← Chapters

အခန်း ၁၂၂၅

Vol. 82 Ch. 1225

အခန်း ၁၂၂၅

Vol. 82 Ch. 1225

အခန်း (၁၂၂၅) ဆရာကြီးအန်း။

ချင်ယွင်သည် ဆရာကြီးအန်း၏ ကိုယ်ရေးအချက်လက်ကို အမှန်တကယ် သိချင်နေခဲ့ သည်။ အစောပိုင်းက သခင်လေးပိုင်ယု၏ လုပ်ရပ်များသည် ဆရာကြီး အန်း၏ ထင်မြင်ချက်ကို တောင်းခံနေသည်မှာ ထင်ရှားသည်။

သခင်လေးပိုင်ယုက ချင်ယွင်ကို သတ်ဖြတ်ချင်လားဟု ဆရာကြီး အန်းအား မေးခဲ့သည်မှာ ထင်ရှားသော်လည်း ဆရာကြီးအန်းက ခေါင်းခါပြီး ငြင်းဆိုကာ သခင်လေးပိုင်ယုအား စိတ်လိုက်မာန်မလှုပ်ရှားရန် ပြောဆိုခဲ့သည်။

ချင်ယွင်သည် သဘာဝအတိုင်း ၎င်းတို့ကို မကြောက်ပေ။ သခင်လေးပိုင်ယုနှင့် ဆရာကြီး အန်းတို့က သူ့ကို အမှန်တကယ် သတ်ခဲ့လျှင်ပင်, သူသည် သေချာပေါက် သေမည် မဟုတ်ပေ။

သို့သော် ချင်ယွင်က ဆရာကြီးအန်းကို ကျေးဇူးတင်နေပါသေးသည်။ အစကတည်းက အခုအချိန်အထိ ဆရာကြီး အန်သည် သူ့ကို ရည်ရွယ်၍ရော, မရည်ရွယ်၍ပါ အမျိုးမျိုး ကူညီပေးခဲ့သည်။

တကယ်တော့, သူမသည် သူ့အမိန့်အတိုင်း ကျောက်တုံးများကို ဖြတ်ပေးခဲ့သည်။ သူမသည် ချင်ယွင်၏အမိန့်အတိုင်း လိုက်လုပ်ပေးစရာ မလိုပါဘူး။ သို့သော် သူမသည် လုပ်ပေးခဲ့သေးသည်။ ချင်ယွင်၏အမြင်အရ၊ ဤသည်မှာ ဆရာကြီးအန်း၏ စေတနာကို ပြသခြင်း ဖြစ်သည်။

ယခု ဆရာကြီးအန်းသည် သခင်လေးပိုင်ယုကို သတ်ဖြတ်ခြင်းမှ တားဆီးလိုက်သော ကြောင့် ချင်ယွင်သည် ဆရာကြီးအန်းအား အထင်ကြီးသွားခဲ့သည်။

သူချင်ယွင်သည် အနိုင်ကျင့်ခြင်းကို မကြိုက်သည့် လူတစ်ယောက်ဖြစ်သလို၊ သူတပါး၏ ကြင်နာမှုကို လက်ခံပြီး ပြန်မပေးဆပ်ချင်သော လူများကို သဘောမကျသည့် လူတစ်ယောက်လည်း ဖြစ်သည်။

မြေအောက်ကုန်သွယ်မြို့တော်တွင် တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းသည် သေဒဏ်အထိ အပြစ်ပေးနိုင်သော ပြစ်မူတစ်ခုဖြစ်ပြီး ဆရာကြီးအန်း၏ အကူအညီသည် ကောင်းကင် တုန်လှုပ်ခြင်းနတ်ဘုရား နန်းတော်၏ စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ရာ ရောက်သည်။

အနီးနားရှိ လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။ သူတို့သည် ချင်ယွင်က ဟောင်ယုကို သတ်ဖြတ်မည်ဟု အမှန်တကယ် မမျှော်လင့်ထားသို ချင်ယွင်သည် သူ၏ နတ်ဘုရား တန်ခိုးကို အသုံးပြုနိုင်စွမ်းရှိနေသည် ပို၍ပင် မျှော်လင့်မထားပေ။

ယခုအချိန်တွင်၊ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်သည် ချင်ယွင်ကို မည်သို့ မည်ပုံ လုပ်ဆောင်မည်ကို သူတို့ အလွန်သိချင်နေကြသည်။

လူတိုင်းက မှန်းဆနေကြစဉ်မှာ, ဂေါ်ရီလာအသွင်ပြင်နှင့် ဆရာကြီး အန်းသည် ချင်ယွင်ဆီ သို့ တစ်ဖန် လျှောက်လာပြီး ပြောသည် "ချင်ယွင်၊ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်ရဲ့ စည်းမျဉ်းတွေအရဆို၊ မြေအောက်ကုန်သွယ်မြို့တော်မှာ တစ်စုံတစ်ယောက် ကို သတ်လိုက်တာက ရာဇဝတ်မှုကြီးတစ်ခုပဲ။ ဒါပေမယ့် ဟောင်ယုက အရင်​လှုပ်ရှားတာ ကို ကြည့်ပြီး ငါ​တို့က ဖြစ်ပျက်ခဲ့တာတွေကို မေ့ပျောက်ပေးနိုင်တယ်”။

အနီးနားရှိ လူများသည် ထိုစကားကိုကြားသောအခါ သူတို့၏မျက်နှာများသည် နှိုင်းစာ၍ မရသည့် အံ့ဩခြင်းများ ချက်ခြင်း ထွက်ပေါ်လာခဲ့သည်။

ဖြစ်ပျက်ခဲ့တာတွေကို မေ့ပျောက်ပေးနိုင်တာလား?။

ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်က ဒီကိစ္စကို ဖြေရှင်းပေးလိုက်တာလား?။ သို့သော် ဆရာကြီးအန်း၏ စကားများ၏ ဩဇာလွှမ်းမိုးနိုင်စွမ်းကို မည်သူမျှ သံသယ မ၀င်ကြပေ။ ဆရာကြီးအန်း၏ ကိုယ်ရေးအချက်လက်ကို သူတို့ မသိကြသော်လည်း၊ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှာ ဆရာကြီးအန်း၏ အဆင့်အတန်းက မနိမ့်ကျဘူးဆိုသည်ကို သူတို့ သိကြပါသည်။

တစ်ချိန်က ဆရာကြီးအန်းရှေ့မှာ သူမကို စော်ကားမောကားပြောဆိုသူ တစ်ယောက် ရှိခဲ့ဖူးသည်။ နောက်ပိုင်းတွင် ထိုလူသည် လောင်းကစားကျောက်တုံးဆိုင်မှ မထွက်ခွာခင် မှာ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ တရားဥပဒေစိုးမိုးရေးအဖွဲ့က သူ့ကို တိုက်ရိုက် နှစ်ပိုင်းပိုင်းဖြတ်ခဲ့ဖူးသည်။

ထိုအချိန်မှစ၍ လောင်းကစားဆိုင်သို့ ရောက်လာသူတိုင်းသည် မည်သူမှ မနှောင့်ယှက်ရဲ တော့သည်ကို အချိုး သိထားကြသည်။ သူတို့သည် ဆရာကြီး အန်းကို လုံးဝ ရန်စနိုင်စွမ်း မရှိကြပေ။

ဟုတ်ပါသည်။ လူတိုင်းကို ပြောစရာစကားမရှိအောင် ဖြစ်စေခဲ့ရသည်က ဆရာကြီးအန်း သည် ယခုဖြစ်ရပ်မှာ ဟောင်ယုကို အရင်ဆုံး လှုပ်ရှားခဲ့သူအဖြစ် အမှန်တကယ် ပြောဆိုနေခဲ့သည်။ အစောပိုင်းက, ဟောင်ယု ရူးသွပ်မသွားခြင်မှာ ချင်ယွင်က ဟောင်ယုကို ဦးစွာ ပါးရိုက်ခဲ့သည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြသည်။

သို့သော်, ယခုအခါ, သက်သေအထောက်အထား မရှိတော့ပေ။ ဘေးမှ ရပ်ကြည့်နေသူများ အနေဖြင့်, ဆရာကြီးအန်း၏ စကားကို နားမထောင်ဘဲ မနေဝံ့ကြပေ။ ထို့ကြောင့် သူတို့သည် နာခံမှုရှိစွာ ပါးစပ်ကိုပိတ်ကာ၊ သူတို့စိတ်ထဲတွင် ဟောင်ယုအတွက် တိတ်တဆိတ် ဝမ်းနည်းမဆုံး ဖြစ်နေကြသည်။

ချင်ယွင်လည်း ခါးသီးသော အပြုံးကို ထုတ်ဖော်မိပါသည်။ ဆရာကြီးအန်းက သူ့ကို ယခုလိုမျိုး ကူညီလိမ့်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ ဤအရာက တကယ်ကို သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့ပြီ။

"ကျေးဇူးတင်ပါတယ် ဆရာကြီးအန်။" ချင်ယွင်က ဆရာကြီးအန်းကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

သူသည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ ပြစ်ဒဏ်ကို မကြောက်သော် လည်း ပြဿနာများကို ကြောက်နေပါသေးသည်။ ဆရာကြီး အန်း၏ လုပ်ရပ်များက သူ့ကို ပြဿနာပေါင်းများစွာမှ ကယ်တင်ပြီးသား ဖြစ်သွားခဲ့သည်။

ချင်ယွင်၏ ကျေးဇူးတင်စကားကြားတော့ ဆရာကြီးအန်းက ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် သူမက ချင်ယွင်ကို ဆက်ပြောသည် "ဆရာကြီး ချင်ယွင်၊ မင်း ငါတို့ ကောင်းကင် တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ကို ဝင်ဖို့ ဆန္ဒရှိလားလို့ ငါ သိချင်မိတယ်။ ငါတို့ရဲ့ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်က မင်းကို အကြီးအကဲအဖြစ် တိုက်ရိုက် ရာထူးတိုးပေးဖို့ ဆန္ဒရှိတယ်"

ထိုစကားတွေ ပြောပြီးသည်နှင့် ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အကြီးအကဲလား..?

ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်တွင် အကြီးအကဲရာထူးကို ရယူနိုင်သူများ သည် ကောင်းကင်နတ်ဘုရားအဆင့်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အခုတော့ ဆရာကြီးအန်း က ချင်ယွင်ကို အကြီးအကဲတစ်ဦး ဖြစ်စေချင်သည်ဟု အမှန်တကယ် ပြောခဲ့သည်။

ဤမြေအောက်ကုန်သွယ်ရေး နေရာတွင် များသောအားဖြင့် နတ်ဘုရားတစ်ပိုင်းများနှင့် ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသာ ရှိကြပြီး၊ မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင် နည်းပါးလှသည်။ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ အတွက်မူ ၎င်းတို့သည် မရှိသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်၏ ကျင့်ကြံမူက မည်မျှ မြင့်မားသည်ကို မည်သူမျှ ခန့်မှန်းနေစရာ မလိုပေ။ ထို့ကြောင့် ဆရာကြီးအန်းက ချင်ယွင်အား အကြီးအကဲအဖြစ် ဖိတ်ခေါ်သည်ကို ကြားလိုက်သောအခါတွင် ၎င်းတို့သည် အလွန် တုန်လှုပ်သွားကြသည်။

တခဏကြာအောင်, သူတို့သည် နားကြားမှားသည်ဟုပင် သံသယဝင်ပြီး ချင်ယွင်ကို တယောက်ပြီးတယောက် ကြည့်လိုက်ကြသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ တစ်စုံတစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ပေးမခံရရုံသာမက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှပင် ဖိတ်ခေါ်ခံရပြီး၊ အကြီးအကဲတစ်ဦး ဖြစ်လာမည်ဟု သူလည်း မမျှော်လင့်ခဲ့ပေ။ အကယ်၍, ဒီသတင်းသာ ပျံ့နှံ့သွားခဲ့လျှင်, သူသည် လုံးဝ နာမည်ကျော် သွားလိမ့်မည်။

"ကတိပေးလိုက်”။ နီထိုက်စွေ့က ချင်ယွင်ကို မဟုတ်ဘဲ သူ့ကို ဖိတ်ကြားနေသည့်အလား လူအုပ်ထဲမှ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ယင်းက ချင်ယွင်၏ မျက်နှာပေါ်ရှိ ခါးသီးသော အပြုံးကို ချက်ချင်းပင် ထူထဲစေခဲ့သည်။

"ဆရာကြီး၊ စိတ်မကောင်းပါဘူး၊ ကျွန်တော် အခု နတ်ဘုရားနန်းတော်ထဲ မ၀င်ချင်သေးပါ ဘူး။ ဆရာကြီးရဲ့ ကြင်နာမှု အတွက် ကျေးဇူးတင်ပါတယ်" ချင်ယွင်က လိမ္မာပါးနပ်စွာ ငြင်းလိုက်သည်။

သူ့စကားတွေ ပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ချင်ယွင်က ငြင်းဆန်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါဘူး။

ဆရာကြီးအန်း၏ မျက်နှာမှာလည်း အံ့အားသင့်ဟန် အရိပ်အယောင် ပေါ်လာသည်။ ချင်ယွင်သည် အခြားနတ်ဘုရားနန်းတော်ကြီးသုံးခု၏ မည်သည့်အငွေ့အသက်မျှ မရှိသည် ကို သူမ ခံစားနိုင်သည်။ ဤချင်ယွင်သည် အခြားနတ်ဘုရားနန်းတော်ကြီးသုံးခုတွင် မပူးပေါင်းသေးသဖြင့်, ချင်ယွင်သည် သူမဖိတ်ကြားချက်ကို သေချာပေါက် သဘောတူမည် ဟု ထင်ခဲ့သော်လည်း၊ ချင်ယွင်က ငြင်းဆိုမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ဆရာကြီးအန်း၏ နောက်တွင်ရှိနေသည့် သခင်လေးပိုင်ယုသည် သူ့မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို လှုပ်ရှားချင်နေသည့်အလား အမျက်ဒေါသ တဟုန်ထိုး ပျံ့နှံ့ ထွက်ပေါ် လာသော်လည်း၊ မာစတာအန်းထံမှ အကြည့်တစ်ချက်ကြောင့် ရပ်တန့်သွားသည်။

"မင်း တကယ်ပဲ ဒီအကြောင်းကို မစဉ်းစားချင်ဘူးလား?။ ဒီအကြီးအကဲဆိုတဲ့ အဓိပ္ပာယ်က ဘာကိုဆိုလိုမှန်း မင်း မသိဘူးလား။" ဆရာကြီး အန်းက ထပ်မေးသည်။

"ဒီအကြီးအကဲက ဘာကို ကိုယ်စားပြုမှန်း ကျွန်တော် မသိပေမယ့် အကြီးအကဲတစ်ဦးရဲ့ အဆင့်အတန်းက နိမ့်ကျမှာ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ထဲကို ဝင်ဖို့ ကျွန်တော် တကယ်ကို ရည်ရွယ်ချက် မရှိပါဘူး။ ဆရာကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး အန်း။ ကျွန်တော့်မှာ အခြား အထူးလုပ်စရာကိစ္စတွေ ရှိနေလို့ပါ" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။

တခါတရံမှာ အလွန်ထင်ပေါ်ကျော်ကြားခြင်းသည် အပြစ်တစ်ခုလည်း ဖြစ်ပါသည်။ တစ်စုံ တစ်ယောက်က သင့်ကို ဖိတ်ခေါ်လာချိန်မှာ, သင့်ဖက်က ငြင်းပယ်လိုက်လျှင်, တစ်ဖက်သားကို ဒေါသဖြစ်စေလိမ့်မည်။ အခုအချိန်မှာ ချင်ယွင်လည်း ထိုနည်းတူစွာပင်။

ကံကောင်းထောက်မစွာ၊ ဆရာကြီးအန်းသည် အမြင်ကျဉ်းမြောင်းသူ ဟုတ်ပုံမရပါပေ။ သက်ပြင်းချပြီးနောက်, သူမက ချင်ယွင်ကို ပြောသည် "ကောင်းပြီလေ၊ ဒါပေမယ့် ဒီတံဆိပ်ပြားကို ယူသွားလိုက်ပါ။ ဒါက ငါအန်းရှီရဲ့ ကိုယ်ပိုင်အမှတ်သားပဲ။ ငါတို့က မိတ်ဆွေသူငယ်ချင်းအဖြစ်တော့ ပေးသင့်တယ် မဟုတ်လား"။

"သေချာပေါက်ရတာပေါ့” ချင်ယွင်က ဆရာကြီးအန်းထံမှ တံဆိပ်ပြားကို လက်ခံရယူရင်း, ပြုံးလိုက်ပြီး၊ သူ့နှလုံးသားထဲတွင် ထိုနာမည်ကို ရေရွတ်လိုက်သည်။

"အန်းရှီးလား?။ ကြားရတာ အတော့်ကို ကြည်နူးဖို့ ကောင်းတယ်။ ဒီကိုယ်လုံး ကိုယ်ပေါက် ကိုတော့ နည်းနည်းလေး စိတ်ကျေနပ်စရာ မကောင်းလှဘူး။" ချင်ယွင်သည် ဆရာကြီး အန်း၏ ကြံ့ခိုင်သန်မာသော အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုယ်သူ တွေးလိုက်သည်။

ဆရာကြီးအန်းသည် သခင်လေးပိုင်ယုထံ လှည့်ပြီး တစ်ခုခုပြောနေသည့်အတွက် သတိမထားမိလိုက်ပါဘူး။

ချင်ယွင်၏ အကြည့်များသည် မြေပြင်၌ ထိုးစိုက်ထားသော ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာအပေါ်ကို ကျရောက်သွားသည်။ ထို့နောက် သူသည် ဆေဘာ၏ဓားရိုးကို လှမ်းဆွဲလိုက်သည်။

ချင်ယွင်သည် ဆေဘာအရိုးကို ဖမ်းကိုင်လိုက်သည့်အခိုက်တွင်, ဆေဘာကိုယ်ထည်မှ ပြင်းထန်ပြီး ကြမ်းကြုတ်သော ဆန္ဒတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ ၎င်းသည် သူ၏ကောင်းကင်ဝိညာဉ်အလွှာဆီသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။

ချင်ယွင်သည် အထိန်းကွပ်မဲ့ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး၊ နတ်ဘုရားဆေဘာကို ကြည့်သည့် သူ၏အကြည့်များက မနှိုင်းစာနိုင်အောင်ပင် ပူလောင်လာသည်။

"ကောင်းလိုက်တဲ့ဆေဘာ” ချင်ယွင်က စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

All Chapters