အခန်း ၁၂၁၈
Vol. 82 Ch. 1218
အခန်း (၁၂၁၈) ဟောင်ယု အံ့ဩသွားရခြင်း။
ချင်ယွင်သည် အေးစက်သော အပြုံးဖြင့် ဟောင်ယုကို ကြည့်လိုက်သည်။ ဟောင်ယုသည် ဤမျှစောစီးစွာ ပျော်ရွှင်နေမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့်, သူသည် အထိန်းချုပ်မဲ့ကို သူ့ကို ထရိုက်ချင်စိတ်ပင် ဖြစ်နေမိသည်။
"ဟမ့်၊ ဒီဒုတိယအချီမှာ မင်း အနိုင်ရဖို့ အခွင့်အလမ်း မရှိတော့ဘူး မဟုတ်လား?။ တကယ်လို့, မင်းသာ အဲဒီကျောက်တုံးကို အရင်ရွေးချယ်သွားခဲ့တာ မဟုတ်ရင်, ငါ ဒီကျောက်ဘုရင်ကို ရွေးချယ်ခဲ့တာ ကြာလှပြီပေါ့။ မင်းအလှည့် ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မ လဲ။" ဟောင်ယုက အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ သူ့မျက်လုံးများတွင် အမျက်ဒေါသများ ပေါက်ကွဲထွက်လာခဲ့သည်။
သူ့အမြင်အရဆို ချင်ယွင်သည် လုံးဝ လူဆိုးတစ်ယောက် ဖြစ်ပြီး၊ တစ်ပွဲလေး အနိုင်ရပြီး သည်နှင့် သူသည် သူ့ကို ထိုကဲ့သို့ ပြောဆိုဝံ့ခဲ့သည်။
"တကယ်လား?။ ဒါဆို နောက်နှစ်ပွဲမှာ ခင်ဗျား အနိုင်ရမယ်လို့ ထင်လား?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။
"သေချာတာပေါ့။ နောက်ဆုံးနှစ်ပွဲမှာ ငါက ကျောက်ဘုရင်ကို ရွေးချယ်ထားပြီးပြီ။ မင်းရွေးချယ်ခဲ့တဲ့ နတ်ဘုရားဝိညာဉ်ကျောက်နှစ်လုံးတွေက ကြုံရာကျပန်း ရွေးချယ်ခဲ့တာ။ နောက်ဆုံးတစ်ခုက အခေါင်းပေါက် ကျောက်တုံးပဲ။ မင်း ငါ့ကို အနိုင်ယူဖို့ အခွင့်အရေး ရှိတယ်လို့ ထင်နေသေးလား?။" ဟောင်ယုက မထီမဲ့မြင်ပြုပြီး လှောင်ပြောင်သည်။
လက်ကျန်နှစ်ချီမှာ ချင်ယွင် ရွေးချယ်ခဲ့သည့် နတ်ဘုရားဝိညာဉ် ကျောက်တုံးနှစ်တုံးကို တွေးကြည့်ရင်း သူသည် မရယ်မောဘဲ မနေနိုင်ခဲ့ပါဘူး။
"ငါ အနိုင်ရသွားရင်ရော?”။ ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
ခပ်လှမ်းလှမ်းတွင် ဆရာကြီး အန်းသည် ကျောက်တုံးများကို ဆက်မဖြတ်တော့ပေ။ ယင်းအစား သူသည် ချင်ယွင်နှင့် ဟောင်ယုတို့၏ စကားနာထိုးပွဲကို နားထောင်နေခဲ့သည်။ ထိုစကားကို ကြားသောအခါ ချင်ယွင်သည် ဟောင်ယုကို နောက်တစ်ကြိမ် လှည့်စားနေကြောင်း သူမ သိလိုက်သည်။ သူမစိတ်ထဲတွင် ကူကယ်ရာမဲ့ ခေါင်းကို ခါယမ်းကာ၊ တစ်ချိန်တည်းမှာပင် ဟောင်ယုအတွက် ဝမ်းနည်းသလို ခံစားလိုက်ရသည်။
သူတို့နှစ်ယောက်သည် အဆင့်တူညီသည့် ပြိုင်ဘက်များ မဟုတ်ခဲ့ကြပါဘူး။ ယခုလို ပြိုပွဲမျိုးမှာ ဟောင်ယုသည် သူ့အရိုးများပင် မကျန်တော့သည်အထိ ရှုံးနိမ့်ရဖို့ ကံဇာတာ ပါနေရပါသည်။
"ဟမ့်..၊ နောက်နှစ်ချီမှာ, တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်ရင် ငါက မင်းကို ဒူးထောက်ပြီး အဘိုးလို့ တိုက်ရိုက် ခေါ်မယ်ကွာ။ ပြီးတော့, နောက်နှစ်ချီမှာ မင်း ငါ့ကို အနိုင်ယူနိုင်ရင်, ငါဟောင်ယုက ငါရဲ့ပိုင်ဆိုင်မှုအားလုံးကို မင်းကို ပေးလိုက်မယ်”။ ဟောင်ယုက နှာခေါင်း ရှုံ့ပြီး၊ မောက်မာစွာ ပြောလိုက်သည်။
"ဒါက သဘောတူညီချက်ပဲ”။ ချင်ယွင်က ချက်ချင်းပြုံးပြီး ပြောလိုက်သည်။
ချင်ယွင်၏စကားကို ကြားတော့ ဟောင်ယုသည် ချင်ယွင်က သူ့ကို အရှက်ခွဲနေမှန်း ချက်ချင်း သိလိုက်သည်။ သို့သော်, ချင်ယွင်မှာ အနိုင်ရရန် အခွင့်ရေးမရှိဟု သူ ပြန်တွေးလိုက်သည့်အခါ, သူသည် ပို၍သက်တောင့်သက်သာ ရှိလာပါသည်။ သေချာသည် မှာ, သူသည် ဆုံးရှုံးရမည့် လူတစ်ယောက် မဟုတ်ပေ။
"ဟမ့်၊ မင်းရှုံးသွားရင်ရော ဘယ်လိုလုပ်မလဲ”။ ဟောင်ယုက သရော်သံဖြင့် မေးလိုက် သည်။
"ငါရှုံးသွားရင်လည်း ငါ့ရဲ့ စည်းစိမ်ဥစ္စာတွေအားလုံးကို ခင်ဗျားကို အကုန်ပေးမှာပေါ့။ ပြီးတော့ ငါရှုံးခဲ့ရင်, ခင်ဗျားကို ဒူးထောက်ပြီး အဖိုးလို့လဲ ခေါ်ဦးမယ်” ချင်ယွင်က တဟားဟား ရယ်မောပြီး ပြောလိုက်သည်။
ဟောင်ယု မှင်သက်သွားခဲ့သည်။ ချင်ယွင်က ယခုလိုစကားမျိုး တကယ်ပြောရဲမည်ဟု သူ မမျှော်လင့်ထားပါဘူး။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း အလွန်အံ့အားသင့်သွားဟန် အမူအရာများကို ထုတ်ဖော် လာကြသည်။ ထိုအချိန်တွင် ချင်ယွင်သည် ဆရာကြီး ဟောင်ယုနှင့် သူ၏စွမ်းအားကို အမှန်တကယ် တိုးမြင့်ပြီး ပြိုင်ဆိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ယင်းက, သူသည် လုံးလုံး ဆုံးရှုံးသွားနိုင်သည်ဟု မဆိုလိုဘူးလား?။
အဝေးမှ သခင်လေးပိုင်ယုသည် ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်ပြီး၊ ချင်ယွင်အပေါ် ထားခဲ့သော နောက်ဆုံးသော စေတနာလက်ကျန်လေးသည်ပင် လုံးဝ ပျောက်ကွယ်သွား ခဲ့ပြီ။
ဆရာကြီးအန်းသည် သူမနှလုံးသားအောက်ခြေမှ အေးစက်သွားသလို ခံစားလိုက်ရသည်။ ချင်ယွင်သည် သူလုပ်ဆောင်နေသော အရာသည် မည်မျှအထိ ပျက်ဆီးသွားနိုင်သည် ဟူသည့် ကန့်သတ်ချက်မျိုး မရှိတော့ပေ။ သူသည် ဟောင်ယုကို သေသည်အထိ ထောင်ချောက် ဆင်ချင်နေခဲ့သည်။
ဆရာကြီး အန်းသည် မည်သူနှင့်မဆို ရန်သူဖြစ်ခြင်းသည် အဆင့်ပြေသည်ဟု သူမစိတ်ထဲ ဆုံးဖြတ်ချ ပြောဆိုနိုင်သော်လည်း, သူမသည် ချင်ယွင်နှင့် ရန်သူဖြစ်၍ မရပေ။
"ဆရာကြီး အန်း၊ ကျေးဇူးပြုပြီး ကျောက်တုံးတွေကို ဆက်ဖွင့်ပေးပါ။ ဒီတစ်ချီမှာ ကျွန်တော့်ကျောက်တုံးကို အရင်ဆုံး ဖြတ်ပေးပါ" ချင်ယွင်က ဆရာကြီးအန်းအား ပြုံးပြုံးလေး ပြောလိုက်သည်။
ဆရာကြီး အန်က ခေါင်းညိတ်ပြသည်။ ချင်ယွင်က ဆိုလိုသည့်အရာကို သဘာဝအတိုင်း သူမ သိသည်။
ချင်ယွင်၏ ကျောက်တုံးကို အရင်ဆုံး ဖွင့်လိုက်ခြင်းက, သဘာဝအတိုင်း အဆုံးမှာ ဟောင်ယုကို လုံးဝ စိတ်ပျက်သွားအောင် လုပ်ဆောင်လို၍ ဖြစ်သည်။
သေချာသည်မှာ, ဟောင်ယုသည် ဤအချက်ကို နားမလည်သလို, လက်ရှိရောက်နေကြသူ များလည်း နားလည်ကြမည် မဟုတ်ပေ။
ဘန်း..။
ဆရာကြီး အန်းသည် ချင်ယွင် ရွေးချယ်သော နတ်ဘုရားဝိဉာဉ်ကျောက်တုံး ရှေ့သို့ လျှောက်သွားပြီး ကျောက်တုံးကို အရူးအမူး ဖြတ်တောက်ပစ်လိုက်သည်။
ကျောက်သား အရေခွံများသည် တဖြည်းဖြည်း ကွာကျလာပြီး ကျောက်အရေခွံများ ဆက်၍ ဆက်၍ လွှင့်ပစ်သွားသည်နှင့်အမျှ နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် သေးငယ်ပြီးရင်း သေးငယ်လာသည်။
လူတိုင်းသည် ချင်ယွင်၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးကို စိုက်ကြည့်နေကြသည်။ သူတို့သည် မျှော်လင့်ချက်များစွာ မထားခဲ့သော်လည်း၊ ချင်ယွင် ရွေးချယ်သော နတ်ဘုရား ဝိညာဉ်ကျောက်တုံးမှ မည်သည့်အရာများ ထုတ်လုပ်နိုင်မည်ကို သိချင်နေကြဆဲ ဖြစ်သည်။
ဘန်း…။
ဆရာကြီး အန်းသည် ကျောက်တုံးကို ဆက်လက်ဖြတ်တောက်စဉ်တွင်၊ ချင်ယွင် ရွေးချယ်ခဲ့ သော နတ်ဘုရားဝိညာဉ်ကျောက်တုံးမှ ကြီးမားသော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
"ဒါ..ဒါ..” ပတ်ဝန်းကျင်ရှိ လူတိုင်းသည် မယုံနိုင်လောက်သော အမူအရာများကို ဖော်ပြလာ ကြလေသည်။
ချင်ယွင်သည် ခုတ်ဖြတ်ထားသော နတ်ဘုရားဝိညာဉ်ကျောက်တုံးအတွင်း၌ ခရမ်းရောင် နတ်ဘုရားဓားတစ်ချောင်းကို တိတ်တဆိတ် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ နတ်ဘုရားဓားသည် အဆုံးမရှိ ထက်ရှသော အရိပ်အယောင်ကို ထုတ်လွှတ်သော်လည်း နတ်ဘုရားဓားပေါ်တွင် အက်ကွဲကြောင်းများ ထင်ထင်ရှားရှား ရှိနေပါသည်။
"ထိပ်တန်း… ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း”။ လူအုပ်ထဲက တစ်ယောက်ယောက်က မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။ သူတို့ နှလုံးသားတွေ သည်းမခံနိုင်တော့ဟုပင် ချက်ချင်း ခံစားလိုက်ရသည်။
ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများသည် ဒဏ္ဍာရီများတွင် အလွန့်လွန် အဖိုးထိုက်တန် သော နတ်ဘုရားပစ္စည်းများ ဖြစ်ကြပါသည်။ ဒဏ္ဍာရီများအရ, ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းများကို ပိုင်ဆိုင်ထားသူများသည် ၎င်းတို့၏ အထွတ်အထိပ်အဆင့် ကြယ်နတ်ဘုရား နယ်ပယ် ကျင့်ကြံမူကို အသုံးပြုပြီး၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများကို တိုက်ရိုက် သတ်ပစ်နိုင်သည်ဟု ဆိုထားကြသည်။ ဤထိပ်တန်း အဆင့် နတ်ဘုရားပစ္စည်းသည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်သည်။
ကံမကောင်းစွာပင်၊ ဤထိပ်တန်းအဆင့် နတ်ဘုရားဓားပေါ်တွင် သိသာထင်ရှားသော အက်ကွဲကြောင်းများ ရှိနေခဲ့သည်။ ထင်ရှားသည်မှာ၊ ဤနတ်ဘုရားပစ္စည်းသည် ပျက်စီးနေခဲ့ပြီး၊ ၎င်းသည် အစစ်မှန် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခု မဟုတ်တော့ပေ။
မှန်ပါသည်၊ ၎င်းသည် ပျက်စီးနေသည့် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းဖြစ်နေခဲ့လျှင် ပင်၊ ၎င်း၏တန်ဖိုးသည် အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းတစ်ခုထက် လုံးဝ ကျော်လွန် နေပါသည်။ အမှန်တော့၊ ၎င်း၏တန်ဖိုးသည် ရှေးယခင်က နတ်ဘုရားနဂါးအရိုးထက်ပင် မြင့်မားပါသည်။
လူတိုင်း ထိတ်လန့်သွားကြပြီး တစ်ချိန်တည်းမှာပင် ဝမ်းနည်းမှုအနည်းငယ် ခံစားခဲ့ရသည်။ အကယ်၍ ၎င်းသည် အစစ်အမှန် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း ဖြစ်ပါက၊ ၎င်းကို ဒဏ္ဍာရီရတနာတစ်ခုအဖြစ် သေချာပေါက် ယူဆနိုင်သည်။
ခပ်လှမ်းလှမ်းတွင် ဟောင်ယုသည် အလွန့်လွန် အံ့သြသွားရသည်။ ချင်ယွင် ဖွင့်ထားသည့် ရတနာသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်မည်ဟု သူ တကယ်ကို ထင်မထားခဲ့ပါဘူး။ ဤနည်းဖြင့် သူသည် ပြင်းထန်သော ဖိအားကို ချက်ချင်း ခံစားလိုက်ရ သည်။
'"မဟုတ်ဘူး၊ ငါ ကျောက်ဘုရင်ကို ရွေးချယ်ထားတာ။ သူက ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းကိုတောင် ထုတ်ဖော်နိုင်ခဲ့တယ်။ ဒါဆို ငါ့ရဲ့ ကျောက်ဘုရင်က ပိုတန်ဖိုးကြီးတဲ့ ရတနာကို ထုတ်လုပ်နိုင်မှာ မဟုတ်လား။ အဲဒါက ဒဏ္ဍာရီအဆင့် ရတနာတစ်ခုတောင် ဖြစ်နိုင်တယ်။ တကယ်လို့, ငါသာ ဒဏ္ဍာရီအဆင့် ရတနာတစ်ခု ထုတ်ဖော်နိုင်ခဲ့ရင်၊ ငါ့ရဲ့ဂုဏ်သိက္ခာကို လုံးဝ ထိတ်လန့်စေလိမ့်မယ်။" ဟောင်ယု၏ မျက်နှာသည် အနှိုင်းမဲ့ စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လွင်နေပြီး သူ၏နှလုံးသားသည် သူ၏ နတ်ဘုရား ဝိညာဉ် ကျောက်တုံးအပေါ် မျှော်လင့်ခြင်း အပြည့် ရှိနေသည်။
"ဟင်း…၊ အဘိုးအိုလေး, ခင်ဗျားရဲ့ ကျောက်ဘုရင်က ကျုပ် ရွေးချယ်ထားတဲ့ နတ်ဘုရား ဝိညာဉ် ကျောက်တုံးတွေအားလုံးကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးအမြင့်ဆုံး ရတနာ တွေထက် ပိုအစွမ်းထက်တဲ့ ရတနာတွေကို ဖွင့်နိုင်မယ်လို့ ခင်ဗျား ထင်နေတာလား။" ချင်ယွင်က ဟောင်ယုကို ပြုံးပြီး ပြောသည် ။
"သေချာပေါက် ထင်တာပေါ့။ ငါ့ကျောက်ဘုရင်က မင်းကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ မဟုတ်ရင် သူ့ကို ဘာကြောင့် ကျောက်ဘုရင်လို့ ခေါ်နေဦးမှလာလဲ?။ ငါ မင်းကို ပြောပြ မယ်။ ငါ့ရဲ့ကျောက်ဘုရင်က နောက်ပိုင်းမှာ ဒဏ္ဍာရီအဆင့် ရတနာတစ်ခုကို ဖွင့်ပေးနိုင် လောက်တယ်။” ဟောင်ယုက အေးစက်စွာ အော်လိုက်ပြီး သူ့မျက်နှာမှာ အထင်အမြင် သေးပြီး မောက်မာမှုအပြည့် ရှိနေခဲ့သည်။
"ဒါဆိုလည်း ဂုဏ်ပြုပါတယ်။" ချင်ယွင်က အဓိပ္ပါယ်ရှိစွာ ပြုံးပြီး ဟောင်ယုကို လျစ်လျူရှု လိုက်သည်။
ဒဏ္ဍာရီအဆင့်လား?။
လူအုပ်ကြီးသည် ဟောင်ယု၏ စကားကို ကြားလိုက်ရသောအခါ, သူတို့၏ နှလုံးများ ထိန်းမနိုင်သိမ်းရ ခုန်နေကြပြီး၊ စိတ်လှုပ်ရှားနေကြပါသည်။ သူတို့သည် မျက်စိတချက်မှ မမှိတ်ဘဲ ဆရာကြီး အန်း ကျောက်တုံး ဖြတ်နေသည်ကို ကြည့်နေကြသည်။
ဆရာကြီးအန်း၏ လှုပ်ရှားမှုများသည် အလွန်မြန်သည်။ သူမလက်တွေက နောက်ဆက်တွဲ ကျန်ရစ်ခဲ့သည့် ပုံရိပ်တွေအလားပင်။ ဟောင်ယုသည် ထိုမြင်ကွင်းကို စိုးရိမ်နေသည့် အမူအရာဖြင့် ကြည့်နေပြီး၊ သူသည် မထိန်းနိုင်တော့ဘဲ "ဟေး၊ သတိထားပါဦး။ မင်း ငါ့ရဲ့ ဒဏ္ဍာရီအဆင့် ရတနာကို ဖြတ်တောက်မိဦးမယ်” ဟုပင် အော်ပြောလိုက်မိသည်။
ဘန်း..။
အလွန်လျင်မြန်စွာဖြင့်၊ ရတနာကို ဖြတ်တောက်ပစ်လိုက်ပြီး၊ ညှိုးနွမ်းနေသော သစ်ပင်နှင့်တူသည့် အကိုင်းအခက်တစ်ခု ထွက်ပေါ်လာသည်။
"အဲဒါက ဘာလဲ?။ အဲဒါက ရှေးဟောင်း နတ်ဘုရားဆေးပင်များ ဖြစ်နိုင်မလား?" လူအုပ်ကြီးက ညှိုးနွမ်းနေသော သစ်ကိုင်းများကို ကြည့်ကာ မမှန်းဆဘဲ မနေနိုင်ခဲ့ပေ။
"ရှေးဟောင်း နတ်ဘုရားဆေးပင်။ အဲဒါက ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ရှေးဟောင်း နတ်ဘုရား ဆေးပင်အချို့ ဖြစ်ရမယ်”။ ဟောင်ယုသည်လည်း တုနှိုင်းမရအောင် စိတ်လှုပ်ရှားသွားသည်။
သို့သော်, ဆရာကြီး အန်းသည် ကျောက်အရေခွံများကို ဆက်လက်ဖြတ်တောက်နေစဉ်မှာ ပင် ရှေးဟောင်း နတ်ဘုရားဆေးပင်းဟုခေါ်သောအရာက လူတိုင်းရှေ့တွင် လုံး၀ ထွက်ပေါ် လာခဲ့ပြီ။
ဤအခိုက်အတန့်တွင် လူတိုင်း မှင်သက်သွားကြသည်။ ဟောင်ယု၏ အမူအရာမှာ မစင်စားမိသည့်အလားပင်။ ၎င်းသည် ကြည့်ရမြင်ရစိုးလှသည်။
"အို၊ တကယ့်ကို ရှေးဟောင်းနတ်ဘုရားဆေးပင်ပဲ။ ခင်ဗျားသာ အဲဒါကို စားပြီးရင်၊ ခင်ဗျား ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို တိုက်ရိုက် တက်လှမ်းနိုင်လိမ့်မယ်" ချင်ယွင်က ကမန်းကတန်း အော်ပြောလိုက်သည်။
ပတ်ဝန်းကျင်မှ လူများသည် မထိန်းနိုင်ဘဲ ပါးစပ်များပင် ရှုံ့မဲ့သွားကြသည်။ ၎င်းသည် ရှေးဟောင်း နတ်ဘုရားဆေးပင် မဟုတ်ဘဲ၊ ပုပ်နေသောသစ်ပင်အမြစ်ဖြစ်ကြောင်း ထင်ရှားပါသည်။ ချင်ယွင်၏ပါးစပ်သည် အမှန်တကယ် စုပ်ပဲ့လွန်းသည်ဟု အားလုံး ခံစားလိုက်ရပြီး၊ သက်ပြင်းကိုယ်စီ ချလိုက်ကြပါသည်။