← Chapters

အခန်း ၁၂၁၆

Vol. 82 Ch. 1216

အခန်း ၁၂၁၆

Vol. 82 Ch. 1216

အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၂)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၂၁၆) ကျောက်တုံးဖြတ်ခြင်း။

ဟောင်ယု၏ စကားများက ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ အနီးနားရှိ လူတိုင်း အလွန်တုန်လှုပ်သွားကြသည်။

"အခေါင်းပေါက် ကျောက်တုံးလား..?။ တကယ်လား...?။ ဒီချင်ယွင်က ဒီနောက်ဆုံး အခိုက်အတန့်မှာ တကယ်ပဲ မှားသွားသလား?" လူအုပ်ထဲက တစ်ယောက်ယောက်က မယုံကြည်နိုင်စွာ မေးသည်။

သို့သော် သူ့မေးခွန်းကို အနီးနားရှိ လူများက မဖြေနိုင်ကြပေ။ သူတို့သည် ကျောက်တုံး ရွေးချယ်မှာ ဆရာတစ်ဆူ ကျွမ်းကျင်သူများ မဟုတ်ကြသောကြောင့် ချင်ယွင် ရွေးချယ်ခဲ့ သော ကျောက်တုံးထဲတွင် ရတနာများ ရှိမရှိကို မသိခဲ့ကြပေ။

သို့သော် ဆရာကြီး ဟောင်ယု၏ စကားများသည် ပြတ်သားလွန်းသဖြင့် သူတို့စိတ်ထဲမှာ ချင်ယွင်ကို သံသယဝင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

အဆုံးတွင်, ဆရာကြီး ဟောင်ယုကိုယ်တိုင်က “အကယ်၍ ချင်ယွင် ရွေးချယ်ခဲ့သော ကျောက်တုံးသည် ရတနာတစ်ခုခု ထုတ်ဖော်နိုင်ခဲ့ပါက နတ်ဘုရားဝိညာဉ် ကျောက်တုံး၏ အရေခွံများကို သူစားမည်”ဟူ၍ အတိအလင်း ထုတ်ပြောလာခဲ့သည်။

ကျောက်တုံးအရေခွံများဟု ခေါ်တွင်သောအရာသည် ရတနာကို ဖွင့်ပြီးနောက် နတ်ဘုရား ဝိညာဥ်ကျောက်တုံးမှ ဖယ်ထုတ်ထားသော ကျောက်တုံးအပိုင်းအစများပင် ဖြစ်ပါသည်။

ဆရာကြီး ဟောင်ယုသည် ထိုကဲ့သို့သော စကားကို ပြောဆိုဝံ့သောကြောင့်၊ ဖြစ်နိုင်ခြေ အရှိဆုံးမှာ၊ ချင်ယွင် ရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် အခေါင်းပေါက် ဖြစ်နိုင်ချေများပါသည်။

ချင်ယွင်သည် ဟောင်ယု၏ စကားကိုကြားသောအခါ သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ သူက ဟောင်ယုကို ကြည့်ပြီး ပြုံးကာ ပြောသည် "ဘယ်လိုလဲ? ငါတို့ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ပြောင်းဦးမလား?"

"ဘယ်လို ပြောင်းမှာလဲ။ ဖြစ်နိုင်တာက မင်း သံသယမရှိ ရှုံးမယ်ဆိုတာကို ကြိုမြင်နေလို့ လား?။ ဒါမှမဟုတ် လိမ်ညာလှည့်ဖျားချင်လို့လား?" ဟောင်ယုက ချင်ယွင်ကို ချက်ချင်း စိုက်ကြည့်ကာ ပြောလိုက်သည်။

ပတ်​ဝန်းကျင်​ရှိ လူတိုင်းသည် တင်းကြပ်စွာ မျက်​​မှောင်ကြုတ်​နေ​လေသည်​။ သေချာသည် မှာ၊ ချင်ယွင်သည် ဤအချိန်တွင် စည်းမျဉ်းများကို ပြောင်းလဲချင်နေခဲ့ပြီး၊ နောက်ဆုံးတွင် ပြောင်းလဲလိုသည့်ဆန္ဒကို အရိပ်အမြွက်ကို ထုတ်ဖော်ပြနေသည်။

ချင်ယွင်သည် နိုးနိုးကြားကြား သတိကြီးစွာထားနေသည့် ဟောင်ယုကို မြင်ပြီး၊ သူသည် လှောင်ပြုံး ပြုံးလိုက်မိသည်။ သူက ထူးမခြားစွာ ပြောလိုက်သည်" ငါတို့ အရင်ကတည်းက သုံးချီပြိုင်မယ်လို့ မသတ်မှတ်ထားဘူးလား?။ နှစ်ချီနိုင်တဲ့လူက အနိုင်ရတဲ့လူ မဟုတ် လား?" “ဒါပေမယ့်, အခု ဒီပုံစံအတိုင်းဆို စိန်ခေါ်မှုလို့ ငါ လုံးဝ မထင်တော့ဘူး။ ခင်ဗျား ရှုံးတော့မှာ သေချာနေပြီ။ ဒါကြောင့်, ငါက ဒီပြိုင်ပွဲရဲ့ ရလာဒ်ကို အဆုံးအဖြတ် ပြန်ပေးချင်တယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးရလာဒ်ကို အနိုင်အရှုံး ဆုံးဖြတ်ပေးမယ့် စံနှုန်းတွေ ကို ပြောင်းလဲချင်လဲ။ အမြင့်ဆုံးတန်ဖိုးကို ပိုင်ဆိုင်ထားတဲ့လူက အနိုင်ပေါ့။ ခင်ဗျား ဘယ်လိုထင်လဲ?”။ (ယခင်က သုံးပွဲပြိုင် နှစ်ပွဲအနိုင်ရလျှင်, ပထမဟု ယေဘုယျသတ်မှတ် ထားရာမှ ပြိုင်ပွဲအရေတွက် အနိုင်အရှုံးဖြင့် မဆုံးဖြတ်တော့ဘဲ ရတနာတန်ဖိုးဖြင့် အနိုင်အရှုံးကို ပြောင်းလဲသတ်မှတ်ရန် အကြံပေးနေခြင်း ဖြစ်ပါသည်)။

'"ဟမ့်၊ စိန်ခေါ်မှုမရှိတော့ဘူးလား?။ အကြောင်းပြချက်က ကောင်းလိုက်တာ။ မင်းမှာ အနိုင်ရဖို့ အခွင့်အလမ်း မရှိတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒါက သက်သက်မဲ့ ရှုပ်အောင်လုပ်နေတာပဲ။ မင်း ဘာမှပြောင်းစရာမလိုဘူး။ လုံးဝ ပြောင်းမှာ လည်း မဟုတ်ဘူး။ အရင်က မင်း ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း အတူတူပဲ။” ဟောင်ယု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

သူ့အမြင်အရဆို, သူသည် ပထမအချီနှင့် တတိယအချီကို အနိုင်ယူပြီးသွားပါပြီ။ သူသည် အဘယ့်ကြောင့် စည်းကမ်းတွေ ပြောင်းလဲရမည်နည်း?။ ထို့အပြင်, အကယ်၍, သူသာ စည်းမျဉ်းတွေကို မပြောင်းချင်ဘူးလျှင်, စည်းမျဉ်းတွေကို ပြောင်ချင်ပါသည်ဟု မည်သူမှ မပြောနိုင်ပေ။ သေချာသည်မှာ, ချင်ယွင်ပြောခဲ့သလို စည်းမျဉ်းတွေကို ပြောင်းလိုက်ရင် တောင် ချင်ယွင်မှာ အနိုင်ရဖို့ အခွင့်အရေး နည်းနည်းလေးမှ မရှိဘူးဟု သူ ယုံကြည်ထား သည်။

အနီးနားရှိ လူများသည် ဟောင်ယု၏ စကားကို ကြားသောအခါ အားလုံး ခေါင်းညိတ်ကြ သည်။ ဟောင်ယုပြောသည့် စကားများသည် အလွန်ကျိုးကြောင်းဆီလျော်သည်ဟု သူတို့ အားလုံး ခံစားခဲ့ကြသည်။

ဆရာကြီး အန်းတစ်ယောက်သာ ခေါင်းယမ်းပြီး၊ ဆရာကြီး ဟောင်ယုသည် မိုက်မဲလွန်း သည်ဟု စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ အကယ်၍, သူသည် ချင်ယွင်၏ အကြံပြုချက်ကို လိုက်နာခဲ့ရင်, သူသည် အဆုံးမှာ အောင်ပွဲခံရန် အခွင့်အရေး ရှိကောင်းရှိနိုင်သော်လည်း, အခုတော့ သူ့ကိုယ်ပိုင်လမ်းကို ဖြတ်တောက်ပစ်လိုက်ပါပြီ။

တစ်ချိန်တည်းမှာပင်၊ ဤချင်ယွင်သည် အမှန်တကယ်ပင် တဖက်လူကို ထိခိုက်ပျက်ဆီး အောင် လုပ်နေသည်ဟု သူမ ခံစားမိသည်။ သူသည် ဟောင်ယု၏လမ်းကြောင်းများကို ကြိုတင်ဖြတ်တောက်ခဲ့ပြီး၊ ဟောင်ယုသည် ပြိုင်ပွဲ၏ ပထမနှစ်ကျော့ရလာဒ်များကို ကြည့်ရှုပြီးနောက် ပြိုင်ပွဲစည်းမျဉ်းများကို ရုတ်တရက် ပြောင်းလဲခြင်းမှ တားဆီးခဲ့သည်။

အမှန်တကယ်ဆို, သူမသည် အရမ်းကို တွေးလွန်နေခြင်း ဖြစ်ပါသည်။ ချင်ယွင် စည်းမျဉ်းများကို ပြောင်းလဲချင်ရသည့် အကြောင်းရင်းက ဟောင်ယုသည် စည်းမျဉ်းတွေကို ပြောင်းလဲရန် အဆိုပြုလာမည်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ဘဲ, ဟောင်ယုသည် စည်းမျဉ်းများကို ပြောင်းလဲရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်သောကြောင့် ဖြစ်ပါသည်။ ဤနည်းအားဖြင့် သူ၏အနိုင်ရမည့် အခြေအနေသည် ခြိမ်းခြောက်ခံရသော်လည်း သူ၏ မျက်နှာက ပို၍ ကြီးလာပါလိမ့်မည်။ ဟောင်ယု၏ ငြင်းဆန်မူကတော့ အလွန်ပညာရှိသော ရွေးချယ်မှု ဖြစ်ပါလိမ့်မည်။

ထိုအခိုက်တန့်တွင်, ဟောင်ယုသည် ထိုငြင်းဆန်ခြင်းနှင့်ပတ်သက်ပြီး နောင်အနာဂတ်မှာ နောင်တရခြင်းရှိမရှိ ချင်ယွင်လည်း မသိတော့ပေ။

ဟောင်ယု၏ ငြင်းဆိုချက်ကို ကြားတော့ ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ သူက ဟောင်ယုကို ကြည့်ကာ ပြောသည် "ကောင်းပါပြီ။ ဆရာကြီး ဟောင်ယု၊ ဒီလောက် မြန်မြန် ကြီး မငြင်းဆန်ပါနဲ့။ ခင်ဗျား ခဏနေရင် ပြောင်းလဲချင်ကောင်း ပြောင်းလဲချင်လာလိမ့် မယ်"

ချင်ယွင် စကားပြောနေစဉ်မှာ, သူ့မျက်နှာပေါ်တွင် စဉ်းလဲသော အပြုံးတစ်ခုကို ခိုတွဲနေ သည်။ ယင်းက မူလကတည်းက ချောမောခန့်ငြားသော သူ့မျက်နှာကို ပို၍ပင် ရက်စက်ပြီး ဆွဲမက်ဖွယ်ကောင်းစေသည်။

အကယ်၍, လက်ရှိအချိန်မှာ အမျိုးသမီးတစ်ဦးဦး ရှိနေလျှင်, သူမသည် သူ့အပြုံးကြောင့် စွဲဆောင်ခံရမည်မှာ သေချာပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အပြုံးတွင် ခိုင်မာသော ယုံကြည်မှု အပြည့်ရှိနေသောကြောင့်ပင်။

ဟုတ်ပါသည်။ ထိုယုံကြည်မှုရှိသည့် အပြုံးက ဟောင်ယု၏မျက်လုံးထဲသို့ ကျရောက်သွား သောအခါ, ချက်ချင်းဆိုသလိုပဲ ဟောင်ယုကို ဒေါသအကြီးအကျယ် ဖြစ်သွားစေခဲ့သည်။

"ဟမ့်၊ မင်း အဆုံးမှာ ရယ်မောနိုင်မလားဆိုတာ ငါ ကြည့်ချင်မိတယ်, စတင်တော့” ဟောင်ယုက အေးစက်စွာ ဟစ်အော်လိုက်သည်။ နောက်ဆုံးအတွက် သူသည် ထိုစတင် တော့ဟူသော စကားလုံးနှစ်လုံးကို အထူးကျယ်လောင်စွာ အော်ပြောလိုက်သည်။

အနီးနားရှိ လူတိုင်းလည်း စိတ်လှုပ်ရှားနေကြသည်။ ကျောက်တုံးပေါ် လောင်းကစားခြင်း ၏ အမှန်တကယ် အံ့ဩစရာကောင်းသော လုပ်ငန်းစဉ်သည် စတင်တော့မည် ဖြစ်သည်။ ချင်ယွင်နှင့် ဆရာကြီးဟောင်ယုတို့ ရွေးချယ်ထားသော ကျောက်တုံးခြောက်တုံးအတွင်းမှာ မည်သည့်ရတနာများ ပါရှိနေသည်ကို သူတို့ တကယ်ပင် တွေ့ချင်နေကြသည်။

ဤနတ်ဘုရားဝိညာဉ်ကျောက်တုံးများကို ရှေးခေတ်အကြွင်းအကျန်နယ်မြေများမှ တူးဖော် ရရှိခဲ့သောကြောင့် ၎င်းတို့ကို ရှေးခေတ်ကျောက်တုံးများဟုလည်း ခေါ်ဆိုကြသည်။ အတွင်းမှာရှိနေသည့် အရာအားလုံးသည် ၎င်းတို့အတွင်းမှာပင် တည်ရှိနေမှာဖြစ်ပြီး၊ နတ်ဘုရားအာရုံသည်ပင် ၎င်းတို့အပေါ်ကို မသက်ရောက်နိုင်ပေ။ အထဲမှာ ရတနာတွေ အပြင် သတ္တုအပိုင်းအစတွေလည်း ရှိနေတတ်သည်။ အရာအားလုံးက သင်တို့၏ ကံတရား ပေါ်မှာဘဲ မူတည်ပါသည်။

ထို့ကြောင့် ကျောက်တုံးဖွင့်ချိန်တိုင်းသည် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန် ဖြစ်ပြီး၊ မျက်လုံးတစ်လုံးချင်းစီသည် ဝင်းလက်တောက်ပနေမည် ဖြစ်သည်။

ဆရာကြီးအန်းသည် ဟောင်ယု၏အော်သံကို ကြားပြီးနောက်၊ အလယ်အလတ်အဆင့် နတ်ဘုရား ဓားမြှောင်နှစ်ချောင်းက သူမလက်ပေါ်တွင် ပေါ်လာသည်။ တစ်လက်က ရွှေရောင် ဖြစ်ပြီး၊ တစ်လက်ကတော့ ငွေရောင်ဖြစ်ပါသည်။ ၎င်းတို့သည် အလွန်လှပပြီး၊ သူမသည် ကျောက်ရွေးချယ်သည့် နေရာဆီသို့ လျှောက်သွားသည်။

ဤနတ်ဘုရားဝိညာဉ် ကျောက်တုံးများသည် အလွန်ကြီးမားလွန်းသောကြောင့်၊ ၎င်းတို့ကို နေရာတွင်သာ ဖြတ်တောက်နိုင်ပါသည်။

သို့သော် လူတိုင်း အံ့အားသင့်ရသည်မှာ, ဆရာကြီး အန်းသည် နှစ်မီတာ အမြင့်ရှိသော ကျောက်တုံးကြီးရှိရာသို့ လျှောက်မသွားဘဲ လေးမီတာ အမြင့်ရှိသော ကျောက်တုံးကြီးဆီ သို့ လျှောက်သွားခြင်း ဖြစ်သည်။

"အယ်၊ အစီအစဥ်အတိုင်းဆို နှစ်မီတာရှိတဲ့ နတ်ဘုရားဝိညာဉ်ကျောက်တုံးတွေကို အရင်ဆုံး ကိုင်တွယ်ရမှာ မဟုတ်ဘူးလား?။ ဘာလို့ လေးမီတာရှိတဲ့ ကျောက်တုံးတွေကို အရင်ဆုံး ကိုယ်တွယ်ရမှာလဲ" လူအုပ်ကြီးသည် ချက်ချင်းပင် ဝေခွဲမရ ဖြစ်သွားသည်။

ဟောင်ယုလည်း အံ့ဩဟန် အမူအရာ ထုတ်ဖော်လိုက်ပါသည်။ သို့သော် သူ ဘာမှ မပြောပေ။ နောက်ဆုံးတွင် မည်သည့်အုပ်စုကို ဦးစွာဖွင့်သည်ဖြစ်စေ, အဆုံးတွင် လောင်းကစားပွဲတစ်ခုလုံးကို ထိခိုက်စေမည် မဟုတ်ပါ။ ထိုအပြင်, သူသည် ဒုတိယအုပ်စု မှာ သူအရှုံးဟု မှန်းဆထားသည်။ ဒီအုပ်စုကို ပထမဆုံးဖွင့်ခြင်းက သူ့အတွက် အကျိုးရှိပါ သည်။

ထို့အပြင်, အကယ်၍, သူ ဆန္ဒမရှိလျှင်ပင်, သူလုပ်နိုင်သည့်အရာ ဘာမှမရှိပါဘူး။ အဆုံးတွင် ဆရာကြီး အန်း၏ အဆင့်အတန်းကလည်း သူ့ထက် မနိမ့်ကျပါဘူး။

ဆရာကြီးအန်း၏ ရည်ရွယ်ချက်ကို ချင်ယွင်တစ်ယောက်သာ သိပါသည်။ ဆရာကြီး အန်က သူ့ကို ကူညီနေသည်ကို သူ သိသည်။

အကယ်၍, ပထမချီမှ သူနှင့် ဟောင်ယုတို့၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးများကို ဖွင့်ဖော်လိုက်လျှင်, ဟောင်ယုသည် သူရှုံးနိမ့်ကြောင်း ချက်ချင်း သိသွားလိမ့်မည်။ ထိုသို့ဆိုလျှင်, နောက်ပိုင်း လောင်းကစားပွဲက ပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ ဟောင်ယုသည် သူ့မှာ အနိုင်ရရန် အခွင့်အလမ်း ရှိနေသေးသည်ဟု ခံစားမိမှသာလျှင် ဒီလောင်းကစားပွဲက စိတ်ဝင်စားစရာ ကောင်းလာပါလိမ့်မည်။

သို့သော်လည်း ချင်ယွင်သည် သူ၏လှည့်ကွက်များကို ဆရာကြီးအန်းက မြင်နိုင်လိမ့်မည် ဟု မမျှော်လင့်ထားသလို, ဆရာကြီးအန်းကလည်း သူ့ကို တမင်တကာ ကူညီပေးလိမ့်မည် ဟု မမျှော်လင့်ထားခဲ့ပေ။ ဤအရာက ချင်ယွင်ကို အမှန်တကယ် အံ့သြသွားစေခဲ့သည်။

ချင်ယွင်သည် ဆရာကြီး အန်းကို ကျေးဇူးတင်စွာဖြင့် စိုက်ကြည့်နေသည်။ ဆရာကြီး အန်း သည် ရည်ရွယ်၍တစ်မျိုး မရည်ရွယ်ဘဲတစ်ဖုံ ခေါင်းညိတ်လိုက်ပြီး ဖွင့်ရန် ရွေးချယ်ခဲ့သော ဒုတိယကျောက်တုံးဆီသို့ လျှောက်သွားလိုက်သည်။

ကျောက်တုံးသည် ကြီးမားလွန်းသောကြောင့် ကျောက်တုံးကြီး၏ အပြင်ဘက်အလွှာမှာ ရတနာများ ထွက်ပေါ်လာနိုင်ချေ အလွန်နည်းပါးသည့်အတွက် ဆရာကြီး အန်းသည် ကျောက်တုံးကြီးကို ဖြတ်လိုက်သည့်အခါ မြန်မြန်ဆန်ဆန် ဖြတ်တောက်လိုက်ပါသည်။

သူမလက်ထဲမှ ဓားမြှောင်နှစ်ချောင်းသည် ပုံရိပ်ယောင်များသဖွယ် မြန်ဆန်လွန်းလှသည်။ ရွှေရောင်နှင့် ငွေရောင် ရောထွေးနေသော အလင်းတန်းနှစ်ခုသည် လျှပ်စီးကြောင်း နှစ်ခုကဲ့သို့ လေထဲသို့ လင်းလက်သွားနေသည်။ ထိုမြင်ကွင်းသည် အလွန်ကြီးကျယ် ခမ်းနားလွန်းပါသည်။

ဓားမြှောင်နှစ်ချောင်းသည် ဆက်၍ ပျံသန်းနေချိန်တွင် ကျောက်အရေခွံများသည်လည်း အမြောက်အမြား ပြုတ်ကျသွားသည်။ မကြာခင်မှာပင် လေးမီတာ အမြင့်ရှိသည့် ကျောက်တုံးကြီး၏ တစ်ဝက်နီးပါးကို ဆရာကြီးအန်းက ဖြတ်တောက်ပြီးသွားပြီ။ ကျောက် အရေခွံများ လွှင့်ပစ်လိုက်သည်နှင့်အမျှ လူတိုင်း၏စိတ်နှလုံးများလည်း မြင့်တက်လာခဲ့ပါ သည်။ ထိုကျောက်တုံး အရေခွံများဖြင့် ပတ်ထားသည့်အရာက အတိအကျ မည်သည့်အရာ ဆိုသည်ကို သူတို့ အမှန်တကယ် သိချင်နေကြသည်။

ဘန်း…။

လူတိုင်း စိတ်လှုပ်ရှားနေကြစဉ်မှာ, ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုသည် ကျောက်တုံးအရေခွံအောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်သော နတ်ဘုရား အလင်းရောင်တစ်ခုက ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

All Chapters