← Chapters

အခန်း ၁၂၁၃

Vol. 81 Ch. 1213

အခန်း ၁၂၁၃

Vol. 81 Ch. 1213

အခန်း (၁၂၁၃) ဟောင်ယုနှင့် ကစားခြင်း။

ထိုအချိန်မျာ, ဆရာကြီး အန်း၏ စိတ်နှလုံးသည် မုန်တိုင်း လှုပ်ခတ်သွားသလို ခံစားလိုက်ရ သည်။

အစောပိုင်းက တစွန်းတစမှ ပေါ်လွင်ခြင်းမရှိသော ချင်ယွင်၏ နှုတ်ခမ်းပေါ်မှ အပြုံးသည် သူမမျက်လုံးထဲသို့ ကျရောက်လာခဲ့သည် ။

သူမ၏မျက်လုံးထဲတွင် ဤအပြုံးသည် ကောက်ကျစ်စဉ်းလဲသော မြေခွေးတစ်ကောင်၏ အပြုံးမျိုးဖြစ်ပြီး၊ သူမအား ကြောက်ရွံ့ထိတ်လန့်စေသည့် ခံစားချက်ကို ပေးစွမ်းသည်။

"အတိအကျ သူက ဘယ်သူလဲ?။ သူ့မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ စိတ်ထားမျိုး ဘယ်လိုလုပ် ရှိနေတာလဲ?။ သူ့ရဲ့လိမ်ညာလှည့်စားမူ ခံရလုနီးပါးပဲ။ ဟောင်ယုတောင် သူ့ကို အရုပ်တစ်ရုပ်လို ကစားနေတာကို မသိလိုက်ဘူး။" ဆရာကြီး အန်သည် သူ့ကိုယ်သူ ရေရွတ်ရင်း၊ သူမ၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ထိတ်လန့်မူများဖြင့် ပြည့်နေခဲ့သည်။

သူမသည် ချင်ယွင်၏ လုပ်ငန်းစဉ်တစ်ခုလုံးကို သေသေချာချာ ပြန်တွေးကြည့်ပြီး၊ ချင်ယွင်၏ အစီအမံများသည် အမှန်တကယ်ပင် ကြောက်စရာကောင်းကြောင်း သူမ စိတ်ထဲတွင် သိလိုက်ရသည်။

သေချာသည်မှာ,ဤအရာသည် သူ၏ အလွန်ကျွမ်းကျင်သော ကျောက်တုံးရွေးချယ်မှု အပေါ် အခြေခံလုပ်ဆောင်ထားခြင်း ဖြစ်နိုင်ပါသည်။ အကယ်၍, သူသည် ကျောက်ဘုရင် ၏ စွမ်းရည်များကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ခဲ့ပါက, သူသည် ချင်ယွင်ကဲ့သို့ ချောမွေ့ သည့် အစီအစဥ်မျိုးကို ပြုလုပ်နိုင်မည် မဟုတ်ပါ။

ကျောက်ဘုရင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်ခြင်း၊ ဒီစွမ်းရည်တစ်ခုတည်းကပင် ကြောက်စရာကောင်းနေပြီဟု သူမကို ခံစားရစေသည်။ ချင်ယွင်၏ ကြောက်မက်ဖွယ် စိတ်စွမ်းရည်ပါ ထည့်တွက်လျှင်, သူသည် မွန်းစတားများကြားမှာပင် တကယ့် မွန်းစတား တစ်ကောင် ဖြစ်ပါသည်။

"သူ့ရဲ့ ကျင့်ကြံခြင်းက ဘာလဲဆိုတာတော့ ငါ မသိသေးဘူး။ တကယ်လို့, သူ့ရဲ့ ကျင့်ကြံမူ သာ ထူးထူးခြားခြား အားကောင်းနေခဲ့ရင်, သူက ကောင်းကင်ဘုံကို အတော်လေး အန်တုနေလွန်းတယ်" ဆရာကြီး အန်းသည် သူ့ကိုယ်သူ အသံထွက်ရေရွတ်ပြီး ချင်ယွင်၏ ခွန်အားနှင့် ကိုယ်ရေးအချက်ကို အလွန် စိတ်ဝင်စားလာခဲ့သည်။

သို့သော်၊ ချင်ယွင်၏ ကျင့်ကြံမှုသည် အလွန်သန်မာလိမ့်မည် မဟုတ်ကြောင်း သူမ ထင်မြင်မိသည်။ အဘယ့်ကြောင့်ဆိုသော် ချင်ယွင်၏ အသက်အရွယ်ကြောင့် ဖြစ်ပါသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသည်ဆိုလျှင်ပင် အလွန်မင်း ကြောက်စရာကောင်းလိမ့် မည် မဟုတ်ပေ။

…

ဆရာကြီး အန်းက ချင်ယွင်၏ အကြောင်းကို မှန်းဆချက်များ ဆက်တိုက်ဆိုသလို ပြုလုပ်နေစဉ်မှာ ချင်ယွင်သည် ဒုတိယအချီအတွက် ကျောက်တုံးတွေကို စတင် ရွေးချယ်နေပါပြီ။

ချင်ယွင်သည် နတ်ဘုရားဝိညာဉ် ကျောက်တုံးများထဲမှ ကျောက်တုံးဘုရင်ကို မြင်ထားပြီး ဖြစ်သော်လည်း, သူသည် ကျောက်တုံးများအလယ်တွင် ဟန်ဆောင်ရန် ရွေးချယ်နေခဲ့သေး သည်။ သူသည် ရှေ့နောက်လျှောက်သွားပြီး ထိတွေ့ကိုင်ကြည့်ကာ ဆရာကြီး ဟောင်ယု၏ လှုပ်ရှားမှုများအတိုင်း တုပနေသည်။ သူသည် နှာခေါင်းဖြင့်နံ့ရှုံ့ရင်း မေးမြန်းကြည့်သေး သည်။

ဒုတိယအချီတွင်၊ လေးမီတာခန့် အမြင့်ရှိသော ဧရာမနတ်ဘုရားဝိညာဥ် ကျောက်တုံးကြီး များ၏ အရေအတွက်သည် သဘာဝအတိုင်း ယခင်ကထက် များစွာနည်းသွားပါပြီ။ လေးမီတာ အရွယ်အစားရှိ ဧရာမ နတ်ဘုရားဝိညာဉ်ကျောက်တုံးကြီး ၁၂ တုံးသာ ရှိပြီး၊ တစ်ခုစီသည် ထူးထူးခြားခြား မြင့်မားလှသည်။

အရပ်တစ်မီတာသာသာ အမြင့်ရှိသော ချင်ယွင်အတွက်မူ၊ ၎င်းသည် ကြီးမားသော အရာကြီးတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့်၊ ဤနတ်ဘုရားဝိညာဉ် ကျောက်အမျိုးအစားကို ရွေးချယ်သောအခါတွင်၊ သာမန် ကျောက်တုံးရွေးချယ်သူ ဆရာများပင်လျှင် ရွေးချယ်ဖို့ အတွက် အလွန်မင်း ခက်ခဲပါသည်။ အဆုံးတွင်, သူတို့သည် ကျောက်တုံးကြီး၏ အပေါ်ပိုင်း ကို မမြင်နိုင်ခဲ့ပါဘူး။ သူတို့မြင်နိုင်သည့် နယ်ပယ်နမိတ်က အလွန်မင်း ကန့်သတ်ရှိသော ကြောင့် သူတို့၏ ရွေးချယ်မှုတွေက သဘာဝအရ အလွန့်လွန် အကန့်အသတ် ရှိပါသည်။

သေချာသည်မှာ၊ ချင်ယွင်အတွက်မူ ဤမေးခွန်းများသည် သဘာဝအတိုင်း မရှိခဲ့ပေ။ အကြောင်းမှာ သူသည် နတ်ဘုရားဝိညာဉ် ကျောက်တုံးများကို စစ်ဆေးဆုံးဖြတ်ရန် သူ၏ မျက်လုံး သို့မဟုတ် နှာခေါင်းကို အားကိုးခဲ့ခြင်း မဟုတ်ဘဲ၊ သူ့နှလုံးသားအပေါ်တွင်သာ အားကိုးခဲ့ခြင်း ဖြစ်ပါသည်။

ချင်ယွင်သည် နတ်ဘုရားဝိညာဥ် ကျောက်တုံးကြီး၏ နံဘေးသို့ လျှောက်သွားပြီး နတ်ဘုရားဝိညာဉ်ကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် သူ့လက်ကို တင်လိုက်ပါသည်။ ချက်ချင်းပင် ကျောက်တုံးကြီးဆီမှ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်သည် ကျောက်တုံးကြီးအတွင်း မြင်ကွင်းကို ခံစားလိုက်ရပါသည်။

ချင်ယွင်သည် မျက်လုံးဖွင့်ကာ ပြုံးလိုက်ပါသည်။ ထို့​နောက် သူသည် လူ​တိုင်း​ကို “ငါ ဒီကျောက်တုံးကြီးကို ​ရွေး​မယ်” ဟု ​ပြော​လိုက်ပါသည်။

ချင်ယွင်သည် နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ရွေးချယ်ခဲ့ကြောင်း လူတိုင်းကြားသော အခါ၊ သူတို့အားလုံးသည် ချင်ယွင်ရွေးချယ်ခဲ့သော ကျောက်တုံးကြီးဆီသို့ မျှော်ကြည့်ကြ သည်။

ထိုကျောက်တုံးကြီးသည် ထူးထူးခြားခြား ကြီးမြတ်လှသည်။ ၎င်းသည် ဤကမ္ဘာကြီး၌ အခက်ခဲများ ကျရှုံးမူများကြားမှ ရုန်းကန်လာခဲ့သည့် ပြိုင်ဘက်ကင်း နတ်ဆိုး နတ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။ ကျောက်တုံးကြီးသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဖိနှိပ်ခြင်း အငွေ့အသက်များ ရှိနေပုံရသည်။ ထိုကျောက်တုံးကြီးသည် တစ်ချက်ကြည့်ရုံဖြင့်ပင် သာမန်ထက် ထူးကဲသောခံစားမူကို ပေးစွမ်းနေသည်။

အဝေးမှ ဆရာကြီး ဟောင်ယုသည်လည်း ချင်ယွင်ရွေးချယ်ထားသော ကျောက်တုံးကြီးကို လှမ်းကြည့်လိုက်သည်။ ချင်ယွင် ရွေးချယ်ထားသော ကျောက်တုံးကြီးကို သူ မြင်သောအခါ သူ၏မျက်ခုံးများသည် ချက်ချင်းပင် တွန့်သွားခဲ့သည်။

သူ၏ မျက်မှောင်ကြုတ်သွားခြင်းသည် အတုအယောင်မဟုတ်ဘဲ အစစ်မှန် မျက်မှောင် ကြုတ်သွားခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်, ချင်ယွင် ရွေးချယ်ထားသော ကျောက်တုံးသည် အလွန်ထူးခြားသည်ဟု သူလည်း ခံစားမိသောကြောင့်ပင်။

"ဆရာကြီး ဟောင်ယု၊ ငါ ရွေးချယ်ပြီးသွားပြီ။ အခု မင်းအလှည့်ရောက်ပြီ" ချင်ယွင်က ဆရာကြီး ဟောင်ယုကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။

သူရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် သဘာဝအတိုင်း သူနှစ်သက်ခဲ့ သော ကျောက်ဘုရင် ဖြစ်သည်။ ဤကျောက်ဘုရင်သည် ထူးထူးခြားခြား ဖြစ်နေသော ကြောင့်, အကယ်၍, ဟောင်ယုသာ ဒီတစ်ချီမှာ ဦးစွာရွေးချယ်ခွင့်ရပါက, သူသည်လည်း ၎င်းကို သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ဤဒုတိယ အချီတွင် ဦးစားပေးအဖြစ် ရွေးချယ်ခွင့်ရယူရန် ဤဗျူဟာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အဆုံးတွင်, ဟောင်ယုသည် ပထမအချီမှာ အရင်ဆုံးရွေးချယ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်, ချင်ယွင်က ဤဒုတိယချီမှာ အရင်ဆုံးရွေးချယ်ခွင့်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထုံးစံအတိုင်း၊ သူသည် တစ်ခုခုကို အောင်မြင်ဖို့အတွက် တတ်နိုင်သလောက် လိုက်လျော ပေးလိုက်ခြင်း ဖြစ်သည်။ (Naturally, he was embarrassed to give it his all.) ("Embarrassed to give it his all" means feeling too self-conscious or ashamed to put a lot of effort into something)။ (တစ်ခုခုကို ကြိုးစားအားထုတ်ဖို့ ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း သတိကြီးစွာထားခြင်း သို့မဟုတ် ရှက်ရွံ့မူ ခံစားရခြင်း။) ဤနေရာ၌ အရှိတိုင်းမပြန်ဆိုဘဲ သင့်တော်ဆုံး အဓိပ္ပာယ်ဖြင့် ပြန်ဆိုထားသည်။ (Give it your all To do or give as much as one can to achieve something) (တစ်ခုခုကို အောင်မြင်ဖို့အတွက် တတ်နိုင်သလောက် လိုက်လျောပေးခြင်းဆိုသည့် အဓိပ္ပာယ်က ဇာတ်လမ်းဇာတ်ကွက်နှင့် လိုက်ဖက်ညီသည့်အတွက် ၎င်းအတိုင်း ပြန်ဆိုလိုက်သည်။)

တတိယပွဲကို မည်သူ အရင်ရွေးမည်နည်းဆိုသည့်မေးခွန်းအတွက်မူ, အဓိပ္ပါယ်အများကြီး မရှိတော့ပါဘူး။ မည်သို့ပင်ဆိုစေကာမူ ချင်ယွင်သည် ကျောက်ဘုရင်ကို နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ အကယ်၍, ဟောင်ယုသည် တတိယမြောက်ချီမှာ အနိုင်ယူခဲ့လျှင် ပင်, သူသည် ဒီလောင်းကစားပွဲကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ (ဤစကားအရ ပထမချီ၌ ချင်ယွင်ရွေးချယ်ခဲ့သည့် ကြည့်ရဆိုးသည့် ကျောက်တုံးသည် ကျောက်ဘုရင်ဟု ဆိုလိုရာ ရောက်ပါသည်။)

ဟောင်ယုသည် ချင်ယွင်၏စကားကို ကြားပြီးနောက်၊ သူသည် ကျောက်တုံများထဲသို့ လှမ်းဝင်ကာ နတ်ဘုရားဝိညာဉ် ကျောက်တုံးများကို တစ်ခုပြီးတစ်ခု စူးစမ်းလေ့လာကြည့် သည်။

သို့သော် သူ သတိပြုမိလိုက်သည်နှင့် သူ၏အမူအရာသည် ပို၍ပို၍ပင် ရုပ်ဆိုးလာခဲ့သည်။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ သူ မြင်တွေ့ရသော နတ်ဘုရားဝိညာဉ် ကျောက်တုံးများတွင် ချင်ယွင် ရွေးချယ်ထားသည့်တစ်ခုနှင့် ယှဉ်နိုင်သော ကျောက်တုံး တစ်ခုမျှ မပါဝင်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ၎င်းက ချင်ယွင် ရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ် ကျောက်တုံးသည် လေးမီတာအမြင့်ရှိ ကျောက်တုံးများ ကြားတွင် ကျောက်ဘုရင် ဖြစ်သည်ဟုလည်း ဆိုလိုပါသည်။

ထိုအကြောင်းကိုတွေးပြီး သူ၏မျက်နှာက ပို၍ပင် ဖြူဖျော့လာပြီး၊ ချင်ယွင်ကို အရင်ဆုံး ရွေးချယ်ခွင့် ပေးလိုက်ခြင်းအတွက် နောင်တရသွားခဲ့သည်။

ယခုလိုအချိန်မျိုးတွင် သူသည် ပို၍ အရေထူသင့်သည်။ ငယ်ရွယ်သူကို အနိုင်ကျင့်သည်ဟု တစ်စုံတစ်ယောက်က ပြောဆိုလှောင်ပြောင်လာမည်ကို စိုးရိမ်သောကြောင့်သာ, မဟုတ်ပါ က, သူသည် အရင်ဆုံး ရွေးချယ်မိလိမ့်မည်။

သို့သော် နောင်တရရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။ ယခု ကျောက်ဘုရင်ကို ချင်ယွင်က ရွေးချယ်သွားခဲ့ပြီ။ သူ မည်သည့်အရာကို ရွေးချယ်ခဲ့သည်ဖြစ်စေ အသုံးမဝင်တော့ပေ။

သို့သော် ပထမအချီတွင်, သူ ကျောက်ဘုရင်ကို ရရှိခဲ့သည့်အကြောင်းကို တွေးတောရင်း, သူ၏စိတ်နှလုံးသည် ပို၍ကောင်းမွန်လာခဲ့ပါသည်။

ကျောက်ဘုရင် တစ်ယောက် တစ်ခုစီ။ ကြီးကြီးကျယ်ကျယ်ပြောရရင်, တတိယအချီမှာ နောက်တစ်ခု ထပ်မံရရှိပါက အနိုင်ရဖို့ လုံလောက်ပါပြီ။ သို့သော် တတိယအချီ၏ အရင်ဆုံး ရွေးချယ်ခွင့်ကို ချင်ယွင်အား သေချာပေါက် ပေး၍မဖြစ်တော့ပေ။

"ဒါကို ငါ ရွေးတယ်။" ဟောင်ယုက သူ့ဘေးက ကျောက်တုံးကြီးတစ်ခုကို ညွှန်ပြပြီး လူတိုင်းအား ပြောလိုက်သည်။

သူသည် ဒုတိယအချီမှာ ရှုံးသွားခဲ့ပြီကို သိထားသော်လည်း, အနိုင်ရရန် အခွင့်အရေး ရှိနေသေးသည်ဟု ခံစားမိနေတုန်းပင်။ ထို့ကြောင့်၊ သူသည် နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ရွေးချယ်သောအခါ၊ ထူးထူးခြားခြား ကောင်းမွန်သည့် ရတနာတစ်ခုကို သူ ရွေးချယ်ခဲ့ပါသေးသည်။

ဤဧရိယာရှိကျောက်တုံးများသည် ကောင်းမွန်သောကြောင့် သီအိုရီအရ, ကျောက်ဘုရင် မပါလျှင်ပင် ကောင်းသည့်အရာများ သဘာဝအတိုင်း တည်ရှိနေရမည် ဖြစ်သည်။

ဟောင်ယု၏ ရွေးချယ်မှုကို မြင်သောအခါ ချင်ယွင် ပြုံးလိုက်မိသည်။ ဟောင်ယု ရွေးချယ်ခဲ့ သော နတ်ဘုရားဝိညာဉ် ကျောက်တုံးသည် အမှန်တကယ်ပင် ကျောက်ဘုရင်ထက် နိမ့်ကျသည့် တစ်ခုတည်းသော နတ်ဘုရား ဝိညာဉ်ကျောက်တုံး ဖြစ်ပါသည်။

အနီးနားရှိ လူအုပ်ကြီးသည် ဤတိုက်ပွဲ၏ ပရိယာယ်များကို သဘာဝအတိုင်း မြင်လိုက်ရ သောကြောင့် မည်သူက အနိုင်ရပြီး မည်သူက ရှုံးနိမ့်မည်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အတိအကျ မှန်းဆနိုင်ကြသည်။

"ဒီတတိယချီမှာ ဘယ်သူ့ကို ဦးစားပေး ရွေးချယ်ခွင့် ပြုမလဲ" ဟောင်ယုသည် ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။

သူသည် ထိုမေးခွန်းကို မေးလိုက်သော်လည်း တတိယချီ၏ ဦးစားပေးရွေးချယ်ခွင့်ကို လုံးဝ လက်မလွှတ်ဟု သူ့စိတ်ထဲမှာ ဆုံးဖြတ်ထားသည်။

"ဟား...၊ ဟား...၊ ငါ ပြောပြီးပါပြီ။ ငါက လူကြီးကို လေးစားပြီး ငယ်ရွယ်သူကို မေတ္တာထားတယ်ဆိုတာလေ။ ဒါကြောင့် တတိယချီအတွက် အရင်ဆုံး ရွေးချယ်မှုကို ခင်ဗျားကို ပေးမယ်။" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်။

သို့သော် သူ ထိုသို့ပြောပြီးသည်နှင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ပထမအချီမှာ ချင်ယွင်၏ ဝမ်းနည်းဖွယ် အမူအရာကြောင့် သူတို့ သိသာထင်ရှားစွာ စိတ်လှုပ်ရှားခဲ့ရသည်။ ထို့ကြောင့်, ချင်ယွင်သည် ဤဦးစားပေး ရွေးချယ်မှုကို စွန့်လွှတ်မည် မဟုတ်ဟု မူလက သူတို့ ထင်ခဲ့ကြသော်လည်း, ယခုအခါ ချင်ယွင်သည် စိတ်လိုလက်ရ စွန့်လွှတ်လိုက်ပြန်သည်။ ဤအရာက သူတို့ကို တုန်လှုပ်စေခဲ့သည်။

"သူ ရူးနေသလား? ကျောက်တုံး ရွေးချယ်ခွင့်ကို ဘာကြောင့် စိတ်လိုလက်ရ စွန့်လွှတ်လိုက် ရပြန်တာလဲ?။ ဖြစ်နိုင်တာက သူ မေ့သွားလို့များလား?။ ပထမအချီမှာ သူ နောင်တရတဲ့ ပုံစံကို မေ့သွားပြီလား?။

"မှန်တယ်။ ဖြစ်နိုင်တာက သူ အရှုံးသေချာသွားလို့များလား?။ ဒါကြောင့် သူက လက်လျှော့ လိုက်တာလား?”။

…

အားလုံး အံ့သြသွားကြသည်။

အဝေးမှာရှိနေသော သခင်လေး ပိုင်ယုသည် အလွန်တရာမှ စိတ်ရှုပ်ထွေးနေသည့် အမူအရာ ဖြစ်ပေါ်နေပြီး၊ သူနှင့်ကွဲကွာနေသည့်အလား သူ၏ မျက်ခုံးများသည် ကွဲကွာနေ သည်။

ရောက်ရှိနေကြသည့် လူများထဲမှာ ချင်ယွင် အဘယ့်ကြောင့် ယခုလို လုပ်ရသည်ကို ဆရာကြီးအန်း တစ်ယောက်သာ နားလည်ပါသည်။ ပထမနှစ်ပွဲ အနိုင်ရပြီးနောက် တတိယပွဲစဉ်ကို ရွေးချယ်ရန် မည်သူ့အတွက်မဆို အဓိပ္ပါယ်မရှိတော့ပေ။ သူမသည် ချင်ယွင်ကို သူမ၏ စိတ်နှလုံးထဲတွင် မလေးစားဘဲ မနေနိုင်ခဲ့ပေ။

ဟောင်ယုသည် ဝေခွဲမရဖြစ်သွားသော်လည်း၊ သူ့စိတ်ထဲတွင်မှာ အလွန်ပျော်ရွှင်နေပါ သည်။ သူသည် ချင်ယွင်က သူ့စကားကို ပြန်ပြင်ပြောလာမည်ကို စိုးရိမ်သွားပြီး "ကောင်းပြီလေ, ဒါဆိုလည်း ငါကပဲ အရှက်မဲ့စွာ ရွေးချယ်ရတော့မှာပေါ့”ဟု ပြောလိုက်ပါ သည်။

All Chapters