အခန်း ၁၂၂၈
Vol. 82 Ch. 1228
အခန်း (၁၂၂၈) နှုတ်ဆက်ပါတယ် တော်ညီအစ်မ။
ချင်ယွင် အမျိုးသမီးအသံကို ကြားလိုက်သောအခါ အသံပိုင်ရှင်က မည်သူလဲဆိုသည်ကို ချက်ချင်း သိလိုက်သည်။ သို့သော် ချင်ယွင်သည် ၎င်းတို့အား ဤနေရာတွင် တွေ့ဆုံရန် မမျှော်လင့်ခဲ့ပေ။
ချိုင့်ဝှမ်းထဲရှိ တောင်ထိပ်တစ်ခုတွင် လှပသော ရုပ်အသွင်ပြင်နှစ်ခုသည် လူတိုင်း၏ မြင်ကွင်းထဲမှာ ပေါ်လာခဲ့သည်။ ဤလူနှစ်ယောက်သည် ချင်ယွင်နှင့် ယခင်က တွေ့ခဲ့ဖူးသော တော်ညီအစ်မများ ဖြစ်ကြပြီး၊ အစောပိုင်းက ငွေခေါင်းလောင်းနှင့်တူသော အသံပိုင်ရှင်သည် ညီမဖြစ်သူ တော်အန်း၏ပါးစပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ဝှီး...”
ချင်ယွင်သာမကဘဲ, ချိုင့်ဝှမ်းအတွင်းရှိလူတိုင်းသည် အသံထွက်ပေါ်ရာ လမ်းကြောင်းဆီသို့ မျှော်ကြည့်နေကြသည်။ ၎င်းတို့သည် တော်ညီအစ်မကို တွေ့လိုက်ရတော့ အားလုံး အံ့ဩသွားကြသည်။
အထူးသဖြင့် မြင်းမျက်နှာလူငယ်၏ မျက်လုံးများသည် အလွန်ပူလောင်နေပါသည်။ သူ့မျက်လုံးများသည် အချိန်အတော်ကြာ ဆာလောင်နေသော ဝံပုလွေကဲ့သို့ ဗလာဖြစ် နေပြီး တောင်ပေါ်ရှိ တော်ညီအစ်မများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
ထိုအခိုက်အတန့်တွင် တော်ညီအစ်မများသည် လုံးဝ အံ့အားသင့်သွားကြသည်။ ထင်ရှား သည်မှာ၊ ဤချိုင့်ဝှမ်းတွင် လူတစ်ဦးထက်ပို၍ ရှိလိမ့်မည်ဟု သူမတို့ မမျှော်လင့်ထား ကြောင်း သိသာပါသည်။
သူမတို့သည် သူမတို့၏စိတ်ဝိညာဉ်စွမ်းအားဖြင့် ချိုင့်ဝှမ်းအတွင်းကို ရှင်းလင်းစွာ ကြည့်ရူ စစ်ဆေးနောက် ပုံမှန်မဟုတ်သော ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့သော်လည်း၊ ယခုအခါ ချိုင့်ဝှမ်းမှာ ၎င်းတို့ကို စိုက်ကြည့်နေသော မျက်လုံးခြောက်စုံရှိနေပြီ ဖြစ်သည်။ ဆိုလိုသည်မှာ, ဤလူခြောက်ယောက်၏ ကျင့်ကြမူများသည် သူမတို့ထက် သာလွန်သည် ဟု ဆိုလိုရာရောက်ပါသည်။
"အစ်မ၊ ကြည့်စမ်း၊ အဲဒါ ဟိုလူဆိုးပဲ" တော်အန်းသည် အဝေးမှ ချင်ယွင်ကို လက်ညှိုး ထိုးပြပြီး သူ့ဘေးမှ တော်ယုကို လှမ်းအော်သည်။
တော်အန်း၏စကားကို ကြားတော့ တော်ယုသည် ချင်ယွင်၏ ဦးတည်ရာဆီသို့ ချက်ချင်း ကြည့်လိုက်သည်။
ချင်ယွင်သည် ကျောက်ဆောင်ကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူမတို့ကို တောက်ပစွာ ပြုံးပြနေသည်ကို မြင်သောအခါတွင် အံ့သြပြီး စိတ်ရှုပ်ထွေးသော အမူအရာက သူမ၏ လှပသော မျက်နှာပေါ်တွင် ပေါ်လာသည်။
"သူ ဘာလို့ ဒီကိုရောက်နေတာလဲ။ သူလည်း ဓားမြှုပ်ရာတောင်တန်းထဲကို ဝင်ဖို့ ကြံနေတာများ ဖြစ်နိုင်မလား?" တော်ယုက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူမ ကိုယ့်အခြေအနေကိုယ် ခဏလောက်တောင် မေ့သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"ဟမ့်၊ အစ်မကြီး၊ ဒီလူဆိုးကြီး ဒီမှာရှိနေမှတော့, ဓားမြှုပ်နှံခြင်းတောင်တန်းထဲကို မဝင်ခင် သူ့ကို တိုက်ခိုက်ပြီဂ ခုတ်ပိုင်းပစ်လိုက်ကြရအောင်။" တော်အန်းက အေးစက်စွာ ဟစ်အော် လိုက်ပြီး သူမပြောပြီးသည်နှင့် ချိုင့်ထဲသို့ အပြေးအလွှား ပြေးသွားတော့မည်။
သို့သော် ထိုအချိန်တွင် တော်ယု၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူမက တော်အန်း၏ရုပ်အသွင်ကို နောက်မှ အမြန်ဆွဲထုတ်လိုက်ပြီး သူမလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ စူးရှသော မျက်လုံးတစ်စုံက သူတို့ရှေ့တွင် ပေါ်လာသော အမည်မသိ လူကို စိုက်ကြည့်နေသည်။
"အလှလေးတွေ, မင်းတို့ ဘာလုပ်ချင်နေတာလဲ? ငါမြင်တဲ့အတိုင်းဆို မင်းတို့က လက်စားချေလိုပုံရတယ်။ မင်းတို့ ဘယ်သူ့ကို သတ်ချင်နေတာလဲ?။ ငါ မင်းတို့ကို ဘယ်လို ကူညီရမလဲ" မြင်းမျက်နှာလူငယ်က တော်ယုနှင့် တော်အန်းကို ကြည့်ပြီး ပြုံးပြသည်။ သို့သော် သူ့မျက်လုံးများ၏ နက်ရှိုင်းသော အရပ်မှာ ညစ်ညမ်းသော အကြည့်တစ်ခု ရှိနေခဲ့ သည်။
တော်ညီအစ်မတို့ သူ၏အမြင်အာရုံထဲ ထွက်ပေါ်လာသည့်အခိုက်မှာပင် သူသည် လှုပ်ရှား လိုက်သည်။
အထူးသဖြင့် တော်ညီအစ်မသည် နတ်ဘုရားတစ်ပိုင်းအဆင့်တွင်သာ ရှိနေသည်ကို သူ မြင်လိုက်ရသောအခါတွင် ညီအစ်မနှစ်ယောက်၏ ပန်းများကို စားသုံးရန် သူသည် စိတ်ဆုံးဖြတ်လိုက်သည်။
ယခုလို အရည်အသွေးကောင်းသည့် ထုတ်ကုန်ကို စွန့်လွှတ်လိုက်မည်ဆိုရင်၊ တကယ်ကို နှမြောစရာပင်။
"ငါတို့ သတ်ချင်.. ချင်…"
တော်အန်းက သူမသတ်ချင်နေသည့်လူက ချင်ယွင်ဟု ပြောခါနီးမှာ တော်ယုက သူ့ကို စိုက်ကြည့်လိုက်သည်။
"မလိုပါဘူး၊ ငါတို့ ဘယ်သူ့ကိုမှ မသတ်ချင်ဘူး။ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါ သခင်လေး" တော်ယုသည် မြင်းမျက်နှာလူငယ်အား ဘာမှမထူးခြားသည့် အမူအရာဖြင့် ပြောသော်လည်း၊ သူမမျက်လုံးများတွင် သတိကြီးစွာထားသည့် အမူအရာ ရှိနေပါသည်။
သူမညီမ တော်အန်းသည် စိတ်ထားဖြူစင်ပြီး ထိုယောက်ျား၏ ရည်ရွယ်ချက်ကို မမြင်နိုင်သော်လည်း သူမသည် မိုက်မဲသူမဟုတ်ပေ။
ထိုလူသည် သူ့မျက်နှာကို တစ်ခါမှ ဖုံးကွယ်မထားခဲ့ပေ။၊ သူသည် တကယ်ကို သူမတို့ကို ကူညီပြီး လူသတ်ပေးချင်နေသည်။ ထိုလူငယ်လေးသည် မကောင်းကြံသော ရည်ရွယ်ချက် များ ရှိနေသည်ကို မည်သူမဆို ပြောနိုင်ပါသည်။ ပို၍အရေးကြီးသည်မှာ, ထိုလူငယ်၏ အကြည့်တွေက သူမကို စိတ်မသက်မသာ ဖြစ်စေသည်ဟု တော်ယုက ခံစားရသည်။ ဤကောင်သည် သူမနှင့် သူ့ညီမ၏အာရုံစိုက်ကို ထိပါးချင်နေသည်မှာ ထင်ရှားလှသည်။
သူမသည် ထူးချွန်ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး, တဖက်လူ၏စကားများနှင့် အမူအရာများကို ရှာဖွေအကဲခတ်ရာမှာ အမြဲတမ်း ကျွမ်းကျင်သူ ဖြစ်သည်။
ဟိုအချိန်က ချင်ယွင်သည် သူမတို့ညီအစ်မနှစ်ယောက်ကို အနိုင်ကျင့်ခဲ့သော်လည်း ချင်ယွင်၏ မျက်လုံးများသည် အလွန်ကြည်လင်နေကြောင်း သူမ ပြောပြနိုင်သည်။ ညစ်ညမ်းသည့် အရိပ်အယောင်မျိုး လုံးဝ မရှိခဲ့ပါဘူး။ သို့သော် သူမရှေ့မှ ဤလူကတော့ မတူပေ။ သူ့မျက်နှာပေါ်တွင် ကျိုးနွံပြီး ယဉ်ကျေးနေပုံ ပုံပေါက်နေသော်လည်း သူ့မျက်လုံးများကမူ ပြင်းထန်သော ရန်လိုသည့်သဘောကို ဆောင်နေသည်။
ထို့ကြောင့် သူမသည် ဤလူငယ်နှင့် အဆက်အသွယ် အလွန်အကျွံ မလုပ်သင့်ကြောင့် သူမ သိသည်။
တော်ယု၏ သတိထား နိုးကြားသော အမူအရာကို မြင်လိုက်သောအခါ မြင်းမျက်နှာ လူငယ်သည် ဒေါသမထွက်ရုံသာမက၊ ချောမောလှပသော ညီအစ်မနှစ်ယောက်ကို ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။
မာကျိရှန်းသည် အမြဲတစေ တက်မက်မူအားကြီးသော်လည်း, သူသည် အမျိုးသမီးတိုင်းကို လိုချင်သူမဟုတ်ပေ။ မာကျိရှန်း၏ မျက်နှာသာပေးမူကို ခံယူချင်သည်ဆိုလျှင်, အခြေအနေ နှစ်ခုကို ဖြည့်ဆည်းပေးနိုင်ရမည်။ ပထမတစ်ခုက လှပဖို့ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ နတ်ဆိုးဆန်ဖို့ဖြစ်ပြီဂ ရိုးသားဖြူစင်စရာ မလိုပေ။
ကုန်ပစ္စည်းများပေးပို့သကဲ့သို့ သူ့ဆီသို့ သူမကိုယ်တိုင် ပစ်ဝင်လာသည့် မိန်းမမျိုးကို သူ မကြိုက်ပါဘူး။ ထိုအမျိုးသမီးသည် မည်မျှပင် လှပနေပါစေ, သူသည် သူမကို စိတ်မဝင်စား ပေ။
သူသည် သန်မာပြီး အလျှော့မပေးတတ်သော အမျိုးသမီးများကို နှစ်သက်သည်။ ဥပမာ အားဖြင့် ဇီးပန်းပွင့်မြို့တော်မှ ယုရှောင် ဖြစ်သည်။ သို့သော်လည်း ယုရှောင်၏ စွမ်အား သည် သူနှင့်မတိမ်းယိမ်းပင်။ ထို့အပြင်, သူမဘေးမှာ အဖော်ပါနေသည်။ ထို့ကြောင့် အကယ်၍, သူ လှုပ်ရှားချင်လျှင်ပင် သူ မလှုပ်ရှားနိုင်ပါဘူး။
သို့သော်၊ သူ့ရှေ့မှ မြေခွေးမလေးနှစ်ကောင်၏ ရုတ်တရက် ထွက်ပေါ်လာမူသည် သူ့နှလုံးသားအတွင်းမှ ကောင်းကင်လျှပ်စီးနှင့် မြေကမ္ဘာမီးရောင်မီးလျှံကို လုံး၀ နှိုးဆွပေးခဲ့ သည်။ အစောပိုင်းက တော်ယု၏အကြည့်များကိုပါ ဖြည့်စွက်လိုက်လျှင်, သူသည် ပြင်းထန်သော သိမ်းပိုက်လိုစိတ်ကို ခံစားလာရသည်.
အကယ်၍ သူသည် ဤမြေခွေးမလေး နှစ်ကောင်ကို သူ၏ အမိန့်အောက်တွင် ထားပြီး၊ သူ၏ မောင်းမမိဿံများ ဖြစ်လာပါက၊ ၎င်းသည် တုနှိုင်းမရလောက်အောင် လှပသော မြင်ကွင်းတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။
"အလှလေးတွေ, ဒီလောက် မြန်မြန်ကြီး မငြင်းဆန်လိုက်ပါနဲ့။ ငါက မင်းတို့ရဲ့ မိတ်ဆွေ အဖြစ် လွှဲပေးတာဝန်ယူပေးချင်ရုံပါ။ မင်းတို့လေးတွေ ဒုက္ခရောက်နေတယ် ကြားလို့ ငါက မင်းတို့ကို ကူညီပေးတဲ့ သဘောမျိုးပါပဲ။ တကယ်တော့ ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး" မာကျိရှန်းက ယဉ်ယဉ်ကျေးကျေး ဆက်ပြောနေသော်လည်း၊ သူ့ပါးစပ်ထောင့်မှ မကောင်းဆိုးဝါး အပြုံးက သူ့ကို သစ္စာဖောက်နေသည်။
"မလိုပါဘူး၊ ငါတို့က လက်စားချေချင်တာ မဟုတ်ပါဘူး။ သခင်လေး, ကျေးဇူးပြုပြီး ပြန်သွားပါတော့။" တော်ယုက ငြင်းပြန်သည်။
သူမရှေ့မှ ဤလူငယ်သည် သူမကို အလွန်အန္တရာယ်များသည့် ခံစားချက်ကို ပေးနေခဲ့ သည်။ ထို့အပြင် ဤလူငယ်၏ ကျင့်ကြံမှုကို သူမ မမြင်နိုင်ပေ။ တစ်နည်းဆိုရသော် ဤလူငယ်၏ ကျင့်ကြံမှုသည် သူမထက် သာလွန်နေသည်။
"ဟမ့်၊ မိန်းမလှလေး နှစ်ယောက်, ငါက မင်းတို့ကို ကူညီပြီး ငါ့ရဲ့ကြင်နာမူကို လုံလောက်အောင် ပြသခဲ့ပေမယ့်၊ မင်းတို့က မလိုလားခဲ့ဘူး။ ဆိုတော့, ငါ့ကို အပြစ်မတင် နဲ့။ အမှန်အတိုင်း ပြောရရင်, မင်းတို့ညီအစ်မနဲ့ပတ်သက်ပြီး ငါ စိတ်ကူးပြီးသွားပြီ။ တကယ်လို့, ငါက မင်းတို့ညီအစ်မကို ငါ့အိမ်မွေးတိရစ္ဆာန် မောင်းမမိဿံတွေ ဖြစ်စေချင် တယ်ဆိုရင်, မင်းတို့အနေနဲ့ တစ်ခုခုပြောချင်တာများ ရှိနေသေးလား?။ ဆန္ဒရှိမရှိပေါ့?” မာကျိရှန်း၏ မျက်နှာသည် ချက်ချင်းပင် ဆိုးသွမ်းသည့်အပြင် ပြောင်းလဲသွားပြီး၊ သူ၏ တပ်မက်သော မျက်လုံးများက သူတို့ကိုယ်သူတို့ မဖုံးကွယ်နိုင်တော့ပေ။ သူသည် လုံးဝ အရှက်မဲ့ပြီး ကိုယ်ကျင်းသိက္ခာပျက်ပြားသူတစ်ယောက် ဖြစ်လာခဲ့သည်။
တော်ယု၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့ကာ သူမနှလုံးသားထဲသို့ ဆိုးရွားသော စိတ်ခံစားချက်က ပျံ့နှံ့ဝင်ရောက်လာခဲ့သည်။
"ဟမ့်၊ နင်ကများ ငါတို့ကို နင့်ရဲ့ အိမ်မွေးတိရစ္ဆာန် မောင်းမမိဿံ ဖြစ်စေချင်နေတယ်။ နင့်ရဲ့ရုပ်က ဘယ်လောက် ရုပ်ဆိုးတယ်ဆိုတာကို စိတ်ကူးနဲ့တောင် မကြည့်မိဘူးလား။? မင်းရဲ့မျက်နှာတစ်ခုလုံး မြင်းတစ်ကောင်လို ဖြစ်နေတာလေ" အဆုံးတွင် အဖြစ်ပျက်ကို နားလည်သွားသည့် တော်အန်းက အေးစက်စွာ နှာခေါင်းရှုံးပြီး အော်ပြောကာ မာကျိရှန်းကို စိုက်ကြည့်နေသည်။
ထိုစကားကိုကြားတော့ တော်ယု၏ နှလုံးသားက တစ်ခုခုမှားနေပြီဟု သိလိုက်ပြီ။
တော်အန်း၏ စကားပြီးဆုံးပြီးနောက် မာကျိရှန်း၏မျက်နှာသည် အလွန်အမင်း ညို့မှိုင်းသွားခဲ့သည်။ သူ့စိတ်ထဲတွင် ပြင်းထန်သော အမျက်ဒေါသက တဟုန်ထိုး ပေါက်ကွဲ လာသည်။
သူ့ဘဝတွင် သူအမုန်းဆုံးအရာက သူ့ကို မြင်းမျက်နှာဟု လူများက ခေါ်ဆိုခြင်း ဖြစ်သည်။ သူ့ကျင့်ကြံမူအဆင့်ဖြင့် သူ၏ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲနိုင်သော်လည်း၊ သူသည် ထိုကဲ့သို့ မလုပ်ဆောင်ခဲ့ပါဘူး။ သူ့မူလရုပ်ရည်အသွင်အပြင်ဖြင့် ကမ္ဘာကြီး၏ရှေ့မှာ ထွက်ပေါ်လာချင်သည်။ သူ့ကို မေးခွန်းထုတ်ဝံ့သည့် မည်သူ့ကိုမဆို သူ သတ်ပစ်မည်။
"ဟမ့်၊ မင်းတို့က မုန့်ကျွေးတာကို လက်ဖို့ငြင်းဆန်နေမှတော့, ကြင်နာမူကိုမသိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။" မာဂျီရှန်က ဒေါသတကြီး ပြောသည်။
ထိုသို့ပြောပြီးနောက် အစွမ်းထက်သော နတ်ဘုရားနတ်ခိုးက တော်ညီအစ်မကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။