အခန်း ၁၂၁၉
Vol. 82 Ch. 1219
အခန်း (၁၂၁၉) ကြေကွဲဖွယ်ဟောင်ယု။
ဟောင်ယုသည် လုံးဝ အရှက်ကွဲသွားရသည်။ သူသည် ဤအရာအားလုံးကို မယုံကြည်နိုင်မှု အပြည့်ဖြင့် ကြည့်နေသည်။
"ဘယ်လို... ဒါက ဘယ်လိုလုပ် သစ်မြစ်တစ်ခု ဖြစ်နိုင်မှာလဲ?။ မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ ရှေးဟောင်း နတ်ဘုရားဆေးပင်က ဘယ်မှာလဲ" ဟောင်ယုသည် နတ်ဘုရားဝိညာဉ် ကျောက်တုံးမှ ဖြတ်တောက်ထားသည့် ပုပ်ဆွေးနေသော သစ်မြစ်များကို မယုံကြည်နိုင် သည့် အရိပ်အယောင်ဖြင့် ကြည့်နေပြီး၊ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးမှုနှင့်အတူ အကူအညီမဲ့မှုများ ပြည့်နှက်နေခဲ့သည်။
"မှန်တယ်၊ ဆရာကြီး ဟောင်ယု၊ ဒါက ခင်ဗျားရဲ့ရှေးဟောင်း နတ်ဘုရားဆေးပင်ပဲ။ ခင်ဗျား စားလိုက်ရင် ခင်ဗျားရဲ့ ကျင့်ကြံမှုက သိသိသာသာ တိုးလာလိမ့်မယ်" ချင်ယွင်က ဟောင်ယုကို ရိုးသားဟန်ဖြင့် ပြောနေခဲ့ပြီး၊ သူ့အကြည့်တွေက ရွှေအစစ်ထက်ပင် ပိုမှန်နေသယောင်။
အဝေးမှ လူအုပ်သည် ထိုစကားကိုကြားတော့ သူတို့ပါးစပ်တွေက နောက်တကြိမ် ရှုံ့မဲ့သွား ပြန်သည်။ ချင်ယွင်၏ပါးစပ်သည် ဤမျှ စုပ်ပြတ် ပျက်စီးနေလိမ့်မည်ဟု သူတို့ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ သူသည် ယခုအချိန်မျိုးမှာ ဒဏ်ရာအပေါ် ဆားဖြန်းဖို့ တကယ်ကို မမေ့ခဲ့ပေ။
ဤအရာအားလုံးကို တိတ်တဆိတ် ကြည့်နေသော သခင်လေးပိုင်ယုသည် သူ့မျက်နှာကို တင်းတင်းကျပ်ကျပ် တွန့်ရှုံ့လိုက်ပြီး တွေးခေါ်စဉ်းစားနေသည့် အမူအရာကို ထုတ်ဖော် လိုက်သည်။
ဤလောင်းကစားပွဲသည် ဆုံးခန်းတိုင်သွားပြီး၊ ဆရာကြီး ဟောင်ယုသည် သံသယမရှိ ရှုံးနိမ့်သွားပါပြီ။ သူ ဆရာကြီး ဟောင်ယုအတွက် ပေးချေခဲ့သည့် နတ်ဘုရား ကျောက်တုံး များလည်း လုံးဝ အလဟသ ဖြစ်သွားပါပြီ။ သို့သော်၊ သူသည် ဤကိစ္စကို ဂရုမစိုက်ပါဘူး။ သူ အမှန်တကယ် ဂရုစိုက်နေသည်က အဖြစ်ပျက်ကိုပါ။
ရလာဘ်အနေဖြင့်, စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သခင်လေး ပိုင်ယု၏ စိတ်ထဲတွင် တရိပ်ရိပ် ပြန်ပေါ်လာသည်။ ခဏအကြာတွင် သခင်လေး ပိုင်ယုသည် သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။
"အစီအစဥ်ကောင်း တစ်ခုပဲ။ သရုပ်ဆောင် စွမ်းဆောင်ရည်ကလည်း ကောင်းလွန်းတယ်။ ငါတောင် လှည့်စားခံခဲ့ရတယ်။" သခင်လေး ပိုင်ယုက သူ့ကိုယ်သူ ခါးသီးသော အပြုံးဖြင့် ပြောသည်။ သူ့စိတ်ထဲမှာ ဒေါသနည်းနည်းလေးမှ မရှိခဲ့ပါဘူး။
မြို့တော်သခင်၏ သခင်လေးအဖြစ်၊ သူသည် အမြင်ကျဉ်းမြောင်းသော စိတ်သဘောထား ရှိသူမျိုး မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်၏လှည့်စားမူကို ခံရသောအခါ၊ သူ့စိတ်ထဲတွင် ချင်ယွင်အပေါ် အမျက်ဒေါသ နည်းနည်းလေးမှ မထွက်ခဲ့ဘဲ၊ ချင်ယွင်ကို ပို၍ပင် တန်ဖိုးထားလာခဲ့သည်။
"သူက သေချာပေါက် အရည်အချင်းရှိတဲ့ မှတ်တိုင်တစ်ခုပဲ။ တကယ်လို့, ငါသာ သူ့ကို ကောင်းကောင်း အသုံးပြုနိုင်ရင်, ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှာ ရာထူး မတက်နိုင်မှာကို ငါ ဘာလို့ စိုးရိမ်နေစရာ လိုတော့မှာလဲ?" သခင်လေး ပိုင်ယုက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် ချင်ယွင်ကို ကြိုးဖြင့်ချည်နှောင်ရန် ဆုံးဖြတ်လိုက် ပြီး၊ အကယ်၍, ကြိုးဖြင့် ချည်နှောင်၍ မရလျှင်ပင် မိတ်ဆွေသူငယ်ချင်း ဖြစ်လာရမည်။
"မင်းက ငါ့ကို အရှက်ခွဲနေတာလား”။
ထိုအချိန်တွင် ဟောင်ယုသည် လုံးဝ နိုးကြားလာခဲ့သည်။ သူလည်း နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့တယ်။ သူသည် နတ်ဆိုးအိုကြီးအဆင့်သို့ မရောက်သေးသော်လည်း ဤမျှ အတိုင်းအတာအထိတော့ မိုက်မဲသူမဟုတ်ပေ။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ လုပ်ဆောင်ချက်များက သူ့ကို လှည့်စားရန်ရပြီး၊ သူသည် အစကတည်းကနေ ချင်ယွင်၏ ထောင်ချောက်ထဲ ကျဆင်းသွားပြီဖြစ်ကြောင်း ပြသနေပြီ။
"ကျုပ်က ခင်ဗျားကို သဘောထားကြီးပေးခဲ့တာမလား?။ ဒီပထမအချီမှာ ခင်ဗျားက ကျောက်တုံးကို အရင်ရွေးချယ်ခဲ့တာလေ။ ခင်ဗျား ကျောက်ဘုရင်ကို မကောက်နိုင်တာနဲ့ ကျုပ်ကို အပြစ်လာမတင်နဲ့။” ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး၊ သူ့မျက်လုံးတွေက အနှိုင်းမဲ့ အုံ့မှိုင်းလာခဲ့သည် ။
ပတ်ဝန်းကျင်မှ လူတွေအားလုံးလည်း ထိုစကားကို ကြားလိုက်သည်နှင့် ချက်ခြင်း သဘောပေါက်သွားကြသည်။ ဟောင်ယုသည် နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ရွေးချယ်ပြီးနောက်တွင်, ချင်ယွင်သည် အဘယ်ကြောင့် အချည်းအနှီး နောင်တရနေဟန် အမူအရာကို ဖော်ပြရခဲ့သနည်းဆိုသည်ကို နောက်ဆုံးတွင် သူတို့ နားလည်သွားခဲ့ကြသည်။ သူသည် ဒုတိယအချီမှာ ဦးဆောင်ခွင့်ရဖို့အတွက် အရာအားလုံးကို ဟန်ဆောင်နေခြင်း ဖြစ်ပြီး၊ သူ ကြုံရာရွေးချယ်မှုကလည်း သူကြိုတင်စီစဉ်ထားသည့် အရာတစ်ခု ဖြစ်နေပါသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ လှည့်ကွက်လဲ။ ကျောက်တုံးတွေ ရွေးတာ ပဲ ဖြစ်ဖြစ်၊ နည်းဗျူဟာအရပဲ ဖြစ်ဖြစ်၊ ဒီချင်ယွင်က ဆရာကြီး ဟောင်ယုထက် အများကြီး သာလွန်နေတယ်။"
"ဟုတ်တယ်။ ဆရာကြီး ဟောင်ယုတော့ သံမဏိပြားကို ကန်လိုက်မိပြီ”။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် စတင်ဆွေးနွေးကြပြီး၊ ဤစကားများသည် ဟောင်ယု၏ နားထဲသို့ ဝင်ရောက်လာသောအခါ သူ့မျက်နှာက ဝက်ဗိုက်နှင့်ပင် တူလာပါသည်။
သို့သော် သူသည် ပို၍ပင် ဒေါသဖြစ်လာခဲ့သည်။ ချင်ယွင်က ပြုံးပြီး ဟောင်ယုကို ပြောလိုက်သည် "မြေးကောင်းလေး၊ မြေးကောင်းလေးက ဒူးထောက်ပြီး အဘိုးကို အရိုသေ မပေးသင့်ဘူးလား?”။
"မင်း..”။ ထိုစကားကို ကြားတော့ ဟောင်ယုသည် ဒေါသအကျယ် ထွက်သွားပြီး၊ ချက်ချင်း ပင် သွေးအန်ထုတ်လိုက်သည်။
ယခင်က သူသည် ချင်ယွင်နှင့် လောင်းကြေးထပ်ခဲ့ကြောင်း သတိရခဲ့သော်လည်း၊ ယခုအခါ, သူသည် ချင်ယွင်၏ လွှမ်းမိုးမှုကို ထပ်မံ ခံလိုက်ရပုံရသည်။ သူသည် ချင်ယွင်၏ စကားကို သဘောမတူခဲ့သင့်ဟု သူ့စိတ်ထဲမှာ နောင်တရမဆုံး ဖြစ်နေခဲ့သည်.
"ဘာလဲ၊ အခု ခင်ဗျား ငြင်းချင်လို့လား?။ အခုလက်ရှိ ရောက်နေကြတဲ့လူတိုင်း ကြားတယ်နော်။ ဟုတ်ပါပြီလေ။ ခင်ဗျား ကျုပ်ကို အဘိုးလို့ မခေါ်ရင်လည်း အဆင်ပြေပါ တယ်။ နောင်တချိန်မှာ သူတို့က ခင်ဗျားကို အဘိုးလို့ခေါ်နေမှာကို ကျုပ်စိုးရိမ်မိတယ်” ချင်ယွင်သည် အဝေးမှ ပြဇာတ်ကြည့်နေသော လူများကို လက်ညှိုးထိုးပြပြီး ပြောလိုက် သည်။
အားလုံး၏မျက်နှာများသည် ချက်ချင်းပင် ရှုံ့မဲ့သွားကြကာ၊ သူတို့စိတ်ထဲကနေ ချင်ယွင်ကို ကျိန်ဆဲနေကြသည် "ဒီသောက်ပြဿနာက ငါတို့နဲ့ ဘာဆိုင်လို့လဲ?။ မင်းက အရှက်မဲ့တဲ့ သူဆိုတာ ရှင်းနေတာပဲလေ။ မင်းကမှ လူတွေကို ဒူးထောက်ခိုင်းပြီး အဘိုးလို့ ခေါ်ခိုင်းလိုက် တာလေ။ မင်းက ငါတို့ကို ဘာလို့ ရုတ်တရက် ဆွဲထည့်ရတာလဲ?။
သို့သော် သူတို့သည် စိတ်ထဲမှာသာ ကျိန်ဆဲနေကြပြီး တိုက်ရိုက် မပြောဝံ့ကြပေ။
အဆုံးတွင်, ချင်ယွင်ပြသခဲ့သော လျှို့ဝှက်အကြံအစည်များသည် သူတို့ကို ကြောက်ရွှံ့မူကို ဖြစ်စေခဲ့သည်။ အကယ်၍, သူတို့သာ သူ့ရှေ့မှာ အမှန်တကယ် ဆူပူကြိမ်းမောင်းခဲ့လျှင်, သူတို့သည် သေသည်အထိ ကစားခံရနိုင်ပါသည်။
လူအုပ်ထဲမှ ထိုလူငယ်သည် ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများပင် တုန်ခါသွားသည်။ ချင်ယွင်သည် ဤမျှကြောက်စရာကောင်းမည်ဟု သူ တကယ်ပင် မမျှော်လင့်ခဲ့ပေ။ သူသည် သတ္တိတစ်ရာကို ချေးယူထားလျှင်ပင် ချင်ယွင်ကို မအော်ဝံ့တော့ပေ။
"ဘယ်လောက်လောင် သောက်ရမ်း လွှမ်းမိုးနိုင်စွမ်းရှိလိုက်လဲ။ ဒါက ငါနွားအိုကြီးကို တကယ်ကို မျက်နှာသာပေးတာပဲ" နီထိုက်စွေ့က စိတ်လှုပ်ရှားစွာ ပြောသည်။ သူသည် အနာဂတ်တွင် သူ အနိုင်မယူနိုင်သော ရန်သူများနှင့် ရင်ဆိုင်ရပါက၊ သူသည် ချင်ယွင်၏ ညီအစ်ကိုဖြစ်ကြောင်း ၎င်းတို့အား ပြောပြမည်ဟုပင် သူစိတ်ထဲတွင် တေးထားလိုက်သည်။ သေချာသည်မှာ, သူတို့သည် သေလုမတတ် ကြောက်ရွံ့သွားကြလိမ့်မည်။
ဤအခိုက်အတန့်တွင် ဟောင်ယု၏အမူအရာမှာ အမှန်တကယ်ပင် အလွန်ရှက်ရွံ့နေပါ သည်။ သို့သော် သူသည် အသံကျယ်ကျယ်ဖြင့် ငြင်းဆန်လိုက်ပါက, အကယ်၍, သူ လိုချင်လျှင်ပင်, ပျံ့ကြဲနေသော ရေစက်များကို စုဆောင်းနိုင်တော့မည် မဟုတ်ပေ။ ထိုကြောင့်, အခုအခါ, သူသည် ရှုံးနိမ့်မှုကိုသာ ဝန်ခံနိုင်ခဲ့ပါသည်။
"ဘန်း..”။
ဟောင်ယုသည် ချင်ယွင်၏ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ ထို့နောက်, သူသည် ခြင်တစ်ကောင်၏ အသံဖြင့် တိုးတိုးပြောကာ ခေါ်လိုက်သည် "အဘိုး..”။
"ဟေ့ မြေးလေး..၊ မင်းအရမ်းတော်တယ်။ မြန်မြန်ထပါ။ မြန်မြန်ထပါ။ မြေကြီးက အေးတယ်။ အအေးမမိစေနဲ့။" ချင်ယွင်က အလွန်မင်း စိုးရိမ်သည့် အမူအရာဖြင့် ပြောလိုက်ပါသည်။
ဟောင်ယုသည် ချက်ချင်းပင် နောက်ထပ် ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရပြီး၊ သူသည် ချင်ယွင်ကို အလွန်အဆိပ်ပြင်းသော အကြည့်ဖြင့် ကြည့်လိုက်ပါသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အေးစက်စက် လေကို ရှုရှိုက်မိကြသည်။ ချင်ယွင်၏ ပါးစပ်သည် လူတစ်ယောက်ကို အလွန်ပျက်စီးအောင် လုပ်နိုင်သည်ဟု အားလုံးက ခံစားမိကြသည်။ ယခုလို ထိခိုက်ပျက်ဆီးစေသည့်လူမျိုးကို သူတို့ တစ်ခါမှ မတွေ့ဖူးပါဘူး။
ခပ်လှမ်းလှမ်းမှ ဆရာကြီး အန်းသည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။ ချင်ယွင်ကို ကြည့်သည့် သူမ၏အကြည့်တွေက သောက်ရမ်းဆိုးသွမ်းသည့် မွန်းစတားတစ်ကောင်ဟု ပြောလိုသည့်အလား အဓိပ္ပါယ်အပြည့်ရှိနေပါသည်။
ထိုအခိုက်တွင် ဟောင်ယုသည် မြေပြင်မှထကာ ချင်ယွင်ကို အဆိပ်ပြင်းသော အမူအရာဖြင့် ကြည့်နေလေသည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "ကောင်းပြီ မြေးလေး၊ ငါ့ကို အဲဒီလို မကြည့်နဲ့။ မင်းကြောင့် ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ပြန်ပြောင်းဖို့ ငါ အဆိုပြုတယ်။ ဟိုအရင်တုန်းက ငါ ပြောခဲ့သ လိုပဲ။ ငါတို့အနေနဲ့ အဆုံးမှာ ရတနာတွေရဲ့ တန်ဖိုးနဲ့ ယှဉ်ပြိုင်ကြမယ်လို့ ငါ ကမ်းလှမ်း တယ်။ မင်း သဘောတူလား? သဘောမတူဘူးလား?”။
"သဘောတူတယ်..." ဟောင်ယုက မဆိုင်းမတွ ပြန်ဖြေသည်။
အခုဆို, သူသည် နှစ်ပွဲ ရှုံးသွားပြီးပြီ။ ယုတ္တိနည်းအရ ပြောရလျှင်, သူသည် လုံးဝ ရှုံးသွားခဲ့ ပြီ။ ယခုမူ ချင်ယွင်သည် နောက်ဆုံးဖွင့်မည့် ရတနာကို ရတနာတန်ဖိုးဖြင့် ဆုံးဖြတ်မည်ဟု ဆိုကာ စည်းမျဥ်းကို အဆိုပြုရန် အစပြုခဲ့သည်။ ဤသည်မှာ သူ့အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်လိုသည်ဟု ရည်ရွယ်ချက်ကို ပြောဆိုရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏နောက်ဆုံး နတ်ဘုရားဝိညာဉ် ကျောက်တုံးနှင့် ပတ်သက်၍ အလွန် အကောင်းမြင်ထားသည်။ ထိုကျောက်ဘုရင်သည် သူ၏စိတ်နှလုံးဖြင့် ခံစားသိမြင် ထားသည့်အရာ ဖြစ်သည်။ ၎င်းသည် သေချာပေါက် အတုအယောင် မဖြစ်နိုင်ပေ။
အဝေးမှလူများသည်လည်း ချင်ယွင်၏စကားကို ကြားလျှင် သူတို့လည်း အံ့သြသွားကြ သည်။ ချင်ယွင်သည် မိုက်မဲသူဟု အားလုံး ထင်သွားကြသည်။ သို့သော်၊ ချင်ယွင်၏ ယခင် ကြံစည်များကို တွေးလိုက်သောအခါတွင်, သူတို့ခန္ဓာကိုယ်ပေါ်သို့ အုံ့မှိုင်းစွာ တိုက်ခတ်လာ သော လေပြင်းများက သူတို့ခြေဖျားလက်ဖျားများ အေးစက်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ထိုကဲ့သို့ ထူးခြားဆန်းပြားသည့်လူက ထိုကဲ့သို့ မိုက်မဲသည့် ဆုံးဖြတ်ချက်မျိုးကို မည်သို့ ချမှတ်နိုင်မည်နည်း?။ ဆိုလိုသည်မှာ တစ်ခုတည်းသာ ဖြစ်နိုင်ပါသည်။ သူသည် တဖက်လူ အပေါ် အကြံစည်တစ်ခု အစပြုနေပြန်လေပြီ။
သို့သော်၊ ဟောင်ယုသည် ယခင်က ကျောက်ဘုရင်ကို ရွေးချယ်ထားခဲ့ပြီ။ ထိုသို့ဖြစ်ပါ လျှက်, သူသည် အနိုင်ယူနိုင်မည်ဟု မည်သို့ ယုံကြည်နိုင်ရသနည်း?။
ရုတ်တရက်ဆိုသလိုပင်၊ ချင်ယွင်သည် တစ်ခုခုကြံစည်နေကြောင်း အမြဲသိခဲ့သော ဆရာကြီးအန်း အပါအဝင် လူတိုင်းက ချင်ယွင်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင်, သူတို့သည် ချင်ယွင် မည်သည့်အရာလုပ်လိုသည်ကို နားမလည်သော ပဟေဠိ အမူအရာကိုလည်း ထုတ်ဖော်ထားကြပါသည်။
ချင်ယွင်သည် ပတ်ဝန်းကျင်မှ လူများ၏အကြည့်များကို မြင်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ သူက ဆရာကြီးအန်းကို “ဆရာအန်း၊ ကျောက်တုံးကို ဆက်ဖွင့်ပါ။ ဒီတစ်ခါတော့ ဆရာကြီး ဟောင်ယုရဲ့ကျောက်တုံးနဲ့ စလိုက်ပါ” ဟု ပြောလိုက်ပါသည်။