← Chapters

အခန်း ၁၂၂၀

Vol. 82 Ch. 1220

အခန်း ၁၂၂၀

Vol. 82 Ch. 1220

အခန်း (၁၂၂၀) ဒဏ္ဍာရီအဆင့် ရတနာ

ဆရာကြီး အန်းသည် ချင်ယွင်၏စကားကို ကြားပြီးနောက် ခြောက်မီတာ အမြင့်ရှိသော နတ်ဘုရားဝိညာဉ်ကျောက်တုံးဆီသို့ လျှောက်သွားခဲ့သည်။

ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် တုန်လှုပ်သွားပြန်သည်။ ၎င်းတို့ရှေ့တွင် နှစ်မီတာနှင့် လေးမီတာအမြင့်ရှိသော နတ်ဘုရားဝိညာဉ်ကျောက်တုံးများ အားလုံးသည် ထိပ်တန်း အဆင့်ရတနာများကို ထုတ်ဖော်ထားနိုင်သည်။ ခြောက်မီတာ အမြင့်ရှိသော နတ်ဘုရား ဝိညာဉ်ကျောက်တုံးများသည် နိမ့်ကျသွားလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ပိုမိုကောင်းမွန်သော ရတနာများကိုပင် ထုတ်ဖော်နိုင်ပါလိမ့်မည်။

အကယ်၍, သူတို့သာ ဒဏ္ဍာရီလာ ရတနာတွေ မွေးဖွားလာသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ရခဲ့လျှင်, ဒီနေ့ သူတို့၏ ခရီးစဉ်သည် တကယ်ကို ထိုက်တန်ပါပြီ။

ဘန်း…။

ဆရာကြီးအန်းက သူမဓားကို ထုတ်ဖော်လိုက်ပြီး၊ သူ့မျက်လုံးတွေက စူးရှ တောက်ပလာ သည်။

ဤခြောက်မီတာ အမြင့်ရှိသော နတ်ဘုရားဝိညာဉ် ကျောက်တုံးများသည် ကိုင်တွယ်ရန် အတော်လေး လွယ်ကူသောကြောင့် အစောပိုင်း အဆင့်များတွင် လျင်မြန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ပါသည်။

သူမလက်နှစ်ဖက်စလုံး၏ ဓားသွားများသည် ပုံရိပ်ယောင်များသဖွယ် ဖြစ်နေကြသည်။ ဓားအရိပ်တွေက ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်သွားတိုင်း ကျောက်သားအရေခွံတွေက ပြုတ်ကျလာကြသည်။

ကျောက်ဖြတ်ခြင်းသည် စမ်းသပ်ရန် လိုအပ်သော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။ သာမာန် အားဖြင့် ကျောက်ဖြတ်ဆရာများ အားလုံးသည် ဓားပညာ သို့မဟုတ် ဆေဘာပညာရပ်နှင့် ပတ်သတ်သည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သို့သော်၊ ဓားပညာ ကျွမ်းကျင်တိုင်း သို့မဟုတ် ဆေဘာပညာ ကျွမ်းကျင်သူတိုင်း ကျောက်ဖြတ်ဆရာများ ဖြစ်လာနိုင်မည် မဟုတ်ပေ။

ကျောက်တုံးများကို ဖြတ်တောက်ခြင်း လုပ်ငန်းစဉ်တွင် လူတစ်ယောက်၏ မျက်စိအမြင် နှင့် လူတစ်ယောက်၏ လက်ကောက်ဝတ်ခွန်အား ကြံ့ခိုင်ရန်လည်း စမ်းသပ်မူတစ်ခု ဖြစ်ပါသည်။ ကျောက်တုံး ပိုကြီးလေ၊ ကျောက်တုံးတစ်ခုစီသည် ပိုထူထပ်လေ ဖြစ်ပြီး၊ ကျောက်တုံး အပိုင်းအစများသည် ပုစဉ်းရင်ကွဲအတောင်များကဲ့သို့ ပါးလွှာလေ ဖြစ်ပါသည်။

သူတို့၏အဆင့်တွင်၊ သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ၏ အကူအညီဖြင့် ဤစမ်းသပ်မူ မျိုးကို လူတိုင်း လုပ်နိုင်ကြပါသည်။ သို့သော် လုံးဝ သေမျိုးတစ်ဦးအခြေအနေတွင်၊ ၎င်းသည် လွယ်ကူသော ကိစ္စ မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် ဆရာကြီးအန်းအား စိတ်နှလုံးထဲတွင် အလွန်ပင် လေးစားပါသည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ဆရာကြီးအန်း၏ ကိုယ်ရေးအချက်လက်ကိုလည်း သိချင်စိတ် ပြင်းပြလာသည်။ အဘယ့်ကြောင့်ဆိုသော်, သူသည် သခင်လေးပိုင်ယုက ဆရာကြီး အန်းအား ကြည့်လိုက်သောအခါ, သူ၏မျက်လုံးထဲတွင် လေးစားမှု အရိပ်အယောင်များ ရှိနေကြောင်းကို သူ သတိပြုမိသောကြောင့် ဖြစ်ပါသည်။

သခင်လေးပိုင်ယုက ဘယ်သူလဲ။ သူသည် ကျောက်စိမ်းဖြူမြို့တော်, မြို့တော်သခင်၏ သားတစ်ယောက် ဖြစ်သည်။ ကျောက်စိမ်းဖြူမြို့တော်၏ မြို့တော်သခင်သည် မြေအောက် ကုန်သွယ်မြို့တစ်ခုလုံးကို တာဝန်ယူထားသောကြောင့် ဤလောင်းကစားကျောက်တုံး အလုပ်ရုံသည် သဘာဝအတိုင်း သူ ပိုင်ပါသည်။ ဆရာကြီးအန်းသည် သခင်လေးပိုင်ယုကို သာ လေးစားသင့်သည်။ သို့သော် အမှန်တရားမှာ သခင်လေးပိုင်ယုသည် ဆရာကြီး အန်းအား ယဉ်ကျေး သိမ်မွေ့စွာ ဆက်ဆံသူ ဖြစ်နေသည်။

ယင်းမှနေ၍ ဆရာကြီးအန်း၏ ကိုယ်ရေးအချက်လက်နှင့် မူလဇစ်မြစ်သည် ထူးထူးခြားခြား ဖြစ်ရမည်ကို တွေ့မြင်နိုင်ပါသည်။ ဤအရာက ချင်ယွင်ကို အံ့သြသွားစေသည်။

သခင်လေး ပိုင်ယုတောင်မှ လေးစားရသည့် လူတစ်ယောက်က်ဤလောင်းကစားဆိုင်ကို ပြေးဝင်လာပြီး၊ မည်သို့ ကျောက်ဖြတ်သမားတစ်ဦး ဖြစ်လာနိုင်မည်နည်း?။

ချင်ယွင်သည် ဤအကြောင်းကို ရှင်းမပြနိုင်သောကြောင့်, သူသည် သူမအကြောင်း သိပ်ပြီး မတွေးတော့ပါဘူး။ သူ ပြန်လှည့်ကြည့်လိုက်တော့ ဆရာကြီး ဟောင်ယုသည် နတ်ဘုရား ဝိညာဉ်ကျောက်တုံးကို စိုးရိမ်ခြင်းကြီးစွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပါသည်။ သူ့ပါးစပ်ထောင့်စွန်းက မထိန်းနိုင်ဘဲ လှောင်ပြောင်ဟန်အပြုံးတစ်ချက် ထုတ်ဖော်လိုက်မိ သည်။

ဟောင်ယုသည် အဘယ့်ကြောင့် စိတ်လှုပ်ရှားနေရလဲဆိုသည်ကို သူ သိပါသည်။ အဘယ်ကြောင့်ဆိုသော်, အကယ်၍, သူသာ ဤအလောင်းစားကို ရှုံးသွားခဲ့လျှင်၊ သူဖွင့်ထားသည့် ရတနာများအားလုံး ဆုံးရှုံးသွားရုံသာမက သူ့ခန္ဓာကိုယ်မှာရှိသည့် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ချင်ယွင် ပိုင်ဆိုင်သွားပါလိမ့်မည်။ ထို့အပြင်၊ သူလည်း လုံးဝကို အရှက်တကွဲ အကျိုးနည်းဖြစ်ရပြီး၊ ချင်ယွင်၏ ခြေနင်းကျောက်တုံး ဖြစ်လာလိမ့် မည်။

သို့သော် ချင်ယွင်၏အမြင်အရဆို, ဤအရာအားလုံးကို ဟောင်ယုကိုယ်တိုင်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍, သူသည် နာမည်ကြီးချင်လျှင် သူ့ဘာသာသူ လုပ်ဆောင်၍ ရပါသည်။ ချင်ယွင် က သဘာဝအတိုင်း ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သို့သော်, ဟောင်ယုက သူ့ကို ခြေနင်းကျောက်တုံးအဖြစ် ဆက်ဆံခဲ့ပြီး၊ ယင်းက ချင်ယွင်ကို သည်းမခံနိုင်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ချင်ယွင်သည် သူ့ကို ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုလိုသူတိုင်းကို အဆုံးတွင် ချင်ယွင်သည် ခွေးချေးပုံထဲသို့ ချနင်းသွားမည် ဖြစ်သည်။

"ဆရာကြီး ဟောင်ယု၊ ဒီနတ်ဘုရားဝိညာဉ် ကျောက်တုံးမှာ ဘယ်လိုရတနာမျိုးတွေ တွေ့မယ်လို့ ခင်ဗျားထင်လဲ?။ အဲဒါက ရှေးဟောင်းနတ်ဘုရားဆေးပင်များ ဖြစ်နိုင်မလား" ချင်ယွင်က ပြုံးပြီး သူ့ဘေးမှ ဟောင်ယုကို ပြောလိုက်သည်။ သူ ထိုစကားပြောလိုက်စဉ်မှာ ချင်ယွင်သည် ရှေးဟောင်းနတ်ဘုရားဆေးပင်ဆိုသည့်စကားကို တမင်တကာ ဖိ၍ ပြောလိုက်သည်။

ဟောင်ယုသည် ချင်ယွင်၏ အပြုံးကို မြင်သောအခါတွင်, သူသည် ယခင်က အမှောင်ထဲ ကျခဲ့သော မြင်ကွင်းကို မမှတ်မိဘဲ မနေခဲ့ပါချေ။ ပြင်းထန်သော အမျက်ဒေါသက သူ့မျက်လုံးထဲတွင် ပေါ်လာပါသည်။ အထူးသဖြင့် ချင်ယွင်သည် ရှေးဟောင်း နတ်ဘုရား ဆေးပင်ဟူသော စကားကို ကြားသောအခါတွင် သူ့နှလုံးသားသည် အမျက်ဒေါသနှင့် ပြည့်နှက်နေသည်။

"ဟမ်၊ ငါ့ရဲ့ ဒီနတ်ဘုရားဝိညာဉ်ကျောက်တုံးက ကျောက်ဘုရင်ပဲ။ ငါရှာဖွေတွေ့ရှိနိုင်တဲ့ ရတနာတွေကလည်း ထူးထူးခြားခြား ဖြစ်ရမယ်။ ဒါက မင်းရွေးချယ်ခဲ့တဲ့ နတ်ဘုရား ဝိညာဉ်ကျောက်တုံးနဲ့ မတူဘူး။ မင်းအနေနဲ့ အဲဒီကျောက်တုံးကနေ ဘာရတနာမှ ဖွင့်နိုင်မှာ မဟုတ်တော့ဘူးလို့ ကြံကမ္မာက သတ်မှတ်ထားပြီးသား။ ကိုယ့်ကိုကိုယ်သာ စိတ်ပူစမ်း ပါ။" ဟောင်ယုက အေးစက်စွာ ပြောလိုက်ပြီး သူ့မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် တောက်ပနေသည်။

အကယ်၍, ယခုအချိန်မှာသာ သူ၏ ကျင့်ကြံမူ ရှိနေသေးလျှင်, သူသည် ချင်ယွင်ကို တိုက်ရိုက် သတ်ပစ်ချင်ပြီး၊ သူ့နှလုံးသားအတွင်းမှ အမုန်းတရားများကို ထုတ်ဖော်နိုင်ရန် အတွက် ရှစ်ပိုင်း ခွဲပစ်လိုက်ချင်သည်။

"အိုး? ဒါဆို ဆရာကြီး ဟောင်ယု ခင်ဗျား အရင်ကပြောခဲ့တာကို မှတ်မိသေးလား" ချင်ယွင်က ရယ်မောကာ မေးသည်။

"ဘာကိုဆိုလိုတာလဲ?" ဟောင်ယုက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဆရာကြီး ဟောင်ယုက မေ့သွားတာလား?။ ဒါမှမဟုတ် တမင်တကာ ဝန်မခံချင်တာ လားဆိုတာ ကျုပ် တကယ်ကို မသိတော့ဘူး။ ငါ့ရဲ့နတ်ဘုရား ဝိညာဉ်ကျောက်တုံးက ရတနာတစ်ခုခု ဖွင့်နိုင်ခဲ့ရင် အဲဒီနတ်ဘုရားဝိညာဉ်ကျောက်တုံးက ကျောက်သားအရေခွံကို စားမယ်လို့ ခင်ဗျား အရင်ပြောဖူးပါတယ်။ အခု ဒီနတ်ဘုရားဝိညာဉ်ကျောက်တုံးမှာရော အဲဒီစကားလုံးတွေကို ထည့်တွက်လို့ရလားလို့ ကျုပ် သိချင်မိတယ်။” ချင်ယွင်က ရယ်ကာမောကာဖြင့် မေးလိုက်သည်။

“ငါဟောင်ယု ပြောခဲ့တာတွေက သေချာပေါက် အမှန်ပေါ့။ မင်းရဲ့နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ငါ အရင်က လေ့လာဖူးတယ်။ အထဲမှာ ဘာရတနာမှ မရှိဘူး။ အဲဒါက အခေါင်းပေါက်ကျောက်တုံးပဲ ဖြစ်ရမယ်။ မင်းက မထင်မှတ်တဲ့ ရတနာတွေကို ဖန်တီးနိုင် မယ်လို့ ငါ မယုံဘူး။" ဟောင်ယုက ချက်ချင်းပင် အေးစက်စွာ ပြောလိုက်ပြီး၊ ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များလည်း လှောင်ပြောင်သည့် အမူအရာ ဖြစ်ပေါ်လာသည်။

သူသည် သူ၏အတွေးများကို ယုံကြည်သည်။ ချင်ယွင်သည် အရင်က ရွေးချယ်ခဲ့သည့် နတ်ဘုရားဝိညာဉ် ကျောက်တုံးမှာ စွမ်းအင်အတက်အကျလှိုင်းကို သူ နည်းနည်းလေးမှ မခံစားခဲ့ရပါဘူး။ ထို့ကြောင့် ထိုကျောက်တုံးသည် အခေါင်းပေါက် ကျောက်ဖြစ်မည်ကို သူ သေချာပေါက် သိနိုင်ပါသည်။

ချင်ယွင်သည် ဟောင်ယု၏စကားကို ကြားသောအခါ အခြားဘာမျှ မပြောတော့ပေ။ သူသည် သူ့နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးပြီး၊ ဆရာကြီး အန်း ကျောက်တုံးကို ဆက်လက် ဖြတ်တောက်နေကို ငြိမ်သက်စွာ ကြည့်နေလေသည်။

ဟောင်ယု ရွေးချယ်ခဲ့သော ကျောက်တုံးရှိ ရတနာများသည် ထူးထူးခြားခြား ဖြစ်ရမည်ကို သူ သိသည်။ အကယ်၍, ချင်ယွင် ရွေးချယ်ထားသော ကျောက်တုံးသာ၊ မရှိခဲ့ဘူးဆိုပါက, ဟောင်ယု၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် ကျောက်ဘုရင်ဖြစ်မည်မှာ သေချာပါ သည်။

ချင်ယွင် ရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ်ကျောက်တုံးအတွက်မူ, အထဲမှာ ရတနာတစ်ခု ရှိသည်။ ချင်ယွင်သည် ဟောင်ယု၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးကိုပင် ဖိနှိပ်နိုင်သော ရတနာကို မသိနိုင်သေးပေ။ သို့သော်၊ ချင်ယွင်သည် အတွင်းမှာ ကျောက်ဘုရင်၏ နတ်ဘုရားဝိညာဉ် ကျောက်တုံးကို သေချာပေါက် ဖိနှိပ်နိုင်သည့်အရာတစ်ခု ရှိနေသည်ကို သိရှိထားပြီး၊ ထိုရတနာသည် ကျောက်ဘုရင်ထက် မနိမ့်ကျဟု ယူဆထားသည်။

ဘန်း..။

ဤအခိုက်အတန့်တွင် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းသည် မနီးမဝေးမှ ထွက်ပေါ်လာခဲ့သည်။ ခုနှစ်ရောင်ခြယ် ရောင်စုံအလင်းတန်းတစ်ခုသည် ကောင်းကင်ယံတစ်ခွင်မှာ ကခုန်နေပြီး ကောင်းကင်ယံမှာ အဆက်မပြတ် လှည့်ပတ်နေ သော နဂါးနှင့် ဖီးနစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင်, ခြံဝင်းတစ်ခုလုံးသည် အဆုံးမဲ့ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျ လှိုင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။ ကောင်းကင်နှင့်မြေကြီးသည် တော်ဝင်တာအို၏ပဲ့တင်ထပ်အသံများကို မှတ်သားနေသကဲ့သို့ပင်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အလွန်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်လာကြပြီး မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ စိတ်လှုပ်ရှားနေသည့် အမူအရာများ ထွက်ပေါ်လာကြ သည်။

"ဒဏ္ဍာရီအဆင့် ရတနာတွေ၊ အဲဒါက တကယ်ကြီး ဒဏ္ဍာရီအဆင့် ရတနာတွေပဲ"

"ဒဏ္ဍာရီအဆင့် ရတနာ၊ ငါတို့ ဒဏ္ဍာရီအဆင့်ရတနာတစ်ခု မွေးဖွားခြင်းကို မျက်မြင် ကိုယ်တွေ့ကြုံရလောက်အောင်ကို ကံကောင်းခဲ့ကြတယ်”။

"မှန်တယ်။ ဆရာကြီး ဟောင်ယုက ဒီလောက်ထိ အစွမ်းထက်မယ်လို့ ငါ မမျှော်လင့် ထားဘူး။ သူက ဒဏ္ဍာရီဆန်ဆန် ရတနာတစ်ခုကို ထပ်ပြီး ဖွင့်ဖော်လိုက်နိုင်ပြီ။ ဒီတစ်ခါတော့ ဆရာကြီး ဟောင်ယု အလောင်းအစားကို အနိုင်ရသွားမယ့်ပုံပဲ။"

…

လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် ဦးစွာ စိတ်အားထက်သန်စွာ အော်ပြောလိုက်သည်၊ ထို့နောက် ဘေးပတ်ဝန်းကျင်မှ လူတိုင်းလည်း ရောဂါပိုးကူးစက်ခံထားရပုံရပြီး သူတို့ အားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။

သခင်လေးပိုင်ယုသည် လူအုပ်ထဲမှာ ရပ်နေပြီး သူ့မျက်လုံးတွေကလည်း အပြုံးနှင့်အတူ တောက်ပနေခဲ့သည်။

ဒဏ္ဍာရီလာ ရတနာတစ်ခုသည် သူ့ ဤခရီးစဉ်၏ ရည်ရွယ်ချက် အတိအကျပင် ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ဟောင်ယုက သူ့ကို စိတ်မပျက်စေပေ။

ထိုအချိန်တွင် ဟောင်ယု၏ မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ဖြူစင်သော ကလေးငယ်လေး၏ အိုးမင်းနေသော မျက်နှာပေါ်မှာ အလွန်တောက်ပသော အပြုံးများဖြင့် ပြည့်နှက်နေပါသည်။ နတ်ဘုရားအိုကြီးသည် သူ့မုတ်ဆိတ်မွေးကို ထပ်မံ ပွတ်သပ်ရင်း တောက်ပသော မျက်လုံးတစ်စုံ တဖျပ်ဖျပ် ခတ်နေတော့သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် ချင်ယွင်ကို ရန်စဟန်အကြည့်ဖြင့် စိုက်ကြည့်ရန်လည်း မမေ့ခဲ့ပေ။ သူက လှောင်ပြောင်ပြီး ပြောလိုက်သည် "ကဲ ဘယ်လိုလဲ။ မင်း အရင်က ဖွင့်ထားတဲ့ ရတနာတွေထက် ပိုတန်ဖိုးရှိတဲ့ ဒဏ္ဍာရီဆန်ဆန် ရတနာတစ်ခုကို ငါ ဖွင့်လိုက်ပြီ။ အဆုံးသတ်မှာ မင်း ငါ့ကို ရှုံးသွားခဲ့ပြီ။"

ဟောင်ယု၏ ရန်လိုသောအကြည့်ကို မြင်လိုက်ရတော့ ချင်ယွင်သည် ခေါင်းကို ခါယမ်းကာ ကူကယ်ရာမဲ့ဟန်ဖြင့် ဟောင်ယုကို ကြည့်ပြီး ပြောလိုက်သည် "အားလုံးက မပြီးသေးပါ ဘူး။ ခင်ဗျား ပျော်တာ သိပ်ကို စောမနေဘူးလား?"

All Chapters