အခန်း ၁၂၁၁
Vol. 81 Ch. 1211
အခန်း (၁၂၁၁) လူကြီးကို လေးစားပြီး၊ ငယ်ရွယ်သူကို မေတ္တာထားပါ။
ချင်ယွင်၏ စကားများသည် ကောင်းကင်တုန်ခါလောက်သည့် လျှပ်စီးများ လင်းလက်သွား သည်ဟုပင် ဆိုနိုင်ပြီး ရောက်ရှိနေကြသည့် လူအားလုံးကို အလွန်မင်း စိုးရိမ်ပူပန်မှု ဖြစ်သွားစေခဲ့သည်။
ချင်ယွင်၏ စကားများသည် အမှန်တကယ် ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ဆိုရမည် ဖြစ်သည်။
အကယ်၍, သူာ ထိုကဲ့သို့ ကောင်းကင်ဘုံကိုပင် စိန်ခေါ်နိုင်သော ကျောက်တုံးရွေးချယ်ခြင်း စွမ်းရည်ကို မပြသနိုင်ခဲ့ပါက, သူသည် အရိုက်ခံရမည်မှာ သေချာပါသည်။
သို့သော်, အခုအချိန်မှာတော့ လူတိုင်းက သူ့မှာ ထိုကဲ့သို့စကားမျိုး ပြောဆိုနိုင်သည်အထိ မောက်မာနိုင်ပြီဟု ခံစားရပါသည်။ ထို့အပြင်၊ ဆရာကြီး ဟောင်ယုသည် ဤကိစ္စရပ်တွင် ဦးဆောင်သူဖြစ်သည်ကို သူတို့ သိကြသည်။ ချင်ယွင်သည် တန်ပြန်တိုက်စစ် ထုတ်ဖော်ခြင်းမျှသာ ဖြစ်ပါသည်။
ထို့ကြောင့် ဆရာကြီး ဟောင်ယုက မည်သို့ တန်ပြန်တိုက်ခိုက်မည်ကို သူတို့ သိချင်ကြ သည်။
ဟောင်ယုသည် ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့သည်။ သူသည် ချင်ယွင်ကို ဤမျှလောက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု မမျှော်လင့်ထား ပါဘူး။ သူ၏အဆင့်အတန်းက သူ့ထက် နိမ့်ကျသည်ဟု အမှန်တကယ် ပြောဆိုခဲ့သည်။ ဤသည်မှာ လုံးဝ ဗလိုင်းကြီး လှောင်ပြောင်ခြင်း ဖြစ်သည်။
သူ နာမည်ကြီးလာကတည်းက လောင်းကစားကျောက်တုံးလောကမှာ မည်သူမှ သူ့ကို ယခုလိုစကားမျိုး မပြောရဲကြပါဘူး။ ဤအရာက သူ့အတွက် အမှန်တကယ် သည်းမခံနိုင်စရာပင်။
"ကောင်လေး၊ မင်း အရမ်းမောက်မာမနေနဲ့။ မင်းက ရတနာလေး အနည်းငယ် ရွေးချယ်မိရုံနဲ့ လောင်းကစားလောကမှာ ကိုယ့်ကိုယ်ကို နံပါတ်တစ်ကစားသမားလို့ မထင်လိုက်နဲ့။ ." ဟောင်ယုက အကြီးအကဲတစ်ဦးက ဂျူနီယာတစ်ဦးအား ဟောပြောနေ သည့် လေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
"လောင်းကစား ကျောက်တုံးလောက်မှာ အရည်အချင်းရှိတဲ့ လူတွေနဲ့ ပြည့်နေပါတယ်။ဒါပေမယ့် အဲဒီအထဲမှာ ခင်ဗျား မပါဘူး။" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောသည်။
ထိုစကားပြောပြီးသည်နှင့် ဟောင်ယွီသည် ချက်ချင်းပင် ဒေါသအထွက်လွန်ပြီး သေဆုံးလုနီးပါး ဖြစ်သွားရသည်။
ဟောင်ယုသည် အဆုံးမဲ့ ဒေါသများ ပြည့်နှက်နေသော မျက်လုံးတစ်စုံဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။ သူက ချင်ယွင်ကို ကြည့်ပြီး ပြောသည် “ကောင်စုတ်လေး၊ မင်းရဲ့ လောင်းကစားပညာရပ်အပေါ် ဒီလောက်ယုံကြည်မှုရှိနေမှတော့, ဒီနေ့ ကောင်းကောင်း တိုက်ပွဲဝင်ကြတာပေါ့။ ဒီနေ့က ဘယ်လောက်ကြီးကျယ်ပြီး ဒီနေရာက ဘယ်လောက်ထူလဲ ဆိုတာ ငါ မင်းကို သိစေတယ်"။
ထိုစကားကို ကြားလိုက်ရတော့ ချင်ယွင်၏ နှုတ်ခမ်းတွေက ပြုံးယောင်သမ်းပြီး တွန့်ကွေး သွားခဲ့သည်။
သူစောင့်နေခဲ့သည်မှာ ဤစကားဖြစ်သည်။ သူ၏ မောက်မာသော စကားလုံးများသည် ဟောင်ယုကို ရည်ရွယ်ချက်ရှိရှိဖြင့် နှိုးဆော်လိုက်ခြင်းသာ ဖြစ်သည်။
ဟောင်ယုက သူ့ကို အရင်ဆုံး ချနင်းချင်ခဲ့သောကြောင့်, သူသည် သူ့ကို အလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။ သူသည် ဟောင်ယုကို ချနင်းခံရသည့် ခံစားချက်ကို သိစေချင်သည်။
"ဆရာကြီး ဟောင်ယု၊ ဒီမာနကြီးတဲ့ကောင်ကို သင်ခန်းစာပေးလိုက်ပါ။ မဟုတ်ရင် သူ့ကိုယ်သူ ဘယ်အတိုင်းတာရှိလဲ သိမှာမဟုတ်ဘူး။" ဘေးမှာရပ်နေသော လူငယ်လး တန်ဇီက ဟောင်ယု၏ စကား ပြီးဆုံးပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"မင်း မျက်နှာပျက်ရတာ မလုံလောက်သေးဘူးလို့ ထင်နေတုန်းလား?။ မင်းင ခုန်ထွက်လာ ဖို့ သတ္တိရှိသေးတယ်နော်" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး၊ ထိုလူငယ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
ထိုလူငယ်သည် သူ့ကို ကြိမ်ဖန်များစွာ ပစ်မှတ်ထားပြီး၊ သူသည် သူ့ကို လျစ်လျူရှုထားပြီး လူရွှင်တော်တစ်ဦးအဖြစ် အမြဲတမ်း ဆက်ဆံနေခဲ့သည်။
သို့သော်, သူ လျစ်လျူရှုထားလေလေ၊ ဤကောင်စုတ်သည် ပို၍ ပျော်ရွှင်လာလေ ဖြစ်မည်ဟု သူ မမျှော်လင့်ထားချေ။ သူသည် အမှန်တကယ် စိတ်အနှောက်အယှက် ဖြစ်စေသည့် နှံကောင်တစ်ကောင် ဖြစ်နေသည်။
လူငယ်တန်ဇီသည် ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူသည် ရေခဲခန်းမတစ်ခုထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူသည် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားလိုက်ရသည်။ ဤသတ်ဖြတ်လိုသည့်ဆန္ဒ က သူ့နှလုံးသားကို အေးခဲသွားစေခဲ့သည်။ သူသည် အရမ်းကို ထိတ်လန့်သွားခဲ့ပြီး စကားမပြောရဲတော့ပါဘူး။
ချင်ယွင်သည် သူ့အကြည့်တွေက လူငယ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို မြင်လိုက်ရပြီး၊ သူ၏ပါးစပ်ထောင့်မှ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ပေါ်လာပါသည်။
ဤနေရာတွင် ဖိအားပေးရန်အတွက် သူ၏နတ်ဘုရားတန်ခိုးကို မသုံးနိုင်သော်လည်း၊ ချင်ယွင်၏ ကနဦးစကြဝဠာ၏ဆန္ဒကိုမူ အနည်းငယ်မျှ ကန့်သတ်မထားနိုင်ပေ။ ထို့ကြောင့် ချင်ယွင်သည် လူငယ်လေးတန်ဇီကို စိုက်ကြည့်လိုက်စဉ်မှာ သူသည် စကြဝဠာ၏ အလိုဆန္ဒကို အသုံးပြုခဲ့သည်။ သူ မကြောက်ဘူးဆိုမှသာ တကယ့်ကို ထူးဆန်းနေပါလိမ့် မည်။
ချင်ယွင်သည် သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုစိတ် မရှိသောကြောင့်သာ၊ ထိုသို့မဟုတ်ပါက, အစောပိုင်းက သူ့မျက်လုံးအကြည့်များကပင် သေမျိုးတစ်ယောက်ဖြစ်သည့် လူငယ်ကို သွေးအန်စေရန် လုံလောက်ပါလိမ့်မည်။
စိတ်အနှောက်အယှက်ဖြစ်စေသော ထိုနှံကောင်ကို ရင်ဆိုင်ပြီးနောက်၊ ချင်ယွင်က ဆရာကြီး ဟောင်ယုကို တစ်ဖန်ပြန်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောသည် "ဒါဆိုလည်း လောင်းကစားကို ဘယ်လိုစမလဲဆိုတာ ပြောကြရအောင်။ နှစ်မီတာမြင့်တဲ့ နတ်ဘုရားဝိညာဉ် ကျောက်တုံးနဲ့ စကြတာပေါ့။ ငါက လူကြီးတွေကို အမြဲလေးစားပြီး လူငယ်တွေကို မေတ္တာထားတယ်။ ဒါကြောင့် ခင်ဗျားကို အရင်ရွေးချယ်ခွင့်ပေးမယ်။"
ချင်ယွင်၏စကားများက မထီမဲ့မြင်ပြုဟန် အပြုံးကို သယ်ဆောင်လာသည်။ တစ်ချိန်တည်း မှာပင် သူက အဘိုးအိုလေးကို ဖိတ်ခေါ်သည့် အမူအရာတစ်ခု ပြုလုပ်ပြလိုက်သည်။
"ဟမ့်၊ ချာတိတ်လေး၊ မင်း အရမ်းကြီး မာနကြီးမနေစမ်းပါနဲ့။ မူလကတော့, ငါက မင်းကို ဂျူနီယာတစ်ယောက်အဖြစ် သဘောထားပြီး မင်းကို အရင်ရွေးချယ်စေချင်ခဲ့တယ်။ ဒါပေမယ့် မင်းက အရင်ဆုံးရွေးချယ်ခွင့်ကို စွန့်လွှတ်ဖို့ အရင်ပြောလာမှတော့ မင်း ငါ့ကို အပြစ်မတင်နဲ့။ မင်းက အရင်ဆုံး စွန့်လွှတ်ခဲ့တာကို သတိရပါ။ အနာဂတ်မှာ ငါက အငယ်တွေကို အနိုင်ကျင့်တယ်လို့ လာမပြောနဲ့” အဘိုးအိုလေးသည် ချင်ယွင်ကို အေးစက်စွာ အော်ပြောလိုက်ပြီး သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ကျောက်တုံး ရွေးချယ်ရမည့် နေရာဆီသို့ လျှောက်သွားလိုက်သည်။
ကျောက်တုံးများကို ဦးစွာရွေးချယ်ရန် အကြောင်းပြချက် မရှိမည်ဟု သူ စိုးရိမ်နေခဲ့သေး သော်လည်း, ချင်ယွင်သည် အမှန်တကယ် ဤမျှမာနကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထား ပေ။ သူသည် ထိုကဲ့သို့သော အခွင့်အရေးကို ပေးအပ်ရန်ပင် အစပြုခဲ့သည်။ သူ့အမြင်အရ ဆို, ဤအရာက အလွန်မိုက်မဲသည့် လုပ်ရပ်ဖြစ်ပါသည်။
ဟုတ်ပါသည်၊ ဤကျောက်တုံးတောအုပ်ထဲတွင် အဖိုးတန်ဆုံး ရတနာတစ်ခုသာ ရှိပါသည်။ ယေဘုယျအားဖြင့် ထိုနတ်ဘုရားဝိညာဉ် ကျောက်တုံးအမျိုးစားကို ကျောက်ဘုရင်ဟု ခေါ်ဆိုကြသည်။ ထို့ကြောင့်, သူသည် ကျောက်ဘုရင်ကို ရွေးချယ်နိုင်ရန် အခွင့်အလမ်း သည် သဘာဝအားဖြင့် ပို၍ မြင့်မားသွားပါပြီ။ (ဤနေရာ၌ ကျောက်ဘုရင် ဟူသည် ကျောက်တုံးများကြားတွင် အကောင်းဆုံးဖြစ်သည့် ကျောက်တုံးကို ဆိုလိုဟန်တူပါ သည်။)
အထူးသဖြင့်, ကျောက်တုံးလောင်းကစားသမားများကြားတွင် ဤကဲ့သို့ ပြိုင်ဆိုင်မှုမျိုး ဖြစ်ပေါ်လာသည့်အခါမျိုးမှာ ဖြစ်သည်။ အရင်ဆုံး ကျောက်တုံးရွေးချယ်ရသူသည် ကျောက်ဘုရင်ကို ရွေးချယ်လိုက်သည်နှင့် ဒုတိယမြောက် ကျောက်တုံးရွေးချယ်သူသည် သံသယမရှိ ရှုံးနိမ့်သွားရလိမ့်မည်။ ထို့ကြောင့် နောက်မှ ကျောက်တုံး ရွေးချယ်ခြင်းသည် သဘာဝအားဖြင့် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပါသည်။
အခု ချင်ယွင်က သူ့ကို အရင်ဆုံး ကျောက်တုံးရွေးချယ်ဖို့ အခွင့်အရေး ပေးလိုက်ပြီ။ ဤအရာက မိုက်မဲခြင်း မဟုတ်လျှင် မည်သည့်အရာက မိုက်မဲခြင်း ဖြစ်တော့မည်နည်း?။
"ဟမ့်..၊ လူငယ်တွေက မိုက်ရူးရဲဆန်ကြတယ်။ ကျောက်တုံးရွေးခြယ်ရာမှာ အရင်ဆုံး ရွေးချယ်ခွင့်က အရေးကြီးတယ်ဆိုတာ သူတို့ မသိကြဘူး။ ငါ ကျောက်ဘုရင်ကို ရွေးချယ်ပြီးတဲ့အခါ မင်း ဘယ်လိုအော်ငိုနေမလဲဆိုတာ ငါ မြင်ချင်မိသေး" အဘိုးအိုလေး သည် လမ်းလျှောက်လာရင်း စိတ်ထဲတွင် လှောင်ရယ် ရယ်နေခဲ့၏။ ချင်ယွင်၏ ရတနာ လေးခုကို ဆက်တိုက်ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်မှ လူများလည်း ဆွေးနွေးနေကြသည်။ သူတို့အားလုံးသည် ဤနေရာတွင် လောင်းကစားလောက၏ ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြသောကြောင့် အရင်ဆုံး ကျောက်တုံး ရွေးချယ်ခြင်း၏ အရေးကြီးပုံကို သဘောပေါက်ထားကြသည်။ ထို့ကြောင့်၊ ချင်ယွင်၏ လုပ်ရပ်သည် မောက်မာလွန်းသည်ဟု သူတို့အားလုံး ခံစားခဲ့ကြသည်။
သို့သော် ချင်ယွင်သည် ဤလှည့်ကွက်များအကြောင်းကို ဘာမှမသိသည့်အလား သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ အမှန်တကယ်ဆို သူ၏နှလုံးသားသည် မှန်တစ်ချပ်လိုပင်။
သူသည် လောင်းကစားကျောက်တုံးလောက၏ စည်းမျဉ်းများကို နားမလည်သော်လည်း ဤအချက်ကိုတော့ သူ တွေးနိုင်ပါသေးသည်။ အဆုံးမတော့ သူသည် အရူးတစ်ယောက် မဟုတ်ပါဘူး။ သို့သော်, သူသည် အရင်ဆုံး ကျောက်တုံးကို ရွေးချယ်ခိုင်းခြင်းနှင့်ပတ်သက် ၍, သူ့ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေပါသည်။ ထို့အပြင် ဆရာကြီး ဟောင်ယုသည် စစ်မှန်သော ကျောက်ဘုရင်ကို ရွေးချယ်နိုင်မည် မဟုတ်ကြောင်း သူ သေချာနေသည်။
အဘိုးအိုလေးသည် နှစ်မီတာအမြင့်ရှိ ကျောက်တုံးများ ရွေးချယ်ရမည့် နေရာသို့ လျှောက်သွားပြီးနောက်တွင် သူ့ကိုယ်ပိုင် ကျောက်တုံးများကို ဂရုတစိုက် ရွေးချယ်တော့ သည်။
နှစ်မီတာအမြင့်ရှိ ကျောက်တုံးရွေးချယ်ခြင်း ဧရိယာတွင် အဆင့်တူ ကျောက်တုံး နှစ်ဆယ် နီးပါးရှိသည်။ အဘိုးအိုလေးသည် ဤကျောက်တုံးနှစ်ဆယ်ထဲမှ ကျောက်ဘုရင်ကို ရွေးချယ်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ထို့အပြင်၊ သူသည် ၎င်းတို့အား တစ်တုံးပြီးတစ်တုံး အချိန်အတော်ကြာ ကြည့်ရှုရန် လိုအပ်သည်။ ထို့ကြောင့် ဤလုပ်ငန်းစဉ်သည် အချိန်ရှည်ကြာသော လုပ်ငန်းစဉ်ဟု ဆိုနိုင်သည်။
သို့သော် လူတိုင်းသည် အလျင်လိုခြင်း မရှိခဲ့ကြပါ။ ရတနာကိုဖွင့်ချိန် သူတို့ ပါးစပ်တွေကို ဖွင့်ပြီး တအံ့တဩ ဖြစ်သွားရသည့် အခိုက်တန့်က အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း ကျောက်တုံးရွေးချယ်သည့် လုပ်ငန်းစဉ်က သူတို့အတွက် နောက်ထပ် ပျော်စရာတစ်ခု ဖြစ်နေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ၊ အဆင့်မြင့် ကျွမ်းကျင်ပညာရှင် ဆရာကြီး ဟောင်ယု၏ ကျောက်တုံးရွေးချယ်ခြင်း စွမ်းရည်သည် ၎င်းတို့ထက် များစွာ မြင့်မားပါသည်။ သူတို့အနေ ဖြင့် လေ့လာသင်ယူရန် အလွန်ကောင်းမွန်သော အခွင့်အရေးကို မည်သို့ လက်လွတ် ခံနိုင်မည်နည်း?။
ချင်ယွင်ကတော့ သူ့လက်နှစ်ကို ပိုက်ထားပြီး သူ့ဘေးမှ ကျောက်တုံးကြီးတစ်ခုကို မှီကာ၊ ပြုံးပြီး မတ်တတ်ရပ်နေသည်။ အဆင့်မြင့် ကျွမ်းကျင်ပညာရှင် ဆရာကြီး ဟောင်ယုသည် ဤနေရာရှိ ကျောက်ဘုရင်ကို မရွေးချယ်နိုင်မှန်း သူသိသောကြောင့် သူသည် အလျင်စလို မဖြစ်ခဲ့ပေ။
"ဒါကို ငါ ရွေးတယ်" နှစ်နာရီကြာပြီးနောက် အဘိုးအိုလေးသည် နောက်ဆုံးတွင် သူ့ဘေးမှ နှစ်မီတာမြင့်သော ဆလင်ဒါကျောက်တုံးကို လက်ညှိုးထိုးပြကာ လူအုပ်ကြီးအား ပြောလိုက်သည်။
လူတိုင်းက ကျောက်တုံးကြီးကို ကြည့်ပြီး၊ ထိုအထဲက သဲလွန်စအချိုးကို မြင်တွေ့လိုကြ သည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်၏ အမူအရာမှာ ယင်ကောင်စားမိသကဲ့သို့ ပြင်းထန်လာ သည်။
အဘိုးအိုလေးသည် ချင်ယွင်၏အမူအရာကို မြင်သောအခါတွင်လည်း မထီမဲ့မြင်ပြုဟန် အပြုံးကို ထုတ်ဖော်လိုက်သည်။ သူရွေးချယ်ထားသော ကျောက်တုံးသည် မှန်ကန်ကြောင်း ပိုသေချာသွားသည်။