အခန်း ၁၂၂၃
Vol. 82 Ch. 1223
အခန်း (၁၂၂၃) လျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစ။
"ဘုန်း…။
လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာ, နောက်ဆုံးတွင် လေထဲမှာ လွင့်နေသော နတ်ဘုရားဝိညာဉ် ကျောက်တုံးကြီးသည် ပေါက်ကွဲသွားခဲ့သည်။
ထိုကြီးထွားလာသည့် ပေါက်ကွဲမူကြောင့် ဖြစ်ပေါ်လာသော နတ်ဘုရားတန်ခိုး စွမ်းအင် မုန်တိုင်းသည် ခြံဝင်းတစ်ခုလုံးကို ချက်ချင်း ဝင်ရောက်သွားခဲ့ပြီး၊ ခြံဝင်းအတွင်း ကြီးမားသော မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကံကောင်းထောက်မစွာ၊ ထိုပေါက်ကွဲမှုကို မြေအောက်ကုန်သွယ်ရေးမြို့က ဖိနှိပ်ထားခဲ့ သည်။ အကယ်၍, ၎င်းသည် အပြင်ဘက်တွင် ပေါက်ကွဲမှုတစ်ခုအဖြစ် ပြောင်းလဲသွားမည် ဆိုပါက၊ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းကြောင့် ဖြစ်ပေါ်လာသော ထိုပေါက်ကွဲမှုသည် ဤကဲ့သို့သော ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာမည့်အစား မြေကြီးပေါ်သို့ ကျရောက်ပြီး အချင်းဝက် တစ်ရာလီတာအထိ ပျံ့နှံ့သွားစေရန် လုံလောက် ပေလိမ့်မည်။
မုန်တိုင်းကြီး လွင့်ပျယ်သွားချိန်မှာ, လူတိုင်းသည် ဘေးတစ်ဖက်သို့ လွင့်စင်သွားကြသော် လည်း၊ ကံကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။
ချင်ယွင်, ဆရာကြီးအန်းနှင့် အခြားသူများသည် ဤပြင်းထန်သော မုန်တိုင်းကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။ သူတို့သည် ဤကြောက်စရာ ကောင်းသော စွမ်းအားကို ဖယ်ရှားရန် ကြီးမားသော ကျောက်တုံးကြီးတစ်ခုစီကို မှီ၍ နေကြရ၏။
အဆုံးတွင်, သူတို့အားလုံးသည် ယခုအချိန်မှာ သေမျိုးများ ဖြစ်နေကြပြီ၊ ဤမုန်တိုင်းက သူတို့အတွက် သေးငယ်သည့် မုန်တိုင်းတစ်ခု မဟုတ်ခဲ့ပါဘူး။
"ကြည့်..၊ ကြည့်…၊ အဲဒါ ဘာလဲ"
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် နတ်ဘုရားဝိညာဥ်ကျောက်တုံးကြီး လွင့်မျောနေ သည့် နေရာကို ညွှန်ပြပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
လူတိုင်းက ထိုလူကို ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်ပြီးနောက် သူတို့၏ မျက်နှာများသည် တုနှိုင်းမရအောင် အံ့အားသင့်သော အမူအရာများ ထွက်ပေါ်လာသည်။
ကျောက်စိမ်းရောင် ကြေးနီအပိုင်းအစတစ်ခုသည် လေထဲတွင် လွင့်မျောနေသည်ကို မြင်လိုက်ရသည်။ ဤကြေးနီအပိုင်းအစသည် နှိုင်းစာ၍မရအောင် အားကောင်းသည့် နတ်ဘုရား စွမ်းအင် အတက်အကျလှိုင်းကို ထုတ်လွှတ်နေသည်။
ကြေးနီအပိုင်းအစ၏ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း ထုတ်လွှတ်လိုက် သောအခါ၊ အဝေးမှ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာသည် စတင်တုန်လှုပ်လာသည်။ ၎င်းသည် ကလေးငယ်တစ်ဦးက ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင်ကို မြင်ပြီး အဆက်မပြတ် တုန်လှုပ်နေသကဲ့သို့ပင်။
ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။ ကောင်းကင်ယံမှာ လွင့်မျောနေ သော ကြေးနီအပိုင်းအစကို သူတို့မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများဖြင့် ကြည့်နေကြသည်။
"ဒီအရာက အတိအကျ ဘာလဲ?။ အဲဒါက ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းကိုတောင် အမှန်တကယ် ဖိနှိပ်နိုင်တာလား?" တစ်စုံတစ်ယောက်က မျက်လုံးပြူးကျယ်ဖြင့် မေးလိုက်ရင်း သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာ ရှိနေပါသည်။
ပတ်ဝန်းကျင်မှ လူများလည်း စိတ်အကြံအိုက်နေကြသည်။ သူ့မေးခွန်းကို မည်သူမှ မဖြေနိုင်သည်မှာ ထင်ရှားပါသည်။
သူတို့၏မှတ်ဉာဏ်များတွင်၊ ထိပ်တန်းအဆင့်မြင့် နတ်ဘုရားပစ္စည်းကို အဆင့်အမြင့်ဆုံး ရတနာအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုရတနာမျိုးကို အကြီးမြတ်ဆုံး ဖြစ်တည်မှုဟု ယူဆထားပြီး ဖြစ်သည်။ သို့သော်၊ ဤကြေးနီအပိုင်းအစသည် အမှန်တကယ်ပင် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းကိုပင် ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ ဤအရာက သူတို့၏အသိဥာဏ်ကို ကျော်လွန်သွားခဲ့ပါပြီ။
ဤကြေးနီအပိုင်းအစသည် မည်သည့်အရာဖြစ်သည်ကို မသိကြသော်လည်း ၎င်းသည် အလွန် အံ့သြဖွယ်ကောင်းသော ရတနာတစ်ခုဖြစ်ကြောင်း သေချာပေါက် သိကြသည်။ ၎င်းသည် အကြီးမြတ်ဆုံးဖြစ်သော နတ်ဘုရားပစ္စည်းကိုပင် ကျော်လွန်သွားခဲ့သည်။
ထို့အပြင်၊ ဤကြေးနီအပိုင်းအစသည် ဤရတနာ၏ မူလအသွင်အပြင် မဟုတ်မှန်း သိသာ ထင်ရှားပါသည်။ ၎င်းရတနာသည် အရင်က ပျက်စီးသွားပြီးနောက် အစိပ်စိပ်မွှာမွှာ ကွဲသွားခြင်း ဖြစ်လိမ့်မည်။
သို့သော်၊ ထိုအပိုင်းအစတစ်ခုလေးကပင် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခုကို ဖိနှိပ်နိုင်နေပြီ။ သူတို့သည် ထိုအက်ကွဲသွားသော ရတနာ၏အဆင့်ကို စိတ်ကူးဖြင့်ပင် မခန့်မှန်းနိုင်တော့ပေ။
ဟုတ်ပါသည်, တုန်လှုပ်ဆုံးလူက ဟောင်ယု ဖြစ်ပါသည်။ ထိုအချိန်တွင် သူ့မျက်လုံး နှစ်ဘက်လုံး ပေါက်ထွက်တော့မည့်အလား ဖြစ်နေပြီး၊ သူ့မျက်နှာပေါ်ရှိ အမူအရာက မယုံကြည်မူများဖြင့် ပြည့်နှက်နေလေသည်။
"မဖြစ်နိုင်ဘူး…”။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ အဲဒါက အခေါင်းပေါက်ကျောက်တုံး မဟုတ်ဘူးလား?။ ဒီကြေးနီအပိုင်းအစက ဘယ်လိုမျိုးလဲ?။ ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းကိုတောင် ဖိနှိပ်နိုင်တာလား?။ ဒါက လုံးဝ မဖြစ်နိုင်ဘူး” ဟောင်ယုသည် စိတ်ပျက် အားငယ်သော အကြည့်ဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သူ ရှုံးသွားခဲ့ပြီကို လုံးလုံးလျားလျား သိပါသည်။ သူ ရှုံးနိမ့်သွားခဲ့ပါပြီ။
အဝေးက ပြဇာတ်ကို အေးအေးဆေးဆေး ကြည့်နေသည့် သခင်လေးပိုင်ယုသည် ကျိုးပဲ့နေသော ကြေးနီအပိုင်းအစကို မြင်လိုက်ရသည်နှင့် သူ့မျက်လုံးထဲမှာ တောက်ပ သည့် အရိပ်အယောင်များ ပေါ်လာသည်။ ၎င်းသည် အနှစ်တစ်သောင်းအရွယ် အပျိုစင်တစ်ဦးသည် ရုတ်တရက် အဝတ်ချွတ်လိုက်ပြီး ကိုယ်လုံးတီး လှပသောမြင်ကွင်းကို မြင်လိုက်ရသည့်အလား, သူ့မျက်လုံးများက မမှိတ်မသုန် တည့်မတ်စွာ ကြည့်နေလေ သည်။
ဆရာကြီးအန်း၏ မျက်နှာပေါ်တွင် အလားတူအမူအရာမျိုး ပေါ်လွင်နေသည်။ ဤအခိုက်အတန့်တွင် ဆရာကြီးအန်း၏ ရွှန်းလဲ့တောက်ပြောင်သော မျက်လုံးများသည် ပို၍ပင် တောက်ပကာ၊ လင်းလက်တောက်ပနေသော ပုလဲတစ်လုံးအလားပင်။
ယခုအချိန်တွင် ချင်ယွင်သည် သူ့ပတ်ဝန်းကျင်ရှိ လူများ၏အမူအရာများကို မမြင်ရပေ။ အဘယ့်ကြောင့်ဆိုသော်, သူ၏အကြည့်များကို ဤကြေးနီအပိုင်းအစက လုံးလုံးလျားလျား စွဲဆောင်သွားသောကြောင့် ဖြစ်သည်။
နတ်ဘုရားဝိညာဉ်ကျောက်တုံးအတွင်းမှ ရတနာသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ဤနတ်ဘုရားဝိညာဥ်ကျောက်တုံး၏ ရတနာသည် အမှန်တကယ် ကျိုးပဲ့နေသော ကြေးနီ အပိုင်းအစတစ်ခုဖြစ်ကြောင်း သူ မမျှော်လင့်ခဲ့ပေ။ ကျိုးပဲ့နေသော ကြေးနီအပိုင်းအစသည် အမှန်တကယ်ပင် အစွမ်းထက်လှပြီး ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများကိုပင် ဖိနှိပ်ထားနိုင်သည်။
ဘန်း…။
ထိုအချိန်မှာပင် ကျိုးပဲ့နေသော ကြေးနီအပိုင်းအစက အမှန်တကယ်ပင် ရွေ့လျားသွား သည်။ အဆုံးတွင်၊ ၎င်းသည် အပြာရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ဒန်တန်ဆီသို့ ပျံသန်းသွားသည်။
သူသည် လျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစကို ပိတ်ဆို့တားဆီးရန် အလျင်အမြန် လက်လှမ်းလိုက်ရင်း, ချင်ယွင်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သို့သော် သူ့ကို အံ့အားသင့်စေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုကြေးနီအပိုင်းအစသည် ထူးထူးခြားခြား သူ့လက်မောင်းကို ထိုးဖောက်ဝင်ရောက်ကာ ချင်ယွင်၏ အစာအိမ်ထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။ ထို့နောက် ချင်ယွင်၏ ဒန်တန်ထဲသို့ တိုက်ရိုက် ဖောက်ဝင်သွားခဲ့သည်။
ချင်ယွင်၏မျက်နှာသည် နှိုင်းယှဉ်ပြ၍မရအောင်ပင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ကို ချက်ချင်း ထုတ်ဖော်လိုက်မိသည်။ အကြောင်းမှာ ၎င်းသည် ထိုလျှို့ဝှက် ဆန်းကြယ် သော ကြေးနီအပိုင်းအစက သူ၏ဒန်တန်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်းမျိုးကဲ့သို့ ရိုးရှင်းမည် မဟုတ်ကြောင်း သူ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ ၎င်းသည် သူ၏ ဒန်တန်အတွင်းရှိ တွင်းနက်ကြီးမှတဆင့် သူ၏ ကနဦးစကြဝဠာအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ၎င်းသည် ယခုလောလောဆယ်မှာ ကနဦးစကြဝဠာ၏ ဗဟိုတွင် မျောနေပါသည်။
သို့သော်၊ ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစကို ရွှေ့လျားရန် ကနဦးစကြဝဠာ၏ စွမ်းအားကို မည်မျှပင် စုစည်းခဲ့ပါစေ၊ သူသည် ထိုကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့ပေ။ ဤအရာက ချင်ယွင်ကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်။
ချင်ယွင်သည် မိမိစကြဝဠာ၏ အုပ်စိုးရှင်တစ်ဦး ဖြစ်သည်ကို သိထားရလိမ့်မည်။ ချင်ယွင်၏စိတ်က လှုပ်ရှားလိုက်သည်နှင့် စကြဝဠာထဲမှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင် သလို ပျောက်ကွယ်အောင်လည်း ပြုလုပ်နိုင်ပါသည်။
ယခုမူ ချင်ယွင်သည် ဤကြေးနီအပိုင်းအစကို အမှန်တကယ် မရွှေ့လျားနိုင်တော့ကြောင်း သိရှိရပြီး၊ ၎င်းသည် ချင်ယွင်၏ အသိဥာဏ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကြေးနီအပိုင်းအစက အတိအကျ ဘာလဲ၊ ငါ့ရဲ့ကနဦး စကြာဝဠာ ကတောင် ဘယ်လိုမှ မလှုပ်ရှားနိုင်ခဲ့ဘူး" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူ့စိတ်ထဲမှာ မထင်မှတ်ထားသည့် ခန့်မှန်းချက်တွေ ရှိနေပါသည်။ ဤလျှို့ဝှက် ဆန်းကြယ်သော ကြေးနီအပိုင်းအစသည် သူ နေထိုင်ရာ စကြာဝဠာမှ မဟုတ်ဘဲ အပြင်ဘက် စကြာဝဠာတစ်ခုမှ လာသည်ဟု သူ ခံစားမိသည်။ ကြေးနီအပိုင်းအစသည် သူ့စကြဝဠာအဆင့်ကို ကျော်လွန်သွားပုံရသည်။ ထိုသို့မဟုတ်ပါက၊ ချင်ယွင်၏ စကြဝဠာ သည် ဤလျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစကို အဘယ်ကြောင့် မလှုပ်ရှားနိုင်ရ သည့်အကြောင်းအရင်းကို ရှင်းပြနိုင်တော့မည် မဟုတ်ပေ။
"အယ်။ ဒီကြေးနီအပိုင်းအစမှာ စာသားတွေ ရှိနေပုံရတယ်။" ချင်ယွင်သည် ယခုလေးတင် ကြေးနီအပိုင်းအစကို စစ်ဆေးရန် စကြဝဠာ၏ စွမ်းအားကို အသုံးပြုလိုက်သည်။ သူသည် အထိန်းနိုင်ဘဲ သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။ ကြေးနီအပိုင်းအစ၏ မျက်နှာပြင်သည် သူ့ကြည့်ရသလောက် မချောမွေ့ကြောင်း သူ တွေ့ရှိခဲ့သည်။ ၎င်းသည် သိပ်သည်းသည့် စာလုံးများဖြင့် ဖုံးအုပ်ထားသည်။ သို့သော် ချင်ယွင်သည် ဤစာလုံးများထဲမှ မည်သည့် စာလုံးကိုမျှ မမှတ်မိပါ။ ကြေးနီအပိုင်းအစက ပြောပြနေသည့်အကြောင်းအရာကို သူ အတိအကျမသိခဲ့ပေ။
၎င်းသည် အင်မော်တယ်ကမ္ဘာ၏ စာလုံးများမဟုတ်သလို နတ်ဘုရားကမ္ဘာ၏ စာလုံးများ လည်း မဟုတ်ခဲ့ပေ။ ၎င်းသည် အဆင့်မြင့်သော ဘာသာစကားတစ်ခုသကဲ့သို့ ဖြစ်နေသည်။
ချင်ယွင်သည် အချိန်အတော်ကြာအောင် ကြည့်နေသော်လည်း ထိုကြေးနီအပိုင်းအစတွင် မည်သည့်အရာ မှတ်တမ်းတင်ထားသည်ကို မသိခဲ့ရသေးပေ။ ချင်ယွင်သည် ကူကယ်ရာမဲ့ ဖြစ်ကာ လက်လျော့လိုက်ပြီး သူ့စိတ်သည် ကနဦးစကြဝဠာမှ ဆုတ်ခွာလာခဲ့သည်။
ချင်ယွင်၏စိတ်က သူ့မူလခန္ဓာကိုယ်ကို ပြန်ရောက်လာစဉ်မှာ, သူ့ပတ်ဝန်းကျင်မှ လူတွေ အားလုံးက သူ့ကိုကြည့်နေကြသည်ကို တွေ့လိုက်ရပါသည်။
လျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို ၎င်းတို့အားလုံး မြင်လိုက်ရသည်။ ကြောက်စရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစကြောင့် ချင်ယွင်သည် သတ်ပစ်ခံရပြီဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော်လည်း ချင်ယွင်သည် နဂိုအတိုင်း ရှိနေသည်ကို တွေ့လိုက်ရတော့ သူတို့ အံ့သြသွားကြသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး၊ မည်သို့ရှင်းပြရမှန်း မသိသောကြောင့်၊ သူလည်း ရှင်းပြမနေတော့ပေ။ အဆုံးတွင်၊ ဤလျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစသည် ဖြစ်သည့်အရာ ဖြစ်သနည်း?၊ အဘယ့်ကြောင့် သူ၏ကနဦးစကြာဝဠာအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသနည်း?၊ ထို့အပြင် အဘယ်ကြောင့် ၎င်းကို လှုပ်ခါနိုင်စွမ်း မရှိရသနည်း?။ ဤအကြောင်းအရာအားလုံးကို သူ နားမလည်နိုင်ပါ။
ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဆရာကြီး ဟောင်ယုကို လှည့်ကြည့် လိုက်သည်။ "ဆရာကြီး ဟောင်ယု၊ ခင်ဗျားကတိကို ဖြည့်ဆည်းဖို့ အချိန်တန်ပြီ" ဟု ပြောရင်း သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။