အခန်း ၁၂၂၄
Vol. 82 Ch. 1224
အခန်း (၁၂၂၄) ဟောင်ယုကို သတ်ဖြတ်ခြင်း။
ချင်ယွင် ပြောပြီးသည်နှင့် ဆရာဟောင်ယု၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ထို့နောက် သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ နှုတ်ခမ်းများက အဆက်မပြတ် တုန်ခါသွားသည်။
"ဆရာကြီး ဟောင်ယု၊ မင်းက ညစ်ပတ်ဖို့ မကြိုးစားဘူး မဟုတ်လား?။ ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ဟောင်ယုသည် ထိုစကားကိုကြားသောအခါ သူ့ပါးစပ်ထောင့်စွန်းက အထိန်းကွပ်မဲ့ ရှုံ့မဲ့သွားသည်။ ထို့နောက် သူသည် ချင်ယွင်ကို အပြင်းအထန် ကြည့်ကာ သူ့မျက်လုံးများ တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"ခင်ဗျား ကျုပ်ကို သတ်ချင်နေတာလား?။ အံ့သြစရာတော့ မဟုတ်ပါဘူးလေ။ ဒီကျောက်သားအရေခွံက နည်းနည်းတော့ များနေပုံရတယ်။ ခင်ဗျား မစားနိုင်တာက ပုံမှန်ပါပဲ။ ဒါဆိုရင်ရော ဘယ်လိုလဲ။ ကျုပ် ခင်ဗျားကို တစ်တုံး နှစ်တုံး လျှော့စားခွင့် ပြုလိုက်မယ်လေ။ ခင်ဗျားကို ကျုပ်က ကောင်းကောင်းဆက်ဆံတယ်လို့ မထင်ဘူးလား" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
အနီးနားပတ်ဝန်းကျင်ရှိ လူတိုင်းသည် သွေးတစ်ပွတ် အန်ထုတ်လုနီးပါး ဖြစ်သွားကြသည်။ ကျောက်တုံးတစ်လုံး နှစ်တုံး လျှော့စားရန်လား?။ ဤစကားက မိုက်မိုက်ရိုင်းရိုင်း ပြောလိုက်ခြင်းနှင့် ထူးမခြားနားပါဘူး။ ဤအရာက ခြောက်မီတာ အမြင့်ရှိသော နတ်ဘုရားဝိညာဥ်ကျောက်တုံးဖြစ်ပြီး၊ ကြေးနီအပိုင်းအစလေးတစ်ခုသာ ဖယ်ရှားထားခြင်း ဖြစ်ပါသည်။ ထိုအပုံကြီးသည် အနည်းဆုံး ငါးမီတာမြင့်သည်။ ငါးမီတာအမြင့်ရှိသော ကျောက်တုံးပုံကြီးနှင့် နှိုင်းယှဉ်ပါက ကျောက်တုံးလေး တစ်တုံး နှစ်တုံးသည် နည်းပါးလွန်း လှသည်။
ဤသည်ကိုပင် ချင်ယွင်က သူသည် ဟောင်ယုအပေါ် စေတနာထားနေသယောင် အမှန်တကယ် ပြောနေခဲ့သည်။ ဒီပါးစပ်ကြီးက တကယ်ကို ညစ်စုတ်ပဲ့လွန်းသည်။
"ချင်ယွင်၊ အရမ်းကြီး လွန်မလာနဲ့” ထိုအချိန်တွင် ဟောင်ယုသည် အလွန်ဒေါသထွက်နေ ပြီး၊ သူ့မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ချင်ယွင်သည် ဟောင်ယု၏ ဒေါသကို သူ့မျက်လုံးထဲတွင် လုံးဝ မထည့်ထားခဲ့ပေ။ ယင်းအစား အေးစက်သည့် အပြုံးက သူ့မျက်နှာပေါ်မှာ ပေါ်လာပါသည်။ ထို့နောက် ချင်ယွင်သည် ရောက်ရှိနေသူ လူအားလုံးကို ထိတ်လန့်သွားစေမည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ပါသည်။
"ဖျန်း…”။
ချင်ယွင်သည် ဟောင်ယု၏ မျက်နှာကို ပါးရိုက်လိုက်ပြီး အနှိုင်းမဲ့ ပြတ်သားသည့် အသံထွက်ပေါ်လာသည်။
ဟောင်ယု၏မျက်နှာသည် ချက်ချင်းပင် လက်ဗွေရာငါးခုဖြင့် နီရဲလာပြီး ပါးစပ်ထောင့်တွင် သွေးစများ ခိုတွဲသွားသည်။ သူသည် ချင်ယွင်ကို မယုံကြည်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်း အံသြသွားကြသည်။ ချင်ယွင်သည် ဟောင်ယုကို အမှန်တကယ် တိုက်ခိုက်ဝံ့မည်ဟု သူတို့ မမျှော်လင့်ထားပေ။
ဤမြေအောက်ကုန်သွယ်ရေးမြို့၌ တိုက်ပွဲများကို တားမြစ်ထားကြောင်း သိထားသင့် သည်။ တိုက်ပွဲကို တွေ့ရှိပြီးသည်နှင့် ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်သည်။
ယခုအချိန်တွင် ချင်ယွင်သည် သခင်လေးပိုင်ယု၏ ရှေ့မှာပင် ဟောင်ယုကို ပါးရိုက်နေလေ သည်။ ဤသည်မှာ သခင်လေးပိုင်ယု မျက်နှာကို ပါးရိုက်လိုက်ခြင်းသာ ဖြစ်ပါသည်။
အားလုံးက သခင်လေးပိုင်ယုကို ကြည့်ရန် ခေါင်းကို လှည့်ကြည့်လိုက်သည်။ သို့သော် သခင်လေးပိုင်ယုသည် ၎င်းကို မမြင်တွေ့သည့်အတိုင်း တွေ့ရှိလိုက်ရသဖြင့် အံ့သြသွားကြ သည်။ ယင်းက သူတို့၏ နှလုံးသားများကို တုန်လှုပ် ချောက်ချား သွားစေသည်။
"မင်း... ငါ့ကို တကယ် ပါးရိုက်ဝံ့တာလား" ဟောင်ယုသည် သခင်လေးပိုင်ယုက သူ့ကို ဂရုမစိုက်သည်ကို မြင်လိုက်ရသောအခါ ချင်ယွင်ကို ခက်ထန်စွာ ပြောပြီး ပြင်းထန်သော အမျက်ဒေါသက ချက်ချင်း အုံကြွလာကာ၊ သူ့ရင်ထဲမှာ အမျက်ဒေါသက ချက်ချင်း ပေါက်ကွဲထွက်လာသည်။
"ဖျန်း..”။
သို့သော် နောက်ထပ် ပါးရိုက်သံများ ထွက်ပေါ်လာပြန်သည်။ ဟောင်ယု၏ မျက်နှာ ဘယ်ဘက်ခြမ်းတွင် နောက်ထပ် လက်ဗွေရာငါးခု အထင်းသား ပေါ်လာပြန်သည်။ လက်ဗွေရာငါးခုသည် သူ့မျက်နှာ နှစ်ဖက်ပေါ်တွင် အချိုးစားညီညီ တစ်ဖက်စီတွင် ရှိနေသည်။
ထိုအခိုက်တွင် ဟောင်ယုသည် ဒေါသအမျက်ထွက်ကာ သူ့မျက်လုံးများသည် နီမြန်းလာခဲ့ သည်။
အဆင့်မြင့် ကျွမ်းကျင်ပညာရှင် ကျောက်တုံးရွေးချယ်သူ တစ်ဦးအနေဖြင့် သူသည် သွားလေရာ နေရာတိုင်း၌ လေးစားမှု ခံခဲ့ရသည်။ သို့သော် ချင်ယွင်သည် လူတိုင်းရှေ့မှာ သူ့ကို နှစ်ကြိမ် ပါးရိုက်ခဲ့သည်။ သူ့အတွက်ကတော့ ဤသည်မှာ မဟာအရှက်ခွဲမူကြီး ဖြစ်ပေသည်။
"ငါ မင်းကို သတ်မယ်” ဟောင်ယုသည် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို ခပ်လှမ်းလှမ်းကနေ ဆွဲယူလိုက်ပြီး ချင်ယွင်ကို ချက်ချင်း ခုတ်ပိုင်းရင်း ပြောလိုက်ပါသည်။
ဟောင်ယု၏ ကျင့်ကြံမူသည် ဖိနှိပ်ခံထားရပြီး၊ ဤထိပ်တန်းအဆင့် နတ်ဘုရားဆေဘာ၏ စွမ်းအားသည်လည်း ဖိနှိပ်ခံထားရသော်လည်း၊ အဆုံးတွင် ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာသည် ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာတစ်လက်အဖြစ် ရှိနေဆဲပင်။ ၎င်းပေါ်ရှိ စူးရှသော အငွေ့အသက်သည် လှုပ်ရှားလိုက်ရုံဖြင့်ပင် ဦးရေပြားကို ထုံကျင်စေသည်။
ယခုအချိန်တွင် ချင်ယွင်သည်လည်း သေမျိုးတစ်ဦးသာ ဖြစ်နေခဲ့သည်။ ထိုကဲ့သို့သော အစွမ်းထက်သော လက်နက်ကို ရင်ဆိုင်ရစဉ်မှာ, သူသည် ၎င်း၏ ထက်ရှမှုကို ထိပ်တိုက် ခုခံဝံ့ခြင်း မရှိခဲ့ပေ။
ချွင်..။
ချင်ယွင်သည် ဘေးနားသို့ လျင်မြန်စွာ ရှောင်ထွက်သွားပြီး ထိုဆေဘာ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ဆေဘာပညာရပ်က သူ့လက်မောင်းကို ဖြတ်လုနီးပါး ဖြတ်သွားခဲ့ သည်။ ဆေဘာမှထုတ်လွှတ်သော စူးရှသော အငွေ့အသက်သည် ချင်ယွင်၏ လက်မောင်း တွင် ကြီးမားသော အက်ကြောင်းကြီးအဖြစ် ဆုတ်ဖြဲသွားဆဲဖြစ်ပြီး ချင်ယွင်၏လက်မောင်း မှ လတ်ဆတ်သောသွေးများ ထွက်လာပါသည်။
ဆေဘာသည် တို့ဟူးကိုလှီးဖြတ်သကဲ့သို့ မြေပြင်ကို လှီးဖြတ်သွားပြီး အနှိုင်းမဲ့ မာကျော သော မြေပြင်ပေါ်တွင် သုံးမီတာရှည်သည့် နက်ရှိုင်းသော ဓားအမှတ်အသားကို ချန်ထား ရစ်ခဲ့သည်။
ဘန်း..။
သို့သော် ဟောင်ယုက ရပ်တန့်ခြင်းမရှိသေးပေ။ သူသည် မမျှော်လင့်ဘဲ သူ့လက်ထဲမှ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို ထပ်မံ ဝှေ့ယမ်းပြီး ချင်ယွင်ဘက်သို့ ခုတ်ပိုင်းပြန် သည်။
ဤတစ်ကြိမ်တွင် သူက ချင်ယွင်၏ခေါင်းကို ချိန်ရွယ်ထားသည်။ အကယ်၍, ချင်ယွင်သည် သူ၏နတ်ဘုရားတန်ခိုးနှင့် နတ်ဘုရားစိတ်ဝိညာဉ် နှစ်ခုလုံးကို စည်းတံဆိပ်ခတ်ထားခံရ စဉ်မှာ, ဤဆေဘာဖြင့် ဖြတ်ပိုင်းခံလိုက်ရပါက, သူသည် သံသယမရှိ သေသွားလိမ့်မည်။
"ရပ်လိုက်…”။
အဝေးမှ ဆရာကြီးအန်းနှင့် သခင်လေးပိုင်ယုတို့သည် တစ်ချိန်တည်းမှာ အော်ဟစ်လိုက် သော်လည်း အရမ်းကို နောက်ကျနေခဲ့ပြီ။
ချင်ယွင်သည် နှင်းဖြူရောင် ဆေဘာကို ကြည့်လိုက်ရင်း၊ သူ့မျက်လုံးထဲတွင် ဒေါသပြင်းစွာ ထွက်ပေါ်လာသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခုက သူ့ခန္ဓာကိုယ်မှ အရှိန်ဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့သည်။
အစောပိုင်းက ဟောင်ယုကို နှစ်ကြိမ်တိုင်တိုင် ပါးရိုက်ရသည့် အကြောင်းရင်းက သူ့ကို သင်ခန်းစာ ပေးရန်ဖြစ်ပြီး၊ အနာဂတ်မှာ အခြားလူများကို ခြေနင်းကျောက်တုံးအဖြစ် ပေါ့ပေါ့တန်တန် အသုံးမပြုသင့်သည့်အကြောင်းကို သိစေရန်အတွက် ဖြစ်သည်။ သို့သော်၊ ဟောင်ယုသည် သူ့အား သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိနေခဲ့ပြီး၊ သူ့ကို သတ်ဖြတ်ရန် အတွက် နတ်ဘုရားပစ္စည်းကိုပင် အသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ဟမ့်၊ ခင်ဗျားက ကျုပ်ကို သတ်ချင်နေမှတော့ ဒီကမ္ဘာမှာ ခင်ဗျား ဆက်လက် ရှင်သန်နေဖို့ မလိုတော့ဘူး" ချင်ယွင်သည် အေးစက်သော နှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်လုံးများသည် ရုတ်တရက် အလွန်စူးရှလာသည်။
ချင်ယွင်သည် နှင်းဖြူရောင် ဆေဘာကို မရှောင်တိမ်းတော့ပေ။ ယင်းအစား သူသည် ဟောင်ယု၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ချက်ခြင်း ရိုက်ချလိုက်သည်။ သူ၏အရှိန်ဟုန်က မြန်ဆန်လွန်းပြီး၊ ထောင်ပေါင်းများစွာသော နောက်ဆက်တွဲ ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက်တွင် ပတ်ဝန်းကျင်မှ လူများသည် ဟောင်ယု အေးခဲသွားသည်ကို တွေ့လိုက်ရပြီး သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေသည်။ ထိုအချိန်မှာ သူ့လက်ထဲက ဆေဘာသည် လေထဲတွင် ရပ်သွားခဲ့သည်။
ချွင်..။
ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာသည် ဟောင်ယု၏ လက်ကနေ ပြုတ်ကျသွားပြီး၊ မြေကြီးထဲကို ထိုးစိုက်သွားရာ တစ်ဝက်လောက်က ကျောက်တုံးထဲမှာ နစ်မြုပ် သွားခဲ့သည်။
"မင်း...ဘယ်လိုလုပ်…?” ဟောင်ယုက ချင်ယွင်ကို တစ်ခုခု ပြောချင်ပုံပေါ်သော်လည်း၊ သူ စကားမဆုံးခင်မှာ သူ့ခန္ဓာကိုယ်သည် ချက်ချင်း ပြိုလဲကျသွားပြီး နောက်ဆုံးတွင် သူ၏ အငွေ့အသက်က လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
သူသည် ဝမ်းနည်းပူဆွေးစွာ သေဆုံးသွားခဲ့ရသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ချင်ယွင်၏ရုပ်အသွင်ကို ကြည့်ကာ တုန်လှုပ်ခြောက်ခြားဟန် အမူအရာများကို ထုတ်ဖော်ထားကြသည်။
အစောပိုင်းက ချင်ယွင် တိုက်ခိုက်လိုက်သည်ကို သူတို့ မမြင်ခဲ့ကြပေ။ ချင်ယွင်၏လက်က ပုံရိပ်တစ်ခုလို ဖျတ်ခနဲလှုပ်ရှားသွားသည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် ဟောင်ယု သည် မြေပြင်ပေါ်သို့ ပြိုလဲကျကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
မူလက ချင်ယွင်ဘက်သို့ အပြေးအလွှား ပြေးသွားနေသည့် ဆရာကြီးအန်းနှင့် သခင်လေး ပိုင်ယုတို့သည်လည်း အံ့အားသင့်သွားကြသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဟောင်ယုကို မယုံကြည်နိုင်အောင် ထိတ်လန့်နေသော အမူအရာများဖြင့် ကြည့်နေကြ၏။
"မင်း နတ်ဘုရားတန်ခိုးကို သုံးနိုင်တာလား?" အချိန်အတော်ကြာပြီးနောက်၊ သခင်လေး ပိုင်ယုသည် ချင်ယွင်ကို ကြည့်ကာ၊ သူ့မျက်လုံးများက စူးရှသော အလင်းရောင်ဖြင့် တောက်ပနေပြီး အံ့သြစွာ မေးလိုက်သည်။
ဆရာကြီးအန်းသည်လည်း ချင်ယွင်ကို လေးနက်သော အမူအရာဖြင့် ကြည့်သည်။
"ဟုတ်တယ်၊ ဒါပေမယ့် နည်းနည်းလေးပဲ" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။
ဟောင်ယုကို သတ်လိုက်ခြင်းဖြင့် သူသည် ချက်ချင်း ဖော်ထုတ်ခံရမည်ကို သူ သိပါသည်. ထို့ကြောင့် လိမ်ပြောနေရန် မလိုအပ်ပေ။
သို့သော် သူ အမှန်အတိုင်း မပြောခဲ့သော အရာတစ်ခု ရှိနေခဲ့ပါသည်။ အလားတူပင်, သူသည်လည်း နတ်ဘုရားတန်ခိုး စွမ်းအင်ကို အသုံးပြုခြင်းမဟုတ်ဘဲ အမှောင်ထုစွမ်းအင် ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။
ထိုအချိန်တွင်၊ ချင်ယွင်သည် သူ၏လက်ဖဝါးမှတဆင့် ဟောင်ယု၏ခန္ဓာကိုယ်ထဲသို့ အမှောင်ထုစွမ်းအင်ကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုစွမ်းအားဖြင့် ဟောင်ယု၏ သေမျိုးခန္ဓာကိုယ် သည် သဘာဝအတိုင်း သူ့အား ချက်ချင်းပင် သတ်ပစ်မည် ဖြစ်သည်။
သခင်လေးပိုင်ယုနှင့် ဆရာကြီး အန်းတို့သည် ချင်ယွင်က ဝန်ခံသည်ကို ကြားလိုက်သော အခါ သူတို့၏ မျက်နှာများသည် ချက်ချင်းပင် ထိတ်လန့်သည့် အမူအရာများ ပေါ်လွင်လာ သည်။ သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ကြပြီး၊ သူတို့မျက်လုံးများက တစ်စုံတစ်ခုကို ဆက်သွယ် ပြောဆိုနေပုံရသည်။
သခင်လေးပိုင်ယု၏ မျက်လုံးများက မေးခွန်းမေးနေပုံရသော်လည်း ဆရာကြီး အန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
သခင်လေးပိုင်ယုသည် ဆရာကြီးအန်း၏ လုပ်ရပ်ကို မြင်သောအခါ၊ သူ၏ မျက်လုံးများတွင် စူးရှသော အငွေ့အသက်များ ချက်ချင်း လျော့ပါးသွားခဲ့သည်။
ချင်ယွင်သည် ဤအရာအားလုံးကို ဘေးကနေ အေးစက်စွာ ကြည့်နေခဲ့သည်။ ထိုမြင်ကွင်း ကို မြင်လျှင်, သူသည် ဆရာကြီးအန်း၏ ကိုယ်ရေးအချက်လက်ကို ပို၍သိချင်လာသည်။