← Chapters

အခန်း ၁၂၂၉

Vol. 82 Ch. 1229

အခန်း ၁၂၂၉

Vol. 82 Ch. 1229

အခန်း (၁၂၂၉) သူမတို့က ငါ့လူတွေပဲ။

မာကျိရှန်း၏ အစွမ်းထက်သော နတ်ဘုရားတန်ခိုးသည် တော်ညီအစ်မကို ဖိနှိပ်ထားသဖြင့် သူတို့၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် မလှုပ်ရှားနိုင်တော့ပေ။

တော်ယု၏ နတ်ဘုရားခန္ဓာကိုယ်သည် ၉၀ ရာခိုင်နှုန်းသာ သန့်စင်ရသေးပြီး၊ သူမသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ပင် မဝင်ရောက်သေးပေ။ တော်အန်းနှင့် ပတ်သက် ၍မူ သူမ၏နတ်ဘုရားခန္ဓာကိုယ်သည် ၅၀ ရာခိုင်နှုန်းအထိသာ သန့်စင်ရသေးသော ကြောင့် ပြောပြရန်ပင် မလိုအပ်ပေ။

မာကျိရှန်းကဲ့သို့သော နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရန် နေနေသာသာ၊ မာကျိရှန်းထံမှ ထုတ်လွှတ်သော နတ်ဘုရားတန်ခိုးသည်ပင် သူမတို့ ခုခံနိုင်သည့် အရာမဟုတ်ပေ။

ထို့ကြောင့် မာကျိရှန်း၏ နတ်ဘုရားတန်ခိုးများ ထွက်ပေါ်လာချိန်မှာ တော်ယုနှင့် တော်အန်းတို့၏ မျက်နှာများသည် ချက်ချင်း ဖြူဖျော့သွားကာ သူမတို့၏ မျက်လုံးများ သည် စိတ်ပျက်အားငယ်မူများနှင့် ပြည့်နှက်နေခဲ့သည်။

မာကျိရှန်းနှင့် အတူလိုက်ပါလာသော ချောမောသော လူငယ်သည် လှုပ်ရှားရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိပေ။

သူ့အပေါင်းအဖော်က ရက်စက်တတ်မှန်း သူ သိသည်။ ယခင်က ယုရှောင်နှင့် ရင်ဆိုင်ခြင်း မပြုရန် တားမြစ်ခဲ့ခြင်းမှာ သူမတို့၏ အဆင့်အတန်းနှင့် စွမ်းအားကြောင့် ဖြစ်သည်။ သို့သော် သူ့ရှေ့တွင်ရှိနေသော ဤအမျိုးသမီးနှစ်ဦးသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် တွင်သာ ရှိသေးသည်။ ပထမတစ်ချက်မှာ, သူမတို့သည် နောက်ခံနှင့် စွမ်းအားမရှိသော လူများ ဖြစ်ပုံရသည်။

အခု မာကျိရှန်းက သူမတို့ကို စိတ်ကူးယဉ်နေပြီး၊ သူသည် သဘာဝအတိုင်း မတားတော့ပါ ဘူး။ မာကျိရှန်းက သူ့လုပ်ငန်းကို မနှောင့်နှေးစေသရွေ့, သူ ဤအမျိုးသမီး နှစ်ယောက်ကို သတ်ပစ်လျှင်ပင် သူ ဂရုမစိုက်ပါဘူး။

ကိုယ်ချင်းစာတရားထားဖို့လား?။

အဟဲ..., ဒီကမ္ဘာကြီးသည် သန်မာသူများ၏ ကမ္ဘာကြီးဖြစ်သည်။ အားနည်းသော သူသည် အားကြီးသူ၏ ဝါးမျိုခြင်းခံရမည်။ အကယ်၍, သူတို့အနေဖြင့် အပြစ်တင်ချင်သည်ဆိုလျှင်, ကိုယ်ကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိသည့် သူမတို့ကိုသာ အပြစ်တင်နိုင်ပါသည်။

လူငယ်သည် လျစ်လျူရှုရုံထားရုံသာမက၊ ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိဘဲ အေးစက်စွာပင် ကြည့်နေခဲ့သည်။

သူတို့မျက်လုံးထဲမှာတော့ တော်ညီအစ်မသည် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။ သူတို့က အဘယ့်ကြောင့် ဂရုစိုက်ရမည်နည်း?။

သူမတို့ထံ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာနေသော မာကျိရှန်းကို ကြည့်ရင်း တော်ယု၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။ သူမမျက်လုံးထဲတွင် ပြင်းထန်သော မကျေနပ်စိတ်က ထွက်ပေါ်လာပြီး၊ စိတ်ပျက် အားငယ်သော ခံစားချက်က သူမ၏ နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာသည်။

အကယ်၍, သူမနှင့် သူမညီမတို့သာ ထိုလူငယ်၏လက်ထဲကို ရောက်သွားခဲ့လျှင်, ကောင်းမွန်သည့် အဆုံးသတ် မရှိဘူးဆိုသည်မှာ သေချာပါသည်။

"အန်အာ၊ အစ်မက မင်းကို စောင့်ရှောက်နိုင်စွမ်းမရှိလို့ မင်းကို ဒီလူရဲ့ ခြေသည်းကြားထဲမှာ ကျရောက်စေခဲ့တယ်။ အားလုံးက ငါ့အမှားတွေပါ။ မင်းက အစ်မကို မုန်းနေလား" တော်ယုသည် သူ့ဘေးနားရှိ တော်အန်းထံသို့ အသံဖြင့် ပေးပို့လိုက်သည်။

"သေချာပေါက် မမုန်းပါဘူး။ အစ်မက ငါ့အတွက် ဒီကမ္ဘာပေါ်မှာ အရင်းနှီးဆုံး လူပဲလေ။ အစ်မ အပြစ်တင်ချင်ရင်လည်း ဆိုးရွားလွန်းတဲ့ ငါတို့ရဲ့ကံတရားကိုပဲ အပြစ်တင်ရတော့ မှာပေါ့။ အစ်မ, အစ်မပြောချင်တာကို ငါ နားလည်ပါတယ်။ အစ်မ သေရမယ်ဆိုရင်တောင် အစ်မက ဒီအယုတ်တမာကောင်ရဲ့ ကစားစရာတစ်ခုအဖြစ် ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး၊ ဟုတ်တယ်မဟုတ်လား?” တော်အန်းက အသံဖြင့် တုန့်ပြန်ပြောလိုက်သည်။

သေခြင်းတရားကို ရင်ဆိုင်ရင်း, တော်အန်းသည် ချက်ချင်းကြီး ရင့်ကျက်လာခဲ့သည်။

တော်ယု၏မျက်နှာသည် ကျေနပ်အားရသည့် အမူအရာကို ထင်ရှားစေသည်။

"ကောင်းပြီလေ, ဒါဆိုလည်း ငါတို့ရဲ့ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ငါတို့ရဲ့ သေခြင်းတရားကို အသုံးပြုကြရ အောင်။"တော်ယုသည် သူမမျက်လုံးများတွင် ခိုင်မာသော စိတ်ပိုင်းဖြတ်မှုဖြင့် အသံတစ်ခု ပို့လွှတ်လိုက်သည်။

"ကောင်းပြီ...”။ တော်အန်း၏ မျက်လုံးများသည် ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည်။

သူမတို့သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ကြောက်ရွှံ့ကြသော်လည်း, ကစားစရာများ အဖြစ် ကျရောက်သွားမည်ကို ပို၍ပင် ကြောက်ရွှံ့ကြသည်။ ထို့ကြောင့်, ဤရွေးချယ်မှုကို ကြုံတွေ့လာရချိန်မှာ သူမတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် အသေခံရန် ရွေးချယ်ခဲ့ကြသေးသည်။

"ဟမ့်၊ မင်းတို့ ငါ့ရှေ့မှာ တကယ်သေချင်နေကြတာလား။ မင်းတို့ လုပ်နိုင်မယ်လို့ ထင်နေလား။" ဤအခိုက်တွင် မာကျိရှန်းသည် တော်ညီအစ်မ၏ ရည်ရွယ်ချက်ကို မြင်နိုင်သည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး တော်ညီအစ်မဆီသို့ လှမ်းဆွဲလိုက်ရင်း သူ၏ရုပ်အသွင်က ပုံရိပ်ယောင်များအဖြစ် ပြောင်းသွားခဲ့သည်။ သူ့လက်ဖဝါးသည် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများဖြင့် ဖုံးအုပ်ထားသည်။

ဘန်း….။

တော်ညီအစ်မတို့သည် ကိုယ့်စိတ်ဝိညာဉ်ကို ဖျက်ဆီးရန် အခွင့်အရေး မယူနိုင်ခင်မှာ, သူမတို့၏ စိတ်ဝိညာဉ်များကို ပြင်းထန်သော နတ်ဘုရားတန်ခိုးက ချက်ချင်း ဖုံးလွှမ်းသွား သည်ကို ခံစားလိုက်ရပြီး၊ သူမတို့သည် ကိုယ့်စိတ်ဝိညာဉ်ကိုပင် မဖျက်ဆီးနိုင်ခဲ့ကြပေ။

'"ဟမ့်၊ မင်းတို့က ကိုယ့်ကိုကိုယ် ပိုတွက်နေကြတာပဲ။ မင်းတို့ကများ ငါ့ရှေ့မှာ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေကို ဖျက်ဆီးပစ်ချင်နေတယ်။ မင်းတို့မှာ ဘယ်လိုစွမ်းအားမျိုး ရှိလဲဆိုတာ ကို ငါ မမြင်ဘူးလို့ ထင်နေတာလား?။ အခု ငါက မင်းတို့ရဲ့စိတ်ဝိညာဉ်တွေအပေါ် စိတ်ဝိညာဉ်ချိတ်ပိတ်ခြင်းပညာရပ်ကို အသုံးပြုပြီးသွားပြီ။ မင်းတို့ရဲ့စိတ်ဝိညာဉ်တွေကို ဖျက်ဆီးချင်ရင်တောင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့ဘူး။ မင်းတို့ ငါ့စကားကို နာခံမူ ရှိရှိနဲ့နားထောင်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင်, ပန်းကလေးတွေကို သတ်ဖြတ်မိတဲ့ အတွက် ငါ့ကို အပြစ်မတင်နဲ့”။ မာကျိရှန်းသည် ခက်ထန်သော အမူအရာကို ထုတ်ဖော် လိုက်ရင်း, သူ၏အကြည့်များက တော်ညီမအစ်၏ အပေါ်ဘက်သို့ ရွေ့လျားသွားကာ၊ ညစ်ညမ်းသောအလိုဆန္ဒကို ထုတ်ဖော်ထားသည်။

ထိုစကားကို ပြောပြီးနောက် သူသည် တော်ယုကို လှမ်းဆွဲလိုက်သည်။

တော်ယုသည် မာကျိရှန်း၏လက်ကို ကြည့်ရင်း သူမမျက်လုံးများတွင် စိတ်ပျက်လက်ပျက် ဖြစ်သည့် အမူအရာနှင့် ပြည့်နေခဲ့သည်။

"ငါ့အစ်မကို မထိနဲ့။ ရပ်လိုက်စမ်း။ မကောင်းဆိုးဝါးကောင်” တော်အန်းက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူမပါးပြင်ပေါ်မှာ မျက်ရည်များပင် စီးကျနေပြီ။

သို့သော် မာကျိရှန်းသည် ဘာမှ မကြားဟန်တူသည်။ သူသည် တော်ယု၏ လှပသော ခန္ဓာကိုယ်ကို လောဘဇောဖြင့် ကြည့်လိုက်သည်။

တော်ယု၏ ပုံပန်းသဏ္ဍာန်သည် အမှန်တကယ် အပြစ်ကင်းစင်သည်ဟု ဆိုရမည်ဖြစ်သည်။ ဆူဖြိုးသင့်သောနေရာများတွင် ဆူဖြိုးမောက်ကြွနေပြီး၊ ဆူဖြိုးမူမရှိသင့်သော နေရာများ တွင် တစွန်းတစပင် ရှိမနေခဲ့ပေ။ ထို့ကြောင့် မာကျိရှန်းသည်ပင် စိတ်မထိန်းနိုင် ဖြစ်မိသည်။

သို့သော် မာကျိရှန်း၏လက်သည် တော်ယု၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ထိကိုင်ရန် နီးကပ်နေချိန်မှာ, စူးရှထက်မြက်သော အေးစက်စက် အလင်းတန်းတစ်ခုသည် လေထဲတွင် လင်းလက်သွားသည်။

“အား…”

ထို့နောက် အလွန်ဝမ်းနည်းကျေကွဲဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

တော်ယု၏ ခန္ဓာကိုယ်ကို ထိခါနီးဖြစ်နေသည့် မာကျိရှန်း၏လက်မောင်းသည် ပါးလွှာသော လေထုထဲမှ တစ်စုံတစ်ခုက ဖြတ်တောက်သွားခဲ့သည်။ သူ့လက်မောင်းမှ သွေးများ အဆက်မပြတ် ပန်းထွက်နေသည်။ သူသည် သူ၏နတ်ဘုရားခန္ဓာကိုယ် နတ်ဘုရားတန်ခိုး ဖြင့် ပြုပြင်နေပြီ ဖြစ်သော်လည်း၊ ဒဏ်ရာမှ စူးရှသော အငွေ့အသက်ကြောင့် သူ၏ နတ်ဘုရားခန္ဓာကိုသည် နှိုင်းစာ၍မရအောင် နှေးကွေးသော အရှိန်ဖြင့် ပြန်လည် ကောင်းမွန်လာနေသည်။

ဤအခိုက်အတန့်တွင် တော်ယုသည် လုံးဝ အံ့အားသင့်သွားသည်။ သူမသည် မူလက သူမ၏ နှလုံးသားအောက်ခြေမှပင် စိတ်ပျက်အားငယ်မှုကို လုံးလုံးလျားလျား ခံစားခဲ့ရ သော်လည်း ဤရုတ်တရက် မြင်ကွင်းက အမှောင်ထုထဲတွင် အရုဏ်ဦးလင်းရောင်ခြည်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

တော်အန်းလည်း ထိတ်လန့်သွားသည်။ သူမမျက်လုံးကြီးတွေက ပြူးထွက်နေပြီး၊ အဖြစ်ပျက်ကို နားမလည်သေးပေ။ သို့သော် သူမ၏ နက်ရှိုင်းသော မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုကို သူမ ခံစားနိုင်ပါသေးသည်။

"ဘယ်သူလဲကွ၊ ဘယ်သူက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်နေတာလဲ" မာကျိရှန်းသည် သူ့လည်ပင်း နီရဲနေချိန်မှာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများသည် အနှိုင်းမဲ့ နီရဲနေပြီး သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုသည့်ဆန္ဒက ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုလိုပင်။

ချောမောခန့်ငြားသော လူငယ်သည် မျက်ခုံးများကို တွန့်ကာ ပတ်ပတ်လည်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

အမျိုးသားလူငယ်နှင့် မိန်းမပျိုတို့သည်လည်း သူတို့၏မျက်နှာပေါ်တွင် နိုးကြား သတိထား သော အမူအရာများ ကိုယ်စီရှိနေကြသည်။ အစောပိုင်းက တိုက်ခိုက်မှုသည် ရုတ်တရက် ဆန်လွန်းသည်. မည်သူလုပ်သည်ကို သူတို့တောင်မှ သတိမမူမိခဲ့ပါဘူး။

သို့သော်လည်း ယခုအချိန်တွင် နီထိုက်စွေ့သည် အလွန်တုန်လှုပ်သွားခဲ့သည်။ မည်သူ တိုက်ခိုက်လဲဆိုသည်ကို မည်သူမှ မမြင်နိုင်သော်လည်း, တိုက်ခိုက်သည့်လူက သူ့ဘေးမှာ ရပ်နေသူဖြစ်ကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါသည်။

"မင်း သူမတို့ကို မထိနဲ့။ သူမတို့က ငါ့လူတွေပဲ" အနှိုင်းမဲ့ တည်ငြိမ်သော အသံတစ်ခုက ထွက်ပေါ်လာသည်။ သို့သော် ဤတည်ငြိမ်သောအသံကြောင့် လူတိုင်း၏နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။

"ဝှီး..”။

ရုတ်တရက် လူတိုင်း၏ အကြည့်များက လေတိုးအသံ ထွက်ပေါ်လာသည့် လမ်းကြောင်းဆီ သို့ စူးစူးရဲရဲ ကြည့်လိုက်ကြသည်။

ချင်ယွင်သည် ကျောက်ဆောင်ကြီးတစ်ခုပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့ပြီး လေထဲသို့ ခြေလှမ်းလိုက်ကာ၊ မာကျိရှန်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

"ဒါဆို သူပေါ့" လူငယ်လေး၏ မျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

ယခင်က ချင်ယွင် ရောက်လာသောအခါတွင် ချင်ယွင်သည် လေထဲတွင် လမ်းလျှောက်နေ သည်ကို သူ မြင်ဖူးသည်။ ထို့ကြောင့်၊ ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းဖြစ်သည်ဟု သူတို့ မထင်ခဲ့ကြသော်လည်း၊ ချင်ယွင်၏ ကျင့်ကြံမှုသည် အလွန်မြင့်မားမည် မဟုတ်ဟု သူတို့ ထင်ခဲ့ကြသည်။ အများဆုံး သူသည် အလယ်လတ်အဆင့် ကြယ်နတ်ဘုရားနယ်၌ယ် တွင်သာ ရှိနေလောက်သည်။

ဤအခိုက်တွင်, ချင်ယွင်ထွက်လာသည်ကို သူတို့ မြင်လိုက်ရသောအခါ လွန်စွာမှ အံ့သြသွားရသည်။

"ဘယ်လိုလုပ် သူဖြစ်နေရတာလဲ?" တော်ညီအစ်မသည် အထူးသဖြင့် တော်ယုသည် အံ့ဩသွားသည်။ သူမတို့သည် အလွန်ရှုပ်ထွေးသော အမူအရာဖြင့် လေထဲမှ ခြေတစ်လှမ်း ပြီး တစ်လှမ်း လမ်းလျှောက်လာသော ချင်ယွင်ကို ကြည့်လိုက်ကြသည်။ အစောပိုင်းက ချင်ယွင်ပြောခဲ့သည့် "သူမတို့က ငါ့လူတွေပဲ" ဆိုသော စကားတခွန်းက ဥက္ကာပျံကဲ့သို့ ထိုးဖောက်ဝင်ရောက်ပြီး သူမနှလုံးသားကို မုန်တိုင်းတစ်ခုလို မွှေနှောက်သွားခဲ့သည်။

All Chapters