အခန်း ၁၂၁၇
Vol. 82 Ch. 1217
အခန်း (၁၂၁၇) ရှေးဟောင်းနတ်ဘုရားနဂါးအရိုး။
ဘန်း…။
ပြင်းထန်သော နတ်ဘုရားအလင်းရောင်သည် အဆုံးမဲ့ စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။
ကျောက်အရေခွံများ ပြုတ်ကျပြီးသွားနောက် ထွက်ပေါ်လာသည့် ရတနာများကို လူတိုင်း ကြည့်ရှုကြပြီး အားလုံး အံ့ဩသွားကြသည်။
"အဲဒါက ဘာလဲ။ ဘာလို့ ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျ လှိုင်းတွေ ရှိနေရတာလဲ?။ ဒါက သေချာပေါက် အံ့သြဖွယ် ရတနာတစ်ခု ဖြစ်လိမ့်မယ်။" လူအုပ်ထဲက တစ်စုံတစ်ယောက်က မှန်းဆပြောလိုက်ပြီး၊ သူ့မျက်လုံးတွေ က စိတ်လှုပ်ရှားမူ အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
လူတိုင်း အသက်ရှုရပ်ပြီး ရတနာကို ကြည့်နေကြသည်။
အထူးသဖြင့်, ဆရာကြီးအန်းက ဤရတနာကို အမြန်ဖြတ်တောက်ပြီး မည်သည့် ရတနာ အမျိုးအစားဖြစ်သည်ကို သိမြင်နိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်ခဲ့ကြသည်။
ချင်ယွင်လည်း အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ဟောင်ယု ရွေးချယ်ခဲ့သော ဤကျောက်တုံးရှိ ရတနာသည် အမှန်တကယ် ထူးကဲလွန်းနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဘန်း…။
ဤအခိုက်အတန့်တွင် ဆရာကြီးအန်းသည် နောက်ဆုံးတွင် ဟောင်ယု ရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ်ကျောက်တုံးကို အလုံးစုံ ဖြတ်တောက်လိုက်ကာ၊ အတွင်းမှ ရတနာကို လူစုလူဝေးကြီးအား လုံးလုံးလျားလျား ထုတ်ဖော်ပြသလိုက်သည်။
၎င်းသည် အနက်ရောင် ကျောက်စိမ်းတုံးတစ်တုံး ဖြစ်ခဲ့သည်။ ၎င်း၏တစ်ကိုယ်လုံးသည် မှင်ရောင်နှင့်တူသော်လည်း ၎င်းပေါ်ရှိ နတ်ဘုရားနတ်ခိုး စွမ်းအင်အတက်အကျလှိုင်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
"ဒါက မဟူရာမှင်နက် နတ်ဘုရားကျောက်စိမ်းပဲ။ ဒါက တကယ်ကြီးပဲ” လူအုပ်ကြီးသည် ဤကျောက်တုံး၏ မူလဇစ်မြစ်ကို ချက်ချင်း မှတ်မိသွားပြီး မထိန်းနိုင်ဘဲ အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။
“မဟူရာမှင်နက် နတ်ဘုရားကျောက်စိမ်း၊ ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ပြလာသည်။ ဟောင်ယု ဖွင့်လှစ်လိုက်သည့် ပထမဆုံးရတနာမှာ မဟူရာမှင်နက် နတ်ဘုရားကျောက်စိမ်း ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤမဟူရာမှင်နက် နတ်ဘုရားကျောက်စိမ်းသည် ထိပ်တန်းအဆင့် နတ်ဘုရား ကျောက်စိမ်းဖြစ်သည်။ ၎င်းတွင် အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအား များ ပါ၀င်နေရုံသာမက သေလွန်သူများကို ပြန်လည်ရှင်သန်စေနိုင်သည့် အကျိုးသက် ရောက်မှုလည်း ရှိနေပါသည်။ ၎င်းသည် နတ်ဘုရားစိတ်ဝိညာဉ်များအပေါ် ကြီးကြီးမားမား အာဟာရဖြည့်တင်းပေးနိုင်သည့် အကျိုးသက်ရောက်မှုလည်း ရှိနေသည်။ ထို့ကြောင့် ဤမဟူရာမှင်နက် နတ်ဘုရားကျောက်စိမ်းသည် ထူးထူးခြားခြား အဖိုးတန်လွန်းပါသည်။
သာမန် မဟူရာမှင်နက် နတ်ဘုရားကျောက်စိမ်းများသည် လက်သီးဆုပ်အရွယ်မျှသာ ဖြစ်ပြီး၊ ၎င်းပမာဏသည်ပင် အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းများနှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ ဤမဟူရာမှင်နက် နတ်ဘုရားကျောက်စိမ်းသည် ပေါင်လောက်အထူရှိပြီး တစ်မီတာ မြင့်သည်။ ၎င်းသည် နတ်ဘုရားကျောက်တုံး တစ်သန်းလောက် တန်သည်ဟု ယူဆနိုင်သည်။
သေချာသည်မှာ, သာမန်လူများသည်ပင် ဤမျှများပြားသော နတ်ဘုရားကျောက်များ အတွက် အဖိုးမဖြတ်နိုင်သည့် ဤနတ်ဘုရားကျောက်စိမ်းနှင့် လဲလှယ်ရန် အသုံးပြုကြ မည် မဟုတ်ပေ။ အဆုံးတွင်၊ ဤမျှလောက်များသော နတ်ဘုရားကျောက်တုံးများ ရှိနေလျှင်ပင် သိပ်ပြီး အသုံးမဝင်ပေ။
"ဆရာကြီး ဟောင်ယုက တကယ်ပဲ ဆရာကြီး ဟောင်ယုလို့ ခေါ်ဆိုထိုက်ပါသည်။ ပထမဆုံးဖွင့်တဲ့ ရတနာကတောင် အလွန် အဖိုးတန်နေပြီ"။
"ဟုတ်တယ်၊ ငါ့ကိုသာ မဟူရာမှင်နက် နတ်ဘုရားကျောက်စိမ်း ပေးလိုက်စမ်းပါ။ ငါ ပိုမြင့်တဲ့ နယ်ပယ်တစ်ခုကို ဖြတ်ကျော်နိုင်ပြီး၊ နှစ်ပေါင်းသောင်းချီတဲ့ ငါ့ရဲ့အချိန်တွေကို ချွေတာနိုင်လိမ့်မယ်”။
…
လူတိုင်း အဆက်မပြတ် ဆွေးနွေးနေကြပြီး အားလုံးက ဆရာကြီး ဟောင်ယုကို ချီးမွမ်းနေ ကြသည်။
အဝေးမှ သခင်လေးပိုင်ယုလည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သိသာထင်ရှားသည်မှာ၊ ဆရာကြီး ဟောင်ယု ဖွင့်လှစ်ခဲ့သည့် ရတနာအတွက် သူ အလွန်ကျေနပ်နေပုံရသည်။
ဤအခိုက်အတန့်တွင် ဟောင်ယု၏ နှလုံးသားသည် ရွှင်လန်းမှုအပြည့် ရှိနေသည်။ သူ့ပုံစံက ရှေးဟောင်း နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ဤအချီတွင်, သူသည် ချင်ယွင်ကို ရှုံးနိမ့်မည်ဟု သူသိသော်လည်း, ပတ်ဝန်းကျင်မှ ချီးကျူးသံများကို ကြားရသောအခါတွင် မောက်မာသော အမူအရာကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ပါချေ။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။
အကယ်၍, သူ၏နတ်ဘုရားဝိညာဉ်ကျောက်တုံးသာ ဖွင့်ရမည်ဆိုလျှင် ပို၍ပင် ရင်သပ် ရှုမောဖွယ် ဖြစ်သွားကြမည်မှာ သေချာပါသည်။ ထိုအချိန်ရောက်လျှင်, ဟောင်ယုသည် ကျယ်လောင်စွာ ရယ်မောနိုင်စွမ်း ရှိမရှိ သူ သိချင်မိသည်။
အားလုံးက ဆရာကြီး ဟောင်ယု၏ ရတနာကို အမြတ်တနိုး အော်ဟစ်ပြောဆိုနေကြစဉ်မှာ ပင်, ဆရာကြီး အန်းသည် ချင်ယွင် ရွေးချယ်ထားသော ကျောက်တုံးကြီးဆီသို့ လျှောက်လှမ်းသွားခဲ့ပြီ။
အားလုံး၏ အကြည့်တွေကလည်း ထိုနောက်သို့ လိုက်ပါသွားကြသည်။ ချင်ယွင် ရွေးချယ်ထားသော ကျောက်တုံးကြီးထဲမှာ မည်သည့်ရတနာမျိုး ပါရှိနေမလဲဆိုသည်ကို သူတို့ သိချင်ကြပါသည်။ အဆုံးတွင်၊ ဆရာကြီး ဟောင်ယုသည် ချင်ယွင် ရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် ကျောက်ဘုရင်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ဖြစ်သည်။
ဘန်း..။
ဆရာကြီးအန်း၏ အမွှာဓားမြှောင် နှစ်လက်သည် ဆက်လက်၍ အမှိုက်များကို နောက်တကြိမ် ဆက်လက် ရှင်းထုတ်နေသည်။ သို့သော် ဤတစ်ကြိမ်တွင် သူ၏အရှိန်ဟုန် သည် လျင်မြန်စွာ လျော့ကျသွားသည်။
ထိုမြင်ကွင်းကို ပတ်ဝန်းကျင်မှ လူတိုင်းသည် သဘာဝအတိုင်း မြင်တွေ့ခဲ့ကြပြီး၊ သူတို့၏ စိတ်နှလုံးများသည် မမျှော်လင့်ဘဲ တုန်လှုပ်ခြောက်ခြားသွားကြသည်။
"အယ်၊ ဆရာကြီး အန်းက မြန်မြန်ဆန်ဆန်နဲ့ အရှိန်နှေးသွားပါလား။ ဒီရတနာက ဒီလောက်ကြီးပါ့မလား?" တစ်စုံတစ်ယောက်က မေးပြီး၊ ဝေခွဲမရ ဖြစ်သွားပါသည်။
ချင်ယွင် ရွေးချယ်ခဲ့သော ကျောက်တုံးကြီးသည် လေးမီတာ အမြင့်ရှိ၏။ ယခု ကျောက်သား အရေခွံ အပိုင်းအစ အနည်းငယ်ကိုသာ ခွာထုတ်ရသေးသည်။ ဖြစ်နိုင်သည်မှာ ဤရတနာ သည် လေးမီတာအရှည်များ ရှိနိုင်မလား?။
သို့သော်လည်း ပတ်ဝန်းကျင်ရှလူတိုင်း အကြံအိုက်သွားကြသည်။ အဝေးမှ သခင်လေး ပိုင်ယု၏ မျက်လုံးများလည်း သိချင်စိတ်ပြင်းပြန်ဟန် ပေါ်လွင်နေသည်။ သိသာသည်မှာ၊ သူသည်လည်း ထိုနတ်ဝိညာဥ်ကျောက်တုံးအတွင်းမှ ရတနာများကို စိတ်ဝင်စားနေခဲ့သည် မှာ ထင်ရှားပါသည်။
ဘန်း…။
အားလုံးက ပဟေဠိဖြစ်နေကြစဉ်မှာ ဆရာကြီးအန်း၏ လက်ထဲမှ ဓားမြှောင်းနှစ်ချောင်း သည် ကျောက်သား အရေခွံ အပိုင်းအစတွေကို ဖြတ်တောက်ပစ်လိုက်သည်။ ကြီးမားသော ဖိအားတစ်ခုက ခြံဝင်းတစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခုက ကောင်းကင်ယံသို့ ပျံတက်သွားကာ ရောက်ရှိလာသူတိုင်း ခြေထောက်များ ပျော့ခွေသွားသကဲ့သို့ ခံစားရပြီးနောက် ဒူးထောက်လုဆဲဆဲပင် ဖြစ်နေသည်။
"အဲဒါ ဘာလဲ?။ ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား?" လူတိုင်းက မထိတ်လန့်ဘဲ မနေနိုင်ခဲ့ပေ။
ကျောက်သား အရေခွံ ခွာလိုက်သည့်အခိုက်တွင် ၎င်းတို့သည် ဧရာမ နတ်ဘုရား သားရဲကြီး တစ်ကောင်၏ ဝါးမျိုခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပါသည်။ ကျောက်သား အရေခွံ နောက်ကွယ်မှ ကြောက်စရာကောင်းသည့် ဖိအားကို သူတို့ ခံစား၍ ရနိုင်ပါသည်။ အထဲမှာ ရှိနေသည့်အရာသည် ၎င်းတို့ အသက်ရှင်နေစဥ် အချိန်တုန်းက သေချာပေါက် ပြိုင်ဘက်ကင်း ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါတစ်ကောင် ဖြစ်ခဲ့မည်မှာ သေချာပါ သည်။
"နဂါးတန်ခိုး.. ၊ နဂါးတန်ခိုး ၊ လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။
သူပြောပြီးသည်နှင့် အားလုံးလည်း ချက်ချင်းဆိုလသို တုံ့ပြန်လာကြသည်။ သူတို့အားလုံး နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ကြည့်လိုက်ကြသည်။ နတ်ဘုရားဝိညာဉ် ကျောက်တုံး ထဲမှာ ရှိနေသည့် ရတနာက မည်သည့်အရာဆိုသည်ကို သူတို့လည်း ယောင်ဝါးဝါး ခန့်မှန်းမိ လိုက်ပါပြီ။
"ရှေးဟောင်း နတ်ဘုရားနဂါးအရိုး...။ ဒီနတ်ဘုရားနဂါးအရိုးက ဘယ်အဆင့်မှန်းတော့ ငါ မသိဘူး။" လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ကြားဖြတ်ပြီး အမှန်တရားကို ထုတ်ပြော လိုက်သည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ နတ်ဘုရားကမ္ဘာ၌ နတ်ဘုရားသားရဲ များစွာမရှိပေ။ ၎င်းတို့အထဲတွင် နတ်ဘုရားနဂါးများသည် နတ်ဘုရားသားရဲများကြားမှာပင် ထိပ်တန်း တည်ရှိမူများ ဖြစ်ကြပါသည်။
နတ်ဘုရားနဂါး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရတနာများနှင့် ပြည့်နှက်နေပြီး၊ အဖိုးတန်ဆုံး တစ်ခုမှာ နတ်ဘုရား နဂါးအရိုး ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရား နဂါးအရိုးများတွင် နတ်ဘုရားနဂါး၏ အနှစ်သာရများ ပါ၀င်နေသောကြောင့် ဖြစ်သည်။ နတ်ဘုရားနဂါး ရိုးတွင်းခြင်ဆီသည် အမှန်ပင် ခန္ဓာကိုယ် ကို သန့်စင်ပေးသည့် ရတနာတစ်ပါး ဖြစ်သည်။
ကြယ်နတ်ဘုရားအဆင့် နတ်ဘုရားနဂါး ရိုးတွင်းခြင်ဆီတစ်ခုတည်းကပင် နတ်ဘုရား ကျောက်တုံး သန်ပေါင်းများစွာ တန်ဖိုးရှိနေပါပြီ။ မြေကမ္ဘာအဆင့် နတ်ဘုရားနဂါး ရိုးတွင်းခြင်ဆီဆို စကားထဲပင် ထည့်ပြောစရာမလိုပါချေ။
သို့သော် နတ်ဘုရားနဂါးများ၏ မာန်မာနကြောင့်, ၎င်းတို့သည် သေသွားလျှင်ပင် ၎င်းတို့၏ ခန္ဓာကိုယ် ရုပ်အလောင်းများကို ချန်ထားခဲ့မည် မဟုတ်ပေ။ သာမာန်အားဖြင့်၊ ၎င်းတို့သည် ၎င်းတို့ခန္ဓာကိုယ်ကို လေဟာနယ်ထဲတွင် မြှုပ်နှံရန် ရွေးချယ်ကြပြီး၊ တချို့ဆိုလျှင်, ၎င်းတို့၏ ရုပ်အလောင်းများကို ပြာအဖြစ်သို့ ပြောင်းလဲကာ၊ ၎င်းတို့ ရန်သူများအတွက် လုံးဝ ချန်မထားခဲ့ပေ။
ထို့ကြောင့်၊ နတ်ဘုရားကမ္ဘာတွင် နတ်ဘုရားနဂါးများ ရှိလျှင်ပင်၊ ၎င်းတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။
ချင်ယွင်ရွေးချယ်ခဲ့သည့် ကျောက်တုံးမှ ရတနာသည် အမှန်တကယ်ပင် နတ်ဘုရားနဂါး အရိုးဖြစ်နေမည်သု သူတို့ ထင်မထားခဲ့ကြပါဘူး။
ဘန်း..။
ဆရာကြီးအန်း၏လက်မှ ဓားသည် ဆက်လက်ပျံသန်းနေချိန်တွင် နတ်ဘုရားနဂါးအရိုး၏ အသွင်အပြင်သည် လူတိုင်းရှေ့တွင် တဖြည်းဖြည်း ပေါ်လာသည်။
"အလို မိုးကောင်းကင်ကြီး, ဒီနတ်ဘုရားနဂါးအရိုးက တကယ်ကို မြေကမ္ဘာနတ်ဘုရား အဆင့်နဂါးတစ်ကောင်ရဲ့ ဦးခေါင်းအရိုးစုမှ အစိတ်အပိုင်းတစ်ခုပဲ။ ဒါက တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ။ ဒါကို နတ်ဘုရားကျောက်တုံးနဲ့ တွက်ချက်ကြည့်ရင်, ငါတို့ဝယ်ဖို့မတတ်နိုင်တဲ့ နတ်ဘုရားကျောက်တုံးငါးသန်းအထိ ရောက်ရှိသွားမှာတောင် စိုးရတယ်” လူအုပ်ထဲက တစ်ယောက်က ထအော်သည်။
ချင်ယွင်၏ မျက်နှာမှာလည်း အပြုံးတစ်ခု ပေါ်လာသည်။ နတ်ဘုရားဝိညာဥ်ကျောက်တုံးမှ ထွင်းထုထားသည့် ရတနာကို သူ အလွန်ကျေနပ်နေပုံရသည်။
သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်မသွားခင်, ဟောင်ယုသည် သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်ပြီး ကျယ်လောင်စွာ ရယ်မောနေသည့်ကို သူ ကြားလိုက်ရပါသည်။
"ဟား…၊ ဟား…။ ချင်ယွင်၊ ငါ မင်းကို တကယ်ကျေးဇူးတင်ပါတယ်။ ဒီအဘိုးကြီးအတွက် မင်းက ရတနာတစ်ခုကို တကယ်ဖွင့်ပေးခဲ့တယ်။ မင်းက ဒီလောင်းကစားပွဲမှာ အရှုံးသမား ဖြစ်လို့ ကံဇာတာပါလာပြီးသား။ ဒါကြောင့် မင်း ဘယ်လောက်ကောင်းမွန်တဲ့ ရတနာကို ဖွင့်နိုင်ပါစေ, ဒီအဘိုးကြီးအပိုင် ဖြစ်လာမှာပဲ။ ဒီရတနာတွေက မင်းနဲ့ ဘာမှ မဆိုင်ဘူး။" ဟောင်ယုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ သူ့အမူအရာက ရန်စလိုသည့်အပြည့် ရှိနေပါသည်။
လူအုပ်ကြီးသည် ထိုစကားကိုကြားသောအခါ အားလုံးက ဆရာကြီး ဟောင်ယုကို မနာလိုစွာ စိုက်ကြည့်နေကြသည်။
ချင်ယွင်သည် ဟောင်ယု၏ ရယ်မောသံကို ကြားသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ခင်ဗျား ပျော်ဖို့ စောပါသေးတယ်လေ။ နောက်ဆုံး ငိုရမယ့်လူက ခင်ဗျားပဲ ဖြစ်သင့် တယ်”။ ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။