အခန်း ၁၂၁၂
Vol. 81 Ch. 1212
အခန်း (၁၂၁၂) စိတ်နှလုံးကို တိုက်ခိုက်ခြင်း။
ချင်ယွင်၏အမူအရာသည် သဘာဝအတိုင်း အတုအယောင် ဖြစ်ပါသည်။ သူ၏မျက်နှာမှာ ကျေနပ်သည် အပြုံးတစ်ခု ရှိနေခဲ့လျှင်, အဘိုးအိုလေးသည် သူရွေးချယ်သည့်အရာက မှားယွင်းမှန်း သဘာဝအတိုင်း သံသယ ဖြစ်မိလိမ့်မည်။
ချင်ယွင်၏ ကြည့်ရဆိုးသော အမူအရာကြောင့် အဘိုးအိုလေးသည် သူ ကျောက်ဘုရင်ကို ရွေးချယ်ခဲ့ကြောင်း သဘာဝကျကျ တွေးထင်သွားလိမ့်မည်။ ဤနည်းဖြင့် သူသည် မည်သည့် ပြောင်းလဲမှုကိုမျှ ပြုလုပ်တော့မည် မဟုတ်ပေ။
"ဟမ့်၊ ချာတိတ်လေး, မင်းက ငါ့ကိုရန်တိုက်ခိုင်နိုင်ဖို့ ငယ်ပါသေးတယ်လေ" ဆရာကြီး ဟောင်ယုသည် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏စိတ်ထဲတွင် လှောင်ရယ်လိုက်ပါသည်။ ချင်ယွင်ကို ကြည့်ပြီး သူ၏အကြည့်များသည်လည်း အတိုင်းဆမဲ့ လှောင်ပြောင်နေသည့် အမူအရာ ဖြစ်ပေါ်လာသည်။
သူ့အမြင်အရဆို, ဒီတစ်ချီမှာ လုံးဝ သူ အနိုင်ပင်။ ကျောက်ဘုရင်ကို ရွေးချယ်ပြီးနောက်၊ အကယ်၍, ချင်ယွင်သည် ကောင်းကင်ကို အံတုနိုင်သည့် ကျောက်တုံးကို ရွေးချယ်ခဲ့မည် ဆိုလျှင်ပင်, သူနှင့် ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
"ကောင်စုတ်လေး၊ ကျောက်တုံးရွေးချယ်ဖို့ မင်းအလှည့်ရောက်ပြီ။ ဒါပေမယ့်, ဒီအချီမှာ မင်းအနိုင်ရဖို့ အခွင့်အရေး အများကြီးရှိမယ် မထင်ဘူး။ ကျောက်ဘုရင်ကို ငါ ရွေးထားပြီး သား။ ဟား...၊ ဟား..." ဆရာကြီး ဟောင်ယုက ချင်ယွင်ကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ကျောက်ဘုရင်လား...?"
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အံ့သြတုန်လှုပ်သွားကြပြီး၊ ဆရာကြီးဟောင်ယု ရွေးချယ်ခဲ့ သော နတ်ဘုရားဝိညာဉ်ကျောက်တုံးကို အားလုံး ကြည့်လိုက်ကြပါသည်။
ဤကျောက်တုံးသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေကြောင်း တွေ့ရှိခဲ့ကြပြီး၊ ၎င်း၏ ပုံသဏ္ဍာန်သည် ကောင်းကင်သို့ ပျံတက်မည့် နဂါးတစ်ကောင်နှင့် ပိုတူကြောင်း တွေ့ရှိခဲ့ရ သည်။ ဤကျောက်မျိုးသည် အမှန်ပင် ကျောက်ဘုရင်၏ စွမ်းဆောင်မှုမျိုး ဖြစ်သင့်သည်။
"ဟင်း...၊ ချင်ယွင်က တော်တော်လေး အတွေ့ကြုံနည်းသေးပုံရတယ်။ သူက ဘာမှမဟုတ်ပဲ ဆရာကြီး ဟောင်ယုကို အရင်ဆုံး ကျောက်တုံး ရွေးချယ်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ အခုတော့ ကောင်းရောင်။ ကျောက်ဘုရင်ကို သူက ရွေးပြီးသွားပြီ။ ချင်ယွင်က ဒီအချီမှာ သေချာပေါက် ရှုံးနိမ့်ရတော့မယ်”။
"ဟုတ်တယ်၊ ကျောက်ဘုရင်ကို ရွေးချယ်ပြီးသွားပြီ။ ချင်ယွင်က ဘာပဲရွေးရွေး, အဲဒါက အသုံးမဝင်တော့ဘူး။ ဟင်း…၊ သူ့အမူအရာကို ကြည့်လိုက်ပါ။ သိသာပါတယ်၊ ဒါကို သူလည်း သဘောပေါက်တယ်။" ချင်ယွင်သည် ဤအချီတွင် ရှုံးသွားပြီဟု လူတိုင်းက ဆွေးနွေးနေကြပါသည်။
ခပ်လှမ်းလှမ်းမှာတော့ သခင်လေး ပိုင်ယုသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းပြီး သက်ပြင်းချနေမိသည်။ သိသာထင်ရှားသည်မှာ၊ သူသည်လည်း ချင်ယွင်ကို မျှော်ကြည့်နေခဲ့သည်။
လူတစ်ယောက်မှာ ကျောက်တုံးတွေကို ရွေးချယ်နိုင်စွမ်း မည်မျှပင် အားကောင်းပါစေ, ဦးနှောက်မရှိရင် အသုံးမဝင်ဘူး။
ထိုအခိုက်တွင် ဆရာကြီး အန်းသည် သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ တစ်ခု ပေါ်လာသည်။ ထင်ရှားသည်မှာ၊ ဤကိစ္စနှင့်ပတ်သက်ပြီး ငါးစာချထားသည်ဟု သူမ ခံစားမိသော်လည်း ၎င်းနှင့် ပတ်သက်ပြီး ငါးစားချထားသည့် မည်သည့်တစ်စုံတစ်ရာမှ ရှိမနေခဲ့ပေ။
ဤအချိန်ကာလတစ်လျှောက်လုံး ချင်ယွင်သည် ထိုကဲ့သို့ ဦးနှောက်မဲ့သူ မဖြစ်သင့်ကြောင်း သူမ ခံစားခဲ့ရသည်။ ယခုမူ ချင်ယွင်၏ အမူအရာက အတုအယောင် ဖြစ်နေပုံရသည်။ ဤအရာက သူမသည် အမှန်တကယ် လူမှားယွင်းစွာ အကဲခတ်မိခြင်း ဟုတ်မဟုတ် တခဏတာ သံသယ ဖြစ်စေခဲ့သည်။
အမှန်တကယ်တော့ သူမ အမြင်မှားခြင်း မဟုတ်ဘဲ၊ ချင်ယွင်၏ သရုပ်ဆောင်စွမ်းရည်က မြင့်မားလွန်းသောကြောင့် ပရိသတ်အားလုံး လှည့်စားခံလိုက်ရခြင်း ဖြစ်သည်။
'"ကောင်စုတ်လေး၊ မင်းကျောက်တုံးကို မြန်မြန်ရွေးချယ်သင့်တယ် မဟုတ်လား? ဒီအချီမှာ မင်း ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရတော့မယ်။ ငါ မင်းကို အနိုင်ယူပြီးတာနဲ့ မင်း ရွေးချယ်ထားတဲ့ ရတနာက ငါ့အပိုင်ပဲ။ ဒါကြောင့် မင်းက ပိုကောင်းတဲ့ နတ်ဘုရားဝိညာဉ် ကျောက်တုံးကို စပြီး ရွေးသင့်တယ်။" ဆရာကြီး ဟောင်ယုက လှောင်ပြောင်သရော်ပြီး ချင်ယွင်ကို ပြောလိုက်သည်။
“မင်း ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားတာနဲ့ မင်းရွေးချယ်ထားတဲ့ ရတနာတွေအားလုံး ငါ့အပိုင်လား?။”
"ဟမ့်, တကယ်လို့ ငါ ရှုံးခဲ့ရင်တောင်, ငါ မင်းကို အခွင့်ရေးမပေးနိုင်ဘူး" ချင်ယွင်က အေးစက်စွာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ရှေ့မှ အလွန် ကြည့်ရဆိုး သော ကျောက်တုံးကြီးကို ပေါ့ပေါ့တန်တန် ညွှန်ပြပြီး ပြောသည် "ငါ ဒါကို ရွေးလိုက်မယ် တယ်”။
ချင်ယွင်သည် ထိုစကားများကို ပြောပြီးသည်နှင့် အားလုံးက သူညွှန်ပြသည့် လမ်းကြောင်း ဆီသို့ ချက်ချင်း ကြည့်ကြသည်။ ချင်ယွင်ရွေးထားသော ကျောက်တုံးကို သူတို့ မြင်လိုက်ရ တော့ မျက်မှောင်ကိုယ်စီ ကြုတ်သွားကြပါသည်။
ထိုကျောက်တုံးကြီးသည် အကြည့်ရဆိုးလွန်း၏ အနက်ရောင် တောက်ပြောင်နေခြင်း မဟုတ်ပေ။ မီးသွေးတုံးကဲ့သို့ လုံးဝ မည်းနက်နေပါသည်။ ထိုမျှတင်မကသေးဘဲ၊ ထိုကျောက်တုံး၏ ပုံပန်းသဏ္ဍာန်က အရမ်းထူးဆန်းပြီး ပုံမမှန်သည့်အပြင် ထူးခြားသည့် အဝတ်စားကို ဝတ်ဆင်ထားသည့် လူတစ်ယောက်နှင်ပင် တူနေပါသေးသည်။
ကျောက်တုံးကြီး၏ မျက်နှာပြင်မှာလည်း ချိုင့်ခွက်မျိုးစုံရှိနေပြီး၊ ပတ်ဝန်းကျင်ရှိ အခြား ကျောက်တုံးများနှင့် နှိုင်းယှဉ်ပါက, ၎င်းသည် သိသိသာသာပင် မထင်မရှားသော အမျိုးအစားတစ်ခု ဖြစ်သည်။
သာမာန်အားဖြင့်၊ ထိုကဲ့သို့ကျောက်တုံးများပေါ်တွင် မည်သည့်ရတနာမျှ မပေါ်နိုင်ပါ။ ထို့ကြောင့် ချင်ယွင်သည် ဤကျောက်တုံးကို ရွေးလိုက်သောအခါ၊ လူတိုင်း ပထမဆုံး ခံစားရသည်မှာ ချင်ယွင်သည် ဒေါသထွက်နေခြင်း ဖြစ်သည်။ ထို့ကြောင့်, သူသည် ကျောက်တုံးကို ကျပန်းရွေးချယ်ပြီး ပထမအကျော့ပွဲစဉ်ကို လက်လျော့လိုက်ခြင်း ဖြစ်သည်။
ဆရာကြီး ဟောင်ယုသည် ချင်ယွင် ရွေးချယ်ထားသော ကျောက်တုံးကြီးကို မြင်သောအခါ၊ သူ့ပါးစပ်ထောင့်စွန်းက မထိန်းနိုင်ဘဲ တွန့်ကွေးသွားသည်။
သူ့အမြင်အရဆို၊ ချင်ယွင်၏ လုပ်ရပ်များသည် ပထမအချီ အလောင်းစားကို လုံးဝ စွန့်လွှတ် လိုက်ခြင်းပင်။ ထိုကျောက်တုံးပေါ်တွင် ရတနာများ ထွက်ပေါ်လာနိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးပြီး, အကယ်၍, ရတနာများရှိလျှင်ပင် ၎င်းတို့သည် အဖိုးတန်ရတနာများ ဖြစ်လာမည် မဟုတ်ပေ။
ထို့အပြင်, ချင်ယွင်၏ ကျောက်များကို ရွေးချယ်ရန် အချိန်သည် အလွန်တိုတောင်းပါသည်။ သူသည် တစ်ချက်မှ မကြည့်ဘဲ အမှတ်တမဲ့ ညွှန်ပြလိုက်ခြင်း ဖြစ်သည် ။
ထိုမြင်ကွင်းကို မြင်ပြီး, သခင်လေး ပိုင်ယုသည် သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက် ပါသည်။ ချင်ယွင်နှင့်ပတ်သက်ပြီး သူ့ကောင်းကွက်များပင် ပျောက်ကွယ်သွားခဲ့သည်။
သူ့အမြင်အရဆို၊ ချင်ယွင်၏ ယခင်လုပ်ရပ်များသည် မိုက်မဲနေခဲ့ပြီးသော်လည်း, နောက်ပိုင်းတွင် သူသည် ထိုကဲ့သို့ ကလေးဆန်သော အပြုအမူကို အမှန်တကယ် ပြုလုပ်ခဲ့ သည်။ ဆိုလိုသည်မှာ သူ၏စိတ်နေစိတ်ထားသည် အထူးသဖြင့် အလွန်ဆိုးရွားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ထိုလူသည် ကြီးမားသော တာဝန်ကြီးများကို မည်သို့ အပ်နှင်းနိုင် မည်နည်း။
အဝေးမှ ဆရာကြီး အန်သည် မျက်ခုံးပင့်လိုက်ပါသည်။ သူမ၏ စူးရှသော မျက်လုံးများ သည် ချင်ယွင်၏ အသွင်ပြင်ကို ပိုင်းခြားသိမြင်လိုသကဲ့သို့ ချင်ယွင်၏ သေးငယ်သော လှုပ်ရှားမှုတိုင်းကို စူးစိုက်ကြည့်နေသည်။
သို့သော် ချင်ယွင်သည် သူမ ချက်ချင်း ကောက်ချက်ချစေနိုင်သည့် ဖုံးကွယ်နေသည့် မည်သည့် သဲလွန်စကိုမှ ထုတ်ဖော်မပြခဲ့ကြောင်း သူမ တွေ့ရှိခဲ့သည်။
သူမက မှားယွင်းနေသည်လား?။ သို့မဟုတ် ချင်ယွင်ကိုယ်တိုင်က ဟန်ဆောင်ခြင်း၌ အလွန်စွမ်းထက်နေခြင်းလား?။
ပထမအမျိုးအစား ဖြစ်ခဲ့လျှင် ကောင်းပါလိမ့်မည်။ အများဆုံး, ၎င်းသည် နှမြောစရာ ကောင်းပြီး၊ မိုက်မဲခြင်းဖြစ်ရုံသာ၊ သို့သော် ဒုတိယအမျိုးအစား ဖြစ်နေခဲ့လျှင်, ၎င်းသည် လွန်စွာမှ ကြောက်စရာကောင်းပါသည်။
သူသည် ကျောက်တုံးများကို ရွေးချယ်ရာတွင် ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သည့် စွမ်းရည် နှင့် ယှဉ်နိုင်လောက်သည့် အစွမ်းထက်သော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။ ထိုကဲ့သို့ လူစားမျိုးက အလွန်ကြောက်စရာကောင်းလွန်းသည်။ တွေးကြည့်ရုံဖြင့်ပင်, ကျောချမ်းသွားနိုင်သည်။
နွားများ တိုက်ခိုက်ရဖြစ်နေလျှင်, ကြောက်စရာမကောင်သော်လည်း နွားများ လိမ္မာ ယဉ်ကျေးနေပါက ကြောက်စရာကောင်းသည်။ ဤသည်မှာ ထာဝရသီအိုရီတစ်ခု ဖြစ်သည်။
ဆရာကြီးအန်း၏ ဆုံးဖြတ်ချက်မှာ ချင်ယွင်သည် ပထမလူ အမျိုးအစားမျိုး ဖြစ်သည်။ ထိုကြောင့် သူမသည် ခပ်ဝေးဝေးတွင် နေခဲ့ရသည်။ အကယ်၍, ချင်ယွင်သာ ဒုတိယလူ အမျိုးအစားဖြစ်လျှင် သူမသည် အဝေးကြီးမှာ နေပါလိမ့်မည်။
"ဒုတိယအကျော့မှာတော့, ငါ ကျောက်တုံးကို အရင်ရွေးရမှာပေါ့။" ထိုအချိန်တွင် ချင်ယွင်က ရုတ်တရက် တင်းမာသော အမူအရာဖြင့် ပြောလိုက်သည်။
ချင်ယွင်၏စကားကို လူအုပ်ကြီး ကြားလိုက်ရသောအခါ၊ ချင်ယွင်သည် အရင်ဆုံး ကျောက်တုံးရွေးချယ်ခွင့်ကို စွန့်လွှတ်လိုက်ရသည့်အတွက် နောင်တရနေမိကြောင်း ချက်ချင်း သိလိုက်ကြသည်။ သို့သော်လည်း သူတို့သည် ချင်ယွင်ကို နှလုံးသားထဲတွင် ပို၍ပင် မကျေမနပ် ဖြစ်လာခဲ့ကြသည်။
ချင်ယွင်၏စကားကိုကြားတော့ အဆင့်မြင့်ပညာရှင် ဆရာကြီး ဟောင်ယုသည်လည်း မထီမဲ့မြင်ပြုသည့် အမူအရာကို ထုတ်ပြသည်။
"ကောင်းပြီလေ၊ မင်းမင်း ကျောက်တုံးကို အရင်ဆုံး ရွေးချယ်ချင်တယ်ဆိုတော့ ငါ မင်းကို အရင်ဆုံး ရွေးခွင့်ပေးမယ်။ ဒီဒုတိယအကျော့မှာ မင်းကို ငါ ကျောက်တုံး အရင် ရွေးခွင့်ပေး မယ်။ မင်း ကျောက်ဘုရင်ကို ရွေးနိုင်မယ်လို့ ငါမယုံဘူး။" ဆရာကြီး ဟောင်ယုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူ့မျက်လုံးတွေမှာ ဂုဏ်ယူဝင့်ကြွားမူနှင့်အတူ အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် မည်သူမျှ သတိမထားမိသည့် အပြုံးမျိုးဖြင့် ပြုံးလိုက်ပါသည်။ ထိုအပြုံးက လှည့်စားမှု၏ သင်းအနံ့ကို ထင်ရှားစေပါသည်။
လောင်းကစားသုံးပွဲ၌ ကျောက်တုံးများကို ရွေးချယ်ရာတွင် နတ်ဘုရား ဝိညာဉ် ကျောက်တုံးအားလုံးကို ဦးစွာရွေးချယ်ပြီးနောက်မှ ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖြတ်ရန် ဖြစ်သည်။ ၎င်းသည် လူများကို နှစ်ကြိမ်ဆက်တိုက် အနိုင်ရခြင်းမှလည်း တားဆီးပြီး ဖြစ်သလို, နောက်ဆုံးအချီတွင် အခေါင်းပေါက်ကျောက်တုံးများကို တမင်တကာ ရွေးချယ်ခြင်းမှလည် တားဆီးရာရောက်သည်။
ချင်ယွင်သည် အဖိုးအိုလေးအား ကျောက်တုံးကို ဦးစွာရွေးချယ်စေလိုသည့် အကြောင်းရင်း မှာ ပထမအချီတွင် ကျောက်ဘုရင်ကို ရှာဖွေတွေ့ရှိရန် မလွယ်ကူသောကြောင့် ဖြစ်ပြီး၊ ဒုတိယအချီတွင် ကျောက်ဘုရင်အား အကဲဖြတ်ရန် အတော်လေး လွယ်ကူသွားသော ကြောင့် ဖြစ်သည်။
ထို့ကြောင့်, အကယ်၍, ချင်ယွင်သည် ပထမအချီ၌ ဆရာကြီး ဟောင်ယုကို ပထမဆုံး ရွေးချယ်ခွင့် ပေးလိုက်ပါက၊ သူသည် ဒေါသထွက်ဟန် ဆောင်ပြီး၊ ဒုတိယအချီတွင် နတ်ဘုရားဝိညာဉ် ကျောက်တုံးများကို ပထမဆုံး ရွေးချယ်ခွင့်ကို ရရှိမည် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ဒုတိယအချီတွင် အရင်ဆုံး ကျောက်တုံးများကို မှန်ကန်စွာ ရွေးချယ်နိုင် ပါက တစ်ပွဲတည်းဖြင့် အောင်ပွဲနှစ်ပွဲ ရရှိနိုင်လိမ့်မ့ည်။
ဤသည်မှာ ချင်ယွင်၏ စိတ်အကြံစည်ထဲမှ ကြောက်စရာကောင်းသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ သို့သော်၊ ချင်ယွင်သည် သူ၏ယခင်လုပ်ရပ်များကို နောင်တ ရနေသေး သည်ဟု အဖိုးအိုလေးက ထင်မြင်နေသေးသည်။ ထို့ကြောင့် သူသည် ဒုတိယအချီတွင် အရင်ဆုံး ရွေးချယ်ခွင့်ကို စွန့်လွှတ်ခဲ့ပြီး၊ ချင်ယွင်၏ ကစားခြင်းကို လုံး၀ ခံလိုက်ရသည်။
သေချာသည်မှာ, ချင်ယွင်သည်လည်း တခါတရံ တွက်ချက်မှုများ လွဲမှားတတ်ပါသည်။ သူ၏ သရုပ်ဆောင်နိုင်စွမ်းက လူတိုင်းကို လှည့်စားနိုင်သည်ဟု သူ ထင်ခဲ့သော်လည်း သူ့နှုတ်ခမ်းပေါ်မှ အပြုံးကို ဆရာကြီး အန်း လုံးလုံး မြင်သွားသည်ကို သူ မသိခဲ့ပါဘူး။