အခန်း ၁၂၁၅
Vol. 81 Ch. 1215
အခန်း (၁၂၁၅) ကွမ်ရင်ကျောက်စိမ်းရုပ်ထု။
ဟောင်ယု၏ သရော်လှောင်ပြောင်သံကို ကြားသောအခါ, ချင်ယွင်က မထင်မရှားအပြုံးဖြင့် ပြုံးပြလိုက်ပါသည်။
တကယ်တော့၊ ဟောင်ယု ရွေးချယ်ခဲ့သည့် နတ်ဘုရားဝိညာဉ် ကျောက်တုံးသည် သူ အရင်က အာရုံခံစားမိသည့် ကျောက်တုံးနှင့် အတိအကျ အတူတူပင် ဖြစ်ပါသည်။ ယခင်က ချင်ယွင်သည် ဤနတ်ဘုရားဝိညာဉ်ကျောက်တုံးကို ကျောက်ဘုရင်ဟု ထင်ခဲ့ဖူးသည်၊ အကြောင်းမှာ ဤနတ်ဘုရားကျောက်တုံးပေါ်ရှိ စွမ်းအင်အတက်အကျ လှိုင်းများသည် အမှန်ပင် အပြင်းထန်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ချင်ယွင်သည် တစ်စုံတစ်ခု လွဲမှားနေကြောင်း တွေ့ရှိခဲ့ရသည်။ အကြောင်းမှာ ကျောက်ဘုရင်ဟု သတ်မှတ်၍ရသည့် နတ်ဘုရား ဝိညာဉ်ကျောက်တုံးမှ ပေါက်ဖွားလာသော စွမ်းအင်အတက်အကျ လှိုင်းများသည် ၎င်းကိုယ်တိုင်ပင် ကြောက်ရွှံ့ နေသည့်လား ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်း အရိပ်ယောင်ကို သယ်ဆောင် လာပုံရသည်။
ကျောက်တုံးတစ်တုံးသည် မည်ကဲ့သို့ ကြောက်ရွံ့နေသည်ကို သင် ခံစားရကောင်း ခံစားရ လိမ့်မည်။ အမှန်တကယ်ဆို, သက်ရှိအရာဝတ္ထုများမှာသာ စိတ်ခံစားမှုများ ရှိကြပါသည်။
အမှန်တကယ်ပင်, ချင်ယွင်သည် ထိုအကြောက်တရားကို တကယ်ကြီး ခံစားခဲ့ရသည်။ ထိုသို့မဟုတ်လျှင်, ၎င်း၏ စွမ်းအင်အတက်အကျ လှိုင်းများကို ဖိနှိပ်ခံထားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရလာဒ်အနေဖြင့်၊ နတ်ဘုရားဝိညာဥ်ကျောက်မှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျ လှိုင်းများသည် အစွမ်းထက်သော်လည်း ၎င်းသည် ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေဆဲ ဖြစ်သည်။
ဤစွမ်းအင်အတက်အကျလှိုင်းကို ဖိနှိပ်ထားနိုင်သည့်အရာမှာ ထိုနတ်ဘုရား ဝိညာဥ် ကျောက်တုံး ရတနာထက်ပင် ပိုမိုအားကောင်းသည့် ရတနာတစ်ခု ဖြစ်ကြောင်း ထင်ရှားပါ သည်။ ထိုအရာသည် ထိုနတ်ဘုရားဝိညာဥ် ကျောက်တုံး၏ အနီးတွင် ရှိနေသင့်သည်၊။ ထို့ကြောင့် ထိုနတ်ဘုရားဝိညာဥ် ကျောက်တုံးကို ဖိနှိပ်ထားနိုင်သော ထိုနတ်ဘုရား ဝိညာဉ် ကျောက်တုံးသည် တကယ့်ကျောက်ဘုရင် ဖြစ်နိုင်ပါသည်။
သို့သော်၊ ချင်ယွင်သည် ဟောင်ယု ရွေးချယ်ခဲ့သည့် နတ်ဘုရားဝိညာဉ်ကျောက်တုံးကို ဖိနှိပ်ထားသော ထိုနတ်ဘုရားဝိညာဉ်ကျောက်တုံး၏ အစစ်အမှန် တည်နေရာကို မခံစားနိုင်ခဲ့ပေ။ ထို့ကြောင့် အခုအချိန်ထိ ကျောက်ဘုရင် အစစ်အမှန်က မည်သည့်အရာ ဖြစ်သည်ကို သူ မသိသေးပေ။ သို့သော်, ဟောင်ယု ရွေးချယ်ခဲ့သည့် ကျောက်တုံးသည် တကယ့်ကျောက်ဘုရင် မဟုတ်ကြောင်း သူ သေချာပါသည်။
"ခင်ဗျား ရွေးချယ်တဲ့တစ်ခုက ကျောက်ဘုရင် မဟုတ်ဘူး။ ခင်ဗျား ရွေးချယ်ခဲ့တဲ့ ကျောက်တုံးက ထူးခြားပေမယ့် တကယ့် ကျောက်ဘုရင်အစစ်တော့ မဟုတ်သေးဘူး။ တကယ့်ကျောက်ဘုရင်အစစ်က တခြားကျောက်တုံးတွေကြားထဲမှာ ပုန်းကွယ်နေတယ်။" ချင်ယွင်က ဟောင်ယုကို ပြုံးပြီး ရိုးသားစွာ ပြောလိုက်သည်။
ဟောင်ယုသည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ချင်ယွင်၏ စကားကြောင့် သူ အံ့အားသင့်သွားသည်မှာ ထင်ရှားပါသည်။ သို့သော်လည်း သူက လျင်မြန်စွာ တုံ့ပြန်ပြီး ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည် "ဟား..., ဟား....၊ ငါရွေးချယ်ထားတဲ့ ကျောက်တုံးက ကျောက်ဘုရင်မဟုတ်ဘူးလို့ မင်း ပြောလိုက်တာလား?။ မင်း နောက်နေတယ်လို့ ငါထင်တယ်။ ဒါက ငါ့နှလုံးသားမျက်လုံးပညာရပ်နဲ့ ငါကိုယ်တိုင် သေသေချာချာ လေ့လာခဲ့တဲ့ နတ်ဘုရားဝိညာဉ် ကျောက်တုံးပဲ။ အထဲမှာ စွမ်းအင် အတက်အကျလှိုင်းတွေက တခြား နတ်ဘုရားဝိညာဉ်ကျောက်တုံးတွေထက် ပိုသန်မာ တယ်။ မင်းကများ ငါရွေးချယ်ထားတဲ့ ကျောက်တုံးကို ကျောက်ဘုရင်ကို မဟုတ်ဘူးလို့ တကယ်ကြီး လာပြောနေတယ်။ ဒါက ရယ်စရာဟာသတစ်ခုပဲ"။
ဟောင်ယုက လှောင်ပြောင်ရယ်မောလိုက်ပြီး၊ ချင်ယွင်ကို အထင်မြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
ပထမတော့ ချင်ယွင်က ထိုကဲ့သို့စကားမျိုး ပြောလာစဉ်မှာ သူသည် အမှန်တကယ် ကြောက်ရွံ့သွားခဲ့သော်လည်း၊ ထိုအကြောင်းကို ပြန်တွေးကြည့်တော့ တစ်ခုခုမှားနေသည် ဟု သူ ခံစားလိုက်ရသည်။
သူသည် သူ၏ နှလုံးသားမျက်လုံး နတ်ဘုရားစွမ်းရည်ကို ခိုင်ခိုင်မာမာ ယုံကြည်ထားသော ကြောင့် သဘာဝအတိုင်း မှားယွင်းစွာ ရွေးချယ်မည် မဟုတ်ပေ။ ထို့အပြင်, ချင်ယွင်သည် ဘေးမှာ တချိန်လုံး ရပ်နေခဲ့သည်။ ထို့ကြောင့် သူသည် ကျောက်ဘုရင်အစစ်က မည်သည့်အရာဆိုသည်ကို မည်သို့ သိရှိနိုင်မည်နည်း?။ ထို့ကြောင့်၊ ချင်ယွင်၏ စကားများ သည် သူ့ကိုကြောက်လန့်စေရန် တမင်တကာ ကြိုးစားနေသည်ဟု သူ ခံစားမိသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း ချင်ယွင်ကို သံသယစိတ်ဖြင့် ကြည့်နေကြပြီး၊ သူတို့၏ မျက်လုံးများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။
ချင်ယွင် လိမ်ပြောနေသည်ဟုလည်း သူတို့ ခံစားခဲ့ရသည်။ အဆုံးတွင်, ဆရာကြီး ဟောင်ယုသည် သူ၏ နှလုံးသားမျက်လုံး နတ်ဘုရားစွမ်းရည်ကို အသုံးပြုထားပြီးသား ဖြစ်ပါသည်။ သူ့အတွက် အမှားလုပ်မိရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူသည် မှားယွင်းပြီး ကျောက်ဘုရင်ကို မည်သို့ ရွေးချယ်နိုင်မည်နည်း?။
"ယုံချင်ယုံ, မယုံချင်နေ။ ခင်ဗျားရွေးထားတဲ့ဟာက တကယ့်ကျောက်ဘုရင်အစစ် မဟုတ်ဘူး။ ကျောက်ဘုရင်အစစ်က အခြားတစ်ခုပဲ" ချင်ယွင်သည် သူ၏မျက်နှာကို ပြုံးထားရင်း ပြောနေတုန်းပင်။ သူ၏မျက်နှာပေါ်ရှိ အမူအရာသည် အလွန်ရိုးသားပုံပေါက် သည်။
သို့သော် ဟောင်ယု၏ မျက်နှာကမူ အထင်အမြင်သေးမှု အပြည့်နှင့်။ အကယ်၍, သူ့ကို သတ်မည်ဆိုလျှင်ပင်, သူသည် ချင်ယွင်၏ စကားကို ယုံကြည်မှာ မဟုတ်ပါဘူး။
"ဟမ့်၊ ကောင်စုတ်လေး, ငါရွေးခဲ့တဲ့ နတ်ဘုရားဝိညာဉ် ကျောက်တုံးက ကျောက်ဘုရင် မဟုတ်ဘူးဆိုတော့၊ ငါကြည့်ရအောင် မင်းက ကျောက်ဘုရင်အစစ်ကို ရွေးပြပါဦး။ မင်း အတည်ပြောနေတာ ဟုတ်မဟုတ် ငါ ကြည့်ချင်လို့ပါ"။ ဟောင်ယုက အေးစက်စွာ အော်ပြောလိုက်ပြီး၊ သူ၏မျက်နှာမှာ အကန့်အသတ်မဲ့ မောက်မာခြင်းကို သယ်ဆောင်လာ သည်။
"ဟုတ်ပါပြီ။ မင်း ကျောက်ဘုရင်ကို ရွေးချယ်လိုက်ပါ။ ကျောက်တုံးကို ဖြတ်ကြည့်တဲ့အခါ အရာအားလုံး အလိုလို သိသွားပါလိမ့်မယ်။" ဘေးပတ်ဝန်းကျင်မှ ဝိုင်းကြည့်နေကြသည့် သူများလည်း အော်ပြောကြသည်။
ချင်ယွင်က ပြုံးပြီး ဟောင်ယုကို ပြောသည် "ဒါဆိုလည်း ခင်ဗျား ဆန္ဒအတိုင်း လုပ်ပေးမယ်"
သူပြောပြီးသည်နှင့် ဟောင်ယုကို ကျော်ဖြတ်ကာ ကျောက်တုံးရွေးချယ်ရာ နေရာဆီသို့ ဦးတည်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းက ချင်ယွင်ကို ချက်ချင်း စူးစူးစိုက်စိုက် ကြည့်နေကြသည်။ သူတို့သည် ချင်ယွင်ကို မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။ ဟောင်ယု ပြောခဲ့သည့် စကားတွေက မှန်နေသလား?။ ဒါမှမဟုတ် နောက်ထပ် ကျောက်ဘုရင်တစ်ခု ရှိနေသလား ဆိုသည်ကို သူတို့ သိချင်နေကြသည်။
ဟောင်ယုလည်း ချင်ယွင်ကို လှည့်ကြည့်လိုက်ရင်း၊ သူ့မျက်လုံးတွေက အနည်းငယ် ကျဉ်းသွားခဲ့ပြီး အေးစက်မူကို သယ်ဆောင်လာသည်။
"မင်း ဘယ်လိုကျောက်တုံးမျိုး ရွေးချယ်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်။ ငါ ရွေးထားတဲ့ ကျောက်တုံးက ကျောက်ဘုရင် မဟုတ်ဘူးလို့ မင်း တကယ် ပြောရဲတယ်။" ဟောင်ယုသည် သူ့နှလုံးသားထဲတွင် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများသည် သရော်ဟန်များ ပြည့်နေခဲ့သည်။
နံဘေးမှာရပ်နေသည့် သခင်လေး ပိုင်ယုသည် ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ အမှန်တကယ်ဆို, သူကိုယ်တိုင်လည်း ချင်ယွင်ပြောခဲ့သည့် စကားများကို မယုံကြည်ပါဘူး။ အဆုံးတွင်, ဆရာကြီး ဟောင်ယုသည် သူ၏ နှလုံးသား မျက်လုံးနတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့သည်။ မှားယွင်စွာ ရွေးချယ်မိသည့် အခွင့်အရေး က အရမ်းကို နည်းပါးပါသည်။
ဆရာကြီး အန်းမှ လွဲ၍ ကျန်လူများအားလုံးသည် ချင်ယွင်၏စကားကို ယုံကြည်ကြသည် မဟုတ်ပေ။ နီထိုက်စွေ့ပင် သံသယ ဖြစ်မိသည်။
ဆရာကြီးအန်းသည် ချင်ယွင်ပြောသည့်စကားကို တကယ် ယုံကြည်မိသည်။ ချင်ယွင်သည် ကျောက်တုံးများကို စူးစမ်းလေ့လာနိုင်သည့် အစွမ်းထက်သော စွမ်းရည်ကို ပိုင်ဆိုင်ထား ကြောင်း သူမ သိပြီးကတည်းက သူမသည် သူ့ကို ရိုးသားစွာ လေးစားမိသည်။
ချင်ယွင်သည် သူ သေချာပေါက် လုပ်ဆောင်နိုင်စွမ်းရှိသောကြောင့် ယခုလို အကြောင်းရင်း ကို ပြောရဲခြင်းဖြစ်သည်ဟု သူမ ယုံကြည်သည်။ သူ၏ ယခင်စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင် ချက်များအရ ချင်ယွင်သည် ကြွားဝါခြင်းကို နှစ်သက်သူ မဟုတ်သည်မှာ သေချာပါသည်။
သို့သော်၊ ချင်ယွင်သည် မည်သည့် နတ်ဘုရားဝိညာဉ်ကျောက်တုံးကို ရွေးချယ်မည်ကို သူမ အလွန်သိချင်နေခဲ့သည်။
ကျောက်တုံးများကို ဖြတ်တောက်ရာမှာ, သူမ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံကို အခြေခံ၍ ပြောရလျှင်, ဟောင်ယု ရွေးချယ်ခဲ့သည့် ကျောက်တုံးသည် အမှန်ပင် ကျောက်ဘုရင် ဖြစ်သည်။
ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကို လျစ်လျူရှုကာ ဤနတ်ဘုရား ဝိညာဉ်ကျောက်တုံးများကို တိတ်တဆိတ် စူးစမ်းစ ပြုလာသည်။
သူသည် နတ်ဝိညာဥ်ကျောက်တုံးပေါ်တွင် သူ့လက်ကို တင်ကာ နတ်ဘုရားဝိညာဉ် ကျောက်တုံးတစ်ခုစီမှ ဖြစ်ပေါ်လာသော စွမ်းအင်အတက်အကျ လှိုင်းများကို သိရှိရန် မျက်လုံးများကို မှိတ်ထားသည်။ သို့မှသာ, အတွင်း၌ ရတနာများ ရှိ၊ မရှိ၊ မည်သည့် ရတနာများ ရှိနေသည်ကို ခံစားနိုင်လိမ့်မည်။
"ဒါ မဟုတ်ဘူး.." ချင်ယွင်သည် ခေါင်းယမ်းလိုက်ပြီး လက်ကိုပြန်ရုတ်ကာ နောက်ထပ် နတ်ဘုရားဝိညာဉ် ကျောက်တုံးဆီသို့ ဆက်လျှောက်သွားခဲ့သည်။
သူ၏စုံစမ်းမှုမှတစ်ဆင့်၊ အစောပိုင်းက နတ်ဝိညာဥ်ကျောက်တုံးအတွင်း၌ ရတနာများ ရှိနေသော်လည်း၊ အတွင်း၌ရှိသော ရတနာ၏ စွမ်းအင်အတက်အကျလှိုင်းများသည် ဟောင်ယု ရွေးချယ်သော နတ်ဘုရားဝိညာဉ်ကျောက်တုံးကို ဖိနှိပ်ရန် မလုံလောက်ကြောင်း သူ တွေ့ရှိခဲ့သည်။
ထို့နောက် ချင်ယွင်သည် နတ်ဘုရားဝိညာဉ်ကျောက်တုံးများကို တစ်ခုပြီးတစ်ခု စူးစမ်း လေ့လာခဲ့သည်။ အဆုံးတွင်၊ သူ၏အကြည့်များသည် နတ်ဘုရားဝိညာဉ်ကျောက်တုံး တစ်ခုပေါ်တွင် ပစ်မှတ်ထားလိုက်သည်။
ဤနတ်ဘုရားဝိညာဉ်ကျောက်တုံးသည် လူသားရုပ်ထုတစ်ခုနှင့် အလွန်ဆင်တူသည်။ ၎င်း၏မျက်နှာပြင်သည်လည်း အလွန်ချောမွေ့ပြီး ကျောက်တုံးသည် အနည်းငယ် ဖြူသည်။ အဝေးမှကြည့်လျှင် ကွမ်ရင်ကျောက်စိမ်းရုပ်တုဟုပင် ထင်မြင်ကြလိမ့်မည်။
ချင်ယွင်သည် ဤကျောက်တုံးကို သတိပြုမိရသည့် အကြောင်းရင်းမှာ ကျောက်တွင်းရှိ စွမ်းအင်အတက်အကျလှိုင်း ပြင်းထန်လွန်းသောကြောင့် မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေ ဖြင့်, ၎င်းသည် အခေါင်းပေါက်ကျောက်များကဲ့သို့ ကျောက်တုံးပေါ်တွင် စွမ်းအင် အတက်အကျလှိုင်း မရှိသလောက်ပင်။
သို့သော် တစ်နည်းနည်းဖြင့်၊ ချင်ယွင်သည် ဤကျောက်တုံးတွင် မယုံနိုင်လောက်သည့် ရတနာတစ်ခုခု ပါရှိနေသည်ကို ခံစားခဲ့ရသည်။
"ကောင်းပြီ၊ ဒါကိုပဲ ရွေးချယ်ကြည့်ရအောင်။" ချင်ယွင်သည် သူ၏အလိုလိုသိ ဗီဇကို ယုံကြည်ရန် ရွေးချယ်ခဲ့ပြီး လူအုပ်ဆီသို့ လှည့်ကာ ပြောလိုက်သည် "ငါ ဒါကို ရွေးချယ် တယ်”။
ချင်ယွင်၏စကားကို ကြားသောအခါ, အားလုံးက ချင်ယွင် ရွေးချယ်ထားသော ကျောက်တုံး ဆီသို့ လှမ်းမျှော်ကြည့်ကြသည်။ ချင်ယွင် ရွေးထားသော ကျောက်တုံးက တကယ်ကို စွန့်ပစ်ပစ္စည်းဖြစ်နေသည်ကို တွေ့လိုက်ရတော့, သူတို့သည် စိတ်ထဲကနေ ဟောင်ယုကို မကြည့်ဘဲ မနေနိုင်တော့ပေ။
"ဟား...၊ ဟား....၊ မင်းက ပိုပြီးတော့ အစွမ်းထက်တဲ့ နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ရှာတွေ့နိုင်မယ်လို့ ငါ ထင်ထားခဲ့တာ။ အဆုံးမှာ မင်းက အခေါင်းပေါက်ကျောက်တုံးကို ရွေးချယ်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဟမ့်၊ အဆုံးသတ်မှာ မင်းရဲ့ ဒီနတ်ဘုရားဝိညာဉ် ကျောက်တုံးထဲမှာ ရတနာအဖြစ် အသုံးပြုနိုင်တဲ့အရာပါခဲ့ရင်, ငါ ဒီကျောက်တုံးအပေါ်ခွံကို စားပြမယ်။" ဟောင်ယုက ကျယ်လောင်စွာ ရယ်မောပြီး၊ သူ့မျက်နှာပေါ်မှာ လွန်လွန်ကဲကဲ အထင်သေးသည့် အပြုံးဖြင့် ပြောလိုက်ပြန်သည် "ဟား...၊ ဟား...၊ မင်းမှာ ပိုပြီး အစွမ်းထက်တဲ့ နတ်ဘုရားဝိညာဉ်ကျောက်တုံးတွေကို ရှာဖွေနိုင်မယ့် စွမ်းရည်မျိုး ပိုင်ဆိုင် ထားတယ်လို့ ငါ ထင်ထားခဲ့တာ”။
စာစဉ် (၈၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။ (၁၂.၁၂.၂၀၂၄)။