← Chapters

အခန်း ၁၂၂၂

Vol. 82 Ch. 1222

အခန်း ၁၂၂၂

Vol. 82 Ch. 1222

အခန်း (၁၂၂၂) နတ်ဘုရားဝိညာဉ်ကျောက်တုံး မူမမှန်မှု။

ယခုအချိန်တွင် ဆရာကြီး အန်းသည် ကျောက်တုံးများကို ဖြတ်တောက်ခြင်းတွင် လုံးဝ နှစ်မြှုပ်နေခဲ့သည်။ ဟောင်ယု၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် သူမအား အဆုံးမရှိ ထိတ်လန့်စေသော ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို ဖြတ်တောက်ထားနိုင်သော် လည်း၊ ချင်ယွင်ရွေးချယ်ထားသည့် ဤနတ်ဘုရားဝိညာဉ်ကျောက်တုံးမှ အတိအကျ မည်သည့်အရာဖြစ်မည်ကို သူမ ပိုသိချင်လာသည်။

သူမသည် ချင်ယွင်ကို အစကတည်းက အာရုံစိုက်နေခဲ့သည်။ ချင်ယွင်သည် သူမအတွက် အံ့အားသင့်စရာများစွာကို ယူဆောင်လာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ရွေးချယ်သော ဤကျောက်တုံးသည် အခေါင်းပေါက် ကျောက်ဟု သူမ မထင်ခဲ့ပေ။ ချင်ယွင်၏မျက်နှာပေါ်ရှိ ယုံကြည်မှု အပြည့်ရှိသော အပြုံးနှင့်အတူ ချင်ယွင် ရွေးချယ်ခဲ့ သော ဤနတ်ဘုရားဝိညာဉ်ကျောက်တုံးသည် ထူးထူးခြားခြား ဖြစ်နေကြောင်း သူမ ပို၍ပင် သေချာလာခဲ့သည်။

ဘန်း..။

ဆရာကြီး အန်းသည် ချင်ယွင် ရွေးချယ်ထားသော နတ်ဘုရားဝိညာဉ်ကျောက်တုံး လျင်မြန်စွာ လှီးဖြတ်လိုက်သည်။ ချင်ယွင်၏ နတ်ဘုရားဝိညာဉ် ကျောက်တုံးသည် အမြင့် ခြောက်မီတာရှိသောကြောင့် ဆရာကြီးအန်း လှီးဖြတ်လိုက်သောအပိုင်းစတစ်ခုပင်လျှင်, ကြီးမားသော အပိုင်းအစတစ်ခုနီးပါး ဖြစ်နေပါပြီ။

အလွန်လျင်မြန်စွာဖြင့်၊ နတ်ဘုရားဝိညာဉ်ကျောက်တုံး၏ တစ်ဝက်ကို ဖြတ်တောက်လိုက် ပြီး ဖြစ်သော်လည်း ရတနာများ မရှိသေးပါ။

"တကယ်ပဲ အခေါင်းပေါက်ကျောက်များ ဖြစ်နိုင်မလား" လူအုပ်ထဲမှ မသင်္ကာသံများ ထွက်ပေါ်လာပြန်သည်။

ထင်ရှားသည်မှာ၊ ဟောင်ယုကိုယ်တိုင်က ပြောထားပြီးသားဖြစ်သောကြောင့်, သူတို့လည်း အနည်းနှင့်အများ သံသယများ ဖြစ်ကြပါသည်။

သေချာသည်မှာ, ချင်ယွင်၏ ယခင်စွမ်းဆောင်မှုများက သူတို့ကို မသေချာစေသည့်အတွက် အခု မည်သူကို ယုံကြည်ရမှန်း သူတို့ မသိကြပါဘူး။

ချင်ယွင်သည် အနည်းငယ်မျှပင် စိုးရိမ်ပုံမရဘဲ သူ့မျက်နှာပေါ်တွင် တည်တည်ငြိမ်ငြိမ်နှင့် အေးအေးဆေးဆေး အမူအရာဖြင့် ပြုံးနေသေးသည်။

"ဟမ့်၊ မင်းက တော်တော် တည်ငြိမ်နေတာပဲ။ မင်းရဲ့ ငြိမ်သက်မှုက ဆုံးခန်းတိုင်အောင် တည်တံ့နေမလား ငါ သိချင်မိတယ်" ဟောင်ယုသည် ချင်ယွင်၏ တည်ငြိမ်သော အပြုံးကို မြင်ပြီး သူ့ကို မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပေ။

ချင်ယွင်၏ ဤနတ်ဘုရားဝိညာဉ်ကျောက်တုံး တစ်ဝက်ကျော်ကို ဖြတ်တောက်ပြီးခြင်း အသာထား။ လုံးလုံးလျားလျား ဖြတ်တောက်ပြီးလျှင်ပင်, သူ့အမြင်အရဆို, ဤကျောက်တုံးသည် အခေါင်းပေါက်ကျောက်တုံး ဖြစ်သောကြောင့် မည်သည့်ရတနာမှ ရှိနိုင်မည် မဟုတ်ပေ။

"မပြီးသေးပါဘူးလေ။ အဆုံးမှ မျက်နှာမပျက်ရဖို့အတွက်, ဆရာကြီး ဟောင်ယုလည်း ဆက်ပြီးကြည့်နေပြီးမှ ပြောရင်လည်း နောက်မကျသေးပါဘူး”။ ချင်ယွင်က ပြုံးလိုက်ပြီး၊ ဟောင်ယု၏ စကားကြောင့် တုန်လှုပ်သွားခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါဆို အဆုံးမှာ ဘယ်သူက ပါးရိုက်ခံရတာလဲဆိုတာ ငါ ကြည့်ဦးမယ်။” ဟောင်ယုသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး၊ သူ့မျက်လုံးများ တွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒနှင့်အတူ ဘေးကို လှမ်းကြည့်လိုက်သည်။

ချင်ယွင်က ပြုံးပြီး စကားရပ်လိုက်သည်။

ဆရာကြီးအန်း၏ လက်ထဲရှိ နတ်ဘုရားဓားမြှောင်နှစ်စင်းသည် ဆက်လက် ပျံသန်းသွားခဲ့ သည်။ ချင်ယွင် ရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် ဓားအလင်းရောင် အောက်တွင် တဖြည်းဖြည်း ကျုံ့သွားခဲ့သည်။

သို့သော် ရတနာတစ်ခုတစ်လေ၏ အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။ ကျောက်တုံးကို အချင်း တစ်မီတာသာ ဖြတ်သွားသည့်တိုင် ရတနာ၏ အရိပ်အယောင်ပင် မပေါ်သေးပါ။

ချင်ယွင်ကို ရည်ရွယ်၍တစ်မျိုး မရည်ရွယ်ဘဲတစ်ဖုံ တစ်ချက်ချက် ကြည့်လိုက်ရင်း ဟောင်ယု၏ မျက်လုံးများက အေးစက်သော အပြုံးကို ပေါ်လွင်စေသည်။

ချင်ယွင်သည် ဟောင်ယု၏ ဒေါသအကြည့်ကို လျစ်လျူရှုကာ သူ့မျက်နှာတွင် ပြုံးနေသေး သည်။ သူ၏အကြည့်များကို ဆရာကြီးအန်း၏ ဓားချက်အောက်မှ နတ်ဘုရားဝိညာဉ် ကျောက်တုံးပေါ်တွင် စိုက်ကြည့်နေဆဲပင်။

သူ့ခံစားချက်က မမှားဘူးဟု သူ ယုံကြည်သည်။ ဤနတ်ဝိဉာဉ်ကျောက်တုံးသည် ဟောင်ယု၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးကိုပင် ဖိနှိပ်နိုင်သည်ဟု သူ ခံစားခဲ့ရသည်။ အကယ်၍, အထဲမှာ အစစ်အမှန် မည်သည့်ရတနာမှ မရှိသည့် အခေါင်းပေါက် ကျောက်တုံး ဆိုလျှင်, ၎င်းသည် ဟောင်ယု၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးကို မတော်တဆအနေဖြင့် မည်သို့ ဖိနှိပ်နိုင်မည်နည်း?။ ထို့ကြောင့် ချင်ယွင်သည် ဤနတ်ဘုရားဝိညာဉ် ကျောက်တုံး တွင် ရတနာများပါ၀င်သည်ဟု ယုံကြည်ထားသည်။

ဤအခိုက်အတန့်တွင် ဆရာကြီးအန်း၏ နှလုံးသားသည်လည်း သံသယများဖြင့် ပြည့်နှက် နေသည်။ သူမအမူအရာက အရင်လို အေးစက်နေသေးသော်လည်း သူမစိတ်နှလုံးထဲမှာ ခံစားချက်လှိုင်းတွေ ရိုက်ခတ်နေလေပြီ။

သာမာန်အားဖြင့်၊ ဤကဲ့သို့ ခြောက်မီတာရှည်သော နတ်ဘုရားဝိညာဥ် ကျောက်တုံးသည် တစ်ဝက်လောက် ဖြတ်တောက်ပြီး သုံးပုံနှစ်ပုံအကြာတွင် ပေါ်လာတတ်သည်။

ယခုအချိန်တွင် ချင်ယွင်၏ နတ်ဘုရားဝိညာဉ်ကျောက်တုံးကို လေးပုံတစ်ပုံနီးပါး ဖြတ်တောက်ထားပြီး ဖြစ်သော်လည်း ရတနာတစ်ခုတစ်လေမျှ မတွေ့ရသေးပေ။ ဤအရာက သူမကို သံသယဖြစ်စေရုံတင် မကတော့ပေ။

"ဖြစ်နိုင်တာ, ဒါက တကယ့်အခေါင်းပေါက် ကျောက်တုံးကြီးပဲလား?။ ချင်ယွင်က အဲဒါကို မှားယွင်းကြည့်မိတာများလား?" ဆရာကြီးအန်းက ချင်ယွင်ကို ရည်ရွယ်၍တစ်မျိုး မရည်ရွယ်ဘဲတစ်ဖုံ တချက်တချက် ကြည့်လိုက်မိသည်။ ချင်ယွင်သည် သူ့မျက်နှာပေါ် တွင် ယုံကြည်မှုအပြည့် ရှိနေဆဲဖြစ်ကြောင်း သူမ တွေ့ရှိခဲ့ပြီး၊ ထိုအပြုံးသည်လည်း အတုအယောင် ဖြစ်ပုံမပေါ်ပေ။ ဤအရာက သူမကို ပို၍ပင် အံ့သြစေသည်။ ချင်ယွင်၏ ယုံကြည်မှုက မည်သည့်နေရာမှ ရောက်လာလဲဆိုသည်ကို သူမ တကယ် သိချင်နေမိသည်။

ပတ်​ဝန်းကျင်​ရှိ လူတိုင်းလည်း ​ခေါင်းယမ်းလိုက်​ကြသည်​။ ထင်ရှားသည်မှာ၊ သူတို့သည် ဟောင်ယု၏ စကားကို ယုံကြည်ပြီးသား ဖြစ်သွားပြီ။ ချင်ယွင်ရွေးချယ်ခဲ့သော နတ်ဘုရား ဝိညာဉ်ကျောက်တုံးမှာ အခေါင်းပေါက်ကျောက်တုံး ဖြစ်သည်။

"ဟား..၊ ဟား…၊ ချင်ယွင်၊ ချင်ယွင်၊ မင်း ဒီတစ်ကြိမ်တော့ ကျိန်းသေပေါက် ရှုံးရလိမ့်မယ်" ဟောင်ယုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်ကြာတွင် သူ၏ ရယ်မောသံသည် ရုတ်တရက် ရပ်တန့်သွား သည်။

ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းမှာ ဆရာကြီးအန်း၏ ရှေ့မှောက်ရှိ နတ်ဘုရားဝိညာဉ် ကျောက်တုံးကြီးသည် ဤအခိုက်အတန့်မှာ အမှန်တကယ်ပင် ပြင်းထန်စွာ တုန်လှုပ်လာ သောကြောင့် ဖြစ်ပါသည်။

“ဒါ… ဘာဖြစ်နေတာလဲ?။ နတ်ဘုရားဝိညာဉ်ကျောက်တုံးကြီးက ဘာလို့ သူ့အလိုလို လှုပ်လာရတာလဲ။” ဆရာကြီးအန်က အံ့ဩတကြီး အော်ပြောလိုက်သည်။

လူလေးမျိုးလေးစားလုံး တုန်လှုပ်ခြောက်ခြားပြီး ဝေခွဲမရ ဖြစ်သွားကြသည် ။

သူတို့တင်မကဘဲ သခင်လေးပိုင်ယုနှင့် ဆရာကြီးအန်းတို့လည်း ထိတ်လန့်အံ့ဩသည့် အမူအရာများကို ထုတ်ဖော်လာကြသည်။

နတ်ဘုရားဝိညာဉ်ကျောက်တုံးများသည် ယေဘုယျအားဖြင့် သေနေသော အရာဝတ္ထုများ ဖြစ်သည်၊ ၎င်းတို့ကိုယ်တိုင် လှုပ်ရှားရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင်၊ ဤမြေအောက် ကုန်သွယ်ရေးမြို့တော်တွင် မည်သည့်နတ်ဘုရားပစ္စည်းဖြစ်ပါစေ၊ ၎င်း၏စိတ်ဝိညာဉ်ကို စည်းတံဆိပ် ခတ်ထားပြီး ဖြစ်သည်။ ၎င်းဘာသာ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပါဘူး။ ဘေးနားရှိ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာဓားသည်ပင် ၎င်း၏ကျောက်တုံးမှာ တိတ်တဆိတ် ထည့်သွင်းထားခံရသည်။ သို့သော် ချင်ယွင်၏ နတ်ဘုရားဝိညာဉ် ကျောက်တုံးသည် အမှန်တကယ်ပင် သူ့ဘာသာသူ လှုပ်ရှားလာခဲ့သည်။ ဤအရာက သူတို့၏ သာမန်အသိမြင်အားလုံးကို ပြတ်ပြတ်သားသား ချိုးဖျက်ပစ်လိုက်ပါသည်။

ဘန်း…။

ချင်ယွင်ရွေးချယ်ခဲ့သော နတ်ဘုရားဝိညာဉ်ကျောက်တုံးမှ ပြင်းထန်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ ကျယ်ပြန့်လှသော နတ်ဘုရားနတ်ခိုး စွမ်းအင်အတက်အကျ လှိုင်းတစ်ခုသည် နတ်ဘုရားဝိညာဉ် ကျောက်တုံးကို ဖယ်ထုတ်ပစ်သည်။ ဤအခိုက်အတန့် တွင် လူတိုင်းသည် ဒူးမထောက်ဘဲ မနေနိုင်သကဲ့သို့ ခံစားလာရသည်။

ဤအခိုက်တွင် ဆရာကြီးအန်းသည် ကျောက်တုံးကို ဖြတ်ပိုင်းခြင်းကို ရပ်တန့်လိုက်ပြီး ပြန်ဆုတ်သွားခဲ့သည်။ သူမမျက်နှာပေါ်တွင် အံ့ဩခြင်းများနှင့်အတူ နတ်ဘုရားဝိဉာဉ် ကျောက်တုံးကို အံ့သြစွာ ကြည့်နေမိသည်။ ထင်ရှားသည်မှာ၊ သူမအနေဖြင့်, ဤသည်မှာ အချိန်အတော်ကြာအောင် နတ်ဘုရားဝိညာဉ်ကျောက်တုံးကို ဖြတ်တောက်ပြီးနောက် ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားပါသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သော်လည်း နတ်ဘုရားဝိညာဉ်ကျောက်တုံး၏ ရွေ့လျားမှုကြောင့် တုန်လှုပ်နေဆဲ ဖြစ်ရသည်။

ယခုအချိန်တွင်၊ ဤနတ်ဘုရားဝိညာဉ်ကျောက်တုံး၌ မည်သည့်ရတနာများပါရှိသည်ကို သူ တကယ် သိချင်နေမိသည်။

ဘန်း…။

ထိုအချိန်တွင်၊ အဆက်မပြတ် တုန်လှုပ်နေသော နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် တဖြည်းဖြည်း စတင်လွင့်ပျံလာသည်။ ၎င်းအပေါ်ရှိ နတ်ဘုရားအလင်းတန်းသည် အလွန် တောက်ပနေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် လူတိုင်းကို ဖိနှိပ်နေ သည့် နတ်တောင်ကြီးတစ်ခုလိုပင်။

"ဘန်း..’။

ပတ်ဝန်းကျင်ရှိ ပရိသတ်များသည် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် လိုက်ကြသည်။ အမြဲတမ်း မာနကြီးသည့် ဟောင်ယုတောင်မှ ယခုအချိန်မှာ မြေပြင်ပေါ် တွင် ဒူးမထောက်ဘဲ မနေနိုင်တော့ချေ။

ချင်ယွင်၊ ဆရာကြီးအန်းနှင့် ထိုနေရာမှာပင် ရပ်နေဆဲဖြစ်သော သခင်လေးပိုင်ယုတို့မှလွဲ၍ ကျန်လူများအားလုံးသည် ခွေးသေကောင်းများကဲ့သို့ မြေပေါ်သို့ ဖိနှိပ်ခံနေရသည်။

ဤလူများ အားလုံးသည် ဤဖိအားကို လုံးဝ မခုခံနိုင်သည့် သေမျိုးများ ဖြစ်ကြသည်။ ဆရာကြီးအန်းနှင့် သခင်လေးပိုင်ယုတို့ ရပ်တည်နိုင်ခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့ အတွက် ဤဖိအားကို တွန်းလှန်နိုင်သည့် စွမ်းအားကြီးသော ရတနာအချို့ရှိခြင်းကြောင့်ဟု ယူဆရသည်။ သေချာသည်မှာ, ထိုသို့ဖြစ်လျှင်ပင်, သူတို့၏ အမူအရာတွေက အလွန် ပြင်းထန်နေဆဲပင်။

စကြဝဠာ၏အလိုဆန္ဒဖြင့် ကောင်းချီးပေးထားသော ချင်ယွင်တစ်ယောက်သာလျှင် ထိုနေရာမှာ သက်တောင့်သက်သာ ရပ်နေခဲ့သည်။ ရတနာတစ်ခုကို မဆိုထားနှင့်, အကယ်၍, ကောင်းကင်ကြီး ပြိုကျလျှင်ပင် သူ့အပေါ်သက်ရောက်ဖို့ ခက်ခဲပါလိမ့်မည်။ ဤသည်မှာ ကောင်းကင်ဘုံအလိုဆန္ဒ၏ တန်ခိုးစွမ်းအား ဖြစ်ပါသည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏အကြည့်သည် လွင့်မျောနေသော နတ်ဘုရား ဝိညာဉ်ကျောက်တုံးပေါ်တွင်သာ ကျရောက်နေသည်။ နတ်ဘုရားဝိညာဉ်ကျောက်တုံးသည် လေထဲတွင် လွင့်မျောနေသေးသည်။ ၎င်းမျက်နှာပြင်ပေါ်ရှိ ကျောက်သားအရေခွံများ ကွဲအက်နေပြီး၊ ကျောက်သား အရေခွံအက်ကြောင်းများမှ လူတိုင်း၏စိတ်နှလုံးကို ပြင်းထန်စွာ တုန်ခါစေလောက်သည့် အလင်းတန်းတစ်ခု ထုတ်လွှတ်နေသည်။

"ဒါက ဘယ်လို ရတနာမျိုးလဲ?။ ဘယ်လိုလုပ် ဒီလောက်ပြင်းထန်တဲ့ စွမ်းအင် အတက်အကျလှိုင်းတွေ ရှိနေရတာလဲ?" တူညီသောအသံက လူတိုင်း၏နှလုံးသားထဲတွင် ပဲ့တင်ထပ်နေကာ အဆုံးမရှိ ထိတ်လန့်တုန်လှုပ်နေကြသည်။

All Chapters