလုံးသည် တုနှိုင်းမရသည့် အဖိုးတန်ရတနာတစ်ခု ဖြစ်ကြောင်း သိမြင်နိုင်ပါသည်။ အကြောင်းမှာ လူတစ်ယောက်၏အသက်ကို ကာကွယ်နိုင် သည့် ရတနာများသည် ထိပ်တန်းရတနာတစ်ပါး ဖြစ်နေသောကြောင့်ပင်။ အဆုံးတွင်, ၎င်းဆေးလုံးသည် လူတစ်ယောက်၏အသက်နှင့် နှိုင်းယှဉ်နိုင်သည့် အရာတစ်ခု ဖြစ်ပါ သည်။
ထိုအချိန်တွင် လူငယ်လေးတန်ဇီသည် လုံးဝ မှင်သက်နေခဲ့သည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ သူသည် တစ်စုံတစ်ယောက်၏ ရက်ရက် စက်စက် ပါးရိုက်ခံလိုက်ရသကဲ့သို့ပင်။ သူ၏အမူအရာက ဝက်အသည်းထက်ပင် ကြည့်ရပိုဆိုးနေသည်။
သေချာသည်မှာ, ရုပ်ဆိုးသည့် အမူအရာဖြင့် ရှိနေသူက သူတစ်ယောက်တည်း မဟုတ်ခဲ့ပါ ဘူး။ အဘိုးအိုလေး ဆရာကြီး ဟောင်ယုလည်း ရှိနေပါသေးသည်။ ထိုအချိန်တွင် သူ၏ အမူအရာသည် အလွန်အမင်း ညိုမှိုင်းနေပြီး လူငယ်လေးတန်ဇီထက် ကောင်မွန်ခြင်း မရှိပေ။
"ဒီထိုင်ဟောက်ဆေးလုံးကို ဝယ်ယူဖို့အတွက် ငါတို့ ကျောက်တုံးလောင်းကစားဆိုင်က နတ်ဘုရားကျောက်တုံး ၃၀၀,၀၀၀ နဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိတယ်။ ဒါ့အပြင်၊ မင်းအတွက် စောစောက ကျောက်ဖြတ်ပေးတဲ့ စရိတ်စကကိုလည်း တစ်ပြားတစ်ချပ်မှ ပေးချေစရာ မလိုတော့ဘူး”။ ဆရာကြီး အန်က ချင်ယွင်ကို ပြောသည် ။
လူအုပ်သည် ထိုစကားကိုကြားလျှင် သူတို့ နှလုံးသားများသည် သည်းမခံနိုင်တော့ဟုပင် ချက်ချင်း ခံစားလိုက်ရသည်။
နတ်ဘုရားကျောက်တုံး သုံးသိန်း။ ထို့အပြင်, ကျောက်တုံးဖြတ်ဖြတ်ခ ကုန်ကျစရိတ်ကို လည်း ပေးချေစရာ မလိုတော့ပေ။ ၎င်းသည် စုစုပေါင်း နတ်ဘုရားကျောက်တုံး လေးသိန်းရှိသည်ဟု ဆိုလိုသည် မဟုတ်ပါလော။
သို့သော်လည်း သူတို့ ပုံမှန်အခြေအနေသို့ ပြန်မရောက်ခင်မှာ သူတို့အနားမှာ ရပ်နေသည့် သခင်လေး ပိုင်ယုက "ဒီနတ်ဘုရားဆေးလုံးအတွက် နတ်ဘုရားကျောက်တုံး ၅၀၀၀၀၀ အထိ ပေးဖို့ဆန္ဒရှိတယ်" ဟု ပြောလိုက်ပါသည်။
သခင်လေး ပိုင်ယု၏ စကားကို လူတိုင်းကြားသောအခါ သူတို့မျက်လုံးများ ပြူးထွက်လု မတတ်ပင်။
အဆင့်နိမ့်အဆင့် နတ်ဘုရားဆေးလုံး၏ တန်ဖိုးသည် အဆင့်မြင့်အဆင့် နတ်ဘုရား ပစ္စည်းတစ်ခုနှင့် ညီမျှပါသည်။ ဤဆေးလုံးသည် နတ်ဘုရားကျောက်တုံး ၂၀၀၀၀၀ သာ ရှိပါသည်။ သို့သော်၊ သခင်လေး ပိုင်ယုသည် ၎င်းကို နတ်ဘုရားကျောက်တုံး ၅၀၀,၀၀၀ ဖြင့် အမှန်တကယ် ဝယ်လိုခဲ့သည်။ ဤအရာက အမှန်တကယ် ရူးသွပ်လွန်းခြင်း ဖြစ်သည်။
ရုတ်တရက် လူတိုင်း၏အကြည့်များသည် ချင်ယွင် အပေါ်သို့ ကျရောက်သွားကာ၊ ချင်ယွင် ကို ကြည့်နေသည့် သူတို့၏ အကြည့်များသည် မနာလိုမူနှင့်အတူ လေးစားကြည်ညိုမူပါ ဖြစ်ပေါ်လာသည်။
"တောင်းပန်ပါတယ် သခင်လေး ပိုင်ယု။ ငါက ဒီနတ်ဘုရားဆေးလုံးကို လောင်းကစား ကျောက်တုံးရုံကို ရောင်းချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်, ဆရာကြီး အန်းက ကျွန်တော့်ကို ကျောက်ဖြတ်ရာမှာ ကူညီပေးခဲ့ပါတယ်။ ဒါက သူ့ကိုပေးတဲ့ ငါ့ရဲ့ ဆုလာဘ်အဖြစ် သဘောထားရုံပါ။ ရှေးဟောင်းကြယ်ရေစင်ကိုတော့ ငါ မင်းကို ရောင်းပေးနိုင်ပါတယ်။" ချင်ယွင်က သခင်လေး ပိုင်ယုအား တောင်းပန်စကားဆိုသည်။
ထိုရတနာများကို စတင်ဖြတ်တောက်စဉ်ကတည်းက ၎င်းတို့သည် ချင်ယွင်၏အပိုင် ဖြစ်ပါသည်။ ထို့ကြောင့် သူသည် သူ၏ရတနများကို မည်သူ့ကို ရောင်းချမည်ဟု ဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။ သို့သော်၊ ချင်ယွင်သည် ဈေးနှုန်းမြင့်မားစွာဖြင့် လေလံဆွဲလာသူ သခင်လေး ပိုင်ယုအား ထိုနတ်ဘုရားဆေးလုံးကို မရောင်းဘဲ၊ လောင်းကစားရုံသို့ ရောင်းချမည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။
ချင်ယွင်၏ စကားကိုကြားလျှင်, ချင်ယွင်ကိုကြည့်သည့် ဆရာကြီး အန်း၏ အကြည့်များ သည် ပို၍ပင် ပျော့ပျောင်းလာသည်။ ချင်ယွင်၏ စကားများက သူ့ကို အတော်လေး သဘောကျသွားစေသည်မှာ ထင်ရှားပါသည်။
သခင်လေး ပိုင်ယုသည် ချင်ယွင်၏စကားကို ကြားသောအခါ, သူသည် အနည်းငယ်မျှပင် ဒေါသမထွက်ပေ။ သူက ပြုံးပြီး သဘောတူကာ ရိုးသားစွာ ချီးကျူးလိုက်သည် "ဒီညီအစ်ကို က တကယ်ကို ချစ်ဖို့ကောင်းပြီး ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ။ မင်းနာမည်ကို ပြောပြနိုင်ပါ့မလားဆိုတာ ငါ သိချင်မိတယ်။"
သခင်လေး ပိုင်ယု၏ စကားကိုကြားသောအခါ လူတိုင်းက ချင်ယွင်ကို ကြည့်လိုက်ကြ သည်။
အဆုံးတွင်, မြေအောက်ကုန်သွယ်မြို့တော်မှာ လူအများပြားသည် တခြားလူများ၏ ကိုယ်ရေးအချက်လက်ကို မေးမြန်လေ့ မရှိကြပါဘူး။ အဘယ်ကြောင့်ဆိုသော် ဤနေရာ သည် မူလကတည်းက လျှို့ဝှက်ရောင်းဝယ်ရေး နေရာတစ်ခုဖြစ်သောကြောင့်ပင်။ သူတို့ ထွက်ခွာသွားပြီးနောက် သူတို့အားလုံးသည် သူတို့ကို မှတ်မိသွားမည်ကို ကြောက်ကြပါ သည်။ ချင်ယွင်ကဲ့သို့ ဝဖြိုးသည့်သိုးကြီးတစ်ကောင်သည် သူတို့၏ ကိုယ်ရေးအချက်လက် များကို အကာအကွယ်ထားသင့်သည်။ ထို့ကြောင့်, ချင်ယွင်က သူ၏ ကိုယ်ရေးအချက် လက်ကို ထုတ်မပြဘူးဟု လူအများစုက ထင်နေကြသည်။
"ငါက ချင်ယွင်ပါ" သို့သော် သူတို့ မျှော်လင့်မထားသည့်အရာမှာ ချင်ယွင်က သူ့နာမည်ကို အမှန်အတိုင်း ပြောပြခဲ့သည်။
တကယ်တော့ ချင်ယွင်သည် သူ့ကို မှတ်မိသွားမည်ကို မကြောက်ပါဘူး။ အဘယ့်ကြောင့် ဆိုသော်, သူ့ကို သိရှိမှတ်မိသူတွေ အရမ်းကို များပြားနေသောကြောင့် ဖြစ်ပါသည်။ ထို့အပြင်၊ ချင်ယွင်ကဲ့သို့သော နာမည်တူများစွာရှိ၍ နာမည်တစ်ခုတည်းက သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
ချင်ယွင်၏အဖြေကို ကြားပြီးနောက်၊ သခင်လေး ပိုင်ယုက ကျေနပ်စွာ ခေါင်းညိတ်ကာ နောက်ပြန် ဆုတ်သွားခဲ့သည်။
ထို့နောက် ချင်ယွင်သည် ဤရတနာများကို စတင် ကိုင်တွယ်ခဲ့သည်။ ရှေးဟောင်းကြယ် ရေစင်မှလွဲ၍ ကျန်ပစ္စည်းသုံးမျိုးကို လောင်းစကားအလုပ်ရုံသို့ တိုက်ခိုက် ရောင်းချခဲ့သည်။
ထို့ကြောင့် ချင်ယွင်သည် နတ်ဘုရားကျောက်တုံး တစ်သန်းရရှိခဲ့သည်။ ဤနတ်ဘုရား ကျောက်တုံးများသည် ဆရာကြီး ဟောင်ယုနှင့် လောင်းကစားပြုလုပ်ရန် လုံလောက်ပါ သည်။
"ဆရာကြီး ဟောင်ယု၊ အခု အလောင်းအစားလုပ်ဖို့ ထိုက်တန်ပြီလား။" ချင်ယွင်သည် ခပ်လှမ်းလှမ်းမှ အစိမ်းရောင်သမ်းနေသော မျက်နှာပိုင်ရှင် အဘိုးအိုလေးကို ကြည့်ရင်း ပြုံးလိုက်သည်။ သူ့မျက်နှာက အပြုံးမပျက်ပင်။
အစောပိုင်းက အဖြစ်ပျက်တွေက အဘိုးအိုလေးအပေါ် ဖိအားအများကြီး ပေးနေပြီဆိုသည် ကို သူ သိပါသည်။ ထိုအခိုက်အတန့်တွင်၊ အဘိုးအိုလေးသည် ချင်ယွင်နှင့် အလောင်းအစား မပြုလုပ်ချင်တော့ပေ။
သို့သော် အစောပိုင်းက သူပြောခဲ့သည့်စကားအရ, သူသည် ဤကျောက်တုံး လောင်းကစား ကို ဦးစွာ အဆိုပြုခဲ့သောကြောင့် ယခုအချိန်မှာ ကျားတစ်ကောင်ကို တက်စီးရန် အမှန်တကယ်ပင် ခက်ခဲနေပါပြီ။ အခု သူ့စကားကို ပြန်ရုတ်သိမ်းပြီ၊ သူသည် ကျောက်တုံး လောင်းကစားရုံမှာ မကစား၍ မရတော့ပါဘူး။
သို့သော် သူသည် ဤအလောင်းအစားကို ရှုံးနိမ့်ခဲ့လျှင်, သူ၏ဂုဏ်သိက္ခာ ပျက်စီးသွားရုံသာ မကဘဲ၊ သူ၏ ယခင်အကြံအစည်များလည်း ပျက်စီးသွားမည်ဖြစ်ပြီး၊ အနာဂတ်တွင် သူသည် ချင်ယွင်၏ အရိပ်မည်းကြီးအောက်မှာ နေထိုင်သွားရလိမ့်မည်။
ပတ်ဝန်းကျင်မှ လူတွေအားလုံးလည်း သူ့အဖြေကို စောင့်နေကြသည့်အလား အဘိုးအိုလေးကို ကြည့်နေကြပါသည်။
မျက်လုံးမျိုးစုံဖြင့် စိုက်ကြည့်ခံနေသည့် အဘိုးအိုလေးသည် သဘာဝအတိုင်း အနည်းငယ် ရှက်ရွံ့သွားပါသည်။ သူက ကြောင်တောင်တောင်တောင် ပြုံးလိုက်ပြီး ချင်ယွင်ကို ကြည့်ရင်း ပြောသည် "ဟုတ်ပါပြီလေ။ ဒါပေမယ့် ညီအစ်ကို ချင်ယွင် မင်း သိပ်ပြီး စိတ်မကောင်းတော့ မဖြစ်ပါနဲ့။ ဒါက လောင်းကစားတစ်ခု မဟုတ်ပါဘူး။ ငါတို့က လက်ရည်စမ်းကြည့်ရုံပါ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြအောင်ပေါ့။ သိပ်ပြီး အလေးနက်မထားပါနဲ့။ ."
ချင်ယွင်သည် အဖိုးအိုလေး၏ စကားကိုကြားသောအခါ, အေးစက်သော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။
ဤအဘိုးအိုလေးသည် တကယ့်ကို အရှက်ကင်းမဲ့သူ ဖြစ်သည်။ အရင်က သူသည် သူ့ကို ခြေနင်းကျောက်တုံးအဖြစ် အသုံးချချင်ခဲ့သော်လည်း, အခု အခြေအနေမဟန်တော့သည် ကို မြင်ပြီး၊ ချက်ချင်းပင် စကားပြောင်းသွားခဲ့သည်။ ဤအရာက အလွန်အရှက်မရှိသူဟု ဆိုနိုင်သည်။
"ဟမ့်၊ ရင်းနှီးကျွမ်းကျင်ဖို့ဆိုတာက ငါတို့က အဆင့်တူခြင်းရှိမှပဲ ကောင်းလိမ့်မယ်။ ငါတို့က အဆင့်အတန်းခြင်း တူလို့လား?" ချင်ယွင်က လှောင်ပြောင် ပြောလိုက်သည်။
ထိုစကား ပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။