← Chapters

အခန်း ၁၂၁၄

Vol. 81 Ch. 1214

အခန်း ၁၂၁၄

Vol. 81 Ch. 1214

အခန်း (၁၂၁၄) နှလုံးသားမျက်လုံး။

အဆင့်မြင့်ကျွမ်းကျင်ပညာရှင် ဆရာကြီး ဟောင်ယုသည် သူ့စိတ်ထဲတွင် အလွန်မင်း ဂုဏ်ယူနေပါသည်။ ချန်ယွင်က ဤတတိယဦးစားပေး ရွေးချယ်ခွင့်ကို စွန့်လွှတ်လိုက်ခြင်း ကို သူသည် အမှန်တကယ် မမျှော်လင့်ခဲ့ပေ။

ချင်ယွင်သည် ဘယ်လိုလေပြင်းမျိုး တိုက်ခတ်နေမှန်း သူမသိသော်လည်း, ဤသည်မှာ သူလိုချင်သည့်အရာ အတိအကျပင်။

"ကောင်စုတ်လေး၊ မင်းက ငယ်ပါသေးတယ်လေ။ မင်း ဒီလောင်းကြေးကို သေချာပေါက် ရှုံးနိမ့်ရတော့မယ်။ ဒီတတိယအချီမှာ ကျောက်ဘုရင်က ငါ့အပိုင်ပဲ" ဆရာကြီး ဟောင်ယု က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် လှောင်ပြောင် သရော်မှုများဖြင့် ပြည့်နှက်နေသည်။

ဟောင်ယု၏ လှောင်ပြောင်သော အမူအရာကို မြင်လိုက်ရသဖြင့် ချင်ယွင်၏ မျက်လုံးများ သည် လခြမ်းပုံစံ ကွေးညွတ်သွားကာ၊ နားမလည်နိုင်သော အပြုံးတစ်ခုက သူ၏ ပါးစပ်ထောင့်စွန်းတွင် ခိုတွဲထားသည်။

"ခင်ဗျား တကယ်ပဲ ကျောက်ဘုရင်ကို ရွေးနိုင်မယ်လို့ ထင်နေတာလား?။ အမှန်အတိုင်း ပြောရရင်, ခင်ဗျားကို အရင်ဆုံး ရွေးချယ်ခွင့်ပေးလိုက်တာက ခင်းဗျားအနေနဲ့ ကျောက်ဘုရင်ကို မရွေးချယ်နိုင်ဘူးလို့ ငါ မျှော်လင့်ထားလို့ပဲ။" ချင်ယွင်က လုံးဝ ဂရုမစိုက် ဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

ဟောင်ယု၏ မျက်လုံးများသည် အမျက်ဒေါသနှင့်အတူ ချက်ချင်း တောက်လောင်သွား သည်။ သူ့ရှေ့မှ ဤကောင်စုတ်သည် တကယ်ပင် သူ့ကို အရမ်းကို အထင်သေးလွန်းသည်။ အနည်းဆုံး သူသည်လည်း အဆင့်မြင့်ကျွမ်းကျင်ပညာရှင် ကျောက်တုံးလောင်းကစားသူ တစ်ဦး ဖြစ်ခဲ့သည်။ သူသည် တစ်ချိန်တုန်းက ဒဏ္ဍာရီအဆင့် ရတနာတစ်ခုကိုပင် ဖွင့်ခဲ့ဖူးသော်လည်း ယခုအခါ လူငယ်လေးတစ်ဦး၏ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။ ဤအရာက သူသည် သူ့ကို မျက်လုံးထဲ ထည့်မထားသည်မှာ ထင်ရှားသည်။

"ဟမ့်၊ ငါ ကျောက်ဘုရင်ကို ရှာမတွေ့ဘူးလို့ မင်း ပြောလိုက်တယ်ပေါ့။ ကောင်းပြီလေ၊ ဒါဆိုလည်း မင်းမြင်အောင် ငါရှာပြလိုက်မယ်။ ဒါမှ မင်းလည်း ဒီစိတ်နဲ့ လုံးဝ သေသွားနိုင် မယ်" ဆရာကြီး ဟောင်ယုသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ခြောက်မီတာမြင့်သော ကျောက်တုံးကြီးဆီသို့ လျှောက်သွားသည်။

ခြောက်မီတာမြင့်သော ကျောက်တုံးကြီးများသည် အများပြား မရှိခဲ့ပေ။ အကြီးဆုံးနီးပါး ဖြစ်သော နတ်ဘုရားဝိညာဉ် ကျောက်တုံးတစ်တုံးအပါဝင် ကိုးတုံးသာ ရှိပါသည်။

ချင်ယွင်သည် မထီမဲ့မြင်ပြုသော အပြုံးဖြင့် ကျောက်တုံးကြီးကိုးခုဆီသို့ လျှောက်လှမ်းနေ သော ဆရာကြီး ဟောင်ယုကို ကြည့်နေသည်။

သူသည် အစောပိုင်းက လိမ်ပြောခဲ့ခြင်း မဟုတ်ပေ။ သူသည် အမှန်တရားကို ပြောခဲ့ခြင်း ဖြစ်သည်။

သူ့အမြင်အရဆို၊ ဆရာကြီးဟုခေါ်ခံရသည့် ဤဟောင်ယုသည် ကျောက်ဘုရင်က မည်သည့်တစ်ခု ဖြစ်သည်ကို အမှန်ပင် မပြောနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော်, ချင်ယွင်သည် ၎င်းကို ရှင်းရှင်းလင်း မမြင်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍, မည့်သည့်ကျောက်တုံးက ကျောက်ဘုရင်လဲဆိုသည်ကို အမှန်တကယ် အတည်ပြုလိုလျှင်, သူသည် ကျောက်တုံးကြီးသို့သွားပြီး ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ရလိမ့်မည်။

ထို့ကြောင့် ချင်ယွင်သည် ဆရာကြီး ဟောင်ယုက ကျောက်ဘုရင်ကို အမှန်တကယ် ရွေးချယ်နိုင်မည်ကို မစိုးရိမ်ခဲ့ပေ။ အကယ်၍, သူ စွမ်းနိုင်ခဲ့လျှင်ပင်, နောက်ဆုံးရလာဒ် အပေါ် အများကြီး သက်ရောက်မှုရှိမှာ မဟုတ်တော့ပါဘူး။

ဆရာကြီး ဟောင်ယု လျှောက်လှမ်းသွားစဉ်မှာ, လူတိုင်းသည် သူတို့နှလုံးများ လည်ချောင်းဝ ရောက်သည်အထိ ခုန်နေကြပါသည်။

ဤသည်မှာ ခြောက်မီတာ အမြင့်ရှိသော နတ်ဘုရားဝိညာဉ် ကျောက်တုံးကြီး ဖြစ်သည်။ ဤအဆင့်ရှိ နတ်ဘုရားဝိညာဥ် ကျောက်တုံးသည် များသောအားဖြင့် ပြိုင်ဘက်ကင်း ရတနာများကို ထုတ်လုပ်ပေးနိုင်ပြီး ဒဏ္ဍာရီဆန်ဆန် ရတနာအချို့ကိုပင် ထုတ်လုပ်ပေးနိုင် ပါသည်။

ထို့ကြောင့်၊ ဤကဲ့သို့ ခြောက်မီတာ အမြင့်ရှိသော နတ်ဘုရားဝိညာဉ်ကျောက်တုံးကြီး၏ ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ခဲ့ခြင်းသည် ၎င်းတို့အတွက် တုနှိုင်းမရ သည့် ဂုဏ်ယူစရာဖြစ်ရပ်ပင် ဖြစ်သည်။

အကယ်၍, သူတို့သည် ဒဏ္ဍာရီအဆင့် ရတနာအချို့ မွေးဖွားခြင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်ခဲ့လျှင်, ဤဖြစ်ရပ်ကို အနှစ်တစ်သောင်းကြာသည်အထိ ကြွားလုံးထုတ်နိုင်ပါ လိမ့်မည်။

…

အားလုံးက ဆရာကြီး ဟောင်ယုကို မျက်တောင်မခတ်ဘဲ ကြည့်နေကြစဉ်မှာ, ဆရာကြီး ဟောင်ယုလည်း ကျောက်တုံးများကို ကြည့်ရူနေသည့်အာရုံထဲမှာ နှစ်မြုပ်သွားခဲ့သည်။

၎င်းတို့၏ အရွယ်အစားကြောင့် ဤခြောက်မီတာအဆင့် နတ်ဘုရားဝိညာဉ်ကျောက်တုံး များသည် လေ့လာရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့်, ဆရာကြီး ဟောင်ယုသည်ပင် အတွင်း၌ ရတနာများ ရှိမရှိ ဆုံးဖြတ်ရန် ရုန်းကန်နေရသည်။

သူ၏အရွယ်အစားအရ နတ်ဘုရားဝိညာဥ်ကျောက်တုံးများနှင့် အကာဝေးသည် ငါးပုံတစ်ပုံ ထက်ပင် နည်းနေသည်ကို တွေ့မြင်နိုင်သည်။ ယင်းက ကျောက်တုံးများကို ရွေးချယ်ရာ တွင် အခက်အခဲဖြစ်စေမည်မှာ သေချာပါသည်။

သေချာသည်မှာ, ဤအရာက အဆင့်မြင့် ကျောက်တုံးရွေးချယ်သူတစ်ဦး၏ စစ်မှန်သော စွမ်းရည်ကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါသည်။ စူးစမ်းလေ့လာမူ ငါးပုံတစ်ပုံအတွင်း အကွာအဝေးဖြင့် နတ်ဘုရားဝိညာဉ်ကျောက်တုံးများတွင် ရတနာတစ်ခုခု ရှိမရှိကို ဆုံးဖြတ်နိုင်ရန်မှာ အလွန်အဆိပ်ပြင်းသော မျက်လုံးများနှင့် အတွေ့အကြုံများစွာ လိုအပ်မည် ဖြစ်ပါသည်။

ဤအခိုက်အတန့်တွင်၊ ဟောင်ယုသည် ကျောက်တုံးရွေးချယ်ခြင်း သဘောတရားတွင် လုံးဝ နစ်မြုပ်နေခဲ့သည်။ ပတ်​ဝန်းကျင်​ရှိ အရာအားလုံးသည် လုံးဝ ကွယ်​ပျောက်​သွားသည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် သူနှင့် ဤနတ်ဘုရားဝိညာဉ် ကျောက်တုံး များသာ ကျန်ရှိတော့၏။ သူသည် ထိုနတ်ဘုရားဝိညာဉ်ကျောက်တုံးများ၏ အသေးစိတ် အချက်အလတ်တိုင်းကို ကြည့်ရှုလေ့လာပြီး၊ ထိုဘုရားဝိညာဉ် ကျောက်တုံးများတွင် ပါရှိသော ရတနာများကို အတတ်နိုင်ဆုံး ရှာဖွေလေ့လာခဲ့သည်။ သူသည် ထိုနတ်ဘုရား ဝိညာဉ်ကျောက်တုံးများမှ ကျောက်ဘုရင်ကို ရှာဖွေလိုခဲ့သည်။

ထိုအခိုက်အတန့်တွင် အဘိုးအိုလေးသည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် လုံးလုံး လျားလျား ပေါင်းစပ်သွားသကဲ့သို့ မမြင်နိုင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

"နှလုံးသားမျက်လုံး…။ ဒါက တကယ်ကို နှလုံးသားမျက်လုံးပဲ။ ဒါက ကျောက်တုံး ရွေးချယ်မှုမှာ အမြင့်ဆုံးအဆင့်ပဲ။ ဆရာကြီး ဟောင်ယုက နှလုံးသားမျက်လုံးကို တကယ် နားလည်ဖို့ ငါ မမျှော်လင့်ထားဘူး။" လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။

အဆင့်မြင့် ကျွမ်းကျင်ပညာရှင် ဆရာကြီး ဟောင်ယုသည် ဒဏ္ဍာရီလာ ကျောက်တုံး ရှာဖွေရေး နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြ ပေ။ ဤအရာသည် ထိပ်တန်း လျှို့ဝှက်ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။

ဤမြေအောက်ကုန်သွယ်မြို့သည် နတ်ဘုရားတန်ခိုးများနှင့် နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအား အားလုံးကို ပိတ်ဆို့ထားသောကြောင့် သာမန်လူများအတွက် သာမန်မျက်စိ အမြင်ဖြင့် အပြင်ဘက်ရှိ မည်သည့် အရာကိုမဆို မြင်တွေ့နိုင်ရန် ခက်ခဲလွန်းသည်။ သို့သော်၊ လောင်းကစားကျောက်တုံးလောကတွင် အထူး လျှို့ဝှက်နည်းလမ်းတစ်ခု ရှိနေခဲ့ သည်။ ၎င်းသည် ဤနှလုံးသားမျက်လုံး နတ်ဘုရားစွမ်းရည် ဖြစ်သည်။

စိတ်နှင့်မျက်စိတို့သည် ပကတိမျက်စိမြင်ကွင်းကို ထိုးဖောက်၍ မကြည့်နိုင်သော်လည်း နှလုံးသားစွမ်းအားဖြင့် ကြည့်နိုင်သည်။

အလွန်ဆိတ်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုတွင် သူသည် မိမိကိုယ်ကို လုံး၀ နှစ်မြှုပ်နိုင်ခဲ့ သည်။ ထို့နောက်၊ သူသည် ဤနတ်ဘုရားဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင် အတက် အကျ လှိုင်းများကို သူ့နှလုံးသားမှတဆင့် ခံစားနိုင်ပြီး ၎င်းတို့အတွင်းပါရှိသော ရတနာများ ကို ရှာဖွေတွေ့ရှိနိုင်သည်။

သေချာသည်မှာ ဤနှလုံးသားမျက်လုံးဖြင့် ကြည့်ရူခြင်းဟုခေါ်သည့် အရာသည် ကန့်သတ် ချက်များလည်း ရှိနေခဲ့ပါသည်။ ၎င်းသည် ဤနတ်ဘုရား ဝိညာဉ် ကျောက်တုံးများ၏ စွမ်းအားကိုသာ ခံစားနိုင်ပြီး၊ ၎င်းတို့သည် အလွန့်လွန် နူးညံ့သိမ်မွေ့လွန်းပါသည်။ ထို့ကြောင့်, အကယ်၍, သတိမထားမိပါက, မှားယွင်းစွာ ကောက်ချက်ချနိုင်ပါသည်။ သေချာသည်မှာ၊ ဤအရာသည် သာမန်ပကတိမျက်စိဖြင့် ခန့်မှန်းခြင်းထက် ပိုမှန်ကန်ပါ သည်။

"နှလုံးသားမျက်လုံးလား..? စိတ်ဝင်စားစရာပဲ..”။ ထိုစကားကြားတော့ ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာ ထုတ်ဖော်လိုက်သော်လည်း သူ့မျက်နှာပေါ် ရှိ အမူအရာက မပြောင်းလဲသေးပေ။

ဆရာကြီး ဟောင်ယု၏ ထိုးထွင်းသိမြင်မှုသည် သူနှင့်အတော်လေး ဆင်တူသည်။ သို့သော် သူ၏ ပင်ကိုယ်ခံစားမူနှင့် နှိုင်းယှဥ်ကြည့်လျှင်, ၎င်းစွမ်းရည်သည် ထိုနတ်ဘုရားဝိညာဉ် ကျောက်တုံးများထဲမှာ မည်သည့်ကျောက်တုံးက ကျောက်ဘုရင်ဟု သတ်မှတ်ရန် ဝေးကွာ နေပုံရသည်။ ထို့ကြောင့်၊ ဟောင်ယုသည် ၎င်းတို့အနက်မှ မည်သည့်ကျောက်တုံးက ကျောက်ဘုရင် ဖြစ်မည်ဟု ဆုံးဖြတ်နိုင်စွမ်းရှိသွားမည်ကို သူစိုးရိမ်နေရန် မလိုအပ်ပေ။

ချင်ယွင်၏ အကြာကြီး စိုက်ကြည့်ပြီးနောက် စကားမပြောဝံ့သည့် လူငယ်လေးသည် အဝေးမှပင် အေးစက်စက် ပြုံးနေသည်။ သူသည် စိတ်ထဲမှာပင် အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ ဟစ်အော်လိုက်သည် "ဟမ့်၊ ချင်ယွင်၊ မင်းက သိပ်ပြီး တန်ခိုးကြီးနေတာ မဟုတ်လား" ဒီနေ့ ဒီလောင်းစကားပွဲမှာ မင်းရဲ့ပိုက်ဆံတွေ အကုန်ဆုံးရှုံးသွားမှာ ငါ ကြောက်တယ်မိတယ်။ ဆရာကြီး ဟောင်ယုက နတ်ဘုရားစွမ်းရည်တစ်ခုကို အမှန်တကယ် နားလည်လိမ့်မယ်လို့ မင်း မျှော်လင့်ထားမမိမှာ ငါ စိုးရိမ်မိတယ်။ ဟုတ်တယ်ဟုတ်။ တကယ်လို့, ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း အပြစ်တင်ချင်တော့, မောက်မာတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက် တော့”။

အစောပိုင်းက သူသည် သူ့နှလုံးသားအောက်ခြေမှပင် ကြောက်လန့်ထိတ်လန့်စေခဲ့သည့် ချင်ယွင်၏ အကြည့်များဖြင့် စိုက်ကြည့်ခံခဲ့ရပြီး၊ ယင်းက ချင်ယွင်အပေါ်ထားသည့် သူ၏ အမုန်းတရားကို ပို၍ပြင်းထန်လာစေခဲ့သည်။ ယခု ဆရာကြီး ဟောင်ယု၏ အလွန် ကြောက်စရာကောင်းသော စွမ်းဆောင်မှုကို သူမြင်လိုက်ရတော့, သူ၏ရင်ထဲမှာ သဘာဝ အတိုင်း ပျော်ရွှင်နေခဲ့သည်။

ဘန်း…။

လူတိုင်းသည် ဆရာကြီး ဟောင်ယု၏ နတ်ဘုရားစွမ်းရည်ဖြင့် ကျောက်တုံး စူးစမ်း ရှာဖွေနိုင်မှုအား အံ့ဩတကြီး ချီးကျုးဟစ်အော်နေကြစဉ်မှာပင် အဝေးမှာ တချိန်လုံး မျက်လုံးမှိတ်ထားသော ဆရာကြီး ဟောင်ယုသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ ထို့နောက် သူသည် နတ်ဘုရားဝိညာဥ်ကျောက်တုံးကြီးဆီသို့ တိုက်ရိုက်လျှောက်သွားပြီး "ဒါပဲ၊ ဒါက ကျောက်ဘုရင်ပဲ" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထိုစကားတွေ ပြောပြီးပြီးချင်းမှာပင် ပရိသတ်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ သည်။

"ကျောက်ဘုရင်လား။ ဆရာကြီး ဟောင်ယုက တကယ်ပဲ ကျောက်ဘုရင်ကို ရှာတွေ့ခဲ့ပြီ လား?။ ဒါဆို ဆရာကြီး ချင်ယွင်က ရှုံးနိမ့်သွားတော့မှာ မဟုတ်ဘူးလား"

"မှန်တယ်။ ဆရာကြီး ဟောင်ယုက ချင်ယွင်ထက်တောင် ပိုကောင်းနေသေးပုံရတယ်။ သူက နှလုံးသားမျက်စိ ကျောက်တုံးရှာဖွေခြင်းနည်းစနစ်ကို တကယ်ပဲ နားလည်ထားခဲ့ တယ်။ ဒီနည်းစနစ်ကို အားကိုးရုံနဲ့တင် သူက ချင်ယွင်ကို အဆင့်တစ်ဆင့်အထိ ဖိနှိပ်ထား မှာတောင် ငါ ကြောက်မိတယ်။"

…

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် စတင်ဆွေးနွေးလာကြပြီး၊ ဟောင်ယုကို ကြည့်နေသည့် ၎င်းတို့၏ အကြည့်များသည် နှိုင်းစာ၍မရသည့် ရိုသေလေးစားမှုများ ရှိလာကြပြီး၊ ချင်ယွင်ကို ဝမ်းနည်းမှုအပြည့်ပါသည့် မျက်လုံးများဖြင့် ငေးကြည့်လာကြသည်။

ကျောက်တုံးရွေးချယ်သည့်နေရာမှ ထွက်လာခဲ့သော ဟောင်ယုသည်လည်း ကျေနပ်သော အပြုံးဖြင့် ချင်ယွင်ဆီသို့ လျှောက်သွားခဲ့သည်။ သူသည် ချင်ယွင်၏ရှေ့သို့ လျှောက်လှမ်း လာစဉ်မှာ အောင်နိုင်သူ၏ ဟန်ပန်အမူအရာအပြည့်ပင် ခံယူထားပါသည်။ သူက ချင်ယွင် ကို ပြုံးပြပြီး "ကြည့်ရတာ ဒီအလောင်းအစားက ငါအနိုင်ရဖို့ ကံကြမ္မာက သတ်မှတ်ထား ပုံပဲ" ဟု ပြောလိုက်သည်။

သူ စကားပြောနေစဉ်မှာ သူ့မျက်လုံးတွေက ရန်စသည့်အမူအရာ အပြည့်ရှိနေပါသည်။

All Chapters