← Chapters

အခန်း ၁၂၂၁

Vol. 82 Ch. 1221

အခန်း ၁၂၂၁

Vol. 82 Ch. 1221

အခန်း (၁၂၂၁) ထိပ်တန်းအဆင့် နတ်ဘုရားဓားဆေဘာ။

ဟောင်ယုသည် ချင်ယွင်၏စကားကို ပြန်လည် လှောင်ပြောင်ခဲ့သည်။ ချင်ယွင်သည် ပါးစပ်ဖြင့်သာ မောက်မောက်မာမာ ပြောနိုင်တော့သည်ဟု သူ ထင်သည်။ ယခု သူဖွင့်လိုက်သော ရတနာသည် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် ဒဏ္ဍာရီအဆင့် ရတနာတစ်ခု ဖြစ်သည်မှာ သေချာပါသည်။ ဒဏ္ဍာရီအဆင့် ရတနာတစ်ခု ကို ထွက်ပေါ်လာစေနိုင်သော နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် သဘာဝအားဖြင့် ကျောက်ဘုရင် ဖြစ်ပါသည်။

ဤလောင်းကစားဆိုင် သေးသေးလေးမှာ ဒဏ္ဍာရီလာ ရတနာနှစ်ခု ပေါ်လာနိုင်မည်ဟု သူ မယုံကြည်ပါဘူး။

ဒဏ္ဍာရီအဆင့် ရတနာများသည် များသောအားဖြင့် အလွန်ရှားပါးသည်။ အချို့သော လောင်းကစားဆိုင်များတွင် ဒဏ္ဍာရီအဆင့် ရတနာနှစ်ခုဆိုသည်ကို အသာထား၊ ဒဏ္ဍာရီ အဆင့် ရတနာတစ်ခုတစ်လေတောင် ပေါ်လာမည် မဟုတ်ပေ။ ထို့ကြောင့် ဟောင်ယု၏ အမြင်တွင်၊ သူသည် ဤလောင်းကြေးကို အနိုင်ရရန် သေချာနေပြီ။

"ဟမ့်၊ မင်းက အရမ်းကို ခေါင်းမာတာပဲ။ မင်းရဲ့အခေါင်းပေါက် ကျောက်တုံးက ဘယ်လို ရတနာမျိုး ထွက်လာမလဲဆိုတာ ငါ ကြည့်ချင်ပါသေးတယ်" ဟောင်ယုက ပြန်ပြောရင်း အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ အော်ပြောလိုက်ကာ၊ သူ့မျက်လုံးများတွင် အကန့်အသတ်မဲ့ မာန်မာနကို ပေါ်လွင်စေသည်။

ချင်ယွင်က ပြုံးပြီး ဘာမှ ပြန်မပြောပေ။ ယခုအချိန်တွင် သူ၏နတ်ဘုရားဝိညာဉ် ကျောက်တုံးကို မဖြတ်ရသေးပါ။ သူ မည်မျှပင် ပြောစေကာမူ, ဟောင်ယုက ယုံကြည်မှာ မဟုတ်ပါဘူး။

ဘန်း..။

ဤအခိုက်အတန့်တွင်၊ ဟောင်ယု၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် နောက်ဆုံးတွင် လုံးဝ ဖြတ်တောက်သွားခဲ့သည်။ အတွင်းမှာရှိသည် ရတနာအားလုံးကိုလည်း လူတိုင်း ရှေ့မှာ ပြသထားသည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျ လှိုင်းများ သည် ခြံဝင်းတစ်ခုလုံးကို လှိုင်းလုံးများကဲ့သို့ ချက်ခြင်း ဖြတ်ကျော်သွားသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်တည်နေရာသည် တုန်ယင်နေပုံရသည်။

ကျောက်အရေခွံ ကွာကျသွားပြီးနောက် အားလုံးက ရတနာကို မြင်နိုင်ကြပြီး၊ သူတို့အားလုံး တုန်လှုပ်ခြောက်ခြားဟန် အမူအရာတွေ ပေါ်လာကြသည်။

"ဒါက... ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းလား။ ဒါက မပျက်မဆီးရှိနေတဲ့ ထိပ်တန်း အဆင့် နတ်ဘုရားပစ္စည်းလား?" လူအုပ်ထဲမှ တစ်ယောက်က အော်ပြော လိုက်သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ရတနာကို အနှိုင်းမဲ့ စူးရှသော အကြည့်များဖြင့် ကြည့်နေကြ ရင်း အံ့သြသွားကြသည်။

ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ရှည်လျားသော ဆေဘာသည် ကျောက်တုံးနှင့် ပွတ်တိုက် နေသည်။ ဆေဘာသည် တုနှိုင်းမရအောင် ထက်ရှသော အငွေ့အသက်ကို ထုတ်လွှတ် သည်။ နှင်းဖြူရောင် ဆေဘာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ မျက်လုံးတွေကို ထိုးဖောက်တော့မည့်မလား ခံစားလိုက်ရသည်။ ၎င်း၏ အနှိုင်းမဲ့ စူးရှထက်မြက်သော အငွေ့အသက်သည် ရောက်ရှိနေသည့် သူတိုင်း၏ နှလုံးသားထဲတွင် ပြင်းထန်သော နှလုံးခြင်းလှိုင်းလုံးကို ဖြစ်ပေါ်စေခဲ့သည်။

"တကယ်ကို ဒါက ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း ဆေဘာတိုတစ်ချောင်းပဲ။ ကံကောင်းစွာပဲ၊ ဒီနတ်ဘုရားပစ္စည်းက စည်းတံဆိပ် ခတ်ထားပြီးသား ဖြစ်နေတယ်။ မဟုတ်ရင် ဒီဆေဘာကနေ ထုတ်လွှတ်နေတဲ့ စူးရှတဲ့ အငွေ့အသက်တစ်ခုတည်းကပင် ငါတို့အားလုံးကို သတ်ပစ်ဖို့ လုံလောက်လိမ့်မယ်" လူအုပ်ထဲက တစ်ယောက်က ပြောသည်။

ဤကုန်သွယ်မှုမြေအောက်မြို့တော်သည် လူသားတို့၏ နတ်ဘုရားတန်ခိုးနှင့် စိတ်ဝိညာဉ် များကို စည်းတံဆိပ် ခတ်နိုင်ရုံသာမက နတ်ဘုရားပစ္စည်းများသည်ပင် ပြင်းပြင်းထန်ထန် ဖိနှိပ်ခံရမည် ဖြစ်သည်။

သို့သော်၊ ဤ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းသည် အမှန်တကယ် စွမ်းထက်လွန်း အားကြီးသည်။ ဖိနှိပ်ခံထားရပြီးနောက်မှာပင်၊ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက် က သူတို့၏ နှလုံးသားကို တုန်လှုပ်စေခဲ့သေးသည်။

"ကောင်းလိုက်တဲ့ ဆေဘာ၊ တကယ့်ကို ဆေဘာကောင်းပဲ။ ဟား..၊ ဟား...” ဟောင်ယုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေက ထူးထူးခြားခြားကို ပျော်ရွှင် ကြည်နူး နေသည့် အမူအရာတွေကို ပေါ်လွင်စေပါသည်။

သူသည် မူလကတည်းက ဆေဘာအသုံးပြုသူ ဖြစ်ပြီး၊ ဤ ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းသည် သူ့အတွက် အမှန်တကယ် အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ပေးသည်။ ဤအခိုက်အတန့်တွင် သူသည် ဤဆေဘာကို ပို၍ကြည့်လေ၊ ပို၍ပင် သဘောကျလေ ဖြစ်သည်။

ချင်ယွင်လည်း အံ့သြနေသည့် အမူအရာကို ဖြစ်ပေါ်နေသည်။ ဟောင်ယု ဖွင့်ဖော်ထားသည့် ရတနာသည် တကယ့်ကို ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာတစ်ချောင်း ဖြစ်မည်ဟု သူ မထင်ထားခဲ့ပါဘူး။

ချင်ယွင်သည် ဓားသိုင်းပညာကို ကျင့်ကြံရုံသာမက ဆေဘာပညာရပ်ကိုလည်း မည်သည့် အခါမှ မစွန့်လွှတ်ခဲ့ပေ။ ထို့ကြောင့် သူသည် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို မြင်သောအခါ, သူ့မျက်လုံးတွေက စူးရှတောက်ပလာသည်။ ရှင်းပါသည်။ ဆေဘာသည် လည်း သူ့အတွက် အရမ်းကို ကိုက်ညီပါသည်။

"မင်း ဘယ်လိုထင်လဲ။ အခု မင်း ငါ့ကိုအနိုင်ယူနိုင်မယ်လို့ ထင်နေသေးလား?။ ငါ့ရဲ့ ထိပ်တန်းအဆင့်မြင့် နတ်ဘုရားဆေဘာက မင်းရဲ့ရတနာတွေအားလုံးရဲ့ တန်ဖိုးကိုကာမိ ဖို့ လုံလောက်တယ် မဟုတ်လား?။ ဟောင်ယုသည် ချင်ယွင်ကို ဂုဏ်ယူစွာ ပြုံးပြပြီး၊ သူ့မျက်လုံးများတွင် ပြင်းထန်သော လှောင်ပြောင်မှုများဖြင့် ပြည့်နေခဲ့သည်။

"ဒီနတ်ဘုရားဆေဘာက မဆိုးပါဘူး။ ဒါပေမယ့် ခင်ဗျား ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ အဲဒါ ကျုပ် ဥစ္စာပဲ။ ကျုပ်အတွက် ဒီလိုလက်နက်ကောင်းမျိုးကို ရွေးချယ်ပေးလို့ ခင်ဗျားကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ကျုပ်က ခင်ဗျားကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”။ ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

နတ်ဘုရားကမ္ဘာတွင်၊ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများသည် အလွန်ရှားပါးပါသည်။ ပထမအချက်မှာ၊ ဘိုးဘေးနတ်ဘုရားအဆင့်သို့ ရောက်မှသာလျှင် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများ သန့်စင်နိုင်မည် ဖြစ်သည်။ ဘိုးဘေးနတ်ဘုရားများပင်လျှင် ထိုကဲ့သို့သော ရတနာအဆင့်ကို သန့်စင်ရန် နှစ်သန်းပေါင်းများစွာ သို့မဟုတ် နှစ်သန်းဆယ်ပေါင်းများစွာပင် သုံးစွဲရပေမည်။

နတ်ဘုရားကမ္ဘာတစ်ခုလုံးရှိ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများ၏ အရေအတွက်ကို လက်နှစ်ဘက်ဖြင့်ပင် ရေတွက်နိုင်ပြီး ၎င်းတို့အားလုံးသည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ လက်ထဲတွင် ရှိနေကြသည်။

ယခုအခါ ဟောင်ယုသည် ထိပ်တန်းအဆင့်မြင့် နတ်ဘုရားပစ္စည်းကို ဖွင့်နိုင်ခဲ့သဖြင့် ၎င်းသည် ဒဏ္ဍာရီလာ ရတနာတစ်ခုဟု သေချာပေါက် ပြောနိုင်မည် ဖြစ်သည်။ အကယ်၍ ထိုသတင်းသည် ပြင်ပကမ္ဘာသို့ ပျံ့နှံ့သွားပါက၊ ၎င်းသည် နတ်ဘုရားကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်စေမည်မှာ သေချာပါသည်။

ဟုတ်ပါသည်။ ဤထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းကို အဆုံးတွင် ဟောင်ယု ပိုင်ဆိုင်နိုင်ခြင်း ရှိမရှိမှာ ဤလောင်းကြေးကို မည်သူက အနိုင်ရမလဲဆိုသည့်အပေါ် မူတည်နေပါသည်။

ပတ်ဝန်းကျင်မှ လူတွေအားလုံးက လေးစားအားကျသည့် အမူအရာများကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။ ဟောင်ယု စောစောကလေးက ဖွင့်ခဲ့သည့် ပုပ်ဆွေးနေသော သစ်မြစ်မှလွဲ၍, ကျန်သည့် နတ်ဘုရားဝိညာဉ် ကျောက်တုံးလေးခုသည် အဖိုးမဖြတ်နိုင် သည့် ရတနာများ ဖြစ်ကြသည်။ နောက်ဆုံး အနိုင်ရသူသည် ကြီးမားသော ရိတ်သိမ်းမူကြီး ကို သေချာပေါက် ရိတ်သိမ်းနိုင်လိမ့်မည်။

ချင်ယွင်၏စကားကိုကြားတော့ ဟောင်ယု၏မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ "ရတနာတွေထဲက တန်ဖိုးအရှိဆုံးရတနာချင်း ယှဉ်ပြိုင်မယ်ဆိုပြီး လောင်းကစားပွဲရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲပစ်ချင်တယ်လို့ မင်း မပြောခဲ့ဘူးလား” ဘာလဲ၊ အခု မင်းက မင်းရဲ့ စကားကို ပြန်ရုတ်သိမ်းချင်တာလား?။ သူက မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။

"သေချာပေါက် မရုတ်သိမ်းပါဘူး။ ကျုပ်ချင်ယွင် ပြောခဲ့တဲ့စကားတွေကို သဘာဝအတိုင်း ထည့်တွက်ရမှာပေါ့”။ ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ချင်ယွင်၏ စကားကိုကြားတော့ ဟောင်ယုလည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချ လိုက်သည်။

ချင်ယွင်က သူ့စကားကို ပြန်ရုပ်သိမ်းသွားရမှာကို သူ တကယ် ကြောက်မိသွားသည်။ အဆုံးမှာတော့, မူလစည်းမျဉ်းအတိုင်းဆို သူ ရှုံးနေပါပြီ။ ဤထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာကိုလည်း ချင်ယွင် ပိုင်သင့်သည်။ အကယ်၍, ချင်ယွင်က ယခင်စည်းမျဉ်းများ အတိုင်း အတင်းအကြပ် လိုက်နာချင်ပါသည်ဟု ပြောလာလျှင်လည်း၊ သူ့မှာ မည်သည့် စကားမှ ပြောစရာမရှိပေ။

သို့သော် ယခုအချိန်မှာ, ချင်ယွင်က ယခင်စည်းမျဉ်းများအတိုင်း မဟုတ်ကြောင်း ပြောလာခဲ့သည်။ ထို့ကြောင့် သူ့တွင် သဘာဝအတိုင်း ကြောက်ရွှံ့ထိတ်လန့်နေစရာ ဘာမှမရှိတော့ပေ။

ဟောင်ယုက ချင်ယွင်ကို လှောင်ပြောင်ပြီး ပြောသည် ။"မင်းရဲ့တတိယမြောက် နတ်ဘုရား ဝိညာဉ် ကျောက်တုံးထဲမှာရှိတဲ့ ရတနာတွေက ငါ့ထက် သာလွန်နိုင်တယ်လို့ မင်း တကယ် ထင်လို့လား?"။

"ဟုတ်တယ်။ ကျုပ် တကယ်ကြီးကို ထင်နေတာ။" ချင်ယွင်က တဟားဟား ရယ်မောရင်း တုန့်ပြန်လိုက်သည်။ ဟောင်ယုကို ကြည့်နေရင်း သူ့မျက်လုံးများတွင် ရန်စအရိပ်ယောင် များဖြင့် ပြည့်နေခဲ့သည်။

ဟောင်ယုသည် အနည်းငယ် မှင်သက်သွားခဲ့ပြီး၊ ထို့နောက် ကျယ်လောင်စွာ ကျယ်မော ကာ “ဟား..၊ ဟား..၊၊ မင်း အိပ်မက်ထဲမှာ အသက်ရှင်နေသေးတာကို ငါ မြင်နေရတယ်။ မင်းရဲ့ နတ်ဝိညာဉ်ကျောက်တုံးဟာ သိသိသာသာ အခေါင်းပေါက် ကျောက်တုံး ဖြစ်နေပေ မယ့် မင်းကတော့ ရတနာတစ်ခု ဖွင့်နိုင်မယ်လို့ တကယ်ကို မျှော်လင့်နေသေးပြီး၊ ငါ့ရဲ့ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို ဖြတ်ကျော်နိုင်ဖို့ ကြိုးစားနေတယ်။ မင်း အိပ်မက် မက်နေတာပဲလို ငါမြင်တယ်။”

ဟောင်ယု၏ အသံသည် အလွန်ကျယ်လောင်သည်။ ပတ်ဝန်းကျင်မှ လူတိုင်းသည် သူ့အသံ ကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ဟောင်ယု၏ စကားကို ကြားလိုက်ရသောအခါ, သူတို့၏အတွေးသည် ဟောင်ယု၏ စိတ်နှလုံးနှင့် အတူတူပင်။

သူတို့၏အမြင်အရဆို၊ ချင်ယွင် ရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ်ကျောက်တုံးများသည် ရတနာများကို ထုတ်ဖော်နိုင်သော်လည်း ဤထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ယုံတာ,မယုံတာ ခင်ဗျားအပိုင်းပဲ။ ဒါပေမယ့် ဆရာကြီး ဟောင်ယုကို ကျုပ် သတိပေးချင်တာတစ်ခု ရှိတယ်။ ကျုပ်ရဲ့နတ်ဘုရားဝိညာဉ်ကျောက်တုံးက ရတနာတစ်ခု ကို ဖွင့်ဖော်နိုင်ခဲ့ရင်, ခင်ဗျားက ကျောက်သား အရေခွံအားလုံးကို စားမယ်လို့ ခင်ဗျား အရင်က ပြောခဲ့ဖူးတဲ့စကားပဲ။" ချင်ယွင်က မထူးဆန်းသလို ပြောပြီး, သူ့အပြုံးက ခိုင်မာသည့် ယုံကြည်မှုကို ပေါ်လွင်စေပါသည်။

ဟောင်ယုသည် ချင်ယွင်၏ ယုံကြည်ချက်ရှိသော အပြုံးကို မြင်သောအခါ, သူ၏ ပါးစပ်ထောင့်စွန်းက တွန့်ကွေးသွားသော်လည်း သူ့မျက်လုံးများသည် လျှင်မြန်စွာ အေးစက်သွားခဲ့သည်။

"ဟမ့်၊ ငါ့ရဲ့ နတ်ဘုရား စွမ်းရည်က မှားသွားလိမ့်မယ်လို့ ငါ မယုံဘူး။ မင်း ရတနာတစ်ခုကို တကယ် ဖွင့်ဖော်နိုင်ခဲ့ရင် ဒီကျောက်သား အရေခွံအားလုံးကို ငါ သေချာပေါက် စားပြမယ်" ဟောင်ယုသည် နာကြည်းသော အမူအရာဖြင့် အေးစက်စွာ ဟစ်အော်လိုက်သည်။

ချင်ယွင်သည် ဟောင်ယု၏ ကျိန်ဆိုနေသည့် အမူအရာကို ကြည့်ကာ အလွန်ထက်မြက် သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထို့နောက်, သူက “ဒါဆို ခင်ဗျား ဒီကျောက်သား အရေခွံကို သေချာပေါက် စားရလိမ့်မယ်” ဟု ပြောလိုက်ပါသည်။

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ဟောင်ယုကို လျစ်လျူရှုကာ ဆရာကြီးအန်ကို လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ဆရာကြီးအန်းသည် ချင်ယွင်၏ နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ထပ်မံ ဖြတ်တောက်နေပြီ ဖြစ်သည်။

ဟောင်ယု၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်က သူ့ကို လျစ်လျူရူ လိုက်သည်ကို မြင်လိုက်ရတော့ သူ့စကားတွေကို ပြန်ထိန်းချုပ်လိုက်သည်။ ချင်ယွင် သူ့မျက်နှာသူ ပါးရိုက်လိုက်သလိုဖြစ်မည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုသည့်အလား သူလည်း ဆရာကြီး အန်းကို ကြည့်နေလိုက်သည်။

All Chapters